Monday, July 6, 2020

တော်အောင်၊ ပျော်အောင် စီမံနည်းများ

တော်အောင်၊ ပျော်အောင် စီမံနည်းများ
😊😊😊😊😊😊😊😊😊😊😊😊


ရေးသားသူ - ပိုင်စိုး (Management)
PSM International College

ကျောင်းနေပျော်၍ စာတော်ရမည် ဆိုတဲ့ ဆောင်ပုဒ်လေးကို စာသင်ကျောင်းတွေမှာ တွေ့နိုင်ပါတယ်။ ဒီဆောင်ပုဒ်လေးမှာ (၂) ပိုင်းပါဝင်ပါတယ်။ ကျောင်းနေပျော်ရမယ် ဆိုတဲ့အပိုင်းနဲ့ စာတော်ရမယ်ဆိုတဲ့အပိုင်းပါ။ စာတော်ရမယ်ဆိုတဲ့ အပိုင်းကို နောက်မှာ ထားရတဲ့အကြောင်းအရင်းက ကျောင်းတက်ရတာ ပျော်တဲ့ကျောင်းသားတွေ အနေနဲ့ စာတော်အောင် ဝိုင်းဝန်းကူညီပံ့ပိုးကြိုးစားရင် ဖြစ်နိုင်တယ်လို့ စာရေးသူ ယူဆမိပါတယ်။ အမြင်ကွဲလွဲမှုတော့ရှိနိုင်ပါတယ်။ ဒီလိုပါပဲ လုပ်ငန်းခွင်တွေမှာလည်း အလုပ်နေပျော်ပြီး စွမ်းဆောင်ရည်ကောင်းရပါမယ်။ ဝန်ထမ်းတွေဟာ မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ ဒီနေ့လည်းရုံးသွားရအုံးမှာပဲ ဆိုတဲ့အတွေမျိုး၊ တာဝန်အရသာ လစာယူထားလို့သွားရမှာ မသွားချင်ဘူး ဆိုတဲ့အတွေးမျိုးဝင်နေရင် လုပ်ငန်းခွင်မှာ သူတို့နေမပျော်တော့ပါဘူး။ အခြေအနေတစ်ခုကြောင့် ဆက်လုပ် နေရင်တောင် အခြားအလုပ်ပြောင်းဖို့ သူတို့ကြိုးစားတတ်တာများပါတယ်။ ဝန်ထမ်းအထွက်နှုန်းများတာနဲ့ နေမပျော်ဘဲ တာဝန်အရသာလုပ်နေတဲ့ဝန်ထမ်းတွေ ရှိနေတာနဲ့နှိုင်းယှဉ်ရင် ဝန်ထမ်းအထွက်နှုန်းများတာကသာ ပိုကောင်းသယောင် ဖြစ်နေပါတယ်။ အလုပ်နေပျော်တဲ့ ဝန်ထမ်းတွေဟာ အများအားဖြင့် သာမာန်ထက် အလုပ်ကိုပိုကြိုးစားလုပ်ကိုင်ကြပါတယ်။ တာဝန်အရလို့ မယူဆတတ်ကြဘဲ ဒီအလုပ် လုပ်ရတာကို ဂုဏ်ယူဝံ့ကြွားဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် လုပ်ငန်းခွင်မှာ နေပျော်တာဟာ ဝန်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်အပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ နေပျော်ဖွယ်လုပ်ငန်းခွင်ကောင်းတစ်ခုဖန်တီးယူတဲ့ နေရာမှာ အရေးကြီးတဲ့ အကြောင်းအရာ တချို့ကို ဖေါ်ပြလိုပါတယ်။

·      Create the right environment.  ရုပ်ပိုင်းဆိုင်ရာ၊ လူမှုပိုင်းဆိုင်ရာနဲ့ အောင်မြင်မှုပိုင်းဆိုင်ရာ ပတ်ဝန်းကျင်အနေအထားတွေဟာ ဝန်ထမ်းတွေ အတွက် နေပျော်ဖွယ်လုပ်ငန်းခွင်ကောင်းတစ်ခုအနေနဲ့ ဖြစ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ (ဥပမာ- ရုံးမှာ ထိုင်စရာထိုင်ခုံတောင် တိတိကျကျ သတ်သတ် မှတ်မှတ်မရှိတာ၊ ကွန်ပျူတာသုံးရမယ့်အလုပ်မှာ ကွန်ပျူတာမရှိတာ) တွေဟာ ဝန်ထမ်းတွေကို စိတ်ပျက်စေပါတယ်။ ဒီလိုပါပဲ ဝန်ထမ်းတွေဟာ လူမှုပိုင်းဆိုင်ရာ တွေကိုအာရုံစိုက်ပါတယ်။ အဓိက ကတော့လုပ်ငန်းခွင်အတွင်း ပေါင်းသင်းဆက်ဆံရေးပါ။ Vertical Communication အပေါ်အောက် ဆက်ဆံရေး (အထက်လူကြီး လက်အောက်ငယ်သားဆက်ဆံရေး) နဲ့ Horizontal Communication (လုပ်ဖေါ်ကိုင်ဘက် အချင်းချင်း ဆက်ဆံရေး) မှာ မကောင်းရင် ဝန်ထမ်းတွေအနေနဲ့ အဲဒီလုပ်ငန်းခွင်မှာ မလုပ်ချင်ကြတာများပါတယ်။ တခါတလေမှာ ရှိတတ်တာက အထက်လူကြီး စီမံခန့်ခွဲသူတွေဟာ တချို့ တော်တော်ကို လက်ပေါက်ကတ် အပြောအဆို ကြမ်းတဲ့သူတွေရှိပါတယ်။ ရုံးသွားဖို့စဉ်းစားလိုက်တာနဲ့ အဲဒီအကြောင်းပဲ ခေါင်းထဲရောက်လာပြီးမသွားချင်ဘူးလို့ ဝန်ထမ်းတွေစဉ်းစားနေပြီဆိုရင်တော့ ရုံးနေပျော်ပြီး စွမ်းဆောင်ရည် ကောင်းရမယ်ဆိုတာပြောင်းပြန်ဖြစ်သွား ပါလိမ့်မယ်။ အောင်မြင်မှုပိုင်းဆိုင်ရာမှာ အလုပ်လုပ်ရင် လုပ်သလောက် အသိအမှတ်ပြုပေးတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရပါမယ်။ ဝန်ထမ်းတွေဟာ သူတို့ ကြိုးစားရင်ကြိုးစားသလောက် တစ်ခုခု အသိအမှတ် ပြုတာကို မျှော်လင့်နေတတ်ပါတယ်။ ဒီလို ပတ်ဝန်းကျင်သုံးခုကို ပေါင်းစပ်ပြီး နေပျော်ဖွယ်လုပ်ငန်းခွင်နေရာတစ်ခုဖြစ်အောင် ဖန်တီးပါ။

·      Know what makes people happy__ and unhappy. ဘယ်အကြောင်း အရာတွေဟာ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်ပျော်ရွှင်မှုတွေကို ပျက်စီးစေသလဲ၊ ဘယ်အကြောင်းအရာတွေက ဝန်ထမ်းတွေ မိမိတို့အလုပ်မှာ ပျော်ရွှင်စေသလဲ ဆိုတာကို သိအောင်လုပ်ပါ။ ဝန်ထမ်းတွေဟာ ဘာကြောင့်ငိုကြသလဲ (လုပ်ငန်းခွင်မပျော်ရွှင်၊စိတ်မကျေနပ်ကြလဲ) ဆိုတာသိရင် မငိုအောင် လုပ်ဖို့နည်းလမ်းကို စဉ်းစားလို့ ရပါတယ်။ ငိုနေတဲ့ခလေးတွေကို ရယ်အောင် လုပ်ဖို့ဆိုတာ အရင်ဆုံး မငိုအောင်၊ အငိုတိတ်အောင် အရင်လုပ်ရတယ် ဆိုတာ စာဖတ်သူတို့အားလုံးသိပြီးဖြစ်ပါတယ်။ အငိုတိတ်အောင်လုပ်ပြီးရင် ရယ်လာအောင် ဖန်တီးယူရပါမယ်။

·      Develop a pleasant management style. မိမိအလုပ်ကို ချစ်မြတ်နိုးတဲ့ စီမံခန့်ခွဲသူမန်နေဂျာတွေဟာ မိမိအလုပ်ကို မချစ်မြတ်နိုးတဲ့ မန်နေဂျာတွေထက် အလုပ်မှာ အပြုသဘောဆောင်သဘောထားမျိုးရှိတတ်ပါတယ်။ သူတို့ချစ်မြတ်နိုးတဲ့ အလုပ်ကို လုပ်နေရတဲ့သူ ဖြစ်တဲ့အတွက်လည်း အလုပ်မှာ ပျော်ရွှင်နေတတ်ကြတယ်။ ဒီလိုပါပဲ ဝန်ထမ်းတွေအများစုဟာ သူတို့အလုပ်ကို သူတို့ချစ်မြတ်နိုးပြီး ကြိုးစားလုပ်ကိုင်တဲ့ မန်နေဂျာတွေနဲ့ အလုပ်လုပ်ရတာကို ပိုသဘောကျတာများပါတယ်။ သဘောမကျတဲ့ ဝန်ထမ်းတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ စီမံခန့်ခွဲသူတွေအနေနဲ့ မိမိတို့ရဲ့ အတွေးအမြင်တွေကို စီမံခန့်ခွဲဖို့လိုအပ်ပါတယ်။ မိမိအလုပ်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင် စဉ်းစားဖို့လိုအပ်ပါတယ်။ အလုပ်ကိုချစ်မြတ်နိုးပါ။ စီမံခန့်ခွဲသူတွေနဲ့ ဝန်ထမ်းတွေအတွက် အဓိက အရေးကြီးဆုံးထဲမှာ ပါတဲ့ အချက်တစ်ခုကတော့ မိမိတို့လုပ်နေတဲ့အလုပ်ကို ချစ်မြတ်နိုးဖို့ပါ။ ချစ်မြတ်နိုးတဲ့အလုပ်ကို လုပ်တဲ့သူဟာ သူ့ဘဝမှာ ဘယ်တော့မှ အလုပ်မလုပ်ရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကအလုပ်လို့ကို မထင်တော့လို့ဖြစ်ပါတယ်။ ဒီစကားကို ပြောခဲ့သူကတော့ အများသိပြီးဖြစ်တဲ့ Steve Jobs ပဲဖြစ်ပါတယ်။

·      Promote openness and trust. ပွင့်လင်းမြင်သာမှုရှိပါ။ ယုံကြည်မှုတွေနဲ့ အလုပ်လုပ်ပါ။ ဝန်ထမ်းအများစုဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့ စီမံခန့်ခွဲသူတွေနဲ့ အများအားဖြင့် အလုပ်မလုပ်ချင်ကြပါဘူး။ ဒါကြောင့် ပွင့်လင်းမြင်သာမှုရှိပါ။ လိုအပ်လို့ လျို့ဝှက်ရမယ့် ထိပ်တန်း လျို့ဝှက်ချက် Top Secrets တွေကိုတော့ လျို့ဝှက်ထားပါ။ ယုံကြည်မှုဆိုတာ လုပ်ငန်းခွင်အတွင်းမှာ အရေးကြီးပါတယ်။ ယုံကြည်မှုမရှိတဲ့အခါမှာ သူ့ကိုယ်မယုံ၊ ကိုယ့်သူမယုံနဲ့ လုပ်ငန်းအောင်မြင် သင့်သလောက် မအောင်မြင်နိုင်ပါဘူး။

·      Recognise contributions. ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပေးလိုက်ပါ။ ဝန်ထမ်းတွေဟာ သူတို့ရဲ့ ကြိုးစားအားထုတ်မှု တွေအတွက် အသိအမှတ်ပြုခံရမှုကို မျှော်လင့်နေကြပါတယ်။ ဝန်ထမ်းတွေ အလုပ်မှာ နေမပျော်ဘဲ ထွက်သွားကြတဲ့ အဓိကအကြောင်းအရင်းတွေမှာ အသိအမှတ်မပြုတဲ့အကြောင်းကြောင့် ဖြစ်နေတာတွေမြင်တွေ့နေရပါတယ်။ သူတို့မျှော်လင့်တဲ့ အသိအမှတ်ပြုမှုတွေကို စီမံခန့်ခွဲသူတွေက မပေးဘဲနဲ့ ဝန်ထမ်းတွေ အလုပ်ခွင်မှာ နေပျော်အောင်လုပ်ဖို့ဆိုတာ အတော် မလွယ်ကူပါဘူး။

·      Encourage team identity. A champion team beats a team of champions. ဆိုတဲ့စကားအတိုင်း တကယ့်ကို စည်းစည်းလုံးလုံးနဲ့ တက်ညီ လက်ညီအောင်မြင်တဲ့ Chanmpion အသင်းတစ်သင်းဟာ အောင်မြင်တဲ့ Champion တွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းကို အောင်မြင်နိုင်ပါတယ်။ ဘောလုံးလောကမှာ ဒိတ်ဒိတ်ကြဲအများစုဟာ အင်္ဂလန်မှာ ရှိနေတတ်ပြီး ကမ္ဘာ့ဖလားကို အမြဲတမ်း မရတဲ့ အဖြေဟာ ဒီအဖြေပဲဖြစ်ပါတယ်။

·      Fight boredom in the workplace. အလုပ်တစ်ခုတည်းကိုပဲ အမြဲတမ်း လုပ်နေရရင် ဝန်ထမ်းတွေဟာ ပျင်းရိသွားတတ်ပါတယ်။ စိန်ခေါ်မှုအသစ်တွေ မရှိတော့ရင် ပျင်းရိတတ်ပါတယ်။ လိုအပ်ရင် ဝန်ထမ်းတွေကို Job Rotation လုပ်ပေးရပါမယ်။ ဒီနေရာမှာ စီမံခန့်ခွဲသူရဲ့ ဝန်ထမ်းတွေအပေါ် အလုပ်အကိုင် ဒီဇိုင်း Job Design သတ်မှတ်မှုဟာ အရေးကြီးပါတယ်။

·      Empower your employees. ဝန်ထမ်းတွေကို ပေးသင့်ပေးထိုက်တဲ့ လုပ်ပိုင်ခွင့်ပေးပါ။ အရာအားလုံးကို မထိန်းချုပ်ထားပါနဲ့။ နေရာတကာ မိမိမပါရင် မဖြစ်လို့ မယူဆပါနဲ့။ ပေးသင့်ပေးထိုက်တဲ့ လုပ်ပိုင်ခွင့်အချို့ဟာ ဝန်ထမ်းတွေအတွက် စိတ်အားတက်ကြွလာစေပါတယ်။

ဖေါ်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ ဝန်ထမ်းတွေအတွက် နေပျော်ဖွယ် လုပ်ငန်းခွင် တစ်ခုကိုဖန်တီးတဲ့နေရာမှာ အထောက်အပံ့ရစေပါတယ်။ ဒီအကြောင်းအရာတွေဟာ နေပျော်ဖွယ်လုပ်ငန်းခွင်ကောင်းတစ်ခုကိုဖန်တီးပေးရုံသာမက လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်လာစေဖို့အတွက်လိုအပ်တဲ့ Motivation တွေကိုပါဖြစ်ပေါ်စေပါတယ်။

လေးစားစွာဖြင့်
ပိုင်စိုး (Management)

Ref; The Management Bible by Neil Flanagan & Jarvis Finger,

(Zawgyi)

ေတာ္ေအာင္၊ ေပ်ာ္ေအာင္ စီမံနည္းမ်ား
😊😊😊😊😊😊😊😊😊😊😊😊


ေရးသားသူ - ပိုင္စိုး (Management)
PSM International College

ေက်ာင္းေနေပ်ာ္၍ စာေတာ္ရမည္ ဆိုတဲ့ ေဆာင္ပုဒ္ေလးကို စာသင္ေက်ာင္းေတြမွာ ေတြ႕နိုင္ပါတယ္။ ဒီေဆာင္ပုဒ္ေလးမွာ (၂) ပိုင္းပါဝင္ပါတယ္။ ေက်ာင္းေနေပ်ာ္ရမယ္ ဆိုတဲ့အပိုင္းနဲ႔ စာေတာ္ရမယ္ဆိုတဲ့အပိုင္းပါ။ စာေတာ္ရမယ္ဆိုတဲ့ အပိုင္းကို ေနာက္မွာ ထားရတဲ့အေၾကာင္းအရင္းက ေက်ာင္းတက္ရတာ ေပ်ာ္တဲ့ေက်ာင္းသားေတြ အေနနဲ႔ စာေတာ္ေအာင္ ဝိုင္းဝန္းကူညီပံ့ပိုးႀကိဳးစားရင္ ျဖစ္နိုင္တယ္လို့ စာေရးသူ ယူဆမိပါတယ္။ အျမင္ကြဲလြဲမွုေတာ့ရွိနိုင္ပါတယ္။ ဒီလိုပါပဲ လုပ္ငန္းခြင္ေတြမွာလည္း အလုပ္ေနေပ်ာ္ၿပီး စြမ္းေဆာင္ရည္ေကာင္းရပါမယ္။ ဝန္ထမ္းေတြဟာ မနက္မိုးလင္းလို့ မ်က္လုံးႏွစ္လုံးဖြင့္လိုက္တာနဲ႔ ဒီေန႔လည္း႐ုံးသြားရအုံးမွာပဲ ဆိုတဲ့အေတြမ်ိဳး၊ တာဝန္အရသာ လစာယူထားလို့သြားရမွာ မသြားခ်င္ဘူး ဆိုတဲ့အေတြးမ်ိဳးဝင္ေနရင္ လုပ္ငန္းခြင္မွာ သူတို့ေနမေပ်ာ္ေတာ့ပါဘူး။ အေျခအေနတစ္ခုေၾကာင့္ ဆက္လုပ္ ေနရင္ေတာင္ အျခားအလုပ္ေျပာင္းဖို့ သူတို့ႀကိဳးစားတတ္တာမ်ားပါတယ္။ ဝန္ထမ္းအထြက္ႏွုန္းမ်ားတာနဲ႔ ေနမေပ်ာ္ဘဲ တာဝန္အရသာလုပ္ေနတဲ့ဝန္ထမ္းေတြ ရွိေနတာနဲ႔ႏွိုင္းယွဥ္ရင္ ဝန္ထမ္းအထြက္ႏွုန္းမ်ားတာကသာ ပိုေကာင္းသေယာင္ ျဖစ္ေနပါတယ္။ အလုပ္ေနေပ်ာ္တဲ့ ဝန္ထမ္းေတြဟာ အမ်ားအားျဖင့္ သာမာန္ထက္ အလုပ္ကိုပိုႀကိဳးစားလုပ္ကိုင္ၾကပါတယ္။ တာဝန္အရလို့ မယူဆတတ္ၾကဘဲ ဒီအလုပ္ လုပ္ရတာကို ဂုဏ္ယူဝံ့ႂကြားျဖစ္ေနတတ္ပါတယ္။ အဲဒါေၾကာင့္ လုပ္ငန္းခြင္မွာ ေနေပ်ာ္တာဟာ ဝန္ထမ္းေတြရဲ့ လုပ္ငန္းစြမ္းေဆာင္ရည္အေပၚမွာ သက္ေရာက္မွု ရွိေနပါတယ္။ ေနေပ်ာ္ဖြယ္လုပ္ငန္းခြင္ေကာင္းတစ္ခုဖန္တီးယူတဲ့ ေနရာမွာ အေရးႀကီးတဲ့ အေၾကာင္းအရာ တခ်ိဳ့ကို ေဖၚျပလိုပါတယ္။

·      Create the right environment.  ႐ုပ္ပိုင္းဆိုင္ရာ၊ လူမွုပိုင္းဆိုင္ရာနဲ႔ ေအာင္ျမင္မွုပိုင္းဆိုင္ရာ ပတ္ဝန္းက်င္အေနအထားေတြဟာ ဝန္ထမ္းေတြ အတြက္ ေနေပ်ာ္ဖြယ္လုပ္ငန္းခြင္ေကာင္းတစ္ခုအေနနဲ႔ ျဖစ္နိုင္ပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာ (ဥပမာ- ႐ုံးမွာ ထိုင္စရာထိုင္ခုံေတာင္ တိတိက်က် သတ္သတ္ မွတ္မွတ္မရွိတာ၊ ကြန္ပ်ဴတာသုံးရမယ့္အလုပ္မွာ ကြန္ပ်ဴတာမရွိတာ) ေတြဟာ ဝန္ထမ္းေတြကို စိတ္ပ်က္ေစပါတယ္။ ဒီလိုပါပဲ ဝန္ထမ္းေတြဟာ လူမွုပိုင္းဆိုင္ရာ ေတြကိုအာ႐ုံစိုက္ပါတယ္။ အဓိက ကေတာ့လုပ္ငန္းခြင္အတြင္း ေပါင္းသင္းဆက္ဆံေရးပါ။ Vertical Communication အေပၚေအာက္ ဆက္ဆံေရး (အထက္လူႀကီး လက္ေအာက္ငယ္သားဆက္ဆံေရး) နဲ႔ Horizontal Communication (လုပ္ေဖၚကိုင္ဘက္ အခ်င္းခ်င္း ဆက္ဆံေရး) မွာ မေကာင္းရင္ ဝန္ထမ္းေတြအေနနဲ႔ အဲဒီလုပ္ငန္းခြင္မွာ မလုပ္ခ်င္ၾကတာမ်ားပါတယ္။ တခါတေလမွာ ရွိတတ္တာက အထက္လူႀကီး စီမံခန႔္ခြဲသူေတြဟာ တခ်ိဳ့ ေတာ္ေတာ္ကို လက္ေပါက္ကတ္ အေျပာအဆို ၾကမ္းတဲ့သူေတြရွိပါတယ္။ ႐ုံးသြားဖို့စဥ္းစားလိုက္တာနဲ႔ အဲဒီအေၾကာင္းပဲ ေခါင္းထဲေရာက္လာၿပီးမသြားခ်င္ဘူးလို့ ဝန္ထမ္းေတြစဥ္းစားေနၿပီဆိုရင္ေတာ့ ႐ုံးေနေပ်ာ္ၿပီး စြမ္းေဆာင္ရည္ ေကာင္းရမယ္ဆိုတာေျပာင္းျပန္ျဖစ္သြား ပါလိမ့္မယ္။ ေအာင္ျမင္မွုပိုင္းဆိုင္ရာမွာ အလုပ္လုပ္ရင္ လုပ္သေလာက္ အသိအမွတ္ျပဳေပးတဲ့ ပတ္ဝန္းက်င္တစ္ခုကို ဖန္တီးေပးရပါမယ္။ ဝန္ထမ္းေတြဟာ သူတို့ ႀကိဳးစားရင္ႀကိဳးစားသေလာက္ တစ္ခုခု အသိအမွတ္ ျပဳတာကို ေမၽွာ္လင့္ေနတတ္ပါတယ္။ ဒီလို ပတ္ဝန္းက်င္သုံးခုကို ေပါင္းစပ္ၿပီး ေနေပ်ာ္ဖြယ္လုပ္ငန္းခြင္ေနရာတစ္ခုျဖစ္ေအာင္ ဖန္တီးပါ။

·      Know what makes people happy__ and unhappy. ဘယ္အေၾကာင္း အရာေတြဟာ ဝန္ထမ္းေတြရဲ့ လုပ္ငန္းခြင္ေပ်ာ္ရႊင္မွုေတြကို ပ်က္စီးေစသလဲ၊ ဘယ္အေၾကာင္းအရာေတြက ဝန္ထမ္းေတြ မိမိတို့အလုပ္မွာ ေပ်ာ္ရႊင္ေစသလဲ ဆိုတာကို သိေအာင္လုပ္ပါ။ ဝန္ထမ္းေတြဟာ ဘာေၾကာင့္ငိုၾကသလဲ (လုပ္ငန္းခြင္မေပ်ာ္ရႊင္၊စိတ္မေက်နပ္ၾကလဲ) ဆိုတာသိရင္ မငိုေအာင္ လုပ္ဖို့နည္းလမ္းကို စဥ္းစားလို့ ရပါတယ္။ ငိုေနတဲ့ခေလးေတြကို ရယ္ေအာင္ လုပ္ဖို့ဆိုတာ အရင္ဆုံး မငိုေအာင္၊ အငိုတိတ္ေအာင္ အရင္လုပ္ရတယ္ ဆိုတာ စာဖတ္သူတို့အားလုံးသိၿပီးျဖစ္ပါတယ္။ အငိုတိတ္ေအာင္လုပ္ၿပီးရင္ ရယ္လာေအာင္ ဖန္တီးယူရပါမယ္။

·      Develop a pleasant management style. မိမိအလုပ္ကို ခ်စ္ျမတ္နိုးတဲ့ စီမံခန႔္ခြဲသူမန္ေနဂ်ာေတြဟာ မိမိအလုပ္ကို မခ်စ္ျမတ္နိုးတဲ့ မန္ေနဂ်ာေတြထက္ အလုပ္မွာ အျပဳသေဘာေဆာင္သေဘာထားမ်ိဳးရွိတတ္ပါတယ္။ သူတို့ခ်စ္ျမတ္နိုးတဲ့ အလုပ္ကို လုပ္ေနရတဲ့သူ ျဖစ္တဲ့အတြက္လည္း အလုပ္မွာ ေပ်ာ္ရႊင္ေနတတ္ၾကတယ္။ ဒီလိုပါပဲ ဝန္ထမ္းေတြအမ်ားစုဟာ သူတို့အလုပ္ကို သူတို့ခ်စ္ျမတ္နိုးၿပီး ႀကိဳးစားလုပ္ကိုင္တဲ့ မန္ေနဂ်ာေတြနဲ႔ အလုပ္လုပ္ရတာကို ပိုသေဘာက်တာမ်ားပါတယ္။ သေဘာမက်တဲ့ ဝန္ထမ္းေတြလည္း ရွိနိုင္ပါတယ္။ ဒါေၾကာင့္မို့ စီမံခန႔္ခြဲသူေတြအေနနဲ႔ မိမိတို့ရဲ့ အေတြးအျမင္ေတြကို စီမံခန႔္ခြဲဖို့လိုအပ္ပါတယ္။ မိမိအလုပ္နဲ႔ ပတ္သက္ၿပီး အျပဳသေဘာေဆာင္ စဥ္းစားဖို့လိုအပ္ပါတယ္။ အလုပ္ကိုခ်စ္ျမတ္နိုးပါ။ စီမံခန႔္ခြဲသူေတြနဲ႔ ဝန္ထမ္းေတြအတြက္ အဓိက အေရးႀကီးဆုံးထဲမွာ ပါတဲ့ အခ်က္တစ္ခုကေတာ့ မိမိတို့လုပ္ေနတဲ့အလုပ္ကို ခ်စ္ျမတ္နိုးဖို့ပါ။ ခ်စ္ျမတ္နိုးတဲ့အလုပ္ကို လုပ္တဲ့သူဟာ သူ႔ဘဝမွာ ဘယ္ေတာ့မွ အလုပ္မလုပ္ရေတာ့ဘူး။ ဘာျဖစ္လို့လဲဆိုေတာ့ သူကအလုပ္လို့ကို မထင္ေတာ့လို့ျဖစ္ပါတယ္။ ဒီစကားကို ေျပာခဲ့သူကေတာ့ အမ်ားသိၿပီးျဖစ္တဲ့ Steve Jobs ပဲျဖစ္ပါတယ္။

·      Promote openness and trust. ပြင့္လင္းျမင္သာမွုရွိပါ။ ယုံၾကည္မွုေတြနဲ႔ အလုပ္လုပ္ပါ။ ဝန္ထမ္းအမ်ားစုဟာ ပြင့္လင္းျမင္သာမွုမရွိတဲ့ စီမံခန႔္ခြဲသူေတြနဲ႔ အမ်ားအားျဖင့္ အလုပ္မလုပ္ခ်င္ၾကပါဘူး။ ဒါေၾကာင့္ ပြင့္လင္းျမင္သာမွုရွိပါ။ လိုအပ္လို့ လ်ိဳ့ဝွက္ရမယ့္ ထိပ္တန္း လ်ိဳ့ဝွက္ခ်က္ Top Secrets ေတြကိုေတာ့ လ်ိဳ့ဝွက္ထားပါ။ ယုံၾကည္မွုဆိုတာ လုပ္ငန္းခြင္အတြင္းမွာ အေရးႀကီးပါတယ္။ ယုံၾကည္မွုမရွိတဲ့အခါမွာ သူ႔ကိုယ္မယုံ၊ ကိုယ့္သူမယုံနဲ႔ လုပ္ငန္းေအာင္ျမင္ သင့္သေလာက္ မေအာင္ျမင္နိုင္ပါဘူး။

·      Recognise contributions. ဝန္ထမ္းေတြရဲ့ ႀကိဳးစားအားထုတ္မွုကို အသိအမွတ္ျပဳေပးလိုက္ပါ။ ဝန္ထမ္းေတြဟာ သူတို့ရဲ့ ႀကိဳးစားအားထုတ္မွု ေတြအတြက္ အသိအမွတ္ျပဳခံရမွုကို ေမၽွာ္လင့္ေနၾကပါတယ္။ ဝန္ထမ္းေတြ အလုပ္မွာ ေနမေပ်ာ္ဘဲ ထြက္သြားၾကတဲ့ အဓိကအေၾကာင္းအရင္းေတြမွာ အသိအမွတ္မျပဳတဲ့အေၾကာင္းေၾကာင့္ ျဖစ္ေနတာေတြျမင္ေတြ႕ေနရပါတယ္။ သူတို့ေမၽွာ္လင့္တဲ့ အသိအမွတ္ျပဳမွုေတြကို စီမံခန႔္ခြဲသူေတြက မေပးဘဲနဲ႔ ဝန္ထမ္းေတြ အလုပ္ခြင္မွာ ေနေပ်ာ္ေအာင္လုပ္ဖို့ဆိုတာ အေတာ္ မလြယ္ကူပါဘူး။

·      Encourage team identity. A champion team beats a team of champions. ဆိုတဲ့စကားအတိုင္း တကယ့္ကို စည္းစည္းလုံးလုံးနဲ႔ တက္ညီ လက္ညီေအာင္ျမင္တဲ့ Chanmpion အသင္းတစ္သင္းဟာ ေအာင္ျမင္တဲ့ Champion ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ အသင္းကို ေအာင္ျမင္နိုင္ပါတယ္။ ေဘာလုံးေလာကမွာ ဒိတ္ဒိတ္ၾကဲအမ်ားစုဟာ အဂၤလန္မွာ ရွိေနတတ္ၿပီး ကမၻာ့ဖလားကို အျမဲတမ္း မရတဲ့ အေျဖဟာ ဒီအေျဖပဲျဖစ္ပါတယ္။

·      Fight boredom in the workplace. အလုပ္တစ္ခုတည္းကိုပဲ အျမဲတမ္း လုပ္ေနရရင္ ဝန္ထမ္းေတြဟာ ပ်င္းရိသြားတတ္ပါတယ္။ စိန္ေခၚမွုအသစ္ေတြ မရွိေတာ့ရင္ ပ်င္းရိတတ္ပါတယ္။ လိုအပ္ရင္ ဝန္ထမ္းေတြကို Job Rotation လုပ္ေပးရပါမယ္။ ဒီေနရာမွာ စီမံခန႔္ခြဲသူရဲ့ ဝန္ထမ္းေတြအေပၚ အလုပ္အကိုင္ ဒီဇိုင္း Job Design သတ္မွတ္မွုဟာ အေရးႀကီးပါတယ္။

·      Empower your employees. ဝန္ထမ္းေတြကို ေပးသင့္ေပးထိုက္တဲ့ လုပ္ပိုင္ခြင့္ေပးပါ။ အရာအားလုံးကို မထိန္းခ်ဳပ္ထားပါနဲ႔။ ေနရာတကာ မိမိမပါရင္ မျဖစ္လို့ မယူဆပါနဲ႔။ ေပးသင့္ေပးထိုက္တဲ့ လုပ္ပိုင္ခြင့္အခ်ိဳ့ဟာ ဝန္ထမ္းေတြအတြက္ စိတ္အားတက္ႂကြလာေစပါတယ္။

ေဖၚျပခဲ့တဲ့ အေၾကာင္းအရာေတြဟာ ဝန္ထမ္းေတြအတြက္ ေနေပ်ာ္ဖြယ္ လုပ္ငန္းခြင္ တစ္ခုကိုဖန္တီးတဲ့ေနရာမွာ အေထာက္အပံ့ရေစပါတယ္။ ဒီအေၾကာင္းအရာေတြဟာ ေနေပ်ာ္ဖြယ္လုပ္ငန္းခြင္ေကာင္းတစ္ခုကိုဖန္တီးေပး႐ုံသာမက လုပ္ငန္းစြမ္းေဆာင္ရည္ တိုးတက္ေကာင္းမြန္လာေစဖို့အတြက္လိုအပ္တဲ့ Motivation ေတြကိုပါျဖစ္ေပၚေစပါတယ္။

ေလးစားစြာျဖင့္
ပိုင္စိုး (Management)

Ref; The Management Bible by Neil Flanagan & Jarvis Finger,

No comments: