Saturday, June 13, 2020

အဆုတ်ရောင်ရောဂါ (Pneumonia)

သတိပြုစရာ အဆုတ်ရောင်ရောဂါ
🎪🎪🎪🎪🎪🎪🎪🎪🎪🎪🎪


 အဆုတ်ရောင်ရောဂါ (Pneumonia) ဆိုတာက အဆုတ်တစ်ဖက်ခြမ်း၊ ဒါမှမဟုတ် အဆုတ်တစ်စုံလုံးမှာ ရောဂါပိုးဝင်ပြီး ရောင်ရမ်းမှုဖြစ်စဉ်ဖြစ်တဲ့ အခြေအနေ၊ ရောဂါတစ်ခုပါ… ရောဂါပိုးဆိုတဲ့နေရာမှာ ဘက်တီးရီးယားပိုး (Bacteria) ၊ ဗိုင်းရပ်စ်ပိုး (Viruses) တွေအပြင် မှိုပိုး (Fungi) တွေကြောင့်ပါ အဆုတ်ရောင်ရောဂါ ဖြစ်နိုင်ပါတယ်…

 အဲ့ဒီလို ရောဂါပိုးတွေက အသက်ရှူသွင်းရာကတဆင့် အဆုတ်လေပြွန်လမ်းကြောင်းတလျှောက် ဝင်လာပြီး လေပြွန်အဆုံးက လေအိတ်မွှား (Alveoli) လေးတွေကို ရောင်ရမ်းစေပါတယ်… အဲ့ဒီလိုရောင်ရမ်းလာတဲ့အခါ လေအိတ်မွှားလေးတွေထဲမှာ အရည်တွေ၊ ပြည်တွေ ပြည့်လာတာကြောင့် အသက်ရှူရတာ ခက်ခဲလာစေပြီး အဆုတ်ရောင်ရောဂါ (Pneumonia) ကို ဖြစ်စေတာ ဖြစ်ပါတယ်…

အဆုတ်ရောင်ရောဂါ (Pneumonia) ကို ဖြစ်စေတတ်တဲ့ ရောဂါပိုးတွေက ဘာတွေလဲ?
📼📼📼📼📼📼📼📼📼📼📼📼📼
အဆုတ်ရောင်ရောဂါကိုဖြစ်စေတတ်တဲ့ ဘက်တီးရီးယားပိုးတွေကတော့ Streptococcus pneumoniae, Mycoplasma pneumonia, Haemophilus influenzae နဲ့ Legionella pneumophila တို့ပဲဖြစ်ပါတယ်…

အဆုတ်ရောင်ရောဂါကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေကတော့ တုပ်ကွေးဗိုင်းရပ်စ်ပိုး Influenza virus, Respiratory syncytial virus (RSV), အအေးမိရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး Rhinoviruses စတဲ့ ဗိုင်းရပ်စ်ပိုးတွေပဲဖြစ်ပါတယ်… Covid-19 ကိုဖြစ်စေတတ်တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးနွယ်ဝင် SARS-CoV-2 ဗိုင်းရပ်စ်ကလည်း အဆုတ်ရောင်ရောဂါကို ဖြစ်စေပါတယ်…

မှိုပိုး (fungi) ကတော့ ကိုယ်ခံအားနည်းတဲ့ လူတွေကိုပဲ အဆုတ်ရောင်ရောဂါဖြစ်စေတတ်တာပါ… အဆုတ်ရောင်ရောဂါဖြစ်စေတဲ့ မှိုပိုးတွေကတော့ Pneumocystis jirovecii, Cryptococcus မှိုမျိုးစိတ်၊ Histoplasma မှိုမျိုးစိတ်တွေပဲဖြစ်ပါတယ်…

အဆုတ်ရောင်ရောဂါ ဖြစ်နိုင်ခြေများသောသူများ
📼📼📼📼📼📼📼📼📼📼📼📼📼📼
 လူတိုင်းက အဆုတ်ရောင်ရောဂါဖြစ်နိုင်ပါတယ်… ဒါပေမယ့် တချို့သူတွေကတော့ သာမန်လူတွေထက် ပိုပြီး အဆုတ်ရောင်ရောဂါ ဖြစ်နိုင်ခြေပိုများပါတယ်… ဘယ်သူတွေလဲဆိုရင်-
မွေးကင်းစ ကနေ ၂ နှစ်အရွယ် ကလေးငယ်တွေ၊
အသက် ၆၅ နှစ်ထက် ပိုပြီး အသက်ကြီးတဲ့သူတွေ၊
ကိုယ်ခံအားနည်းနေတဲ့သူတွေ၊
အဆုတ်ပန်းနာရင်ကြပ်ရောဂါသည်တွေ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါသည်တွေ၊
အအေးမိ၊ တုပ်ကွေးဖြစ်ထားတဲ့သူတွေ၊
ဆေးရုံတက်နေသူ၊ ဆေးရုံက ဆင်းလာတာမကြာသေးသူတွေ၊ အထူးသဖြင့် အသက်ရှူအကူစက် (Ventilator) အသုံးပြုပြီး ကုသခံခဲ့ရသူတွေ၊
လေဖြန်း၊ လေဖြတ်နေသူတွေ၊
ဆေးလိပ်သောက်သူတွေ၊ စတီးရွိုက်ဆေးတွေ ရေရှည်သောက်နေရသူတွေ၊ အရက်သောက်သူတွေ၊
အဆုတ်ကို ထိခိုက်စေတဲ့ ညစ်ညမ်းလေထု၊ မီးခိုးငွေ့တွေ၊ အညော်ငွေ့တွေ၊ ဓာတုပစ္စည်းတွေနဲ့ နေ့စဉ်ထိတွေ့နေရသူတွေပဲဖြစ်ပါတယ်…

အဆုတ်ရောင်ရောဂါက ကူးစက်စေတတ်ပါသလား?
📼📼📼📼📼📼📼📼📼📼📼📼📼📼
 အဆုတ်ရောင်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယား ရောဂါပိုးတွေက လူအချင်းချင်း ကူးစက်ပျံ့ပွားစေတတ်ပါတယ်… ဘယ်လို ကူးစက်နိုင်တာလဲဆိုရင် ရောဂါပိုးက လေထဲကတဆင့် (Airborne)ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် နှာစေးချောင်းဆိုးရာက ထွက်လာတဲ့ အမှုန်အမွှား (Droplets) တွေကို ရှူသွင်းမိလို့ပဲဖြစ်ဖြစ်၊ အဲ့ဒီအမှုန်အမွှားတွေပေကျံထိတွေ့ထားတဲ့ မျက်နှာပြင်/ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီး လက်မဆေးဘဲ နှာခေါင်း၊ ပါးစပ်တွေကို ကိုင်တွယ်မိရင်ပဲဖြစ်ဖြစ် ကူးစက်စေနိုင်ပါတယ်…

 မှိုပိုး (Fungi) တွေကတော့ စိုထိုင်းပြီး လှောင်နေတဲ့ ပတ်ဝန်းကျင်ကနေ ကူးစက်တတ်ပေမယ့် သူကတော့ လူအချင်းချင်း မကူးစက်စေတတ်ပါဘူး…

အဆုတ်ရောင်ရောဂါလက္ခဏာများ
📼📼📼📼📼📼📼📼📼📼📼
 အဆုတ်ရောင်ရောဂါရဲ့ ရောဂါလက္ခဏာတွေကတော့ သာမန်လက္ခဏာကနေ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့အထိ ပြင်းထန်တဲ့ လက္ခဏာတွေအထိ ရှိကြပါတယ်... အဲ့ဒီလက္ခဏာတွေကတော့-
ချောင်းဆိုးခြင်း (ချွဲသလိပ်ပါနိုင်)
ဖျားခြင်း
ခေါင်းကိုက်ခြင်း
ချွေးထွက်ခြင်း၊ ချမ်းခြင်း
အသက်ရှူမဝခြင်း (နားနေချိန်၊ သာမန်အလုပ်လုပ်နေချိန်မှာတောင် အသက်ရှူမဝ ဖြစ်နိုင်)
ရင်ဘတ်အောင့်ခြင်း (အသက်ရှူချိန်၊ ချောင်းဆိုးချိန်မှာ ပိုဆိုးနိုင်)
နုံးချိခြင်း၊ အားနည်းနေသလိုခံစားရခြင်း၊ မောပန်းလွယ်ခြင်း
အစာစားချင်စိတ်နည်းပါးခြင်း
ပျို့ခြင်း၊ အန်ခြင်း တို့ပဲဖြစ်ပါတယ်…

တခြားလက္ခဏာတွေကတော့ ​ရောဂါဖြစ်နေသူရဲ့ အသက်အရွယ်နဲ့ သူ့ရဲ့ နဂိုရ်ကျန်းမာရေး အခြေအနေတွေပေါ်မှာ မူတည်ပြီး ဖြစ်နိုင်ပါတယ်…

အသက် ၅ နှစ်အောက် ကလေးငယ်တွေမှာ အသက်ရှူနှုန်းအလွန်မြန်တာ၊ လေချွန်သံလို အသံတွေထွက်လာတာမျိုးရှိနိုင်ပါတယ်… အရမ်းပြင်းထန်လွန်းရင် အသက်ရှူတဲ့အခါ နံရိုးကြားကြွက်သားတွေ ကြုံ့ဝင်တဲ့အထိ (Chest Indrawing) ဖြစ်တာမျိုး တွေ့ရနိုင်ပါတယ်…
မွေးကင်းစကလေးငယ်တွေမှာတော့ အန်နိုင်၊ မှိန်းနေနိုင်၊ နို့မစို့နိုင်တာမျိုးဖြစ်နိုင်ပါတယ်…


အဆုတ်ရောင်ရောဂါ အမျိုးအစားများ
📼📼📼📼📼📼📼📼📼📼📼📼
၁။ ဆေးရုံတက်ရာမှ ဖြစ်လာသော အဆုတ်ရောင်ရောဂါ (Hospital-acquired Pneumonia, HAP)
 အကြောင်းကြောင်းကြောင့် ဆေးရုံတက်ရောက်ရာမှ အဆုတ်ရောင်ရောဂါဖြစ်ပွားခြင်းဖြစ်ပြီး အခြားအဆုတ်ရောင်အမျိုးအစားများထက် ပိုပြီး ပြင်းထန်တတ်ပါတယ်… ဘာကြောင့်လဲဆိုရင် သူ့ကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေက ပဋိဇီဝ ပိုးသတ်ဆေး (Antibiotics) ဒဏ်ကို ခံနိုင်ရည်ရှိနေတတ်လို့ပါပဲ…

၂။ လူထုကြားမှတဆင့် ကူးစက်ပျံ့နှံ့လာသော အဆုတ်ရောင်ရောဂါ (Community-acquired Pneumonia, CAP)
 ဆေးရုံဆေးခန်းကြောင့်မဟုတ်ဘဲ ပြင်ပမှာနေထိုင်တဲ့ လူအများကြား ကူးစက်ပျံ့ပွားတတ်တဲ့ အမျိုးအစားဖြစ်ပါတယ်…

၃။ အသက်ရှူအကူကိရိယာမှတဆင့် ကူးစက်သော အဆုတ်ရောင်ရောဂါ (Ventilator-associated Pneumonia, VAP)

၄။ ဘက်တီးရီးယားပိုးပါသော အရည်၊ တံတွေး၊ အစာ စသည့် ပစ္စည်းတစ်ခုခုကို အဆုတ်လေပြွန်ထဲသို့ မတော်တဆ ရှူသွင်းမိရာမှ ဖြစ်လာသော အဆုတ်ရောင်ရောဂါ (Aspiration Pneumonia)

အဆုတ်ရောင်ရောဂါကြောင့် ဖြစ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများ
📼📼📼📼📼📼📼📼📼📼📼📼📼📼
  အဆုတ်ရောင်ရောဂါကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့အများကြီးပါ… အထူးသဖြင့် ကိုယ်ခံအားနည်းနေတဲ့သူတွေ၊ ဆီးချိုရောဂါသည်တွေ၊ နာတာရှည်ရောဂါသည်တွေမှာ ပိုပြီးဖြစ်နိုင်ခြေများပါတယ်…
နှလုံးရောဂါ (Congestive heart failure)၊ အဆုတ်လေအိတ်ရောဂါ (Emphysema) စတဲ့ ရောဂါတွေကို အဆုတ်ရောင်ရောဂါကြောင့် ပိုပြီးဆိုးစေပါတယ်…
Bacteremia - အဆုတ်ရောင်ရောဂါကိုဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေက သွေးကြောထဲကိုရောက်သွားပြီး သွေးဖိအားကျတာ၊ သွေးလန့်တာ (Septic Shock) ၊ ကိုယ်တွင်းအင်္ဂါထိခိုက်ပျက်စီးတာမျိုးကို ဖြစ်စေနိုင်ပါတယ်…
အဆုတ်ပြည်တည်နာ (Lungs Abscess)၊ အသက်မရှူနိုင်တော့တာ (Impaired breathing)၊ အဆုတ်ရေဝင်တာ (Pleural effusion) တွေလည်းဖြစ်နိုင်ပါတယ်…
ဆေးပညာဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခုဖြစ်တဲ့ ရုတ်တရက် အသက်ရှူပြဿနာဆိုင်ရာ ရောဂါလက္ခဏာစု (Acute Respiratory Distress Syndrome, ARDS) လည်း ဖြစ်နိုင်ပါတယ်…
အသက်သေဆုံးသည်အထိ ဖြစ်သွားနိုင်ပါတယ်…

အဆုတ်ရောင်ရောဂါက ကုသလို့ရပါသလား
⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑
 ရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ကုသပေးရင် ပုံမှန်အတိုင်း ပြန်ကောင်းနိုင်ပါတယ်… ဘက်တီးရီးယားပိုးကြောင့် ဖြစ်ရင် သက်ဆိုင်ရာ ပဋိဇီဝပိုးသတ်ဆေး (Antibiotics) တွေကိုပေးပြီး ကုသလို့ရပါတယ်… ဗိုင်းရပ်စ်ကြောင့်ဖြစ်ရင်တော့ ရောဂါလက္ခဏာသက်သာအောင်ပဲ ကုသပေးပြီး ကိုယ့်ကိုယ်ခံအားက ဗိုင်းရပ်စ်ပိုးကို ပြန်တိုက်ထုတ်နိုင်အောင်၊ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပေးရပါတယ်… တချို့ဗိုင်းရပ်စ်ပိုးတွေကတော့ ဗိုင်းရပ်စ်ပိုးသတ်ဆေး (Antivirals) လိုနိုင်ပါတယ်… မှိုပိုးအတွက်တော့ မှိုပိုးသတ်ဆေး (Antifungal medications) တွေလိုပြီးတော့ အချိန်ကြာကြာ ကုသပေးရပါတယ်…

အဆုတ်ရောင်ရောဂါကို ဘယ်လိုကာကွယ်နိုင်သလဲ
🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘

၁။ ကာကွယ်ဆေးထိုးခြင်း
⌨⌨⌨⌨⌨⌨⌨⌨⌨⌨
 Prevnar 13 (ဘက်တီးရီးယား ၁၃ မျိုးကို ကာကွယ်နိုင်)၊ Pneumovax 23 (ဘက်တီးရီးယား ၂၃ မျိုးကို ကာကွယ်နိုင်)၊ Flu vaccine (တုပ်ကွေးကာကွယ်ဆေး) ၊ Hib Vaccine (Haemophilus influenzae type b ကာကွယ်ဆေး) စတဲ့ ကာကွယ်ဆေးတွေကို ထိုးနှံပြီး အဆုတ်ရောင်ရောဂါ အတော်များများကို ကာကွယ်နိုင်ပါတယ်…

၂။ အခြားကာကွယ်ရေးနည်းလမ်းများ
⌨⌨⌨⌨⌨⌨⌨⌨⌨⌨⌨⌨⌨⌨⌨
ဆေးလိပ်ဖြတ်ပါ။
လက်ကို ဆပ်ပြာနဲ့ ပုံမှန်ဆေးပါ။
နှာစေး၊ ချောင်းဆိုးလျှင် တစ်ခါသုံးတစ်သျှူး၊ တံတောင်ဆစ်ကွေးနဲ့ အုပ်ပြီးဆိုးပါ။
ကူးစက်ခံရနိုင်သည့် အန္တရာယ်ရှိလျှင် ပိုးအကာအကွယ်ပေး မျက်နှာဖုံး (Mask) ကို စနစ်တကျ တပ်ဆင်အသုံးပြုပါ။
ကိုယ်ခံအားကောင်းအောင် အိပ်ရေးဝဝအိပ်၊ အာဟာရပြည့်အောင်စား၊ အရည်များများသောက်ပါ။
ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

နိဂုံးချုပ်အနေနဲ့ပြောရရင် အဆုတ်ရောင်ရောဂါက စနစ်တကျ ကာကွယ်မယ်ဆိုရင် ကာကွယ်နိုင်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်… မတော်တဆ ကူးစက်ခံရလို့ အဆုတ်ရောင်ရောဂါ ဖြစ်ပွားလာရင်လည်း နားလည်တတ်ကျွမ်းသူနဲ့ စနစ်တကျ ကုသမှုခံယူရင် ပြန်ကောင်းနိုင်တဲ့ ရောဂါဖြစ်ပါတယ်… စနစ်တကျ မကုသရင်လည်း တခြားသူတွေကို ကူးစက်စေနိုင်တဲ့အပြင် အသက်အန္တရာယ် ထိခိုက်တဲ့အထိ ပြင်းထန်နိုင်တာကြောင့် အဆုတ်ရောင်ရောဂါ မပေါ့ကြပါနဲ့လို့ အသိပေး ရေးသားလိုက်ရပါတယ်ဗျ…

ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)
၂၃.၄.၂၀၂၀
၁၄၁၁ နာရီ
MWD Magazine, June

(Zawgyi) 

သတိျပဳစရာ အဆုတ္ေရာင္ေရာဂါ
🎪🎪🎪🎪🎪🎪🎪🎪🎪🎪🎪


 အဆုတ္ေရာင္ေရာဂါ (Pneumonia) ဆုိတာက အဆုတ္တစ္ဖက္ျခမ္း၊ ဒါမွမဟုတ္ အဆုတ္တစ္စံုလံုးမွာ ေရာဂါပုိးဝင္ၿပီး ေရာင္ရမ္းမွဳျဖစ္စဥ္ျဖစ္တဲ့ အေျခအေန၊ ေရာဂါတစ္ခုပါ… ေရာဂါပုိးဆုိတဲ့ေနရာမွာ ဘက္တီးရီးယားပုိး (Bacteria) ၊ ဗိုင္းရပ္စ္ပုိး (Viruses) ေတြအျပင္ မိွဳပိုး (Fungi) ေတြေၾကာင့္ပါ အဆုတ္ေရာင္ေရာဂါ ျဖစ္ႏုိင္ပါတယ္…

 အဲ့ဒီလုိ ေရာဂါပိုးေတြက အသက္ရွဴသြင္းရာကတဆင့္ အဆုတ္ေလျပြန္လမ္းေၾကာင္းတေလွ်ာက္ ဝင္လာၿပီး ေလျပြန္အဆံုးက ေလအိတ္မႊား (Alveoli) ေလးေတြကုိ ေရာင္ရမ္းေစပါတယ္… အဲ့ဒီလုိေရာင္ရမ္းလာတဲ့အခါ ေလအိတ္မႊားေလးေတြထဲမွာ အရည္ေတြ၊ ျပည္ေတြ ျပည့္လာတာေၾကာင့္ အသက္ရွဴရတာ ခက္ခဲလာေစၿပီး အဆုတ္ေရာင္ေရာဂါ (Pneumonia) ကုိ ျဖစ္ေစတာ ျဖစ္ပါတယ္…

အဆုတ္ေရာင္ေရာဂါ (Pneumonia) ကို ျဖစ္ေစတတ္တဲ့ ေရာဂါပုိးေတြက ဘာေတြလဲ?
📼📼📼📼📼📼📼📼📼📼📼📼📼
အဆုတ္ေရာင္ေရာဂါကုိျဖစ္ေစတတ္တဲ့ ဘက္တီးရီးယားပုိးေတြကေတာ့ Streptococcus pneumoniae, Mycoplasma pneumonia, Haemophilus influenzae နဲ႔ Legionella pneumophila တုိ႔ပဲျဖစ္ပါတယ္…

အဆုတ္ေရာင္ေရာဂါကုိ ျဖစ္ေစႏုိင္တဲ့ ဗုိင္းရပ္စ္ပုိးေတြကေတာ့ တုပ္ေကြးဗုိင္းရပ္စ္ပုိး Influenza virus, Respiratory syncytial virus (RSV), အေအးမိေရာဂါကုိ ျဖစ္ေစတဲ့ ဗုိင္းရပ္စ္ပုိး Rhinoviruses စတဲ့ ဗုိင္းရပ္စ္ပုိးေတြပဲျဖစ္ပါတယ္… Covid-19 ကုိျဖစ္ေစတတ္တဲ့ ကိုရိုနာဗုိင္းရပ္စ္မ်ိဳးႏြယ္ဝင္ SARS-CoV-2 ဗုိင္းရပ္စ္ကလည္း အဆုတ္ေရာင္ေရာဂါကို ျဖစ္ေစပါတယ္…

မိွဳပိုး (fungi) ကေတာ့ ကုိယ္ခံအားနည္းတဲ့ လူေတြကုိပဲ အဆုတ္ေရာင္ေရာဂါျဖစ္ေစတတ္တာပါ… အဆုတ္ေရာင္ေရာဂါျဖစ္ေစတဲ့ မိွဳပုိးေတြကေတာ့ Pneumocystis jirovecii, Cryptococcus မိွဳမ်ဳိးစိတ္၊ Histoplasma မိွဳမ်ိဳးစိတ္ေတြပဲျဖစ္ပါတယ္…

အဆုတ္ေရာင္ေရာဂါ ျဖစ္ႏုိင္ေျခမ်ားေသာသူမ်ား
📼📼📼📼📼📼📼📼📼📼📼📼📼📼
 လူတုိင္းက အဆုတ္ေရာင္ေရာဂါျဖစ္ႏုိင္ပါတယ္… ဒါေပမယ့္ တခ်ိဳ႕သူေတြကေတာ့ သာမန္လူေတြထက္ ပုိၿပီး အဆုတ္ေရာင္ေရာဂါ ျဖစ္ႏုိင္ေျခပုိမ်ားပါတယ္… ဘယ္သူေတြလဲဆုိရင္-
ေမြးကင္းစ ကေန ၂ ႏွစ္အရြယ္ ကေလးငယ္ေတြ၊
အသက္ ၆၅ ႏွစ္ထက္ ပုိၿပီး အသက္ႀကီးတဲ့သူေတြ၊
ကုိယ္ခံအားနည္းေနတဲ့သူေတြ၊
အဆုတ္ပန္းနာရင္ၾကပ္ေရာဂါသည္ေတြ၊ ဆီးခ်ိဳေရာဂါ၊ ႏွလံုးေရာဂါသည္ေတြ၊
အေအးမိ၊ တုပ္ေကြးျဖစ္ထားတဲ့သူေတြ၊
ေဆးရံုတက္ေနသူ၊ ေဆးရံုက ဆင္းလာတာမၾကာေသးသူေတြ၊ အထူးသျဖင့္ အသက္ရွဴအကူစက္ (Ventilator) အသံုးျပဳၿပီး ကုသခံခဲ့ရသူေတြ၊
ေလျဖန္း၊ ေလျဖတ္ေနသူေတြ၊
ေဆးလိပ္ေသာက္သူေတြ၊ စတီးရြိဳက္ေဆးေတြ ေရရွည္ေသာက္ေနရသူေတြ၊ အရက္ေသာက္သူေတြ၊
အဆုတ္ကုိ ထိခုိက္ေစတဲ့ ညစ္ညမ္းေလထု၊ မီးခုိးေငြ႕ေတြ၊ အေညာ္ေငြ႕ေတြ၊ ဓာတုပစၥည္းေတြနဲ႔ ေန႔စဥ္ထိေတြ႕ေနရသူေတြပဲျဖစ္ပါတယ္…

အဆုတ္ေရာင္ေရာဂါက ကူးစက္ေစတတ္ပါသလား?
📼📼📼📼📼📼📼📼📼📼📼📼📼📼
 အဆုတ္ေရာင္ေရာဂါကုိ ျဖစ္ေစတဲ့ ဗုိင္းရပ္စ္ပုိး၊ ဘက္တီးရီးယား ေရာဂါပုိးေတြက လူအခ်င္းခ်င္း ကူးစက္ပ်ံ႕ပြားေစတတ္ပါတယ္… ဘယ္လုိ ကူးစက္ႏိုင္တာလဲဆိုရင္ ေရာဂါပိုးက ေလထဲကတဆင့္ (Airborne)ပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ ႏွာေစးေခ်ာင္းဆုိးရာက ထြက္လာတဲ့ အမွဳန္အမႊား (Droplets) ေတြကို ရွဴသြင္းမိလုိ႔ပဲျဖစ္ျဖစ္၊ အဲ့ဒီအမွဳန္အမႊားေတြေပက်ံထိေတြ႔ထားတဲ့ မ်က္ႏွာျပင္/ပစၥည္းတစ္ခုခုကို ကုိင္တြယ္ၿပီး လက္မေဆးဘဲ ႏွာေခါင္း၊ ပါးစပ္ေတြကို ကုိင္တြယ္မိရင္ပဲျဖစ္ျဖစ္ ကူးစက္ေစႏုိင္ပါတယ္…

 မိွဳပုိး (Fungi) ေတြကေတာ့ စုိထုိင္းၿပီး ေလွာင္ေနတဲ့ ပတ္ဝန္းက်င္ကေန ကူးစက္တတ္ေပမယ့္ သူကေတာ့ လူအခ်င္းခ်င္း မကူးစက္ေစတတ္ပါဘူး…

အဆုတ္ေရာင္ေရာဂါလကၡဏာမ်ား
📼📼📼📼📼📼📼📼📼📼📼
 အဆုတ္ေရာင္ေရာဂါရဲ့ ေရာဂါလကၡဏာေတြကေတာ့ သာမန္လကၡဏာကေန အသက္အႏၱရာယ္ကုိ ၿခိမ္းေျခာက္ႏုိင္တဲ့အထိ ျပင္းထန္တဲ့ လကၡဏာေတြအထိ ရွိၾကပါတယ္... အဲ့ဒီလကၡဏာေတြကေတာ့-
ေခ်ာင္းဆုိးျခင္း (ခၽြဲသလိပ္ပါႏုိင္)
ဖ်ားျခင္း
ေခါင္းကိုက္ျခင္း
ေခၽြးထြက္ျခင္း၊ ခ်မ္းျခင္း
အသက္ရွဴမဝျခင္း (နားေနခ်ိန္၊ သာမန္အလုပ္လုပ္ေနခ်ိန္မွာေတာင္ အသက္ရွဴမဝ ျဖစ္ႏုိင္)
ရင္ဘတ္ေအာင့္ျခင္း (အသက္ရွဴခ်ိန္၊ ေခ်ာင္းဆုိးခ်ိန္မွာ ပုိဆုိးႏိုင္)
ႏံုးခ်ိျခင္း၊ အားနည္းေနသလုိခံစားရျခင္း၊ ေမာပန္းလြယ္ျခင္း
အစာစားခ်င္စိတ္နည္းပါးျခင္း
ပ်ိဳ႕ျခင္း၊ အန္ျခင္း တုိ႔ပဲျဖစ္ပါတယ္…

တျခားလကၡဏာေတြကေတာ့ ​ေရာဂါျဖစ္ေနသူရဲ႕ အသက္အရြယ္နဲ႔ သူ႔ရဲ႕ နဂိုရ္က်န္းမာေရး အေျခအေနေတြေပၚမွာ မူတည္ၿပီး ျဖစ္ႏုိင္ပါတယ္…

အသက္ ၅ ႏွစ္ေအာက္ ကေလးငယ္ေတြမွာ အသက္ရွဴႏွဳန္းအလြန္ျမန္တာ၊ ေလခၽြန္သံလို အသံေတြထြက္လာတာမ်ဳိးရွိႏုိင္ပါတယ္… အရမ္းျပင္းထန္လြန္းရင္ အသက္ရွဴတဲ့အခါ နံရိုးၾကားၾကြက္သားေတြ ႀကံဳ႕ဝင္တဲ့အထိ (Chest Indrawing) ျဖစ္တာမ်ဳိး ေတြ႕ရႏုိင္ပါတယ္…
ေမြးကင္းစကေလးငယ္ေတြမွာေတာ့ အန္ႏုိင္၊ မွိန္းေနႏုိင္၊ ႏို႔မစုိ႔ႏုိင္တာမ်ဳိးျဖစ္ႏုိင္ပါတယ္…

အဆုတ္ေရာင္ေရာဂါ အမ်ဳိးအစားမ်ား
📼📼📼📼📼📼📼📼📼📼📼📼
၁။ ေဆးရံုတက္ရာမွ ျဖစ္လာေသာ အဆုတ္ေရာင္ေရာဂါ (Hospital-acquired Pneumonia, HAP)
 အေၾကာင္းေၾကာင္းေၾကာင့္ ေဆးရံုတက္ေရာက္ရာမွ အဆုတ္ေရာင္ေရာဂါျဖစ္ပြားျခင္းျဖစ္ၿပီး အျခားအဆုတ္ေရာင္အမ်ဳိးအစားမ်ားထက္ ပုိၿပီး ျပင္းထန္တတ္ပါတယ္… ဘာေၾကာင့္လဲဆုိရင္ သူ႔ကို ျဖစ္ေစတဲ့ ဘက္တီးရီးယားပိုးေတြက ပဋိဇီဝ ပုိးသတ္ေဆး (Antibiotics) ဒဏ္ကုိ ခံႏုိင္ရည္ရွိေနတတ္လုိ႔ပါပဲ…

၂။ လူထုၾကားမွတဆင့္ ကူးစက္ပ်ံ႕ႏွံ႔လာေသာ အဆုတ္ေရာင္ေရာဂါ (Community-acquired Pneumonia, CAP)
 ေဆးရံုေဆးခန္းေၾကာင့္မဟုတ္ဘဲ ျပင္ပမွာေနထုိင္တဲ့ လူအမ်ားၾကား ကူးစက္ပ်ံ႕ပြားတတ္တဲ့ အမ်ိဳးအစားျဖစ္ပါတယ္…

၃။ အသက္ရွဴအကူကိရိယာမွတဆင့္ ကူးစက္ေသာ အဆုတ္ေရာင္ေရာဂါ (Ventilator-associated Pneumonia, VAP)

၄။ ဘက္တီးရီးယားပုိးပါေသာ အရည္၊ တံေတြး၊ အစာ စသည့္ ပစၥည္းတစ္ခုခုကို အဆုတ္ေလျပြန္ထဲသုိ႔ မေတာ္တဆ ရွဴသြင္းမိရာမွ ျဖစ္လာေသာ အဆုတ္ေရာင္ေရာဂါ (Aspiration Pneumonia)

အဆုတ္ေရာင္ေရာဂါေၾကာင့္ ျဖစ္ႏုိင္ေသာ ေနာက္ဆက္တြဲဆုိးက်ဳိးမ်ား
📼📼📼📼📼📼📼📼📼📼📼📼📼📼
  အဆုတ္ေရာင္ေရာဂါေၾကာင့္ ျဖစ္ႏုိင္တဲ့ ေနာက္ဆက္တြဲဆုိးက်ိဳးေတြကေတာ့အမ်ားႀကီးပါ… အထူးသျဖင့္ ကုိယ္ခံအားနည္းေနတဲ့သူေတြ၊ ဆီးခ်ဳိေရာဂါသည္ေတြ၊ နာတာရွည္ေရာဂါသည္ေတြမွာ ပုိၿပီးျဖစ္ႏုိင္ေျခမ်ားပါတယ္…
ႏွလံုးေရာဂါ (Congestive heart failure)၊ အဆုတ္ေလအိတ္ေရာဂါ (Emphysema) စတဲ့ ေရာဂါေတြကုိ အဆုတ္ေရာင္ေရာဂါေၾကာင့္ ပုိၿပီးဆုိးေစပါတယ္…
Bacteremia - အဆုတ္ေရာင္ေရာဂါကုိျဖစ္ေစတဲ့ ဘက္တီးရီးယားပုိးေတြက ေသြးေၾကာထဲကုိေရာက္သြားၿပီး ေသြးဖိအားက်တာ၊ ေသြးလန္႔တာ (Septic Shock) ၊ ကုိယ္တြင္းအဂၤါထိခုိက္ပ်က္စီးတာမ်ဳိးကုိ ျဖစ္ေစႏုိင္ပါတယ္…
အဆုတ္ျပည္တည္နာ (Lungs Abscess)၊ အသက္မရွဴႏုိင္ေတာ့တာ (Impaired breathing)၊ အဆုတ္ေရဝင္တာ (Pleural effusion) ေတြလည္းျဖစ္ႏုိင္ပါတယ္…
ေဆးပညာဆုိင္ရာ အေရးေပၚအေျခအေနတစ္ခုျဖစ္တဲ့ ရုတ္တရက္ အသက္ရွဴျပႆနာဆုိင္ရာ ေရာဂါလကၡဏာစု (Acute Respiratory Distress Syndrome, ARDS) လည္း ျဖစ္ႏုိင္ပါတယ္…
အသက္ေသဆံုးသည္အထိ ျဖစ္သြားႏုိင္ပါတယ္…

အဆုတ္ေရာင္ေရာဂါက ကုသလုိ႔ရပါသလား
⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑⛑
 ေရာဂါျဖစ္ပြားရတဲ့ အေၾကာင္းရင္းေပၚမူတည္ၿပီး ကုသေပးရင္ ပံုမွန္အတိုင္း ျပန္ေကာင္းႏုိင္ပါတယ္… ဘက္တီးရီးယားပုိးေၾကာင့္ ျဖစ္ရင္ သက္ဆုိင္ရာ ပဋိဇီဝပုိးသတ္ေဆး (Antibiotics) ေတြကုိေပးၿပီး ကုသလုိ႔ရပါတယ္… ဗိုင္းရပ္စ္ေၾကာင့္ျဖစ္ရင္ေတာ့ ေရာဂါလကၡဏာသက္သာေအာင္ပဲ ကုသေပးၿပီး ကုိယ့္ကုိယ္ခံအားက ဗုိင္းရပ္စ္ပုိးကုိ ျပန္တိုက္ထုတ္ႏုိင္ေအာင္၊ ကုိယ္ခံအားေကာင္းေအာင္ ဂရုစုိက္ေပးရပါတယ္… တခ်ဳိ႕ဗုိင္းရပ္စ္ပုိးေတြကေတာ့ ဗုိင္းရပ္စ္ပုိးသတ္ေဆး (Antivirals) လုိႏုိင္ပါတယ္… မိွဳပုိးအတြက္ေတာ့ မိွဳပုိးသတ္ေဆး (Antifungal medications) ေတြလုိၿပီးေတာ့ အခ်ိန္ၾကာၾကာ ကုသေပးရပါတယ္…

အဆုတ္ေရာင္ေရာဂါကို ဘယ္လုိကာကြယ္ႏုိင္သလဲ
🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘

၁။ ကာကြယ္ေဆးထုိးျခင္း
⌨⌨⌨⌨⌨⌨⌨⌨⌨⌨
 Prevnar 13 (ဘက္တီးရီးယား ၁၃ မ်ဳိးကို ကာကြယ္ႏုိင္)၊ Pneumovax 23 (ဘက္တီးရီးယား ၂၃ မ်ဳိးကို ကာကြယ္ႏုိင္)၊ Flu vaccine (တုပ္ေကြးကာကြယ္ေဆး) ၊ Hib Vaccine (Haemophilus influenzae type b ကာကြယ္ေဆး) စတဲ့ ကာကြယ္ေဆးေတြကို ထိုးႏွံၿပီး အဆုတ္ေရာင္ေရာဂါ အေတာ္မ်ားမ်ားကို ကာကြယ္ႏုိင္ပါတယ္…

၂။ အျခားကာကြယ္ေရးနည္းလမ္းမ်ား
⌨⌨⌨⌨⌨⌨⌨⌨⌨⌨⌨⌨⌨⌨⌨
ေဆးလိပ္ျဖတ္ပါ။
လက္ကုိ ဆပ္ျပာနဲ႔ ပံုမွန္ေဆးပါ။
ႏွာေစး၊ ေခ်ာင္းဆုိးလွ်င္ တစ္ခါသံုးတစ္သွ်ဴး၊ တံေတာင္ဆစ္ေကြးနဲ႔ အုပ္ၿပီးဆုိးပါ။
ကူးစက္ခံရႏုိင္သည့္ အႏၲရာယ္ရွိလွ်င္ ပုိးအကာအကြယ္ေပး မ်က္ႏွာဖံုး (Mask) ကုိ စနစ္တက် တပ္ဆင္အသံုးျပဳပါ။
ကုိယ္ခံအားေကာင္းေအာင္ အိပ္ေရးဝဝအိပ္၊ အာဟာရျပည့္ေအာင္စား၊ အရည္မ်ားမ်ားေသာက္ပါ။
ကုိယ္လက္ေလ့က်င့္ခန္း ပံုမွန္လုပ္ပါ။

နိဂံုးခ်ဳပ္အေနနဲ႔ေျပာရရင္ အဆုတ္ေရာင္ေရာဂါက စနစ္တက် ကာကြယ္မယ္ဆုိရင္ ကာကြယ္ႏုိင္တဲ့ေရာဂါတစ္ခုျဖစ္ပါတယ္… မေတာ္တဆ ကူးစက္ခံရလုိ႔ အဆုတ္ေရာင္ေရာဂါ ျဖစ္ပြားလာရင္လည္း နားလည္တတ္ကၽြမ္းသူနဲ႔ စနစ္တက် ကုသမွဳခံယူရင္ ျပန္ေကာင္းႏုိင္တဲ့ ေရာဂါျဖစ္ပါတယ္… စနစ္တက် မကုသရင္လည္း တျခားသူေတြကုိ ကူးစက္ေစႏုိင္တဲ့အျပင္ အသက္အႏၲရာယ္ ထိခုိက္တဲ့အထိ ျပင္းထန္ႏုိင္တာေၾကာင့္ အဆုတ္ေရာင္ေရာဂါ မေပါ့ၾကပါနဲ႔လုိ႔ အသိေပး ေရးသားလုိက္ရပါတယ္ဗ်…

ေဒါက္တာေနလင္းေအာင္ (ေပ်ာ္ဘြယ္)
၂၃.၄.၂၀၂၀
၁၄၁၁ နာရီ
MWD Magazine, June

No comments: