Sunday, June 14, 2020

တရားအားထုတ်သူတိုင်း မဂ်ဖိုလ် ရ/ မရ ?

(Unicode)


#တရားအားထုတ်သူတိုင်း မဂ်ဖိုလ် ရ/ မရ ?

      “ပြဿနာတစ်ခု ဆက်ပြီးလျှောက်ထားပါရစေဘုရား”
      “လျှောက်ပါလေ၊ လျှောက်ထားတာပေါ့”
      “ဥပုသ်ဇရပ်တစ်ဆောင်မှာ ဥပုသ်သည်များ တရားဆွေးနွေးနေကြတယ် ဘုရား”
      “ဘယ်လိုများ ဆွေးနွေးနေကြတာတုန်း”
      “ဥပုသ်သည်တစ်ယောက်က ပြောတယ်ဘုရား၊ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတာ မြေကြီးအောက်မှာ အမြဲတည်နေတဲ့ရေလို သဘာဝအလျောက် အမြဲတည်နေတဲ့ တရားမျိုးဖြစ်ပါသတဲ့၊ မြေကြီး အောက်က ရေကို အလိုရှိတဲ့သူဟာ လုံ့လဝီရိယ စိုက်ထုတ်ပြီး မြေကြီးကိုယက်လိုက်လျှင် ရေကိုတွေ့နိုင်သလို ယောဂါဝစရ ပုဂ္ဂိုလ်ဟာလည်း ဝီရိယစိုက်ထုတ်ပြီး ဝိပဿနာအလုပ်ကို လုပ်မယ်ဆိုလျှင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါသတဲ့၊ ခုကာလ မဂ်ဖိုလ် မရကြတာဟာ မြေကိုမတူးလို့ ရေမရတာလို ဝိပဿနာအလုပ်ကို တကယ် မလုပ်တဲ့အတွက် တကယ်မရကြခြင်းဖြစ်တယ်လို့ အဲသည်ပုဂ္ဂိုလ်က အခိုင်အမာ ပြောတယ်ဘုရား၊ အဲသည် တရားဆွေးနွေးပွဲမှာ သူ့အယူအဆကြိုက်နှစ်သက် သူတွေလည်းရှိကြတယ်၊ မကြိုက်သူတွေ လည်းရှိကြတယ်၊ တပည့်တော်ကတော့ သူတို့ဆွေးနွေးချက်ကို မှတ်သားပြီးသာယူခဲ့တယ်၊ ဘာမျှထောက်ခံခြင်း, ကန့် ကွက်ခြင်း, စွက်ဖက်ခြင်းမပြုခဲ့ဘူး၊ သည်ပုဂ္ဂိုလ်ပြောတဲ့စကားဟာ ဟုတ်သင့် မဟုတ်သင့် ဆရာတော် အဖြေပေးပါဦး”
      “သည်ပုဂ္ဂိုလ်ရဲ့ စကားဟာ ဟုတ်သင့်သလောက်တော့ ဟုတ်ပြီး၊ မဟုတ်သင့် သလောက်တော့ မဟုတ်ဘူးကွယ့်”
      “ဘယ်လိုကြောင့်တုံး ဘုရား”

#သရက်သီးမှည့်ဥပမာ

      “အကြောင်းကတော့ သည်လိုကွယ့်၊ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုနိုင်တယ် ဆိုတာ အရိယာပုဂ္ဂိုလ်များမှ ပြုနိုင်ကြတယ်၊ အရိယာမဟုတ်လျှင် မပြုနိုင်ကြဘူး၊ အရိယာပုဂ္ဂိုလ်ဆိုတာ ဘယ်လိုအမျိုးအစားလဲလို့ သိဖို့အတွက် သိလွယ်အောင် သရက်ပင်က သရက်သီးနှင့် ဥမာပေးကြစို့ရဲ့၊ သရက်ပင်ပေါ်က သရက်သီးဟာ သီးကင်းကစပြီး မှည့်ရွမ်းနေသည်အထိ အဆင့်ဆင့် ရှိကြတယ်၊ သရက်သီး မှည့် ရွမ်းချိန် မရောက်မီ အဖန်ဓာတ်, အချဉ်ဓာတ်တွေက ပိုကဲနေလို့ အချိုဓာတ် မရှိဘူး၊ အသီးရင့်လာသည်နှင့်အမျှ အဖန်ဓာတ်, အချဉ်ဓာတ်တွေဟာ တစ်စ တစ်စ နည်းပါးလာပြီး အချိုဓာတ်က ပိုကဲလာတယ်၊ လောကအတွင်း ကျင်လည် နေကြတဲ့ သတ္တဝါအနန္တ ဟာလည်း သရက်သီးဥပမာအတိုင်းပဲကွယ့်၊ ပါရမီအင်အား နည်းပါးနေစဉ်ကာလမှာ တဏှာအင်အား, မာနအင်အား, ဒိဋ္ဌိအင်အား စတဲ့ အဖန်ဓာတ်, အချဉ်ဓာတ်တွေက များနေတယ်၊ သည်အချိန်မှာ အချိုဓာတ်ဆိုတဲ့ ၊ မဂ်ဖိုလ်ရအောင် ပြုလုပ်ဖို့ဆိုတာ မလွယ်ကူဘူး၊ ဒါကြောင့် ဘယ်ပုဂ္ဂိုလ်ဖြစ်စေ ဝိပဿနာအလုပ် အားထုတ်ခဲ့လျှင် အမှန်တကယ် မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်တယ် ဆိုတဲ့ စကားဟာ မမှန်ဘူး၊ လောကစကားမှာ ပွင့်ချိန်တန်မှပွင့်, သီးချိန်တန်မှ သီးဆိုတဲ့ စကားရှိ သလို အရိယာဆိုတာလည်း ဖြစ်ချိန်တန်မှ ဖြစ်တယ်၊ ဖြစ်ချိန် မတန်လျှင် မဖြစ်ဘူးကွယ့်”

      “ဖြစ်ချိန်တန်တယ်ဆိုတာက ဘာကို ဆိုလိုတာပါလဲဘုရား”
      “ဖြစ်ချိန်တန်တယ်ဆိုတဲ့ စကားကို အထက်က သရက်သီး ဥပမာနှင့် ပြောခဲ့ပြီးပါပြီ၊ သရက်သီးဟာ မည့်ချိန်တန်မှသာ မှည့်တယ်၊ မှည့်ချိန်မတန်မီ ဘယ်လိုပင် မှည့်အောင်အုပ်အုပ် မမှည့်ဘူး၊ ပုပ်ဆွေးပြီးသာ သွားတယ်၊ ပုဂ္ဂိုလ် ဟာလည်း အရိယာဖြစ်ချိန် မတိုင်မီ ဘယ်လိုပင် တရားအားထုတ်စေကာမှ မဂ်ဖိုလ် မရနိုင်ဘူး၊ သူ့အချိန်ကျမှသာ မဂ်ဖိုလ်ကို ရနိုင်တယ်၊ သည်စကားရပ်ကို ဘုရားရှင်ရဲ့ ဣန္ဒိယပရောပရိယတ္တိဉာဏ်တော်နှင့် ချိန်ဆကြည့်လျှင်သိနိုင် တာပေါ့”

      “ဘယ်လို သိနိုင်ပါသလဲ၊ အမိန့်ရှိပါဦးဘုရား”
      “သရက်သီးတစ်လုံးဟာ အစေ့ယှက်ပြီး ရင့်ကျက်ပါမှ မှည့်နိုင်သလို ပုဂ္ဂိုလ်တစ်ယောက် ဟာလည်း ဣန္ဒြေရင့်ကျက်ပါမှ မဂ်ဖိုလ်ကိုရနိုင်ပါတယ်။ သည်နေရာမှာ ဣန္ဒြေဆိုတာ ဗောဓိပက္ခိယ တရား ၃၇-ပါးမှာပါဝင်တဲ့ “သဒ္ဓိန္ဒြေ, ဝီရိယိန္ဒြေ , သတိန္ဒြေ, သမာဓိန္ဒြေ,  ပညိန္ဒြေ တို့ကို ဆိုလိုတယ်ကွယ့်၊ သည် ဣန္ဒြေ တွေ နုနေသေးလျှင် သရက်သီးနုနုကို အုပ်မရသလို ဝိပဿနာတရား အားထုတ်သော်လည်း မဂ်ဖိုလ်ကိုမရနိုင်ဘူး၊ ဥပမာထုတ်ပြရမယ်ဆိုလျှင်----

အယူမှားသော မဟာဝါစကာလ

      ဂင်္ဂါမြစ်တစ်ဘက်ကမ်းမှာ မဟာဝါစကာလအမည်ရှိတဲ့ ဒကာတစ်ယောက် ရှိခဲ့ဖူးတယ်၊ အဲသည်ဒကာဟာ နှစ်ပေါင်း သုံးဆယ်ကြာအောင် သောတာပတ္တိ မဂ်ကို မျက်မှောက် ပြုနိုင်အောင်ရယ်လို့ ၃၂-ပါးသော ဒွတ္တိသကမ္မဋ္ဌာန်းကို စီးဖြန်းပွားများတရားအားထုတ်ခဲ့တယ်၊ သို့သော်လည်း မဂ်ရဲ့ အရိပ်အရောင်မျှကို တောင် မထင်ခဲ့ဖူးတဲ့ကွယ်၊ သည်တော့ ဒကာရဲ့ စိတ်ထဲမှာ ငါဟာ သည်လောက် တရားအားထုတ်ပါလျက်နှင့် မဂ်မရတာကို ထောက်ဆခဲ့လျှင် ဘုရားရှင်ရဲ့ အဆုံးအမတော်ဟာ သံသရာထွက်မြောက်ကြောင်း မဟုတ်ပါဘူးလို့ အယူဖောက် ပြန်သွားရှာတယ်။

      အဲသည်အယူဖောက်ပြန်စိတ်နှင့် ကွယ်လွန်တဲ့အခါ မဟာဂင်္ဂါမြစ်အတွင်းမှာ ကိုးဥသဘ ရှိတဲ့ မိကျောင်းပြိတ္တာကြီးဖြစ်ရှာသတဲ့၊ သည်မိကျောင်းပြိတ္တာကြီးဟာ မိကျောင်းဖြစ်တဲ့နေ့ကစပြီး တစ်ကြိမ်တစ်ခါမျှ ဝမ်းဝအောင် မစားရရှာဘူးတဲ့။ တစ်နေ့တော့ ကစ္ဆက ဆိပ်ကမ်းလမ်းအတိုင်း လှည်းပေါင်း ၆၀- ကျောက်တွေကို တိုက်လာကြသတဲ့၊ သည်လှည်းတွေကိုမြင်တော့ အလွန် ဆာလောင်နေတဲ့ မိကျောင်းပြိတ္တာကြီးဟာ လှည်းပေါ်က ကျောက်တွေရော နွားတွေပါ အကုန်လုံး ဖမ်းပြီး စားလိုက်သတဲ့ကွယ်။

      သည်ဝတ္ထုကြောင်းက အင်္ဂုတ္တရ တိကနိပါတအဋ္ဌကထာ စာမျက်နှာ ၁၀၈က လာတဲ့ စကားရပ်ဖြစ်တယ်၊ သည့်ဒကာက နောက်ဆုံးအယူဖောက်ပြန် သွားလို့ မဂ်ဖိုလ်မရ ဖြစ်ချင်ဖြစ်နိုင်တယ်၊ သည်ထက်မက အသက်ပေးပြီး တရားအားထုတ်ပါလျက်နှင့် ပါရမီမရင့်တဲ့အတွက် မဂ်ဖိုလ်မရတဲ့ပုဂ္ဂိုလ်တွေ လည်း အများအပြားရှိကြတယ်ကွယ့်”

#တောင်ကလပ်ပေါ်က ရဟန်းတော်များ

      ကဿပဘုရားရှင်ရဲ့ သာသနာတော်နောက်ပိုင်းမှာ သာသနာတော်ဝန် ထမ်း ရဟန်းတော်များဟာ အကျင့်သီလ ပျက်စီးခဲ့ကြသတဲ့၊ သည်အခါ သတိ သံဝေဂရတော်မူကြတဲ့ ရဟန်းတော် ၇-ပါးတို့ဟာ သာသနာတော် မကွယ်ပျောက်မီ ကာလမှာ တစ်မဂ်တစ်ဖိုလ် ပိုင်အောင်တော့ အားထုတ်တော်မူကြမယ်လို့ တိုင်ပင် ကြပြီး အလွန်မြင့်တဲ့ တောင်ကလပ်ထိပ် ရောက်အောင် လှေကားထောင်ပြီး တက်ကြသတဲ့၊ တောင်ထိပ်ရောက်တော့ လှေကားရှိနေလျှင် အသက်၌တွယ်တာ မှုရှိနေလိမ့်မယ်၊ အသက်စွန့်ပြီး တရားအားထုတ်ကြစို့လို့ သဘောတူလှေကား ကိုတွန်းချပြီး တရားအားထုတ်ခဲ့ကြတယ်၊ သို့ကလောက် အသက်ပေးပြီး တရားအားထုတ် တာတောင် အားလုံး မဂ်ဖိုလ်မရကြရှာဘူး၊ ရဟန်းတော် ရပါးအနက် အကြီးဆုံးမထေရ်ကြီးက ၅-ရက် မြောက်တဲ့နေ့မှာ အရဟတ္တဖိုလ်ကို ရသွားတယ်၊ ဒုတိယမထေရ်ကတော့ ၇-ရက် မြောက်တဲ့နေ့မှာ အနာဂါမိဖိုလ်ကို ရသွားတယ်၊ ကျန်တဲ့ပုဂ္ဂိုလ် ၅-ပါးတို့ကတော့ ဘာမဂ်ဘာဖိုလ်မျှ မရကြဘဲ ပုထုဇဉ်ဘဝဖြင့် စုတေကွယ်လွန်ခဲ့ကြပြီး ကဿပဘုရား သာသနာတော်နှင့် ယခုဂေါတမဘုရား သာသနာတော်အကြားကာလမှာ လူ့ပြည်နတ်ပြည်အလီလီ ကျင်လည်တော် မူခဲ့ကြတယ်။

      ယခု ဘုရားရှင်လက်ထက်ကျတော့ တစ်ဦးက ဂန္ဓာရတိုင်း တက္ကသိုလ် ပြည်မှာ ပက္ကုသာတိမင်းကြီးဖြစ်လာတယ်၊ တစ်ဦးက မဇ္ဈန္တိကတိုင်းမှာ သဘိယပရိဗိုဇ်ဖြစ်လာတယ်၊ တစ်ဦးက ဗာဟိယတိုင်းမှာ ဗာဟိယဖြစ်လာတယ်။ တစ်ဦးက ရာဇဂြိုဟ်ပြည်မှာ ကုမာရကဿပ ဖြစ်လာတယ်၊ တစ်ဦးက မလ္လာတိုင်း မှာ ဒဗ္ဗဖြစ်လာတယ်၊ သည်ပုဂ္ဂိုလ် ၅-ဦးဟာ ယခုဂေါတမ ဘုရားရှင်ရဲ့ သာသနာတော်ရောက်မှ ပါရမီပြည့်ဝလို့ မဂ်ဖိုလ်ရခဲ့ကြတယ်၊
      ဒါကြောင့် အချိန်မတန်လျှင် ဘယ်လိုပင် တရားအားထုတ်သော်လည်း မဂ်ဖိုလ် မရနိုင် ဘူးကွယ့်”

      “သည်လိုဆို ဘယ်ပုဂ္ဂိုလ်ပင်ဖြစ်စေ တရားအားမထုတ်လို့သာ မဂ်ဖိုလ် ကို မရခြင်း ဖြစ်တယ်၊ တရားသာအားထုတ်လျှင် ပုဂ္ဂိုလ်တိုင်း မဂ်ဖိုလ်ရနိုင်တယ် ဆိုတဲ့ စကားဟာ မှားတာပေါ့ ဘုရား”
      “အေး- မှားသလောက် မှားပြီး မှန်သလောက်တော့ မှန်တယ်ကွယ့်”
      “ဘယ်လိုမှန်တာလဲ အမိန့်ရှိပါဦး ဘုရား”
      “ယခုဘဝ ရဟန္တာအဖြစ်ဖြင့် ကျွတ်တမ်းဝင်မည့် ပုဂ္ဂိုလ်ကို နှစ်မျိုးခွဲရ မယ်ကွယ့်၊
      တစ်မျိုးက ဧကန် ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ်၊
      တစ်မျိုးက အနေကန် ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ်တို့ဖြစ်ကြတယ်၊

      ယခုဘဝ ဧကန်ရဟန္တာ ဖြစ်မည့်ပုဂ္ဂိုလ် က ဘာနှင့်တူသလဲဆိုတော့ မှည့်ချိန်တန်လို့ မှည့်တဲ့သရက်သီးနှင့်တူတယ်၊ မဂ်ဖိုလ် ရဖို့အတွက် သေချာပေါက်ဖြစ်နေပြီ၊ မဂ်ဖိုလ်မရသမျှ မြင်းမိုရ်တောင်ကြီးနှင့်ကြိတ် သတ်လို့တောင် သေရိုးထုံးစံမရှိဘူး၊ ဒဗ္ဗထေရ်တို့ သံကိစ္စထေရ်တို့ဟာ မိခင်ကို ကိုယ်ဝန်ကြီးနှင့်မီးသင်္ဂြိုဟ်တုန်း ဖွားမြင်တဲ့ပုဂ္ဂိုလ်တွေပဲ၊ အန္တိမပုဂ္ဂိုလ်တွေဖြစ် လေတော့ မိခင်ရဲ့ အလောင်းကောင်သာ မီးကျွမ်းပြီး ပြာကျသွားတယ်၊ သူတို့ ကတော့မသေဘူး၊ ဒါကြောင့် မမ္မပဒအဋ္ဌကထာ ပထမတွဲ ၄၂၆-မှာ “ပစ္ဆိမဘဝိကဿ သတ္တဿ ဟိ သိနေရုနာ ဩတ္တရိယမာနဿပိ အရဟတ္တံ့ အပတွာ ဇီဝိတက္ခယော နာမ နတ္ထိ”လို့ ဖွင့်ပြထားတာပေါ့။

      အချို့သောပုဂ္ဂိုလ်များကတော့ ပါရမီဓာတ်အား မနုမရင့်ဖြစ်နေတယ်။ မနုမရင့် သရက်သီးဟာ အလိုအလျောက်တော့ဖြင့် မမှည့်ဘူး၊ အလိုအလျောက် ပစ်ထားလိုက်လျှင် ပုပ်သွား တတ်သလို အချို့သောပုဂ္ဂိုလ်များဟာ တရားအား ထုတ်လျှင် မဂ်ဖိုလ်ရနိုင်တယ်၊ အားမထုတ်လျှင် မဂ်ဖိုလ်မရဘူး၊ ဥပမာ အဇာတသတ်မင်းနှင့် မဟာဓနသူဌေးသားတို့လိုပေါ့၊ အဇာတသတ်မင်းဟာ အကယ်၍ ခမည်းတော်ကို မသတ်ခဲ့လျှင် သာမညဖလသုတ်တော်ကို နာယူရာ၌ သောတာပန်ဖြစ်နိုင်တယ်၊ သို့သော်လည်း ခမည်းတော်ကို သတ်မိတဲ့ ဂရုကံကြီး ကြောင့် မဂ်ဖိုလ်နှင့်လွဲသွားရတယ်၊ ဗာရာဏသီပြည် မဟာဓနသူဌေးသားဟာ လည်း တရားတော်ကို ကြိုးစားကျင့်ကြံခဲ့လျှင် အရိယာဖြစ်ခွင့်ရှိတယ်၊ သို့သော် လည်း တရားတော်ကို မကြိုးစားဘဲ ကာမတရားလိုက်စားမိတဲ့အတွက် မဂ်ဖိုလ် နှင့်လွဲသွားရတယ်၊

      ဒါကြောင့် ဒုတိယအမျိုးအစားပုဂ္ဂိုလ်ဟာ မဂ်ဖိုလ်ရနိုင်သော ဘဝပင်ဖြစ်စေ သောတာပတ္တိ အင်္ဂါလေးချက်နှင့် မကိုက်ညီခဲ့လျှင် မဂ်ဖိုလ် မရနိုင်ဘူး။"

#သောတာပတ္တိမဂ် အင်္ဂါ ၄-ချက်

      သောတာပတ္တိမဂ်အင်္ဂါလေးချက်ကို မဟာဝဂ္ဂသံယုတ်ပါဠိတော်မှာ---
      (၁) သမ္ဗုရိသသံသေဝ=သူတော်ကောင်းတို့ကိုမှီဝဲရမယ်။
      (၂) သဒ္ဓမ္မဿဝန=သူတော်ကောင်းတရားကြားနာရမယ်၊
      (၃) ယောနိသောမနသိကာရ=အသင့်အားဖြင့် နှလုံးသွင်းရမယ်။
      (၄) ဓမ္မာနုဓမ္မပဋိပတ္တိ=တရားအားလျော်သောအကျင့်ကို ကျင့်ရမယ်တဲ့၊
      သည်အင်္ဂါလေးချက်မှာ “ဓမ္မာနုဓမ္မပဋိပတ္တိ’’ ဆိုတာ ဝိပဿနာအလုပ်လုပ်တာ ကို ပြောတာပေါ့ကွယ်၊ ပုဂ္ဂိုလ်လေးမျိုးထဲမှာ မိမိဟာ ဘယ်ပုဂ္ဂိုလ် အတန်းအစား ထဲ ပါဝင်သည်ပင် ဖြစ်စေ တရားအားထုတ်တာဟာ အမှန်ကောင်းတယ်၊ အကယ်၍ မိမိဟာ ဉာဏ်ရင့်တဲ့ပုဂ္ဂိုလ် ဖြစ်လျှင်လည်း မဂ်ဖိုလ်ကို ရနိုင်တယ်။

      ဉာဏ်မရင့်ကျက်သေးလျှင်လည်း ပါရမီမျိုးစေ့ဖြစ်နိုင်တယ်၊ မိမိဟာ တရား အားထုတ်လျှင် မဂ်ဖိုလ်ရနိုင်သော ဒုတိယပုဂ္ဂိုလ်မျိုးဖြစ်ပါလျက် တရားအားမထုတ် လျှင် မဂ်ဖိုလ်နှင့် လွဲသွား နိုင်တယ်၊ မဂ်ဖိုလ်နှင့် ခုဘဝမှာ လွဲသွားလျှင် နောင်အခါ သည်လိုတရားအားထုတ်ခွင့်ရှိတဲ့ ဗုဒ္ဓသာသနာတော်နှင့် ကြုံချင်မှ ကြုံတော့မယ်။ ဒါကြောင့် တရားအားထုတ်လျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်ဆိုတဲ့ စကားဟာ မှန်သင့်သလောက်မှန်တယ်လို့ ဆိုလိုက်ရခြင်းဖြစ်တယ်ကွယ့်”

      “ယခုဆရာတော်အမိန့်ရှိတဲ့ ပုဂ္ဂိုလ်လေးမျိုးဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို - - ဆိုလိုတာပါလဲဘုရား”
     
#တရားအားထုတ်သောပုဂ္ဂိုလ် ၄-မျိုး

      “ပုဂ္ဂိုလ်လေးမျိုးကို ပုဂ္ဂလပညတ် စတုက္ကနိဒ္ဒေသနှင့် အင်္ဂုတ္တရ စတုက္က နိပါတ် ပုဂ္ဂလဝဂ်မှာ ဘုရားရှင်ဟောတော်မူထားတယ်၊ အရေအတွက်ကတော့
      (၁) ဥဂ္ဃဋိတညူပုဂ္ဂိုလ်၊
      (၂) ဝိပဥ္စိတညူပုဂ္ဂိုလ်၊
      (၃) နေယျပုဂ္ဂိုလ်၊
      (၄) ပဒပရမပုဂ္ဂိုလ်များ ဖြစ်ကြတယ်ကွယ့်”
     
      “အကျယ်အမိန့်ရှိပါဦးဘုရား”

      “(1) ဥဂ္ဃဋိတညူပုဂ္ဂိုလ်မျိုးဟာ ရေနှင့်မထိဘဲ ရေကိုလွန်ပြီးတည်တဲ့ ကြာငုံ လို ကိလေသာတည်းဟူသော ရေကိုလွန်ပြီး တည်တဲ့အတွက် ဉာဏ်ပညာအလွန် ထက်မြက်တယ်၊ တရားတော်ကို အကျဉ်းနာရုံနှင့် အကျယ်ဝေဖန်ပြီး သိနိုင်စွမ်း ရှိတယ်၊

      (၂) ဝိပဥ္စိတညူပုဂ္ဂိုလ်မျိုးကတော့ ရေမျက်နှာပြင်နှင့်အမျှတည်တဲ့ ကြောငုံလို ကိလေသာရေနှင့် ဉာဏ်ရောင်ဟာညီမျှနေတယ်၊ တရားတော်ကို အကျဉ်းနာရုံနှင့် မဂ်ဖိုလ်မရနိုင်ဘူး၊ အကျယ်နာရမှ မဂ်ဖိုလ်ရနိုင်တယ်၊

      (၃) နေယျပုဂ္ဂိုလ်ကတော့ ရေအတွင်း နစ်မြုပ်နေကြတဲ့ ကြာငုံလို ကိလေသာရေထဲမှာ နှစ်မြုပ်နေတဲ့အတွက် ဉာဏ်ငုပ်နေတယ်၊ တရားအကျဉ်းနာရုံအကျယ်နာရုံ နှင့် မဂ်ဖိုလ်မရနိုင်ဘူး၊ တရားတော်လာအတိုင်း ဝိပဿနာအလုပ် ပြင်းပြင်း ထန်ထန်လုပ်ပါမှ မဂ်ဖိုလ်ရနိုင်တယ်။

#အရှင်ရဋ္ဌပါလ

      သည်နေရာမှာ တခြားပုဂ္ဂိုလ်ကို မဆိုထားနှင့်၊ ရှင်မဟာရဋ္ဌပါလကိုပဲ သက်သေထားပြီး ကြည့်တော့ ရှင်မဟာရဋ္ဌပါလဟာ လွန်ခဲ့သည့် ကမ္ဘာတစ်သိန်း ထက်က ပဒုမုတ္တရ ဘုရားရှင်ရဲ့ ထံတော်မှာ နောင်ခါ ဂေါတမဘုရားလက်ထက် သဒ္ဓါပဗ္ဗဇ္ဇီတဧတဒဂ်ရ ရဟန္တာဖြစ်လိမ့်မယ်လို့ ဗျာဒိတ်တော်ရ ဘုန်းသမ္ဘာ - ထက်ကြပ်မကွာ ပါလာခဲ့သူဖြစ်ပါလျက် နေယျပုဂ္ဂိုလ်အမျိုးအစားမို့ တရားတော် ကို တစ်ဆယ့်နှစ်နှစ်ကြာအောင် ပြင်းထန်စွာ အားထုတ်ပြီးမှ ရဟန္တာအဖြစ်ကို ဆိုက်ရောက်တော်မူတယ်၊

      သည်အကြောင်းကို မဇ္ဈိမပဏ္ဏာသအဋ္ဌကထာမှာ “နေယျပုဂ္ဂလော ဟိ အယမာယဿာ တသ္မာ ပုညဝါ အဘိနီဟာရသမ္ပန္နော သမနော၊ အစ္စအဖွေဝ အရဟတ္တန္တိ သမဏဓမ္မံ ကရောန္တာပိ ဒွါဒသမေဝဿ အရဟတ္တံ ပါပုဏိ” လို့ ဖွင့်ပြထားတယ်ကွယ့်၊

      သည်အချိန်ဟာ သာသနာတော် ရဲ့ နောက်ပိုင်းရောက်လာချိန်မို့ နေယျခေတ်လို့ ဆိုရလိမ့်မယ်၊ သည်ခေတ်မှာ တရားတော်ကို နာရုံ စာပေကိုကြည့်ရုံမျှနှင့် မဂ်ဖိုလ်မရနိုင်ဘူး၊ အရှင်ရဋ္ဌပါလ တို့လို ပြင်းပြင်းထန်ထန် အလုပ်လုပ်ပါမှ မဂ်ဖိုလ်ကို ရနိုင်ခွင့်ရှိတော့တယ် ကွယ့်။

      (၄) ပဒပရမပုဂ္ဂိုလ်ကတော့ ရေထဲမှာ ငါးလိပ်တို့ရဲ့ အစာဖြစ်ရတဲ့ ကြာငုံလို ကိလေသာ အလွန် လွှမ်းအုပ်နေတဲ့အတွက် ယခုဘဝဘယ်လိုပင် တရား အားထုတ်သော်လည်း မဂ်ဖိုလ်မရနိုင်ဘူး၊ ပါရမီမျိုးစေ့မျှလောက်သာဖြစ်တယ်။"

#ပုဂ္ဂိုလ်လေးမျိုးချိန်ထိုးကြည့်သော်

      ဦးပဥ္စင်းလျှောက်ထားတဲ့ မူလစကားကို သည်ပုဂ္ဂိုလ်လေးမျိုးနှင့်ချိန်ထိုးကြည့် မယ်ဆိုလျှင် ဥဂ္ဃါဋိတညူ ဝိပဥ္စိတညူ ဆိုတဲ့ ပုဂ္ဂိုလ်အမျိုးအစားကတော့ သည်ခေတ်မှာ လုံးဝမရှိတော့ဘူးကွယ့်၊ ဘာကြောင့် မရှိတော့ဘူးလို့ ပြောရ တာလဲဆိုတော့ သည်ပုဂ္ဂိုလ်တွေက ပဋိသမ္ဘိဒါပတ္တ အမျိုးတွေ ဖြစ်ကြတယ်။ ပဋိသမ္ဘိဒါခေတ်ဟာ သာသနာတော် အနှစ်တစ်ထောင် အတွင်းမှာသာ ရှိတယ်။ သာသနာတော်ရဲ့ နောက်ပိုင်းမှာမရှိဘူး၊

      ဒါကြောင့် ခုလို သာသနာတော်နောက် ပိုင်းမှာ သည်ပုဂ္ဂိုလ်မျိုးတွေမရှိတော့ဘူးလို့ ပြောလိုက်ရတယ်၊ သည်ပုဂ္ဂိုလ်ကြီး နှစ်မျိုး သည်ခေတ်မှာ မရှိတော့တဲ့ အတွက် တရားနာရုံ တရားဆွေးနွေးရုံ စာပေကြည့်ရုံနှင့် တစ်မဂ်တစ်ဖိုလ် မရတော့ ဘူးလို့ ပြောခဲ့တာပဲကွယ့်၊ သို့သော် မိမိတို့ဟာ နေယျပုဂ္ဂိုလ်မျိုးဖြစ်လျှင် တရားတော်ကို လည်း အားထုတ်ခဲ့မယ် ဆိုလျှင် မဂ်ဖိုလ်ကို ရနိုင်ခွင့် ဧကန်ရှိနိုင်ပါတယ်၊ သည်နေယျပုဂ္ဂိုလ်မျိုးကို ရည်ရွယ်ပြီး မြေတူးလျှင် ရေရသလို ဝိပဿနာ အလုပ်လုပ်လျှင် မဂ်ဖိုလ်ရနိုင် တယ်လို့ ဦးပဥ္စင်းရဲ့ ဒကာကပြောတာဖြစ်ပါလိမ့်မယ်၊

      သို့သော်လည်း ပဒပရမ ပုဂ္ဂိုလ်မျိုးဖြစ်လျှင်တော့ ဘယ်လိုပင် အားထုတ်သော်လည်း မဂ်ဖိုလ် မရနိုင်ပါဘူး။ မဂ်ဖိုလ်ကို မရပါဘူးဆိုပြီး ဝီရိယတော့ မလျှော့သင့်ကြဘူး၊ တရားအား ထုတ်တယ်ဆိုတာ မဂ်ဖိုလ်ကိုပင်မရသော်လည်း စိတ်ပျံ့လွင့်မှုမရှိဘူး၊ စိတ် တည်ငြိမ်တယ်၊ သောကဗျာပါရ စသောအပူအပင်တွေ အေးငြိမ်းတယ်၊ စိတ် ဓာတ်လည်းရင့်ကျက်လာတယ်၊ မဂ်ဖိုလ်ရဲ့ အခြေခံလည်းဖြစ်တယ်၊ ဒါကြောင့် ကြုံရခဲတဲ့ ဗုဒ္ဓမြတ်စွာ သာသနာတော်နှင့် ကြုံတွေ့ ရခိုက် ပြုလုပ်ရန် အင်မတန် ခက်ခဲတဲ့ ဝိပဿနာအလုပ်ကို တတ်နိုင်သလောက် အားထုတ် သင့်ကြတယ်လို့ အဖြေပေးလိုက်ပါတယ်”

      “သာဓုပါ ဘုရား-သာဓု-သာဓု”

~~~~~~~~~~

#အရှင်ခေမာသီရိ (မော်လမြိုင်) မှ စာစီပူဇော်ပါသည်။
#Khemã Thiri.

မှတ်ချက်။ ။ထီးချိုင့်မြို့ တည်တောဆရာတော်၏ ''ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၁)'' စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။


(Zawgyi)

#တရားအားထုတ္သူတိုင္း မဂ္ဖိုလ္ ရ/ မရ ?

      “ျပႆနာတစ္ခု ဆက္ၿပီးေလၽွာက္ထားပါရေစဘုရား”
      “ေလၽွာက္ပါေလ၊ ေလၽွာက္ထားတာေပါ့”
      “ဥပုသ္ဇရပ္တစ္ေဆာင္မွာ ဥပုသ္သည္မ်ား တရားေဆြးေႏြးေနၾကတယ္ ဘုရား”
      “ဘယ္လိုမ်ား ေဆြးေႏြးေနၾကတာတုန္း”
      “ဥပုသ္သည္တစ္ေယာက္က ေျပာတယ္ဘုရား၊ မဂ္ဖိုလ္နိဗၺာန္ဆိုတာ ေျမႀကီးေအာက္မွာ အျမဲတည္ေနတဲ့ေရလို သဘာဝအေလ်ာက္ အျမဲတည္ေနတဲ့ တရားမ်ိဳးျဖစ္ပါသတဲ့၊ ေျမႀကီး ေအာက္က ေရကို အလိုရွိတဲ့သူဟာ လုံ႔လဝီရိယ စိုက္ထုတ္ၿပီး ေျမႀကီးကိုယက္လိုက္လၽွင္ ေရကိုေတြ႕နိုင္သလို ေယာဂါဝစရ ပုဂၢိဳလ္ဟာလည္း ဝီရိယစိုက္ထုတ္ၿပီး ဝိပႆနာအလုပ္ကို လုပ္မယ္ဆိုလၽွင္ မဂ္ဉာဏ္, ဖိုလ္ဉာဏ္, နိဗၺာန္ကို မ်က္ေမွာက္ျပဳနိုင္ပါသတဲ့၊ ခုကာလ မဂ္ဖိုလ္ မရၾကတာဟာ ေျမကိုမတူးလို့ ေရမရတာလို ဝိပႆနာအလုပ္ကို တကယ္ မလုပ္တဲ့အတြက္ တကယ္မရၾကျခင္းျဖစ္တယ္လို့ အဲသည္ပုဂၢိဳလ္က အခိုင္အမာ ေျပာတယ္ဘုရား၊ အဲသည္ တရားေဆြးေႏြးပြဲမွာ သူ႔အယူအဆႀကိဳက္ႏွစ္သက္ သူေတြလည္းရွိၾကတယ္၊ မႀကိဳက္သူေတြ လည္းရွိၾကတယ္၊ တပည့္ေတာ္ကေတာ့ သူတို့ေဆြးေႏြးခ်က္ကို မွတ္သားၿပီးသာယူခဲ့တယ္၊ ဘာမၽွေထာက္ခံျခင္း, ကန႔္ ကြက္ျခင္း, စြက္ဖက္ျခင္းမျပဳခဲ့ဘူး၊ သည္ပုဂၢိဳလ္ေျပာတဲ့စကားဟာ ဟုတ္သင့္ မဟုတ္သင့္ ဆရာေတာ္ အေျဖေပးပါဦး”
      “သည္ပုဂၢိဳလ္ရဲ့ စကားဟာ ဟုတ္သင့္သေလာက္ေတာ့ ဟုတ္ၿပီး၊ မဟုတ္သင့္ သေလာက္ေတာ့ မဟုတ္ဘူးကြယ့္”
      “ဘယ္လိုေၾကာင့္တုံး ဘုရား”

#သရက္သီးမွည့္ဥပမာ

      “အေၾကာင္းကေတာ့ သည္လိုကြယ့္၊ မဂ္ဖိုလ္နိဗၺာန္ မ်က္ေမွာက္ျပဳနိုင္တယ္ ဆိုတာ အရိယာပုဂၢိဳလ္မ်ားမွ ျပဳနိုင္ၾကတယ္၊ အရိယာမဟုတ္လၽွင္ မျပဳနိုင္ၾကဘူး၊ အရိယာပုဂၢိဳလ္ဆိုတာ ဘယ္လိုအမ်ိဳးအစားလဲလို့ သိဖို့အတြက္ သိလြယ္ေအာင္ သရက္ပင္က သရက္သီးႏွင့္ ဥမာေပးၾကစို့ရဲ့၊ သရက္ပင္ေပၚက သရက္သီးဟာ သီးကင္းကစၿပီး မွည့္ရြမ္းေနသည္အထိ အဆင့္ဆင့္ ရွိၾကတယ္၊ သရက္သီး မွည့္ ရြမ္းခ်ိန္ မေရာက္မီ အဖန္ဓာတ္, အခ်ဥ္ဓာတ္ေတြက ပိုကဲေနလို့ အခ်ိဳဓာတ္ မရွိဘူး၊ အသီးရင့္လာသည္ႏွင့္အမၽွ အဖန္ဓာတ္, အခ်ဥ္ဓာတ္ေတြဟာ တစ္စ တစ္စ နည္းပါးလာၿပီး အခ်ိဳဓာတ္က ပိုကဲလာတယ္၊ ေလာကအတြင္း က်င္လည္ ေနၾကတဲ့ သတၱဝါအနႏၲ ဟာလည္း သရက္သီးဥပမာအတိုင္းပဲကြယ့္၊ ပါရမီအင္အား နည္းပါးေနစဥ္ကာလမွာ တဏွာအင္အား, မာနအင္အား, ဒိ႒ိအင္အား စတဲ့ အဖန္ဓာတ္, အခ်ဥ္ဓာတ္ေတြက မ်ားေနတယ္၊ သည္အခ်ိန္မွာ အခ်ိဳဓာတ္ဆိုတဲ့ ၊ မဂ္ဖိုလ္ရေအာင္ ျပဳလုပ္ဖို့ဆိုတာ မလြယ္ကူဘူး၊ ဒါေၾကာင့္ ဘယ္ပုဂၢိဳလ္ျဖစ္ေစ ဝိပႆနာအလုပ္ အားထုတ္ခဲ့လၽွင္ အမွန္တကယ္ မဂ္ဖိုလ္နိဗၺာန္ ရနိုင္တယ္ ဆိုတဲ့ စကားဟာ မမွန္ဘူး၊ ေလာကစကားမွာ ပြင့္ခ်ိန္တန္မွပြင့္, သီးခ်ိန္တန္မွ သီးဆိုတဲ့ စကားရွိ သလို အရိယာဆိုတာလည္း ျဖစ္ခ်ိန္တန္မွ ျဖစ္တယ္၊ ျဖစ္ခ်ိန္ မတန္လၽွင္ မျဖစ္ဘူးကြယ့္”

      “ျဖစ္ခ်ိန္တန္တယ္ဆိုတာက ဘာကို ဆိုလိုတာပါလဲဘုရား”
      “ျဖစ္ခ်ိန္တန္တယ္ဆိုတဲ့ စကားကို အထက္က သရက္သီး ဥပမာႏွင့္ ေျပာခဲ့ၿပီးပါၿပီ၊ သရက္သီးဟာ မည့္ခ်ိန္တန္မွသာ မွည့္တယ္၊ မွည့္ခ်ိန္မတန္မီ ဘယ္လိုပင္ မွည့္ေအာင္အုပ္အုပ္ မမွည့္ဘူး၊ ပုပ္ေဆြးၿပီးသာ သြားတယ္၊ ပုဂၢိဳလ္ ဟာလည္း အရိယာျဖစ္ခ်ိန္ မတိုင္မီ ဘယ္လိုပင္ တရားအားထုတ္ေစကာမွ မဂ္ဖိုလ္ မရနိုင္ဘူး၊ သူ႔အခ်ိန္က်မွသာ မဂ္ဖိုလ္ကို ရနိုင္တယ္၊ သည္စကားရပ္ကို ဘုရားရွင္ရဲ့ ဣႏၵိယပေရာပရိယတၱိဉာဏ္ေတာ္ႏွင့္ ခ်ိန္ဆၾကည့္လၽွင္သိနိုင္ တာေပါ့”

      “ဘယ္လို သိနိုင္ပါသလဲ၊ အမိန႔္ရွိပါဦးဘုရား”
      “သရက္သီးတစ္လုံးဟာ အေစ့ယွက္ၿပီး ရင့္က်က္ပါမွ မွည့္နိုင္သလို ပုဂၢိဳလ္တစ္ေယာက္ ဟာလည္း ဣေျႏၵရင့္က်က္ပါမွ မဂ္ဖိုလ္ကိုရနိုင္ပါတယ္။ သည္ေနရာမွာ ဣေျႏၵဆိုတာ ေဗာဓိပကၡိယ တရား ၃၇-ပါးမွာပါဝင္တဲ့ “သဒၶိေျႏၵ, ဝီရိယိေျႏၵ , သတိေျႏၵ, သမာဓိေျႏၵ,  ပညိေျႏၵ တို့ကို ဆိုလိုတယ္ကြယ့္၊ သည္ ဣေျႏၵ ေတြ ႏုေနေသးလၽွင္ သရက္သီးႏုႏုကို အုပ္မရသလို ဝိပႆနာတရား အားထုတ္ေသာ္လည္း မဂ္ဖိုလ္ကိုမရနိုင္ဘူး၊ ဥပမာထုတ္ျပရမယ္ဆိုလၽွင္----

အယူမွားေသာ မဟာဝါစကာလ

      ဂဂၤါျမစ္တစ္ဘက္ကမ္းမွာ မဟာဝါစကာလအမည္ရွိတဲ့ ဒကာတစ္ေယာက္ ရွိခဲ့ဖူးတယ္၊ အဲသည္ဒကာဟာ ႏွစ္ေပါင္း သုံးဆယ္ၾကာေအာင္ ေသာတာပတၱိ မဂ္ကို မ်က္ေမွာက္ ျပဳနိုင္ေအာင္ရယ္လို့ ၃၂-ပါးေသာ ဒြတၱိသကမၼ႒ာန္းကို စီးျဖန္းပြားမ်ားတရားအားထုတ္ခဲ့တယ္၊ သို့ေသာ္လည္း မဂ္ရဲ့ အရိပ္အေရာင္မၽွကို ေတာင္ မထင္ခဲ့ဖူးတဲ့ကြယ္၊ သည္ေတာ့ ဒကာရဲ့ စိတ္ထဲမွာ ငါဟာ သည္ေလာက္ တရားအားထုတ္ပါလ်က္ႏွင့္ မဂ္မရတာကို ေထာက္ဆခဲ့လၽွင္ ဘုရားရွင္ရဲ့ အဆုံးအမေတာ္ဟာ သံသရာထြက္ေျမာက္ေၾကာင္း မဟုတ္ပါဘူးလို့ အယူေဖာက္ ျပန္သြားရွာတယ္။

      အဲသည္အယူေဖာက္ျပန္စိတ္ႏွင့္ ကြယ္လြန္တဲ့အခါ မဟာဂဂၤါျမစ္အတြင္းမွာ ကိုးဥသဘ ရွိတဲ့ မိေက်ာင္းၿပိတၱာႀကီးျဖစ္ရွာသတဲ့၊ သည္မိေက်ာင္းၿပိတၱာႀကီးဟာ မိေက်ာင္းျဖစ္တဲ့ေန႔ကစၿပီး တစ္ႀကိမ္တစ္ခါမၽွ ဝမ္းဝေအာင္ မစားရရွာဘူးတဲ့။ တစ္ေန႔ေတာ့ ကစၧက ဆိပ္ကမ္းလမ္းအတိုင္း လွည္းေပါင္း ၆၀- ေက်ာက္ေတြကို တိုက္လာၾကသတဲ့၊ သည္လွည္းေတြကိုျမင္ေတာ့ အလြန္ ဆာေလာင္ေနတဲ့ မိေက်ာင္းၿပိတၱာႀကီးဟာ လွည္းေပၚက ေက်ာက္ေတြေရာ ႏြားေတြပါ အကုန္လုံး ဖမ္းၿပီး စားလိုက္သတဲ့ကြယ္။

      သည္ဝတၳဳေၾကာင္းက အဂၤဳတၱရ တိကနိပါတအ႒ကထာ စာမ်က္ႏွာ ၁၀၈က လာတဲ့ စကားရပ္ျဖစ္တယ္၊ သည့္ဒကာက ေနာက္ဆုံးအယူေဖာက္ျပန္ သြားလို့ မဂ္ဖိုလ္မရ ျဖစ္ခ်င္ျဖစ္နိုင္တယ္၊ သည္ထက္မက အသက္ေပးၿပီး တရားအားထုတ္ပါလ်က္ႏွင့္ ပါရမီမရင့္တဲ့အတြက္ မဂ္ဖိုလ္မရတဲ့ပုဂၢိဳလ္ေတြ လည္း အမ်ားအျပားရွိၾကတယ္ကြယ့္”

#ေတာင္ကလပ္ေပၚက ရဟန္းေတာ္မ်ား

      ကႆပဘုရားရွင္ရဲ့ သာသနာေတာ္ေနာက္ပိုင္းမွာ သာသနာေတာ္ဝန္ ထမ္း ရဟန္းေတာ္မ်ားဟာ အက်င့္သီလ ပ်က္စီးခဲ့ၾကသတဲ့၊ သည္အခါ သတိ သံေဝဂရေတာ္မူၾကတဲ့ ရဟန္းေတာ္ ၇-ပါးတို့ဟာ သာသနာေတာ္ မကြယ္ေပ်ာက္မီ ကာလမွာ တစ္မဂ္တစ္ဖိုလ္ ပိုင္ေအာင္ေတာ့ အားထုတ္ေတာ္မူၾကမယ္လို့ တိုင္ပင္ ၾကၿပီး အလြန္ျမင့္တဲ့ ေတာင္ကလပ္ထိပ္ ေရာက္ေအာင္ ေလွကားေထာင္ၿပီး တက္ၾကသတဲ့၊ ေတာင္ထိပ္ေရာက္ေတာ့ ေလွကားရွိေနလၽွင္ အသက္၌တြယ္တာ မွုရွိေနလိမ့္မယ္၊ အသက္စြန႔္ၿပီး တရားအားထုတ္ၾကစို့လို့ သေဘာတူေလွကား ကိုတြန္းခ်ၿပီး တရားအားထုတ္ခဲ့ၾကတယ္၊ သို့ကေလာက္ အသက္ေပးၿပီး တရားအားထုတ္ တာေတာင္ အားလုံး မဂ္ဖိုလ္မရၾကရွာဘူး၊ ရဟန္းေတာ္ ၇ပါးအနက္ အႀကီးဆုံးမေထရ္ႀကီးက ၅-ရက္ ေျမာက္တဲ့ေန႔မွာ အရဟတၱဖိုလ္ကို ရသြားတယ္၊ ဒုတိယမေထရ္ကေတာ့ ၇-ရက္ ေျမာက္တဲ့ေန႔မွာ အနာဂါမိဖိုလ္ကို ရသြားတယ္၊ က်န္တဲ့ပုဂၢိဳလ္ ၅-ပါးတို့ကေတာ့ ဘာမဂ္ဘာဖိုလ္မၽွ မရၾကဘဲ ပုထုဇဥ္ဘဝျဖင့္ စုေတကြယ္လြန္ခဲ့ၾကၿပီး ကႆပဘုရား သာသနာေတာ္ႏွင့္ ယခုေဂါတမဘုရား သာသနာေတာ္အၾကားကာလမွာ လူ႔ျပည္နတ္ျပည္အလီလီ က်င္လည္ေတာ္ မူခဲ့ၾကတယ္။

      ယခု ဘုရားရွင္လက္ထက္က်ေတာ့ တစ္ဦးက ဂႏၶာရတိုင္း တကၠသိုလ္ ျပည္မွာ ပကၠဳသာတိမင္းႀကီးျဖစ္လာတယ္၊ တစ္ဦးက မဇၩႏၲိကတိုင္းမွာ သဘိယပရိဗိုဇ္ျဖစ္လာတယ္၊ တစ္ဦးက ဗာဟိယတိုင္းမွာ ဗာဟိယျဖစ္လာတယ္။ တစ္ဦးက ရာဇၿဂိဳဟ္ျပည္မွာ ကုမာရကႆပ ျဖစ္လာတယ္၊ တစ္ဦးက မလႅာတိုင္း မွာ ဒဗၺျဖစ္လာတယ္၊ သည္ပုဂၢိဳလ္ ၅-ဦးဟာ ယခုေဂါတမ ဘုရားရွင္ရဲ့ သာသနာေတာ္ေရာက္မွ ပါရမီျပည့္ဝလို့ မဂ္ဖိုလ္ရခဲ့ၾကတယ္၊
      ဒါေၾကာင့္ အခ်ိန္မတန္လၽွင္ ဘယ္လိုပင္ တရားအားထုတ္ေသာ္လည္း မဂ္ဖိုလ္ မရနိုင္ ဘူးကြယ့္”

      “သည္လိုဆို ဘယ္ပုဂၢိဳလ္ပင္ျဖစ္ေစ တရားအားမထုတ္လို့သာ မဂ္ဖိုလ္ ကို မရျခင္း ျဖစ္တယ္၊ တရားသာအားထုတ္လၽွင္ ပုဂၢိဳလ္တိုင္း မဂ္ဖိုလ္ရနိုင္တယ္ ဆိုတဲ့ စကားဟာ မွားတာေပါ့ ဘုရား”
      “ေအး- မွားသေလာက္ မွားၿပီး မွန္သေလာက္ေတာ့ မွန္တယ္ကြယ့္”
      “ဘယ္လိုမွန္တာလဲ အမိန႔္ရွိပါဦး ဘုရား”
      “ယခုဘဝ ရဟႏၲာအျဖစ္ျဖင့္ ကၽြတ္တမ္းဝင္မည့္ ပုဂၢိဳလ္ကို ႏွစ္မ်ိဳးခြဲရ မယ္ကြယ့္၊
      တစ္မ်ိဳးက ဧကန္ ရဟႏၲာျဖစ္မည့္ပုဂၢိဳလ္၊
      တစ္မ်ိဳးက အေနကန္ ရဟႏၲာျဖစ္မည့္ပုဂၢိဳလ္တို့ျဖစ္ၾကတယ္၊

      ယခုဘဝ ဧကန္ရဟႏၲာ ျဖစ္မည့္ပုဂၢိဳလ္ က ဘာႏွင့္တူသလဲဆိုေတာ့ မွည့္ခ်ိန္တန္လို့ မွည့္တဲ့သရက္သီးႏွင့္တူတယ္၊ မဂ္ဖိုလ္ ရဖို့အတြက္ ေသခ်ာေပါက္ျဖစ္ေနၿပီ၊ မဂ္ဖိုလ္မရသမၽွ ျမင္းမိုရ္ေတာင္ႀကီးႏွင့္ႀကိတ္ သတ္လို့ေတာင္ ေသရိုးထုံးစံမရွိဘူး၊ ဒဗၺေထရ္တို့ သံကိစၥေထရ္တို့ဟာ မိခင္ကို ကိုယ္ဝန္ႀကီးႏွင့္မီးသၿဂႋဳဟ္တုန္း ဖြားျမင္တဲ့ပုဂၢိဳလ္ေတြပဲ၊ အႏၲိမပုဂၢိဳလ္ေတြျဖစ္ ေလေတာ့ မိခင္ရဲ့ အေလာင္းေကာင္သာ မီးကၽြမ္းၿပီး ျပာက်သြားတယ္၊ သူတို့ ကေတာ့မေသဘူး၊ ဒါေၾကာင့္ မမၼပဒအ႒ကထာ ပထမတြဲ ၄၂၆-မွာ “ပစၧိမဘဝိကႆ သတၱႆ ဟိ သိေန႐ုနာ ဩတၱရိယမာနႆပိ အရဟတၱံ့ အပတြာ ဇီဝိတကၡေယာ နာမ နတၳိ”လို့ ဖြင့္ျပထားတာေပါ့။

      အခ်ိဳ့ေသာပုဂၢိဳလ္မ်ားကေတာ့ ပါရမီဓာတ္အား မႏုမရင့္ျဖစ္ေနတယ္။ မႏုမရင့္ သရက္သီးဟာ အလိုအေလ်ာက္ေတာ့ျဖင့္ မမွည့္ဘူး၊ အလိုအေလ်ာက္ ပစ္ထားလိုက္လၽွင္ ပုပ္သြား တတ္သလို အခ်ိဳ့ေသာပုဂၢိဳလ္မ်ားဟာ တရားအား ထုတ္လၽွင္ မဂ္ဖိုလ္ရနိုင္တယ္၊ အားမထုတ္လၽွင္ မဂ္ဖိုလ္မရဘူး၊ ဥပမာ အဇာတသတ္မင္းႏွင့္ မဟာဓနသူေဌးသားတို့လိုေပါ့၊ အဇာတသတ္မင္းဟာ အကယ္၍ ခမည္းေတာ္ကို မသတ္ခဲ့လၽွင္ သာမညဖလသုတ္ေတာ္ကို နာယူရာ၌ ေသာတာပန္ျဖစ္နိုင္တယ္၊ သို့ေသာ္လည္း ခမည္းေတာ္ကို သတ္မိတဲ့ ဂ႐ုကံႀကီး ေၾကာင့္ မဂ္ဖိုလ္ႏွင့္လြဲသြားရတယ္၊ ဗာရာဏသီျပည္ မဟာဓနသူေဌးသားဟာ လည္း တရားေတာ္ကို ႀကိဳးစားက်င့္ႀကံခဲ့လၽွင္ အရိယာျဖစ္ခြင့္ရွိတယ္၊ သို့ေသာ္ လည္း တရားေတာ္ကို မႀကိဳးစားဘဲ ကာမတရားလိုက္စားမိတဲ့အတြက္ မဂ္ဖိုလ္ ႏွင့္လြဲသြားရတယ္၊

      ဒါေၾကာင့္ ဒုတိယအမ်ိဳးအစားပုဂၢိဳလ္ဟာ မဂ္ဖိုလ္ရနိုင္ေသာ ဘဝပင္ျဖစ္ေစ ေသာတာပတၱိ အဂၤါေလးခ်က္ႏွင့္ မကိုက္ညီခဲ့လၽွင္ မဂ္ဖိုလ္ မရနိုင္ဘူး။"

#ေသာတာပတၱိမဂ္ အဂၤါ ၄-ခ်က္

      ေသာတာပတၱိမဂ္အဂၤါေလးခ်က္ကို မဟာဝဂၢသံယုတ္ပါဠိေတာ္မွာ---
      (၁) သမၺဳရိသသံေသဝ=သူေတာ္ေကာင္းတို့ကိုမွီဝဲရမယ္။
      (၂) သဒၶမၼႆဝန=သူေတာ္ေကာင္းတရားၾကားနာရမယ္၊
      (၃) ေယာနိေသာမနသိကာရ=အသင့္အားျဖင့္ ႏွလုံးသြင္းရမယ္။
      (၄) ဓမၼာႏုဓမၼပဋိပတၱိ=တရားအားေလ်ာ္ေသာအက်င့္ကို က်င့္ရမယ္တဲ့၊
      သည္အဂၤါေလးခ်က္မွာ “ဓမၼာႏုဓမၼပဋိပတၱိ’’ ဆိုတာ ဝိပႆနာအလုပ္လုပ္တာ ကို ေျပာတာေပါ့ကြယ္၊ ပုဂၢိဳလ္ေလးမ်ိဳးထဲမွာ မိမိဟာ ဘယ္ပုဂၢိဳလ္ အတန္းအစား ထဲ ပါဝင္သည္ပင္ ျဖစ္ေစ တရားအားထုတ္တာဟာ အမွန္ေကာင္းတယ္၊ အကယ္၍ မိမိဟာ ဉာဏ္ရင့္တဲ့ပုဂၢိဳလ္ ျဖစ္လၽွင္လည္း မဂ္ဖိုလ္ကို ရနိုင္တယ္။

      ဉာဏ္မရင့္က်က္ေသးလၽွင္လည္း ပါရမီမ်ိဳးေစ့ျဖစ္နိုင္တယ္၊ မိမိဟာ တရား အားထုတ္လၽွင္ မဂ္ဖိုလ္ရနိုင္ေသာ ဒုတိယပုဂၢိဳလ္မ်ိဳးျဖစ္ပါလ်က္ တရားအားမထုတ္ လၽွင္ မဂ္ဖိုလ္ႏွင့္ လြဲသြား နိုင္တယ္၊ မဂ္ဖိုလ္ႏွင့္ ခုဘဝမွာ လြဲသြားလၽွင္ ေနာင္အခါ သည္လိုတရားအားထုတ္ခြင့္ရွိတဲ့ ဗုဒၶသာသနာေတာ္ႏွင့္ ၾကဳံခ်င္မွ ၾကဳံေတာ့မယ္။ ဒါေၾကာင့္ တရားအားထုတ္လၽွင္ မဂ္ဖိုလ္နိဗၺာန္ကို မ်က္ေမွာက္ျပဳနိုင္တယ္ဆိုတဲ့ စကားဟာ မွန္သင့္သေလာက္မွန္တယ္လို့ ဆိုလိုက္ရျခင္းျဖစ္တယ္ကြယ့္”

      “ယခုဆရာေတာ္အမိန႔္ရွိတဲ့ ပုဂၢိဳလ္ေလးမ်ိဳးဆိုတာ ဘယ္လိုပုဂၢိဳလ္မ်ိဳးကို - - ဆိုလိုတာပါလဲဘုရား”
     
#တရားအားထုတ္ေသာပုဂၢိဳလ္ ၄-မ်ိဳး

      “ပုဂၢိဳလ္ေလးမ်ိဳးကို ပုဂၢလပညတ္ စတုကၠနိေဒၵသႏွင့္ အဂၤဳတၱရ စတုကၠ နိပါတ္ ပုဂၢလဝဂ္မွာ ဘုရားရွင္ေဟာေတာ္မူထားတယ္၊ အေရအတြက္ကေတာ့
      (၁) ဥဂၣဋိတညဴပုဂၢိဳလ္၊
      (၂) ဝိပဥၥိတညဴပုဂၢိဳလ္၊
      (၃) ေနယ်ပုဂၢိဳလ္၊
      (၄) ပဒပရမပုဂၢိဳလ္မ်ား ျဖစ္ၾကတယ္ကြယ့္”
     
      “အက်ယ္အမိန႔္ရွိပါဦးဘုရား”

      “(1) ဥဂၣဋိတညဴပုဂၢိဳလ္မ်ိဳးဟာ ေရႏွင့္မထိဘဲ ေရကိုလြန္ၿပီးတည္တဲ့ ၾကာငုံ လို ကိေလသာတည္းဟူေသာ ေရကိုလြန္ၿပီး တည္တဲ့အတြက္ ဉာဏ္ပညာအလြန္ ထက္ျမက္တယ္၊ တရားေတာ္ကို အက်ဥ္းနာ႐ုံႏွင့္ အက်ယ္ေဝဖန္ၿပီး သိနိုင္စြမ္း ရွိတယ္၊

      (၂) ဝိပဥၥိတညဴပုဂၢိဳလ္မ်ိဳးကေတာ့ ေရမ်က္ႏွာျပင္ႏွင့္အမၽွတည္တဲ့ ေၾကာငုံလို ကိေလသာေရႏွင့္ ဉာဏ္ေရာင္ဟာညီမၽွေနတယ္၊ တရားေတာ္ကို အက်ဥ္းနာ႐ုံႏွင့္ မဂ္ဖိုလ္မရနိုင္ဘူး၊ အက်ယ္နာရမွ မဂ္ဖိုလ္ရနိုင္တယ္၊

      (၃) ေနယ်ပုဂၢိဳလ္ကေတာ့ ေရအတြင္း နစ္ျမဳပ္ေနၾကတဲ့ ၾကာငုံလို ကိေလသာေရထဲမွာ ႏွစ္ျမဳပ္ေနတဲ့အတြက္ ဉာဏ္ငုပ္ေနတယ္၊ တရားအက်ဥ္းနာ႐ုံအက်ယ္နာ႐ုံ ႏွင့္ မဂ္ဖိုလ္မရနိုင္ဘူး၊ တရားေတာ္လာအတိုင္း ဝိပႆနာအလုပ္ ျပင္းျပင္း ထန္ထန္လုပ္ပါမွ မဂ္ဖိုလ္ရနိုင္တယ္။

#အရွင္ရ႒ပါလ

      သည္ေနရာမွာ တျခားပုဂၢိဳလ္ကို မဆိုထားႏွင့္၊ ရွင္မဟာရ႒ပါလကိုပဲ သက္ေသထားၿပီး ၾကည့္ေတာ့ ရွင္မဟာရ႒ပါလဟာ လြန္ခဲ့သည့္ ကမၻာတစ္သိန္း ထက္က ပဒုမုတၱရ ဘုရားရွင္ရဲ့ ထံေတာ္မွာ ေနာင္ခါ ေဂါတမဘုရားလက္ထက္ သဒၶါပဗၺဇၨီတဧတဒဂ္ရ ရဟႏၲာျဖစ္လိမ့္မယ္လို့ ဗ်ာဒိတ္ေတာ္ရ ဘုန္းသမၻာ - ထက္ၾကပ္မကြာ ပါလာခဲ့သူျဖစ္ပါလ်က္ ေနယ်ပုဂၢိဳလ္အမ်ိဳးအစားမို့ တရားေတာ္ ကို တစ္ဆယ့္ႏွစ္ႏွစ္ၾကာေအာင္ ျပင္းထန္စြာ အားထုတ္ၿပီးမွ ရဟႏၲာအျဖစ္ကို ဆိုက္ေရာက္ေတာ္မူတယ္၊

      သည္အေၾကာင္းကို မဇၩိမပဏၰာသအ႒ကထာမွာ “ေနယ်ပုဂၢေလာ ဟိ အယမာယႆာ တသၼာ ပုညဝါ အဘိနီဟာရသမၸေႏၷာ သမေနာ၊ အစၥအေဖြဝ အရဟတၱႏၲိ သမဏဓမၼံ ကေရာႏၲာပိ ဒြါဒသေမဝႆ အရဟတၱံ ပါပုဏိ” လို့ ဖြင့္ျပထားတယ္ကြယ့္၊

      သည္အခ်ိန္ဟာ သာသနာေတာ္ ရဲ့ ေနာက္ပိုင္းေရာက္လာခ်ိန္မို့ ေနယ်ေခတ္လို့ ဆိုရလိမ့္မယ္၊ သည္ေခတ္မွာ တရားေတာ္ကို နာ႐ုံ စာေပကိုၾကည့္႐ုံမၽွႏွင့္ မဂ္ဖိုလ္မရနိုင္ဘူး၊ အရွင္ရ႒ပါလ တို့လို ျပင္းျပင္းထန္ထန္ အလုပ္လုပ္ပါမွ မဂ္ဖိုလ္ကို ရနိုင္ခြင့္ရွိေတာ့တယ္ ကြယ့္။

      (၄) ပဒပရမပုဂၢိဳလ္ကေတာ့ ေရထဲမွာ ငါးလိပ္တို့ရဲ့ အစာျဖစ္ရတဲ့ ၾကာငုံလို ကိေလသာ အလြန္ လႊမ္းအုပ္ေနတဲ့အတြက္ ယခုဘဝဘယ္လိုပင္ တရား အားထုတ္ေသာ္လည္း မဂ္ဖိုလ္မရနိုင္ဘူး၊ ပါရမီမ်ိဳးေစ့မၽွေလာက္သာျဖစ္တယ္။"

#ပုဂၢိဳလ္ေလးမ်ိဳးခ်ိန္ထိုးၾကည့္ေသာ္

      ဦးပဥၥင္းေလၽွာက္ထားတဲ့ မူလစကားကို သည္ပုဂၢိဳလ္ေလးမ်ိဳးႏွင့္ခ်ိန္ထိုးၾကည့္ မယ္ဆိုလၽွင္ ဥဂၣါဋိတညဴ ဝိပဥၥိတညဴ ဆိုတဲ့ ပုဂၢိဳလ္အမ်ိဳးအစားကေတာ့ သည္ေခတ္မွာ လုံးဝမရွိေတာ့ဘူးကြယ့္၊ ဘာေၾကာင့္ မရွိေတာ့ဘူးလို့ ေျပာရ တာလဲဆိုေတာ့ သည္ပုဂၢိဳလ္ေတြက ပဋိသမၻိဒါပတၱ အမ်ိဳးေတြ ျဖစ္ၾကတယ္။ ပဋိသမၻိဒါေခတ္ဟာ သာသနာေတာ္ အႏွစ္တစ္ေထာင္ အတြင္းမွာသာ ရွိတယ္။ သာသနာေတာ္ရဲ့ ေနာက္ပိုင္းမွာမရွိဘူး၊

      ဒါေၾကာင့္ ခုလို သာသနာေတာ္ေနာက္ ပိုင္းမွာ သည္ပုဂၢိဳလ္မ်ိဳးေတြမရွိေတာ့ဘူးလို့ ေျပာလိုက္ရတယ္၊ သည္ပုဂၢိဳလ္ႀကီး ႏွစ္မ်ိဳး သည္ေခတ္မွာ မရွိေတာ့တဲ့ အတြက္ တရားနာ႐ုံ တရားေဆြးေႏြး႐ုံ စာေပၾကည့္႐ုံႏွင့္ တစ္မဂ္တစ္ဖိုလ္ မရေတာ့ ဘူးလို့ ေျပာခဲ့တာပဲကြယ့္၊ သို့ေသာ္ မိမိတို့ဟာ ေနယ်ပုဂၢိဳလ္မ်ိဳးျဖစ္လၽွင္ တရားေတာ္ကို လည္း အားထုတ္ခဲ့မယ္ ဆိုလၽွင္ မဂ္ဖိုလ္ကို ရနိုင္ခြင့္ ဧကန္ရွိနိုင္ပါတယ္၊ သည္ေနယ်ပုဂၢိဳလ္မ်ိဳးကို ရည္ရြယ္ၿပီး ေျမတူးလၽွင္ ေရရသလို ဝိပႆနာ အလုပ္လုပ္လၽွင္ မဂ္ဖိုလ္ရနိုင္ တယ္လို့ ဦးပဥၥင္းရဲ့ ဒကာကေျပာတာျဖစ္ပါလိမ့္မယ္၊

      သို့ေသာ္လည္း ပဒပရမ ပုဂၢိဳလ္မ်ိဳးျဖစ္လၽွင္ေတာ့ ဘယ္လိုပင္ အားထုတ္ေသာ္လည္း မဂ္ဖိုလ္ မရနိုင္ပါဘူး။ မဂ္ဖိုလ္ကို မရပါဘူးဆိုၿပီး ဝီရိယေတာ့ မေလၽွာ့သင့္ၾကဘူး၊ တရားအား ထုတ္တယ္ဆိုတာ မဂ္ဖိုလ္ကိုပင္မရေသာ္လည္း စိတ္ပ်ံ႕လြင့္မွုမရွိဘူး၊ စိတ္ တည္ၿငိမ္တယ္၊ ေသာကဗ်ာပါရ စေသာအပူအပင္ေတြ ေအးၿငိမ္းတယ္၊ စိတ္ ဓာတ္လည္းရင့္က်က္လာတယ္၊ မဂ္ဖိုလ္ရဲ့ အေျခခံလည္းျဖစ္တယ္၊ ဒါေၾကာင့္ ၾကဳံရခဲတဲ့ ဗုဒၶျမတ္စြာ သာသနာေတာ္ႏွင့္ ၾကဳံေတြ႕ ရခိုက္ ျပဳလုပ္ရန္ အင္မတန္ ခက္ခဲတဲ့ ဝိပႆနာအလုပ္ကို တတ္နိုင္သေလာက္ အားထုတ္ သင့္ၾကတယ္လို့ အေျဖေပးလိုက္ပါတယ္”

      “သာဓုပါ ဘုရား-သာဓု-သာဓု”

~~~~~~~~~~

#အရွင္ေခမာသီရိ (ေမာ္လၿမိဳင္) မွ စာစီပူေဇာ္ပါသည္။
#Khemã Thiri.

မွတ္ခ်က္။ ။ထီးခ်ိဳင့္ၿမိဳ့ တည္ေတာဆရာေတာ္၏ ''ယေန႔ဗုဒၶဝါဒဆိုင္ရာ အေမးအေျဖမ်ား(၁)'' စာအုပ္မွ ေကာက္ႏွုတ္ေဖာ္ျပပါသည္။

2 comments:

Anonymous said...

ရူးကြောင်ကြောင်တေ

Anonymous said...

မဂ်ဖိုလ်ဆိုတာလူတိုင်းရနိုင်တယ်