Monday, July 20, 2020

19 July 1947 (10:37 a.m.)

🌧  áá‰á„၇ ခုနှစ် နိုင်ငံတော်လုပ်ကြံမှုကြီး 🌧


ဝါခေါင်လရဲ့ နေ့တစ်နေ့ပေါ့..။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့။
စနေနေ့ ။

နံနက်ဝေလီဝေလင်း အချိန်ကတည်းက မုတ်သုံမိုးနဲ့အတူ လေပြင်းမုန်တိုင်းတွေကျတော့မလို..။

အဲဒီနေ့က ရန်ကုန်မြို့ရဲ့ကောင်းကင်ကြီးဟာ အုံ့မှိုင်းမှိုင်း၊ ညို့မှိုင်းမှိုင်းပေါ့။

တိမ်တိုက်ဆိုလို့ ဘာကိုမှ ကြည်ကြည်လင်လင်မမြင်ရဘူး။ ကောင်းကင်ကိုကြည့်ရတာ မြူသန်းနေတဲ့ ပင်လယ်ပြင်ကြီးလို ဝိုးဝိုးဝါးဝါး..။

အဲ့ဒိနေ့ကို  â€œ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍မရှိဘဲ တဖွဲဖွဲ နေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊ နောက်စွေ၍ နေလေသည်” လို့ ဆရာ ဒဂုန်တာရာက ရေးသားမှတ်တမ်းတင်ခဲ့တယ်။

🌧

အဲ့ဒိနေ့က အေဒီလမ်း၊ အမှတ်(၄) နေအိမ်အပြင်ဘက်မှာ လူငယ်တစ်စုက စုရုံးနေခဲ့ကြ။

သူတို့ဟာ မြန်မာပြည်ရဲ့ကံကြမ္မာကို ထာဝရပြောင်းလဲစေဖို့အတွက် ပြင်ဆင်နေကြတာ..။

🌧

အဲ့ဒါ ဦးစောရဲ့ အိမ်ပေါ့။

သူ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံဖို့ အားလုံးပြင်ဆင်ပြီးနေပြီ..။

🌧

ဦးစောက မျိုးချစ်ပါတီဝင်ဖြစ်တဲ့ ဘညွန့် (ဖော်ကောင်)ကို လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေ စုဆောင်းဖို့ ဇွန်လကတည်းက တာဝန်ပေးခဲ့တာ။

သူတို့ဟာ အင်္ဂလိပ်စစ်တပ်က ကပ္ပတိန် ဒေးဗစ်ဗီဗီယန်းဆီက စက်သေနတ်အလက် ၂၀၀ ကို ခိုးထုတ်ခဲ့ပြီး လော်ရီကားနဲ့ သယ်လာခဲ့ကြပြီ။

ပြီးတော့ ပြည်လမ်းပေါ်က အခြားလက်နက်သိုလှောင်ရုံတစ်ခုကနေပြီး ဒသမ (၃၀၃) ကျည်တောင့်တစ်သိန်းတိတိယူခဲ့တယ်။

ဦးစောရဲ့တူတော်စပ်သူ ခင်မောင်ရင်ကလည်း ဆပ်မရှင်းဂန်း တစ်လက်၊ အမေရိကန်ကာဘိုင် သုံးလက်၊ စတင်းဂန်းတစ်လက်၊ တော်မီနှစ်လက်၊ လျူဂါပစ္စတိုတစ်လက်၊ ခြောက်လုံးပြူးနှစ်လက်နဲ့ ကျည်ဆန်တွေလည်း ဝယ်ယူခဲ့။

ဂဠုန်ဦးစောဟာ သူ အပျော်တမ်း ဖွဲ့စည်းထားတဲ့ ဂဠုန်တပ်ဖွဲ့ဝင်တွေရှိတဲ့ သာယာဝတီနယ်ကို လက်နက်အချို့နဲ့ ကျည်ဆန်အချို့ ပို့ထားပြီးပြီ။

ကျန်တဲ့လက်နက်တွေကို အေဒီလမ်းက သူ့ရဲ့ ခြံဝင်းနံဘေးက အင်းယားကန်ဘောင်ထဲမှာ သေနတ်နဲ့ ကျည်ဆန်တွေကို အလုံပိတ်သေတ္တာနဲ့ထည့်ပြီး သိမ်းဆည်းမြေမြှုပ်ထားခဲ့။

အားလုံး အဆင်သင့်..။

🌧

ဦးစောရဲ့တူ ခင်မောင်ရင် နဲ့အတူ ဘညွန့်၊ မှုန်ကြီး၊ မောင်နီတို့စီးလာတဲ့ စစ်အစိမ်းရောင်ဖို့ဒ်ဆန် ထရပ်ကားဟာ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်လောက်မှာ ရန်ကုန်မြို့အလယ်မှာရှိတဲ့ အဆောက်အအုံကြီးဆီသို့ အရှိန်အဟုန်နဲ့မောင်းနှင်လာခဲ့လေပြီ..။

အဲ့ဒီအဆောက်အအုံကြီးက ဒါလဟိုဇီလမ်းနဲ့ ၄၂ လမ်းထောင့်က အနီရောင်အုတ်တွေနဲ့ ဆောက်လုပ်စီခြယ်ထားတဲ့ ဝီတိုရိယခေတ် နှစ်ထပ်တိုက်၊ အတွင်းဝန်များရုံးပေါ့။

🌧

မှုန်ကြီးနဲ့ ဘညွန့်က အတွင်းဝန်ရုံး အဆောက်အအုံထဲဝင်ပြီး ဗိုလ်ချုပ်အောင်ဆန်းတို့ အမှုဆောင်အစည်းအဝေး လုပ်ဖြစ် မလုပ်ဖြစ်ကို ကင်းထောက်တယ်။

''ပစ္စတင်ကွင်းများ ရရှိပြီးပါပြီ''

ဆိုတဲ့ စကားဝှက်ပို့လိုက်တယ်။ ဗိုလ်ချုပ်တို့ အစည်းအဝေးလုပ်ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့..။

သူတို့က ဦးစောရဲ့အိမ်မှာ အသင့်စောင့်နေတဲ့ မောင်စိုး၊ သက်နှင်း၊  á€™á€ąá€Źá€„်စိန်၊ ရန်ကြီးအောင်တို့ကို သတင်းဆက်ပို့။

🌧

ဒါတွေ ဘာမှမသိရှာတဲ့ ဗိုလ်ချုပ်အောင်ဆန်းကတော့ မနက် ၁၀ နာရီလောက်မှာ တာဝါလိမ်းနေအိမ်ကနေ အတွင်းဝန်များရုံးမှာပြုလုပ်မယ့် ဝန်ကြီးများအစည်းအဝေးကိုတက်ဖို့ သူ့ရဲ့ အပါးတော်မြဲ(ပီအေ) ဗိုလ်ထွန်းလှနဲ့အတူ ကားနက်ကလေး အာရ်အေ/၂၈၇၄ နဲ့ ထွက်လာခဲ့တယ်။

( 📖 ဘန်ကောက်လုံချည် အဝါရောင် အသစ်၊ မန္တလေးပိုးတိုက်ပုံ၊ အင်္ကျီအဖြူရောင်နှင့် သားရေဖိနပ်တို့ကို ဝတ်ဆင်ပြီး ကျွန်ုပ်၏ လက်ယာဘေးတွင် ကပ်ထိုင်ပြီး အိမ်မှ ကားစီးလိုက်ပါလာသည်။ ကားပေါ်မှ ဆင်းရာ၌လည်းကောင်း၊ သူနောက်ဆုံး အတွင်းဝန်ရုံး အဝင်တွင် လည်းကောင်း၊ ကျွန်ုပ်၏နောက်မှ ပျော်ရွှင်စွာ လိုက်ပါလာခဲ့သည်''ဟု ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း) စာအုပ်၌ ဖော်ပြထားသည်။ )

🌧

၁၀ နာရီ ၁၀ မိနစ်လောက်မှာ အတွင်းဝန်များရုံးရဲ့အလယ်ဗဟို လှေကားခြေရင်းကို ဗိုလ်ချုပ်ကားဆိုက်လာပြီး အစည်းအဝေးလုပ်မယ့် အပေါ်ထပ်ကသူ့ရုံးခန်းကို အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ့အတူ တက်လာခဲ့တယ်။

🌧

အဖြူရောင်သဲကြိုးတပ်ထားတဲ့ လေယာဉ်ပျံဖိနပ်၊ ပိုးတိုက်ပုံ၊ ခေါင်းပေါင်းတွေနဲ့ မြန်မာဆန်ဆန် ဝတ်စားဆင်ယင်ထားတဲ့ ဗိုလ်ချုပ်ကို ဦးဘဂျမ်းက..

''ဗိုလ်ချုပ်က ဒီလိုဆိုတော့လည်း အချောကြီးပဲ'' လို့နောက်ပြောင်ပြောလိုက်တယ်။

ဗိုလ်ချုပ်က..

''နိုင်ငံရေးသမားတွေဟာ လွတ်လပ်ရေးရပြီးရင် စစ်သားစိတ်ဖျောက်ပြီး အရပ်သား စိတ်မွေးဖို့ အရေးကြီးတယ်”တဲ့။

🌧

‘ တိုင်းပြည်ကျွန်ဘဝက လုံးဝလွတ်မြောက်ရေးနဲ့ စစ်ပြီးခေတ် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေး’ ဆိုတဲ့ အစည်းအဝေးကြီးအတွက် ရုံးအုပ်ကြီး ဦးခ၊ လက်ထောက်အတွင်းဝန် ဦးတင်အုံးနဲ့ ဝန်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော် .. သူတို့ ၃ ယောက် အစည်းအဝေးအတွက် လိုအပ်မယ့်စာရွက်စာတမ်းတွေနဲ့ ဖိုင်တွေရှာဖွေစုဆောင်း၊ အစည်းအဝေးကျင်းပမယ့် အခန်းထဲကို  á€á€„်ခဝည်ထွက်ခဝည်နဲအ အလုပ်များနေကြတယ်။

🌧

အဲ့ဒီနောက် အစည်းအဝေးကျင်းပမယ့်အခန်းထဲကို ဗိုလ်ချုပ်နဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှတို့ ဝင်လာတယ်။

ဗိုလ်ထွန်းလှက ဗိုလ်ချုပ်အတွက် လိုအပ်တဲ့ဖိုင်တွေ၊ မှတ်တမ်းမှတ်ရာတွေကို ဗိုလ်ချုပ်စားပွဲထိပ်မှာ ချပေးလိုက်တယ်။

ဗိုလ်ချုပ်က သူ့ထိုင်ခုံမှာ ဝင်ထိုင်လိုက်တော့ ဗိုလ်ထွန်းလှလည်း အစည်းအဝေးခန်းမကနေ သူရဲ့ရုံးခန်းရှိရာကို ထွက်လာခဲ့ပြီး သူ့ရုံးခန်းထဲမှာ စိတ်အေးလက်လေး ထိုင်နေလိုက်တာပေါ့ ။

🌧

အဲဒီနေ့က အစည်းအဝေးတက်ရောက်သူတွေက

၁။ ဗိုလ်ချုပ်အောင်ဆန်း- ဒုဥက္ကဋ္ဌ၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာန

၂။ သခင်မြ- ဘဏ္ဍရေးနှင့် အခွန်တော်ဌာန

၃။ ဦးဘဝင်း-ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံရေးဌာန၊

၄။ ဒီးဒုတ်ဦးဘချို-ပြန်ကြားရေးဌာန

၅။ အဗ္ဗဒူရာဇတ်- ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန၊

၆။ မန်းဘခိုင် - စက်မှုလက်မှုနှင့် အလုပ်သမားဌာန၊

၇။ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း-တောင်တန်းရေးရာဌာန၊

၈။ ဦးဘဂျမ်း-ပြန်လည်ထူထောင်ရေးဌာန၊

၉။ ပျော်ဘွယ်ဦးမြ- လယ်ယာနှင့် စိုက်ပျိုးရေးဌာန၊

၁၀။ ဥိးအောင်ဇံဝေ-ပြည်သူ့ဝန်ထမ်းဌာန၊

၁၁။ ဦးအုံးမောင် -ဒုတိယအတွင်းဝန် လမ်းပန်းဆက်သွယ်ရေးဌာန တို့ဖြစ်တယ်။

🌧

အဲ့ဒီမတိုင်ခင်က ဝန်ကြီးများ (ဘုရင့်အမှုဆောင် ကောင်စီအဖွဲ့များ) အစည်းအဝေးကို ဘုရင်ခံသဘာပတိအဖြစ်ဆောင်ရွက်ကာ ဘုရင်ခံကိုယ်တိုင် ဦးစီးကျင်းပလေ့ရှိသတဲ့ ။

အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်းမှာတော့ မြန်မာပြည်ကို လွတ်လပ်ရေးသေချာပေါက်ပေးရတော့မယ့်အခြေအနေမို့ ၁၉၄၇ ဇန်နဝါရီလောက်ကစပြီး ဘုရင်ခံကိုယ်တိုင် တက်ရောက်ခြင်းမရှိတော့။

ဒါ့ကြောင့် ဘုရင့်အမှုဆောင်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းကပဲ သဘာပတိအဖြစ် ဦးစီးကျင်းပနေတာဖြစ်တယ်။

🌧

အစည်းအဝေးကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုံးခန်းဟာ တံခါး ၃ ပေါက်ရှိတဲ့ခန်းမကျယ်ကြီးဖြစ်တယ်။

ဗိုလ်ချုပ်ရုံးခန်းရဲ့ လက်ဝဲဘက်မှာ အတွင်းဝန်ဦးရွှေဘော်ရဲ့ အခန်း၊ လက်ယာဘက်မှာ ဗိုလ်ချုပ်အပါးတော်မြဲ ဗိုလ်ထွန်းလှရဲ့အခန်းတွေ ရှိပါတယ်။

ဒီအခန်းကြီးရဲ့ အရှေ့မြောက်ထောင့်မှာ ဗိုလ်ချုပ်အလုပ်လုပ်တဲ့ စားပွဲရှိပြီး၊ တောင်ဘက်နံရံမှာတော့ ဝန်ကြီးတွေ အစည်းအဝေးပွဲကျင်းပတဲ့ စားပွဲကြီးတွေရှိတယ်။

🌧

ဝန်ကြီးတွေ အစည်းအဝေးကျင်းပရာနေရာမှာ စားပွဲရှည်ကြီး ၃ ခုကို “ဂ” ပုံစံ အတိုင်းမှာ ထိပ်မှာတစ်ခု၊ ဘေးတစ်ဖက်တစ်ချက်မှာ တစ်လုံးစီ ချထားတယ်။

ထိပ်ကစားပွဲက အလျား ၁၀ ပေ၊ အနံ ၃ ပေ လောက် ကျယ်ပြီး ၊ ကျန်တဲ့ဘေးတစ်ဖက်တစ်ချက်က စားပွဲ ၂ ခု ကတော့ အလျား ၁၈ ပေ၊ အနံ ၃ ပေ ခန့်စီ ရှိကြတယ်။

🌧

အဲဒီနေ့အစည်းအဝေးမှာ ဗိုလ်ချုပ်က ထိပ်စားပွဲအလယ်တည့်တည့်မှာ ထိုင်နေပြီး လက်ယာဘက်စားပွဲမှာ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်တို့ အစဉ်အတိုင်းထိုင်နေကြတယ်။

လက်ဝဲဘက်စားပွဲမှာတော့ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြနဲ့ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းတို့ ထိုင်နေကြတယ်။

🌧

ဝန်ကြီးများအဖွဲ့ အတွင်းဝန်ဦးရွှေဘော်ကတော့ အစည်းအဝေးမှာ ဗိုလ်ချုပ်လိုအပ်တဲ့စာရွက်စာတမ်းတွေ၊ ဖိုင်တွဲရှာပေးနိုင်ဖို့ ဗိုလ်ချုပ်ရဲ့လက်ဝဲဘက်မှာ ရှိနေတယ်။

အစည်းအဝေးကြီးက အစီအစဉ်အတိုင်း ၁၀ နာရီ ၁၅ မိနစ်မှာ စခဲ့တယ်။

ဝန်ကြီးဌာနအလိုက် အရေးကြီးတဲ့ သက်ဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးနေကြတယ်။

🌧

ဒီလိုနဲ့ ၁၀ နာရီခွဲလောက်မှာပေါ့။

လမ်းပန်းဆက်သွယ်ရေးဌာန ကိစ္စရပ်တွေကိုဆွေးနွေးဖို့ အလှည့်ရောက်လာတာနဲ့ ဒုတိယအတွင်းဝန် အိုက်စီအက်စ် ဦးအုန်းမောင်လည်း အစည်းအဝေးခန်းမထဲကိုရောက်လာပြီး လက်ယာဘက်စားပွဲထိပ်က သခင်မြအနားမှာ ဝင်ထိုင်လိုက်ပြန်တယ်။

🌧

တစ်ဖက်မှာလည်း

" ငါ့တပည့်တွေ အောင်ပါစေကွာ" ဆိုတဲ့ ဦးစောရဲ့စကားသံအဆုံးမှာ အင်းလျားကန်နံဘေးက ဦးစောအိမ်ဝင်းထဲကနေ မနက် ၁၀ နာရီကျော်တည်းက အာစီ/၁၈၁၄ နံပါတ်ဂျစ်ကားအစိမ်းက အတွင်းဝန်ရုံးဘက်ကို ဦးတည်နေပြီ။

မောင်စိုး၊ သက်နှင်း၊ မောင်စိန်နဲ့ ရန်ကြီးအောင်တို့က မြန်မာနိုင်ငံ၊ စစ်အတွင်းက သုံးစွဲခဲ့တဲ့ အင်္ဂလိပ်ခေတ် မြို့စောင့်တပ် အမှတ်(၁၂) သေနတ်ကိုင်တပ်ရင်း အမှတ်တံဆိပ်ပါ ယူနီဖောင်းတွေကို ဝတ်ထားကြတယ်။

သူတို့ရဲ့ ဂျစ်ကားကိုမောင်းတဲ့သူက ယာဉ်မောင်းသူ သုခ။

မောင်စိုးက သုခဘေးမှာထိုင်တယ်။

ရန်ကြီးအောင်၊ မောင်စိန်နဲ့ သက်နှင်းတို့က ကားကင်းပတ်အဖုံးကြီးအောက်မှာ တော်မီဂန်း တစ်လက်စီကိုင်၊ပုန်းပြီး အတွင်းဝန်ရုံးဘက်ကို မောင်းလာတာပေါ့။

🌧

ဒီဂျစ်ကားဟာ မောင်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) အတိုင်းပန်းဆိုးတန်းထိပ်နာရီစင်ကို ဖြတ်မောင်းလာတယ်။

နောက် စပတ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း) ကိုရောက်တဲ့အခါ ညာဘက်ကို ချိုးလိုက်တယ်။ ဒီကမှ တစ်ဆင့် ဖရေဇာလမ်း (ယခုအနော်ရထာလမ်း) ကို ဖြတ်လာပြီး အတွင်းဝန်ရုံးရဲ့တောင်ဘက် ဂိတ်ဝကိုရောက်တဲ့အခါ စက်ရှိန်လျှော့လိုက်တယ်။

🌧

ပြီးတော့ အတွင်းဝန်များရုံးဝင်းအတွင်း ဝင်ဖို့ ကားခေါင်းကိုဘယ်ဘက်သို့ဦးတည်လိုက်တာပေါ့။

🌧

ဂျစ်ကားဟာ ကားဘီးကို ခပ်ဖြည်းဖြည်းလှိမ့်ပြီး အနောက်ဘက်ဆင်ဝင်ကြီးအောက်ကတစ်ဆင့် ကာကွယ်ရေးဌာနဘက်ကိုကွေ့ဝင်ပြီး အနောက်တောင်ထောင့်မှာ ထိုးရပ်လိုက်တယ်။

ပြီးတော့ ချက်ချင်းဆိုသလိုပဲ ကင်းပတ်ဖိနပ်ရှည် (Canva Shoes) စီးထားပြီး စတင်းဂန်းတစ်လက်၊တော်မီဂန်း ၃ လက်တို့ကို အသင့်ကိုင်ထားတဲ့ စိန်ကြီး၊မောင်စိုး ၊ရန်ကြီးအောင်နဲ့ သက်နှင်းတို့ ကားပေါ်က ခုန်ဆင်း၊ အတွင်းဝန်များရုံး( ဝန်ကြီးများရုံး)ထဲကို အပြေးဝင်ကြတော့တယ်။

🌧

သုခက ကားကိုစက်မရပ်ဘဲ နှိုးထားကာ အသင့်စောင့်ဆိုင်းကျန်ရစ်ခဲ့တယ်။

သေနတ်ကိုယ်စီ ကိုင်ထားတဲ့ စိန်ကြီး ၊မောင်စိုး၊ရန်ကြီးအောင်နဲ့ သက်နှင်းတို့ဟာ အတွင်းဝန်ရုံးတောင်ဘက်က မြောက်ဘက်၊ ဗိုလ်ချုပ်ရုံးခန်းရှိရာကို လျှောက်လာကြပြီး အခန်းဝမှာစောင့်နေတဲ့ မင်းစေကိုတွန်းဖယ်လိုက်တယ်။

ပြီးတော့ မြောက်ဘက်တံခါးပေါက်ကနေ ဝန်ကြီးတွေ စည်းဝေးနေတဲ့ အခန်းထဲကို ဝင်လိုက်ကြတယ်။

🌧

နံနက် ၁ဝနာရီ ၃၇ မိနစ်။

အရှေ့ဆုံးမှဝင်လာတဲ့ သက်နှင်းက " ဟိတ်" လို့ ခပ်ကျယ်ကျယ်အော်လိုက်တယ်။

သူ့ လက်ထဲက တော်မီဂန်းနဲ့ ဗိုလ်ချုပ်ကို သဲသဲမဲမဲ စတင် ပစ်ခတ်တော့တယ်။

တချိန်တည်းမှာပဲ စားပွဲထိပ်မှာထိုင်နေတဲ့ ဗိုလ်ချုပ်ဟာ ထိုင်ရာကလက်ကာပြရင်း ဝင်လာသူတွေကို တစ်စုံတစ်ခုလှမ်းပြောဖို့ကြိုးစားခဲ့ပေမဲ့ အချိန် မမီတော့ပါ။

🌧

လူသတ်သမားရဲ့ ပစ်ခတ်လိုက်တဲ့ကျည်ဆန်တွေကြောင့် ဗိုလ်ချုပ်ဟာ နောက်သို့လန်ကျကာ လူရောကုလားထိုင်ပါ လုံးထွေးလဲပြိုသွားတော့တယ်။

ဒီနောက်မှ ဗိုလ်ချုပ်ညာဘက်မှာ ထိုင်နေတဲ့ ဝန်ကြီးတွေကိုလည်း တစ်ဆက်တည်း ပစ်ခတ်လိုက်တယ်။ပြီးတော့မှ ဘယ်ဘက်ကို မွှေ့ရမ်း ပစ်လိုက်တယ်။

🌧

ဝန်ကြီးပျော်ဘွယ်ဦးမြနဲ့ အတွင်းဝန်ဦးရွှေဘော်တို့က လျင်မြန်တယ်။

လူသတ်သမားက ဗိုလ်ချုပ်ကို စ ပစ်ပစ်ချင်း နောက်ကျောဘက်က ပြတင်းပေါက်ကနေ အချိန်မီ ခုန်ချပြေးကြလို့ ဒဏ်ရာတောင်မရဘဲ လွတ်မြောက်နိုင်ခဲ့။

ဝန်ကြီးဦးဘဂျမ်းကလည်း ပစ်ပစ်ချင်း သူ့ဘေးမှာရှိတဲ့ ဦးအောင်ဇံဝေရဲ့လက်ကို ဆောင့်ဆွဲလိုက်တယ်။

သူတို့ နှစ်ယောက်သား ကြမ်းပြင်ပေါ်လှဲချလိုက်လို့ အသက်ဘေးကလွတ်ခဲ့ရတယ်။

ဦးဘဂျမ်းကတော့ လက်ဝဲဘက် နံပါးမှာ တစ်ချက်၊ လက်ယာဘက် လက်သူကြွယ်မှာ တစ်ချက် အပေါ်ယံရှပ်ထိမှန်ခဲ့တယ်။

🌧

ကျန်တဲ့ ဝန်ကြီးတွေကတော့ တစ်ယောက်ပြီးတစ်ယောက် သေနတ်ထိပြီးအတုံးအရုံးလဲကျကုန်တယ်။

နောက်တော့ မတ်တပ်ရပ်ပစ်ခတ်နေတဲ့ လူသတ်သမားတွေဟာ ဒူးထောက်ထိုင်လိုက်ကာ အားရပါးရစိတ်တိုင်းကျ ဆက်လက်ပစ်ခတ်ကြပြန်တယ်။

အဲ့ဒီလို စိတ်တိုင်းကျပစ်ခတ်ပြီးတဲ့နောက် လူသတ်သမားတွေဟာ သေနတ်အပစ်ရပ်ပြီး လှေကားရှိတဲ့ဘက်ကို ပြေးထွက်လာကြတယ်။

🌧

ဒီအချိန်မှာ လှေကားထိပ်က အခန်းထဲမှာဝန်ကြီးဦးရာဇတ်ရဲ့သက်တော်စောင့်ကိုထွေးရှိနေတယ်။

ကိုထွေးက ထွက်လာတော့ လူသတ်သမားတွေကကိုထွေးကို စတင်းနဲ့ တစ်ချက်ပစ်လိုက်ပြီး

"ဟေ့ မဆိုင်သူဖယ်နေ အောက်က ဆင်းကြ" လို့အော်ဟစ်ရင်း လှေကားအတိုင်း တဟုန်ထိုးပြေးဆင်းသွားကြတယ်။

🌧

ဆင်ဝင်အပေါက်ကြီးအောက်မှာ ကားစက်နှိုးပြီးအသင့်စောင့်နေတဲ့ ကားပေါ်တက်ကာ စပတ်လမ်း ( ယခု ဗိုလ်အောင်ကျော်လမ်း) ထွက်ပေါက်ကြီးက ထွက်ပြီး လက်ဝဲဘက်ကို ကွေ့၊ ဒါလဟိုစီ(ယခု ဗန္ဓုလလမ်း) လမ်းအတိုင်း အနောက်ဘက်ကို အတားအဆီးမရှိ ထွက်ပြေး လွတ်မြောက်သွားကြတာပေါ့။

🌧

ဦးစောက ဖဆပလ ခေါင်းဆောင်ပိုင်းအားလုံးကို လုပ်ကြံသတ်ဖြတ်နိုင်မှ ဖဆပလ အစိုးရပြုတ်ကျမယ်လို့ တွက်ပြီး ဖဆပလအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ တိုင်းပြုပြည်ပြုလွှတ်တော်ဥက္ကဋ္ဌ သခင်နုကိုပါ လုပ်ကြံဖို့ စီစဉ်ခဲ့တာ။

သူ့တပည့် ဘညွန့်ကို လွှတ်ခဲ့ပေမဲ့၊ အဲဒီနေ့က သခင်နု ရုံးမတက်လို့ လုပ်ကြံခံရမယ့်ဘေးက လွတ်သွားခဲ့တာဖြစ်တယ်။

🌧

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးတွေကို လူသတ်သမားတွေက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် အခန်းထဲသို့ ပထမဆုံး ဝင်လာတာ ဗိုလ်ထွန်းလှ။

ပထမတော့ ဗိုလ်ချုပ်ရင်ဘတ်မှာ ဒဏ်ရာနှစ်ချက် သုံးချက်ခန့်ရတယ်လို့ သူ ထင်ခဲ့တယ်။

ဒါပေမဲ့ ရန်ကုန်ဆေးရုံကြီးရောက်ပြီး အသေအချာ စစ်ဆေးကြည့်ရှုတဲ့အခါမှာတော့ ဗိုလ်ချုပ်ကိုယ်မှာ သေနတ်ဒဏ်ရာ ၁၃ ချက်တိတိကိုတွေ့ခဲ့ကြရတယ်။

🌧

အဲ့ဒီနေ့က ဦးဘဂျမ်းက သိပ်နေမကောင်းလို့ အစည်းအဝေးမတက်ဘဲနေမလို့။ သတင်းတစ်ခုရလို့ ဗိုလ်ချုပ်ကိုပြောမလို့လာခဲ့တာ။

အဲ့ဒီ သတင်းကတော့ လွန်ခဲ့တဲ့ ဇွန်လနောက်ဆုံးအပတ်အတွင်းက ဗိုလ်တထောင် ဘီအိုစီ(Base Ordnance Depot) ခေါ် ပစ္စည်းသိုလှောင်ရေး တပ်ဖွဲ့ကနေ ဘရင်းဂန်း အလက် ၂၀၀ ကျော် ပျောက်ဆုံးနေတဲ့အကြောင်း၊ တရားခံံဟာ ဂဠုန်ဦးစော ဖြစ်တယ်ဆိုတာ တင်ပြဖို့ပဲဖြစ်တယ်။

🌧

▪️ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ
(၃၂) နှစ်

▪️ဒီးဒုတ်ဦးဘချို (၅၄) နှစ်

▪️သခင်မြ (၄၉) နှစ်

▪️ဦးအဗ္ဗဒူရာဇတ် (၄၉) နှစ်

▪️ဦးဘဝင်း (၄၆) နှစ်

▪️မန်းဘခိုင် (၄၃) နှစ်

▪️စပ်စံထွန်း (၄ဝ) နှစ်

▪️ဦးအုန်းမောင် (၃၄) နှစ်

▪️ကိုထွေး (၁၈) နှစ် တို့ အသက်ပေးခဲ့ရ။

🌧

ဂဠုန်ဦးစောရဲ့ လှုပ်ရှားမှုတွေကို ပုလိပ်ဘက်က သတိပြုမိနေတာလည်းကြာပါပြီ။

ဦးစောအိမ်နဲ့ မျက်နှာချင်းဆိုင် အိမ်မှာ နေနေတဲ့ စစ်ရုံးချုပ်က လုံခြုံရေးအရာရှိ လက်ဖတင်နင် ကာနယ် ဂေါ်ဒွန်ဟန့်က ဦးစောရဲ့လူသတ်မှုတွေကို သင်္ကာ မကင်းဖြစ်နေတာကြာပေါ့။

သူ့အိမ်ကနေ စစ်သုံးမှန်ပြောင်းဖြင့် ညဘက်တွေမှာ စောင့်ကြည့်နေခဲ့တယ်။

ဦးစောက တပည့် လေးငါးယောက်နဲ့ အတူ အင်းလျားရေပြင်မှာ လှေတစ်စင်းနဲ့ အလုပ်ရှုပ်နေတာကို ကြိမ်ဖန်များစွာ တွေ့မြင်ခဲ့ရ။

ဒါတွေကို ဘုရင်ခံရဲ့အတွင်းဝန် ဖိလစ်နက်ရှ်က ဘုရင်ခံကိုပြောထားပြီးဖြစ်တယ်။

🌧

သူတို့ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လုပ်ကြံပြီး ဦးစောအိကို ပြန်လာတယ်။

အဝင်မှာ ဦးစောကစောင့်နေတာ။

သူတို့ "အောင်ပြီ၊အောင်ပြီ" လို့လက်သီးလက်မောင်းတန်း ကြွေးကြော် နှုတ်ဆက်ကြတယ်။ ဒါကို လက်ဖတင်နင် ကာနယ်ဂေါ်ဒွန်ဟန့် ကိုယ်တိုင်မြင်တွေ့ပြီး စီအိုင်ဒီ (မှုခင်းတပ်ဖွဲ့) ကို သတင်းပို့ခဲ့တယ်။

🌧

ဒါကြောင့် မွန်းလွဲပိုင်းမှာ ပုလိပ် စုံထောက်ဘက်နဲ့ သောင်းကျန်းသူနှိမ်နှင်းရေး တပ်တွေပူးပေါင်းပြီး အင်းလျားကန်စောင်းက ဦးစောရဲ့ အိမ်ကို ဝင်ရှာပါလေရော။

ဦးစောရဲ့တပည့်၊ မိုက်ရူးရဲ မှုံကြီးက သေနတ်နဲ့ ခုခံပစ်ခဲ့သေး။

အင်အားချင်းမမျှတာမို့ ဦးစောက အချိန်မီ တားဆီးလိုက်တယ်။

ဦးစောတို့ လူသိုက်အားလုံးကို ဖမ်းဆီးရမိခဲ့တယ်။

🌧

ဦးစော အိမ်ထဲကနေ စာရွက်စာတမ်းတွေ မကြာခင်ကမှ လုပ်ထားတဲ့ "ဦးစော Prime Minister"ဆိုတဲ့ ရာဘာတံဆိပ်ဆုံးတွေ။

အင်္ဂလိပ်စစ်တပ်က ပျေက်ဆုံးသွားတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ တချို့ကို အိမ်ထဲမှာ၊ တချို့ကို အိမ်အနားက အင်းလျားကန်မှာ..။

🌧

အဲ့ဒိတုန်းက စတင်းဂန်း ၂၀၀ ပျောက်နေလို့ လုံခြုံရေးအခြေအနေ စိုးရိမ်ရတဲ့အခြေအနေကို ပျော်ဘွယ်ဦးမြကသိတယ်။

ဒါပေမဲ့  á€•á€źá€Šá€şá€‘á€˛á€›á€ąá€¸á€á€”á€şá€€á€źá€Žá€¸á€Śá€¸á€€á€ťá€ąá€Źá€şá€„á€źá€­á€™á€şá€¸ လန်ဒန်သွားနေတယ်။

ဒါ့ကြောင့် ပျော်ဘွယ်ဦးမြက ဗမာ့တပ်မတော်က တပ်စိတ်တစ်စိတ်ကို ထုတ်နုတ်ပြီး ဗိုလ်ချုပ်မသိအောင် အတွင်းဝန်များရုံး အဝင်လမ်းမှာ ကင်းပုန်းချထားခဲ့သေးတယ်။

🌧

အဲဒီ တပ်စိတ်ထဲက ရဲဘော်တစ်ယောက် ကိစ္စတစ်ခုနဲ့ အပြင်ထွက်လာချိန်မှာ ရုံးတက်ဖို့လာနေတဲ့ဗိုလ်ချုပ်အောင်ဆန်းက တွေ့သွားတာ။

ဗိုလ်ချုပ်က ဦးမြကိုဒီတပ်စိတ်ကိုရုပ်သိမ်းဖို့ အမိန့်ပေးခဲ့။

ဒါ့ကြောင့် လုပ်ကြံံမှုမဖြစ်ပွားခင် တစ်ရက်ကမှ ဒီလုံခြုံရေးကင်းပုန်းဝပ်နေတဲ့ တပ်စိတ် ရုပ်သိမ်းသွားခဲ့တာဖြစ်တယ်။

🌧

ဗိုလ်ချုပ်အောင်ဆန်းဟာ “သူ့ကို လုပ်ကြံမယ့်လူ မရှိနိုင်ပါဘူး” ဆိုတဲ့ ယုံကြည်ချက်ရှိခဲ့တယ်။

သူဟာ အဆောင်အယောင် ပကာသနတွေကို ရွံ့ရှာစက်ဆုပ်တယ်။ လွတ်လွတ်လပ်လပ် ရိုးရိုးသားသား နေထိုင်ချင်တယ်။

🌧

ဗိုလ်ချုပ်ကို မလုပ်ကြံခင် ဦးစောကို လုပ်ကြံဖို့ ကြိုးစားသူတွေရှိခဲ့တယ်။ သူတို့က

▪️ဗိုလ်မှူးချုပ်အောင်ကြီး၊
▪️သခင်ရှုမောင် (ခ) ဗိုလ်ချုပ်နေဝင်းနဲ့
▪️ရန်ကုန်ဘဆွေ

သူတို့က ဦးစောကိုလုပ်ကြံဖို့ ကြံစည်တာ ဦးစောကိုမုန်းလို့မဟုတ်၊ ဗိုလ်ချုပ်အောင်ဆန်းက သွေးထိုးမြှောက်ပင့်သလိုလို အထင်မှား အမြင်မှား ဖြစ်စေဖို့..။

ဗိုလ်ချုပ်နေဝင်းက သူ့အိမ်မှာ ရန်ကုန်ဘဆွေကို သူ့သေနတ်ပစ်တတ်အောင် နှစ်လတိတိ လေ့ကျင့်၊ တိုင်ပင်ခဲ့တယ်လို့ ဆိုတယ်။

ဗိုလ်မှူးချုပ်အောင်ကြီးကတော့ ဦးမြလှိုင်ဆိုသူကို သူ့အိမ်မှာခေါ်ထားပြီး ဦးစောဘယ်သွားတယ်၊ ဘယ်လာတယ်ဆိုတဲ့ လှုပ်ရှားမှုတွေကို အတူတူလေ့လာစောင့်ကြည့်ခဲ့ကြတယ်။

( 📖 ref: အာဇာနည်နေ့ သမိုင်းမှတ်တမ်း မတင်ရသေးသော အဖြစ်အပျက်များနှင့် သမိုင်းဝင် ဖြစ်ရပ်များ မှ)

🌧

ဒါနဲ့ပဲ ဦးစောကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမယ့်ရက် ရောက်လာခဲ့..။

ဦးနေဝင်းက ဦးမြလိူင်(ပေဖူးလွှာမဂ္ဂဇင်း အယ်ဒီတာဟောင်း) က ကားမောင်းကာ၊ ကားပေါ်မှာပါလာတဲ့ ရန်ကုန်ဘဆွေတို့ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ပိုင်တပ်ဖွဲ့ ပုံစံဖြစ်စေဖို့ ပြည်သူ့ရဲဘော်(PVO) ယူနီဖောင်းတွေဝတ်ခိုင်းခဲ့..။

▪️သေနတ် ပထမ တစ်ချက်

သေနတ်ကျည်ဆန်ဟာ ဦးစောရဲ့နဖူးကိုရှပ်ထိခဲ့။

▪️ဒုတိယ တစ်ချက်
ထိမှန်မှု မရှိဘဲ လွဲချော်ခဲ့။

▪️တတိယအချက်
မိုးပေါ်ကို ထောင်ပစ်ခဲ့။

🌧

အဲ့ဒီတုန်းက ရန်ကုန်ဘဆွေ ကိုပေးကိုင်ပြီးပစ်ခတ်စေခဲ့တဲ့သေနတ်ဟာ တပ်ရင်းမှူးဗိုလ်နေဝင်း (အဲဒီအချိန်က ဗိုလ်နေဝင်းဟာတပ်ရင်းမှူးသာရှိ သေးတယ်) ကိုင်ဆောင်တဲ့သေနတ်ဖြစ်တယ်။

ဒီကိစ္စကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြည်သူ့ရဲဘော်လက်ချက်ဖြစ်တယ်လို့ယူဆတဲ့ ဦးစောက ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်ကြီးတွေကို လုပ်ကြံသတ်ဖြတ် လက်စားချေတာလို့ပြောကြတယ်။

🌧

အမှန်တော့ ဒီလုပ်ကြံမှုကြီးဟာ ဒီထက်ပိုမိုလေးနက်တဲ့ ရည်ရွယ်ချက်တွေရှိပါတယ်။

🌧

ဦးစောဟာ ဗိုလ်ချုပ်တို့ကို ရန်ဖက် အနေနဲ့ လုပ်ကြံသတ်ဖြတ်တာမဟုတ်၊ ဦးစော တချိန်က “ကောင်လေးတစ်ယောက်” လို့ယူဆခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရဲ့အမျိုးသားခေါင်းဆောင်ဖြစ်လာတယ်လေ။

သူ့လို နိုင်ငံရေးသမား စားဖားအိုကြီးတွေအတွက် မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ နေရာမရှိ။

ဒါကို ကြိတ်မနိုင် ခဲမရ ဖြစ်နေခဲ့တယ်။

ဒါ့ကြောင့် ဦးစောက ရန်ကုန်က ဖဆပလ ခေါင်းဆောင်အားလုံးနဲ့  á€”ယ်က ဖဆပလ ခေါင်းဆောင်အားလုံးကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ခဲ့တယ်။

🌧

ဒါ့ကြောင့်လည်း အင်္ဂလိပ်အာဏာပိုင်တွေနဲ့ပူးပေါင်းခိုးယူထားတဲ့ လက်နက်ခဲယမ်းတွေကို အိမ်အနီး အင်းလျားကန်ထဲမှာ ဝှက်ထားသလို၊ လက်နက်တချို့တစ်ဝက်ကိုလည်း မျိုးချစ်ပါတီဝင်တွေဆီကို ဖြန့်ဝေထားတာပေါ့။

🌧

ဒီလိုဦးစောက အကြံအစည် ကြီးကြီးမားမားကြံစည်နိုင်မှုဟာ နယ်ချဲ့ဗြိတိသျှတ ချို့ရဲ့မြှောက်ပင့်အားပေးမှုကြောင့်လည်းဖြစ်တယ်လို့ မြန်မာ အများစုက ယူဆကြတယ်။

(📖  Ref: ဝီကီပီဒီယား

မြန်မာလူမျိုးအများစုမှာ ၎င်းလုပ်ကြံမှုတွင် ဗြိတိသျှတို့သည် တစ်နည်းသို့မဟုတ် အခြားနည်းတစ်ခုခုဖြင့် ပါဝင်ပတ်သက် နေသည်ဟု ယုံကြည်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် ဗြိတိသျှ ဝန်ထမ်းနှစ်ဦး ဖမ်းဆီးစစ်ဆေးခံရပြီး ၎င်းတို့အနက်မှ တစ်ဦးသည် ဦးစော၏ ကိုယ်စားလှယ်အဖြစ် လုပ်ကြံမှုတွင် ထောက်ပံ့မှုနှင့် လုံလောက်သော စစ်သုံးကိရိယာများအား အဖွဲ့အစည်းအသေးအတွက် တပ်ဆင်ပေးမှုတို့ဖြင့် တရားစွဲဆိုခြင်းခံရသည်။ )

ဗြိတိသျှ ကွန်ဆာဗေးတစ်နိုင်ငံရေးသမားတွေ၊ စစ်ဘက်နဲ့အရပ်ဘက်က ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ရန်သူတော်ဟောင်းဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလ အဖွဲ့အစည်းအာဏာရနေတာကို မရှုစိမ့်မနာလိုကြဘူးလေ။

( 📖 ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ စာအုပ်မှ)

ဒါကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေးမယူမီမှာ ဖဆပလ အစိုးရအဖွဲ့ကိုဖြုတ်ချပြီး၊ မြန်မာနိုင်ငံကို ဒိုမီနီယံအတွင်းမှာဆက်ရှိနေအောင် ဂဠုန်ဦးစောလိုပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းကြံစည်ခဲ့ကြတာဖြစ်ပါတယ်တဲ့။

🌧

၁၉၄၇ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့။

လုပ်ကြံမှုကြီးကို ဘုရင်ခံက စစ်ဆေး စီရင်ရန် အထူးခုံရုံးနာယက အဖြစ် တရားသူကြီးမင်း ဦးကျော်မြင့်၊ ခုံရုံးအဖွဲ့ဝင်များ အဖြစ် ဦးအောင်သာကျော်နဲ့  á€Śá€¸á€…ဎဗူးတိုအက စစ်ဆေးခဲ့။

🌧

၁၉၄၈ ခု၊ မေလ (၈) ရက်နေ့ အရုဏ်တက်ချိန် (၅)နာရီခွဲ။

ဦးစော၊ သက်နှင်း၊ မှုန်ကြီး၊ မောင်စိုး၊ စိန်ကြီး၊ ခင်မောင်ရင်နှင့် ရန်ကြီးအောင်တို့ကို တစ်ချိန်တည်း ကြိုးပေးခဲ့တယ်။

🌧

သုခ နှင့် မောင်နီ
တစ်သက် တစ်ကျွန်း။

🌧

ဒီမြန်မာပြည်ရဲ့ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ နိုင်ငံတော်လုပ်ကြံမှုကြီးနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ ဗိုလ်ချုပ်ရဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှက စာအုပ်တစ်အုပ်ရေးခဲ့ပါတယ်။

🌧

အာဇာနည်နေ့ စာစုများအား စုစည်းတင်ပြလိုက်ပါတယ်။

မရွှေမိုး ( ကိုရီးယား)
July 19th,2020.

References

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ။စာရေးသူ- ဦးခင်အောင်

အာဇာနည်နေ့ သမိုင်းကြောင်း အစုံ- စာရေးသူ Wai Yan Phyo

အာဇာနည်နေ့- ဝီကီပီးဒီးယား

အာဇာနည်နေ့ သမိုင်းမှတ်တမ်း မတင်ရသေးသော အဖြစ်အပျက်များနှင့် သမိုင်းဝင် ဖြစ်ရပ်များ
By web-admin_zt
Published 3 years ago

၁၉၄၇ – ခုနှစ် နိုင်ငံတော် လုပ်ကြံမှု၏ မိုးနှောင်းအကုန် မှတ်တမ်းများ။

ဒေါက်တာမောင်မောင် "နိုင်ငံတော်လုပ်ကြံမှု"

(Zawgyi) 

🌧  áá‰á„၇ ခုႏွစ္ နိုင္ငံေတာ္လုပ္ႀကံမွုႀကီး 🌧


ဝါေခါင္လရဲ့ ေန႔တစ္ေန႔ေပါ့..။
၁၉၄၇ ခုႏွစ္၊ ဇူလိုင္လ ၁၉ ရက္ေန႔။
စေနေန႔ ။

နံနက္ေဝလီေဝလင္း အခ်ိန္ကတည္းက မုတ္သုံမိုးနဲ႔အတူ ေလျပင္းမုန္တိုင္းေတြက်ေတာ့မလို..။

အဲဒီေန႔က ရန္ကုန္ၿမိဳ့ရဲ့ေကာင္းကင္ႀကီးဟာ အုံ႔မွိုင္းမွိုင္း၊ ညိဳ့မွိုင္းမွိုင္းေပါ့။

တိမ္တိုက္ဆိုလို့ ဘာကိုမွ ၾကည္ၾကည္လင္လင္မျမင္ရဘူး။ ေကာင္းကင္ကိုၾကည့္ရတာ ျမဴသန္းေနတဲ့ ပင္လယ္ျပင္ႀကီးလို ဝိုးဝိုးဝါးဝါး..။

အဲ့ဒိေန႔ကို  â€œ မိုးသည္ ကင္းကင္းလြတ္လြတ္ စဲသည္ဟူ၍မရွိဘဲ တဖြဲဖြဲ ေနလိုက္၊ တၿဖိဳင္ၿဖိဳင္ ရြာခ်လိုက္ႏွင့္၊ ေနာက္ေစြ၍ ေနေလသည္” လို့ ဆရာ ဒဂုန္တာရာက ေရးသားမွတ္တမ္းတင္ခဲ့တယ္။

🌧

အဲ့ဒိေန႔က ေအဒီလမ္း၊ အမွတ္(၄) ေနအိမ္အျပင္ဘက္မွာ လူငယ္တစ္စုက စု႐ုံးေနခဲ့ၾက။

သူတို့ဟာ ျမန္မာျပည္ရဲ့ကံၾကမၼာကို ထာဝရေျပာင္းလဲေစဖို့အတြက္ ျပင္ဆင္ေနၾကတာ..။

🌧

အဲ့ဒါ ဦးေစာရဲ့ အိမ္ေပါ့။

သူ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို လုပ္ႀကံဖို့ အားလုံးျပင္ဆင္ၿပီးေနၿပီ..။

🌧

ဦးေစာက မ်ိဳးခ်စ္ပါတီဝင္ျဖစ္တဲ့ ဘညြန႔္ (ေဖာ္ေကာင္)ကို လက္နက္ေတြနဲ႔ ခဲယမ္းမီးေက်ာက္ေတြ စုေဆာင္းဖို့ ဇြန္လကတည္းက တာဝန္ေပးခဲ့တာ။

သူတို့ဟာ အဂၤလိပ္စစ္တပ္က ကပၸတိန္ ေဒးဗစ္ဗီဗီယန္းဆီက စက္ေသနတ္အလက္ ၂၀၀ ကို ခိုးထုတ္ခဲ့ၿပီး ေလာ္ရီကားနဲ႔ သယ္လာခဲ့ၾကၿပီ။

ၿပီးေတာ့ ျပည္လမ္းေပၚက အျခားလက္နက္သိုေလွာင္႐ုံတစ္ခုကေနၿပီး ဒသမ (၃၀၃) က်ည္ေတာင့္တစ္သိန္းတိတိယူခဲ့တယ္။

ဦးေစာရဲ့တူေတာ္စပ္သူ ခင္ေမာင္ရင္ကလည္း ဆပ္မရွင္းဂန္း တစ္လက္၊ အေမရိကန္ကာဘိုင္ သုံးလက္၊ စတင္းဂန္းတစ္လက္၊ ေတာ္မီႏွစ္လက္၊ လ်ဴဂါပစၥတိုတစ္လက္၊ ေျခာက္လုံးျပဴးႏွစ္လက္နဲ႔ က်ည္ဆန္ေတြလည္း ဝယ္ယူခဲ့။

ဂဠဳန္ဦးေစာဟာ သူ အေပ်ာ္တမ္း ဖြဲ႕စည္းထားတဲ့ ဂဠဳန္တပ္ဖြဲ႕ဝင္ေတြရွိတဲ့ သာယာဝတီနယ္ကို လက္နက္အခ်ိဳ့နဲ႔ က်ည္ဆန္အခ်ိဳ့ ပို့ထားၿပီးၿပီ။

က်န္တဲ့လက္နက္ေတြကို ေအဒီလမ္းက သူ႔ရဲ့ ၿခံဝင္းနံေဘးက အင္းယားကန္ေဘာင္ထဲမွာ ေသနတ္နဲ႔ က်ည္ဆန္ေတြကို အလုံပိတ္ေသတၱာနဲ႔ထည့္ၿပီး သိမ္းဆည္းေျမျမႇုပ္ထားခဲ့။

အားလုံး အဆင္သင့္..။

🌧

ဦးေစာရဲ့တူ ခင္ေမာင္ရင္ နဲ႔အတူ ဘညြန႔္၊ မွုန္ႀကီး၊ ေမာင္နီတို့စီးလာတဲ့ စစ္အစိမ္းေရာင္ဖို့ဒ္ဆန္ ထရပ္ကားဟာ နံနက္ ၈ နာရီ ၃၀ မိနစ္အခ်ိန္ေလာက္မွာ ရန္ကုန္ၿမိဳ့အလယ္မွာရွိတဲ့ အေဆာက္အအုံႀကီးဆီသို့ အရွိန္အဟုန္နဲ႔ေမာင္းႏွင္လာခဲ့ေလၿပီ..။

အဲ့ဒီအေဆာက္အအုံႀကီးက ဒါလဟိုဇီလမ္းနဲ႔ ၄၂ လမ္းေထာင့္က အနီေရာင္အုတ္ေတြနဲ႔ ေဆာက္လုပ္စီျခယ္ထားတဲ့ ဝီတိုရိယေခတ္ ႏွစ္ထပ္တိုက္၊ အတြင္းဝန္မ်ား႐ုံးေပါ့။

🌧

မွုန္ႀကီးနဲ႔ ဘညြန႔္က အတြင္းဝန္႐ုံး အေဆာက္အအုံထဲဝင္ၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို့ အမွုေဆာင္အစည္းအေဝး လုပ္ျဖစ္ မလုပ္ျဖစ္ကို ကင္းေထာက္တယ္။

''ပစၥတင္ကြင္းမ်ား ရရွိၿပီးပါၿပီ''

ဆိုတဲ့ စကားဝွက္ပို့လိုက္တယ္။ ဗိုလ္ခ်ဳပ္တို့ အစည္းအေဝးလုပ္ျဖစ္တယ္ဆိုတဲ့ အဓိပၸါယ္ေပါ့..။

သူတို့က ဦးေစာရဲ့အိမ္မွာ အသင့္ေစာင့္ေနတဲ့ ေမာင္စိုး၊ သက္ႏွင္း၊  á€ąá€™á€Źá€„ယစိနယ၊ ရန္ႀကီးေအာင္တို့ကို သတင္းဆက္ပို့။

🌧

ဒါေတြ ဘာမွမသိရွာတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကေတာ့ မနက္ ၁၀ နာရီေလာက္မွာ တာဝါလိမ္းေနအိမ္ကေန အတြင္းဝန္မ်ား႐ုံးမွာျပဳလုပ္မယ့္ ဝန္ႀကီးမ်ားအစည္းအေဝးကိုတက္ဖို့ သူ႔ရဲ့ အပါးေတာ္ျမဲ(ပီေအ) ဗိုလ္ထြန္းလွနဲ႔အတူ ကားနက္ကေလး အာရ္ေအ/၂၈၇၄ နဲ႔ ထြက္လာခဲ့တယ္။

( 📖 ဘန္ေကာက္လုံခ်ည္ အဝါေရာင္ အသစ္၊ မႏၲေလးပိုးတိုက္ပုံ၊ အကၤ်ီအျဖဴေရာင္ႏွင့္ သားေရဖိနပ္တို့ကို ဝတ္ဆင္ၿပီး ကၽြန္ုပ္၏ လက္ယာေဘးတြင္ ကပ္ထိုင္ၿပီး အိမ္မွ ကားစီးလိုက္ပါလာသည္။ ကားေပၚမွ ဆင္းရာ၌လည္းေကာင္း၊ သူေနာက္ဆုံး အတြင္းဝန္႐ုံး အဝင္တြင္ လည္းေကာင္း၊ ကၽြန္ုပ္၏ေနာက္မွ ေပ်ာ္ရႊင္စြာ လိုက္ပါလာခဲ့သည္''ဟု ဗိုလ္ထြန္းလွ (တကၠသိုလ္ေနဝင္း) စာအုပ္၌ ေဖာ္ျပထားသည္။ )

🌧

၁၀ နာရီ ၁၀ မိနစ္ေလာက္မွာ အတြင္းဝန္မ်ား႐ုံးရဲ့အလယ္ဗဟို ေလွကားေျခရင္းကို ဗိုလ္ခ်ဳပ္ကားဆိုက္လာၿပီး အစည္းအေဝးလုပ္မယ့္ အေပၚထပ္ကသူ႔႐ုံးခန္းကို အပါးေတာ္ျမဲ ဗိုလ္ထြန္းလွနဲ႔အတူ တက္လာခဲ့တယ္။

🌧

အျဖဴေရာင္သဲႀကိဳးတပ္ထားတဲ့ ေလယာဥ္ပ်ံဖိနပ္၊ ပိုးတိုက္ပုံ၊ ေခါင္းေပါင္းေတြနဲ႔ ျမန္မာဆန္ဆန္ ဝတ္စားဆင္ယင္ထားတဲ့ ဗိုလ္ခ်ဳပ္ကို ဦးဘဂ်မ္းက..

''ဗိုလ္ခ်ဳပ္က ဒီလိုဆိုေတာ့လည္း အေခ်ာႀကီးပဲ'' လို့ေနာက္ေျပာင္ေျပာလိုက္တယ္။

ဗိုလ္ခ်ဳပ္က..

''နိုင္ငံေရးသမားေတြဟာ လြတ္လပ္ေရးရၿပီးရင္ စစ္သားစိတ္ေဖ်ာက္ၿပီး အရပ္သား စိတ္ေမြးဖို့ အေရးႀကီးတယ္”တဲ့။

🌧

‘ တိုင္းျပည္ကၽြန္ဘဝက လုံး၀လြတ္ေျမာက္ေရးနဲ႔ စစ္ၿပီးေခတ္ ျမန္မာနိုင္ငံျပန္လည္ထူေထာင္ေရး’ ဆိုတဲ့ အစည္းအေဝးႀကီးအတြက္ ႐ုံးအုပ္ႀကီး ဦးခ၊ လက္ေထာက္အတြင္းဝန္ ဦးတင္အုံးနဲ႔ ဝန္ႀကီးမ်ားအဖြဲ႕ အတြင္းဝန္ ဦးေရႊေဘာ္ .. သူတို့ ၃ ေယာက္ အစည္းအေဝးအတြက္ လိုအပ္မယ့္စာရြက္စာတမ္းေတြနဲ႔ ဖိုင္ေတြရွာေဖြစုေဆာင္း၊ အစည္းအေဝးက်င္းပမယ့္ အခန္းထဲကို  á€á€„ယခ်ညယထဟကယခ်ညယနဲ႔ အလုပ္မ်ားေနၾကတယ္။

🌧

အဲ့ဒီေနာက္ အစည္းအေဝးက်င္းပမယ့္အခန္းထဲကို ဗိုလ္ခ်ဳပ္နဲ႔ အပါးေတာ္ျမဲ ဗိုလ္ထြန္းလွတို့ ဝင္လာတယ္။

ဗိုလ္ထြန္းလွက ဗိုလ္ခ်ဳပ္အတြက္ လိုအပ္တဲ့ဖိုင္ေတြ၊ မွတ္တမ္းမွတ္ရာေတြကို ဗိုလ္ခ်ဳပ္စားပြဲထိပ္မွာ ခ်ေပးလိုက္တယ္။

ဗိုလ္ခ်ဳပ္က သူ႔ထိုင္ခုံမွာ ဝင္ထိုင္လိုက္ေတာ့ ဗိုလ္ထြန္းလွလည္း အစည္းအေဝးခန္းမကေန သူရဲ့႐ုံးခန္းရွိရာကို ထြက္လာခဲ့ၿပီး သူ႔႐ုံးခန္းထဲမွာ စိတ္ေအးလက္ေလး ထိုင္ေနလိုက္တာေပါ့ ။

🌧

အဲဒီေန႔က အစည္းအေဝးတက္ေရာက္သူေတြက

၁။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း- ဒုဥကၠ႒၊ ကာကြယ္ေရးႏွင့္ နိုင္ငံျခားေရးဌာန

၂။ သခင္ျမ- ဘ႑ေရးႏွင့္ အခြန္ေတာ္ဌာန

၃။ ဦးဘဝင္း-ကူးသန္းေရာင္းဝယ္ေရးႏွင့္ ေထာက္ပံေရးဌာန၊

၄။ ဒီးဒုတ္ဦးဘခ်ိဳ-ျပန္ၾကားေရးဌာန

၅။ အဗၺဒူရာဇတ္- ပညာေရးႏွင့္ အမ်ိဳးသားစီမံကိန္းဌာန၊

၆။ မန္းဘခိုင္ - စက္မွုလက္မွုႏွင့္ အလုပ္သမားဌာန၊

၇။ မိုင္းပြန္ေစာ္ဘြားႀကီး စဝ္စံထြန္း-ေတာင္တန္းေရးရာဌာန၊

၈။ ဦးဘဂ်မ္း-ျပန္လည္ထူေထာင္ေရးဌာန၊

၉။ ေပ်ာ္ဘြယ္ဦးျမ- လယ္ယာႏွင့္ စိုက္ပ်ိဳးေရးဌာန၊

၁၀။ ဥိးေအာင္ဇံေဝ-ျပည္သူ႔ဝန္ထမ္းဌာန၊

၁၁။ ဦးအုံးေမာင္ -ဒုတိယအတြင္းဝန္ လမ္းပန္းဆက္သြယ္ေရးဌာန တို့ျဖစ္တယ္။

🌧

အဲ့ဒီမတိုင္ခင္က ဝန္ႀကီးမ်ား (ဘုရင့္အမွုေဆာင္ ေကာင္စီအဖြဲ႕မ်ား) အစည္းအေဝးကို ဘုရင္ခံသဘာပတိအျဖစ္ေဆာင္ရြက္ကာ ဘုရင္ခံကိုယ္တိုင္ ဦးစီးက်င္းပေလ့ရွိသတဲ့ ။

ေအာင္ဆန္း-အက္တလီစာခ်ဳပ္ ခ်ဳပ္ဆိုၿပီးေနာက္ပိုင္းမွာေတာ့ ျမန္မာျပည္ကို လြတ္လပ္ေရးေသခ်ာေပါက္ေပးရေတာ့မယ့္အေျခအေနမို့ ၁၉၄၇ ဇန္နဝါရီေလာက္ကစၿပီး ဘုရင္ခံကိုယ္တိုင္ တက္ေရာက္ျခင္းမရွိေတာ့။

ဒါ့ေၾကာင့္ ဘုရင့္အမွုေဆာင္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကပဲ သဘာပတိအျဖစ္ ဦးစီးက်င္းပေနတာျဖစ္တယ္။

🌧

အစည္းအေဝးက်င္းပတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ့႐ုံးခန္းဟာ တံခါး ၃ ေပါက္ရွိတဲ့ခန္းမက်ယ္ႀကီးျဖစ္တယ္။

ဗိုလ္ခ်ဳပ္႐ုံးခန္းရဲ့ လက္ဝဲဘက္မွာ အတြင္းဝန္ဦးေရႊေဘာ္ရဲ့ အခန္း၊ လက္ယာဘက္မွာ ဗိုလ္ခ်ဳပ္အပါးေတာ္ျမဲ ဗိုလ္ထြန္းလွရဲ့အခန္းေတြ ရွိပါတယ္။

ဒီအခန္းႀကီးရဲ့ အေရွ႕ေျမာက္ေထာင့္မွာ ဗိုလ္ခ်ဳပ္အလုပ္လုပ္တဲ့ စားပြဲရွိၿပီး၊ ေတာင္ဘက္နံရံမွာေတာ့ ဝန္ႀကီးေတြ အစည္းအေဝးပြဲက်င္းပတဲ့ စားပြဲႀကီးေတြရွိတယ္။

🌧

ဝန္ႀကီးေတြ အစည္းအေဝးက်င္းပရာေနရာမွာ စားပြဲရွည္ႀကီး ၃ ခုကို “ဂ” ပုံစံ အတိုင္းမွာ ထိပ္မွာတစ္ခု၊ ေဘးတစ္ဖက္တစ္ခ်က္မွာ တစ္လုံးစီ ခ်ထားတယ္။

ထိပ္ကစားပြဲက အလ်ား ၁၀ ေပ၊ အနံ ၃ ေပ ေလာက္ က်ယ္ၿပီး ၊ က်န္တဲ့ေဘးတစ္ဖက္တစ္ခ်က္က စားပြဲ ၂ ခု ကေတာ့ အလ်ား ၁၈ ေပ၊ အနံ ၃ ေပ ခန႔္စီ ရွိၾကတယ္။

🌧

အဲဒီေန႔အစည္းအေဝးမွာ ဗိုလ္ခ်ဳပ္က ထိပ္စားပြဲအလယ္တည့္တည့္မွာ ထိုင္ေနၿပီး လက္ယာဘက္စားပြဲမွာ သခင္ျမ၊ ဒီးဒုတ္ဦးဘခ်ိဳ၊ ဦးရာဇတ္၊ ဦးဘဝင္း၊ မန္းဘခိုင္တို့ အစဥ္အတိုင္းထိုင္ေနၾကတယ္။

လက္ဝဲဘက္စားပြဲမွာေတာ့ ဦးဘဂ်မ္း၊ ဦးေအာင္ဇံေဝ၊ ေပ်ာ္ဘြယ္ဦးျမနဲ႔ မိုင္းပြန္ေစာ္ဘြားႀကီး စဝ္စံထြန္းတို့ ထိုင္ေနၾကတယ္။

🌧

ဝန္ႀကီးမ်ားအဖြဲ႕ အတြင္းဝန္ဦးေရႊေဘာ္ကေတာ့ အစည္းအေဝးမွာ ဗိုလ္ခ်ဳပ္လိုအပ္တဲ့စာရြက္စာတမ္းေတြ၊ ဖိုင္တြဲရွာေပးနိုင္ဖို့ ဗိုလ္ခ်ဳပ္ရဲ့လက္ဝဲဘက္မွာ ရွိေနတယ္။

အစည္းအေဝးႀကီးက အစီအစဥ္အတိုင္း ၁၀ နာရီ ၁၅ မိနစ္မွာ စခဲ့တယ္။

ဝန္ႀကီးဌာနအလိုက္ အေရးႀကီးတဲ့ သက္ဆိုင္ရာကိစၥရပ္ေတြကို ေဆြးေႏြးေနၾကတယ္။

🌧

ဒီလိုနဲ႔ ၁၀ နာရီခြဲေလာက္မွာေပါ့။

လမ္းပန္းဆက္သြယ္ေရးဌာန ကိစၥရပ္ေတြကိုေဆြးေႏြးဖို့ အလွည့္ေရာက္လာတာနဲ႔ ဒုတိယအတြင္းဝန္ အိုက္စီအက္စ္ ဦးအုန္းေမာင္လည္း အစည္းအေဝးခန္းမထဲကိုေရာက္လာၿပီး လက္ယာဘက္စားပြဲထိပ္က သခင္ျမအနားမွာ ဝင္ထိုင္လိုက္ျပန္တယ္။

🌧

တစ္ဖက္မွာလည္း

" ငါ့တပည့္ေတြ ေအာင္ပါေစကြာ" ဆိုတဲ့ ဦးေစာရဲ့စကားသံအဆုံးမွာ အင္းလ်ားကန္နံေဘးက ဦးေစာအိမ္ဝင္းထဲကေန မနက္ ၁၀ နာရီေက်ာ္တည္းက အာစီ/၁၈၁၄ နံပါတ္ဂ်စ္ကားအစိမ္းက အတြင္းဝန္႐ုံးဘက္ကို ဦးတည္ေနၿပီ။

ေမာင္စိုး၊ သက္ႏွင္း၊ ေမာင္စိန္နဲ႔ ရန္ႀကီးေအာင္တို့က ျမန္မာနိုင္ငံ၊ စစ္အတြင္းက သုံးစြဲခဲ့တဲ့ အဂၤလိပ္ေခတ္ ၿမိဳ့ေစာင့္တပ္ အမွတ္(၁၂) ေသနတ္ကိုင္တပ္ရင္း အမွတ္တံဆိပ္ပါ ယူနီေဖာင္းေတြကို ဝတ္ထားၾကတယ္။

သူတို့ရဲ့ ဂ်စ္ကားကိုေမာင္းတဲ့သူက ယာဥ္ေမာင္းသူ သုခ။

ေမာင္စိုးက သုခေဘးမွာထိုင္တယ္။

ရန္ႀကီးေအာင္၊ ေမာင္စိန္နဲ႔ သက္ႏွင္းတို့က ကားကင္းပတ္အဖုံးႀကီးေအာက္မွာ ေတာ္မီဂန္း တစ္လက္စီကိုင္၊ပုန္းၿပီး အတြင္းဝန္႐ုံးဘက္ကို ေမာင္းလာတာေပါ့။

🌧

ဒီဂ်စ္ကားဟာ ေမာင္ဂိုမာရီလမ္း (ယခု ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း) အတိုင္းပန္းဆိုးတန္းထိပ္နာရီစင္ကို ျဖတ္ေမာင္းလာတယ္။

ေနာက္ စပတ္လမ္း (ယခု ဗိုလ္ေအာင္ေက်ာ္လမ္း) ကိုေရာက္တဲ့အခါ ညာဘက္ကို ခ်ိဳးလိုက္တယ္။ ဒီကမွ တစ္ဆင့္ ဖေရဇာလမ္း (ယခုအေနာ္ရထာလမ္း) ကို ျဖတ္လာၿပီး အတြင္းဝန္႐ုံးရဲ့ေတာင္ဘက္ ဂိတ္ဝကိုေရာက္တဲ့အခါ စက္ရွိန္ေလၽွာ့လိုက္တယ္။

🌧

ၿပီးေတာ့ အတြင္းဝန္မ်ား႐ုံးဝင္းအတြင္း ဝင္ဖို့ ကားေခါင္းကိုဘယ္ဘက္သို့ဦးတည္လိုက္တာေပါ့။

🌧

ဂ်စ္ကားဟာ ကားဘီးကို ခပ္ျဖည္းျဖည္းလွိမ့္ၿပီး အေနာက္ဘက္ဆင္ဝင္ႀကီးေအာက္ကတစ္ဆင့္ ကာကြယ္ေရးဌာနဘက္ကိုေကြ႕ဝင္ၿပီး အေနာက္ေတာင္ေထာင့္မွာ ထိုးရပ္လိုက္တယ္။

ၿပီးေတာ့ ခ်က္ခ်င္းဆိုသလိုပဲ ကင္းပတ္ဖိနပ္ရွည္ (Canva Shoes) စီးထားၿပီး စတင္းဂန္းတစ္လက္၊ေတာ္မီဂန္း ၃ လက္တို့ကို အသင့္ကိုင္ထားတဲ့ စိန္ႀကီး၊ေမာင္စိုး ၊ရန္ႀကီးေအာင္နဲ႔ သက္ႏွင္းတို့ ကားေပၚက ခုန္ဆင္း၊ အတြင္းဝန္မ်ား႐ုံး( ဝန္ႀကီးမ်ား႐ုံး)ထဲကို အေျပးဝင္ၾကေတာ့တယ္။

🌧

သုခက ကားကိုစက္မရပ္ဘဲ ႏွိုးထားကာ အသင့္ေစာင့္ဆိုင္းက်န္ရစ္ခဲ့တယ္။

ေသနတ္ကိုယ္စီ ကိုင္ထားတဲ့ စိန္ႀကီး ၊ေမာင္စိုး၊ရန္ႀကီးေအာင္နဲ႔ သက္ႏွင္းတို့ဟာ အတြင္းဝန္႐ုံးေတာင္ဘက္က ေျမာက္ဘက္၊ ဗိုလ္ခ်ဳပ္႐ုံးခန္းရွိရာကို ေလၽွာက္လာၾကၿပီး အခန္းဝမွာေစာင့္ေနတဲ့ မင္းေစကိုတြန္းဖယ္လိုက္တယ္။

ၿပီးေတာ့ ေျမာက္ဘက္တံခါးေပါက္ကေန ဝန္ႀကီးေတြ စည္းေဝးေနတဲ့ အခန္းထဲကို ဝင္လိုက္ၾကတယ္။

🌧

နံနက္ ၁၀နာရီ ၃၇ မိနစ္။

အေရွ႕ဆုံးမွဝင္လာတဲ့ သက္ႏွင္းက " ဟိတ္" လို့ ခပ္က်ယ္က်ယ္ေအာ္လိုက္တယ္။

သူ႔ လက္ထဲက ေတာ္မီဂန္းနဲ႔ ဗိုလ္ခ်ဳပ္ကို သဲသဲမဲမဲ စတင္ ပစ္ခတ္ေတာ့တယ္။

တခ်ိန္တည္းမွာပဲ စားပြဲထိပ္မွာထိုင္ေနတဲ့ ဗိုလ္ခ်ဳပ္ဟာ ထိုင္ရာကလက္ကာျပရင္း ဝင္လာသူေတြကို တစ္စုံတစ္ခုလွမ္းေျပာဖို့ႀကိဳးစားခဲ့ေပမဲ့ အခ်ိန္ မမီေတာ့ပါ။

🌧

လူသတ္သမားရဲ့ ပစ္ခတ္လိုက္တဲ့က်ည္ဆန္ေတြေၾကာင့္ ဗိုလ္ခ်ဳပ္ဟာ ေနာက္သို့လန္က်ကာ လူေရာကုလားထိုင္ပါ လုံးေထြးလဲၿပိဳသြားေတာ့တယ္။

ဒီေနာက္မွ ဗိုလ္ခ်ဳပ္ညာဘက္မွာ ထိုင္ေနတဲ့ ဝန္ႀကီးေတြကိုလည္း တစ္ဆက္တည္း ပစ္ခတ္လိုက္တယ္။ၿပီးေတာ့မွ ဘယ္ဘက္ကို ေမႊ႕ရမ္း ပစ္လိုက္တယ္။

🌧

ဝန္ႀကီးေပ်ာ္ဘြယ္ဦးျမနဲ႔ အတြင္းဝန္ဦးေရႊေဘာ္တို့က လ်င္ျမန္တယ္။

လူသတ္သမားက ဗိုလ္ခ်ဳပ္ကို စ ပစ္ပစ္ခ်င္း ေနာက္ေက်ာဘက္က ျပတင္းေပါက္ကေန အခ်ိန္မီ ခုန္ခ်ေျပးၾကလို့ ဒဏ္ရာေတာင္မရဘဲ လြတ္ေျမာက္နိုင္ခဲ့။

ဝန္ႀကီးဦးဘဂ်မ္းကလည္း ပစ္ပစ္ခ်င္း သူ႔ေဘးမွာရွိတဲ့ ဦးေအာင္ဇံေဝရဲ့လက္ကို ေဆာင့္ဆြဲလိုက္တယ္။

သူတို့ ႏွစ္ေယာက္သား ၾကမ္းျပင္ေပၚလွဲခ်လိုက္လို့ အသက္ေဘးကလြတ္ခဲ့ရတယ္။

ဦးဘဂ်မ္းကေတာ့ လက္ဝဲဘက္ နံပါးမွာ တစ္ခ်က္၊ လက္ယာဘက္ လက္သူႂကြယ္မွာ တစ္ခ်က္ အေပၚယံရွပ္ထိမွန္ခဲ့တယ္။

🌧

က်န္တဲ့ ဝန္ႀကီးေတြကေတာ့ တစ္ေယာက္ၿပီးတစ္ေယာက္ ေသနတ္ထိၿပီးအတုံးအ႐ုံးလဲက်ကုန္တယ္။

ေနာက္ေတာ့ မတ္တပ္ရပ္ပစ္ခတ္ေနတဲ့ လူသတ္သမားေတြဟာ ဒူးေထာက္ထိုင္လိုက္ကာ အားရပါးရစိတ္တိုင္းက် ဆက္လက္ပစ္ခတ္ၾကျပန္တယ္။

အဲ့ဒီလို စိတ္တိုင္းက်ပစ္ခတ္ၿပီးတဲ့ေနာက္ လူသတ္သမားေတြဟာ ေသနတ္အပစ္ရပ္ၿပီး ေလွကားရွိတဲ့ဘက္ကို ေျပးထြက္လာၾကတယ္။

🌧

ဒီအခ်ိန္မွာ ေလွကားထိပ္က အခန္းထဲမွာဝန္ႀကီးဦးရာဇတ္ရဲ့သက္ေတာ္ေစာင့္ကိုေထြးရွိေနတယ္။

ကိုေထြးက ထြက္လာေတာ့ လူသတ္သမားေတြကကိုေထြးကို စတင္းနဲ႔ တစ္ခ်က္ပစ္လိုက္ၿပီး

"ေဟ့ မဆိုင္သူဖယ္ေန ေအာက္က ဆင္းၾက" လို့ေအာ္ဟစ္ရင္း ေလွကားအတိုင္း တဟုန္ထိုးေျပးဆင္းသြားၾကတယ္။

🌧

ဆင္ဝင္အေပါက္ႀကီးေအာက္မွာ ကားစက္ႏွိုးၿပီးအသင့္ေစာင့္ေနတဲ့ ကားေပၚတက္ကာ စပတ္လမ္း ( ယခု ဗိုလ္ေအာင္ေက်ာ္လမ္း) ထြက္ေပါက္ႀကီးက ထြက္ၿပီး လက္ဝဲဘက္ကို ေကြ႕၊ ဒါလဟိုစီ(ယခု ဗႏၶဳလလမ္း) လမ္းအတိုင္း အေနာက္ဘက္ကို အတားအဆီးမရွိ ထြက္ေျပး လြတ္ေျမာက္သြားၾကတာေပါ့။

🌧

ဦးေစာက ဖဆပလ ေခါင္းေဆာင္ပိုင္းအားလုံးကို လုပ္ႀကံသတ္ျဖတ္နိုင္မွ ဖဆပလ အစိုးရျပဳတ္က်မယ္လို့ တြက္ၿပီး ဖဆပလအဖြဲ႕ခ်ဳပ္ ဒုဥကၠ႒၊ တိုင္းျပဳျပည္ျပဳလႊတ္ေတာ္ဥကၠ႒ သခင္ႏုကိုပါ လုပ္ႀကံဖို့ စီစဥ္ခဲ့တာ။

သူ႔တပည့္ ဘညြန႔္ကို လႊတ္ခဲ့ေပမဲ့၊ အဲဒီေန႔က သခင္ႏု ႐ုံးမတက္လို့ လုပ္ႀကံခံရမယ့္ေဘးက လြတ္သြားခဲ့တာျဖစ္တယ္။

🌧

ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ေခါင္းေဆာင္ႀကီးေတြကို လူသတ္သမားေတြက လုပ္ႀကံသတ္ျဖတ္ခဲ့ၿပီးေနာက္ အခန္းထဲသို့ ပထမဆုံး ဝင္လာတာ ဗိုလ္ထြန္းလွ။

ပထမေတာ့ ဗိုလ္ခ်ဳပ္ရင္ဘတ္မွာ ဒဏ္ရာႏွစ္ခ်က္ သုံးခ်က္ခန႔္ရတယ္လို့ သူ ထင္ခဲ့တယ္။

ဒါေပမဲ့ ရန္ကုန္ေဆး႐ုံႀကီးေရာက္ၿပီး အေသအခ်ာ စစ္ေဆးၾကည့္ရွုတဲ့အခါမွာေတာ့ ဗိုလ္ခ်ဳပ္ကိုယ္မွာ ေသနတ္ဒဏ္ရာ ၁၃ ခ်က္တိတိကိုေတြ႕ခဲ့ၾကရတယ္။

🌧

အဲ့ဒီေန႔က ဦးဘဂ်မ္းက သိပ္ေနမေကာင္းလို့ အစည္းအေဝးမတက္ဘဲေနမလို့။ သတင္းတစ္ခုရလို့ ဗိုလ္ခ်ဳပ္ကိုေျပာမလို့လာခဲ့တာ။

အဲ့ဒီ သတင္းကေတာ့ လြန္ခဲ့တဲ့ ဇြန္လေနာက္ဆုံးအပတ္အတြင္းက ဗိုလ္တေထာင္ ဘီအိုစီ(Base Ordnance Depot) ေခၚ ပစၥည္းသိုေလွာင္ေရး တပ္ဖြဲ႕ကေန ဘရင္းဂန္း အလက္ ၂၀၀ ေက်ာ္ ေပ်ာက္ဆုံးေနတဲ့အေၾကာင္း၊ တရားခံံဟာ ဂဠဳန္ဦးေစာ ျဖစ္တယ္ဆိုတာ တင္ျပဖို့ပဲျဖစ္တယ္။

🌧

▪️ဗိုလ္ခ်ဳပ္ေအာင္ဆန္း (ခ) ဗိုလ္ေတဇ
(၃၂) ႏွစ္

▪️ဒီးဒုတ္ဦးဘခ်ိဳ (၅၄) ႏွစ္

▪️သခင္ျမ (၄၉) ႏွစ္

▪️ဦးအဗၺဒူရာဇတ္ (၄၉) ႏွစ္

▪️ဦးဘဝင္း (၄၆) ႏွစ္

▪️မန္းဘခိုင္ (၄၃) ႏွစ္

▪️စပ္စံထြန္း (၄ဝ) ႏွစ္

▪️ဦးအုန္းေမာင္ (၃၄) ႏွစ္

▪️ကိုေထြး (၁၈) ႏွစ္ တို့ အသက္ေပးခဲ့ရ။

🌧

ဂဠဳန္ဦးေစာရဲ့ လွုပ္ရွားမွုေတြကို ပုလိပ္ဘက္က သတိျပဳမိေနတာလည္းၾကာပါၿပီ။

ဦးေစာအိမ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ အိမ္မွာ ေနေနတဲ့ စစ္႐ုံးခ်ဳပ္က လုံျခဳံေရးအရာရွိ လက္ဖတင္နင္ ကာနယ္ ေဂၚဒြန္ဟန႔္က ဦးေစာရဲ့လူသတ္မွုေတြကို သကၤာ မကင္းျဖစ္ေနတာၾကာေပါ့။

သူ႔အိမ္ကေန စစ္သုံးမွန္ေျပာင္းျဖင့္ ညဘက္ေတြမွာ ေစာင့္ၾကည့္ေနခဲ့တယ္။

ဦးေစာက တပည့္ ေလးငါးေယာက္နဲ႔ အတူ အင္းလ်ားေရျပင္မွာ ေလွတစ္စင္းနဲ႔ အလုပ္ရွုပ္ေနတာကို ႀကိမ္ဖန္မ်ားစြာ ေတြ႕ျမင္ခဲ့ရ။

ဒါေတြကို ဘုရင္ခံရဲ့အတြင္းဝန္ ဖိလစ္နက္ရွ္က ဘုရင္ခံကိုေျပာထားၿပီးျဖစ္တယ္။

🌧

သူတို့ ဗိုလ္ခ်ဳပ္နဲ႔ အာဇာနည္ေခါင္းေဆာင္ႀကီးေတြကို လုပ္ႀကံၿပီး ဦးေစာအိကို ျပန္လာတယ္။

အဝင္မွာ ဦးေစာကေစာင့္ေနတာ။

သူတို့ "ေအာင္ၿပီ၊ေအာင္ၿပီ" လို့လက္သီးလက္ေမာင္းတန္း ေႂကြးေၾကာ္ ႏွုတ္ဆက္ၾကတယ္။ ဒါကို လက္ဖတင္နင္ ကာနယ္ေဂၚဒြန္ဟန႔္ ကိုယ္တိုင္ျမင္ေတြ႕ၿပီး စီအိုင္ဒီ (မွုခင္းတပ္ဖြဲ႕) ကို သတင္းပို့ခဲ့တယ္။

🌧

ဒါေၾကာင့္ မြန္းလြဲပိုင္းမွာ ပုလိပ္ စုံေထာက္ဘက္နဲ႔ ေသာင္းက်န္းသူႏွိမ္ႏွင္းေရး တပ္ေတြပူးေပါင္းၿပီး အင္းလ်ားကန္ေစာင္းက ဦးေစာရဲ့ အိမ္ကို ဝင္ရွာပါေလေရာ။

ဦးေစာရဲ့တပည့္၊ မိုက္႐ူးရဲ မွုံႀကီးက ေသနတ္နဲ႔ ခုခံပစ္ခဲ့ေသး။

အင္အားခ်င္းမမၽွတာမို့ ဦးေစာက အခ်ိန္မီ တားဆီးလိုက္တယ္။

ဦးေစာတို့ လူသိုက္အားလုံးကို ဖမ္းဆီးရမိခဲ့တယ္။

🌧

ဦးေစာ အိမ္ထဲကေန စာရြက္စာတမ္းေတြ မၾကာခင္ကမွ လုပ္ထားတဲ့ "ဦးေစာ Prime Minister"ဆိုတဲ့ ရာဘာတံဆိပ္ဆုံးေတြ။

အဂၤလိပ္စစ္တပ္က ေပ်က္ဆုံးသြားတဲ့ လက္နက္ခဲယမ္းမီးေက်ာက္ေတြ တခ်ိဳ့ကို အိမ္ထဲမွာ၊ တခ်ိဳ့ကို အိမ္အနားက အင္းလ်ားကန္မွာ..။

🌧

အဲ့ဒိတုန္းက စတင္းဂန္း ၂၀၀ ေပ်ာက္ေနလို့ လုံျခဳံေရးအေျခအေန စိုးရိမ္ရတဲ့အေျခအေနကို ေပ်ာ္ဘြယ္ဦးျမကသိတယ္။

ဒါေပမဲ့  á€ťá€•á€Šá€šá€‘á€˛á€ąá€›á€¸á€á€”á€šá‚€á€€á€Žá€¸á€Śá€¸á€ąá€€á€şá€Źá€šáżá€„á€­á€™á€šá€¸ လန္ဒန္သြားေနတယ္။

ဒါ့ေၾကာင့္ ေပ်ာ္ဘြယ္ဦးျမက ဗမာ့တပ္မေတာ္က တပ္စိတ္တစ္စိတ္ကို ထုတ္ႏုတ္ၿပီး ဗိုလ္ခ်ဳပ္မသိေအာင္ အတြင္းဝန္မ်ား႐ုံး အဝင္လမ္းမွာ ကင္းပုန္းခ်ထားခဲ့ေသးတယ္။

🌧

အဲဒီ တပ္စိတ္ထဲက ရဲေဘာ္တစ္ေယာက္ ကိစၥတစ္ခုနဲ႔ အျပင္ထြက္လာခ်ိန္မွာ ႐ုံးတက္ဖို့လာေနတဲ့ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ေတြ႕သြားတာ။

ဗိုလ္ခ်ဳပ္က ဦးျမကိုဒီတပ္စိတ္ကို႐ုပ္သိမ္းဖို့ အမိန႔္ေပးခဲ့။

ဒါ့ေၾကာင့္ လုပ္ႀကံံမွုမျဖစ္ပြားခင္ တစ္ရက္ကမွ ဒီလုံျခဳံေရးကင္းပုန္းဝပ္ေနတဲ့ တပ္စိတ္ ႐ုပ္သိမ္းသြားခဲ့တာျဖစ္တယ္။

🌧

ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ “သူ႔ကို လုပ္ႀကံမယ့္လူ မရွိနိုင္ပါဘူး” ဆိုတဲ့ ယုံၾကည္ခ်က္ရွိခဲ့တယ္။

သူဟာ အေဆာင္အေယာင္ ပကာသနေတြကို ရြံ့ရွာစက္ဆုပ္တယ္။ လြတ္လြတ္လပ္လပ္ ရိုးရိုးသားသား ေနထိုင္ခ်င္တယ္။

🌧

ဗိုလ္ခ်ဳပ္ကို မလုပ္ႀကံခင္ ဦးေစာကို လုပ္ႀကံဖို့ ႀကိဳးစားသူေတြရွိခဲ့တယ္။ သူတို့က

▪️ဗိုလ္မွူးခ်ဳပ္ေအာင္ႀကီး၊
▪️သခင္ရွုေမာင္ (ခ) ဗိုလ္ခ်ဳပ္ေနဝင္းနဲ႔
▪️ရန္ကုန္ဘေဆြ

သူတို့က ဦးေစာကိုလုပ္ႀကံဖို့ ႀကံစည္တာ ဦးေစာကိုမုန္းလို့မဟုတ္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ေသြးထိုးေျမႇာက္ပင့္သလိုလို အထင္မွား အျမင္မွား ျဖစ္ေစဖို့..။

ဗိုလ္ခ်ဳပ္ေနဝင္းက သူ႔အိမ္မွာ ရန္ကုန္ဘေဆြကို သူ႔ေသနတ္ပစ္တတ္ေအာင္ ႏွစ္လတိတိ ေလ့က်င့္၊ တိုင္ပင္ခဲ့တယ္လို့ ဆိုတယ္။

ဗိုလ္မွူးခ်ဳပ္ေအာင္ႀကီးကေတာ့ ဦးျမလွိုင္ဆိုသူကို သူ႔အိမ္မွာေခၚထားၿပီး ဦးေစာဘယ္သြားတယ္၊ ဘယ္လာတယ္ဆိုတဲ့ လွုပ္ရွားမွုေတြကို အတူတူေလ့လာေစာင့္ၾကည့္ခဲ့ၾကတယ္။

( 📖 ref: အာဇာနည္ေန႔ သမိုင္းမွတ္တမ္း မတင္ရေသးေသာ အျဖစ္အပ်က္မ်ားႏွင့္ သမိုင္းဝင္ ျဖစ္ရပ္မ်ား မွ)

🌧

ဒါနဲ႔ပဲ ဦးေစာကို ေသနတ္နဲ႔ ပစ္ခတ္လုပ္ႀကံမယ့္ရက္ ေရာက္လာခဲ့..။

ဦးေနဝင္းက ဦးျမလိူင္(ေပဖူးလႊာမဂၢဇင္း အယ္ဒီတာေဟာင္း) က ကားေမာင္းကာ၊ ကားေပၚမွာပါလာတဲ့ ရန္ကုန္ဘေဆြတို့ကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ့ ကိုယ္ပိုင္တပ္ဖြဲ႕ ပုံစံျဖစ္ေစဖို့ ျပည္သူ႔ရဲေဘာ္(PVO) ယူနီေဖာင္းေတြဝတ္ခိုင္းခဲ့..။

▪️ေသနတ္ ပထမ တစ္ခ်က္

ေသနတ္က်ည္ဆန္ဟာ ဦးေစာရဲ့နဖူးကိုရွပ္ထိခဲ့။

▪️ဒုတိယ တစ္ခ်က္
ထိမွန္မွု မရွိဘဲ လြဲေခ်ာ္ခဲ့။

▪️တတိယအခ်က္
မိုးေပၚကို ေထာင္ပစ္ခဲ့။

🌧

အဲ့ဒီတုန္းက ရန္ကုန္ဘေဆြ ကိုေပးကိုင္ၿပီးပစ္ခတ္ေစခဲ့တဲ့ေသနတ္ဟာ တပ္ရင္းမွူးဗိုလ္ေနဝင္း (အဲဒီအခ်ိန္က ဗိုလ္ေနဝင္းဟာတပ္ရင္းမွူးသာရွိ ေသးတယ္) ကိုင္ေဆာင္တဲ့ေသနတ္ျဖစ္တယ္။

ဒီကိစၥကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ျပည္သူ႔ရဲေဘာ္လက္ခ်က္ျဖစ္တယ္လို့ယူဆတဲ့ ဦးေစာက ဗိုလ္ခ်ဳပ္နဲ႔ ေခါင္းေဆာင္ႀကီးေတြကို လုပ္ႀကံသတ္ျဖတ္ လက္စားေခ်တာလို့ေျပာၾကတယ္။

🌧

အမွန္ေတာ့ ဒီလုပ္ႀကံမွုႀကီးဟာ ဒီထက္ပိုမိုေလးနက္တဲ့ ရည္ရြယ္ခ်က္ေတြရွိပါတယ္။

🌧

ဦးေစာဟာ ဗိုလ္ခ်ဳပ္တို့ကို ရန္ဖက္ အေနနဲ႔ လုပ္ႀကံသတ္ျဖတ္တာမဟုတ္၊ ဦးေစာ တခ်ိန္က “ေကာင္ေလးတစ္ေယာက္” လို့ယူဆခဲ့တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက နိုင္ငံရဲ့အမ်ိဳးသားေခါင္းေဆာင္ျဖစ္လာတယ္ေလ။

သူ႔လို နိုင္ငံေရးသမား စားဖားအိုႀကီးေတြအတြက္ ျမန္မာ့နိုင္ငံေရးဇာတ္ခုံမွာ ေနရာမရွိ။

ဒါကို ႀကိတ္မနိုင္ ခဲမရ ျဖစ္ေနခဲ့တယ္။

ဒါ့ေၾကာင့္ ဦးေစာက ရန္ကုန္က ဖဆပလ ေခါင္းေဆာင္အားလုံးနဲ႔  á€”ယယက ဖဆပလ ေခါင္းေဆာင္အားလုံးကို လုပ္ႀကံသတ္ျဖတ္ဖို့ စီစဥ္ခဲ့တယ္။

🌧

ဒါ့ေၾကာင့္လည္း အဂၤလိပ္အာဏာပိုင္ေတြနဲ႔ပူးေပါင္းခိုးယူထားတဲ့ လက္နက္ခဲယမ္းေတြကို အိမ္အနီး အင္းလ်ားကန္ထဲမွာ ဝွက္ထားသလို၊ လက္နက္တခ်ိဳ့တစ္ဝက္ကိုလည္း မ်ိဳးခ်စ္ပါတီဝင္ေတြဆီကို ျဖန႔္ေဝထားတာေပါ့။

🌧

ဒီလိုဦးေစာက အႀကံအစည္ ႀကီးႀကီးမားမားႀကံစည္နိုင္မွုဟာ နယ္ခ်ဲ႕ၿဗိတိသၽွတ ခ်ိဳ့ရဲ့ေျမႇာက္ပင့္အားေပးမွုေၾကာင့္လည္းျဖစ္တယ္လို့ ျမန္မာ အမ်ားစုက ယူဆၾကတယ္။

(📖  Ref: ဝီကီပီဒီယား

ျမန္မာလူမ်ိဳးအမ်ားစုမွာ ၎လုပ္ႀကံမွုတြင္ ၿဗိတိသၽွတို့သည္ တစ္နည္းသို့မဟုတ္ အျခားနည္းတစ္ခုခုျဖင့္ ပါဝင္ပတ္သက္ ေနသည္ဟု ယုံၾကည္ေနၾကသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ၿဗိတိသၽွ ဝန္ထမ္းႏွစ္ဦး ဖမ္းဆီးစစ္ေဆးခံရၿပီး ၎တို့အနက္မွ တစ္ဦးသည္ ဦးေစာ၏ ကိုယ္စားလွယ္အျဖစ္ လုပ္ႀကံမွုတြင္ ေထာက္ပံ့မွုႏွင့္ လုံေလာက္ေသာ စစ္သုံးကိရိယာမ်ားအား အဖြဲ႕အစည္းအေသးအတြက္ တပ္ဆင္ေပးမွုတို့ျဖင့္ တရားစြဲဆိုျခင္းခံရသည္။ )

ၿဗိတိသၽွ ကြန္ဆာေဗးတစ္နိုင္ငံေရးသမားေတြ၊ စစ္ဘက္နဲ႔အရပ္ဘက္က ပုဂၢိဳလ္ေတြဟာ သူတို့ရဲ့ရန္သူေတာ္ေဟာင္းဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ဖဆပလ အဖြဲ႕အစည္းအာဏာရေနတာကို မရွုစိမ့္မနာလိုၾကဘူးေလ။

( 📖 ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ဘယ္သူသတ္သလဲ စာအုပ္မွ)

ဒါေၾကာင့္ ျမန္မာနိုင္ငံ လြတ္လပ္ေရးမယူမီမွာ ဖဆပလ အစိုးရအဖြဲ႕ကိုျဖဳတ္ခ်ၿပီး၊ ျမန္မာနိုင္ငံကို ဒိုမီနီယံအတြင္းမွာဆက္ရွိေနေအာင္ ဂဠဳန္ဦးေစာလိုပုဂၢိဳလ္ေတြနဲ႔ ပူးေပါင္းႀကံစည္ခဲ့ၾကတာျဖစ္ပါတယ္တဲ့။

🌧

၁၉၄၇ ခုႏွစ္ ၾသဂုတ္လ ၃၀ ရက္ေန႔။

လုပ္ႀကံမွုႀကီးကို ဘုရင္ခံက စစ္ေဆး စီရင္ရန္ အထူးခုံ႐ုံးနာယက အျဖစ္ တရားသူႀကီးမင္း ဦးေက်ာ္ျမင့္၊ ခုံ႐ုံးအဖြဲ႕ဝင္မ်ား အျဖစ္ ဦးေအာင္သာေက်ာ္နဲ႔  á€Śá€¸á€…ဎဗူးတိုအက စစ္ေဆးခဲ့။

🌧

၁၉၄၈ ခု၊ ေမလ (၈) ရက္ေန႔ အ႐ုဏ္တက္ခ်ိန္ (၅)နာရီခြဲ။

ဦးေစာ၊ သက္ႏွင္း၊ မွုန္ႀကီး၊ ေမာင္စိုး၊ စိန္ႀကီး၊ ခင္ေမာင္ရင္ႏွင့္ ရန္ႀကီးေအာင္တို့ကို တစ္ခ်ိန္တည္း ႀကိဳးေပးခဲ့တယ္။

🌧

သုခ ႏွင့္ ေမာင္နီ
တစ္သက္ တစ္ကၽြန္း။

🌧

ဒီျမန္မာျပည္ရဲ့ကံဆိုးမိုးေမွာင္က်ခဲ့ရတဲ့ နိုင္ငံေတာ္လုပ္ႀကံမွုႀကီးနဲ႔ ပတ္သက္လို့ ေနာက္ပိုင္းမွာ ဗိုလ္ခ်ဳပ္ရဲ့ အပါးေတာ္ျမဲ ဗိုလ္ထြန္းလွက စာအုပ္တစ္အုပ္ေရးခဲ့ပါတယ္။

🌧

အာဇာနည္ေန႔ စာစုမ်ားအား စုစည္းတင္ျပလိုက္ပါတယ္။

မေရႊမိုး ( ကိုရီးယား)
July 19th,2020.

References

ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ဘယ္သူသတ္သလဲ။စာေရးသူ- ဦးခင္ေအာင္

အာဇာနည္ေန႔ သမိုင္းေၾကာင္း အစုံ- စာေရးသူ Wai Yan Phyo

အာဇာနည္ေန႔- ဝီကီပီးဒီးယား

အာဇာနည္ေန႔ သမိုင္းမွတ္တမ္း မတင္ရေသးေသာ အျဖစ္အပ်က္မ်ားႏွင့္ သမိုင္းဝင္ ျဖစ္ရပ္မ်ား
By web-admin_zt
Published 3 years ago

၁၉၄၇ – ခုႏွစ္ နိုင္ငံေတာ္ လုပ္ႀကံမွု၏ မိုးေႏွာင္းအကုန္ မွတ္တမ္းမ်ား။

ေဒါက္တာေမာင္ေမာင္ "နိုင္ငံေတာ္လုပ္ႀကံမွု"

2 comments:

Share Man (Copy) said...

နိုင်ငံတော်လုပ်ကြံမှု ပြည်ထောင်စုနှင့် ဦးစော (၁၉၆၅) pdf file ရှိရင် ဖတ်ချင်ပါတယ်။

Share Man (Copy) said...

နိုင်ငံတော်လုပ်ကြံမှု ပြည်ထောင်စုနှင့် ဦးစော (၁၉၆၅) pdf file ရှိရင် ဖတ်ချင်ပါတယ်။