Wednesday, June 17, 2020

အစာလမ်းကြောင်း ရောဂါများ

အစာလမ်းကြောင်း ရောဂါများ


Dr. Josh Axe  က ရှေးဟာင်းတရုတ်ဆေးပညာကို အခြေခံပြီး အူလမ်းကြောင်းရောဂါတွေ ကို နမူနာပုံစံ ၅ ခုခွဲပြီး သူရဲ့ ( Eat Dirt ) စာအုပ်မှာရေးပါတယ်။ သူစာအုပ်ကို အခြေခံပြီး အခြားဗဟုသုတတွေ နှင့် ပေါင်းပြီး ဒီဆောင်းပါးရေးပေးတာပါ။ အရင်ကရေးပြီးသားရှိပေမည့် ဖတ်ရလွယ်အောင် ပြန်တည်းဖြတ်ထားပါတယ်။

Candida gut

Candida gut က candida မှို ကြောင့်ဖြစ်ပြီး ပါးစပ်၊ အစာလမ်းကြောင်း နှင့် မိန်းမကိုယ်မှာ အဓိကဖြစ်ပါတယ်။ အရေပြားမှာလည်းဖြစ်နိုင်ပါတယ်။ တရုတ်ဆေးပညာမှာ Candida gut က မြေဓာတ်၊ မီးဓာတ်နဲ့ ဆိုင်ပြီး စွတ်စိုမှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခြင်း၊ အစာဓာတ်မတည့်ခြင်း၊ အချိုကြိုက်လာခြင်း၊ ခံတွင်းနံနံခြင်း၊ လျှာမှာ ဖြူနေခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဟိုမုန်းမူမမှန်ခြင်း၊ အဆစ်အမြစ်နာခြင်း၊ လိင်စိတ်ကျဆင်းခြင်း၊ နှာပိတ်ခြင်း ၊ လေပွခြင်း၊ နှင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းတွေ ဖြစ်တတ်ပါတယ်။

အချို၊ ဂျုံ နှင့် နိုထွက်ပစ္စည်းတွေ နှင့် စွတ်စိုတဲ့ ရာသီဥတုက ရောဂါကို ပိုဆိုးစေတယ်လို့ဆိုပါတယ်။ ပိုးသတ်ဆေး ကြာကြာသောက်တတ်သူ၊ ကိုယ်ဝန်တားဆေးသောက်နေသူ၊တွေမှာ သကြားအများကြီးစားလျှင် ပိုဖြစ်နိုင်ပါတယ်။ ဆီးချိုသမားတွေမှာ candida gut ဖြစ်နိုင်ခြေများပါတယ်။ ကင်ဆာဆေးသောက်နေသူတွေ နှင့် အဆိုးမြင်စိတ်ရှိသူတွေမှာလည်း candida gut ဖြစ်နိုင်ပါတယ်။ ဒါကြောင့်အကောင်းမြင်စိတ်ထားပါ။

အချိုများတဲ့ အစားအစာ၊ ဂျုံ နှင့် နို့ထွက်ပစ္စည်းတွေ ရှောင်ပါ။ Caffeine က candida gut ကို ပိုဆိုးစေပြီး ဘီယာက candida မှိုကို ကြီးထွားစေပါတယ်။ ခါးတဲ့အစာတွေပိုစားပေးပါ။ ဟင်းရွက်ပြုတ်နွေးနွေး နှင့် အသားပြုတ်နွေးနွေးစားပေးပါ။ အချဉ်ဖောက်ထားတာ စားပါ။ နွယ်ချို နှင့် လုပ်ထားတဲ့ ရေနွေးသောက်လို့ရပါတယ်။ Probiotics သောက်ပေးပါ။ Selenium နှင့်  ကြက်သွန်ဖြူ က candida gut အတွက်ကောင်းပါတယ်။

Stressed Gut

စိတ်ဖိစီးမှု၊ ကြောင့်ကြစိတ်၊ ပူပန်မှုကြောင့် ကျောက်ကပ်၊ adrenal gland ( အယ်ဒရီနယ်ဂရင်း) နှင့် သိုင်းရွိုက်ဂရင်းများ ထိခိုက်နိုင်တဲ့အပြင် အူလမ်းကြောင်းမှာရှိတဲ့ probiotics တွေ လျော့နည်းနိုင်ပါတယ်။ Stressed gut ကြောင့် အစာစုပ်ယူမှု နည်းသွားတတ်တယ်။ အူလမ်းကြောင်းကို အောက်ဆီဂျင် ပို့ဆောင်မှု လေးဆလောက် ကျဆင်းသွားတတ်တယ်။ အစာခြေ အင်ဇိုင်း အဆ နှစ်သောင်းလောက် နည်းသွားတတ်တယ်။

မဆုံးနိုင်သော stress တွေခံစားရတဲ့အခါ အယ်ဒရီနယ်ဂရင်းက သူလုပ်နေတဲ့ အလုပ်ကို ကောင်းကောင်းမလုပ်နိုင်တော့ပဲ adrenal fatigue ဝင်လာပြီး မနက်စောစော မထနိုင်ခြင်း၊ ညကောင်းကောင်းမအိပ်နိုင်ခြင်း၊ လိင်စိတ်လျော့နည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အရိုးနှင့် ကြွက်သား အားနည်းခြင်း၊ မောပန်းခြင်း၊ အချိုကြိုက်လာခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်း၊ အဝလွန်ခြင်းတွေဖြစ်နိုင်ပါတယ်။ အော်တိုအင်မြူး သိုင်းရွိုက်ရောဂါပါ တွဲဖြစ်တတ်ပါတယ်။

စိတ်ဖိစီးမှုအပြင် အရက် နှင့် ကော်ဖီတွေကလည်း stressed gut ဖြစ်နိုင်ပါတယ်။ အရက်သောက်ခြင်း နှင့် သကြားအလွန်အကျွံစားခြင်းကလည်း အစာခြေစနစ်ကို နှောက်ယှက်ပေးပါတယ်။ အရက်သောက်တာရှောင်ပါ။ ကော်ဖီလျော့ပြီး ကော်ဖီအစားထိုး နွယ်ချိုလက်ဖက်ရည်၊ ဂျင်းဆင်း လက်ဖက်ရည်တွေသောက်လို့ရပါတယ်။ အချိုများတာတွေ ရှောင်ပါ။ ဘလူးဘယ်ရီ၊ ခရမ်းသီး၊ ခရမ်းရောင် ဂေါ်ဖီ စသည့် အသီးအရွက်တွေပါတဲ့ anthocyanin က stressed gut အတွက်ကောင်းပါတယ်။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေစားပါ။ ကယ်လစီယမ် နှင့် မက်ဂနီဆီယမ်ပါတဲ့ အစာတွေလည်း စားပေးပါ။ Omega 3 က ရောင်ရမ်းခြင်းကို သက်သာစေတာကြောင့် အဆီများတဲ့ ငါးစားပေးပါ။ Selenium ပါတဲ့ အစားအသောက်က သိုင်းရွိုက်ရောဂါအတွက်ကောင်းပါတယ်။ Stressed gut ကိုကုသမှုဖို့ တရားထိုင်ပါ။ ယောဂကျင့်ပါ။ ပျော်ပျော်နေပါ။ အကောင်းမြင်စိတ်မွေးပါ။

Immune Gut

အစာတွေ ကောင်းစွာမကြေညက်တာကြောင့် မကြေညက်တဲ့အစာက အူလမ်းကြောင်းကို ဒုက္ခပေးပါတယ်။ အူလမ်းကြောင်းရောင်ရမ်းလို့ဖြစ်တဲ့ ulcerative colitis, Crohn's disease နှင့် IBS ရောဂါတွေက immune gut ကြောင့် ဖြစ်တာလို့ Dr. Axe က ရေးပါတယ်။ တရုတ်ဆေးပညာအရ immune gut က သတ္ထုဓာတ်နဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ စိတ်မလုံခြုံမှု၊ ဝမ်းနည်းပူဆွေးမှု နှင့် မိမိကိုယ်ကို မယုံကြည်မှုက immune gut နှင့် ဆက်နွယ်နေပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ သူငယ်ချင်းတွေ နှင့် စကားပြောတာလုပ်ပေးပါ။

Immune gut ကို ကုဖို့ ကိုယ်နှင့်မတည့်တဲ့အစာတွေကို သိဖို့လိုပါတယ်။ အစပိုင်းမှာ immune gut ဖြစ်စေတယ်လို့ ယူဆရတဲ့ နို့၊ ကြက်ဥအကာ၊ ဂျုံ၊ အစေ့အဆန်၊ ဂလူတန်၊ မြေပဲ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ သကြား နှင့် အရက်တွေကို အနည်းဆုံးလေးပတ်မစားပဲနေပါ။ ဒါကို elimation diet လို့ခေါ်ပါတယ်။ နောက်ပိုင်း အစာတွေကို တစ်မျိုးစီ စားကြည့်ပြီး ခေါင်းကိုက်ခြင်း၊ အရေပြားယားယံခြင်း၊ စိတ်ရှုပ်ထွေးခြင်းရှိမရှိ တစ်ရက်၊ နှစ်ရက်လောက်စောင့်ကြည့်ပြီး တည့်မတည့်ဆုံးဖြတ်ပါ။ မတည့်လျှင် ရှောင်ပါ။ ဘယ်အစာတွေ နှင့် မတည့်တာလဲဆိုတာ သိဖို့ food allergen တွေစစ်လို့ရပါတယ်။ Ig G test လို့ ခေါ်မည်ထင်ပါတယ်။ သကြား နှင့် အရက်ကတော့ အူလမ်းကြောင်း ရောင်ရမ်းစေတတ်တာကြောင့် ရှောင်ပါ။

Immune gut မှာ အဓိက စားရမှာ အရိုးပြုတ်ရည်ပါ။ ဟင်းရွက်တွေကို အစိမ်းစားတာထက် ပြုတ်စားဖို့လိုပါတယ်။ ပိုးသတ်ဆေး သောက်တာရှောင်ပါ။ Probiotics ကြွယ်ဝစွာပါတဲ့ အစာတွေစားပါ။ အစာမကြေနိုင်လျှင် အစာခြေ အင်ဇိုင်းသောက်ပေးဖို့လည်း လိုပါတယ်။ ကောင်းမွန်တဲ့ အဆီတွေကလည်း အူလမ်းကြောင်းရောင်ရမ်းတာအတွက် ကောင်းပါတယ်။

Gastric Gut

စားပြီးမကြာဘူး ဗိုက်ကြီးတင်းလာတယ်။ ရင်ပူလာတယ်။ ချဉ်စူးစူးတွေ အန်ချင်အန်မည်။ အရည်ခါးခါးတွေ အန်ချင်အန်မည်။ ဒီလို လက္ခဏာတွေကို Dr.Axe က gastric gut လို့ ခေါင်းစဉ်တပ်ပါတယ်။ အစာအိမ် အက်ဆစ်နည်းပြီး အစာခြေစနစ်နှေးတာ၊ antacid တွေသောက်နေတာ၊ အစာကို ကောင်းကောင်းမဝါးတာ၊ အစာအများကြီးစားတာ၊ စိတ်ဖိစီးမှုများတာတွေက Gastric gut ဖြစ်နိုင်တယ်ဆိုပါတယ်။ ဒါကြောင့် တရားထိုင်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။

အစာကို ကြေညက်အောင် မဝါးတဲ့အခါ မကျေတဲ့ အစာတွေက အစာအိမ်ကို ဝန်ပိစေပါတယ်။ အစာအိမ် ဝန်ပိတဲ့အခါ အူလမ်းကြောင်းလည်း အလုပ်ပိုစေပါတယ်။ ဒါကြောင့် အစာတစ်လုတ်စားတိုင်း အကြိမ်သုံးဆယ်လောက်ဝါးဖို့၊ စားတဲ့ အစာကို အာရုံစိုက်ဖို့ Dr. Axe က အကြံပေးပါတယ်။ အစာကို အများကြီးစားတဲ့အခါ အစာအိမ်ကို ဝန်ပိစေပါတယ်။ ဒါကြောင့် အစာကို နည်းနည်း နည်းနည်း အကြိမ်များများခွဲစားဖို့ပြောပါတယ်။ ည ရ နာရီခွဲနောက်ပိုင်း ဘာမှ မစားသင့်ဘူးဆိုပါတယ်။

အစာအိမ် အက်ဆစ်နည်းတဲ့ အခါ စားတဲ့ အစာတွေ မကြေညက်နိုင်သလို အစာထဲမှာ ပါတဲ့ ရောဂါပိုးတွေကို မသတ်နိုင်ဘူးဆိုပါတယ်။ ဒါဆို အူလမ်းကြောင်းကို ဝန်ပိစေပြီး ကျန်းမာရေး ဆိုးသွားတတ်ပါတယ်။ အစာအိမ်အက်ဆစ် နည်းတဲ့အခါ အစာအိမ် နှင့် အူလမ်းကြောင်းက ပိုးတွေ မျှခြေပျက်သွားတတ်တယ်ရေးပါတယ်။ ရှေးဟောင်းတရုတ်ဆေးပညာမှာတော့ gastric gut က မီးဓာတ်၊ မြေဓာတ် နှင့်ဆိုင်တယ် ပြောပါတယ်။  Dr. Axe က အစာစားတဲ့အခါ နည်းနည်း နည်းနည်း နှင့် အကြိမ်များများစားဖို့၊ စားတဲ့ အခါ ကျေညက်အောင်ဝါးဖို့၊ အစာမစားခင် အစာချေနိုင်ဖို့ အစာအိမ်အက်ဆစ်အားကောင်းအောင် ပန်းသီရှာလကာရည် သို့မဟုတ် သံပုရာရည် သောက်ပေးဖို့ အကြံပေးပါတယ်။

ဆီကြော်အစားအစာတွေက အစာကြေဖို့ ခက်လို့ ရှောင်ရပါမည်။ Gluten ပါတာတွေ စပ်တဲ့ အရသာရှိတဲ့ အစာတွေလည်း ရှောင်ရပါမည်။ စီးပွားရေးဖြစ်ဒိန်ချဉ်တွေ၊ ခရမ်းချဉ်သီး၊ ချိပ်စ်၊နှင့် အရက်တွေက အစာအိမ်ကို ဒဏ်ဖြစ်စေလို့ ရှောင်ပါ။ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေက အစာချေရမှာ အထောက်အကူပြုပါတယ်။ ခါးသော အရသာရှိတဲ့ အစားအစာတွေက gastric gut အတွက်ကောင်းပါတယ်။ စိတ်ဖိစီးမှုများတဲ့ အချိန်မှာ အစာခြေလုပ်ငန်း ကောင်းကောင်း အလုပ်မလုပ်တာကြောင့် စိတ်ဖိစီးချိန်မှာ အရွက်လျော့စားပါ။ စားနေရင်း ရေသောက်တာ ရှောင်ရပါမည်။ အစာခြေ အင်ဇိုင်း နှင့် probiotics သောက်ပေးလို့ရပါတယ်။

Toxic Gut

Toxic Gut မှာ အဓိက ရောဂါဖြစ်တာ အသည်း နှင့် သည်းခြေအိတ်ပါ။ အသည်း နှင့် သည်းခြေအိတ် ရောဂါဖြစ်တဲ့အခါ အူလမ်းကြောင်းတစ်လျှေက် ဆိုးကျိုးသက်ရောက်သွားပြီး အစာခြေစနစ် တစ်ခုလုံး ကမောက်ကမ ဖြစ်ပြီး လူတွေမှာ နာတာရည်ရောဂါတွေရလာတာပါ။ မကောင်းတဲ့ အဆီကို များများစားပြီး အမျှင်ကို လုံလောက်အောင် မစားတဲ့ လူတွေမှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေပါတဲ့ လူ့အသုံးအဆောင်တွေကြောင့်လည်း ဖြစ်ပါတယ်။ ပြုပြင်ထားတဲ့ အစာကို စားတဲ့သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။

သွေးထဲက အန္တရာယ်ရှိတဲ့ အဆီ နှင့် အဆိပ်ကို အသည်းက စစ်ယူပေးတယ်။ သည်းခြေရည် ဆိုတဲ့ အရေးကြီးဆုံး အစာခြေ ပစ္စည်းကို ထုတ်ပေးတယ်။ ဗိုက်တာမင် နှင့် သတ္ထုဓာတ်တော်တော်များများကို သိုလှောင်ထားတယ်။ မကောင်းတဲ့ အဆီစားတာများလို့ အသည်းက ဝန်ပိလာပြီဆိုလျှင် သည်းခြေအိတ် ပါ အဆစ်ပါလာတတ်တယ်။ အစာလမ်းကြောင်း လှုပ်ရှားမှုနည်းတဲ့သူ၊ဝမ်းချုပ်တတ်တဲ့သူတွေမှာ သည်းခြေအိတ်ကျောက်တည်တတ်တယ်။

အဝလွန်တဲ့သူ၊ ကိုယ်အလေးချိန်မြန်မြန်ချထားတဲ့သူ၊ ဝမ်းချုပ်တတ်သူ၊ အဆီများတဲ့ အစာကိုစားသူ၊ သကြားအစားများတဲ့သူ၊ အရွက်စားတာနည်းတဲ့သူ နှင့် မျိုးရိုးရှိတဲ့သူတွေမှာ အသည်း နှင့် သည်းခြေအိတ် ဆိုင်ရာရောဂါတွေ ရှိတတ်တယ်။ အသည်း နှင့် သည်းခြေအိတ်မကောင်းလျှင် အစာခြေစနစ် ပြသနာဖြစ်လာပြီး အဆီတွေ ကြေညက်ဖို့ ခက်တယ်။ အရေပြား နှင့် အာရုံကြောရောဂါတွေလည်း ရတတ်တယ်။

တရုတ်ဆေးပညာမှာတော့ အသည်း နှင့် သည်းခြေအိတ်က ဒေါသ နှင့် ခွင့်မလွှတ်နိုင်တဲ့ စိတ်ပေါ်မူတည်တယ်ဆိုပါတယ်။  ဒါကြောင့် ခွင့်လွှတ်နိုင်ဖို့ ကြိုးစားရမည်ဆိုပါတယ်။ တရုတ်ဆေးပညာမှာ အသည်း နှင့် သည်းခြေအိတ်က သစ်သား နှင့် ဆိုင်တယ်။ ရာသီအားဖြင့် နွေဦး နှင့် ဆိုင်ပြီး အစိမ်းရောင်ရှိတဲ့ အသီးတွေက အသည်း နှင့် သည်းခြေအိတ် အတွက်ကောင်းတယ်ဆိုပါတယ်။ ပန်းစိမ်း၊ကန်စွန်းရွက်လို အစိမ်းရောင်ရှိတဲ့ အရွက်တွေ၊ ပန်းသီးစိမ်းလို အစိမ်းရောင်ရှိတဲ့ အသီးတွေ၊ သခွားသီး၊ တရုတ်နံနံ နှင့် မြက်ဂျုံနုလို အစိမ်းရောင်ရှိတဲ့ ဖျော်ရည်တွေက အကျိုးရှိတယ်ဆိုပါတယ်။

ပြုပြင်ထားတဲ့ အစားအစာတွေ၊ အဆီများတဲ့ အစာတွေ နှင့် သကြားအများကြီးစားခြင်းကို ရှောင်ရပါမည်။ ပရိုတိန်းတွေ၊ အချဉ်ဓာတ်ရှိတဲ့ အစားအစာတွေ၊ probiotics များတဲ့ အစာတွေ စားပေးရပါမည်။ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေက toxic gut အတွက်ကောင်းပါတယ်။ Beets, artichokes နှင့် dandelion တွေက သည်းခြေရည် စီးဆင်းမှုကို ကောင်းစေပါတယ်။ ပန်းသီးရှာလကာရည် နှင့် chamomile ဖျော်ရည်တွေက toxic gut အတွက်ကောင်းပါတယ်။ အသည်းကို သန့်စင်ဖို့ milk thistle (150 mg) ကို တစ်နေ့ နှစ်ကြိမ်လောက်သောက်ပေးလို့ရတယ်လို့ ရေးပါတယ်။

Dr. PHYO MAUNG

References - Eat Dirt: Why Leaky Gut May Be the Root Cause of Your Health Problems and 5 Surprising Steps to Cure It  by Dr. Josh Axe

(Zawgyi)

အစာလမ္းေၾကာင္း ေရာဂါမ်ား


Dr. Josh Axe  က ေရွးဟာင္းတ႐ုတ္ေဆးပညာကို အေျခခံၿပီး အူလမ္းေၾကာင္းေရာဂါေတြ ကို နမူနာပုံစံ ၅ ခုခြဲၿပီး သူရဲ့ ( Eat Dirt ) စာအုပ္မွာေရးပါတယ္။ သူစာအုပ္ကို အေျခခံၿပီး အျခားဗဟုသုတေတြ ႏွင့္ ေပါင္းၿပီး ဒီေဆာင္းပါးေရးေပးတာပါ။ အရင္ကေရးၿပီးသားရွိေပမည့္ ဖတ္ရလြယ္ေအာင္ ျပန္တည္းျဖတ္ထားပါတယ္။

Candida gut

Candida gut က candida မွို ေၾကာင့္ျဖစ္ၿပီး ပါးစပ္၊ အစာလမ္းေၾကာင္း ႏွင့္ မိန္းမကိုယ္မွာ အဓိကျဖစ္ပါတယ္။ အေရျပားမွာလည္းျဖစ္နိုင္ပါတယ္။ တ႐ုတ္ေဆးပညာမွာ Candida gut က ေျမဓာတ္၊ မီးဓာတ္နဲ႔ ဆိုင္ၿပီး စြတ္စိုမွုေၾကာင့္ျဖစ္တယ္လို့ ဆိုပါတယ္။ အလြန္အမင္း ပင္ပန္းႏြမ္းနယ္ေနျခင္း၊ အစာဓာတ္မတည့္ျခင္း၊ အခ်ိဳႀကိဳက္လာျခင္း၊ ခံတြင္းနံနံျခင္း၊ လၽွာမွာ ျဖဴေနျခင္း၊ စိတ္ရွုပ္ေထြးျခင္း၊ ဟိုမုန္းမူမမွန္ျခင္း၊ အဆစ္အျမစ္နာျခင္း၊ လိင္စိတ္က်ဆင္းျခင္း၊ ႏွာပိတ္ျခင္း ၊ ေလပြျခင္း၊ ႏွင့္ ဆီးလမ္းေၾကာင္း ပိုးဝင္ျခင္းေတြ ျဖစ္တတ္ပါတယ္။

အခ်ိဳ၊ ဂ်ဳံ ႏွင့္ နိုထြက္ပစၥည္းေတြ ႏွင့္ စြတ္စိုတဲ့ ရာသီဥတုက ေရာဂါကို ပိုဆိုးေစတယ္လို့ဆိုပါတယ္။ ပိုးသတ္ေဆး ၾကာၾကာေသာက္တတ္သူ၊ ကိုယ္ဝန္တားေဆးေသာက္ေနသူ၊ေတြမွာ သၾကားအမ်ားႀကီးစားလၽွင္ ပိုျဖစ္နိုင္ပါတယ္။ ဆီးခ်ိဳသမားေတြမွာ candida gut ျဖစ္နိုင္ေျခမ်ားပါတယ္။ ကင္ဆာေဆးေသာက္ေနသူေတြ ႏွင့္ အဆိုးျမင္စိတ္ရွိသူေတြမွာလည္း candida gut ျဖစ္နိုင္ပါတယ္။ ဒါေၾကာင့္အေကာင္းျမင္စိတ္ထားပါ။

အခ်ိဳမ်ားတဲ့ အစားအစာ၊ ဂ်ဳံ ႏွင့္ နို့ထြက္ပစၥည္းေတြ ေရွာင္ပါ။ Caffeine က candida gut ကို ပိုဆိုးေစၿပီး ဘီယာက candida မွိုကို ႀကီးထြားေစပါတယ္။ ခါးတဲ့အစာေတြပိုစားေပးပါ။ ဟင္းရြက္ျပဳတ္ေႏြးေႏြး ႏွင့္ အသားျပဳတ္ေႏြးေႏြးစားေပးပါ။ အခ်ဥ္ေဖာက္ထားတာ စားပါ။ ႏြယ္ခ်ိဳ ႏွင့္ လုပ္ထားတဲ့ ေရေႏြးေသာက္လို့ရပါတယ္။ Probiotics ေသာက္ေပးပါ။ Selenium ႏွင့္  ၾကက္သြန္ျဖဴ က candida gut အတြက္ေကာင္းပါတယ္။

Stressed Gut

စိတ္ဖိစီးမွု၊ ေၾကာင့္ၾကစိတ္၊ ပူပန္မွုေၾကာင့္ ေက်ာက္ကပ္၊ adrenal gland ( အယ္ဒရီနယ္ဂရင္း) ႏွင့္ သိုင္းရြိဳက္ဂရင္းမ်ား ထိခိုက္နိုင္တဲ့အျပင္ အူလမ္းေၾကာင္းမွာရွိတဲ့ probiotics ေတြ ေလ်ာ့နည္းနိုင္ပါတယ္။ Stressed gut ေၾကာင့္ အစာစုပ္ယူမွု နည္းသြားတတ္တယ္။ အူလမ္းေၾကာင္းကို ေအာက္ဆီဂ်င္ ပို့ေဆာင္မွု ေလးဆေလာက္ က်ဆင္းသြားတတ္တယ္။ အစာေျခ အင္ဇိုင္း အဆ ႏွစ္ေသာင္းေလာက္ နည္းသြားတတ္တယ္။

မဆုံးနိုင္ေသာ stress ေတြခံစားရတဲ့အခါ အယ္ဒရီနယ္ဂရင္းက သူလုပ္ေနတဲ့ အလုပ္ကို ေကာင္းေကာင္းမလုပ္နိုင္ေတာ့ပဲ adrenal fatigue ဝင္လာၿပီး မနက္ေစာေစာ မထနိုင္ျခင္း၊ ညေကာင္းေကာင္းမအိပ္နိုင္ျခင္း၊ လိင္စိတ္ေလ်ာ့နည္းျခင္း၊ စိတ္ဓာတ္က်ျခင္း၊ အရိုးႏွင့္ ႂကြက္သား အားနည္းျခင္း၊ ေမာပန္းျခင္း၊ အခ်ိဳႀကိဳက္လာျခင္း၊ ဆံပင္ကၽြတ္ျခင္း၊ ဆံပင္ပါးျခင္း၊ အဝလြန္ျခင္းေတြျဖစ္နိုင္ပါတယ္။ ေအာ္တိုအင္ျမဴး သိုင္းရြိဳက္ေရာဂါပါ တြဲျဖစ္တတ္ပါတယ္။

စိတ္ဖိစီးမွုအျပင္ အရက္ ႏွင့္ ေကာ္ဖီေတြကလည္း stressed gut ျဖစ္နိုင္ပါတယ္။ အရက္ေသာက္ျခင္း ႏွင့္ သၾကားအလြန္အကၽြံစားျခင္းကလည္း အစာေျခစနစ္ကို ေႏွာက္ယွက္ေပးပါတယ္။ အရက္ေသာက္တာေရွာင္ပါ။ ေကာ္ဖီေလ်ာ့ၿပီး ေကာ္ဖီအစားထိုး ႏြယ္ခ်ိဳလက္ဖက္ရည္၊ ဂ်င္းဆင္း လက္ဖက္ရည္ေတြေသာက္လို့ရပါတယ္။ အခ်ိဳမ်ားတာေတြ ေရွာင္ပါ။ ဘလူးဘယ္ရီ၊ ခရမ္းသီး၊ ခရမ္းေရာင္ ေဂၚဖီ စသည့္ အသီးအရြက္ေတြပါတဲ့ anthocyanin က stressed gut အတြက္ေကာင္းပါတယ္။ အစိမ္းေရာင္ရွိတဲ့ အသီးအရြက္ေတြစားပါ။ ကယ္လစီယမ္ ႏွင့္ မက္ဂနီဆီယမ္ပါတဲ့ အစာေတြလည္း စားေပးပါ။ Omega 3 က ေရာင္ရမ္းျခင္းကို သက္သာေစတာေၾကာင့္ အဆီမ်ားတဲ့ ငါးစားေပးပါ။ Selenium ပါတဲ့ အစားအေသာက္က သိုင္းရြိဳက္ေရာဂါအတြက္ေကာင္းပါတယ္။ Stressed gut ကိုကုသမွုဖို့ တရားထိုင္ပါ။ ေယာဂက်င့္ပါ။ ေပ်ာ္ေပ်ာ္ေနပါ။ အေကာင္းျမင္စိတ္ေမြးပါ။

Immune Gut

အစာေတြ ေကာင္းစြာမေၾကညက္တာေၾကာင့္ မေၾကညက္တဲ့အစာက အူလမ္းေၾကာင္းကို ဒုကၡေပးပါတယ္။ အူလမ္းေၾကာင္းေရာင္ရမ္းလို့ျဖစ္တဲ့ ulcerative colitis, Crohn's disease ႏွင့္ IBS ေရာဂါေတြက immune gut ေၾကာင့္ ျဖစ္တာလို့ Dr. Axe က ေရးပါတယ္။ တ႐ုတ္ေဆးပညာအရ immune gut က သတၳဳဓာတ္နဲ႔ သက္ဆိုင္တယ္လို့ ဆိုပါတယ္။ စိတ္မလုံျခဳံမွု၊ ဝမ္းနည္းပူေဆြးမွု ႏွင့္ မိမိကိုယ္ကို မယုံၾကည္မွုက immune gut ႏွင့္ ဆက္ႏြယ္ေနပါတယ္။ ေလ့က်င့္ခန္းလုပ္တာ၊ တရားထိုင္တာ၊ သူငယ္ခ်င္းေတြ ႏွင့္ စကားေျပာတာလုပ္ေပးပါ။

Immune gut ကို ကုဖို့ ကိုယ္ႏွင့္မတည့္တဲ့အစာေတြကို သိဖို့လိုပါတယ္။ အစပိုင္းမွာ immune gut ျဖစ္ေစတယ္လို့ ယူဆရတဲ့ နို့၊ ၾကက္ဥအကာ၊ ဂ်ဳံ၊ အေစ့အဆန္၊ ဂလူတန္၊ ေျမပဲ၊ ပဲအမ်ိဳးမ်ိဳး၊ အခြံမာသီးမ်ား၊ သၾကား ႏွင့္ အရက္ေတြကို အနည္းဆုံးေလးပတ္မစားပဲေနပါ။ ဒါကို elimation diet လို့ေခၚပါတယ္။ ေနာက္ပိုင္း အစာေတြကို တစ္မ်ိဳးစီ စားၾကည့္ၿပီး ေခါင္းကိုက္ျခင္း၊ အေရျပားယားယံျခင္း၊ စိတ္ရွုပ္ေထြးျခင္းရွိမရွိ တစ္ရက္၊ ႏွစ္ရက္ေလာက္ေစာင့္ၾကည့္ၿပီး တည့္မတည့္ဆုံးျဖတ္ပါ။ မတည့္လၽွင္ ေရွာင္ပါ။ ဘယ္အစာေတြ ႏွင့္ မတည့္တာလဲဆိုတာ သိဖို့ food allergen ေတြစစ္လို့ရပါတယ္။ Ig G test လို့ ေခၚမည္ထင္ပါတယ္။ သၾကား ႏွင့္ အရက္ကေတာ့ အူလမ္းေၾကာင္း ေရာင္ရမ္းေစတတ္တာေၾကာင့္ ေရွာင္ပါ။

Immune gut မွာ အဓိက စားရမွာ အရိုးျပဳတ္ရည္ပါ။ ဟင္းရြက္ေတြကို အစိမ္းစားတာထက္ ျပဳတ္စားဖို့လိုပါတယ္။ ပိုးသတ္ေဆး ေသာက္တာေရွာင္ပါ။ Probiotics ႂကြယ္ဝစြာပါတဲ့ အစာေတြစားပါ။ အစာမေၾကနိုင္လၽွင္ အစာေျခ အင္ဇိုင္းေသာက္ေပးဖို့လည္း လိုပါတယ္။ ေကာင္းမြန္တဲ့ အဆီေတြကလည္း အူလမ္းေၾကာင္းေရာင္ရမ္းတာအတြက္ ေကာင္းပါတယ္။

Gastric Gut

စားၿပီးမၾကာဘူး ဗိုက္ႀကီးတင္းလာတယ္။ ရင္ပူလာတယ္။ ခ်ဥ္စူးစူးေတြ အန္ခ်င္အန္မည္။ အရည္ခါးခါးေတြ အန္ခ်င္အန္မည္။ ဒီလို လကၡဏာေတြကို Dr.Axe က gastric gut လို့ ေခါင္းစဥ္တပ္ပါတယ္။ အစာအိမ္ အက္ဆစ္နည္းၿပီး အစာေျခစနစ္ေႏွးတာ၊ antacid ေတြေသာက္ေနတာ၊ အစာကို ေကာင္းေကာင္းမဝါးတာ၊ အစာအမ်ားႀကီးစားတာ၊ စိတ္ဖိစီးမွုမ်ားတာေတြက Gastric gut ျဖစ္နိုင္တယ္ဆိုပါတယ္။ ဒါေၾကာင့္ တရားထိုင္ပါ။ ေလ့က်င့္ခန္းလုပ္ပါ။

အစာကို ေၾကညက္ေအာင္ မဝါးတဲ့အခါ မေက်တဲ့ အစာေတြက အစာအိမ္ကို ဝန္ပိေစပါတယ္။ အစာအိမ္ ဝန္ပိတဲ့အခါ အူလမ္းေၾကာင္းလည္း အလုပ္ပိုေစပါတယ္။ ဒါေၾကာင့္ အစာတစ္လုတ္စားတိုင္း အႀကိမ္သုံးဆယ္ေလာက္ဝါးဖို့၊ စားတဲ့ အစာကို အာ႐ုံစိုက္ဖို့ Dr. Axe က အႀကံေပးပါတယ္။ အစာကို အမ်ားႀကီးစားတဲ့အခါ အစာအိမ္ကို ဝန္ပိေစပါတယ္။ ဒါေၾကာင့္ အစာကို နည္းနည္း နည္းနည္း အႀကိမ္မ်ားမ်ားခြဲစားဖို့ေျပာပါတယ္။ ည ရ နာရီခြဲေနာက္ပိုင္း ဘာမွ မစားသင့္ဘူးဆိုပါတယ္။

အစာအိမ္ အက္ဆစ္နည္းတဲ့ အခါ စားတဲ့ အစာေတြ မေၾကညက္နိုင္သလို အစာထဲမွာ ပါတဲ့ ေရာဂါပိုးေတြကို မသတ္နိုင္ဘူးဆိုပါတယ္။ ဒါဆို အူလမ္းေၾကာင္းကို ဝန္ပိေစၿပီး က်န္းမာေရး ဆိုးသြားတတ္ပါတယ္။ အစာအိမ္အက္ဆစ္ နည္းတဲ့အခါ အစာအိမ္ ႏွင့္ အူလမ္းေၾကာင္းက ပိုးေတြ မၽွေျခပ်က္သြားတတ္တယ္ေရးပါတယ္။ ေရွးေဟာင္းတ႐ုတ္ေဆးပညာမွာေတာ့ gastric gut က မီးဓာတ္၊ ေျမဓာတ္ ႏွင့္ဆိုင္တယ္ ေျပာပါတယ္။  Dr. Axe က အစာစားတဲ့အခါ နည္းနည္း နည္းနည္း ႏွင့္ အႀကိမ္မ်ားမ်ားစားဖို့၊ စားတဲ့ အခါ ေက်ညက္ေအာင္ဝါးဖို့၊ အစာမစားခင္ အစာေခ်နိုင္ဖို့ အစာအိမ္အက္ဆစ္အားေကာင္းေအာင္ ပန္းသီရွာလကာရည္ သို့မဟုတ္ သံပုရာရည္ ေသာက္ေပးဖို့ အႀကံေပးပါတယ္။

ဆီေၾကာ္အစားအစာေတြက အစာေၾကဖို့ ခက္လို့ ေရွာင္ရပါမည္။ Gluten ပါတာေတြ စပ္တဲ့ အရသာရွိတဲ့ အစာေတြလည္း ေရွာင္ရပါမည္။ စီးပြားေရးျဖစ္ဒိန္ခ်ဥ္ေတြ၊ ခရမ္းခ်ဥ္သီး၊ ခ်ိပ္စ္၊ႏွင့္ အရက္ေတြက အစာအိမ္ကို ဒဏ္ျဖစ္ေစလို့ ေရွာင္ပါ။ လတ္လတ္ဆတ္ဆတ္ အသီးအရြက္ေတြက အစာေခ်ရမွာ အေထာက္အကူျပဳပါတယ္။ ခါးေသာ အရသာရွိတဲ့ အစားအစာေတြက gastric gut အတြက္ေကာင္းပါတယ္။ စိတ္ဖိစီးမွုမ်ားတဲ့ အခ်ိန္မွာ အစာေျခလုပ္ငန္း ေကာင္းေကာင္း အလုပ္မလုပ္တာေၾကာင့္ စိတ္ဖိစီးခ်ိန္မွာ အရြက္ေလ်ာ့စားပါ။ စားေနရင္း ေရေသာက္တာ ေရွာင္ရပါမည္။ အစာေျခ အင္ဇိုင္း ႏွင့္ probiotics ေသာက္ေပးလို့ရပါတယ္။

Toxic Gut

Toxic Gut မွာ အဓိက ေရာဂါျဖစ္တာ အသည္း ႏွင့္ သည္းေျခအိတ္ပါ။ အသည္း ႏွင့္ သည္းေျခအိတ္ ေရာဂါျဖစ္တဲ့အခါ အူလမ္းေၾကာင္းတစ္ေလၽွက္ ဆိုးက်ိဳးသက္ေရာက္သြားၿပီး အစာေျခစနစ္ တစ္ခုလုံး ကေမာက္ကမ ျဖစ္ၿပီး လူေတြမွာ နာတာရည္ေရာဂါေတြရလာတာပါ။ မေကာင္းတဲ့ အဆီကို မ်ားမ်ားစားၿပီး အမၽွင္ကို လုံေလာက္ေအာင္ မစားတဲ့ လူေတြမွာ ျဖစ္ပါတယ္။ ျပင္းထန္တဲ့ ဓာတုပစၥည္းေတြပါတဲ့ လူ႔အသုံးအေဆာင္ေတြေၾကာင့္လည္း ျဖစ္ပါတယ္။ ျပဳျပင္ထားတဲ့ အစာကို စားတဲ့သူေတြမွာလည္း ျဖစ္နိုင္ပါတယ္။

ေသြးထဲက အႏၲရာယ္ရွိတဲ့ အဆီ ႏွင့္ အဆိပ္ကို အသည္းက စစ္ယူေပးတယ္။ သည္းေျခရည္ ဆိုတဲ့ အေရးႀကီးဆုံး အစာေျခ ပစၥည္းကို ထုတ္ေပးတယ္။ ဗိုက္တာမင္ ႏွင့္ သတၳဳဓာတ္ေတာ္ေတာ္မ်ားမ်ားကို သိုေလွာင္ထားတယ္။ မေကာင္းတဲ့ အဆီစားတာမ်ားလို့ အသည္းက ဝန္ပိလာၿပီဆိုလၽွင္ သည္းေျခအိတ္ ပါ အဆစ္ပါလာတတ္တယ္။ အစာလမ္းေၾကာင္း လွုပ္ရွားမွုနည္းတဲ့သူ၊ဝမ္းခ်ဳပ္တတ္တဲ့သူေတြမွာ သည္းေျခအိတ္ေက်ာက္တည္တတ္တယ္။

အဝလြန္တဲ့သူ၊ ကိုယ္အေလးခ်ိန္ျမန္ျမန္ခ်ထားတဲ့သူ၊ ဝမ္းခ်ဳပ္တတ္သူ၊ အဆီမ်ားတဲ့ အစာကိုစားသူ၊ သၾကားအစားမ်ားတဲ့သူ၊ အရြက္စားတာနည္းတဲ့သူ ႏွင့္ မ်ိဳးရိုးရွိတဲ့သူေတြမွာ အသည္း ႏွင့္ သည္းေျခအိတ္ ဆိုင္ရာေရာဂါေတြ ရွိတတ္တယ္။ အသည္း ႏွင့္ သည္းေျခအိတ္မေကာင္းလၽွင္ အစာေျခစနစ္ ျပသနာျဖစ္လာၿပီး အဆီေတြ ေၾကညက္ဖို့ ခက္တယ္။ အေရျပား ႏွင့္ အာ႐ုံေၾကာေရာဂါေတြလည္း ရတတ္တယ္။

တ႐ုတ္ေဆးပညာမွာေတာ့ အသည္း ႏွင့္ သည္းေျခအိတ္က ေဒါသ ႏွင့္ ခြင့္မလႊတ္နိုင္တဲ့ စိတ္ေပၚမူတည္တယ္ဆိုပါတယ္။  ဒါေၾကာင့္ ခြင့္လႊတ္နိုင္ဖို့ ႀကိဳးစားရမည္ဆိုပါတယ္။ တ႐ုတ္ေဆးပညာမွာ အသည္း ႏွင့္ သည္းေျခအိတ္က သစ္သား ႏွင့္ ဆိုင္တယ္။ ရာသီအားျဖင့္ ေႏြဦး ႏွင့္ ဆိုင္ၿပီး အစိမ္းေရာင္ရွိတဲ့ အသီးေတြက အသည္း ႏွင့္ သည္းေျခအိတ္ အတြက္ေကာင္းတယ္ဆိုပါတယ္။ ပန္းစိမ္း၊ကန္စြန္းရြက္လို အစိမ္းေရာင္ရွိတဲ့ အရြက္ေတြ၊ ပန္းသီးစိမ္းလို အစိမ္းေရာင္ရွိတဲ့ အသီးေတြ၊ သခြားသီး၊ တ႐ုတ္နံနံ ႏွင့္ ျမက္ဂ်ဳံႏုလို အစိမ္းေရာင္ရွိတဲ့ ေဖ်ာ္ရည္ေတြက အက်ိဳးရွိတယ္ဆိုပါတယ္။

ျပဳျပင္ထားတဲ့ အစားအစာေတြ၊ အဆီမ်ားတဲ့ အစာေတြ ႏွင့္ သၾကားအမ်ားႀကီးစားျခင္းကို ေရွာင္ရပါမည္။ ပရိုတိန္းေတြ၊ အခ်ဥ္ဓာတ္ရွိတဲ့ အစားအစာေတြ၊ probiotics မ်ားတဲ့ အစာေတြ စားေပးရပါမည္။ လတ္လတ္ဆတ္ဆတ္ အသီးအရြက္ေတြက toxic gut အတြက္ေကာင္းပါတယ္။ Beets, artichokes ႏွင့္ dandelion ေတြက သည္းေျခရည္ စီးဆင္းမွုကို ေကာင္းေစပါတယ္။ ပန္းသီးရွာလကာရည္ ႏွင့္ chamomile ေဖ်ာ္ရည္ေတြက toxic gut အတြက္ေကာင္းပါတယ္။ အသည္းကို သန႔္စင္ဖို့ milk thistle (150 mg) ကို တစ္ေန႔ ႏွစ္ႀကိမ္ေလာက္ေသာက္ေပးလို့ရတယ္လို့ ေရးပါတယ္။

Dr. PHYO MAUNG

References - Eat Dirt: Why Leaky Gut May Be the Root Cause of Your Health Problems and 5 Surprising Steps to Cure It  by Dr. Josh Axe

No comments: