Thursday, July 23, 2020
ဘော်ဒီထုဆစ်ခြင်းနှင့် တစိုက်မတ်မတ်လုပ်ခြင်း သို့ consistency
💢💢💢 ဘော်ဒီထုဆစ်ခြင်းနှင့် တစိုက်မတ်မတ်လုပ်ခြင်း သို့ consistency 💢💢💢
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
💢 “practice makes perfect” “ကြိုးစားက ဘုရားပင်ဖြစ်နိုင်သည်” ဆိုရိုးစကားကဲ့သို့ မိမိလိုချင်၊ ဖြစ်ချင်သော body goal ကိုရရှိရန်ကျွန်တော်တို့၏ gym နယ်ပယ်တွင်လည်း တစိုက်မတ်မတ်လုပ်ဆောင်ခြင်းသည် အဓိကဖြစ်ပါသည်။ မွေးရာပါပင်ကိုစွမ်းရည်ရှိသူဖြစ်သော်ငြားလည်း လိုချင်သောပန်းတိုင်ကိုရောက်ရန် consistency လိုပါသည်။ ပင်ကိုစွမ်းရည် talent ကို တစိုက်မတ်မတ်လုပ်ဆောင်ခြင်း consistency နှင့် သေချာအသုံးချတတ်သူများ ပန်းတိုင်ကိုလွယ်ကူစွာရောက်ကြပါသည်။
💌 လုပ်သင့်သည့်အရာတခုခု သို့ ဝါသနာတခုခုကို အလေ့အကျင့်ကောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲယူနိုင်ရန် consistency လိုအပ်ပါသည်။ အထူးသဖြင့် အားကစားနယ်ပယ် ဘော်ဒီထုဆစ်ခြင်းတွင်ပိုပြီးအရေးကြီးပါသည်။ တစိုက်မတ်မတ်လုပ်ခြင်းဆိုသည်မှာ ဥပမာ။ အိပ်ချိန်ကို ည ၁၀ အိပ်ရာဝင်ရန်လုပ်ထားပါက၊ ည ၁၀ နာရီထိုးသည့်နေ့တိုင်း အိပ်ရာဝင်ခြင်းဖြစ်ပါသည်။ အလားတူ ညနေပိုင်း ၅ နာရီ gym ကစားပါက ညနေတိုင်း ၅ နာရီ gym ကစားခြင်းကိုဆိုပါသည်။ အလားတူ နံနက်တိုင်း ၇:၃၀ မနက်စာစားပါက ၇:၃၀ မနက်စာစားပေးသည်ကိုဆိုပါသည်။ သို့ပါမှ results ရလာဒ်ကောင်းကိုတွေ့ရှိလာပါမည်။
၁💌လုပ်ဆောင်နိုင်သော goal ထားပါ။
ရည်မှန်းချက်ကြီးကြီးထားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သို့သော် ရည်မှန်းချက် သေးသေးလေးတစ်ခုချင်းစီကို ပြီးမြှောက်အောင် ဦးစွာလုပ်ဆောင်ပါ။ သို့ပါမှ motivation, ပျော်ရွှင်ခြင်းများနှင့်အတူ လိုချင်သည့်ပန်းတိုင်ရောက်ပါမည်။ တစ်လ ၁၀ ပေါင်ကျရန်မှာ ပန်းတိုင် အကြီးဖြစ်ပြီး workout အပြီး stretching ၅ မိနစ် လုပ်ခြင်းသည် ပန်းတိုင်အသေးလေး ဖြစ်ပါသည်။ တစ်လ ဘော်ဒီဝိတ် ၁၀ ပေါင်ကျရန် အတွက် training များ၊ nutrition များ နှင့် accountability ခေါ် တာဝန်ယူ အကောင်အထည်ဖေါ်ခြင်းများဖြစ်သည့် small goal ပြီးမှ large goal  ဖြစ်သည့် ၁၀ ပေါင် ကျခြင်းကို ရောက်ရှိပါသည်။ thousand miles begins from one single step ဆိုသည်ကိုမမေ့ပါနှင့်။ ထို့ကြောင့် step by step ဖြင့် ရည်မှန်းချက် သေးသေးမှ စတင်လုပ်ဆောင်ပါ။
၂💌စည်းကမ်းချက်များကို လိုက်နာပါ။
လေ့လာချက်အရ gym ပုံမှန်လာကစားသူများမှာ နာရီနိုးစက်ပေးထားသည့်အတိုင်း အိပ်ရာထ သို့ စည်းကမ်းလိုက်နာသူများဖြစ်သည်ဟု ဆိုပါသည်။ စည်းကမ်းလိုက်နာပြီး မပျက်မကွက် ဆက်လုပ်ပါက အလေ့အကျင့်ကောင်းတစ်ခု အလိုလိုဖြစ်လာပါမည်။ ဥပမာ။ သူငယ်ချင်းတစ်ယောက်နှင့် workout အတူတူ လုပ်ရန် ချိန်းထားခြင်း။ ကြိုတင် plan ဆွဲပြီး ရအောင် အကောင်အထည်ဖေါ်ပါ။ gym ကစားရန် စိတ်မပါသော်လည်း gym ရောက်အောင် သွားပါ။ အနည်းဆုံး ပေါ့ပေါ့ပါးပါး ကစားပါ။ ထို့သို့ ဆက်တိုက် မမျက်မကွက် လုပ်နိုင်ဆောင်နိုင်အောင် ကြိုးစားပါ။ မကြာခင် good habit ဖြစ်လာပါမည်။
၃💌မ ပြည့်စုံခြင်းကို လက်ခံပါ။
လူမှန်ရင် အမှားလုပ်မိခြင်းနှင့် ကင်းမည်မဟုတ်ပါ။ အမှားမှ သင်ခန်းစာယူပြီး ရှေ့ဆက်ရန်သာ အရေးကြီးပါသည်။ gym ကို အလုပ်နောက်ကျ၍ မသွားနိုင်သည်မှာ သင်တစ်ယောက်တည်း ဖြစ်မည်မထင်ပါ။ ထိုသို့ဖြစ်ခဲ့လျှင် အိမ်မှာ မိနစ် ၃၀ မှ ၁ နာရီ အစားထိုးပြီးကစားပါ။ သို့မဟုတ် ကျန်းမာရေးနှင့်ကိုက်ညီသော healthy food ရွေးစားပါ။ gym တွင် workout မလုပ်နိုင်သော်လည်း healthy food စားပေးသည့်အတွက် balance ဖြစ်ပါသည်။ နောက်နေ့တွင် သေချာစွာ workout လုပ်ရန် plan ထားပြီး အကောင်အထည်ဖော်ဆောင်ရန်အရေးကြီးပါသည်။
၄💌ယုံကြည်စွာ ဆက်လုပ်ပါ။
တရုတ်ပြည်မှ မဟာတံတိုင်းကို ရက်ရှည်လများ ဆောက်ခဲ့သည့်အတိုင်း ဘော်ဒီထုဆစ်ရာတွင်လည်း အလားတူဖြစ်ပါသည်။ ယခု ရေတွင်းတူးပြီး ယခုရေသောက်ရန် ဖြစ်နိုင်ချေ ရာနုန်းနည်းပါသည်။ စိတ်ရှည်ပါ။ ဇွဲရှိပါ။ ထပ်ကာတလဲလဲ ပြုလုပ်ခြင်းမှ ကောင်းသော အလေ့အကျင့်ရအောင်လုပ်ယူပါ။ ထိုအလေ့အကျင့်ဖြင့် လိုချင်သည့် ပန်းတိုင်ကို ဆက်သွားပါ။ consistency သည့် လူတိုင်းအတွက် ပန်းတိုင်ရောက်ရန် အခရာဖြစ်ပါသည်။
၅💌ပျော်ရွှင်စရာဖြစ်လာအောင် ဖန်တီးပါ။
လေ့လာချက်အရ ပေါ့ပေါ့ပါးပါး workout မှာ ကစားသူများကို ပြန်လာကစားစေသည် ဟုဆိုသည်။ ဆိုလိုသည်မှာ small goal ရောက်ရန် ပေါ့ပါးသော workout အရင်လုပ်ပါ။ small goal ပြီးမြှောက်ခြင်းမှ ရရှိသည့် ပျော်ရွှင်မှု့ဖြင့် large goal ကို ရောက်ရန် motivation အဖြစ်အသုံးပြုပါ။ နောက်ဆုံးတွင် workout လုပ်ခြင်းကို နှစ်သက်ပြီး၊ ပိုပြီးကျန်းမာလာခြင်းမှ ပျော်ရွှင်စရာများ ရရှိလာပါမည်။
၆💌workout လုပ်ခြင်း၏ပြီးမြှောက်ခြင်း အရသာကိုခံစားပါ။
workout သည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းနှစ်မျိုးလုံးဖြစ်ပါသည်။ တခါတရံ စိတ်မပါဖြစ်ပြီး ဆက်၍ workout မလုပ်ချင်ဖြစ်တတ်ပါသည်။ workout program ပြီးအောင် အစအဆုံး ကစားခဲ့သောနေ့၏ feeling ကို ပြန်သတိရပါ။ workout လုပ်ချိန် ဘော်ဒီတွင် ဟော်မုန်းတစ်မျိုး endorphins ထုတ်ပေး၍ စိတ်ကြည်လင်ခြင်း၊ စိတ်ငြိမ်ခြင်း၊ စိတ်ပျော်ရွှင်ခြင်းများကို ရရှိပါသည်။ ထိုသို့လုပ်ခြင်းမှရေရှည်တွင် ကျန်းမာသုခနှင့်ပြည့်စုံခြင်းကိုရရှိလာပါမည်။
consistency သည် ဘော်ဒီထုဆစ်ခြင်းတွင်သာမက တခြားနယ်ပယ်တွင်လည်း အလားတူအရေးကြီးပါသည်။ ရည်မှန်းချက်ပန်းတိုင် သို့ ကျွန်တော်တို့ fitness နယ်ပယ်တွင်လည်း #bodygoal ကိုရောက်ရန် #consistencyisthekey ဖြစ်ပါသည်။
🙏have a healthy & happy day🙏
အားလုံးကျန်းမာကြပါစေ "Health is Wealth”
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈
(Zawgyi)
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
၎💌ယုံကြည်စွာ ဆက်လုပ်ပါ။
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈
No comments: