Sunday, July 19, 2020

အသေးစားလုပ်ငန်းတွေအနေနဲ့ ကိုဗစ်ကာလမှာ ဘယ်လိုရှင်သန်မလဲ

အသေးစားလုပ်ငန်းတွေအနေနဲ့ ကိုဗစ်ကာလမှာ ဘယ်လိုရှင်သန်မလဲ


COVID-19 ကြီးက ထိုးနှက်လိုက်ပါပြီ။ ကမ္ဘာတဝန်းက လုပ်ငန်းတွေပိတ်ထားရပါတယ်။ လုပ်ငန်းကြီးသမားတွေကတော့ နှစ်နဲ့ချီပြီး တောင့်ခံနိုင်တဲ့အရင်းအနှီးတွေရှိကြတော့ အရှုံးတွေပေါ်နေပေမယ့် ကိုယ်ကိုယ်ကိုယ်ကော ကိုယ့်ဝန်ထမ်းတွေကိုပါ စောင့်ရှောက်နိုင်ကြ သေးတာပေါ့။ အရင်းအနှီးလေးနည်းနည်းနဲ့ စထားတဲ့ အသေးစားလုပ်ငန်းတွေမှာတော့ လပိုင်းအတွင်းမှာကို အသက်ရှူကြပ်လာကြပါပြီ။ အလုပ်ရှင်တွေလဲ မွန်းကျပ်နေသလို ဝန်ထမ်းတွေကိုလဲ ဘာစောင့်ရှောက်မှုမှ မပေးနိုင်တော့ ဒီအသေးစားလုပ်ငန်းတွေ ကိုဗစ်ကာလမှာ ဘယ်လိုရှင်သန်မလဲဆိုတာ အသံကျယ်လောင်တဲ့မေးခွန်းတစ်ခုဖြစ်လာပါတယ်။

သင်ကိုယ်တိုင်လည်း အသေးစားလုပ်ငန်းရှင်တစ်ဦးဆိုရင်တော့ အောက်ပါအကြံပြုချက်လေးတွေက သင့်အတွက် တစ်ထောင့်တစ်နေရာ ကနေ အကျိုးပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ပျာယာမခတ်ပါနဲ့ ။ ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ တည်ငြိမ်ပါ။ ဝင်ငွေတစ်ပြားမှမရှိဘဲ နေ့တိုင်းထွက်ငွေပဲရှိနေတာ အသေးစားလုပ်ငန်းရှင်တစ်ယောက်အတွက် တကယ်စိုးရိမ်စရာပါ။ ဒါပေမဲ့ မပျာပါနဲ့။

ဟန်ချက်ညီအောင်စားပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရင် တည်တည်ငြိမ်ငြိမ်နေနိုင်လာပါမယ်။ သင့်ကိုကြည့်ပြီး သင့်ဝန်ထမ်းတွေလဲ စိတ်အေးပါမယ်။ ဒီတော့ အဖွဲ့တွေကြားထဲ စိတ်ဓာတ်ကြံ့ခိုင်မှုကောင်းနေပါမယ်။ ဒီတော့  ရှေ့ဆက်သွားဖို့ အတွေးသစ်အမြင်သစ်တွေရလာပါမယ်။ အခက်အခဲကြုံလာရင် ခေါင်းအေးအေးထား၊ အချိန်ယူစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ ဘာမှမသေချာတဲ့ အနာဂတ်အတွက် အစစအရာရာဟန်ချက်ညီမျှဖို့လိုပါတယ်။

သင့်အစိုးရနဲ့ ငွေကြေးအဖွဲ့အစည်းတွေက ဘယ်လိုအကူအညီတွေပေးနေတယ်ဆိုတာကို နားစွင့်ပါ ။ နိုင်ငံတကာမှာ အသေးစားလုပ်ငန်းရှင်တွေကို ထောက်ပ့ံကူညီဖို့ အကောင်အထည်ဖော်ဆောင်ရွက်နေကြပါပြီ။ တစ်နေ့နဲ့တစ်နေ့ကိုမတူတဲ့ အတွက် ကိုယ့်အစိုးရဘာတွေလုပ်ပေးနေသလဲဆိုတာကို နေ့တိုင်းသိနေအောင်လုပ်ပါ။ ကိုယ့်အတွက် အကျိုးရှိမယ့်၊ အဆင်ပြေမယ့် Plan တွေဆိုရင် တွေဝေမနေဘဲ ဆုပ်ကိုင်ရယူလိုက်ပါ။

သုံးလစာ ငွေကြေးစီမံကိန်းရေးဆွဲပါ။ ။ အသေးစားလုပ်ငန်းတွေမှာ ပိုက်ဆံအဓိကကုန်တဲ့နေရာများ တူနေတတ်ပါတယ်။ ဝန်ထမ်းလစာ၊ ရုံးခန်းငှားခ၊ရေ၊မီး၊ဖုန်း၊အင်တာနက်ခ အစရှိတာတွေပေါ့။ လာမယ့် သုံးလအတွင်းမှာ သင် ပိုက်ဆံဘယ်လောက်ကို မဖြစ်မနေသုံးရမလဲ၊ ဘယ်သူတွေကိုပေးရမလဲ၊ အဲဒါကို နည်းနည်းနဲ့ကျဲကျဲဝိုင်းလို့ရအောင် ဘာတွေလုပ်နိုင်မလဲ၊ အဖြေရှာပါ။ သင် အသက်ရှူကျပ်မသွားစေမဲ့ ရ/သုံး စီမံကိန်းကိုရေးဆွဲပါ။ ဝင်ငွေမရှိတဲ့အချိန်မှာ ချွေတာလိုက်တဲ့ပိုက်ဆံဟာ ဝင်ငွေပါပဲ။ လျှော့လို့ရတာ အားလုံးလျှော့ပါ။

အခွင့်အလမ်းအသစ်တွေ ရှာပါ။ သင့်လုပ်ငန်းလည်ပတ်ပုံဟာ သည် Covid-19 ကာလကို ရင်ဆိုင်နိုင်မလား။ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူးဆိုရင် သင့်လုပ်ငန်းလည်ပတ်ပုံကို အခုပဲစပြင်ပါ။ အခွင့်အလမ်းအသစ်တွေရှာပါ။ သင့်ဖောက်သည်တွေကို ဘယ်လိုပုံစံ အသစ်နဲ့ ဆွဲဆောင်နိုင်မလဲ၊ ဝန်ဆောင်မှုပေးနိုင်မလဲ၊ ကိုယ့်ဆီမြဲအောင်လုပ်နိုင်မလဲ ရှာပါ။ ဖောက်သည်အဟောင်းတွေကို ထိန်းထားဖို့ ကြိုးစားရမှာဖြစ်သလို ဖောက်သည်ပုံစံအသစ်တွေကိုလဲ ရှာပါ။ သေချာတာကတော့ သင့်လုပ်ငန်းကို Online ကနေ လည်ပတ်လို့ရအောင် လုပ်ထားဖို့လိုတာပါပဲ။

သင့်ဝန်ထမ်းတွေကို စွမ်းရည်မြှင့်တင်ပါ။ ။ ဒါအချိန်ကောင်းပါ။ အားလုံးမှာ အချိန်ပိုတွေရှိနေပါတယ်။ အခုအချိန်ဟာ သင့်ဝန်ထမ်းတွေကို သင်တန်းပေးဖို့ အကောင်းဆုံးအချိန်ပါ။ Online သင်တန်းပေးလို့ရနေတယ်ဆိုတော့ အရာရာအဆင်ပြေပါတယ်။ နည်းပညာကိုတော့ ဖက်တွယ်ထားရပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်တာပဲမဟုတ်ဘဲ အခြားစွမ်းရည်တွေကိုလည်း ပျိုးထောင်ပေးနိုင်ပါတယ်။ COVID-19 ကာလဟာ ကြံ့ကြံ့ခံနိုင်မှပဲ ရှင်သန်ကျန်ရစ်မဲ့ ကပ်ဆိုးကာလဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ရောကိုယ်ပါ ကျန်းမာရေးကောင်းအောင် ဂရုစိုက်၊ ကိုယ့်ငွေကြေးကိုလည်း ဟန်ချက်ညီညီသုံးနိုင်အောင် ဂရုစိုက်ပြီး ကိုယ့်လုပ်ငန်းပြန်လည်ပတ်တဲ့အခါ အကောင်းဆုံးအသင့်ဖြစ်နေဖို့ ဝန်ထမ်းတွေကိုပါလေ့ကျင့်ပေးထားဖို့လိုအပ်ပါကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

TMK

(Zawgyi)

အေသးစားလုပ္ငန္းေတြအေနနဲ႔ ကိုဗစ္ကာလမွာ ဘယ္လိုရွင္သန္မလဲ


COVID-19 ၾကီးက ထိုးႏွက္လိုက္ပါျပီ။ ကမၻာတ၀န္းက လုပ္ငန္းေတြပိတ္ထားရပါတယ္။ လုပ္ငန္းၾကီးသမားေတြကေတာ့ ႏွစ္နဲ႔ခ်ီျပီး ေတာင့္ခံႏိုင္တဲ့အရင္းအႏွီးေတြရွိၾကေတာ့ အရႈံးေတြေပၚေနေပမယ့္ ကိုယ္ကိုယ္ကိုယ္ေကာ ကိုယ့္၀န္ထမ္းေတြကိုပါ ေစာင့္ေရွာက္ႏိုင္ၾက ေသးတာေပါ့။ အရင္းအႏွီးေလးနည္းနည္းနဲ႔ စထားတဲ့ အေသးစားလုပ္ငန္းေတြမွာေတာ့ လပိုင္းအတြင္းမွာကို အသက္ရွဴၾကပ္လာၾကပါျပီ။ အလုပ္ရွင္ေတြလဲ မြန္းက်ပ္ေနသလို ၀န္ထမ္းေတြကိုလဲ ဘာေစာင့္ေရွာက္မႈမွ မေပးႏိုင္ေတာ့ ဒီအေသးစားလုပ္ငန္းေတြ ကိုဗစ္ကာလမွာ ဘယ္လိုရွင္သန္မလဲဆိုတာ အသံက်ယ္ေလာင္တဲ့ေမးခြန္းတစ္ခုျဖစ္လာပါတယ္။

သင္ကိုယ္တိုင္လည္း အေသးစားလုပ္ငန္းရွင္တစ္ဦးဆိုရင္ေတာ့ ေအာက္ပါအၾကံျပဳခ်က္ေလးေတြက သင့္အတြက္ တစ္ေထာင့္တစ္ေနရာ ကေန အက်ိဳးျပဳလိမ့္မယ္လို႔ ယံုၾကည္ပါတယ္။

ပ်ာယာမခတ္ပါနဲ႔ ။ ။ ကိုယ့္ကိုယ္ကိုယ္ ဂရုစိုက္ပါ။ တည္ျငိမ္ပါ။ ၀င္ေငြတစ္ျပားမွမရွိဘဲ ေန႔တိုင္းထြက္ေငြပဲရွိေနတာ အေသးစားလုပ္ငန္းရွင္တစ္ေယာက္အတြက္ တကယ္စိုးရိမ္စရာပါ။ ဒါေပမဲ့ မပ်ာပါနဲ႔။

ဟန္ခ်က္ညီေအာင္စားပါ။ ကိုယ္လက္လႈပ္ရွားမႈလုပ္ပါ။ ကိုယ့္ကိုယ္ကိုယ္ ဂရုစိုက္ရင္ တည္တည္ျငိမ္ျငိမ္ေနႏိုင္လာပါမယ္။ သင့္ကိုၾကည့္ျပီး သင့္၀န္ထမ္းေတြလဲ စိတ္ေအးပါမယ္။ ဒီေတာ့ အဖြဲ႕ေတြၾကားထဲ စိတ္ဓာတ္ၾကံ့ခိုင္မႈေကာင္းေနပါမယ္။ ဒီေတာ့  ေရွ႕ဆက္သြားဖို႔ အေတြးသစ္အျမင္သစ္ေတြရလာပါမယ္။ အခက္အခဲၾကံဳလာရင္ ေခါင္းေအးေအးထား၊ အခ်ိန္ယူစဥ္းစားျပီးမွ ဆံုးျဖတ္ပါ။ ဘာမွမေသခ်ာတဲ့ အနာဂတ္အတြက္ အစစအရာရာဟန္ခ်က္ညီမွ်ဖို႕လိုပါတယ္။

သင့္အစိုးရနဲ႔ ေငြေၾကးအဖြဲ႕အစည္းေတြက ဘယ္လိုအကူအညီေတြေပးေနတယ္ဆိုတာကို နားစြင့္ပါ ။ ႏိုင္ငံတကာမွာ အေသးစားလုပ္ငန္းရွင္ေတြကို ေထာက္ပ့ံကူညီဖို႔ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနၾကပါျပီ။ တစ္ေန႔နဲ႔တစ္ေန႔ကိုမတူတဲ့ အတြက္ ကိုယ့္အစိုးရဘာေတြလုပ္ေပးေနသလဲဆိုတာကို ေန႔တိုင္းသိေနေအာင္လုပ္ပါ။ ကိုယ့္အတြက္ အက်ိဳးရွိမယ့္၊ အဆင္ေျပမယ့္ Plan ေတြဆိုရင္ ေတြေ၀မေနဘဲ ဆုပ္ကိုင္ရယူလိုက္ပါ။

သံုးလစာ ေငြေၾကးစီမံကိန္းေရးဆြဲပါ။ ။ အေသးစားလုပ္ငန္းေတြမွာ ပိုက္ဆံအဓိကကုန္တဲ့ေနရာမ်ား တူေနတတ္ပါတယ္။ ၀န္ထမ္းလစာ၊ ရံုးခန္းငွားခ၊ေရ၊မီး၊ဖုန္း၊အင္တာနက္ခ အစရွိတာေတြေပါ့။ လာမယ့္ သံုးလအတြင္းမွာ သင္ ပိုက္ဆံဘယ္ေလာက္ကို မျဖစ္မေနသံုးရမလဲ၊ ဘယ္သူေတြကိုေပးရမလဲ၊ အဲဒါကို နည္းနည္းနဲ႔က်ဲက်ဲ၀ိုင္းလို႔ရေအာင္ ဘာေတြလုပ္ႏိုင္မလဲ၊ အေျဖရွာပါ။ သင္ အသက္ရွဴက်ပ္မသြားေစမဲ့ ရ/သံုး စီမံကိန္းကိုေရးဆြဲပါ။ ၀င္ေငြမရွိတဲ့အခ်ိန္မွာ ေခၽြတာလိုက္တဲ့ပိုက္ဆံဟာ ၀င္ေငြပါပဲ။ ေလွ်ာ့လို႔ရတာ အားလံုးေလွ်ာ့ပါ။

အခြင့္အလမ္းအသစ္ေတြ ရွာပါ။ ။ သင့္လုပ္ငန္းလည္ပတ္ပံုဟာ သည္ Covid-19 ကာလကို ရင္ဆိုင္ႏိုင္မလား။ ရင္ဆိုင္ႏိုင္မွာ မဟုတ္ဘူးဆိုရင္ သင့္လုပ္ငန္းလည္ပတ္ပံုကို အခုပဲစျပင္ပါ။ အခြင့္အလမ္းအသစ္ေတြရွာပါ။ သင့္ေဖာက္သည္ေတြကို ဘယ္လိုပံုစံ အသစ္နဲ႔ ဆြဲေဆာင္ႏိုင္မလဲ၊ ၀န္ေဆာင္မႈေပးႏိုင္မလဲ၊ ကိုယ့္ဆီျမဲေအာင္လုပ္ႏိုင္မလဲ ရွာပါ။ ေဖာက္သည္အေဟာင္းေတြကို ထိန္းထားဖို႔ ၾကိဳးစားရမွာျဖစ္သလို ေဖာက္သည္ပံုစံအသစ္ေတြကိုလဲ ရွာပါ။ ေသခ်ာတာကေတာ့ သင့္လုပ္ငန္းကို Online ကေန လည္ပတ္လို႔ရေအာင္ လုပ္ထားဖို႔လိုတာပါပဲ။

သင့္၀န္ထမ္းေတြကို စြမ္းရည္ျမွင့္တင္ပါ။ ။ ဒါအခ်ိန္ေကာင္းပါ။ အားလံုးမွာ အခ်ိန္ပိုေတြရွိေနပါတယ္။ အခုအခ်ိန္ဟာ သင့္၀န္ထမ္းေတြကို သင္တန္းေပးဖို႔ အေကာင္းဆံုးအခ်ိန္ပါ။ Online သင္တန္းေပးလို႔ရေနတယ္ဆိုေတာ့ အရာရာအဆင္ေျပပါတယ္။ နည္းပညာကိုေတာ့ ဖက္တြယ္ထားရပါလိမ့္မယ္။ အလုပ္နဲ႔ပတ္သက္တာပဲမဟုတ္ဘဲ အျခားစြမ္းရည္ေတြကိုလည္း ပ်ိဳးေထာင္ေပးႏိုင္ပါတယ္။ COVID-19 ကာလဟာ ၾကံ့ၾကံ့ခံနိုင္မွပဲ ရွင္သန္က်န္ရစ္မဲ့ ကပ္ဆိုးကာလျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္လည္း စိတ္ေရာကိုယ္ပါ က်န္းမာေရးေကာင္းေအာင္ ဂရုစိုက္၊ ကိုယ့္ေငြေၾကးကိုလည္း ဟန္ခ်က္ညီညီသံုးႏိုင္ေအာင္ ဂရုစိုက္ျပီး ကိုယ့္လုပ္ငန္းျပန္လည္ပတ္တဲ့အခါ အေကာင္းဆံုးအသင့္ျဖစ္ေနဖို႔ ၀န္ထမ္းေတြကိုပါေလ့က်င့္ေပးထားဖို႔လိုအပ္ပါေၾကာင္း ေလ့လာေရးသားတင္ျပလိုက္ရပါတယ္။

TMK

No comments: