Friday, June 12, 2020

ဆိတ္ပဲမၽွစ္ဟင္းခ်ိဳ - ကရင္ဖက္စြပ္မွိုသုပ္ - ငါးပိတစ္နဲ႔ကင္ပြန္းခ်ဥ္စပ္

ဆိတ်ပဲမျှစ်ဟင်းချို
-------------------------



ဆိတ်ပဲမျှစ်ဟင်းချိုကို မျှစ်ချဉ်နဲ့လည်း ချက်လို့ရသလို ဆိတ်သားအသား၊ အမဲသားနဲ့လည်း ချက်နိုင်ပါသေးတယ်။ လူသိနည်းတဲ့ ဟင်းတစ်ခွက်ဖြစ်ပေမယ့် အခုနောက်ပိုင်း မှာတော့ ဆိုင်တော်တော်များမှာ ဒီဟင်းကို တွေ့နေရပါပြီ။

ပါဝင်ပစ္စည်းများ
ဆိတ်သား  –  ၄ဝဝ ဂရမ်
ဆိတ်ရိုး  –  ၃၂၀ ဂရမ်
ကုလားပဲ  –  ၁၅၀ ဂရမ်
ကုလားပဲပြုတ်ရန် ရေ  –  ၁ လီတာ
မျှစ်  –  ၂၅၀ ဂရမ် ( ပြုတ်ပြီးသား)
ဆား  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
အသားမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သွန်နီ  –  ၁၅၀ ဂရမ်
ကြက်သွန်ဖြူ  –  ၅၀ ဂရမ်
ချင်း  –  ၃၅ ဂရမ်
ငရုတ်သီးအရောင်တင်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း
ဆီ  –  စားပွဲဇွန်း ၄ ဇွန်း
ရေ  –  ၁.၂ လီတာ
နနွင်းမှုန့်  –  အနည်းငယ်

ပြုလုပ်နည်း
၁။       ကုလားပဲကို ရေဆေးပြီး ရေ ၁ လီတာနဲ့ ပြုတ်ပါ။
၂။       ကြက်သွန်နီကို ပါးပါးလှီးပြီး ချင်းနှင့် ကြက်သွန်ဖြူကို ထောင်းထားပါ။
၃။       ထို့နောက် အိုးကြီးတစ်အိုးထဲ ဆီထည့်ပါ။ ဆီပူလျှင် ကြက်သွန်နီနှင့် ထောင်းထားတဲ့ ကြက်သွန်ဖြူကို ဆီသတ်ပါ။
၄။       အနံ့မွှေးလာလျှင် နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့်ထည့်ပြီး မွှေပါ။ ပြီးလျှင် ဆိတ်သားနှင့် ဆိတ်ရိုးထည့်ပြီး မွှေပါ။
၅။       ပြီးလျှင် ပြုတ်ထားတဲ့ ကုလားပဲနဲ့ ကုလားပဲပြုတ်ရည်ထည့်ပါ။ နောက်ထပ်ရေ ၁.၂ လီတာ ထပ်ဖြည့်ပြီး ဆူအောင် တည်ထားပါ။
၆။       ရေဆူလျှင် ဆားနှင့် အသားမှုန့်ထည့်ပါ။ မီးအရှိန်လျှော့၍ ဆက်ပြီး တည်ထားပါ။
၇။       ဆိတ်သားနူးခါနီးမှာ ပြုတ်ထားတဲ့ မျှစ်ထည့်ပြီး ဆိတ်သားနူးသည်အထိ ချက်ပါ။
----------------------------------
Myint Oo Tha

ကရင်ဖက်စွပ်မှိုသုပ်
-----------------------------


လွယ်ကူပြီး အရသာရှိတဲ့ ရိုးရာအသုပ်လေးပါ။ တချို့က မှိုကို အစိမ်းသုပ်ကြပေမယ့် ကျွန်တော်ကတော့ ရေနွေးဖျော ပြီးမှ သုပ်ပါတယ်။ အိမ်မှာ ရှိနေတဲ့ ငါးခြောက်ဖုတ်လေးနဲ့ ရောပြီး သုပ်ရတာဆိုတော့ အချိန်လည်း သိပ်ပြီးပေးစရာ မလိုဘူးပေါ့။

ပါဝင်ပစ္စည်းများ

ဖက်စွပ်မှို  –  ၁၇၀ ဂရမ်

ငါးပုပ်ခြောက် (သို့) ငါးရံ့ခြောက်

သံပရာသီး  –  ၁ လုံး

ကြက်သွန်နီ  –  ၂ လုံး (ပါးပါးလှီးထားပါ)

ကြက်သွန်ဖြူဆီချက်  –  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်မြိတ်   –  ၂ ပင် (ပါးပါးလှီးထားပါ)

ငရုတ်သီးစိမ်း  –  ၇ တောင့်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဖက်စွပ်မှိုကို သန့်ရှင်းအောင်ဆေးပြီး ဆားရည်စိမ်ထားပါ။

၂။       ငါးပုပ်ခြောက် (သို့) ငါးရံ့ခြောက်ကို မီးဖုတ်ထားပါ။

၃။       ငရုတ်သီးစိမ်းကို လှော်ပြီး ထောင်းထားပါ။

၄။       ဆားရည်စိမ်ထားတဲ့ ဖက်စွပ်မှိုကို သေးသေးမြွှာကာ ရေနွေးဖျောပြီး ဆယ်ယူထားပါ။

၅။       ဇလုံထဲ ရေနွေးဖျောထားတဲ့ မှိုထည့်ပါ။ ပြီးလျှင် ထောင်း ထားတဲ့ ငရုတ်သီးစိမ်း၊ မီးဖုတ်ထားတဲ့ ငါးပုပ်ခြောက်ကို မြွှာပြီး ထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်မြိတ်၊ သံပရာရည်ညှစ်ပြီး ဖွဖွလေးနယ်ပါ။

၆။       ဒါဆိုလျှင် ချဉ်စပ်အရသာရှိတဲ့ ဖက်စွပ်မှိုအသုပ်လေး ရပါပြီ။
-----------------------------------------
Myint Oo Tha


ငါးပိတစ်နဲ့ကင်ပွန်းချဉ်စပ်
°°°°°°°°°°°°°


ပါဝင်ပစ္စည်းများ
°°°°°°°°°°°°°°

ငါးပိတစ်.................၃ဝကျပ်သား
ကင်ပွန်းချဉ်ရွက်နုနု...၃စည်း
ခရမ်းချဉ်သီးမှည့်မှည့်..၃လုံး
ကြက်သွန်နီ.. ...........၁လုံး
ကြက်သွန်ဖြူ.. .........၅တက်
ငရုတ်ခြောက်တောင့်..၁၅တောင့်ခန့်

ဦးစွာပထမငါးပိတစ်များကို ၁လက်မအရွယ်ခန့်တုံးပြီးရေခပ်နွေးနွေးဖြင့်(၁၀)မိနစ်ခန့်စိမ်ကာရေကုန်သည်အထိစစ်ထားပါ။

ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုတ်ခြောက်တောင့် တွေကိုညှက်စေးနေအောင်ထောင်းပါ။

ခရမ်းချဉ်သီးကိုပါးပါးလှီးပါ။ကင်ပွန်းရွက်ကိုမခြွေမှီရေစင်အောင်ဆေးပါ။(ခြွေပြီးမှရေဆေးလျှင်အနည်းနှင့်အများဆုံးရှုံးရတတ်ပါသည်)

ဒယ်အိုးတစ်လုံးအောက်ခြေမှာထောင်းထားသောအရောကိုဖြန့်ထည့်ပြီး၊ဆား၊ဟင်းခတ်မှုန့်၊နနွင်း၊အရောင်တင်မှုန့်(ငရုတ်စိမ်းမှုန့်)တို့ကိုလိုအပ်သလိုထည့်ပါ။

ဘေးပတ်လည်ကိုဆီအနည်းငယ်လောင်းထည့်ပြီးပါးပါးလှီးထားတဲ့ခရမ်းချဉ်သီးများဖြန့်အုပ်ပါ။

အဖုံးပိတ်ပြီးမီးရှိန်အေးအေးမှာရေခမ်း၊ဆီပြန်သည်အထိချက်ပါ။

ရေခမ်းပြီးဆီပြန်လာလျှင်အနည်းငယ်မွှေပေးကာရေစစ်ထားတဲ့ငါးပိတစ်တုံးလေးများထည့်ပြီးညင်သာစွာမွှေပေးရပါမယ်။

ရေအနည်းငယ်ဖြည့်စွက်ပြီးအဖုံးပိတ်ကာတစ်ပွက်ပြန်ဆူသည်အထိချက်ပါ။

တစ်ပွက်ပြန်ဆူလာချိန်မှာခြွေထားတဲ့ကင်ပွန်းရွက်နုနုလေးတွေပေါင်းထည့်ကာညင်သာစွာမွှေပေးပြီးအဖုံးကိုခေတ္တပြန်အုပ်ထားပါ။

လိုအပ်ပါကငါးငံပြာရည်၊ဟင်းခတ်မှုန့်အရသာအနည်းငယ်ပြန်လည်ဖြည့်စွက်ပါ။


ကင်ပွန်းချဉ်ကသတ္ထုရည်ဓာတ်တွေငါးပိတုံး(ငါးပိတစ်တုံး)တွေထဲစိမ့်ဝင်သည်အထိမီးရှိန်အေးအေးမှာစိတ်ရှည်လက်ရှည်ချက်ပေးမယ်ဆိုရင်ဖြင့်မေတ္တာ၊စေတနာတွေပြည့်နှက်နေတဲ့မေတ္တာချဉ်စပ်ဟင်းတစ်ခွက်သုံးဆောင်နိူင်ပါပြီ။

(Zawgyi)

ဆိတ္ပဲမၽွစ္ဟင္းခ်ိဳ
-------------------------


ဆိတ္ပဲမၽွစ္ဟင္းခ်ိဳကို မၽွစ္ခ်ဥ္နဲ႔လည္း ခ်က္လို့ရသလို ဆိတ္သားအသား၊ အမဲသားနဲ႔လည္း ခ်က္နိုင္ပါေသးတယ္။ လူသိနည္းတဲ့ ဟင္းတစ္ခြက္ျဖစ္ေပမယ့္ အခုေနာက္ပိုင္း မွာေတာ့ ဆိုင္ေတာ္ေတာ္မ်ားမွာ ဒီဟင္းကို ေတြ႕ေနရပါၿပီ။

ပါဝင္ပစၥည္းမ်ား
ဆိတ္သား  –  ၄၀ဝ ဂရမ္
ဆိတ္ရိုး  –  ၃၂၀ ဂရမ္
ကုလားပဲ  –  ၁၅၀ ဂရမ္
ကုလားပဲျပဳတ္ရန္ ေရ  –  ၁ လီတာ
မၽွစ္  –  ၂၅၀ ဂရမ္ ( ျပဳတ္ၿပီးသား)
ဆား  –  လက္ဖက္ရည္ဇြန္း ၂ ဇြန္း
အသားမွုန႔္  –  လက္ဖက္ရည္ဇြန္း ၂ ဇြန္း
ၾကက္သြန္နီ  –  ၁၅၀ ဂရမ္
ၾကက္သြန္ျဖဴ  –  ၅၀ ဂရမ္
ခ်င္း  –  ၃၅ ဂရမ္
င႐ုတ္သီးအေရာင္တင္မွုန႔္  –  စားပြဲဇြန္း ၁ ဇြန္း
ဆီ  –  စားပြဲဇြန္း ၄ ဇြန္း
ေရ  –  ၁.၂ လီတာ
နႏြင္းမွုန႔္  –  အနည္းငယ္

ျပဳလုပ္နည္း
၁။       ကုလားပဲကို ေရေဆးၿပီး ေရ ၁ လီတာနဲ႔ ျပဳတ္ပါ။
၂။       ၾကက္သြန္နီကို ပါးပါးလွီးၿပီး ခ်င္းႏွင့္ ၾကက္သြန္ျဖဴကို ေထာင္းထားပါ။
၃။       ထို့ေနာက္ အိုးႀကီးတစ္အိုးထဲ ဆီထည့္ပါ။ ဆီပူလၽွင္ ၾကက္သြန္နီႏွင့္ ေထာင္းထားတဲ့ ၾကက္သြန္ျဖဴကို ဆီသတ္ပါ။
၄။       အနံ့ေမႊးလာလၽွင္ နႏြင္းမွုန႔္ႏွင့္ င႐ုတ္သီးမွုန႔္ထည့္ၿပီး ေမႊပါ။ ၿပီးလၽွင္ ဆိတ္သားႏွင့္ ဆိတ္ရိုးထည့္ၿပီး ေမႊပါ။
၅။       ၿပီးလၽွင္ ျပဳတ္ထားတဲ့ ကုလားပဲနဲ႔ ကုလားပဲျပဳတ္ရည္ထည့္ပါ။ ေနာက္ထပ္ေရ ၁.၂ လီတာ ထပ္ျဖည့္ၿပီး ဆူေအာင္ တည္ထားပါ။
၆။       ေရဆူလၽွင္ ဆားႏွင့္ အသားမွုန႔္ထည့္ပါ။ မီးအရွိန္ေလၽွာ့၍ ဆက္ၿပီး တည္ထားပါ။
၇။       ဆိတ္သားႏူးခါနီးမွာ ျပဳတ္ထားတဲ့ မၽွစ္ထည့္ၿပီး ဆိတ္သားႏူးသည္အထိ ခ်က္ပါ။
----------------------------------
Myint Oo Tha

ကရင္ဖက္စြပ္မွိုသုပ္
-----------------------------


လြယ္ကူၿပီး အရသာရွိတဲ့ ရိုးရာအသုပ္ေလးပါ။ တခ်ိဳ့က မွိုကို အစိမ္းသုပ္ၾကေပမယ့္ ကၽြန္ေတာ္ကေတာ့ ေရေႏြးေဖ်ာ ၿပီးမွ သုပ္ပါတယ္။ အိမ္မွာ ရွိေနတဲ့ ငါးေျခာက္ဖုတ္ေလးနဲ႔ ေရာၿပီး သုပ္ရတာဆိုေတာ့ အခ်ိန္လည္း သိပ္ၿပီးေပးစရာ မလိုဘူးေပါ့။

ပါဝင္ပစၥည္းမ်ား

ဖက္စြပ္မွို  –  ၁၇၀ ဂရမ္

ငါးပုပ္ေျခာက္ (သို့) ငါးရံ့ေျခာက္

သံပရာသီး  –  ၁ လုံး

ၾကက္သြန္နီ  –  ၂ လုံး (ပါးပါးလွီးထားပါ)

ၾကက္သြန္ျဖဴဆီခ်က္  –  စားပြဲဇြန္း ၂ ဇြန္း

ၾကက္သြန္ၿမိတ္   –  ၂ ပင္ (ပါးပါးလွီးထားပါ)

င႐ုတ္သီးစိမ္း  –  ၇ ေတာင့္

ျပဳလုပ္နည္းအဆင့္ဆင့္

၁။       ဖက္စြပ္မွိုကို သန႔္ရွင္းေအာင္ေဆးၿပီး ဆားရည္စိမ္ထားပါ။

၂။       ငါးပုပ္ေျခာက္ (သို့) ငါးရံ့ေျခာက္ကို မီးဖုတ္ထားပါ။

၃။       င႐ုတ္သီးစိမ္းကို ေလွာ္ၿပီး ေထာင္းထားပါ။

၄။       ဆားရည္စိမ္ထားတဲ့ ဖက္စြပ္မွိုကို ေသးေသးႁမႊာကာ ေရေႏြးေဖ်ာၿပီး ဆယ္ယူထားပါ။

၅။       ဇလုံထဲ ေရေႏြးေဖ်ာထားတဲ့ မွိုထည့္ပါ။ ၿပီးလၽွင္ ေထာင္း ထားတဲ့ င႐ုတ္သီးစိမ္း၊ မီးဖုတ္ထားတဲ့ ငါးပုပ္ေျခာက္ကို ႁမႊာၿပီး ထည့္ပါ။ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴဆီခ်က္၊ ၾကက္သြန္ၿမိတ္၊ သံပရာရည္ညႇစ္ၿပီး ဖြဖြေလးနယ္ပါ။

၆။       ဒါဆိုလၽွင္ ခ်ဥ္စပ္အရသာရွိတဲ့ ဖက္စြပ္မွိုအသုပ္ေလး ရပါၿပီ။
-----------------------------------------
Myint Oo Tha


ငါးပိတစ္နဲ႔ကင္ပြန္းခ်ဥ္စပ္
°°°°°°°°°°°°°


ပါဝင္ပစၥည္းမ်ား
°°°°°°°°°°°°°°

ငါးပိတစ္.................၃၀က်ပ္သား
ကင္ပြန္းခ်ဥ္ရြက္ႏုႏု...၃စည္း
ခရမ္းခ်ဥ္သီးမွည့္မွည့္..၃လုံး
ၾကက္သြန္နီ.. ...........၁လုံး
ၾကက္သြန္ျဖဴ.. .........၅တက္
င႐ုတ္ေျခာက္ေတာင့္..၁၅ေတာင့္ခန႔္

ဦးစြာပထမငါးပိတစ္မ်ားကို ၁လက္မအရြယ္ခန႔္တုံးၿပီးေရခပ္ေႏြးေႏြးျဖင့္(၁၀)မိနစ္ခန႔္စိမ္ကာေရကုန္သည္အထိစစ္ထားပါ။

ၾကက္သြန္နီ ၊ ၾကက္သြန္ျဖဴ ၊ င႐ုတ္ေျခာက္ေတာင့္ ေတြကိုညႇက္ေစးေနေအာင္ေထာင္းပါ။

ခရမ္းခ်ဥ္သီးကိုပါးပါးလွီးပါ။ကင္ပြန္းရြက္ကိုမေႁခြမွီေရစင္ေအာင္ေဆးပါ။(ေႁခြၿပီးမွေရေဆးလၽွင္အနည္းႏွင့္အမ်ားဆုံးရွုံးရတတ္ပါသည္)

ဒယ္အိုးတစ္လုံးေအာက္ေျခမွာေထာင္းထားေသာအေရာကိုျဖန႔္ထည့္ၿပီး၊ဆား၊ဟင္းခတ္မွုန႔္၊နႏြင္း၊အေရာင္တင္မွုန႔္(င႐ုတ္စိမ္းမွုန႔္)တို့ကိုလိုအပ္သလိုထည့္ပါ။

ေဘးပတ္လည္ကိုဆီအနည္းငယ္ေလာင္းထည့္ၿပီးပါးပါးလွီးထားတဲ့ခရမ္းခ်ဥ္သီးမ်ားျဖန႔္အုပ္ပါ။

အဖုံးပိတ္ၿပီးမီးရွိန္ေအးေအးမွာေရခမ္း၊ဆီျပန္သည္အထိခ်က္ပါ။

ေရခမ္းၿပီးဆီျပန္လာလၽွင္အနည္းငယ္ေမႊေပးကာေရစစ္ထားတဲ့ငါးပိတစ္တုံးေလးမ်ားထည့္ၿပီးညင္သာစြာေမႊေပးရပါမယ္။

ေရအနည္းငယ္ျဖည့္စြက္ၿပီးအဖုံးပိတ္ကာတစ္ပြက္ျပန္ဆူသည္အထိခ်က္ပါ။

တစ္ပြက္ျပန္ဆူလာခ်ိန္မွာေႁခြထားတဲ့ကင္ပြန္းရြက္ႏုႏုေလးေတြေပါင္းထည့္ကာညင္သာစြာေမႊေပးၿပီးအဖုံးကိုေခတၱျပန္အုပ္ထားပါ။

လိုအပ္ပါကငါးငံျပာရည္၊ဟင္းခတ္မွုန႔္အရသာအနည္းငယ္ျပန္လည္ျဖည့္စြက္ပါ။

ကင္ပြန္းခ်ဥ္ကသတၳဳရည္ဓာတ္ေတြငါးပိတုံး(ငါးပိတစ္တုံး)ေတြထဲစိမ့္ဝင္သည္အထိမီးရွိန္ေအးေအးမွာစိတ္ရွည္လက္ရွည္ခ်က္ေပးမယ္ဆိုရင္ျဖင့္ေမတၱာ၊ေစတနာေတြျပည့္ႏွက္ေနတဲ့ေမတၱာခ်ဥ္စပ္ဟင္းတစ္ခြက္သုံးေဆာင္နိူင္ပါၿပီ။

No comments: