Tuesday, June 9, 2020

ဆံပင်ကို အခြားအရောင်ဆိုးတော့မယ်ဆိုရင်


(Unicode)

ဆံပင်ကို အခြားအရောင်ဆိုးတော့မယ်ဆိုရင်

#Alex_Aung
#KoHtike

(အခုနောက်ပိုင်း လူငယ်တွေသာမက လူလတ်ပိုင်းကျွန်တော်တို့အရွယ်တွေပါ ဆံပင်အရောင်ကစားပြီး အသွင်​အပြင်​လှပလန်းဆန်းနုပျိုအောင် ပြုလုပ်နေကြတဲ့ Hair Colour
ဆံပင်ကာလာ ဆေးဆိုးရာမှာ သိသင့်တဲ့ အခြေခံအချက်အလက်လေးတွေကို Smile ကိုထိုက်ရဲ့ ပြောပြချက်အား ပြန်လည်ဝေငှလိုက်ပါတယ်။)

မိမိဆံပင်ကို နဂိုအမေမွေးစကတည်းကပါလာတဲ့ အရောင် (colour) ကိုအရောင်ထပ်ချင်လို့ပဲဖြစ်ဖြစ် အခြားအရောင်ကို ဆိုးချင်လို့ပဲဖြစ်ဖြစ် ဆေးဆိုးမယ်လို့ဆုံးဖြတ်ထားရင် အိမ်မှာပဲဖြစ်ဖြစ် ဆိုင်မှာပဲဆိုးဆိုး သိထားဖို့လိုတဲ့အချက်လေးတွေကို သိထားသမျှ ပြန်လည်ပြောပြပါ့မယ်။

<<< အရောင်ရွေးချယ် (Choosing Your Color) >>>
ဘယ်အရောင်လေးဆိုးမယ်ဆိုတာ ဆုံးဖြတ်ဖို့ သည်အချက်လေးတွေကို အရင်ဖတ်ကြည့်ပါ။

Hair Color တွေမှာ
(၁) Warm Tone
(၂) Cool Tone
(၃) Natural Tone ဆိုပြီးရှိပါတယ်။

အနီရောင်၊ ကြေးနီရောင်၊ Beige Blonde ၊ Golden Blonde တွေက “Warm Tone” တွေဖြစ်ပြီး၊
Ash Brown and Blonde Color/Deep Violet / Blue နဲ့ Platinum တွေက “Cool Tone” တွေဖြစ်ပါတယ်။

ခုပြောပြမယ့်အရောင်တွေက Permanent Hair Color တွေပါ။ “Warm Tones” တွေကလင်းစေပြီး “Cool Tones” တွေက အငြိမ်ရောင် တွေပါ။ တစ်ခါတလေ ဆံပင်က စဆိုးတုန်းက အကောင်း၊ တဖြည်းဖြည်းနဲ့လိမ္မော်ရောင်ပြောင်းလာတာကိုကြုံဖူးကြမှာပါ။ ဒီလိုပြောင်းလာ တာကို ကျွန်တော်တို့လို Asian ဆံပင်တွေရှောင်လွှဲလို့မရပါဘူး။ Warm Tones ကိုရွေးချယ်တဲ့သူတွေမှားသည်လိုပြောင်းတာပိုမြန်တတ် ပါတယ်။ Cool Tones တွေကပြောင်းတော့ပြောင်းပေမယ့် ကြာတတ်ပါတယ်။ အနီရောင်လိုမျိုး အရောင်တွေက ဆံပင်မှာကြာရှည်စွဲဖို့ ခက်ခဲပါတယ်။ Red Hair Dye Molecules တွေက တခြားကာလာ Molecules တွေထက်ပိုကြီးပါတယ်။ ပိုသေးတဲ့ Red Dye Molecules တွေက ကင်ဆာဖြစ်စေတတ်လို့ မထုတ်လုပ်ကြဘူးလို့သိရပါတယ်။
ဆေးဆိုးမယ့်သူတွေသတိပြုရမယ့်အချက်က ပြန်ပြီးအရောင်မတင်ရင် အနီရောင်က အလွန်ဆုံးတစ်လလောက်ပဲခံပါတယ်။ လျှော်တိုင်း အရောင်တွေထပ်ကျလာပြီး အုတ်ကျိုးရောင်ဘက်ပြောင်းသွားတတ်ပါတယ်။

 “အရောင်ထွက်ချင်တာ အရောင်က ထင်သလောက်လည်း မထွက်ဘူး”ဆိုသူများအတွက် သိထားရမယ့်အချက်ကတော့ လူတစ်ယောက်ချင်းစီရဲ့ ဆံပင်တွေက အရောင်စုပ်ယူနိုင်စွမ်းအားမတူပါဘူး။ အဲဒါကြောင့် ကိုယ့်ဘာသာကိုယ် အိမ်မှာဆိုးမယ့်သူတွေ အတွက် ကိုယ်လိုချင်တဲ့ အရောင်ထက်တစ်ဆင့်ပိုတောက်တဲ့ အရောင်ကိုရွေးချယ်ပါလို့အကြံပေးပါရစေ။ တောက်သွားလို့ စိတ်ညစ်ရတာ ထက် ထင်သလောက်မထွက်လို့ စိတ်ညစ်ရတာတွေကိုတွေ့နေရပါတယ်။

နဂိုဆံပင်အရမ်းနက်တဲ့သူတွေအတွက်တော့ တစ်ချီတည်းနဲ့ ကိုယ်လိုချင်တဲ့အရောင်ရဖို့ခက်ပါမယ်။ တကယ့် professional stylist တွေတောင်အနည်းဆုံး ၆နာရီလောက်အချိန်ယူပါတယ်။ တစ်ခါတလေ ကိုယ်လိုချင်တဲ့အရောင်ဆိုရင် သူတို့ တစ်လတန်သည်၊ နှစ်လတန်သည် အချိန်ယူပြီး တစ်ဆင့်ခြင်းအရောင်ပြောင်း ယူကြပါတယ်။ Customer ရဲ့ ဆံပင်လည်းမပျက်စီး၊ လိုချင်တဲ့အရောင်လည်းရအောင်ပါ။ သုံးနာရီလောက်နဲ့ ချွတ်ဆေးဒလဟောသုံး မလုပ်ကြပါဘူး။

အချို့သော Customer တွေက သူတို့လိုချင်တဲ့ Colour အရောင်မရရင်စိတ်တိုင်းမကျဘူး။ သူတို့ရဲ့ဆံပင်အရောင်ကဘာကြောင့်မရတာ လဲဆိုတာ သေချာနားမလည်လို့ ဖြေရှင်းရတဲ့ ပြဿနာတွေလဲရှိမှာပါ။ လူတစ်ယောက်ချင်းစီရဲ့ ဆံပင်တွေက အရောင်စုပ်ယူနိုင်စွမ်းအား မတူပါဘူး။ လိုချင်တဲ့အရောင်ရဖို့အတွက် အချိန်ပေးရမယ် ငွေကုန်ခံရမယ်၊ ဒါမှအဆင်ပြေမှာ ချက်ချင်းအရောင်ပြောင်းယူဖို့မလွယ်ပါဘူး။ အချို့တရုတ်ဆေး colour တွေဆိုပြောင်းယူဖို့အတော်ခက်တယ် လိုချင်တဲ့ Colour မရနိုင်ပါဘူး။

ဒါကြောင့် အိမ်မှာ ကိုယ့်ဘာသာကိုယ် ဆေးဆိုးမယ့်သူတွေက အဲသည်အချက်လေးတွေကို သတိမူစေချင်ပါတယ်။ Light Blonde လိုချင်တယ်၊ ဒါပေမယ့် ဆံပင်က အမည်းရောင်ဆိုရင်တော့ အချိန်ပေးရမှာပါ။ Medium Blonde ဆိုး၊ တစ်လအကြာ Light Blonde ပြန်ဆိုးကြည့်ပါ။ ထူးခြားတာကို သတိထားမိပါမယ်။ Light Blonde ကိုပဲ ထပ်ကာ ထပ်ကာဆိုးနိုင်ပါတယ်။
Hair Colour ဖျော့လေလေ Developer အားပြင်းလေလေဆိုတာ သတိထားသင့်ပါတယ်။ ချွတ်ဆေးလို့ တိုက်ရိုက်မရေးထားပေမယ့် Developer ထဲမှာပါတာကိုတော့သတိထားရပါမယ်။

အရောင်တောက်ချင်တယ် ဒါပေမယ့် ချွတ်ဆေးမသုံးချင်ဘူး။ (လုံးဝမရပါဘူး) အချို့ဆိုင်တွေမှာ ချွတ်ဆေးမသုံးဘူးဆိုပြီးပြောတာရှိ ပါတယ်။ အဲဒါလုံးဝမဟုတ်ပါဘူး။ ကိုယ့်ဆံပင်နဲ့လုံးဝဆန့်ကျင်ဘက်ကာလာရဖို့အတိုင်းအတာတစ်ခုထိချွတ် ဒါမှမဟုတ်ရင် အပေါ်မှာ ပြောခဲ့သလိုပဲ တဖြည်းဖြည်းအရောင်ပြောင်းယူပါ။ ကျွန်တော်ကတော့ တဖြည်းဖြည်းပြောင်းယူတဲ့နည်းကိုကြိုက်ပါတယ်။ ကောင်းလည်း ကောင်းပါတယ်။ Customer တွေလက်ခံရင်ပေါ့ ဆံပင်ပျက်စီးတာလည်း သက်သာပါတယ်။

OMBRE Colour တွေကို အတွေ့အကြုံမရှိသေးရင် ကိုယ့်ဘာသာကိုယ်မစမ်းသပ်ပါနဲ့။ လိုချင်တဲ့ color shift မရဘဲ ကွက်သွားတတ်ပါတယ်။ ဆံပင်ဆိုးဆေးကို လိုလိုမယ်မယ်ပိုဝယ်သင့်ရင်ဝယ်ထားပါ။
ဆိုးရင်းတန်းလန်းမလောက်ရင် အခက်အခဲဖြစ်နိုင်တယ်။ ပိုလို့မဖျော်ရသေးရင် နောက်လည်းဆိုးလို့ရပါတယ်။ အသက်ထွက်နေတဲ့ဆံပင်တွေကအမည်းရောင်၊ အောက်ပိုင်းက ရွှေရောင်ဖြစ်နေပြီး အနီရောင်ပြောင်းဆိုးချင်တယ်ဆိုရင်တော့ အမည်းရောင်တွေကို ရွှေရောင်ဖြစ်အောင်အရင်အရောင်ညှိပြီးမှဆိုးရပါမယ်။ မဟုတ်ရင် ထိပ်ကတစ်ရောင် အောက်ပိုင်းတစ်ရောင်ဖြစ်တတ်ပါတယ်။ ဒါကိုတော့ colour ဆိုးမည့်သူတိုင်း သိထားသင့်တယ်။ အားလုံးအမည်းရောင်ဆိုးလို့ရမလားဆိုရင်တော့မရပါဘူး။ အနီရောင်က ဆိုးဆေးအမည်းရောင်ပေါ်မတင်လို့ပါ။

LOREAL, REVLON, GARNIER And SCHWARZKOPF = အိမ်မှာဆိုးလို့အဆင်ပြေပါတယ်။

Revlon က Loreal လောက်အရောင်သိပ်မထွက်ပါဘူး။
LOREAL မှာ Excellence, Excellent Fashion, Preference, Superior Preference, Feria, Excellence  Mousse, Color Rays မျိုးစုံရှိတဲ့အထဲက Preference ကိုပိုကြိုက်ပါတယ်။ Feria လေးလည်းကောင်းပါတယ်။ အားလုံးလည်းသုံးဖူးပါတယ်။

GARNIER ရဲ့ Dark Tones တွေက အရောင်အရမ်းစွဲပါတယ်။ သူ့ကိုဆိုးပြီးရင် တခြားကာလာပြန်ပြောင်းဖို့ခက်ပါတယ်။

Clairol, Schwarzkopf တို့ကတော့ ဆံပင်နည်းနည်းကြမ်းသလိုခံစားရပါတယ်။ Colour ဆိုးပြီးရင်တော့ Schwarzkopf ကထုတ်တဲ့ Shampoo Colour Freeze Shampoo သုံးရင် ဆံပင်အရောင်မကျဘူး ဆံသားလည်းမကြမ်းပါဘူး။

Schwarzkopf/Loreal/Revlon ကာလာတွေကိုပဲရည်ရွယ်ပြီးပြောရခြင်းက အခုလက်ရှိ Brand တွေထဲမှာ သည်ဆိုးဆေးတွေက အကောင်းဆုံးပါပဲလို့ပြောလို့ရပါတယ်။ Colour အစုံရှိပါတယ်။

<<< ဆံပင်ဆေးဆိုးနေစဉ် (During Coloring)>>>


သေချာနှံ့အောင်ဆိုးဖို့တော့လိုပါမယ်။ ဆေးဆိုးတဲ့အခါ ဦးရေပြားနဲ့ လက်တစ်လုံးလောက်ခွာပြီး ဆံပင်ကိုဆေးထည့်ပါ။ ဆေးမပုံပါစေနဲ့။ လက်နဲ့ တစ်လွှာခြင်းပွတ်ဆွဲပေးပါ။ မိနစ် ၂ဝလောက်ထားပြီး ဒုတိယအကြိမ် တစ်ခေါင်းလုံးနှံ့စပ်အောင်ပြန်ဆိုးပါ။ ဆေးဆိုးတဲ့အခါ ငယ်ထိပ်၊ နားထင်၊နားရွက်တွေမှာ ဆေးပုံသွားရင် ဆေးများသွားရင် အရောင်ပိုထွက်ပါတယ်။ သေချာဆေးထည့်ပေးပါ။ ဆံပင်ဆိုးဆိုးပြီးချင်း Shower Cap နဲ့အုပ်ပြီး ခေါင်းမလျှော်ခင် Dryer နဲ့အပူပေးရင်လည်း ဆံပင်အရောင်တက်စေပါတယ်။
မိနစ် ၂ဝလောက်ထားပြီး ဆံပင်ကိုတစ်လွှာခြင်းဆေးထပ်ထည့်ဖို့လိုရင်ထည့်ပါ။ ဖီးသင့်ရင်ဖီးပါ ပစ်မထားပါနဲ့။ ခေါင်းနဲ့လက်မကွာထားပါ။ ပစ်ထားရင် အရောင်မညီတာတွေဖြစ်တတ်ပါတယ်။ ဆိုးဆေးတွေမကျန်အောင် သေချာရေနဲ့ပဲလျှော်ချပါ။ ပေါင်းဆေး ဒါမှမဟုတ် ဆိုးဆေးနဲ့ပါလာတဲ့ Conditioner ကိုပဲသုံးပါ။

<<<ဆေးဆိုးပြီးနောက် ထိန်းသိမ်းခြင်း (Aftercare and Maintenance of Color) >>>

ဆံပင်ဆိုးဆေးကတော့ အနည်းနဲ့အများဆိုသလို ဆံပင်ပျက်ဆီးတတ်ပါတယ်။ ဆံပင်ကိုခြောက်မနေအောင် ခေါင်းလျှော်တိုင်း Conditioner သာမက ပေါင်းဆေးကိုလည်းသုံးပေးရပါမယ်။ အနီရောင်၊ ပန်းရောင် (red/pink/mahogany) က ကာလာဘယ်လိုပြောင်း တယ်ဆိုတာ အပေါ်မှာပြောခဲ့ပြီးပါပြီ။
ဒါပေမယ့် အနီရောင်မှ အနီရောင်ကြိုက်တယ်။ ဆိုးချင်တယ်၊ ကြာကြာလည်း ခံစေချင်တယ်၊ ဘယ်လိုလုပ်ရမလဲဆိုသူတွေအတွက် ကတော့ ခေါင်းကိုခဏခဏမလျှော်ပါနဲ့။ လျှော်တဲ့အခါတိုင်း hair colour ကြာရှည်ခံအောင်ကူညီမည့် shampoo ကိုသာရွေးချယ်သုံးပါ။ ရေအေးနဲ့ပဲလျှော်ပါ။ သည်နည်းလေးတွေက အရောင်ပြောင်းတာကိုကြာစေပါတယ်။

သည်ထက်ပိုပြီးထိန်းသိမ်းချင်တယ်ဆိုရင် Manic Panic လိုမျိုး Semi Permanent hair dye တွေနဲ့ နှစ်ပတ်တစ်ခါပြန်ဆိုးပေးနိုင်ပါတယ်။ Semi Permanent Hair Dye တွေကြောင့်ဖြစ်တဲ့ ဆံပင်ပျက်စီးမှုက Permanent hair dye တွေထက်ပိုနည်းပါတယ်။

Manic Panic က သူတို့ဆိုးဆေးကိုသတ်သတ်လွတ်နဲ့ Vegan သမားတွေတောင်သုံးနိုင်ပါတယ်လို့တောင် အာမခံထားပါတယ်။ ဒါဆိုရင်တော့ ပုံမှန်ထက်ပိုခံတဲ့ အနီရောင်ဆံပင်လေးပိုင်ဆိုင်မှာပါ။ ဆိုးပြီးကြာလာရင် ပြောင်းလာတဲ့ကြေးနီရောင်ကို ဘယ်လိုပြန်လျှော့ချမလဲဆိုတော့ Color Save Shampoo ကိုခေါင်းလျှော်ရင်သုံးနိုင်ပါတယ်။ Purple Shampoo တွေလည်း သုံးလို့ရပါတယ်။ သူက အမြဲသုံးဖို့တော့မလိုပါဘူး။ နောက်ပြီး Brassy Hair Color Toners တွေသုံးလို့ရပါတယ်။

Schwarzkopf ကထုတ်တဲ့ Toner Moussee တွေလည်းရှိပါတယ်။ သူကသုံးပြီးရင်ဆိုးထားတဲ့ ဆံပင်အရောင်ပြန်ရအောငာ်လုပ်ပေးပါတယ်။ Toner အရောင်ရွေးတတ်ဖို့လည်းလိုပါတယ်။

အနီရောင်ကိုလျှော့ချင်ရင် Toner အစိမ်း၊ လိမ္မော်ဆိုရင် Toner အပြာဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် Purple Shampoo နဲ့ Toner တွေက မြန်မာနိုင်ငံမှာတော့ ရဖို့မလွယ် လောက်ပါဘူး။ အလွယ်ဆုံးနည်းလမ်း Cool Color Tones တွေပြန်ဆိုးလို့ပဲရပါမယ်။


<<<အရောင်ခပ်ဆန်းဆန်းတွေဆိုးမယ်ဆိုရင် (Hair Crazy Colour )>>>

Crazy Colour တွေကဆံသားကို ပျက်ဆီးစေပါတယ်။ ဆံသားခြောက်တယ် အဖျားနှစ်ခွဖြစ်တယ်၊ ဆံသားကအဆီအနှစ်မရှိတော့ပါဘူး။ Crazy Colour ဆိုးပြီးဆံပင်ဖြောင့်မယ် ကောက်မယ်ဆိုရင်လည်း အဆင်မပြေပါဘူး။ ဘာကြောင့်လဲဆိုတော့ Crazy Colour ဆိုးမယ်ဆိုရင် ဆိုးမယ့် Customer ရဲ့ဆံပင်အရောင်ခံရှိမှရမယ်၊ Light Blonde လောက်ရှိမှဆိုးလို့ရတယ်။ Light Blonde ဆိုရင်ဆိုးလို့မရပါဘူး။ Dark Brown ဆိုရင်တော့ လုံးဝမရပါဘူး။ အဲဒီတော့ ဆံပင်ကိုဆေးနဲ့ချွတ်ပြီးဆိုးမှရပါတယ်။ ဆံပင်ကိုချွတ်ဆေးထိလိုက်ပြီဆိုကတည်းက ဆံပင်လုံးဝပျက်ဆီးပြီဆိုတာ သိထားသင့်ပါတယ်။ Crazy Colour နဲ့ပတ်သက်ပြီး ဆံပင်ကိုလုံးဝ effect မရှိပါဘူး ဖယောင်းဆေးပါလို့ ဆံသားမပျက်ဆီးပါဘူးဆိုတဲ့ ပညာရှင်တွေကိုက မှားနေတာ။ အဲဒီအချက်တွေကို Customers တွေမသိတာ လက်ခံလို့ရပါတယ်။ ပညာရှင်တွေလုပ်ပြီး သေချာမသိတာ စေတနာမထားတာကတော့ လက်ခံလို့ကိုမရဘူး။

Customer အတော်များများ လှသာလှချင်ကြတယ် အချိန်ကိုအများကြီးမပေးနိုင်ဘူး၊ ဆေးဆိုးရင် ၂နာရီ ၃နာရီဘဲ အချိန်ပေးနိုင်တယ်။ အဲဒီတော့ အရောင်ခံမရှိရင် ဆန့်ကျင်ဘက်အနေနဲ့ အရောင်ချွတ်မှ ရတော့မယ်လေ။ Hair Colour ဖျော့လေလေ Developer အားပြင်း လေလေဆိုတာ သတိထားသင့်ပါတယ်။ ချွတ်ဆေးလို့တိုက်ရိုက်မရေးထားပေမယ့် Developer ထဲမှာပါတာကို သတိထားရပါမယ်။ အရောင်တောက်ချင်တယ် ဒါပေမယ့် ချွတ်ဆေးမသုံးချင်ဘူး။ (လုံးဝမရပါဘူး) အချို့ဆိုင်တွေမှာ ချွတ်ဆေးမသုံးဘူးဆိုပြီးပြောတာရှိ ပါတယ်။ အဲဒါလုံးဝမဟုတ်ပါဘူး။

ကိုယ့်ဆံပင်နဲ့ လုံးဝဆန့်ကျင်ဘက် အရောင်ရဖို့ဆိုရင် အတိုင်းအတာတစ်ခုထိချွတ်ရပါတယ်။ ဆံပင်ကိုချွတ်ပြီးမှ ကိုယ်လိုချင်တဲ့ Crazy Colour တွေ Green/Orange/Red/Blue/Violet/Pink ရပါတယ်။ Crazy Colour တွေက လူတိုင်းမျက်နှာနဲ့လဲ မလိုက်ဖက်ပါဘူး။

ဆိုးချင်တယ်ဆိုရင်လည်း ဆံပင်ကို တစ်ခေါင်းလုံးဆိုးတာထက် Highlight လေးတွေဖောက်ပါ။ ပျက်ဆီးတာသက်သာပါတယ် အမြင်လဲမရိုင်းပါဘူး။ High Light ဖောက်ရင်လဲ တချို့ဦးခေါင်းထိပ်ကနေပြီး အပြားလိုက်ကြီးတွေဖောက်ကြတယ်။ တချို့ကကိုယ်ဖောက် ထားတာကို အထင်းသားပေါ်ချင်ကြတယ်။ အဲသည်ပုံတွေက လူတိုင်းနဲ့မလိုက်ပါ။ ကိုယ်ဆိုးချင်တဲ့အရောင်ကြောင့် ကိုယ့်မျက်နှာဟာ မှောင်သွားစေပါတယ်။ Highlight ဖောက်မယ်ဆိုရင် အပြားကြီးကြီးဖောက်ချင်တယ်ဆိုရင် ဆံပင်ရဲ့အတွင်းပိုင်းကိုဖောက်ပါ။
နောက်တစ်နည်းက Gold Light Blonde ရောင်ခံပေါ်မှာ Ash Extra/ Cendre လို အရောင်မျိုးလေးတွေကို အချောင်းသေးသေးလေးတွေ များများဖောက်ပါ။

လုပ်ပေးတဲ့ပညာရှင်ရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပြီး ဒီဇိုင်းမိုက်မိုက်လေးတွေရပါတယ်။ ဆံပင်စီးနှောင်ထားလဲလှပါတယ်၊ ချထားလဲလှပါတယ်၊ ကောက်ထားလဲလှတယ်၊ ဖြောင့်ထားလဲလှပါတယ်။ အခုဆိုရင် မိမိဆံပင်ရဲ့ သုံးပုံတစ်ပုံလောက် အောက်ပိုင်းအဖျားတွေကို Crazy Colour တွေဆိုးကြပါတယ်။ တစ်ရောင်တည်းဆိုးလည်းရသလို အရောင်များများလည်းဆိုးလို့ရပါတယ်။ သည်နည်းစနစ်ကတော့ကောင်းပါတယ် ဆံပင်ပျက်ဆီးရင်တောင် အောက်ပိုင်းအဖျားဆိုတော့ တဖြည်းဖြည်းညှပ်ထုတ်ရင်ကုန်ပါတယ်။

နောက်တစ်နည်းက ဆံပင်ရဲ့အဖျားပိုင်းကိုပဲဖောက်တာလဲလှပါတယ်။ ဆံပင်ပျက်စီးရင်တောင် အဖျားပိုင်းဆိုတော့ ဖြေးဖြေးခြင်းညှပ် ထုတ်ပစ်လို့ရပါတယ်။ အခုနောက်ပိုင်း အဖျားပိုင်းတွေအလုပ်များကြတယ်။
အရောင်ဆန်းဆန်းလေးတွေဆိုးချင်တယ် အခုလက်ရှိဆိုးထားတဲ့အရောင်က အမှိန်ရောင်ဆိုရင် အချိန်ပေးပြီးလုပ်ပါ။ လက်ရှိအရောင်ထက် ဆန့်ကျင်ဘက်အရောင်ကိုဆိုးမယ်ဆိုရင်တော့ ဆံပင်သားလဲမပျက်စီးဘူး ချွတ်ဆေးလဲသုံးစရာမလိုဘူး။ ဒါပေမဲ့ အချိန် ၆နာရီ ဒါမှမဟုတ် တစ်လတန်သည် တစ်လ၊ နှစ်လတန်သည် နှစ်လအချိန်ပေးပါ။

Light Blonde အရောင်ကိုပဲ တစ်ရောင်ထဲဆိုးတိုင်း 9/0 ပဲဆိုးထွက်လာတဲ့အရောင်က ပထမဆိုးတုန်း 9/0 အရောင်လိုမဟုတ်တော့ဘူး အရမ်းလှပါတယ် တခြားနိုင်ငံတွေမှာ သည်လိုပဲဆိုးကြတာပါ။ ကျွန်တော်ကတော့ တဖြည်းဖြည်းပြောင်းယူတဲ့နည်းကိုသုံးစေချင်ပါတယ်။ ဆံပင်ပျက်စီးတာလည်း သက်သာပါတယ်။
ဆံပင်ဆေးဆိုးပြီးရင်လဲ သည်အတိုင်းထားတာထက် ပြုပြင်ထိန်းသိမ်းဖို့လိုပါတယ်။ မွဲခြောက်ပျက်စီးလာမှ ဆံပင်ပေါင်းတင်တာမျိုး မလုပ်ဘဲ မပျက်စီးခင်ကတည်းက ဆံပင်ကို ပေါင်းတင်တာမကြာခဏလုပ်ပေးရပါတယ်။ ဒါမှ ကောင်းမွန်တဲ့ဆံပင်သားလေးကို ပိုင်ဆိုင်မှာပါ။

ပညာရှင်တွေကလည်း ကိုယ်သုံးမယ့်ဆေးအကြောင်းကိုနားလည်ထားဖို့လိုသလို ကိုယ်လုပ်ပေးမယ့် Customer ရဲ့ဆံသားအကြောင်းကို လည်းနားလည်ထားဖို့လိုတယ်။ လုပ်တတ်ရုံနဲ့မပြီးဘူး နားလည်ဖို့လဲလိုတယ်။ Crazy Colour ဆိုးရတာအရမ်းလွယ်တယ်။ ဆိုးပြီးလို့ အခြားအရောင်ပြန်ပြောင်းတော့မယ်ဆိုရင် အခက်တွေ့ပြီ။ အချို့ Red ဆိုးထားရင် အခြားကာလာဆိုးမယ်ဆိုရင် မဆိုးတတ်ဘူး။ သူတို့သိထား ဒါမှမဟုတ် ဆိုးမရတဲ့အရောင်ကို ချွတ်ဆိုးရင်ရတယ်ထင်တတ်ကြတယ်။ Red အရောင်ကို ဘာနဲ့သတ်ရမယ်ဆိုတာမသိဘူး။ လူတိုင်းကိုပြောတာမဟုတ်ဘူးနော်။

ဆေးကောင်းတို့မည်သည်မှာ Colour Chart ထဲကပြထားတဲ့ အရောင်လိုချင်ရင် နှစ်မျိုးသို့မဟုတ် လေးမျိုးစပ်ဆိုးရပါတယ်။ နှစ်ကြိမ်မှ သုံးကြိမ်လဲဆိုးရပါတယ်။ China ဆေးတွေကတော့ ကိုယ်လိုချင်တဲ့အရောင်ကို Light Blonde အရောင်လောက်ကို တိုက်ရိုက်တစ်ခါတည်းဆိုးလို့ရပါတယ်။ လိုချင်တဲ့အရောင်အတော်များများကို တစ်ဘူးထဲဆိုးလို့ရပါတယ်။ သုံးနေကြလူတွေသိပါတယ်။
ပညာရှင်တွေက ဆိုင်မှာလုပ်ပေးလိုက်တယ် Customer ကနောက်တစ်ကြိမ် သူလာရင်အရောင်ပြန်ပြောင်းချင်တယ်ဆိုရင်တော့ ကာလာစပ်နည်း သတ်နည်းကိုသိထားရပါမယ်။

အဆင်ပြေပါတယ်။ ဒါပေမဲ့ Customer က ကိုယ့်ဆိုင်ကိုပြန်မလာဘဲ အခြားဆိုင်သွားရင် အဲသည်ဆိုင်က ကာလာကို သေချာမကိုင်တွယ်တတ်ရင် ကာလာမစပ်တပ်ရင် သူကဘာလုပ်မယ်ထင်သလဲ။ အပေါ်မှာပြောထားသလို ချွတ်ပစ်မှာပဲ။ သွားပြီ အဲသည်ဆံပင်ဆိုးတုန်းကတစ်ခါချွတ်တယ် အရောင်ပြောင်းတော့ တစ်ခါချွတ်တယ် ဆံပင်ပျက်ပြီ။ မပျက်ရအောင် ဆံသားက သံသားမှမဟုတ်တာ အရမ်းနုညံ့တဲ့ဆံသားလေးကို သေချာကိုင်တွယ်ပေးကြပါ။

Written by Smile Ko Htike

(Zawgyi)

ဆံပင္ကို အျခားအေရာင္ဆိုးေတာ့မယ္ဆိုရင္


#Alex_Aung
#KoHtike

(အခုေနာက္ပိုင္း လူငယ္ေတြသာမက လူလတ္ပိုင္းကၽြန္ေတာ္တို့အရြယ္ေတြပါ ဆံပင္အေရာင္ကစားၿပီး အသြင္​အျပင္​လွပလန္းဆန္းႏုပ်ိဳေအာင္ ျပဳလုပ္ေနၾကတဲ့ Hair Colour
ဆံပင္ကာလာ ေဆးဆိုးရာမွာ သိသင့္တဲ့ အေျခခံအခ်က္အလက္ေလးေတြကို Smile ကိုထိုက္ရဲ့ ေျပာျပခ်က္အား ျပန္လည္ေဝငွလိုက္ပါတယ္။)

မိမိဆံပင္ကို နဂိုအေမေမြးစကတည္းကပါလာတဲ့ အေရာင္ (colour) ကိုအေရာင္ထပ္ခ်င္လို့ပဲျဖစ္ျဖစ္ အျခားအေရာင္ကို ဆိုးခ်င္လို့ပဲျဖစ္ျဖစ္ ေဆးဆိုးမယ္လို့ဆုံးျဖတ္ထားရင္ အိမ္မွာပဲျဖစ္ျဖစ္ ဆိုင္မွာပဲဆိုးဆိုး သိထားဖို့လိုတဲ့အခ်က္ေလးေတြကို သိထားသမၽွ ျပန္လည္ေျပာျပပါ့မယ္။


<<< အေရာင္ေရြးခ်ယ္ (Choosing Your Color) >>>
ဘယ္အေရာင္ေလးဆိုးမယ္ဆိုတာ ဆုံးျဖတ္ဖို့ သည္အခ်က္ေလးေတြကို အရင္ဖတ္ၾကည့္ပါ။

Hair Color ေတြမွာ
(၁) Warm Tone
(၂) Cool Tone
(၃) Natural Tone ဆိုၿပီးရွိပါတယ္။

အနီေရာင္၊ ေၾကးနီေရာင္၊ Beige Blonde ၊ Golden Blonde ေတြက “Warm Tone” ေတြျဖစ္ၿပီး၊
Ash Brown and Blonde Color/Deep Violet / Blue နဲ႔ Platinum ေတြက “Cool Tone” ေတြျဖစ္ပါတယ္။

ခုေျပာျပမယ့္အေရာင္ေတြက Permanent Hair Color ေတြပါ။ “Warm Tones” ေတြကလင္းေစၿပီး “Cool Tones” ေတြက အၿငိမ္ေရာင္ ေတြပါ။ တစ္ခါတေလ ဆံပင္က စဆိုးတုန္းက အေကာင္း၊ တျဖည္းျဖည္းနဲ႔လိေမၼာ္ေရာင္ေျပာင္းလာတာကိုၾကဳံဖူးၾကမွာပါ။ ဒီလိုေျပာင္းလာ တာကို ကၽြန္ေတာ္တို့လို Asian ဆံပင္ေတြေရွာင္လႊဲလို့မရပါဘူး။ Warm Tones ကိုေရြးခ်ယ္တဲ့သူေတြမွားသည္လိုေျပာင္းတာပိုျမန္တတ္ ပါတယ္။ Cool Tones ေတြကေျပာင္းေတာ့ေျပာင္းေပမယ့္ ၾကာတတ္ပါတယ္။ အနီေရာင္လိုမ်ိဳး အေရာင္ေတြက ဆံပင္မွာၾကာရွည္စြဲဖို့ ခက္ခဲပါတယ္။ Red Hair Dye Molecules ေတြက တျခားကာလာ Molecules ေတြထက္ပိုႀကီးပါတယ္။ ပိုေသးတဲ့ Red Dye Molecules ေတြက ကင္ဆာျဖစ္ေစတတ္လို့ မထုတ္လုပ္ၾကဘူးလို့သိရပါတယ္။
ေဆးဆိုးမယ့္သူေတြသတိျပဳရမယ့္အခ်က္က ျပန္ၿပီးအေရာင္မတင္ရင္ အနီေရာင္က အလြန္ဆုံးတစ္လေလာက္ပဲခံပါတယ္။ ေလၽွာ္တိုင္း အေရာင္ေတြထပ္က်လာၿပီး အုတ္က်ိဳးေရာင္ဘက္ေျပာင္းသြားတတ္ပါတယ္။

 “အေရာင္ထြက္ခ်င္တာ အေရာင္က ထင္သေလာက္လည္း မထြက္ဘူး”ဆိုသူမ်ားအတြက္ သိထားရမယ့္အခ်က္ကေတာ့ လူတစ္ေယာက္ခ်င္းစီရဲ့ ဆံပင္ေတြက အေရာင္စုပ္ယူနိုင္စြမ္းအားမတူပါဘူး။ အဲဒါေၾကာင့္ ကိုယ့္ဘာသာကိုယ္ အိမ္မွာဆိုးမယ့္သူေတြ အတြက္ ကိုယ္လိုခ်င္တဲ့ အေရာင္ထက္တစ္ဆင့္ပိုေတာက္တဲ့ အေရာင္ကိုေရြးခ်ယ္ပါလို့အႀကံေပးပါရေစ။ ေတာက္သြားလို့ စိတ္ညစ္ရတာ ထက္ ထင္သေလာက္မထြက္လို့ စိတ္ညစ္ရတာေတြကိုေတြ႕ေနရပါတယ္။

နဂိုဆံပင္အရမ္းနက္တဲ့သူေတြအတြက္ေတာ့ တစ္ခ်ီတည္းနဲ႔ ကိုယ္လိုခ်င္တဲ့အေရာင္ရဖို့ခက္ပါမယ္။ တကယ့္ professional stylist ေတြေတာင္အနည္းဆုံး ၆နာရီေလာက္အခ်ိန္ယူပါတယ္။ တစ္ခါတေလ ကိုယ္လိုခ်င္တဲ့အေရာင္ဆိုရင္ သူတို့ တစ္လတန္သည္၊ ႏွစ္လတန္သည္ အခ်ိန္ယူၿပီး တစ္ဆင့္ျခင္းအေရာင္ေျပာင္း ယူၾကပါတယ္။ Customer ရဲ့ ဆံပင္လည္းမပ်က္စီး၊ လိုခ်င္တဲ့အေရာင္လည္းရေအာင္ပါ။ သုံးနာရီေလာက္နဲ႔ ခၽြတ္ေဆးဒလေဟာသုံး မလုပ္ၾကပါဘူး။

အခ်ိဳ့ေသာ Customer ေတြက သူတို့လိုခ်င္တဲ့ Colour အေရာင္မရရင္စိတ္တိုင္းမက်ဘူး။ သူတို့ရဲ့ဆံပင္အေရာင္ကဘာေၾကာင့္မရတာ လဲဆိုတာ ေသခ်ာနားမလည္လို့ ေျဖရွင္းရတဲ့ ျပႆနာေတြလဲရွိမွာပါ။ လူတစ္ေယာက္ခ်င္းစီရဲ့ ဆံပင္ေတြက အေရာင္စုပ္ယူနိုင္စြမ္းအား မတူပါဘူး။ လိုခ်င္တဲ့အေရာင္ရဖို့အတြက္ အခ်ိန္ေပးရမယ္ ေငြကုန္ခံရမယ္၊ ဒါမွအဆင္ေျပမွာ ခ်က္ခ်င္းအေရာင္ေျပာင္းယူဖို့မလြယ္ပါဘူး။ အခ်ိဳ့တ႐ုတ္ေဆး colour ေတြဆိုေျပာင္းယူဖို့အေတာ္ခက္တယ္ လိုခ်င္တဲ့ Colour မရနိုင္ပါဘူး။

ဒါေၾကာင့္ အိမ္မွာ ကိုယ့္ဘာသာကိုယ္ ေဆးဆိုးမယ့္သူေတြက အဲသည္အခ်က္ေလးေတြကို သတိမူေစခ်င္ပါတယ္။ Light Blonde လိုခ်င္တယ္၊ ဒါေပမယ့္ ဆံပင္က အမည္းေရာင္ဆိုရင္ေတာ့ အခ်ိန္ေပးရမွာပါ။ Medium Blonde ဆိုး၊ တစ္လအၾကာ Light Blonde ျပန္ဆိုးၾကည့္ပါ။ ထူးျခားတာကို သတိထားမိပါမယ္။ Light Blonde ကိုပဲ ထပ္ကာ ထပ္ကာဆိုးနိုင္ပါတယ္။
Hair Colour ေဖ်ာ့ေလေလ Developer အားျပင္းေလေလဆိုတာ သတိထားသင့္ပါတယ္။ ခၽြတ္ေဆးလို့ တိုက္ရိုက္မေရးထားေပမယ့္ Developer ထဲမွာပါတာကိုေတာ့သတိထားရပါမယ္။

အေရာင္ေတာက္ခ်င္တယ္ ဒါေပမယ့္ ခၽြတ္ေဆးမသုံးခ်င္ဘူး။ (လုံးဝမရပါဘူး) အခ်ိဳ့ဆိုင္ေတြမွာ ခၽြတ္ေဆးမသုံးဘူးဆိုၿပီးေျပာတာရွိ ပါတယ္။ အဲဒါလုံးဝမဟုတ္ပါဘူး။ ကိုယ့္ဆံပင္နဲ႔လုံးဝဆန႔္က်င္ဘက္ကာလာရဖို့အတိုင္းအတာတစ္ခုထိခၽြတ္ ဒါမွမဟုတ္ရင္ အေပၚမွာ ေျပာခဲ့သလိုပဲ တျဖည္းျဖည္းအေရာင္ေျပာင္းယူပါ။ ကၽြန္ေတာ္ကေတာ့ တျဖည္းျဖည္းေျပာင္းယူတဲ့နည္းကိုႀကိဳက္ပါတယ္။ ေကာင္းလည္း ေကာင္းပါတယ္။ Customer ေတြလက္ခံရင္ေပါ့ ဆံပင္ပ်က္စီးတာလည္း သက္သာပါတယ္။

OMBRE Colour ေတြကို အေတြ႕အၾကဳံမရွိေသးရင္ ကိုယ့္ဘာသာကိုယ္မစမ္းသပ္ပါနဲ႔။ လိုခ်င္တဲ့ color shift မရဘဲ ကြက္သြားတတ္ပါတယ္။ ဆံပင္ဆိုးေဆးကို လိုလိုမယ္မယ္ပိုဝယ္သင့္ရင္ဝယ္ထားပါ။
ဆိုးရင္းတန္းလန္းမေလာက္ရင္ အခက္အခဲျဖစ္နိုင္တယ္။ ပိုလို့မေဖ်ာ္ရေသးရင္ ေနာက္လည္းဆိုးလို့ရပါတယ္။ အသက္ထြက္ေနတဲ့ဆံပင္ေတြကအမည္းေရာင္၊ ေအာက္ပိုင္းက ေရႊေရာင္ျဖစ္ေနၿပီး အနီေရာင္ေျပာင္းဆိုးခ်င္တယ္ဆိုရင္ေတာ့ အမည္းေရာင္ေတြကို ေရႊေရာင္ျဖစ္ေအာင္အရင္အေရာင္ညႇိၿပီးမွဆိုးရပါမယ္။ မဟုတ္ရင္ ထိပ္ကတစ္ေရာင္ ေအာက္ပိုင္းတစ္ေရာင္ျဖစ္တတ္ပါတယ္။ ဒါကိုေတာ့ colour ဆိုးမည့္သူတိုင္း သိထားသင့္တယ္။ အားလုံးအမည္းေရာင္ဆိုးလို့ရမလားဆိုရင္ေတာ့မရပါဘူး။ အနီေရာင္က ဆိုးေဆးအမည္းေရာင္ေပၚမတင္လို့ပါ။

LOREAL, REVLON, GARNIER And SCHWARZKOPF = အိမ္မွာဆိုးလို့အဆင္ေျပပါတယ္။

Revlon က Loreal ေလာက္အေရာင္သိပ္မထြက္ပါဘူး။
LOREAL မွာ Excellence, Excellent Fashion, Preference, Superior Preference, Feria, Excellence  Mousse, Color Rays မ်ိဳးစုံရွိတဲ့အထဲက Preference ကိုပိုႀကိဳက္ပါတယ္။ Feria ေလးလည္းေကာင္းပါတယ္။ အားလုံးလည္းသုံးဖူးပါတယ္။

GARNIER ရဲ့ Dark Tones ေတြက အေရာင္အရမ္းစြဲပါတယ္။ သူ႔ကိုဆိုးၿပီးရင္ တျခားကာလာျပန္ေျပာင္းဖို့ခက္ပါတယ္။

Clairol, Schwarzkopf တို့ကေတာ့ ဆံပင္နည္းနည္းၾကမ္းသလိုခံစားရပါတယ္။ Colour ဆိုးၿပီးရင္ေတာ့ Schwarzkopf ကထုတ္တဲ့ Shampoo Colour Freeze Shampoo သုံးရင္ ဆံပင္အေရာင္မက်ဘူး ဆံသားလည္းမၾကမ္းပါဘူး။

Schwarzkopf/Loreal/Revlon ကာလာေတြကိုပဲရည္ရြယ္ၿပီးေျပာရျခင္းက အခုလက္ရွိ Brand ေတြထဲမွာ သည္ဆိုးေဆးေတြက အေကာင္းဆုံးပါပဲလို့ေျပာလို့ရပါတယ္။ Colour အစုံရွိပါတယ္။


<<< ဆံပင္ေဆးဆိုးေနစဥ္ (During Coloring)>>>

ေသခ်ာႏွံ့ေအာင္ဆိုးဖို့ေတာ့လိုပါမယ္။ ေဆးဆိုးတဲ့အခါ ဦးေရျပားနဲ႔ လက္တစ္လုံးေလာက္ခြာၿပီး ဆံပင္ကိုေဆးထည့္ပါ။ ေဆးမပုံပါေစနဲ႔။ လက္နဲ႔ တစ္လႊာျခင္းပြတ္ဆြဲေပးပါ။ မိနစ္ ၂ဝေလာက္ထားၿပီး ဒုတိယအႀကိမ္ တစ္ေခါင္းလုံးႏွံ့စပ္ေအာင္ျပန္ဆိုးပါ။ ေဆးဆိုးတဲ့အခါ ငယ္ထိပ္၊ နားထင္၊နားရြက္ေတြမွာ ေဆးပုံသြားရင္ ေဆးမ်ားသြားရင္ အေရာင္ပိုထြက္ပါတယ္။ ေသခ်ာေဆးထည့္ေပးပါ။ ဆံပင္ဆိုးဆိုးၿပီးခ်င္း Shower Cap နဲ႔အုပ္ၿပီး ေခါင္းမေလၽွာ္ခင္ Dryer နဲ႔အပူေပးရင္လည္း ဆံပင္အေရာင္တက္ေစပါတယ္။
မိနစ္ ၂ဝေလာက္ထားၿပီး ဆံပင္ကိုတစ္လႊာျခင္းေဆးထပ္ထည့္ဖို့လိုရင္ထည့္ပါ။ ဖီးသင့္ရင္ဖီးပါ ပစ္မထားပါနဲ႔။ ေခါင္းနဲ႔လက္မကြာထားပါ။ ပစ္ထားရင္ အေရာင္မညီတာေတြျဖစ္တတ္ပါတယ္။ ဆိုးေဆးေတြမက်န္ေအာင္ ေသခ်ာေရနဲ႔ပဲေလၽွာ္ခ်ပါ။ ေပါင္းေဆး ဒါမွမဟုတ္ ဆိုးေဆးနဲ႔ပါလာတဲ့ Conditioner ကိုပဲသုံးပါ။

<<<ေဆးဆိုးၿပီးေနာက္ ထိန္းသိမ္းျခင္း (Aftercare and Maintenance of Color) >>>

ဆံပင္ဆိုးေဆးကေတာ့ အနည္းနဲ႔အမ်ားဆိုသလို ဆံပင္ပ်က္ဆီးတတ္ပါတယ္။ ဆံပင္ကိုေျခာက္မေနေအာင္ ေခါင္းေလၽွာ္တိုင္း Conditioner သာမက ေပါင္းေဆးကိုလည္းသုံးေပးရပါမယ္။ အနီေရာင္၊ ပန္းေရာင္ (red/pink/mahogany) က ကာလာဘယ္လိုေျပာင္း တယ္ဆိုတာ အေပၚမွာေျပာခဲ့ၿပီးပါၿပီ။
ဒါေပမယ့္ အနီေရာင္မွ အနီေရာင္ႀကိဳက္တယ္။ ဆိုးခ်င္တယ္၊ ၾကာၾကာလည္း ခံေစခ်င္တယ္၊ ဘယ္လိုလုပ္ရမလဲဆိုသူေတြအတြက္ ကေတာ့ ေခါင္းကိုခဏခဏမေလၽွာ္ပါနဲ႔။ ေလၽွာ္တဲ့အခါတိုင္း hair colour ၾကာရွည္ခံေအာင္ကူညီမည့္ shampoo ကိုသာေရြးခ်ယ္သုံးပါ။ ေရေအးနဲ႔ပဲေလၽွာ္ပါ။ သည္နည္းေလးေတြက အေရာင္ေျပာင္းတာကိုၾကာေစပါတယ္။

သည္ထက္ပိုၿပီးထိန္းသိမ္းခ်င္တယ္ဆိုရင္ Manic Panic လိုမ်ိဳး Semi Permanent hair dye ေတြနဲ႔ ႏွစ္ပတ္တစ္ခါျပန္ဆိုးေပးနိုင္ပါတယ္။ Semi Permanent Hair Dye ေတြေၾကာင့္ျဖစ္တဲ့ ဆံပင္ပ်က္စီးမွုက Permanent hair dye ေတြထက္ပိုနည္းပါတယ္။

Manic Panic က သူတို့ဆိုးေဆးကိုသတ္သတ္လြတ္နဲ႔ Vegan သမားေတြေတာင္သုံးနိုင္ပါတယ္လို့ေတာင္ အာမခံထားပါတယ္။ ဒါဆိုရင္ေတာ့ ပုံမွန္ထက္ပိုခံတဲ့ အနီေရာင္ဆံပင္ေလးပိုင္ဆိုင္မွာပါ။ ဆိုးၿပီးၾကာလာရင္ ေျပာင္းလာတဲ့ေၾကးနီေရာင္ကို ဘယ္လိုျပန္ေလၽွာ့ခ်မလဲဆိုေတာ့ Color Save Shampoo ကိုေခါင္းေလၽွာ္ရင္သုံးနိုင္ပါတယ္။ Purple Shampoo ေတြလည္း သုံးလို့ရပါတယ္။ သူက အျမဲသုံးဖို့ေတာ့မလိုပါဘူး။ ေနာက္ၿပီး Brassy Hair Color Toners ေတြသုံးလို့ရပါတယ္။

Schwarzkopf ကထုတ္တဲ့ Toner Moussee ေတြလည္းရွိပါတယ္။ သူကသုံးၿပီးရင္ဆိုးထားတဲ့ ဆံပင္အေရာင္ျပန္ရေအာငာ္လုပ္ေပးပါတယ္။ Toner အေရာင္ေရြးတတ္ဖို့လည္းလိုပါတယ္။

အနီေရာင္ကိုေလၽွာ့ခ်င္ရင္ Toner အစိမ္း၊ လိေမၼာ္ဆိုရင္ Toner အျပာဆိုၿပီး အမ်ိဳးမ်ိဳးရွိပါတယ္။ ဒါေပမယ့္ Purple Shampoo နဲ႔ Toner ေတြက ျမန္မာနိုင္ငံမွာေတာ့ ရဖို့မလြယ္ ေလာက္ပါဘူး။ အလြယ္ဆုံးနည္းလမ္း Cool Color Tones ေတြျပန္ဆိုးလို့ပဲရပါမယ္။

<<<အေရာင္ခပ္ဆန္းဆန္းေတြဆိုးမယ္ဆိုရင္ (Hair Crazy Colour )>>>

Crazy Colour ေတြကဆံသားကို ပ်က္ဆီးေစပါတယ္။ ဆံသားေျခာက္တယ္ အဖ်ားႏွစ္ခြျဖစ္တယ္၊ ဆံသားကအဆီအႏွစ္မရွိေတာ့ပါဘူး။ Crazy Colour ဆိုးၿပီးဆံပင္ေျဖာင့္မယ္ ေကာက္မယ္ဆိုရင္လည္း အဆင္မေျပပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ Crazy Colour ဆိုးမယ္ဆိုရင္ ဆိုးမယ့္ Customer ရဲ့ဆံပင္အေရာင္ခံရွိမွရမယ္၊ Light Blonde ေလာက္ရွိမွဆိုးလို့ရတယ္။ Light Blonde ဆိုရင္ဆိုးလို့မရပါဘူး။ Dark Brown ဆိုရင္ေတာ့ လုံးဝမရပါဘူး။ အဲဒီေတာ့ ဆံပင္ကိုေဆးနဲ႔ခၽြတ္ၿပီးဆိုးမွရပါတယ္။ ဆံပင္ကိုခၽြတ္ေဆးထိလိုက္ၿပီဆိုကတည္းက ဆံပင္လုံးဝပ်က္ဆီးၿပီဆိုတာ သိထားသင့္ပါတယ္။ Crazy Colour နဲ႔ပတ္သက္ၿပီး ဆံပင္ကိုလုံးဝ effect မရွိပါဘူး ဖေယာင္းေဆးပါလို့ ဆံသားမပ်က္ဆီးပါဘူးဆိုတဲ့ ပညာရွင္ေတြကိုက မွားေနတာ။ အဲဒီအခ်က္ေတြကို Customers ေတြမသိတာ လက္ခံလို့ရပါတယ္။ ပညာရွင္ေတြလုပ္ၿပီး ေသခ်ာမသိတာ ေစတနာမထားတာကေတာ့ လက္ခံလို့ကိုမရဘူး။

Customer အေတာ္မ်ားမ်ား လွသာလွခ်င္ၾကတယ္ အခ်ိန္ကိုအမ်ားႀကီးမေပးနိုင္ဘူး၊ ေဆးဆိုးရင္ ၂နာရီ ၃နာရီဘဲ အခ်ိန္ေပးနိုင္တယ္။ အဲဒီေတာ့ အေရာင္ခံမရွိရင္ ဆန႔္က်င္ဘက္အေနနဲ႔ အေရာင္ခၽြတ္မွ ရေတာ့မယ္ေလ။ Hair Colour ေဖ်ာ့ေလေလ Developer အားျပင္း ေလေလဆိုတာ သတိထားသင့္ပါတယ္။ ခၽြတ္ေဆးလို့တိုက္ရိုက္မေရးထားေပမယ့္ Developer ထဲမွာပါတာကို သတိထားရပါမယ္။ အေရာင္ေတာက္ခ်င္တယ္ ဒါေပမယ့္ ခၽြတ္ေဆးမသုံးခ်င္ဘူး။ (လုံးဝမရပါဘူး) အခ်ိဳ့ဆိုင္ေတြမွာ ခၽြတ္ေဆးမသုံးဘူးဆိုၿပီးေျပာတာရွိ ပါတယ္။ အဲဒါလုံးဝမဟုတ္ပါဘူး။


ကိုယ့္ဆံပင္နဲ႔ လုံးဝဆန႔္က်င္ဘက္ အေရာင္ရဖို့ဆိုရင္ အတိုင္းအတာတစ္ခုထိခၽြတ္ရပါတယ္။ ဆံပင္ကိုခၽြတ္ၿပီးမွ ကိုယ္လိုခ်င္တဲ့ Crazy Colour ေတြ Green/Orange/Red/Blue/Violet/Pink ရပါတယ္။ Crazy Colour ေတြက လူတိုင္းမ်က္ႏွာနဲ႔လဲ မလိုက္ဖက္ပါဘူး။

ဆိုးခ်င္တယ္ဆိုရင္လည္း ဆံပင္ကို တစ္ေခါင္းလုံးဆိုးတာထက္ Highlight ေလးေတြေဖာက္ပါ။ ပ်က္ဆီးတာသက္သာပါတယ္ အျမင္လဲမရိုင္းပါဘူး။ High Light ေဖာက္ရင္လဲ တခ်ိဳ့ဦးေခါင္းထိပ္ကေနၿပီး အျပားလိုက္ႀကီးေတြေဖာက္ၾကတယ္။ တခ်ိဳ့ကကိုယ္ေဖာက္ ထားတာကို အထင္းသားေပၚခ်င္ၾကတယ္။ အဲသည္ပုံေတြက လူတိုင္းနဲ႔မလိုက္ပါ။ ကိုယ္ဆိုးခ်င္တဲ့အေရာင္ေၾကာင့္ ကိုယ့္မ်က္ႏွာဟာ ေမွာင္သြားေစပါတယ္။ Highlight ေဖာက္မယ္ဆိုရင္ အျပားႀကီးႀကီးေဖာက္ခ်င္တယ္ဆိုရင္ ဆံပင္ရဲ့အတြင္းပိုင္းကိုေဖာက္ပါ။
ေနာက္တစ္နည္းက Gold Light Blonde ေရာင္ခံေပၚမွာ Ash Extra/ Cendre လို အေရာင္မ်ိဳးေလးေတြကို အေခ်ာင္းေသးေသးေလးေတြ မ်ားမ်ားေဖာက္ပါ။

လုပ္ေပးတဲ့ပညာရွင္ရဲ့ကၽြမ္းက်င္မွုေပၚမူတည္ၿပီး ဒီဇိုင္းမိုက္မိုက္ေလးေတြရပါတယ္။ ဆံပင္စီးေႏွာင္ထားလဲလွပါတယ္၊ ခ်ထားလဲလွပါတယ္၊ ေကာက္ထားလဲလွတယ္၊ ေျဖာင့္ထားလဲလွပါတယ္။ အခုဆိုရင္ မိမိဆံပင္ရဲ့ သုံးပုံတစ္ပုံေလာက္ ေအာက္ပိုင္းအဖ်ားေတြကို Crazy Colour ေတြဆိုးၾကပါတယ္။ တစ္ေရာင္တည္းဆိုးလည္းရသလို အေရာင္မ်ားမ်ားလည္းဆိုးလို့ရပါတယ္။ သည္နည္းစနစ္ကေတာ့ေကာင္းပါတယ္ ဆံပင္ပ်က္ဆီးရင္ေတာင္ ေအာက္ပိုင္းအဖ်ားဆိုေတာ့ တျဖည္းျဖည္းညႇပ္ထုတ္ရင္ကုန္ပါတယ္။

ေနာက္တစ္နည္းက ဆံပင္ရဲ့အဖ်ားပိုင္းကိုပဲေဖာက္တာလဲလွပါတယ္။ ဆံပင္ပ်က္စီးရင္ေတာင္ အဖ်ားပိုင္းဆိုေတာ့ ေျဖးေျဖးျခင္းညႇပ္ ထုတ္ပစ္လို့ရပါတယ္။ အခုေနာက္ပိုင္း အဖ်ားပိုင္းေတြအလုပ္မ်ားၾကတယ္။
အေရာင္ဆန္းဆန္းေလးေတြဆိုးခ်င္တယ္ အခုလက္ရွိဆိုးထားတဲ့အေရာင္က အမွိန္ေရာင္ဆိုရင္ အခ်ိန္ေပးၿပီးလုပ္ပါ။ လက္ရွိအေရာင္ထက္ ဆန႔္က်င္ဘက္အေရာင္ကိုဆိုးမယ္ဆိုရင္ေတာ့ ဆံပင္သားလဲမပ်က္စီးဘူး ခၽြတ္ေဆးလဲသုံးစရာမလိုဘူး။ ဒါေပမဲ့ အခ်ိန္ ၆နာရီ ဒါမွမဟုတ္ တစ္လတန္သည္ တစ္လ၊ ႏွစ္လတန္သည္ ႏွစ္လအခ်ိန္ေပးပါ။

Light Blonde အေရာင္ကိုပဲ တစ္ေရာင္ထဲဆိုးတိုင္း 9/0 ပဲဆိုးထြက္လာတဲ့အေရာင္က ပထမဆိုးတုန္း 9/0 အေရာင္လိုမဟုတ္ေတာ့ဘူး အရမ္းလွပါတယ္ တျခားနိုင္ငံေတြမွာ သည္လိုပဲဆိုးၾကတာပါ။ ကၽြန္ေတာ္ကေတာ့ တျဖည္းျဖည္းေျပာင္းယူတဲ့နည္းကိုသုံးေစခ်င္ပါတယ္။ ဆံပင္ပ်က္စီးတာလည္း သက္သာပါတယ္။
ဆံပင္ေဆးဆိုးၿပီးရင္လဲ သည္အတိုင္းထားတာထက္ ျပဳျပင္ထိန္းသိမ္းဖို့လိုပါတယ္။ မြဲေျခာက္ပ်က္စီးလာမွ ဆံပင္ေပါင္းတင္တာမ်ိဳး မလုပ္ဘဲ မပ်က္စီးခင္ကတည္းက ဆံပင္ကို ေပါင္းတင္တာမၾကာခဏလုပ္ေပးရပါတယ္။ ဒါမွ ေကာင္းမြန္တဲ့ဆံပင္သားေလးကို ပိုင္ဆိုင္မွာပါ။

ပညာရွင္ေတြကလည္း ကိုယ္သုံးမယ့္ေဆးအေၾကာင္းကိုနားလည္ထားဖို့လိုသလို ကိုယ္လုပ္ေပးမယ့္ Customer ရဲ့ဆံသားအေၾကာင္းကို လည္းနားလည္ထားဖို့လိုတယ္။ လုပ္တတ္႐ုံနဲ႔မၿပီးဘူး နားလည္ဖို့လဲလိုတယ္။ Crazy Colour ဆိုးရတာအရမ္းလြယ္တယ္။ ဆိုးၿပီးလို့ အျခားအေရာင္ျပန္ေျပာင္းေတာ့မယ္ဆိုရင္ အခက္ေတြ႕ၿပီ။ အခ်ိဳ့ Red ဆိုးထားရင္ အျခားကာလာဆိုးမယ္ဆိုရင္ မဆိုးတတ္ဘူး။ သူတို့သိထား ဒါမွမဟုတ္ ဆိုးမရတဲ့အေရာင္ကို ခၽြတ္ဆိုးရင္ရတယ္ထင္တတ္ၾကတယ္။ Red အေရာင္ကို ဘာနဲ႔သတ္ရမယ္ဆိုတာမသိဘူး။ လူတိုင္းကိုေျပာတာမဟုတ္ဘူးေနာ္။

ေဆးေကာင္းတို့မည္သည္မွာ Colour Chart ထဲကျပထားတဲ့ အေရာင္လိုခ်င္ရင္ ႏွစ္မ်ိဳးသို့မဟုတ္ ေလးမ်ိဳးစပ္ဆိုးရပါတယ္။ ႏွစ္ႀကိမ္မွ သုံးႀကိမ္လဲဆိုးရပါတယ္။ China ေဆးေတြကေတာ့ ကိုယ္လိုခ်င္တဲ့အေရာင္ကို Light Blonde အေရာင္ေလာက္ကို တိုက္ရိုက္တစ္ခါတည္းဆိုးလို့ရပါတယ္။ လိုခ်င္တဲ့အေရာင္အေတာ္မ်ားမ်ားကို တစ္ဘူးထဲဆိုးလို့ရပါတယ္။ သုံးေနၾကလူေတြသိပါတယ္။
ပညာရွင္ေတြက ဆိုင္မွာလုပ္ေပးလိုက္တယ္ Customer ကေနာက္တစ္ႀကိမ္ သူလာရင္အေရာင္ျပန္ေျပာင္းခ်င္တယ္ဆိုရင္ေတာ့ ကာလာစပ္နည္း သတ္နည္းကိုသိထားရပါမယ္။

အဆင္ေျပပါတယ္။ ဒါေပမဲ့ Customer က ကိုယ့္ဆိုင္ကိုျပန္မလာဘဲ အျခားဆိုင္သြားရင္ အဲသည္ဆိုင္က ကာလာကို ေသခ်ာမကိုင္တြယ္တတ္ရင္ ကာလာမစပ္တပ္ရင္ သူကဘာလုပ္မယ္ထင္သလဲ။ အေပၚမွာေျပာထားသလို ခၽြတ္ပစ္မွာပဲ။ သြားၿပီ အဲသည္ဆံပင္ဆိုးတုန္းကတစ္ခါခၽြတ္တယ္ အေရာင္ေျပာင္းေတာ့ တစ္ခါခၽြတ္တယ္ ဆံပင္ပ်က္ၿပီ။ မပ်က္ရေအာင္ ဆံသားက သံသားမွမဟုတ္တာ အရမ္းႏုညံ့တဲ့ဆံသားေလးကို ေသခ်ာကိုင္တြယ္ေပးၾကပါ။

Written by Smile Ko Htike

No comments: