Monday, July 27, 2020

Leader Vs Manager

Leader Vs Manager


ဒီနေ့မှာတော့ လူအများဆင်တူယိုးမှားဖြစ်ပြီး တူမယောင်နဲ့ ကွဲနေတတ်တဲ့ လုပ်ငန်းတခုရဲ့ ဦးဆောင်သူ/ ခေါင်းဆောင် (Leader) နှင့် စီမံခန့်ခွဲသူမန်နေဂျာ (Manager) နှစ်ခု ဘာတွေကွာခြားနေလည်း ဆိုတာနဲ့ ပတ်သက်ပြီး မျှဝေပေးသွားမှာဖြစ်ပါတယ်။🤗

မန်နေဂျာတစ်ယောက်ဟာ အလိုအလျောက် ခေါင်းဆောင်ကောင်း ဖြစ်နိုင်သလား❓

ခေါင်းဆောင်တစ်ယောက်နဲ့ မန်နေဂျာတွေအကြား ကွဲပြားမှုတွေက ဘာတွေလည်း❓

လုပ်ငန်းအောင်မြင်ဖို့တွက် ခေါင်းဆောင်လား၊ ဒါမှမဟုတ် မန်နေဂျာလား❓

Ok ပထမဆုံးပြောချင်တာကတော့..

မိတ်ဆွေဟာ ဝန်ထမ်းနဲ့ အလုပ်အပေါ် စီမံခန့်ခွဲမှုကောင်းပြီး မန်နေဂျာရာထူးကို ရထားပေမယ့် ထိုလုပ်ငန်းနဲ့ ဝန်ထမ်းတွေရဲ့ခေါင်းဆောင်ဖြစ်ချင်မှဖြစ်မှာပါ။❌

ဘာလို့လည်းဆိုတော့ မန်နေဂျာတစ်ယောက်နဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ကြားက ကွဲပြားမှုတွေ များစွာရှိလို့ပါပဲ။

အောက်မှာပေးထားတဲ့ အချက်(၉)ချက်ကို ဖတ်ကြည့်ပီးရင်တော့ ဘာတွေများကွာခြားနေလည်းဆိုတာကို မိတ်ဆွေရှင်းသွားပါလိမ့်မယ်။😎

Ok ကြည့်လိုက်ရအောင်....

📌 ၁။ ခေါင်းဆောင်တွေက Vision ကိုဖန်တီးတယ်၊ မန်နေဂျာကတော့ Goal ကိုဖန်တီးတယ်။

ခေါင်းဆောင်တွေက သူတို့အတူချမှတ်ထားတဲ့ Vision တွေကို အမှန်တကယ်ဖြစ်လာဖို့ နောက်လိုက်တွေကို လှုံဆော်တယ်၊ ဆွဲဆောင်တယ်။ အဖွဲ့အစည်းတခုရဲ့လုပ်အားဟာ တစ်ဦးတစ်ယောက်တည်းရဲ့ လုပ်အားအကြံဉာဏ်ထက်များစွာ အကျိုးရှိတယ်ဆိုတာကို သူတို့ကောင်းကောင်းသိကြတယ်။

မန်နေဂျာတွေကတော့ ဘယ်လိုပဲလုပ်လုပ် သူချမှတ်ထားတဲ့ ရည်မှန်းချက်တွေဆီ အမြန်ရောက်ဖို့ နဲ့ ကျော်လွှားဖို့တွက် အခြေအနေအားလုံးကို သူထိန်းချုပ်ထားတယ်။

📌၂။ ခေါင်းဆောင်တွေက အသစ်သစ်သော ပြောင်းလဲမှုကို မိတ်ဆက်ပေးတတ်ပြီး မန်နေဂျာတွေကတော့ ဗိုလ်နေမြဲကျားနေမြဲအခြေအနေကို ပိုကြိုက်ပါတယ်။

ခေါင်းဆောင်တွေကအသစ်သစ်သောဖန်တီးမှုတွေကိုကြိုက်ကြတယ်။ ပြောင်းလဲခြင်းဆိုတာကို သူတို့လက်ခံပြီး အရာရာသည်ကောင်းမွန်သောအလုပ်ကို များများလုပ်လျှင် ရှေ့မှာပိုမိုကောင်းမွန်သောလမ်းရှိသည်ဟု သူတို့ယုံကြည်တယ်။

မန်နေဂျာတွေကတော့ လက်ရှိ ရှိနေတဲ့ စနစ်၊တည်ဆောက်ပုံနဲ့ လုပ်ဆောင်မှုတွေကိုသာ မပျက်မကွက်အောင် ထိန်းထားချင်ကြပါတယ်။

📌၃။ ခေါင်းဆောင်တွေကိုထူးခြားမှုကိုကြိုက်တယ်၊မန်နေဂျာတွေကတော့ တုပခြင်းကိုကြိုက်တယ်။

ခေါင်းဆောင်တွေက မိမိတို့ကိုလူတွေသတိပြုမိလာအောင် သူတို့အတွက်ထူးခြားကွဲပြားတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်တခုကို တည်ဆောက်နိုင်ဖို့တက်ကြွလုပ်ဆောင်ကြတယ်။

မန်နေဂျာတွေကတော့ အခြားသူတွေဆီကသူတို့သင်ယူထားခဲ့တဲ့ အရည်အချင်းနဲ့အပြုအမှုတွေကိုတုပခြင်းနဲ့ လုပ်ငန်းရဲ့တိုးတက်မှုကိုရှာဖွေကြတယ်။

📌၄။ ခေါင်းဆောင်တွေကစွန့်စားလိုကြပြီး၊မန်နေဂျာတွေကတော့ စွန့်စားမှုကိုထိန်းချုပ်လိုကြတယ်။

အပေါ်မှာပြောခဲ့သလိုပဲ ခေါင်းဆောင်တွေက အသစ်သစ်သောဖန်တီးမှုတွေနဲ့ စွန့်စားရတာတွေကိုလုပ်တတ် ကြတယ်။ သူတို့အတွက် ဒီကျရှုံးမှုတွေကို နောင်တချိန်အောင်မြင်ခြင်းဆီသွားဖို့ လှေကားထစ်တွေလို့ သူတို့သဘောထားကြတယ်။

မန်နေဂျာလုပ်တဲ့သူတစ်ယောက်ကတော့ စွန့်စားမှုကို နည်းသထက်နည်းအောင် လုပ်ချင်ကြတယ်။ စွန့်စားမှုကြောင့်ဖြစ်လာမယ့်ပြဿနာကိုလည်း ရှောင်ဖို့နဲ့ထိန်းချုပ်ဖို့ပဲ သဘောထားကြတယ်။

📌၅။ ခေါင်းဆောင်တွေက ရှေ့အကျိုးကိုကြည့်ပြီး မန်နေဂျာတွေက လတ်တလောအောင်မြင်မှုကိုပိုလိုချင်ကြပါတယ်။

ခေါင်းဆောင်တွေက သူတို့လုပ်သင့်တာကိုလုပ်ပြီး ရေရှည်အောင်မြင်မှုတွက် အစီအစဉ်ချကြတယ်။

မန်နေဂျာတွေကတော့ အချိန်တိုအသိအမှတ်ပြုမှု(သို့)ချီးမွမ်းမှုကိုရယူပြီး ကာလတိုပန်းတိုင်များအပေါ် အလုပ်လုပ်ကြတယ်။

📌၆။ ခေါင်းဆောင်တွေကတိုးတက်မှုကိုရှာပြီး မန်နေဂျာတွေကတော့ရှိနင့်ပီးသားလို့မှတ်ယူကြတယ်။

ခေါင်းဆောင်တွေဟာ သူတို့အနေနဲ့ နေ့စဉ် အသစ်သစ်သောလအရာတခုကိုလမလေ့လာတာကို သူတို့ရပ်နေတာလို့ မမှတ်ယူဘဲ နောက်ကွယ်ကနေကျဆင်းနေခြင်းဟု ထင်တတ်ကြတယ်။ ဒါကြောင့် သူတို့ကဆက်လက်လေ့လာနေဆဲဖြစ်ပြီး အမြဲပြောင်းလဲနေတဲ့အလုပ်ခွင်အတွက် ကြိုးစားကြတယ်။

မန်နေဂျာတွေကတော့ သူတို့အောင်မြင်ဖို့တွက် လက်ရှိ ရှိနေတဲ့ရောက်နေတဲ့ ကျွမ်းကျင်မှုအဆင့်ဟာ လုံလောက်ပီလို့ ထင်တတ်ကြတယ်။

📌၇။ ခေါင်းဆောင်တွေက ဆက်ဆံရေးကိုတည်ဆောက်ပြီး၊ မန်နေဂျာတွေကတော့လုပ်ငန်းစဉ်နဲ့ စနစ်ကို တည်ဆောက်ပါတယ်။

ခေါင်းဆောင်တွေက သူတို့နဲ့ဆက်သွယ်နေတဲ့သူတွေဟာ ဘယ်သူလည်းဆိုတာ သိအောင်လုပ်တတ်ကြတယ်။ သူတို့ရဲ့ကတိကဝတ်ကို အစဉ်တစိုက်ဖြည့်ဆည်းပေးခြင်းဖြင့် သစ္စာစောင့်သိမှုနဲ့ ယုံကြည်မှုကို တည်ဆောက်ကြ ကြတယ်။

မန်နေဂျာတွေကတော့ ချမှတ်ထားတဲ့ကိစ္စတခုအောင်မြင်ရန်လိုအပ်တဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုသာ အာရုံရောက်ကြပြီး လိုချင်တဲ့ရလဒ်ရဖို့ လုပ်ဆောင်ရမယ့်စနစ်တွေကိုသာ ရွေးချယ်ချမှတ်တတ်ကြတယ်။

📌၈။ ခေါင်းဆောင်တွေက နည်းလမ်းပြပြီး၊မန်နေဂျာက တိုက်ရိုက် ညွှန့်ကြားတတ်ပါတယ်။

ခေါင်းဆောင်တွေက သူ့လက်အောက်ငယ်သားတွေအပေါ် အရည်အချင်းရှိတယ်လို့ မြင်ပြီးလုပ်ရမယ့် အလုပ်တွေကိုလည်း ကိုယ်တိုင် လမ်းပြနည်းနာပြခြင်းဖြင့် လုပ်စေတယ်။

မန်နေဂျာတွေကတော့ လုပ်ငန်းဆောင်တာတွေကိုသတ်မှတိပြီး အဲ့ဒါတွေပြီးဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို တိုက်ရိုက် အမိနိ့ပေးပြီး ညွှန့်ကြားကြပါတယ်။

📌၉။ ခေါင်းဆောင်တွေက ပရိသတ်ကိုဖန်တီးပြီး မန်နေဂျာတွေကတော့ ဝန်ထမ်းတွေကိုဖန်တီးတယ်။

ခေါင်းဆောင်တွေက သူတို့နားမှာရှိနေတဲ့သူတွေကို ဆွဲဆောင်မှုအားကောင်းသော ပရိသတ်နဲ့စိတ်အား ထက်သန်စွာအားပေးတတ်တဲ့ ပရိသတ်တွေဖြစ်လာအောင်လုပ်ကြတယ်။

မန်နေဂျာတွေကတော့ သူ့ရဲ့လမ်းညွန့်ချက်ကိုလိုက်နာပြီး သူဌေးနှစ်သက်မယ့်ဝန်ထမ်းတွေဖြစ်အောင် လုပ်တတ်ကြတယ်။

Ok ဒါတွေကတော့ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီး Leader နဲ့ Manager ကြားက ကွဲလွဲမှုလေးတွေပဲ ဖြစ်ပါတယ်။ 😊

တစ်ခု ထပ်ပြောချင်တာကတော့ ဘယ်တခုကပိုသာတယ်ပိုကောင်းတယ်လို့ မပြောနိုင်ပါဘူး။  တကယ်ဆို ကျွန်တော်တို့က ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲတို့ကို အတူထားပြီး လုပ်တတ်ရမယ်။

ဒီနှစ်ခုကတော့ တခုနဲ့တခုရဲ့ လုပ်ဆောင်ပုံနဲ့ သဘောထားမှုဟာ မတူညီကြပေမယ့် တခုအောင်မြင်ဖို့အတွက်နောက်တခုကဖြည့်စွက်ပေးပါတယ်။🧐

လုပ်ငန်းတခုမှာ ဒီအရာနှစ်ခုကို သပ်သပ်ခွဲထားတာဟာ ပြဿနာတွေကို ဖြေရှင်းရာမရောက်ဘဲ ပြဿနာတွေကို ပိုမိုဖြစ်စေပါလိမ့်မယ်။

ဘယ်လုပ်ငန်းမဆိုအောင်မြင်ဖို့အတွက်ဆိုရင် ဝန်ထမ်းတွေကိုစီစဉ်ခြင်း၊စုစည်းခြင်းနဲ့ညိုနှိုင်းခြင်းတို့ကို ပြုလုပ်နိုင်တဲ့ စီမံခန့်ခွဲမှုတွေလိုအပ်တယ်။ ဒါတွေအပြင် သူတို့ကိုစွမ်းဆောင်ရည်အပြည့်နဲ့လုပ်ဆောင်ရန်လည်း လှုံဆော်ပေးနိုင်တဲ့ ခေါင်းဆောင်မှုပိုင်းလည်းလိုအပ်ပါတယ်နော်။

ဒါကြောင့် ကိုယ့်လုပ်ငန်းအောင်မြင်ဖို့တွက် Leader ပိုင်းလည်းသက်သက်မဟုတ်သလို Manager ပုံစံတခု တည်းဖြစ်နေလို့မရပါဘူး။ အဲ့ဒီနှစ်ခုကိုဖွဲ့စည်းထားတဲ့ Leader-Manager ပုံစံဖြစ်နေမှပဲ အဆင်ပြေမှာ ဖြစ်ပါတယ်။🔑
                                                                                                          Kyaw Nyein(YAU)

References:
https://www.nextgeneration.ie/blog/2018/03/the-difference-between-leadership-and-management
https://www.forbes.com/sites/williamarruda/2016/11/15/9-differences-between-being-a-leader-and-a-manager/

(Zawgyi)

Leader Vs Manager



ဒီေန႔မွာေတာ့ လူအမ်ားဆင္တူယိုးမွားျဖစ္ၿပီး တူမေယာင္နဲ႔ ကြဲေနတတ္တဲ့ လုပ္ငန္းတခုရဲ့ ဦးေဆာင္သူ/ ေခါင္းေဆာင္ (Leader) ႏွင့္ စီမံခန္႔ခြဲသူမန္ေနဂ်ာ (Manager) ႏွစ္ခု ဘာေတြကြာျခားေနလည္း ဆိုတာနဲ႔ ပတ္သက္ၿပီး မၽွေဝေပးသြားမွာျဖစ္ပါတယ္။🤗

မန္ေနဂ်ာတစ္ေယာက္ဟာ အလိုအေလ်ာက္ ေခါင္းေဆာင္ေကာင္း ျဖစ္နိုင္သလား❓

ေခါင္းေဆာင္တစ္ေယာက္နဲ႔ မန္ေနဂ်ာေတြအၾကား ကြဲျပားမွုေတြက ဘာေတြလည္း❓

လုပ္ငန္းေအာင္ျမင္ဖို့တြက္ ေခါင္းေဆာင္လား၊ ဒါမွမဟုတ္ မန္ေနဂ်ာလား❓

Ok ပထမဆုံးေျပာခ်င္တာကေတာ့..

မိတ္ေဆြဟာ ဝန္ထမ္းနဲ႔ အလုပ္အေပၚ စီမံခန္႔ခြဲမွုေကာင္းၿပီး မန္ေနဂ်ာရာထူးကို ရထားေပမယ့္ ထိုလုပ္ငန္းနဲ႔ ဝန္ထမ္းေတြရဲ့ေခါင္းေဆာင္ျဖစ္ခ်င္မွျဖစ္မွာပါ။❌

ဘာလို့လည္းဆိုေတာ့ မန္ေနဂ်ာတစ္ေယာက္နဲ႔ေခါင္းေဆာင္ေကာင္းတစ္ေယာက္ၾကားက ကြဲျပားမွုေတြ မ်ားစြာရွိလို့ပါပဲ။

ေအာက္မွာေပးထားတဲ့ အခ်က္(၉)ခ်က္ကို ဖတ္ၾကည့္ပီးရင္ေတာ့ ဘာေတြမ်ားကြာျခားေနလည္းဆိုတာကို မိတ္ေဆြရွင္းသြားပါလိမ့္မယ္။😎

Ok ၾကည့္လိုက္ရေအာင္....

📌 ၁။ ေခါင္းေဆာင္ေတြက Vision ကိုဖန္တီးတယ္၊ မန္ေနဂ်ာကေတာ့ Goal ကိုဖန္တီးတယ္။

ေခါင္းေဆာင္ေတြက သူတို့အတူခ်မွတ္ထားတဲ့ Vision ေတြကို အမွန္တကယ္ျဖစ္လာဖို့ ေနာက္လိုက္ေတြကို လွုံေဆာ္တယ္၊ ဆြဲေဆာင္တယ္။ အဖြဲ႕အစည္းတခုရဲ့လုပ္အားဟာ တစ္ဦးတစ္ေယာက္တည္းရဲ့ လုပ္အားအႀကံဉာဏ္ထက္မ်ားစြာ အက်ိဳးရွိတယ္ဆိုတာကို သူတို့ေကာင္းေကာင္းသိၾကတယ္။

မန္ေနဂ်ာေတြကေတာ့ ဘယ္လိုပဲလုပ္လုပ္ သူခ်မွတ္ထားတဲ့ ရည္မွန္းခ်က္ေတြဆီ အျမန္ေရာက္ဖို့ နဲ႔ ေက်ာ္လႊားဖို့တြက္ အေျခအေနအားလုံးကို သူထိန္းခ်ဳပ္ထားတယ္။

📌၂။ ေခါင္းေဆာင္ေတြက အသစ္သစ္ေသာ ေျပာင္းလဲမွုကို မိတ္ဆက္ေပးတတ္ၿပီး မန္ေနဂ်ာေတြကေတာ့ ဗိုလ္ေနျမဲက်ားေနျမဲအေျခအေနကို ပိုႀကိဳက္ပါတယ္။

ေခါင္းေဆာင္ေတြကအသစ္သစ္ေသာဖန္တီးမွုေတြကိုႀကိဳက္ၾကတယ္။ ေျပာင္းလဲျခင္းဆိုတာကို သူတို့လက္ခံၿပီး အရာရာသည္ေကာင္းမြန္ေသာအလုပ္ကို မ်ားမ်ားလုပ္လၽွင္ ေရွ႕မွာပိုမိုေကာင္းမြန္ေသာလမ္းရွိသည္ဟု သူတို့ယုံၾကည္တယ္။

မန္ေနဂ်ာေတြကေတာ့ လက္ရွိ ရွိေနတဲ့ စနစ္၊တည္ေဆာက္ပုံနဲ႔ လုပ္ေဆာင္မွုေတြကိုသာ မပ်က္မကြက္ေအာင္ ထိန္းထားခ်င္ၾကပါတယ္။

📌၃။ ေခါင္းေဆာင္ေတြကိုထူးျခားမွုကိုႀကိဳက္တယ္၊မန္ေနဂ်ာေတြကေတာ့ တုပျခင္းကိုႀကိဳက္တယ္။

ေခါင္းေဆာင္ေတြက မိမိတို့ကိုလူေတြသတိျပဳမိလာေအာင္ သူတို့အတြက္ထူးျခားကြဲျပားတဲ့ ကိုယ္ပိုင္အမွတ္တံဆိပ္တခုကို တည္ေဆာက္နိုင္ဖို့တက္ႂကြလုပ္ေဆာင္ၾကတယ္။

မန္ေနဂ်ာေတြကေတာ့ အျခားသူေတြဆီကသူတို့သင္ယူထားခဲ့တဲ့ အရည္အခ်င္းနဲ႔အျပဳအမွုေတြကိုတုပျခင္းနဲ႔ လုပ္ငန္းရဲ့တိုးတက္မွုကိုရွာေဖြၾကတယ္။

📌၄။ ေခါင္းေဆာင္ေတြကစြန္႔စားလိုၾကၿပီး၊မန္ေနဂ်ာေတြကေတာ့ စြန္႔စားမွုကိုထိန္းခ်ဳပ္လိုၾကတယ္။

အေပၚမွာေျပာခဲ့သလိုပဲ ေခါင္းေဆာင္ေတြက အသစ္သစ္ေသာဖန္တီးမွုေတြနဲ႔ စြန္႔စားရတာေတြကိုလုပ္တတ္ ၾကတယ္။ သူတို့အတြက္ ဒီက်ရွုံးမွုေတြကို ေနာင္တခ်ိန္ေအာင္ျမင္ျခင္းဆီသြားဖို့ ေလွကားထစ္ေတြလို့ သူတို့သေဘာထားၾကတယ္။

မန္ေနဂ်ာလုပ္တဲ့သူတစ္ေယာက္ကေတာ့ စြန္႔စားမွုကို နည္းသထက္နည္းေအာင္ လုပ္ခ်င္ၾကတယ္။ စြန္႔စားမွုေၾကာင့္ျဖစ္လာမယ့္ျပႆနာကိုလည္း ေရွာင္ဖို့နဲ႔ထိန္းခ်ဳပ္ဖို့ပဲ သေဘာထားၾကတယ္။

📌၅။ ေခါင္းေဆာင္ေတြက ေရွ႕အက်ိဳးကိုၾကည့္ၿပီး မန္ေနဂ်ာေတြက လတ္တေလာေအာင္ျမင္မွုကိုပိုလိုခ်င္ၾကပါတယ္။

ေခါင္းေဆာင္ေတြက သူတို့လုပ္သင့္တာကိုလုပ္ၿပီး ေရရွည္ေအာင္ျမင္မွုတြက္ အစီအစဥ္ခ်ၾကတယ္။

မန္ေနဂ်ာေတြကေတာ့ အခ်ိန္တိုအသိအမွတ္ျပဳမွု(သို့)ခ်ီးမြမ္းမွုကိုရယူၿပီး ကာလတိုပန္းတိုင္မ်ားအေပၚ အလုပ္လုပ္ၾကတယ္။

📌၆။ ေခါင္းေဆာင္ေတြကတိုးတက္မွုကိုရွာၿပီး မန္ေနဂ်ာေတြကေတာ့ရွိနင့္ပီးသားလို့မွတ္ယူၾကတယ္။

ေခါင္းေဆာင္ေတြဟာ သူတို့အေနနဲ႔ ေန႔စဥ္ အသစ္သစ္ေသာလအရာတခုကိုလမေလ့လာတာကို သူတို့ရပ္ေနတာလို့ မမွတ္ယူဘဲ ေနာက္ကြယ္ကေနက်ဆင္းေနျခင္းဟု ထင္တတ္ၾကတယ္။ ဒါေၾကာင့္ သူတို့ကဆက္လက္ေလ့လာေနဆဲျဖစ္ၿပီး အျမဲေျပာင္းလဲေနတဲ့အလုပ္ခြင္အတြက္ ႀကိဳးစားၾကတယ္။

မန္ေနဂ်ာေတြကေတာ့ သူတို့ေအာင္ျမင္ဖို့တြက္ လက္ရွိ ရွိေနတဲ့ေရာက္ေနတဲ့ ကၽြမ္းက်င္မွုအဆင့္ဟာ လုံေလာက္ပီလို့ ထင္တတ္ၾကတယ္။

📌၇။ ေခါင္းေဆာင္ေတြက ဆက္ဆံေရးကိုတည္ေဆာက္ၿပီး၊ မန္ေနဂ်ာေတြကေတာ့လုပ္ငန္းစဥ္နဲ႔ စနစ္ကို တည္ေဆာက္ပါတယ္။

ေခါင္းေဆာင္ေတြက သူတို့နဲ႔ဆက္သြယ္ေနတဲ့သူေတြဟာ ဘယ္သူလည္းဆိုတာ သိေအာင္လုပ္တတ္ၾကတယ္။ သူတို့ရဲ့ကတိကဝတ္ကို အစဥ္တစိုက္ျဖည့္ဆည္းေပးျခင္းျဖင့္ သစၥာေစာင့္သိမွုနဲ႔ ယုံၾကည္မွုကို တည္ေဆာက္ၾက ၾကတယ္။

မန္ေနဂ်ာေတြကေတာ့ ခ်မွတ္ထားတဲ့ကိစၥတခုေအာင္ျမင္ရန္လိုအပ္တဲ့ ဖြဲ႕စည္းတည္ေဆာက္ပုံကိုသာ အာ႐ုံေရာက္ၾကၿပီး လိုခ်င္တဲ့ရလဒ္ရဖို့ လုပ္ေဆာင္ရမယ့္စနစ္ေတြကိုသာ ေရြးခ်ယ္ခ်မွတ္တတ္ၾကတယ္။

📌၈။ ေခါင္းေဆာင္ေတြက နည္းလမ္းျပၿပီး၊မန္ေနဂ်ာက တိုက္ရိုက္ ညႊန္႔ၾကားတတ္ပါတယ္။

ေခါင္းေဆာင္ေတြက သူ႔လက္ေအာက္ငယ္သားေတြအေပၚ အရည္အခ်င္းရွိတယ္လို့ ျမင္ၿပီးလုပ္ရမယ့္ အလုပ္ေတြကိုလည္း ကိုယ္တိုင္ လမ္းျပနည္းနာျပျခင္းျဖင့္ လုပ္ေစတယ္။

မန္ေနဂ်ာေတြကေတာ့ လုပ္ငန္းေဆာင္တာေတြကိုသတ္မွတိၿပီး အဲ့ဒါေတြၿပီးဖို့ ဘယ္လိုလုပ္ရမလဲဆိုတာကို တိုက္ရိုက္ အမိနိ့ေပးၿပီး ညႊန္႔ၾကားၾကပါတယ္။

📌၉။ ေခါင္းေဆာင္ေတြက ပရိသတ္ကိုဖန္တီးၿပီး မန္ေနဂ်ာေတြကေတာ့ ဝန္ထမ္းေတြကိုဖန္တီးတယ္။

ေခါင္းေဆာင္ေတြက သူတို့နားမွာရွိေနတဲ့သူေတြကို ဆြဲေဆာင္မွုအားေကာင္းေသာ ပရိသတ္နဲ႔စိတ္အား ထက္သန္စြာအားေပးတတ္တဲ့ ပရိသတ္ေတြျဖစ္လာေအာင္လုပ္ၾကတယ္။

မန္ေနဂ်ာေတြကေတာ့ သူ႔ရဲ့လမ္းညြန္႔ခ်က္ကိုလိုက္နာၿပီး သူေဌးႏွစ္သက္မယ့္ဝန္ထမ္းေတြျဖစ္ေအာင္ လုပ္တတ္ၾကတယ္။

Ok ဒါေတြကေတာ့ စီးပြားေရးလုပ္ငန္းနဲ႔ပတ္သက္ၿပီး Leader နဲ႔ Manager ၾကားက ကြဲလြဲမွုေလးေတြပဲ ျဖစ္ပါတယ္။ 😊

တစ္ခု ထပ္ေျပာခ်င္တာကေတာ့ ဘယ္တခုကပိုသာတယ္ပိုေကာင္းတယ္လို့ မေျပာနိုင္ပါဘူး။  တကယ္ဆို ကၽြန္ေတာ္တို့က ေခါင္းေဆာင္မွုႏွင့္ စီမံခန္႔ခြဲတို့ကို အတူထားၿပီး လုပ္တတ္ရမယ္။

ဒီႏွစ္ခုကေတာ့ တခုနဲ႔တခုရဲ့ လုပ္ေဆာင္ပုံနဲ႔ သေဘာထားမွုဟာ မတူညီၾကေပမယ့္ တခုေအာင္ျမင္ဖို့အတြက္ေနာက္တခုကျဖည့္စြက္ေပးပါတယ္။🧐

လုပ္ငန္းတခုမွာ ဒီအရာႏွစ္ခုကို သပ္သပ္ခြဲထားတာဟာ ျပႆနာေတြကို ေျဖရွင္းရာမေရာက္ဘဲ ျပႆနာေတြကို ပိုမိုျဖစ္ေစပါလိမ့္မယ္။

ဘယ္လုပ္ငန္းမဆိုေအာင္ျမင္ဖို့အတြက္ဆိုရင္ ဝန္ထမ္းေတြကိုစီစဥ္ျခင္း၊စုစည္းျခင္းနဲ႔ညိဳႏွိုင္းျခင္းတို့ကို ျပဳလုပ္နိုင္တဲ့ စီမံခန္႔ခြဲမွုေတြလိုအပ္တယ္။ ဒါေတြအျပင္ သူတို့ကိုစြမ္းေဆာင္ရည္အျပည့္နဲ႔လုပ္ေဆာင္ရန္လည္း လွုံေဆာ္ေပးနိုင္တဲ့ ေခါင္းေဆာင္မွုပိုင္းလည္းလိုအပ္ပါတယ္ေနာ္။

ဒါေၾကာင့္ ကိုယ့္လုပ္ငန္းေအာင္ျမင္ဖို့တြက္ Leader ပိုင္းလည္းသက္သက္မဟုတ္သလို Manager ပုံစံတခု တည္းျဖစ္ေနလို့မရပါဘူး။ အဲ့ဒီႏွစ္ခုကိုဖြဲ႕စည္းထားတဲ့ Leader-Manager ပုံစံျဖစ္ေနမွပဲ အဆင္ေျပမွာ ျဖစ္ပါတယ္။🔑
                                                                                                          Kyaw Nyein(YAU)

References:
https://www.nextgeneration.ie/blog/2018/03/the-difference-between-leadership-and-management
https://www.forbes.com/sites/williamarruda/2016/11/15/9-differences-between-being-a-leader-and-a-manager/

No comments: