Friday, June 5, 2020

ပဲျပားငါးအုံး -ၾကက္သားလက္ဖက္သုပ္ _စီခၽြမ္းၾကက္ေျခေထာက္ခ်ဥ္စပ္_Curry Noodle Soup

ပဲပြားငါးအုံး
----------------


 ရှမ်းရိုးရာအစားအစာလေးပါ။ ဇာတိမြေ ရှမ်းပြည်နယ်ကို အလည်ပြန်ရင်း ကိုယ်မသိသေးတဲ့ ဒေသစာလေးတွေကို ဆိုဖီယာရဲ့ အန်တီလေးဆီကနေ သင်ယူဖြစ်ခဲ့တာလေးတွေပါ။ ရှမ်းရိုးရာအစားအစာ မှိုအုံး၊ ငါးအုံးနည်းတူ လူသိများတဲ့ ပဲပြားကို အမဲသား သို့မဟုတ် ငါးဖြင့်ရောပြီး ဟင်းခတ်ရွက်အစုံဖြင့် စပ်ရှိန်းရှိန်းအရသာနှပ်ထားပြီး ငှက်ပျောဖက်ဖြင့်ထုပ်ကာ ကျက်အောင် မီးအုံးထားသော သင်းပျံ့မွှေးကြိုင်တဲ့ ပဲပြားအုံးလေး ဖြစ်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
• ပဲပြား - ၅ဝဝ ဂရမ်
• ငါးအသား /အမဲသား - ၂၅၀ ဂရမျ
• ကြက်သွန်နီ - ၂ လုံး
• ကြက်သွန်ဖြူ - ၁ လုံး
• ငရုတ်သီးစိမ်း - အနည်းငယ်
• ခရမ်းချဉ်သီး - ၂ လုံး
• နံနံပင် - ၁ စည်း
• ပင်စိမ်းရွက် - ၁ စည်း
• ဖက်ဖယ်ရွက် - ၁ စည်း
• ရှမ်းနံနံ - ၂ ပင်
• ကြက်သွန်မြိတ် - ၃ ပင်
• ကျိုချိုက် - အနည်းငယ်
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ရှမ်းပဲပုပ် - ၁ ချပ်
• ကြက်ဥ - ၂ လုံး (သစအငသညေူ)
• ဟွားကျောက် (ဇီချွမ်းငရုတ်ကောင်း) - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ငှက်ပျောဖက် - ထုပ်ရန်

ပြုလုပ်နည်း
၁။ ပဲပြားကို ဖိခြေထားပါ။ အမဲသား သို့မဟုတ် ငါးအသားကို ကြိတ်ထားပါ။
၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းတို့ကို သေးသေးစိတ် ထည့်ပါ။
၃။ ကျန်ပါဝင်သောအရွက်များအားလုံးကိုလည်း ရေဆေးသန့်စင်ပြီး သေးသေးစိတ် ထည့်ပါ။
၄။ ရှမ်းပဲပုပ်ကို မီးကင်ပြီး ထောင်းထည့်ပါ။ ဟွားကျောက်ကို လှော်ပြီး အမှုန့်ထောင်း ထည့်ပါ။ ဆားထည့်၍ သမအောင်နယ်ပြီး နှပ်ထားပါ။
၅။ ငှက်ပျောဖက်ကို ရေဆေးသန့်စင်ပြီး ပဲပြား၊ အသား သို့မဟုတ် ငါး၊ အရွက်တို့ကို သမအောင် ထည့်ပြီး ထုပ်ထားပါ။ မိမိနှစ်သက်ရာ
အရွယ် ထုပ်ပါ။
၆။ အိုးအပြန့်ကို ဆီအနည်းငယ်လူး၍ ဖက်နှင့်အုပ်ထားတာကို မှောက်လျက်အနေဖြင့် ထည့်ပြီး အဖုံးအုပ်ကာ အပေါ်မီး၊ အောက်မီး အေးအေးဖြင့် အုံးထားပါ။
၇။ ၁၅ မိနစ်တစ်ခါ တစ်ဖက်သို့ လှန်ပေးပါ။ ထွက်လာသောရေများခန်းပြီး အနံ့မွှေးလာလျှင် ဖယ်ထုတ်၍ မီးပြန်ကင်ပေးပြီး သင်းပျံ့ မွှေးကြိုင်ကာ စပ်ရှိန်းရှိန်းအရသာ ပဲပြားအုံးကို တည်ခင်းသုံးဆောင်နိုင်ပါပြီ။
၈။ မီးဖိုမှာ ဒယ်အိုးနှင့် မအုံးလိုပါက ထုပ်ပြီးသော ပဲပြားထုပ်လေးများကို ဗန်းထဲ ထည့်ပြီး ဥလနည မှာ ၁၈၀ ဒီဂရီဖြင့် မိနစ် ၂၀ ခန့် ဖုတ်ပေး နိုင်ပါတယ်။ ငှက်ပျောဖက် မရနိုင်လျှင် ဖက်နှင့်မထုပ်ဘဲ အလူမီနီယံစက္ကူနှင့်ထုပ်ပြီး ပြုလုပ်နိုင်ပါတယ်။
---------------------------
Sofia

ကြက်သားလက်ဖက်သုပ်
------------------------------


တရုတ်ရိုးရာအစားအစာတွေမှာ လက်ဖက်ခြောက်နဲ့ ကျပ်တိုက်ပြီး ကင်တဲ့ ကြက်သား၊ လက်ဖက်ခြောက်အနံ့တို့ကို ယူပြီး လုပ်ထားတဲ့ ဟင်းရည်နဲ့ ထမင်းရှိပါတယ်။ လက်ဖက်ကတော့ မြန်မာ့ရိုးရာအစားအစာပါ။ လက်ဖက်ကို အမျိုးမျိုး လုပ်စားကြတယ်။ အိမ်မှာ အလွယ်တကူလုပ်နိုင်တဲ့ ကြက်သားလက်ဖက်သုပ်နည်းလေးကို ရေးပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်ပေါင်သား  –  ၂၃၀ ဂရမ်

ချင်း  –  ၂၀ ဂရမ်

ကြက်သွန်ဖြူ  –  ၂ မြွှာ

ရေ  –  ၆ဝဝ မီလီလီတာ

ဇယန်းလက်ဖက်အညွန့်  –  စားပွဲဇွန်း ၃ ဇွန်း

ငရုတ်သီးစိမ်းအနီ  –  ၂၈ ဂရမ်

ငရုတ်သီးစိမ်း  –  ၂၃ ဂရမ်

ကြက်သွန်ဖြူ  –  ၃၅ ဂရမ်

ချယ်ရီခရမ်းချဉ်သီး  –  ၅ လုံး

ဂေါ်ဖီ

သံပရာသီး  –  ၆ လုံး (သို့)

သံပရာရည် စားပွဲဇွန်း ၃ ဇွန်း

ပုစွန်ခြောက်  –  စားပွဲဇွန်း ၂ ဇွန်း (ရေစိမ်ထားပါ)

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆီ  –  စားပွဲဇွန်း ၃ ဇွန်း

ခရမ်းချဉ်သီး  –  ၂ လုံး (၁ဝဝ ဂရမ်)

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သွန်ဖြူကြော်  –  စားပွဲဇွန်း ၂ ဇွန်း

ငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ကြက်ရင်ပုံသားကို ပါးပါးလှီးထားတဲ့ ချင်း၊ ကြက်သွန်ဖြူ၊ ဆားထည့်ပြီး ပြုတ်ထားပါ။ ကျက်လျှင် ဆယ်ယူပြီး အအေးခံထားပါ။

၂။       ဇယန်းလက်ဖက်ကို ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်၊ ဆားတို့နဲ့ ရောပြီး ကြေညက်အောင် ထောင်းပါ။

၃။       လက်ဖက်ညက်လျှင် သံပရာရည်ထည့်ကာ စိမ်ပြီး နယ်ထားပါ။

၄။       ပြုတ်ထားတဲ့ ကြက်သားကို အသားမျှင်ထားပါ။

၅။       ဂေါ်ဖီနှင့် ခရမ်းချဉ်သီကို ပါးပါးလှီးထားပါ။

၇။       ပြီးလျှင် အသုပ်သုပ်မည့် ဇလုံထဲ မျှင်ထားတဲ့ ကြက်သားအသားကို ထည့်ပါ။ ပြီးလျှင် နှပ်ထားတဲ့ လက်ဖက်၊ ဂေါ် ဖီ၊ ခရမ်းချဉ်သီး၊ သံပရာရည်၊ ငံပြာရည်နှင့် ကြက်သွန်ဖြူကြော်တို့ကို ထည့်ပြီး နယ်ပါ။

၈။       ပြီးလျှင် ပန်းကန်ထဲကို ပြောင်းထည့်ကာ ကြက်သွန်ဖြူကြော် ဖြူးပြီး သုံးဆောင်ပါ။
-------------------------------------
Myint Oo Tha

စီချွမ်းကြက်ခြေထောက်ချဉ်စပ်
------------------------------------


ကြက်ခြေထောက်ကို နေရာဒေသအလိုက် ပုံစံအမျိုးမျိုးနဲ့ ပြင်ဆင် ချက်ပြုတ် သုံးဆောင်ကြတဲ့အထဲက စီချွမ်းပုံစံ ချဉ်စပ်ပြုလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
ကြက်ခြေထောက်  –  ၁၀ ချောင်း
ချင်း  –  လက်တစ်ဆစ်
စီချွမ်းဆော့စ်  –  ၁ ပန်းကန်

ပြုလုပ်နည်း
၁။       ကြက်ခြေထောက်ကို ရေဆေးသန့်စင်၍ ချင်းလက်တစ်ဆစ်ခန့်ကို ဓားပြားရိုက်ထည့်ပြီး ရေမြုပ်ရုံထည့်၍ နူးအိသည်အထိ ပြုတ်ထားပါ။
၂။       နူးအိပါက ဆယ်ယူ၍ အသင့်ဖျော်စပ်ထားသော စီချွမ်းဆော့စ်ဖြင့် သမအောင် မွှေပြီး ပန်းကန်မှာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

စီချွမ်းဆော့စ်ပြုလုပ်ပုံ
စီချွမ်းငရုတ်ဆီ  –  စားပွဲဇွန်း ၂ ဇွန်း
ပဲငံပြာရည်  –  ၂ ဇွန်း
ရှလကာရည်  –  ၂ ဇွန်း
နှမ်းဆီမွှေး  –  အနည်းငယ်
ကြက်သွန်ဖြူ  –  ၁ ဇွန်း (အစိမ်း/ဆီချက်)
နှမ်းလှော်  –  အနည်းငယ်
သကြား –   ၁/၂ ဇွန်း
ကြက်သွန်မြိတ်  –  ၁ ပင်
နံနံပင်  –  အနည်းငယ်
မြေပဲဆံ  –  အနည်းငယ် (optional)
ရေ  –  ၅ ဇွန်း

ပြုလုပ်နည်း
၁။       ပန်းကန်တစ်ချပ်ထဲ ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး သမအောင် မွှေ၍ အပေါ့ အငန် လိုသလို ပြုပြင်ပါ။
၂။       ကြက်သွန်ဖြူအစိမ်း မနှစ်သက်ပါက ဆီချက်ချက်ပြီးသား အစားထိုးသုံးနိုင်ပါတယ်။
၃။       စီချွမ်းငရုတ်ဆီပြုလုပ်ရန် စီချွမ်းငရုတ်ကောင်း ၁ ဇွန်း၊ နာနတ်ပွင့် ၂ ပွင့်ကို ဆီ ၅ ဇွန်းဖြင့် မွှေးလာ အောင် ဆီသတ်ပါ။ မွှေးလာပါက ဆီကို စစ်ယူပြီး ငရုတ်သီးမှုန့် ၃ ဇွန်းထည့်၍ အပူပြန်ပေးပါ။ မွှေးလာပါက မွှေပြီး မီးဖိုမှချပါ။ မကျွမ်းအောင် ဂရုပြုပါ။ စီချွမ်းငရုတ်ကောင်း (ဟွားကျောက်)ကို တရုတ်ကုန်စုံဆိုင်များမှာ ဝယ်ယူနိုင်ပါတယ်။
-------------------------------
Sofia

Curry Noodle Soup
-------------------------


Red Curry Paste ကို အသုံးပြုပြီး ခေါက်ဆွဲလေး လုပ်ထားတာ ဖြစ်ပါတယ်။ ထိုင်းအုန်းနို့ခေါက်ဆွဲလို့ ခေါ်ရမှာပေါ့နော်။

ပါဝင်ပစ္စည်းများ

Red Curry Paste  –  စားပွဲဇွန်း၂ ဇွန်း

အုန်းနို့  –  သံဘူး ၁ ဘူး

ဆန်ခေါက်ဆွဲ

ပဲပြား  –  ၁ တုံး

ငရုတ်သီးနီတောင့်  –  ၁ တောင့်

ပန်းပွင့်စိမ်း  –  အနည်းငယ်

ဆား  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၃ မြွှာ (နုပ်နုပ်စဉ်း)

ချင်း  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း (နုပ်နုပ်စဉ်း)

ဆီ  –  အနည်းငယ်

သံပရာသီး  –  ၁ လုံး

ရေ

ပြုလုပ်နည်း

၁။       ဆန်ခေါက်ဆွဲကို ရေစိမ်ထားပါ။ အိုးတစ်အိုးထဲမှာ ဆီထည့်ပြီး ကြက်သွန်ဖြူ နုပ်နုပ်စဉ်း၊ ချင်းနုပ်နုပ်စဉ်းတို့ကို ထည့်ပြီး ဆီသတ်ပါ။ Red Curry Paste ထည့်ပါ။ အုန်းနို့၊ ရေနှင့် ဟင်းခတ်များထည့်ပြီး သေချာလေး ရောမွှေပေးပါ။

၂။       ဆန်ခေါက်ဆွဲကို ထည့်ပြီး ကျက်အောင်ချက်ပါ။ ဆန်ခေါက်ဆွဲ ကျက်ပြီဆိုလျှင် ပန်းပွင့်စိမ်း၊ ငရုတ်သီးနီတောင့် ပါးပါးလှီး၊ ပဲပြား အနေတော် လှီးထားတာတွေကို ထည့်ပါ။ အရသာအနေတော် ပြင်ပြီးပြီဆိုလျှင် ပြင်ဆင်လို့ရပါပြီ။ သံပရာသီးကို အရည်လေး ညှစ်ပြီး သုံးဆောင်နိုင်ပါပြီ။
------------------------------
ဆုမြတ်ဦး

(Zawgyi)

ပဲျပားငါးအုံး
----------------


 ရွမ္းရိုးရာအစားအစာေလးပါ။ ဇာတိေျမ ရွမ္းျပည္နယ္ကို အလည္ျပန္ရင္း ကိုယ္မသိေသးတဲ့ ေဒသစာေလးေတြကို ဆိုဖီယာရဲ့ အန္တီေလးဆီကေန သင္ယူျဖစ္ခဲ့တာေလးေတြပါ။ ရွမ္းရိုးရာအစားအစာ မွိုအုံး၊ ငါးအုံးနည္းတူ လူသိမ်ားတဲ့ ပဲျပားကို အမဲသား သို့မဟုတ္ ငါးျဖင့္ေရာၿပီး ဟင္းခတ္ရြက္အစုံျဖင့္ စပ္ရွိန္းရွိန္းအရသာႏွပ္ထားၿပီး ငွက္ေပ်ာဖက္ျဖင့္ထုပ္ကာ က်က္ေအာင္ မီးအုံးထားေသာ သင္းပ်ံ႕ေမႊးႀကိဳင္တဲ့ ပဲျပားအုံးေလး ျဖစ္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
• ပဲျပား - ၅ဝဝ ဂရမ္
• ငါးအသား /အမဲသား - ၂၅၀ ဂရမ်
• ၾကက္သြန္နီ - ၂ လုံး
• ၾကက္သြန္ျဖဴ - ၁ လုံး
• င႐ုတ္သီးစိမ္း - အနည္းငယ္
• ခရမ္းခ်ဥ္သီး - ၂ လုံး
• နံနံပင္ - ၁ စည္း
• ပင္စိမ္းရြက္ - ၁ စည္း
• ဖက္ဖယ္ရြက္ - ၁ စည္း
• ရွမ္းနံနံ - ၂ ပင္
• ၾကက္သြန္ၿမိတ္ - ၃ ပင္
• က်ိဳခ်ိဳက္ - အနည္းငယ္
• ဆား - လက္ဖက္ရည္ဇြန္း ၁ ဇြန္း
• ရွမ္းပဲပုပ္ - ၁ ခ်ပ္
• ႃကက္ဥ - ၂ လုံး (သစအငသညေူ)
• ဟြားေက်ာက္ (ဇီခၽြမ္းင႐ုတ္ေကာင္း) - လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း
• ငွက္ေပ်ာဖက္ - ထုပ္ရန္

ျပဳလုပ္နည္း
၁။ ပဲျပားကို ဖိေျခထားပါ။ အမဲသား သို့မဟုတ္ ငါးအသားကို ႀကိတ္ထားပါ။
၂။ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ခရမ္းခ်ဥ္သီးႏွင့္ င႐ုတ္သီးစိမ္းတို့ကို ေသးေသးစိတ္ ထည့္ပါ။
၃။ က်န္ပါဝင္ေသာအရြက္မ်ားအားလုံးကိုလည္း ေရေဆးသန႔္စင္ၿပီး ေသးေသးစိတ္ ထည့္ပါ။
၄။ ရွမ္းပဲပုပ္ကို မီးကင္ၿပီး ေထာင္းထည့္ပါ။ ဟြားေက်ာက္ကို ေလွာ္ၿပီး အမွုန႔္ေထာင္း ထည့္ပါ။ ဆားထည့္၍ သမေအာင္နယ္ၿပီး ႏွပ္ထားပါ။
၅။ ငွက္ေပ်ာဖက္ကို ေရေဆးသန႔္စင္ၿပီး ပဲျပား၊ အသား သို့မဟုတ္ ငါး၊ အရြက္တို့ကို သမေအာင္ ထည့္ၿပီး ထုပ္ထားပါ။ မိမိႏွစ္သက္ရာ
အရြယ္ ထုပ္ပါ။
၆။ အိုးအျပန႔္ကို ဆီအနည္းငယ္လူး၍ ဖက္ႏွင့္အုပ္ထားတာကို ေမွာက္လ်က္အေနျဖင့္ ထည့္ၿပီး အဖုံးအုပ္ကာ အေပၚမီး၊ ေအာက္မီး ေအးေအးျဖင့္ အုံးထားပါ။
၇။ ၁၅ မိနစ္တစ္ခါ တစ္ဖက္သို့ လွန္ေပးပါ။ ထြက္လာေသာေရမ်ားခန္းၿပီး အနံ့ေမႊးလာလၽွင္ ဖယ္ထုတ္၍ မီးျပန္ကင္ေပးၿပီး သင္းပ်ံ႕ ေမႊးႀကိဳင္ကာ စပ္ရွိန္းရွိန္းအရသာ ပဲျပားအုံးကို တည္ခင္းသုံးေဆာင္နိုင္ပါၿပီ။
၈။ မီးဖိုမွာ ဒယ္အိုးႏွင့္ မအုံးလိုပါက ထုပ္ၿပီးေသာ ပဲျပားထုပ္ေလးမ်ားကို ဗန္းထဲ ထည့္ၿပီး ဥလနည မွာ ၁၈၀ ဒီဂရီျဖင့္ မိနစ္ ၂၀ ခန႔္ ဖုတ္ေပး နိုင္ပါတယ္။ ငွက္ေပ်ာဖက္ မရနိုင္လၽွင္ ဖက္ႏွင့္မထုပ္ဘဲ အလူမီနီယံစကၠဴႏွင့္ထုပ္ၿပီး ျပဳလုပ္နိုင္ပါတယ္။
---------------------------
Sofia

ၾကက္သားလက္ဖက္သုပ္
------------------------------


တ႐ုတ္ရိုးရာအစားအစာေတြမွာ လက္ဖက္ေျခာက္နဲ႔ က်ပ္တိုက္ၿပီး ကင္တဲ့ ၾကက္သား၊ လက္ဖက္ေျခာက္အနံ့တို့ကို ယူၿပီး လုပ္ထားတဲ့ ဟင္းရည္နဲ႔ ထမင္းရွိပါတယ္။ လက္ဖက္ကေတာ့ ျမန္မာ့ရိုးရာအစားအစာပါ။ လက္ဖက္ကို အမ်ိဳးမ်ိဳး လုပ္စားၾကတယ္။ အိမ္မွာ အလြယ္တကူလုပ္နိုင္တဲ့ ၾကက္သားလက္ဖက္သုပ္နည္းေလးကို ေရးေပးလိုက္ပါတယ္။

ပါဝင္ပစၥည္းမ်ား

ၾကက္ေပါင္သား  –  ၂၃၀ ဂရမ္

ခ်င္း  –  ၂၀ ဂရမ္

ၾကက္သြန္ျဖဴ  –  ၂ ႁမႊာ

ေရ  –  ၆၀ဝ မီလီလီတာ

ဇယန္းလက္ဖက္အညြန႔္  –  စားပြဲဇြန္း ၃ ဇြန္း

င႐ုတ္သီးစိမ္းအနီ  –  ၂၈ ဂရမ္

င႐ုတ္သီးစိမ္း  –  ၂၃ ဂရမ္

ၾကက္သြန္ျဖဴ  –  ၃၅ ဂရမ္

ခ်ယ္ရီခရမ္းခ်ဥ္သီး  –  ၅ လုံး

ေဂၚဖီ

သံပရာသီး  –  ၆ လုံး (သို့)

သံပရာရည္ စားပြဲဇြန္း ၃ ဇြန္း

ပုစြန္ေျခာက္  –  စားပြဲဇြန္း ၂ ဇြန္း (ေရစိမ္ထားပါ)

ဆား  –  လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း

ဆီ  –  စားပြဲဇြန္း ၃ ဇြန္း

ခရမ္းခ်ဥ္သီး  –  ၂ လုံး (၁၀ဝ ဂရမ္)

ဆား  –  လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း

ၾကက္သြန္ျဖဴေၾကာ္  –  စားပြဲဇြန္း ၂ ဇြန္း

ငံျပာရည္  –  စားပြဲဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း

၁။       ၾကက္ရင္ပုံသားကို ပါးပါးလွီးထားတဲ့ ခ်င္း၊ ၾကက္သြန္ျဖဴ၊ ဆားထည့္ၿပီး ျပဳတ္ထားပါ။ က်က္လၽွင္ ဆယ္ယူၿပီး အေအးခံထားပါ။

၂။       ဇယန္းလက္ဖက္ကို င႐ုတ္သီးစိမ္း၊ ပုစြန္ေျခာက္၊ ဆားတို့နဲ႔ ေရာၿပီး ေၾကညက္ေအာင္ ေထာင္းပါ။

၃။       လက္ဖက္ညက္လၽွင္ သံပရာရည္ထည့္ကာ စိမ္ၿပီး နယ္ထားပါ။

၄။       ျပဳတ္ထားတဲ့ ၾကက္သားကို အသားမၽွင္ထားပါ။

၅။       ေဂၚဖီႏွင့္ ခရမ္းခ်ဥ္သီကို ပါးပါးလွီးထားပါ။

၇။       ၿပီးလၽွင္ အသုပ္သုပ္မည့္ ဇလုံထဲ မၽွင္ထားတဲ့ ၾကက္သားအသားကို ထည့္ပါ။ ၿပီးလၽွင္ ႏွပ္ထားတဲ့ လက္ဖက္၊ ေဂၚ ဖီ၊ ခရမ္းခ်ဥ္သီး၊ သံပရာရည္၊ ငံျပာရည္ႏွင့္ ၾကက္သြန္ျဖဴေၾကာ္တို့ကို ထည့္ၿပီး နယ္ပါ။

၈။       ၿပီးလၽွင္ ပန္းကန္ထဲကို ေျပာင္းထည့္ကာ ၾကက္သြန္ျဖဴေၾကာ္ ျဖဴးၿပီး သုံးေဆာင္ပါ။
-------------------------------------
Myint Oo Tha

စီခၽြမ္းၾကက္ေျခေထာက္ခ်ဥ္စပ္
------------------------------------


ၾကက္ေျခေထာက္ကို ေနရာေဒသအလိုက္ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ျပင္ဆင္ ခ်က္ျပဳတ္ သုံးေဆာင္ၾကတဲ့အထဲက စီခၽြမ္းပုံစံ ခ်ဥ္စပ္ျပဳလုပ္နည္းေလး မၽွေဝေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
ၾကက္ေျခေထာက္  –  ၁၀ ေခ်ာင္း
ခ်င္း  –  လက္တစ္ဆစ္
စီခၽြမ္းေဆာ့စ္  –  ၁ ပန္းကန္

ျပဳလုပ္နည္း
၁။       ၾကက္ေျခေထာက္ကို ေရေဆးသန႔္စင္၍ ခ်င္းလက္တစ္ဆစ္ခန႔္ကို ဓားျပားရိုက္ထည့္ၿပီး ေရျမဳပ္႐ုံထည့္၍ ႏူးအိသည္အထိ ျပဳတ္ထားပါ။
၂။       ႏူးအိပါက ဆယ္ယူ၍ အသင့္ေဖ်ာ္စပ္ထားေသာ စီခၽြမ္းေဆာ့စ္ျဖင့္ သမေအာင္ ေမႊၿပီး ပန္းကန္မွာ တည္ခင္းသုံးေဆာင္နိုင္ပါၿပီ။

စီခၽြမ္းေဆာ့စ္ျပဳလုပ္ပုံ
စီခၽြမ္းင႐ုတ္ဆီ  –  စားပြဲဇြန္း ၂ ဇြန္း
ပဲငံျပာရည္  –  ၂ ဇြန္း
ရွလကာရည္  –  ၂ ဇြန္း
ႏွမ္းဆီေမႊး  –  အနည္းငယ္
ၾကက္သြန္ျဖဴ  –  ၁ ဇြန္း (အစိမ္း/ဆီခ်က္)
ႏွမ္းေလွာ္  –  အနည္းငယ္
သၾကား –   ၁/၂ ဇြန္း
ၾကက္သြန္ၿမိတ္  –  ၁ ပင္
နံနံပင္  –  အနည္းငယ္
ေျမပဲဆံ  –  အနည္းငယ္ (optional)
ေရ  –  ၅ ဇြန္း

ျပဳလုပ္နည္း
၁။       ပန္းကန္တစ္ခ်ပ္ထဲ ပါဝင္ပစၥည္းမ်ား အားလုံးထည့္ၿပီး သမေအာင္ ေမႊ၍ အေပါ့ အငန္ လိုသလို ျပဳျပင္ပါ။
၂။       ၾကက္သြန္ျဖဴအစိမ္း မႏွစ္သက္ပါက ဆီခ်က္ခ်က္ၿပီးသား အစားထိုးသုံးနိုင္ပါတယ္။
၃။       စီခၽြမ္းင႐ုတ္ဆီျပဳလုပ္ရန္ စီခၽြမ္းင႐ုတ္ေကာင္း ၁ ဇြန္း၊ နာနတ္ပြင့္ ၂ ပြင့္ကို ဆီ ၅ ဇြန္းျဖင့္ ေမႊးလာ ေအာင္ ဆီသတ္ပါ။ ေမႊးလာပါက ဆီကို စစ္ယူၿပီး င႐ုတ္သီးမွုန႔္ ၃ ဇြန္းထည့္၍ အပူျပန္ေပးပါ။ ေမႊးလာပါက ေမႊၿပီး မီးဖိုမွခ်ပါ။ မကၽြမ္းေအာင္ ဂ႐ုျပဳပါ။ စီခၽြမ္းင႐ုတ္ေကာင္း (ဟြားေက်ာက္)ကို တ႐ုတ္ကုန္စုံဆိုင္မ်ားမွာ ဝယ္ယူနိုင္ပါတယ္။
-------------------------------
Sofia

Curry Noodle Soup
-------------------------


Red Curry Paste ကို အသုံးျပဳၿပီး ေခါက္ဆြဲေလး လုပ္ထားတာ ျဖစ္ပါတယ္။ ထိုင္းအုန္းနို့ေခါက္ဆြဲလို့ ေခၚရမွာေပါ့ေနာ္။

ပါဝင္ပစၥည္းမ်ား

Red Curry Paste  –  စားပြဲဇြန္း၂ ဇြန္း

အုန္းနို့  –  သံဘူး ၁ ဘူး

ဆန္ေခါက္ဆြဲ

ပဲျပား  –  ၁ တုံး

င႐ုတ္သီးနီေတာင့္  –  ၁ ေတာင့္

ပန္းပြင့္စိမ္း  –  အနည္းငယ္

ဆား  –  အနည္းငယ္

ၾကက္သြန္ျဖဴ  –  ၃ ႁမႊာ (ႏုပ္ႏုပ္စဥ္း)

ခ်င္း  –  လက္ဖက္ရည္ဇြန္း ၁ ဇြန္း (ႏုပ္ႏုပ္စဥ္း)

ဆီ  –  အနည္းငယ္

သံပရာသီး  –  ၁ လုံး

ေရ

ျပဳလုပ္နည္း

၁။       ဆန္ေခါက္ဆြဲကို ေရစိမ္ထားပါ။ အိုးတစ္အိုးထဲမွာ ဆီထည့္ၿပီး ၾကက္သြန္ျဖဴ ႏုပ္ႏုပ္စဥ္း၊ ခ်င္းႏုပ္ႏုပ္စဥ္းတို့ကို ထည့္ၿပီး ဆီသတ္ပါ။ Red Curry Paste ထည့္ပါ။ အုန္းနို့၊ ေရႏွင့္ ဟင္းခတ္မ်ားထည့္ၿပီး ေသခ်ာေလး ေရာေမႊေပးပါ။

၂။       ဆန္ေခါက္ဆြဲကို ထည့္ၿပီး က်က္ေအာင္ခ်က္ပါ။ ဆန္ေခါက္ဆြဲ က်က္ၿပီဆိုလၽွင္ ပန္းပြင့္စိမ္း၊ င႐ုတ္သီးနီေတာင့္ ပါးပါးလွီး၊ ပဲျပား အေနေတာ္ လွီးထားတာေတြကို ထည့္ပါ။ အရသာအေနေတာ္ ျပင္ၿပီးၿပီဆိုလၽွင္ ျပင္ဆင္လို့ရပါၿပီ။ သံပရာသီးကို အရည္ေလး ညႇစ္ၿပီး သုံးေဆာင္နိုင္ပါၿပီ။
------------------------------
ဆုျမတ္ဦး

No comments: