Friday, June 26, 2020

Claypot Chicken Rice - Mexican Tomato Rice - ဝက်သားဆေးဘဲဥထမင်းကြော်

မလေးထမင်းပေါင်း 
(Claypot Chicken Rice)
------------------------------



ပါဝင်ပစ္စည်းများ
• ကြက်သား - ၂၅၀ ဂရမ်
• ကြက်သွန်ဖြူ - ၁၀ ဂရမ်
• ချင်း - ၁၀ ဂရမ်
• ပဲငံပြာရည်အနောက် - စားပွဲဇွန်း ၁ ဇွန်း
• ခရုဆီ - စားပွဲဇွန်း ၁ ဇွန်း
• နှမ်းဆီ - စားပွဲဇွန်း ၁ ဇွန်း
• ဟင်းချက်ဝိုင် - စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကော်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆန် - ၂၅၀ ဂရမ်
 (ပေါင်းအိုးဆန်ချိန်ခွက် - ၁ ခွက်ခွဲ)
• ရေ - ၄ဝဝ မီလီလီတာ
• ကြက်သွန်နီ - ၈၀ ဂရမ်
• ဆီ - စားပွဲဇွန်း ၄ ဇွန်း
 (ကြက်သွန်ကြော်ရန်)
• ကြက်အူချောင်း - ၁ဝဝ ဂရမ်
• ကြက်သွန်မြိတ် - ၁၀ ဂရမ်

ဆော့စ်အတွက် ပါဝင်ပစ္စည်းများ
• ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၃ ဇွန်း
• ခရုဆီ - စားပွဲဇွန်း ၁ ဇွန်း
• ဆီချက် - စားပွဲဇွန်း ၁ ဇွန်း
• နှမ်းဆီ - စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
၁။ ကြက်သားကို ပါးပါးလှီးပြီး ဇလုံထဲ ထည့်ပါ။ ထောင်းထားသော ကြက်သွန်ဖြူနှင့် ချင်း၊ ငရုတ် ကောင်းမှုန့်၊ ပဲငံပြာရည်အနောက်၊ သကြား၊ ခရုဆီ၊ ဟင်းချက်ဝိုင်၊ နှမ်းဆီ၊ ကော်မှုန့်နှင့် ဆားတို့ကို ထည့်၍ သမအောင်နယ်ပြီး မိနစ် ၃၀ ခန့် နှပ်ထားပါ။
၂။ ကြက်သွန်နီကို ပါးပါးလှီးပြီး အိုးထဲ ဆီထည့်၍ မီးအေးအေးဖြင့် ကြက်သွန်များ ရွှေညိုရောင် သန်းလာသည်အထိ ကြော်ပြီး ဆီစစ်ထားပါ။ ကြက်အူချောင်းကို တဇောင်းပုံစံအပြားလေးတွေ လှီးပြီး ဆီအနည်းငယ်ဖြင့် ကြော်ထားပါ။
၃။ ဆန်ကို သေချာစွာ ရေဆေးပြီး ထမင်းပေါင်းချက်မည့်အိုးထဲထည့်၍ ရေထည့်ပြီး ဆူအောင်  တည်ပါ။ ထမင်းလုံးများ အလုံးလိုက်ဖြစ်လာပြီး ရေအနည်းငယ်ခန့် ကျန်ပါက နှပ်ထားသော ကြက်သားများကို ထမင်းအပေါ်မှာ ထည့်၍ ၁၀ မိနစ်ခန့် မီးအေးအေးဖြင့် အဖုံးအုပ်ပြီး တည်ထားပါ။
၄။ ထမင်းထဲထည့်မည့် ဆော့စ်အတွက် ပန်းကန်ထဲ ပဲငံပြာရည်အကြည်၊ ခရုဆီ၊ ဆီချက်နှင့် နှမ်းဆီ တို့ကို ထည့်ပြီး သမအောင် မွှေပါ။
၅။ ထည့်ထားသော ကြက်သားများကျက်လျှင် ကြော်ထားသောကြက်အူချောင်းများကို အပေါ်မှာ သေချာစီထည့်ပါ။ အရသာအတွက် စပ်ထားသောဆော့စ်ကို နှံ့စပ်အောင် အပေါ်မှာ လောင်း ထည့်ပြီး ၅ မိနစ်ခန့် မီးအေးအေးဖြင့် ဆက်၍ နှပ်ထားပါ။
၆။ ကြော်ထားသော ကြက်သွန်ကြော်နှင့် ပါးပါးလှီးထားသော ကြက်သွန်မြိတ်တို့ကို အပေါ်မှာ ထပ်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
--------------------------
Htain Lin Maung

အင်ဒိုနီးရှားအမဲသားချက် (Beef Rendang)
---------------------------------------------------


ပါဝင်ပစ္စည်းများ
• အမဲသား - ၅ဝဝ ဂရမျ
• ကြက်သွန်နီ - ၅၀ ဂရမ်
• ကြက်သွန်ဖြူ - ၃၀ ဂရမ်
• ချင်း - ၁၅ ဂရမ်
• ပတဲကော - ၁၅ ဂရမ်
• စပါးလင် - ၁၅ ဂရမ်
• မန်ကျည်းနှစ်အရည် - စားပွဲဇွန်း ၃ ဇွန်း
• ငရုတ်သီးအခြာက်တောင့် - ၁၅ တောင့်
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း
• အုန်းနို့ - စားပွဲဇွန်း ၅ ဇွန်း
• ဆီ - စားပွဲဇွန်း ၃ ဇွန်း
• နာနတ်ပွင့် - ၃ ပွင့်
• သစ်ကြံပိုးခေါက် - ၁ ခု
• ဖာလာစေ့ - ၈ စေ့
• ရေ - ၃ဝဝ မီလီလီတာ

ပြုလုပ်နည်း
၁။ ငရုတ်သီးအခြောက်တောင့်ကို ရေနွေးဖြင့် ပြုတ်ပြီး ရေစစ်ထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပတဲကော၊ ချင်းတို့ကို အခွံနွှာပြီး ပါးပါးလေးတွေ လှီးထားပါ။ စပါးလင် ကိုလည်း ပါးပါးလှီးထားပါ။ ငရုတ်သီးအခြောက်တောင့်နှင့် ပါးပါးလှီးထားသော ပါဝင်ပစ္စည်းများကို ကြိတ်စက်ထဲ ထည့်ပြီး ကြေညက်အောင် ကြိတ်ထား ပါ။
၂။ အိုးထဲ ဆီထည့်၍ ကြိတ်ထားသောအရာများကို ထည့်ပြီး ၂ မိနစ်ခန့် မွှေပါ။ အုန်းနို့ကို လောင်းထည့်၍ အမဲသားထည့်ပြီး သမအောင် မွှေပါ။ အမဲသားများဆီပြန်လာလျှင် ရေထည့်ပြီး မီးအေးအေးဖြင့် မိနစ် ၂၀ ခန့် ချက်ပါ။ အရသာအတွက် ဆား၊ သကြားနှင့် မန်ကျည်းနှစ်အရည်တို့ကို ထည့်ပါ။ ထည့်ထားသော အမဲသားများနူးပြီး ရေခန်းသွား လျှင် ပါးပါးလှီးထားသော ရှောက်ရွက်များကို ထည့်၍ ထမင်းနှင့် သုံးဆောင်နိုင်ပါပြီ။
----------------------------
Htain Lin Maung

ဆယ်လမွန် ယိုးဒယားသုပ်
------------------------------


ပါဝင်ပစ္စည်းများ
• ငရုတ်သီးခြာက် - ၈ တောင့် (ရေစိမ်ထားတာ)
• ကြက်သွန်နီ - ၃၅ ဂရမ်
• ကြက်သွန်ဖြူ - ၁၅ ဂရမ်
• ကြက်သွန်မြိတ် - ၅ ဂရမ်
• စပါးလင် - ၅ ဂရမ်
• စိမ်းစားငါးပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• နံနံစေ့ - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
• နာနတ်ပွင့် - ၂ ပွင့်
• လေးညှင်းပွင့် - ၈ ပွင့်
• ငံပြာရည် - စားပွဲဇွန်း ၂ ဇွန်း
• ဆီ - စားပွဲဇွန်း ၄ ဇွန်း

ပြုလုပ်နည်း
၁။ ဆယ်လမွန် ယိုးဒယားသုပ်ပြုလုပ်ဖို့အတွက် ပထမဆုံး ရေစိမ်ထားတဲ့ ငရုတ်သီးခြောက် ကို လှော်ပါမယ်။ ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ် တို့ကို ၂ မိနစ်ခန့် လှော်ပါ။ ပြီးလျှင် တစ်ဆက်တည်း နံနံစေ့၊ လေးညှင်းပွင့်၊ နာနတ်ပွင့်တို့ကို ထည့်ပြီး
လှော်ပါ။
၂။ ကြိတ်စက်ထဲကို လှော်ထားတာတွေ အကုန်ထည့်ပြီး ငံပြာရည်ထည့်ကာ ကြိတ်ပေးရ ပါမယ်။
၃။ ဒယ်အိုးတင်ပြီး စိမ်းစားငါးပိထည့်ကာ ဆီအရင်သတ်ပေးပါ။ အဲဒီဆီသတ်ထားတဲ့
အထဲကို ကြိတ်ထားတဲ့အနှစ်တွေထည့်ပြီး နောက်ထပ် ဆီသတ်ပေးရပါမယ်။ ပြီးလျှင်
အအေးခံထားပေးပါ။
၄။ ဆယ်လမွန်အစိမ်းကို အတုံးလေးတွေ လှီးထားပါ။ နံနံပင်ကိုလည်း နုပ်နုပ်စဉ်းထားပေးပါ။
၅။ နောက်ဆုံးမှာတော့ ဇလုံတစ်ခုထဲကို အအေးခံထားတဲ့ အနှစ်ထည့်၊ ဆယ်လမွန် ထည့်၊ နံနံပင်ထည့်ကာ သမအောင် အသာလေးနယ်ပါ။ ပြီးလျှင် သုံးဆောင်နိုင်ပါပြီ။
----------------------------
Shwe Min Eain

ဖိလစ်ပိုင် ကြက်သားချက် (Adobo Chicken)
------------------------------------------------------


ပါဝင်ပစ္စည်းများ
• ကြက်သား - ၆ဝဝ ဂရမ်
• ကရဝေးရွက် - ၄ ရွက်
• ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၂ ဇွန်း
• ပဲငံပြာရည်အနောက် - စားပွဲဇွန်း ၂ ဇွန်း
• ကြက်သွန်ဖြူ - ၂၅ ဂရမ် (ထောင်းထားပါ)
• ကြက်သွန်နီ - ၅၀ ဂရမ် (ပါးပါးလှီးပါ)
• ဆီ - စားပွဲဇွန်း ၃ ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း
• ငရုတ်ကောင်းစေ့ - ၇ ဂရမ် (မညက်တညက်ထောင်းပါ)
• ရှလကာရည် - စားပွဲဇွန်း ၁ ဇွန်း
• ရေ - ၃ဝဝ မီလီလီတာ

ပြုလုပ်နည်း
၁။ ဇလုံထဲ ကြက်သားများထည့်ပြီး ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်နှင့် ထောင်းထားသော ကြက်သွန်ဖြူတို့ကို ထည့်၍ သမအောင်နယ်ပြီး မိနစ် ၃၀ ခန့် နှပ်ထားပါ။
၂။ အိုးထဲ ဆီထည့်ပြီး ပါးပါးလှီးထားသော ကြက်သွန်နီများကို ဆီစစ်ထားပါ။ ကရဝေး ရွက်နှင့် မညက်တညက်ထောင်းထားသော ငရုတ်ကောင်းစေ့များကို ထည့်ပါ။
၃။ နှပ်ထားသော ကြက်သားများကို ထည့်၍ သမအောင်မွှေပြီး ကြက်သားများ ဆီပြန် လာသည်အထိ ချက်ပါ။
၄။ ကြက်သားများ ဆီပြန်လာလျှင် ရေထည့်၍ အဖုံးအုပ်ပြီး မိနစ် ၂၀ ခန့် ချက်ပါ။ ထည့်ထားသောရေများ တစ်ဝက်ခန့် ခန်းလျှင် အရသာအတွက် ဆား၊ သကြားနှင့်  ရှလကာရည်တို့ကို ထည့်ပြီး သမအောင် မွှေပါ။
၅။ ကြက်သားများနူးအိပြီး ထည့်ထားသော ရေများခန်းလျှင် အရသာကို မြည်းစမ်းပြီး စားသုံးနိုင်ပါပြီ။
----------------------------
Htain Lin Maung

ခရမ်းချဉ်သီးထမင်း (Mexican Tomato Rice)
-------------------------------------------------------


ပါဝင်ပစ္စည်းများ
•  ဆန် - ၃၂၀ ဂရမ်
 ( ပေါင်းအိုးဆန်ချိန်ခွက် ၂ ခွက်)
•  ခရမ်းချဉ်သီး - ၃ဝဝ ဂရမ်
•  ငရုတ်သီးဆော့စ် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
•  ထောပတ် - ၃၀ ဂရမ်
•  ကြက်သွန်ဖြူ - ၁၀ ဂရမ်
•  ငရုတ်ကောင်း - ၃ ဂရမ်
•  ကရ‌ဝေးရွက် - ၂ ရွက်

Vegetable stock ပြုလုပ်ရန်အတွက်
•  မုန်လာဥ - ၁ဝဝ ဂရမ်
•  ကြက်သွန်နီ - ၇၀ ဂရမ်
•  ကြက်သွန်မြိတ်အကြီး - ၇၀ ဂရမ်
•  ကြက်သွန်ဖြူ -  ၂၀ ဂရမ်
•  ကရဝေးရွက် - ၂ ရွက်
•  ရေ - ၁ လီတာ
•  ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
၁။ Vegetable stock ပြုလုပ်ရန်အတွက် မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အခွံခွာရေဆေးပြီး အတုံးပုံစံလေးတွေ လှီးပေးပါ။ ကြက်သွန်မြိတ်အကြီးကိုလည်း
လှီးပေးပါ။ ချက်မည့်အိုးထဲသို့ လှီးထားသော အသီးအရွက်များကို ထည့်ပြီး ရေ ထည့်ကာ ဆူအောင် တည်ပေးပါ။ ရေဆူလာပါက အရသာအတွက် ဆားထည့်ပြီး မီးအေးအေး ဖြင့် အသီးအရွက်များ အချိုရည်များထွက်လာသည်အထိ မိနစ် ၃၀ ခန့် ချက်ထားပေးပါ။
၂။ ခရမ်းချဉ်သီးကို နုပ်နုပ်စဉ်းပြီး ကြိတ်ထားပေးပါ။ ထမင်းချက်မည့် အိုးထဲသို့ ထောပတ်ထည့်ပြီး နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူများထည့်ကာ ဆီသတ်ပေးပါ။ ငရုတ်ကောင်း စေ့၊ ကရ‌ဝေးရွက်၊ ငရုတ်သီးဆော့စ်တို့ကို ထည့်ပေးပါ။ ကြိတ်ထား သော ခရမ်းချဉ်သီးတို့ကို ထည့်ပြီး ဆီပြန်လာသည်အထိ မွှေပေးပါ။ ရေဆေးထားသော ဆန်ကို ထည့်ပြီး ချက်ထား သော အသီးအရွက်ပြုတ်ရည်ကို ထည့်ပေးပါ။ မီးအေးအေးဖြင့် ထည့်ထားသော အရည်များခန်းအောင်အထိ ချက်ပေးပါ။ ထမင်းကျက်ပါက အပေါ်မှ နံနံပင်လေးများ ဖြူးပြီး စားသုံးနိုင်ပါပြီ။
------------------------
Htain Lin Maung

ဝက်သားဆေးဘဲဥထမင်းကြော်
-------------------------------------


ပါဝင်ပစ္စည်းများ
• ဝက်သား - ၈၀ ဂရမ်  
 (အနေတော်လှီးပါ)
• ဆေးဘဲဥ - ၃ လုံး      
 ( လေးစိတ်စိတ်ထားပါ)
• ထမင်းဖြူ - ၁ ပွဲ
• ကွကျဥ - ၁ လုံး
 (ဖောက်ပြီးမွှေထားပါ)
• ဆီ - စားပွဲဇွန်း ၂ ဇွန်း
• ဆား - အနည်းငယ်
• သကြား - အနည်းငယ်
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• တရုတ်မဆလာ - အနည်းငယ်
• ပဲငံပြာရည်အကြည် - အနည်းငယ်
• ပဲငံပြာရည်အနောက် - အနည်းငယ်
• ခရုဆီ - စားပွဲဇွန်း ၁ ဇွန်း
• ကြက်သွန်မြိတ် - အနည်းငယ်
 (ပါးပါးလှီးပါ)
• ကြက်သွန်ဖြူ - ၃ မြွှာ
 (ဓားပြားရိုက်ပါ)
• ခရမ်းချဉ်သီး - ၁ လုံး
 ( ပါးပါးလှီးပါ) (တွဲဖက်စားရန်)
• သခွားသီး - အနည်းငယ်
 (ပါးပါးလှီးပါ) (တွဲဖက်စားရန်)
• ဆလတ်ရွက် - အနည်းငယ်

ပြုလုပ်နည်း
 ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူကို ဆီသတ်ပါ။ ကြက်သွန်ဖြူ အနံ့မွှေး လာပြီဆိုရင် ဝက်သားထည့်ပြီး ဆီသတ်ပေးပါ။ ဝက်သား အနံ့မွှေးလာပြီဆိုရင် ကြက်ဥ ထည့်ပြီးမွှေပါ။ ထမင်း ထည့်ပါ။ အရသာအနေနဲ့ ဆား၊ ငရုတ်ကောင်း၊ တရုတ် မဆလာ၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်
အကြည်၊ သကြားတို့ကို ထည့်ပေးပါ။ ပြီးလျှင် ဆေးဘဲဥ ထည့်ပါ။ ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
---------------------
Eant Wint Htut


(Zawgyi)

မေလးထမင္းေပါင္း
(Claypot Chicken Rice)
------------------------------

ပါဝင္ပစၥည္းမ်ား
• ၾကက္သား - ၂၅၀ ဂရမ္
• ၾကက္သြန္ျဖဴ - ၁၀ ဂရမ္
• ခ်င္း - ၁၀ ဂရမ္
• ပဲငံျပာရည္အေနာက္ - စားပြဲဇြန္း ၁ ဇြန္း
• ခ႐ုဆီ - စားပြဲဇြန္း ၁ ဇြန္း
• ႏွမ္းဆီ - စားပြဲဇြန္း ၁ ဇြန္း
• ဟင္းခ်က္ဝိုင္ - စားပြဲဇြန္း ၁ ဇြန္း
• င႐ုတ္ေကာင္းမွုန႔္ - လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း
• သၾကား - လက္ဖက္ရည္ဇြန္း ၁ ဇြန္း
• ေကာ္မွုန႔္ - စားပြဲဇြန္း ၁ ဇြန္း
• ဆား - လက္ဖက္ရည္ဇြန္း ၁ ဇြန္း
• ဆန္ - ၂၅၀ ဂရမ္
 (ေပါင္းအိုးဆန္ခ်ိန္ခြက္ - ၁ ခြက္ခြဲ)
• ေရ - ၄ဝဝ မီလီလီတာ
• ၾကက္သြန္နီ - ၈၀ ဂရမ္
• ဆီ - စားပြဲဇြန္း ၄ ဇြန္း
 (ၾကက္သြန္ေၾကာ္ရန္)
• ၾကက္အူေခ်ာင္း - ၁ဝဝ ဂရမ္
• ၾကက္သြန္ၿမိတ္ - ၁၀ ဂရမ္

ေဆာ့စ္အတြက္ ပါဝင္ပစၥည္းမ်ား
• ပဲငံျပာရည္အၾကည္ - စားပြဲဇြန္း ၃ ဇြန္း
• ခ႐ုဆီ - စားပြဲဇြန္း ၁ ဇြန္း
• ဆီခ်က္ - စားပြဲဇြန္း ၁ ဇြန္း
• ႏွမ္းဆီ - စားပြဲဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း
၁။ ၾကက္သားကို ပါးပါးလွီးၿပီး ဇလုံထဲ ထည့္ပါ။ ေထာင္းထားေသာ ၾကက္သြန္ျဖဴႏွင့္ ခ်င္း၊ င႐ုတ္ ေကာင္းမွုန႔္၊ ပဲငံျပာရည္အေနာက္၊ သၾကား၊ ခ႐ုဆီ၊ ဟင္းခ်က္ဝိုင္၊ ႏွမ္းဆီ၊ ေကာ္မွုန႔္ႏွင့္ ဆားတို့ကို ထည့္၍ သမေအာင္နယ္ၿပီး မိနစ္ ၃၀ ခန႔္ ႏွပ္ထားပါ။
၂။ ၾကက္သြန္နီကို ပါးပါးလွီးၿပီး အိုးထဲ ဆီထည့္၍ မီးေအးေအးျဖင့္ ၾကက္သြန္မ်ား ေရႊညိဳေရာင္ သန္းလာသည္အထိ ေၾကာ္ၿပီး ဆီစစ္ထားပါ။ ၾကက္အူေခ်ာင္းကို တေဇာင္းပုံစံအျပားေလးေတြ လွီးၿပီး ဆီအနည္းငယ္ျဖင့္ ေၾကာ္ထားပါ။
၃။ ဆန္ကို ေသခ်ာစြာ ေရေဆးၿပီး ထမင္းေပါင္းခ်က္မည့္အိုးထဲထည့္၍ ေရထည့္ၿပီး ဆူေအာင္  တည္ပါ။ ထမင္းလုံးမ်ား အလုံးလိုက္ျဖစ္လာၿပီး ေရအနည္းငယ္ခန႔္ က်န္ပါက ႏွပ္ထားေသာ ၾကက္သားမ်ားကို ထမင္းအေပၚမွာ ထည့္၍ ၁၀ မိနစ္ခန႔္ မီးေအးေအးျဖင့္ အဖုံးအုပ္ၿပီး တည္ထားပါ။
၄။ ထမင္းထဲထည့္မည့္ ေဆာ့စ္အတြက္ ပန္းကန္ထဲ ပဲငံျပာရည္အၾကည္၊ ခ႐ုဆီ၊ ဆီခ်က္ႏွင့္ ႏွမ္းဆီ တို့ကို ထည့္ၿပီး သမေအာင္ ေမႊပါ။
၅။ ထည့္ထားေသာ ၾကက္သားမ်ားက်က္လၽွင္ ေၾကာ္ထားေသာၾကက္အူေခ်ာင္းမ်ားကို အေပၚမွာ ေသခ်ာစီထည့္ပါ။ အရသာအတြက္ စပ္ထားေသာေဆာ့စ္ကို ႏွံ့စပ္ေအာင္ အေပၚမွာ ေလာင္း ထည့္ၿပီး ၅ မိနစ္ခန႔္ မီးေအးေအးျဖင့္ ဆက္၍ ႏွပ္ထားပါ။
၆။ ေၾကာ္ထားေသာ ၾကက္သြန္ေၾကာ္ႏွင့္ ပါးပါးလွီးထားေသာ ၾကက္သြန္ၿမိတ္တို့ကို အေပၚမွာ ထပ္ျဖဴးၿပီး သုံးေဆာင္နိုင္ပါၿပီ။
--------------------------
Htain Lin Maung

အင္ဒိုနီးရွားအမဲသားခ်က္ (Beef Rendang)
---------------------------------------------------


ပါဝင္ပစၥည္းမ်ား
• အမဲသား - ၅ဝဝ ဂရမ်
• ၾကက္သြန္နီ - ၅၀ ဂရမ္
• ၾကက္သြန္ျဖဴ - ၃၀ ဂရမ္
• ခ်င္း - ၁၅ ဂရမ္
• ပတဲေကာ - ၁၅ ဂရမ္
• စပါးလင္ - ၁၅ ဂရမ္
• မန္က်ည္းႏွစ္အရည္ - စားပြဲဇြန္း ၃ ဇြန္း
• င႐ုတ္သီးအျခာက္ေတာင့္ - ၁၅ ေတာင့္
• ဆား - လက္ဖက္ရည္ဇြန္း ၁ ဇြန္း
• သၾကား - လက္ဖက္ရည္ဇြန္း ၁  ၁/၂ ဇြန္း
• အုန္းနို့ - စားပြဲဇြန္း ၅ ဇြန္း
• ဆီ - စားပြဲဇြန္း ၃ ဇြန္း
• နာနတ္ပြင့္ - ၃ ပြင့္
• သစ္ႀကံပိုးေခါက္ - ၁ ခု
• ဖာလာေစ့ - ၈ ေစ့
• ေရ - ၃ဝဝ မီလီလီတာ

ျပဳလုပ္နည္း
၁။ င႐ုတ္သီးအေျခာက္ေတာင့္ကို ေရေႏြးျဖင့္ ျပဳတ္ၿပီး ေရစစ္ထားပါ။ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ပတဲေကာ၊ ခ်င္းတို့ကို အခြံႏႊာၿပီး ပါးပါးေလးေတြ လွီးထားပါ။ စပါးလင္ ကိုလည္း ပါးပါးလွီးထားပါ။ င႐ုတ္သီးအေျခာက္ေတာင့္ႏွင့္ ပါးပါးလွီးထားေသာ ပါဝင္ပစၥည္းမ်ားကို ႀကိတ္စက္ထဲ ထည့္ၿပီး ေၾကညက္ေအာင္ ႀကိတ္ထား ပါ။
၂။ အိုးထဲ ဆီထည့္၍ ႀကိတ္ထားေသာအရာမ်ားကို ထည့္ၿပီး ၂ မိနစ္ခန႔္ ေမႊပါ။ အုန္းနို့ကို ေလာင္းထည့္၍ အမဲသားထည့္ၿပီး သမေအာင္ ေမႊပါ။ အမဲသားမ်ားဆီျပန္လာလၽွင္ ေရထည့္ၿပီး မီးေအးေအးျဖင့္ မိနစ္ ၂၀ ခန႔္ ခ်က္ပါ။ အရသာအတြက္ ဆား၊ သၾကားႏွင့္ မန္က်ည္းႏွစ္အရည္တို့ကို ထည့္ပါ။ ထည့္ထားေသာ အမဲသားမ်ားႏူးၿပီး ေရခန္းသြား လၽွင္ ပါးပါးလွီးထားေသာ ေရွာက္ရြက္မ်ားကို ထည့္၍ ထမင္းႏွင့္ သုံးေဆာင္နိုင္ပါၿပီ။
----------------------------
Htain Lin Maung

ဆယ္လမြန္ ယိုးဒယားသုပ္
------------------------------


ပါဝင္ပစၥည္းမ်ား
• င႐ုတ္သီးျခာက္ - ၈ ေတာင့္ (ေရစိမ္ထားတာ)
• ၾကက္သြန္နီ - ၃၅ ဂရမ္
• ၾကက္သြန္ျဖဴ - ၁၅ ဂရမ္
• ၾကက္သြန္ၿမိတ္ - ၅ ဂရမ္
• စပါးလင္ - ၅ ဂရမ္
• စိမ္းစားငါးပိ - လက္ဖက္ရည္ဇြန္း ၁ ဇြန္း
• နံနံေစ့ - လက္ဖက္ရည္ဇြန္း ၃ ဇြန္း
• နာနတ္ပြင့္ - ၂ ပြင့္
• ေလးညႇင္းပြင့္ - ၈ ပြင့္
• ငံျပာရည္ - စားပြဲဇြန္း ၂ ဇြန္း
• ဆီ - စားပြဲဇြန္း ၄ ဇြန္း

ျပဳလုပ္နည္း
၁။ ဆယ္လမြန္ ယိုးဒယားသုပ္ျပဳလုပ္ဖို့အတြက္ ပထမဆုံး ေရစိမ္ထားတဲ့ င႐ုတ္သီးေျခာက္ ကို ေလွာ္ပါမယ္။ ၿပီးလၽွင္ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္ၿမိတ္ တို့ကို ၂ မိနစ္ခန႔္ ေလွာ္ပါ။ ၿပီးလၽွင္ တစ္ဆက္တည္း နံနံေစ့၊ ေလးညႇင္းပြင့္၊ နာနတ္ပြင့္တို့ကို ထည့္ၿပီး
ေလွာ္ပါ။
၂။ ႀကိတ္စက္ထဲကို ေလွာ္ထားတာေတြ အကုန္ထည့္ၿပီး ငံျပာရည္ထည့္ကာ ႀကိတ္ေပးရ ပါမယ္။
၃။ ဒယ္အိုးတင္ၿပီး စိမ္းစားငါးပိထည့္ကာ ဆီအရင္သတ္ေပးပါ။ အဲဒီဆီသတ္ထားတဲ့
အထဲကို ႀကိတ္ထားတဲ့အႏွစ္ေတြထည့္ၿပီး ေနာက္ထပ္ ဆီသတ္ေပးရပါမယ္။ ၿပီးလၽွင္
အေအးခံထားေပးပါ။
၄။ ဆယ္လမြန္အစိမ္းကို အတုံးေလးေတြ လွီးထားပါ။ နံနံပင္ကိုလည္း ႏုပ္ႏုပ္စဥ္းထားေပးပါ။
၅။ ေနာက္ဆုံးမွာေတာ့ ဇလုံတစ္ခုထဲကို အေအးခံထားတဲ့ အႏွစ္ထည့္၊ ဆယ္လမြန္ ထည့္၊ နံနံပင္ထည့္ကာ သမေအာင္ အသာေလးနယ္ပါ။ ၿပီးလၽွင္ သုံးေဆာင္နိုင္ပါၿပီ။
----------------------------
Shwe Min Eain

ဖိလစ္ပိုင္ ၾကက္သားခ်က္ (Adobo Chicken)
------------------------------------------------------


ပါဝင္ပစၥည္းမ်ား
• ၾကက္သား - ၆ဝဝ ဂရမ္
• ကရေဝးရြက္ - ၄ ရြက္
• ပဲငံျပာရည္အၾကည္ - စားပြဲဇြန္း ၂ ဇြန္း
• ပဲငံျပာရည္အေနာက္ - စားပြဲဇြန္း ၂ ဇြန္း
• ၾကက္သြန္ျဖဴ - ၂၅ ဂရမ္ (ေထာင္းထားပါ)
• ၾကက္သြန္နီ - ၅၀ ဂရမ္ (ပါးပါးလွီးပါ)
• ဆီ - စားပြဲဇြန္း ၃ ဇြန္း
• သၾကား - လက္ဖက္ရည္ဇြန္း ၁  ၁/၂ ဇြန္း
• င႐ုတ္ေကာင္းေစ့ - ၇ ဂရမ္ (မညက္တညက္ေထာင္းပါ)
• ရွလကာရည္ - စားပြဲဇြန္း ၁ ဇြန္း
• ေရ - ၃ဝဝ မီလီလီတာ

ျပဳလုပ္နည္း
၁။ ဇလုံထဲ ၾကက္သားမ်ားထည့္ၿပီး ပဲငံျပာရည္အေနာက္၊ ပဲငံျပာရည္အၾကည္ႏွင့္ ေထာင္းထားေသာ ၾကက္သြန္ျဖဴတို့ကို ထည့္၍ သမေအာင္နယ္ၿပီး မိနစ္ ၃၀ ခန႔္ ႏွပ္ထားပါ။
၂။ အိုးထဲ ဆီထည့္ၿပီး ပါးပါးလွီးထားေသာ ၾကက္သြန္နီမ်ားကို ဆီစစ္ထားပါ။ ကရေဝး ရြက္ႏွင့္ မညက္တညက္ေထာင္းထားေသာ င႐ုတ္ေကာင္းေစ့မ်ားကို ထည့္ပါ။
၃။ ႏွပ္ထားေသာ ၾကက္သားမ်ားကို ထည့္၍ သမေအာင္ေမႊၿပီး ၾကက္သားမ်ား ဆီျပန္ လာသည္အထိ ခ်က္ပါ။
၄။ ၾကက္သားမ်ား ဆီျပန္လာလၽွင္ ေရထည့္၍ အဖုံးအုပ္ၿပီး မိနစ္ ၂၀ ခန႔္ ခ်က္ပါ။ ထည့္ထားေသာေရမ်ား တစ္ဝက္ခန႔္ ခန္းလၽွင္ အရသာအတြက္ ဆား၊ သၾကားႏွင့္  ရွလကာရည္တို့ကို ထည့္ၿပီး သမေအာင္ ေမႊပါ။
၅။ ၾကက္သားမ်ားႏူးအိၿပီး ထည့္ထားေသာ ေရမ်ားခန္းလၽွင္ အရသာကို ျမည္းစမ္းၿပီး စားသုံးနိုင္ပါၿပီ။
----------------------------
Htain Lin Maung

ခရမ္းခ်ဥ္သီးထမင္း (Mexican Tomato Rice)
-------------------------------------------------------


ပါဝင္ပစၥည္းမ်ား
•  ဆန္ - ၃၂၀ ဂရမ္
 ( ေပါင္းအိုးဆန္ခ်ိန္ခြက္ ၂ ခြက္)
•  ခရမ္းခ်ဥ္သီး - ၃ဝဝ ဂရမ္
•  င႐ုတ္သီးေဆာ့စ္ - လက္ဖက္ရည္ဇြန္း ၂ ဇြန္း
•  ေထာပတ္ - ၃၀ ဂရမ္
•  ၾကက္သြန္ျဖဴ - ၁၀ ဂရမ္
•  င႐ုတ္ေကာင္း - ၃ ဂရမ္
•  ကရ‌ေဝးရြက္ - ၂ ရြက္

Vegetable stock ျပဳလုပ္ရန္အတြက္
•  မုန္လာဥ - ၁ဝဝ ဂရမ္
•  ၾကက္သြန္နီ - ၇၀ ဂရမ္
•  ၾကက္သြန္ၿမိတ္အႀကီး - ၇၀ ဂရမ္
•  ၾကက္သြန္ျဖဴ -  ၂၀ ဂရမ္
•  ကရေဝးရြက္ - ၂ ရြက္
•  ေရ - ၁ လီတာ
•  ဆား - လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း
၁။ Vegetable stock ျပဳလုပ္ရန္အတြက္ မုန္လာဥနီ၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴတို့ကို အခြံခြာေရေဆးၿပီး အတုံးပုံစံေလးေတြ လွီးေပးပါ။ ၾကက္သြန္ၿမိတ္အႀကီးကိုလည္း
လွီးေပးပါ။ ခ်က္မည့္အိုးထဲသို့ လွီးထားေသာ အသီးအရြက္မ်ားကို ထည့္ၿပီး ေရ ထည့္ကာ ဆူေအာင္ တည္ေပးပါ။ ေရဆူလာပါက အရသာအတြက္ ဆားထည့္ၿပီး မီးေအးေအး ျဖင့္ အသီးအရြက္မ်ား အခ်ိဳရည္မ်ားထြက္လာသည္အထိ မိနစ္ ၃၀ ခန႔္ ခ်က္ထားေပးပါ။
၂။ ခရမ္းခ်ဥ္သီးကို ႏုပ္ႏုပ္စဥ္းၿပီး ႀကိတ္ထားေပးပါ။ ထမင္းခ်က္မည့္ အိုးထဲသို့ ေထာပတ္ထည့္ၿပီး ႏုပ္ႏုပ္စဥ္းထားေ
သာ ၾကက္သြန္ျဖဴမ်ားထည့္ကာ ဆီသတ္ေပးပါ။ င႐ုတ္ေကာင္း ေစ့၊ ကရ‌ေဝးရြက္၊ င႐ုတ္သီးေဆာ့စ္တို့ကို ထည့္ေပးပါ။ ႀကိတ္ထား ေသာ ခရမ္းခ်ဥ္သီးတို့ကို ထည့္ၿပီး ဆီျပန္လာသည္အထိ ေမႊေပးပါ။ ေရေဆးထားေသာ ဆန္ကို ထည့္ၿပီး ခ်က္ထား ေသာ အသီးအရြက္ျပဳတ္ရည္ကို ထည့္ေပးပါ။ မီးေအးေအးျဖင့္ ထည့္ထားေသာ အရည္မ်ားခန္းေအာင္အထိ ခ်က္ေပးပါ။ ထမင္းက်က္ပါက အေပၚမွ နံနံပင္ေလးမ်ား ျဖဴးၿပီး စားသုံးနိုင္ပါၿပီ။
------------------------
Htain Lin Maung

ဝက္သားေဆးဘဲဥထမင္းေၾကာ္
-------------------------------------


ပါဝင္ပစၥည္းမ်ား
• ဝက္သား - ၈၀ ဂရမ္  
 (အေနေတာ္လွီးပါ)
• ေဆးဘဲဥ - ၃ လုံး      
 ( ေလးစိတ္စိတ္ထားပါ)
• ထမင္းျဖဴ - ၁ ပြဲ
• ကြက်ဥ - ၁ လုံး
 (ေဖာက္ၿပီးေမႊထားပါ)
• ဆီ - စားပြဲဇြန္း ၂ ဇြန္း
• ဆား - အနည္းငယ္
• သၾကား - အနည္းငယ္
• င႐ုတ္ေကာင္းမွုန႔္ - အနည္းငယ္
• တ႐ုတ္မဆလာ - အနည္းငယ္
• ပဲငံျပာရည္အၾကည္ - အနည္းငယ္
• ပဲငံျပာရည္အေနာက္ - အနည္းငယ္
• ခ႐ုဆီ - စားပြဲဇြန္း ၁ ဇြန္း
• ၾကက္သြန္ၿမိတ္ - အနည္းငယ္
 (ပါးပါးလွီးပါ)
• ၾကက္သြန္ျဖဴ - ၃ ႁမႊာ
 (ဓားျပားရိုက္ပါ)
• ခရမ္းခ်ဥ္သီး - ၁ လုံး
 ( ပါးပါးလွီးပါ) (တြဲဖက္စားရန္)
• သခြားသီး - အနည္းငယ္
 (ပါးပါးလွီးပါ) (တြဲဖက္စားရန္)
• ဆလတ္ရြက္ - အနည္းငယ္

ျပဳလုပ္နည္း
 ဒယ္အိုးကို အပူေပးၿပီး ဆီထည့္ပါ။ ဆီပူလာရင္ ၾကက္သြန္ျဖဴကို ဆီသတ္ပါ။ ၾကက္သြန္ျဖဴ အနံ့ေမႊး လာၿပီဆိုရင္ ဝက္သားထည့္ၿပီး ဆီသတ္ေပးပါ။ ဝက္သား အနံ့ေမႊးလာၿပီဆိုရင္ ၾကက္ဥ ထည့္ၿပီးေမႊပါ။ ထမင္း ထည့္ပါ။ အရသာအေနနဲ႔ ဆား၊ င႐ုတ္ေကာင္း၊ တ႐ုတ္ မဆလာ၊ ခ႐ုဆီ၊ ပဲငံျပာရည္အေနာက္၊ ပဲငံျပာရည္
အၾကည္၊ သၾကားတို့ကို ထည့္ေပးပါ။ ၿပီးလၽွင္ ေဆးဘဲဥ ထည့္ပါ။ ၾကက္သြန္ၿမိတ္ျဖဴးၿပီး သုံးေဆာင္နိုင္ပါၿပီ။
---------------------
Eant Wint Htut

No comments: