Saturday, July 25, 2020

Turmeric Milk (Haldi ka Milk)

ညအိပ်ရာမဝင်ခင် နွားနို့တစ်ခွက်ထဲ နနွင်းအနည်းငယ်ထည့်သောက်ကျမယ် (Turmeric Milk)


သာမန် ရေသောက်တဲ့ဖန်ခွက်အရွယ်အစားနွားနို့တစ်ဖန်ခွက်နဲ့ နနွင်းမှုန့် စားပွဲတင်ဇွန်း တစ်ဝက်တို့ကို ရောနှောလိုက်မယ်ဆိုရင် ရွှေရောင်နွားနို့တစ်ခွက် ရရှိသွားမှာပါ။ ဒီရွှေရောင်နွားနို့က သင့်ရဲ့ခန္ဓာကိုယ်ကို ညဘက်မှာ ကောင်းမွန်စွာအိပ်စက်အနားယူနိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။

ထိုဖျော်ရည်ကို နေ့စဉ်သောက်သုံးခြင်းအားဖြင့် ကိုယ်ခံစွမ်းအား မြင့်မားခြင်း၊ ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို သန့်စင်ပေးခြင်း၊ ကင်ဆာရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိခံစားရမှာပါ။

စာဖတ်သူတို့အနေနဲ့ နနွင်းမှုန့် နွားနို့ဖျော်ရည်ကို ဘာ့ကြောင့် သောက်သုံးသင့်သလဲဆိုတဲ့ အကြောင်းပြချက်လေးတွေကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။

ဝိတ်ကျသွားခြင်း

နနွင်းမှုန့်က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ရုံသာမကဘဲ ခန္ဓာကိုယ်ရှိအဆီပိုများကို ချေဖျက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဝိတ်ကျချင်သူများအနေနဲ့ နွားနို့ထဲကို နနွင်းမှုန့်လေးများ ထည့်သောက်ပေးနိုင်ပါတယ်။

နှလုံးအားကောင်းအောင် ကူညီပေးခြင်း

နနွင်းမှုန့် နွားနို့ကို ညအိပ်ရာဝင်ခါနီးတိုင်း သောက်သုံးပေးမယ်ဆိုရင် နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်ရာရောက်ပါတယ်။

ဉာဏ်ရည်ထက်မြက်လာအောင် စွမ်းဆောင်ပေးခြင်း

နနွင်းမှုန့် နွားနို့ကို နေ့စဉ် ပုံမှန်သောက်သုံးခြင်းအားဖြင့် အာရုံကြောစနစ်ကောင်းမွန်လာပြီး အယ်လ်ဇိုင်းမားရောဂါကြောင့် မှတ်ဉာဏ်ဆုံးရှုံးခြင်း ဖြစ်စဉ်မခံစားရအောင် ကာကွယ်ပေးနိုင်ပါတယ်။

အသည်းရှိ အဆိပ်အတောက်နဲ့ အညစ်အကြေးများကို ဖယ်ရှားပေးခြင်း

နနွင်းမှုန့်က သင့် အသည်းကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်တယ်လို့ သက်သေပြထားပြီးသားဖြစ်ပါတယ်။ နနွင်းမှုန့်က အသည်းထဲမှာ စုပုံနေတဲ့ အဆီအက်ဆစ်များကို ဖယ်ရှားပေးပြီး အသည်းကို သန့်စင်ပေးမှာပါ။

ခန္ဓာကိုယ်ရောင်ရမ်းခြင်းကို သက်သာစေခြင်း

နနွင်းမှုန့်နဲ့ နွားနို့ရဲ့ ပေါင်းစပ်လိုက်တဲ့အစွမ်းက ခန္ဓာကိုယ်ရောင်ရမ်းခြင်း၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း စတဲ့ နာကျင်မှုတို့ကို လျော့ပါးသက်သာသွားအောင် ကူညီပေးနိုင်ပါတယ်။

ကင်ဆာရောဂါကို တိုက်ဖျက်ပေးခြင်း

လေ့လာတွေ့ရှိချက်များအရ နနွင်းမှုန့်က ကင်ဆာဆဲလ်များကို ဖယ်ရှားပေးပြီး ကင်ဆာဆဲလ်များပွား မလာအောင် ကာကွယ်ပေးတယ်လို့ သိရှိရပါတယ်။

အရိုးအဆစ်များ သန်မာလာခြင်း

နနွင်းမှုန့်က အရိုးများဆုံးရှုံးမှုကို ၅၀ ရာခိုင်နှုန်းခန့် ကာကွယ်ပေးပါတယ်။ နွားနို့မျာတော့ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီဓာတ်တို့ ကြွယ်ဝတဲ့အတွက်ကြောင့် အရိုးအဆစ်များကို သန်မာစေမှာပဲဖြစ်ပါတယ်။

ခုခံစွမ်းအား မြှင့်မားလာခြင်း

နနွင်းမှုန့်ထဲမှာ ပါဝင်တဲ့ Curcumin လို့ခေါ်တဲ့ စွမ်းအားပြင်းဓာတ်တစ်မျိုးက ပြင်ပမှ ရောဂါပိုးမွှားများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မလာအောင် ကူညီပေးတာကြောင့် ဒေါင်ဒေါင်မြည် ကျန်းမာနေမှာပဲဖြစ်ပါတယ်။

Source: Brightside.me
ဖျော်စပ်နည်း (၁)
ပထမနည်းက အလွယ်လုပ်သောက်တဲ့နည်းပါ။ ကျိုချက်ထားသောနွားနို့ ဖန်ခွက်တစ်ခွက်(8 oz.) ခပ်နွေးနွေးထဲကို နနွင်းမှုန့်စစ်စစ် စားပွဲတင်ဇွန်း တစ်ဝက်စာထည့်မွှေပြီးသောက်တဲ့နည်းဖြစ်ပါတယ်။

ဖျော်စပ်နည်း (၂)

Turmeric Latte – Golden Drink Turmeric Milk (Haldi ka Milk)

ဒုတိယဖျော်စပ်နည်းကတော့ အိန္ဒိယမှ မိသားစုဝင်တိုင်းပြုလုပ်ပြင်ဆင်သောက်သုံးတတ်ကြတဲ့နည်းဖြစ်ပါတယ်။ နနွင်းမှုန့်ကိုသုံးလို့ ရပေမယ့် နနွင်းတက်လတ်လတ်ဆတ်ဆတ်ကိုသာ အသုံးပြုကြတာများတယ်ခင်ဗျ။
ပါဝင်ပစ္စည်းတွေက

နနွင်းတက် ၂၀၀ ဂရမ် (Raw Turmeric 200 gm)
ပျားရည် လက်ဖက်ရည်ဇွန်း ၂ - ၃ ဇွန်း(Honey 2 – 3tsp)
ဖာလာစေ့အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် (Green cardamom powder 1 pinch)
သစ်ကြံပိုးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် (Cinnamon powder 1 pinch)
ဇာတိပ္ဖိုလ်သီး တစ်လုံး (Nutmeg 1)
နွားနို့ ၅၀၀ မီလီ (Cow milk 500 ml)

ပြင်ဆင်ပြုလုပ်ပုံ

နွားနို့ ၅၀၀ မီလီကို အိုးတစ်ခုထဲထည့်ကာ မီးဖိုပေါ်တင်ပြီးကျိုချက်ပါ။ နွားနို့ကျိုနေစဉ်မှာ နနွင်းတက်ကို အခွံခြစ်လှီးချွတ်ပြီး အနှစ်ဖြစ် အောင် ကြိတ်စက်ဖြင့် ခလုပ်အနှေးမှာထားပြီးကြိတ်ပါ။ နွားနို့ပွက်ပွက်ဆူလာပြီး အပေါ်ယံတင်းလာချိန်မှာ မီးအပူရှိန်ကိုလျော့ လိုက်ရင်း နနွင်းအနှစ် လက်ဖက်ရည်ဇွန်း ၂ဇွန်းကိုထည့်လိုက်ပါ။ ဖာလာစေ့အမှုန့်အနည်းငယ် (လက်ဖက်ရည်ဇွန်း တစ်ဝက်)ကိုလည်း ထည့်ကာ နွားနို့အိုးကို မီးဖိုပေါ်မယ် နှစ်မိနစ် သုံးမိနစ်လောက်ဆက်လက်အပူပေးရင်း အဆက်မပြတ်မွှေပေးပါ။ အသင့်ပြင်ထားသော ခွက်ထဲသို့ အိုးထဲမှ နွားနို့ကိုလောင်းထည့်ပါ။ ပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းလောက် ထည့်မွေလိုက်ပါ။ တည်ခင်းမည့်ပန်းကန်ထဲသို့ ကော်ဖီစစ်ဇကာခံပြီး နွားနို့ကိုလောင်းထည့်ပြီးနောက် သစ်ကြမ်းပိုးမှုန့် အနည်းငယ်ကို အပေါ်ကဖြူး၊ ဇာတိပ္ဖိုလ်သီးကို ဂျစ်နဲ့ခြစ်ပြီး အနည်းငယ်ဖြူးပေးကာ တည်ခင်းပေးနိုင်ပါပြီ။

နနွင်းတက်ကိုအခွံမခွာ/မခြစ်ခင်ရယ် အနှစ်လုပ်ပြီးချိန်ရယ် တစ်ခါသုံးလက်အိပ်စွပ်ပြီးကိုင်တွယ်ပါ။ ကြိတ်ထားသောပိုလျှံ အနှစ်များ (Turmeric Paste) ကို သန့်စင်သောခွက်တစ်ခုထဲထည့်ကာ ရေခဲသေတ္တာထဲထည့်သိမ်းထားနိုင်ပါတယ်။  နနွင်းတက်က လုံးဝခြောက် သွေ့ကာ အမှုန့်ကြိတ်လို့ရတဲ့အဆင့်ရောက်နေဖို့မလိုပါဘူး။ ဂျင်းတက်လိုမျိုး ဟင်းခတ်ဖို့ အဆင်ပြေတဲ့အဆင့်ဆိုရပါပြီ။နနွင်းတက်နဲ့ ဇာတိပ္ဖိုလ်သီးတို့ကို လတ်လတ်ဆတ်ဆတ်ကြိတ်ထည့်/ခြစ်ထည့်ရင်လည်း ရသလို အမှုန့်ရှိရင်လည်း အလွယ်တကူသုံးလို့ရပါတယ်။ နွားနို့အပြင် almond milk တို့၊ အုန်းနို့တို့၊ ပဲနို့တို့ကိုလည်း အစားထိုးပြုလုပ်လို့ရပါတယ်။

#Nishamadhulika #Haldi_ka_Milk #Turmeric_Latte #TurmericMilk #Remedy #Recepie #Share

(Zawgyi)

ညအိပ္ရာမ၀င္ခင္ ႏြားနို႕တစ္ခြက္ထဲ နႏြင္းအနည္းငယ္ထည့္ေသာက္က်မယ္ (Turmeric Milk)


သာမန္ ေရေသာက္တဲ့ဖန္ခြက္အရြယ္အစားႏြားနို႔တစ္ဖန္ခြက္နဲ႔ နႏြင္းမႈန႔္ စားပြဲတင္ဇြန္း တစ္ဝက္တို႔ကို ေရာေႏွာလိုက္မယ္ဆိုရင္ ေရႊေရာင္ႏြားနို႔တစ္ခြက္ ရရွိသြားမွာပါ။ ဒီေရႊေရာင္ႏြားနို႔က သင့္ရဲ့ခႏၶာကိုယ္ကို ညဘက္မွာ ေကာင္းမြန္စြာအိပ္စက္အနားယူနိုင္ဖို႔အတြက္ ကူညီေပးနိုင္ပါတယ္။

ထိုေဖ်ာ္ရည္ကို ေန႔စဥ္ေသာက္သုံးျခင္းအားျဖင့္ ကိုယ္ခံစြမ္းအား ျမင့္မားျခင္း၊ ခႏၶာကိုယ္ထဲရွိ အဆိပ္အေတာက္မ်ားကို သန႔္စင္ေပးျခင္း၊ ကင္ဆာေရာဂါမျဖစ္ပြားေအာင္ ကာကြယ္ေပးျခင္း စတဲ့ အက်ိဳးေက်းဇူးမ်ားကို ရရွိခံစားရမွာပါ။

စာဖတ္သူတို႔အေနနဲ႔ နႏြင္းမႈန႔္ ႏြားနို႔ေဖ်ာ္ရည္ကို ဘာ့ေၾကာင့္ ေသာက္သုံးသင့္သလဲဆိုတဲ့ အေၾကာင္းျပခ်က္ေလးေတြကို ဆက္လက္ေဖာ္ျပေပးခ်င္ပါတယ္။

ဝိတ္က်သြားျခင္း

နႏြင္းမႈန႔္က ခႏၶာကိုယ္ရဲ့ ဇီဝကမၼျဖစ္စဥ္ကို ျမႇင့္တင္ေပးနိုင္႐ုံသာမကဘဲ ခႏၶာကိုယ္ရွိအဆီပိုမ်ားကို ေခ်ဖ်က္ေပးနိုင္ပါတယ္။ ဒါ့ေၾကာင့္ ဝိတ္က်ခ်င္သူမ်ားအေနနဲ႔ ႏြားနို႔ထဲကို နႏြင္းမႈန႔္ေလးမ်ား ထည့္ေသာက္ေပးနိုင္ပါတယ္။

ႏွလုံးအားေကာင္းေအာင္ ကူညီေပးျခင္း

နႏြင္းမႈန႔္ ႏြားနို႔ကို ညအိပ္ရာဝင္ခါနီးတိုင္း ေသာက္သုံးေပးမယ္ဆိုရင္ ႏွလုံးေရာဂါ ျဖစ္ပြားျခင္းမွ ႀကိဳတင္ကာကြယ္ရာေရာက္ပါတယ္။

ဉာဏ္ရည္ထက္ျမက္လာေအာင္ စြမ္းေဆာင္ေပးျခင္း

နႏြင္းမႈန႔္ ႏြားနို႔ကို ေန႔စဥ္ ပုံမွန္ေသာက္သုံးျခင္းအားျဖင့္ အာ႐ုံေၾကာစနစ္ေကာင္းမြန္လာၿပီး အယ္လ္ဇိုင္းမားေရာဂါေၾကာင့္ မွတ္ဉာဏ္ဆုံးရႈံးျခင္း ျဖစ္စဥ္မခံစားရေအာင္ ကာကြယ္ေပးနိုင္ပါတယ္။

အသည္းရွိ အဆိပ္အေတာက္နဲ႔ အညစ္အေၾကးမ်ားကို ဖယ္ရွားေပးျခင္း

နႏြင္းမႈန႔္က သင့္ အသည္းက်န္းမာေရးအတြက္ ေကာင္းက်ိဳးအေျမာက္အျမားေပးစြမ္းနိုင္တယ္လို႔ သက္ေသျပထားၿပီးသားျဖစ္ပါတယ္။ နႏြင္းမႈန႔္က အသည္းထဲမွာ စုပုံေနတဲ့ အဆီအက္ဆစ္မ်ားကို ဖယ္ရွားေပးၿပီး အသည္းကို သန႔္စင္ေပးမွာပါ။

ခႏၶာကိုယ္ေရာင္ရမ္းျခင္းကို သက္သာေစျခင္း

နႏြင္းမႈန႔္နဲ႔ ႏြားနို႔ရဲ့ ေပါင္းစပ္လိုက္တဲ့အစြမ္းက ခႏၶာကိုယ္ေရာင္ရမ္းျခင္း၊ အဆစ္အျမစ္မ်ား နာက်င္ကိုက္ခဲျခင္း စတဲ့ နာက်င္မႈတို႔ကို ေလ်ာ့ပါးသက္သာသြားေအာင္ ကူညီေပးနိုင္ပါတယ္။

ကင္ဆာေရာဂါကို တိုက္ဖ်က္ေပးျခင္း

ေလ့လာေတြ႕ရွိခ်က္မ်ားအရ နႏြင္းမႈန႔္က ကင္ဆာဆဲလ္မ်ားကို ဖယ္ရွားေပးၿပီး ကင္ဆာဆဲလ္မ်ားပြား မလာေအာင္ ကာကြယ္ေပးတယ္လို႔ သိရွိရပါတယ္။

အရိုးအဆစ္မ်ား သန္မာလာျခင္း

နႏြင္းမႈန႔္က အရိုးမ်ားဆုံးရႈံးမႈကို ၅၀ ရာခိုင္ႏႈန္းခန႔္ ကာကြယ္ေပးပါတယ္။ ႏြားနို႔မ်ာေတာ့ ကယ္လ္စီယမ္နဲ႔ ဗီတာမင္ဒီဓာတ္တို႔ ႂကြယ္ဝတဲ့အတြက္ေၾကာင့္ အရိုးအဆစ္မ်ားကို သန္မာေစမွာပဲျဖစ္ပါတယ္။

ခုခံစြမ္းအား ျမႇင့္မားလာျခင္း

နႏြင္းမႈန႔္ထဲမွာ ပါဝင္တဲ့ Curcumin လို႔ေခၚတဲ့ စြမ္းအားျပင္းဓာတ္တစ္မ်ိဳးက ျပင္ပမွ ေရာဂါပိုးမႊားမ်ား ခႏၶာကိုယ္ထဲသို႔ ဝင္ေရာက္မလာေအာင္ ကူညီေပးတာေၾကာင့္ ေဒါင္ေဒါင္ျမည္ က်န္းမာေနမွာပဲျဖစ္ပါတယ္။

Source: Brightside.me

ေဖ်ာ္စပ္နည္း (၁)
ပထမနည္းက အလြယ္လုပ္ေသာက္တဲ့နည္းပါ။ က်ိဳခ်က္ထားေသာႏြားႏို႔ ဖန္ခြက္တစ္ခြက္(8 oz.) ခပ္ေႏြးေႏြးထဲကို နႏြင္းမႈန္႔စစ္စစ္ စားပြဲတင္ဇြန္း တစ္၀က္စာထည့္ေမႊျပီးေသာက္တဲ့နည္းျဖစ္ပါတယ္။

ေဖ်ာ္စပ္နည္း (၂)

Turmeric Latte – Golden Drink Turmeric Milk (Haldi ka Milk)

ဒုတိယေဖ်ာ္စပ္နည္းကေတာ့ အိႏၵိယမွ မိသားစု၀င္တိုင္းျပဳလုပ္ျပင္ဆင္ေသာက္သံုးတတ္ၾကတဲ့နည္းျဖစ္ပါတယ္။ နႏြင္းမႈန္႔ကိုသံုးလို႔ ရေပမယ့္ နႏြင္းတက္လတ္လတ္ဆတ္ဆတ္ကိုသာ အသံုးျပဳၾကတာမ်ားတယ္ခင္ဗ်။
ပါ၀င္ပစၥည္းေတြက

နႏြင္းတက္ ၂၀၀ ဂရမ္ (Raw Turmeric 200 gm)
ပ်ားရည္ လက္ဖက္ရည္ဇြန္း ၂ - ၃ ဇြန္း(Honey 2 – 3tsp)
ဖာလာေစ့အမႈန္႔ လက္ဖက္ရည္ဇြန္း တစ္၀က္ (Green cardamom powder 1 pinch)
သစ္ၾကံပိုးမႈန္႔ လက္ဖက္ရည္ဇြန္း တစ္၀က္ (Cinnamon powder 1 pinch)
ဇာတိပၹိဳလ္သီး တစ္လံုး (Nutmeg 1)
ႏြားႏို႔ ၅၀၀ မီလီ (Cow milk 500 ml)

ျပင္ဆင္ျပဳလုပ္ပံု

ႏြားႏို႔ ၅၀၀ မီလီကို အိုးတစ္ခုထဲထည့္ကာ မီးဖိုေပၚတင္ျပီးက်ိဳခ်က္ပါ။ ႏြားႏို႔က်ိဳေနစဥ္မွာ နႏြင္းတက္ကို အခြံျခစ္လွီးခၽြတ္ျပီး အႏွစ္ျဖစ္ ေအာင္ ၾကိတ္စက္ျဖင့္ ခလုပ္အေႏွးမွာထားျပီးၾကိတ္ပါ။ ႏြားႏို႔ပြက္ပြက္ဆူလာျပီး အေပၚယံတင္းလာခ်ိန္မွာ မီးအပူရွိန္ကိုေလ်ာ့ လိုက္ရင္း နႏြင္းအႏွစ္ လက္ဖက္ရည္ဇြန္း ၂ဇြန္းကိုထည့္လိုက္ပါ။ ဖာလာေစ့အမႈန္႔အနည္းငယ္ (လက္ဖက္ရည္ဇြန္း တစ္၀က္)ကိုလည္း ထည့္ကာ ႏြားႏို႔အိုးကို မီးဖိုေပၚမယ္ ႏွစ္မိနစ္ သံုးမိနစ္ေလာက္ဆက္လက္အပူေပးရင္း အဆက္မျပတ္ေမႊေပးပါ။ အသင့္ျပင္ထားေသာ ခြက္ထဲသို႔ အိုးထဲမွ ႏြားႏို႔ကိုေလာင္းထည့္ပါ။ ပ်ားရည္ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းေလာက္ ထည့္ေမြလိုက္ပါ။ တည္ခင္းမည့္ပန္းကန္ထဲေကာ္ဖီစစ္ဇကာခံၿပီး ႏြားႏို႔ကိုေလာင္းထည့္ျပီးေနာက္ သစ္ၾကမ္းပိုးမႈန္႔ အနည္းငယ္ကို အေပၚကျဖဴး၊ ဇာတိပၹဳိလ္သီးကို ဂ်စ္နဲ႔ျခစ္ျပီး အနည္းငယ္ျဖဴးေပးကာ တည္ခင္းေပးႏိုင္ပါျပီ။

နႏြင္းတက္ကိုအခြံမခြာ/မျခစ္ခင္ရယ္ အႏွစ္လုပ္ျပီးခ်ိန္ရယ္ တစ္ခါသံုးလက္အိပ္စြပ္ျပီးကိုင္တြယ္ပါ။ ၾကိတ္ထားေသာပိုလွ်ံ အႏွစ္မ်ား (Turmeric Paste) ကို သန္႔စင္ေသာခြက္တစ္ခုထဲထည့္ကာ ေရခဲေသတၱာထဲထည့္သိမ္းထားႏိုင္ပါတယ္။  နႏြင္းတက္က လံုး၀ေျခာက္ ေသြ႕ကာ အမႈန္႔ၾကိတ္လို႔ရတဲ့အဆင့္ေရာက္ေနဖို႔မလိုပါဘူး။ ဂ်င္းတက္လိုမ်ိဳး ဟင္းခတ္ဖို႕ အဆင္ေျပတဲ့အဆင့္ဆိုရပါျပီ။နႏြင္းတက္နဲ႔ ဇာတိပၹိဳလ္သီးတို႔ကို လတ္လတ္ဆတ္ဆတ္ၾကိတ္ထည့္/ျခစ္ထည့္ရင္လည္း ရသလို အမႈန္႔ရွိရင္လည္း အလြယ္တကူသံုးလို႕ရပါတယ္။ ႏြားႏို႔အျပင္ almond milk တို႔၊ အုန္းႏို႔တို႔၊ ပဲႏို႔တို႔ကိုလည္း အစားထိုးျပဳလုပ္လို႕ရပါတယ္။

#Nishamadhulika #Haldi_ka_Milk #Turmeric_Latte #TurmericMilk #Remedy #Recepie #Share

No comments: