Saturday, June 6, 2020

သွေးလွန်တုပ်ကွေးအကြောင်း သင်သိထားသင့်သမျှ



ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
|
ရေးသားသူ Aye Thi Mon

သွေးလွန်တုပ်ကွေးအကြောင်း သင်သိထားသင့်သမျှ
သည်းသည်းမည်းမည်းရွာလိုက်တဲ့မိုးနဲ့ မိုးရာသီတောင်ရောက်လာပြန်ပြီနော်။ မိုးရာသီကနွေရဲ့ပူပြင်းတဲ့ဒဏ်ကို သက်သာစေတယ်ဆိုပေမယ့် မိုးရာသီမှာအဖြစ်များတဲ့ ရောဂါတွေရဲ့ ပြဿနာကလည်းရှိနေတယ်။ ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေနဲ့ယင်ကြောင့်ဖြစ်တဲ့ရောဂါတွေက မဖိတ်ခေါ်ဘဲကို မိုးရာသီနဲ့အတူ လိုက်ပါလာတတ်ပါတယ်။ မိုးရာသီကပော်ျရွှင်စရာတွေ စိတ်ကြည်နူးစရာတွေနဲ့ပြည့်စုံနေတဲ့ရာသီပါ။ ဒီလိုမျိုးပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ရာသီမှာ ကိုယ်တိုင်ရော မိသားစုမှာပါရောဂါကင်းပြီးပျော်ရွှင်ချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကိုဖတ်ကြည့်ပါ။

သွေးလွန်တုပ်ကွေး (Dengue Fever) ဆိုတာ
သွေးလွန်တုပ်ကွေးရောဂါ ဆိုတာကခြင်ကနေတဆင့် ကူးစက်ခံရတဲ့ရောဂါတစ်မျိုးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အပူပိုင်းဇုန်နဲ့သမပိုင်းဇုန်ဒေသတွေမှာရောဂါအဖြစ်များပါတယ်။သွေးလွန်တုပ်ကွေးရောဂါဆိုတဲ့နေရာမှာလည်း” Break-Bone” Fever လို့ခေါ်တဲ့ အပျော့စားသွေးလွန်တုပ်ကွေးရောဂါ နဲ့ Dengue Hemorrhagic Fever လို့ခေါ်တဲ့ အပြင်းစားသွေးလွန်တုပ်ကွေးရောဂါဆိုပြီး နှစ်မျိုးရှိပါတယ်။

-“ Break-Bone” Fever (အပျော့စားသွေးလွန်တုပ်ကွေးရောဂါ) ခံစားရတဲ့အခါ

ဒီဝေဒနာခံစားရတဲ့အခါ

အဖျားတက်တာ
အရေပြားမှာ အနီရောင် အဖုအပိမ့်တွေထွက်တာ
ကြွက်သားနဲ့အဆစ်တွေနာကျင်ကိုက်ခဲမှုတွေ ကိုခံစားရနိုင်ပါတယ်။
– Dengue Hemorrhagic Fever (အပြင်းစားသွေးလွန်တုပ်ကွေးရောဂါ) ခံစားရတဲ့အခါ

ဒီဝေဒနာခံစားရတဲ့အခါ

သွေးထွက်လွန်မယ်
အဖျားတက်မယ်
သွေးပေါင်ချိန်ကျတာလိုမျိုးဝေဒနာတွေခံစားရနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ကတော့ အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။
သွေးလွန်တုပ်ကွေးဖြစ်တဲ့အခါ အခုလိုလက္ခဏာတွေခံစားရနိုင်ပါတယ်
သွေးလွန်တုပ်ကွေးခံစားနေရသူအများစု အထူးသဖြင့်တော့ ကလေးငယ်တွေ နဲ့ ဆယ်ကျော်သက်တွေမှာရောဂါသိပ်မပြင်းထန်ဘူးဆိုရင်ရောဂါလက္ခဏာတွေက သိသိသာသာမတွေ့ရတတ်ပါဘူး။ခြင်ကိုက်ခံရပြီး ပြီးချင်းမှာလည်းရောဂါလက္ခဏာတွေမပြတတ်ပါဘူး။ရောဂါပိုးသယ်ဆောင်ထားတဲ့ခြင်ကိုက်ခံရပြီး ၄ ရက်ကနေ ၇ ရက်အတွင်းမှာမှရောဂါလက္ခဏာစပြီးပြတတ်တာဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်တဲ့အခါ –

ခေါင်းကိုက်မယ်
ကြွက်သားတွေ၊ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲမယ်
မအီမသာဖြစ်မယ်
အော့အန်မယ်
မျက်လုံးအနောက်ဘက်က နာကျင်မယ်
ဂလင်းတွေ ရောင်ရမ်းမယ်
အရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်မယ်
အရမ်းပြင်းထန်လာမယ်ဆိုရင်တော့ –

ဗိုက်ထဲကနာကျင်မယ်
အဆက်မပြတ်အော့အန်နေမယ်
သွားဖုံးနဲ့နှာခေါင်းကသွေးထွက်မယ်
ဆီးသွားရင်သွေးပါမယ်၊ ဝမ်းသွားရင်သွေးပါမယ်၊ အန်တဲ့အခါသွေးစတွေပါလာမယ်
အရေပြားအောက်မှာသွေးယိုစိမ့်မှုဖြစ်ပြီး အညိုအမဲစွဲသလို အကွက်တွေဖြစ်မယ်
အသက်ရှုရခက်မယ်
အသက်ရှုတာအရမ်းမြန်နေမယ်
ခန္ဓါကိုယ်ကအေးစက်နေမယ်
ခြေကုန်လက်ပန်းကျမယ်
အိပ်မပျော်ဘဲ စိတ်မတည်ငြိမ်တာမျိုးဖြစ်နေမယ်။ ဒီလိုအခြေအနေမျိုးဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားပြဖို့လိုအပ်ပါတယ်။ အရေးပေါ် အခြေအနေဖြစ်တာကြောင့် အခန့်မသင့်ရင် အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။

သွေးလွန်တုပ်ကွေးကို ဒီလိုကာကွယ်လို့ရပါတယ်
သွေးလွန်တုပ်ကွေးကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးရယ်လို့မရှိသေးပါဘူး။ရောဂါကိုကာကွယ်နိုင်မယ့် အကောင်းဆုံးသောနည်းလမ်းကခြင်ကိုက်မခံရအောင်ဂရုစိုက်တာနဲ့ရောဂါပိုးရှိတဲ့နေရာတွေကိုရှောင်ကြဉ်တာပါ။ခြင်ကိုက်မခံရအောင်ကာကွယ်မှုက အထိရောက်ဆုံးသောရောဂါကာကွယ်နည်းပါ။

ဖြစ်နိုင်ရင် လူထူထပ်တဲေ့နရာတွေကိုရှောင်ရှားပါ – လူထူထပ်တဲ့နေရာတွေကရောဂါပိုးအလွယ်တကူ ကူးစက်ပြန့်နှံ့နိုင်တာကြောင့် လူထူထပ်တဲ့နေရာတွေကိုရှောင်ကြဉ်တာကလည်းရောဂါကာကွယ်တဲ့နည်းလမ်းတစ်ခုပါ။

အိပ်စက်ချိန်မှာခြင်ထောင်ဖြင့်အိပ်စက်ပါ –နေ့ဘက်မှာဖြစ်ဖြစ် ညဘက်မှာဖြစ်ဖြစ် အိပ်စက်တဲ့အခါတိုင်းခြင်ထောင်ထောင်အိပ်တတ်တဲ့ အကျင့်ကိုမွေးမြူပါ။ ဒီအကျင့်ကသွေးလွန်တုပ်ကွေးတင်မဟုတ်ဘဲခြင်ကြောင့်ဖြစ်တဲ့ရောဂါတိုင်းကို ကာကွယ်ပြီးသားဖြစ်ပါတယ်။

နေအိမ်တွင်းကို ခြင်မဝင်နိုင်အောင်လုပ်ဆောင်ပါ – နေဝင်ချိန်နဲ့ညဘက်တွေမှာလေအေးပေးစနစ်ဖွင့်ထားပြီး ခြင်မဝင်နိုင်အောင် သေချာစီမံထားတဲ့ နေရာမှာနေပါ။နေအိမ်မှာခြင်လုံဇကာတပ်ဆင်ပြီးခြင်မဝင်ရောက်နိုင်အောင် ဂရုစိုက်လုပ်ဆောင်တာမျိုးတွေလုပ်ဆောင်ပြီး နေအိမ်ကို ခြင်ကင်းစင်ဇုန်အဖြစ်ဖန်တီးပါ။

လုံခြုံစွာဝတ်ဆင်ပါ –ခြင်ကိုက်ခံရတာမျိုးမဖြစ်စေဖို့အတွက် ညနေဘက်နဲ့ညဘက်အချိန်တွေမှာ အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်တွေဝတ်ဆင်ပြီးခြင်ကိုက်မခံရအောင်ကာကွယ်ပေးပါ။

ခြင်နိုင်ဆေးသုံးပါ –ဒါကတော့ အသုံးအများဆုံးသောခြင်ကာကွယ်နည်းလမ်းတစ်ခုပါ။ ခြင်ကိုကာကွယ်ဖို့အတွက် နေအိမ်တွင်းမှာခြင်ဆေးထွန်းလို့ရသလိုခြင်ဆေးဖြန်းဆေးကို အသုံးပြုလို့လည်းရပါတယ်။

နေအိမ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ –နေအိမ်ပတ်ဝန်းကျင်မှာ အမှိုက်တွေသန့်ရှင်းနေအောင်ထားပေးပါ။ခြင်ခိုအောင်းနိုင်တဲ့နေရာတွေကိုရှင်းလင်းပါ။ သွေးလွန်တုပ်ကွေးရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်တွေက အိမ်အတွင်းပိုင်းနဲ့ အိမ်အနီးတဝိုက်ကနေရာတွေမှာနေထိုင်ပြီး ကားတာယာအဟောင်းလိုမျိုး မိုးရေတွေဝပ်နေနိုင်တဲ့နေရာတွေထဲမှာ ပေါက်ဖွားနိုင်တာကြောင့်နေအိမ်ပတ်ဝန်းကျင်ကခြင်ခိုအောင်းနိုင်တဲ့နေရာတွေကို ရှင်းလင်းထားပါ။

ခြင်မကိုက်တဲ့လူးဆေးလူးပေးပါ –သွေးလွန်တုပ်ကွေးအပါအဝင်ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေကို မဖြစ်အောင်ကာကွယ်ဖို့ဆိုရင် အရင်ဆုံးလုပ်ရမှာကခြင်မကိုက်အောင်ဂရုစိုက်ဖို့ပါ။ ကိုယ်တိုင်မှာရော မိမိချစ်ရသူတွေမှာပါ မတော်တဆခြင်ကိုက်ခံရတာမျိုး မဖြစ်စေဖို့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အရေပြားမှာခြင်မကိုက်အောင်လူးတဲ့ဆေးလေးလူးပေးပါ။

တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ပါ –ခန္ဓါကိုယ်မှာချွေးနံ့ကင်းစင်နေမယ်ဆိုရင်ခြင်ကိုက်ခံရတာသက်သာပါတယ်။ ဒါကြောင့်ခြင်ကိုက်ခံရတာနဲ့ရောဂါဘယတွေဘေးကနေ ကင်းဝေးစေဖို့ဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ဖို့လိုပါမယ်။

သွေးလွန်တုပ်ကွေးအပါအဝင်ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေကင်းဝေးပြီး သာယာကြည်နူးစရာကောင်းတဲ့ မိုးရာသီကို ပိုင်ဆိုင်နိုင်ကြပါစေ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

(Zawgyi) 



ေသြးလြန္တုပ္ေကြးအေၾကာင္း သင္သိထားသင့္သမၽွ

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
|
ေရးသားသူ Aye Thi Mon

ေသြးလြန္တုပ္ေကြးအေၾကာင္း သင္သိထားသင့္သမၽွ
သည္းသည္းမည္းမည္းရြာလိုက္တဲ့မိုးနဲ႔ မိုးရာသီေတာင္ေရာက္လာျပန္ၿပီေနာ္။ မိုးရာသီကေႏြရဲ့ပူျပင္းတဲ့ဒဏ္ကို သက္သာေစတယ္ဆိုေပမယ့္ မိုးရာသီမွာအျဖစ္မ်ားတဲ့ ေရာဂါေတြရဲ့ ျပႆနာကလည္းရွိေနတယ္။ ျခင္ေၾကာင့္ျဖစ္တဲ့ေရာဂါေတြနဲ႔ယင္ေၾကာင့္ျဖစ္တဲ့ေရာဂါေတြက မဖိတ္ေခၚဘဲကို မိုးရာသီနဲ႔အတူ လိုက္ပါလာတတ္ပါတယ္။ မိုးရာသီကေပာ္်ရႊင္စရာေတြ စိတ္ၾကည္ႏူးစရာေတြနဲ႔ျပည့္စုံေနတဲ့ရာသီပါ။ ဒီလိုမ်ိဳးေပ်ာ္ရႊင္ၾကည္ႏူးစရာေကာင္းတဲ့ ရာသီမွာ ကိုယ္တိုင္ေရာ မိသားစုမွာပါေရာဂါကင္းၿပီးေပ်ာ္ရႊင္ခ်င္တယ္ဆိုရင္ ဒီေဆာင္းပါးေလးကိုဖတ္ၾကည့္ပါ။

ေသြးလြန္တုပ္ေကြး (Dengue Fever) ဆိုတာ
ေသြးလြန္တုပ္ေကြးေရာဂါ ဆိုတာကျခင္ကေနတဆင့္ ကူးစက္ခံရတဲ့ေရာဂါတစ္မ်ိဳးပါ။ ကမၻာေပၚမွာရွိတဲ့ အပူပိုင္းဇုန္နဲ႔သမပိုင္းဇုန္ေဒသေတြမွာေရာဂါအျဖစ္မ်ားပါတယ္။ေသြးလြန္တုပ္ေကြးေရာဂါဆိုတဲ့ေနရာမွာလည္း” Break-Bone” Fever လို႔ေခၚတဲ့ အေပ်ာ့စားေသြးလြန္တုပ္ေကြးေရာဂါ နဲ႔ Dengue Hemorrhagic Fever လို႔ေခၚတဲ့ အျပင္းစားေသြးလြန္တုပ္ေကြးေရာဂါဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။

-“ Break-Bone” Fever (အေပ်ာ့စားေသြးလြန္တုပ္ေကြးေရာဂါ) ခံစားရတဲ့အခါ

ဒီေဝဒနာခံစားရတဲ့အခါ

အဖ်ားတက္တာ
အေရျပားမွာ အနီေရာင္ အဖုအပိမ့္ေတြထြက္တာ
ႂကြက္သားနဲ႔အဆစ္ေတြနာက်င္ကိုက္ခဲမႈေတြ ကိုခံစားရနိုင္ပါတယ္။
– Dengue Hemorrhagic Fever (အျပင္းစားေသြးလြန္တုပ္ေကြးေရာဂါ) ခံစားရတဲ့အခါ

ဒီေဝဒနာခံစားရတဲ့အခါ

ေသြးထြက္လြန္မယ္
အဖ်ားတက္မယ္
ေသြးေပါင္ခ်ိန္က်တာလိုမ်ိဳးေဝဒနာေတြခံစားရနိုင္ပါတယ္။ အဆိုးဆုံးအေနနဲ႔ကေတာ့ အသက္ေသဆုံးသည္အထိျဖစ္နိုင္ပါတယ္။
ေသြးလြန္တုပ္ေကြးျဖစ္တဲ့အခါ အခုလိုလကၡဏာေတြခံစားရနိုင္ပါတယ္
ေသြးလြန္တုပ္ေကြးခံစားေနရသူအမ်ားစု အထူးသျဖင့္ေတာ့ ကေလးငယ္ေတြ နဲ႔ ဆယ္ေက်ာ္သက္ေတြမွာေရာဂါသိပ္မျပင္းထန္ဘူးဆိုရင္ေရာဂါလကၡဏာေတြက သိသိသာသာမေတြ႕ရတတ္ပါဘူး။ျခင္ကိုက္ခံရၿပီး ၿပီးခ်င္းမွာလည္းေရာဂါလကၡဏာေတြမျပတတ္ပါဘူး။ေရာဂါပိုးသယ္ေဆာင္ထားတဲ့ျခင္ကိုက္ခံရၿပီး ၄ ရက္ကေန ၇ ရက္အတြင္းမွာမွေရာဂါလကၡဏာစၿပီးျပတတ္တာျဖစ္ပါတယ္။

ေသြးလြန္တုပ္ေကြးေရာဂါျဖစ္တဲ့အခါ –

ေခါင္းကိုက္မယ္
ႂကြက္သားေတြ၊ အရိုးအဆစ္ေတြ နာက်င္ကိုက္ခဲမယ္
မအီမသာျဖစ္မယ္
ေအာ့အန္မယ္
မ်က္လုံးအေနာက္ဘက္က နာက်င္မယ္
ဂလင္းေတြ ေရာင္ရမ္းမယ္
အေရျပားမွာ အနီေရာင္အဖုအပိမ့္ေတြထြက္မယ္
အရမ္းျပင္းထန္လာမယ္ဆိုရင္ေတာ့ –

ဗိုက္ထဲကနာက်င္မယ္
အဆက္မျပတ္ေအာ့အန္ေနမယ္
သြားဖုံးနဲ႔ႏွာေခါင္းကေသြးထြက္မယ္
ဆီးသြားရင္ေသြးပါမယ္၊ ဝမ္းသြားရင္ေသြးပါမယ္၊ အန္တဲ့အခါေသြးစေတြပါလာမယ္
အေရျပားေအာက္မွာေသြးယိုစိမ့္မႈျဖစ္ၿပီး အညိဳအမဲစြဲသလို အကြက္ေတြျဖစ္မယ္
အသက္ရႈရခက္မယ္
အသက္ရႈတာအရမ္းျမန္ေနမယ္
ခႏၶါကိုယ္ကေအးစက္ေနမယ္
ေျခကုန္လက္ပန္းက်မယ္
အိပ္မေပ်ာ္ဘဲ စိတ္မတည္ၿငိမ္တာမ်ိဳးျဖစ္ေနမယ္။ ဒီလိုအေျခအေနမ်ိဳးျဖစ္ေနၿပီဆိုရင္ေတာ့ နီးစပ္ရာေဆး႐ုံေဆးခန္းကို အျမန္ဆုံးသြားျပဖို႔လိုအပ္ပါတယ္။ အေရးေပၚ အေျခအေနျဖစ္တာေၾကာင့္ အခန႔္မသင့္ရင္ အသက္အႏၲရာယ္ထိခိုက္နိုင္ပါတယ္။

ေသြးလြန္တုပ္ေကြးကို ဒီလိုကာကြယ္လို႔ရပါတယ္
ေသြးလြန္တုပ္ေကြးကို ကာကြယ္နိုင္တဲ့ ကာကြယ္ေဆးရယ္လို႔မရွိေသးပါဘူး။ေရာဂါကိုကာကြယ္နိုင္မယ့္ အေကာင္းဆုံးေသာနည္းလမ္းကျခင္ကိုက္မခံရေအာင္ဂ႐ုစိုက္တာနဲ႔ေရာဂါပိုးရွိတဲ့ေနရာေတြကိုေရွာင္ၾကဥ္တာပါ။ျခင္ကိုက္မခံရေအာင္ကာကြယ္မႈက အထိေရာက္ဆုံးေသာေရာဂါကာကြယ္နည္းပါ။

ျဖစ္နိုင္ရင္ လူထူထပ္တဲေ့နရာေတြကိုေရွာင္ရွားပါ – လူထူထပ္တဲ့ေနရာေတြကေရာဂါပိုးအလြယ္တကူ ကူးစက္ျပန႔္ႏွံ့နိုင္တာေၾကာင့္ လူထူထပ္တဲ့ေနရာေတြကိုေရွာင္ၾကဥ္တာကလည္းေရာဂါကာကြယ္တဲ့နည္းလမ္းတစ္ခုပါ။

အိပ္စက္ခ်ိန္မွာျခင္ေထာင္ျဖင့္အိပ္စက္ပါ –ေန႔ဘက္မွာျဖစ္ျဖစ္ ညဘက္မွာျဖစ္ျဖစ္ အိပ္စက္တဲ့အခါတိုင္းျခင္ေထာင္ေထာင္အိပ္တတ္တဲ့ အက်င့္ကိုေမြးျမဴပါ။ ဒီအက်င့္ကေသြးလြန္တုပ္ေကြးတင္မဟုတ္ဘဲျခင္ေၾကာင့္ျဖစ္တဲ့ေရာဂါတိုင္းကို ကာကြယ္ၿပီးသားျဖစ္ပါတယ္။

ေနအိမ္တြင္းကို ျခင္မဝင္နိုင္ေအာင္လုပ္ေဆာင္ပါ – ေနဝင္ခ်ိန္နဲ႔ညဘက္ေတြမွာေလေအးေပးစနစ္ဖြင့္ထားၿပီး ျခင္မဝင္နိုင္ေအာင္ ေသခ်ာစီမံထားတဲ့ ေနရာမွာေနပါ။ေနအိမ္မွာျခင္လုံဇကာတပ္ဆင္ၿပီးျခင္မဝင္ေရာက္နိုင္ေအာင္ ဂ႐ုစိုက္လုပ္ေဆာင္တာမ်ိဳးေတြလုပ္ေဆာင္ၿပီး ေနအိမ္ကို ျခင္ကင္းစင္ဇုန္အျဖစ္ဖန္တီးပါ။

လုံျခဳံစြာဝတ္ဆင္ပါ –ျခင္ကိုက္ခံရတာမ်ိဳးမျဖစ္ေစဖို႔အတြက္ ညေနဘက္နဲ႔ညဘက္အခ်ိန္ေတြမွာ အကၤ်ီလက္ရွည္၊ေဘာင္းဘီရွည္ေတြဝတ္ဆင္ၿပီးျခင္ကိုက္မခံရေအာင္ကာကြယ္ေပးပါ။

ျခင္နိုင္ေဆးသုံးပါ –ဒါကေတာ့ အသုံးအမ်ားဆုံးေသာျခင္ကာကြယ္နည္းလမ္းတစ္ခုပါ။ ျခင္ကိုကာကြယ္ဖို႔အတြက္ ေနအိမ္တြင္းမွာျခင္ေဆးထြန္းလို႔ရသလိုျခင္ေဆးျဖန္းေဆးကို အသုံးျပဳလို႔လည္းရပါတယ္။

ေနအိမ္ဝန္းက်င္ကို သန႔္ရွင္းေအာင္ထားပါ –ေနအိမ္ပတ္ဝန္းက်င္မွာ အမွိုက္ေတြသန႔္ရွင္းေနေအာင္ထားေပးပါ။ျခင္ခိုေအာင္းနိုင္တဲ့ေနရာေတြကိုရွင္းလင္းပါ။ ေသြးလြန္တုပ္ေကြးေရာဂါပိုးသယ္ေဆာင္ထားတဲ့ ျခင္ေတြက အိမ္အတြင္းပိုင္းနဲ႔ အိမ္အနီးတဝိုက္ကေနရာေတြမွာေနထိုင္ၿပီး ကားတာယာအေဟာင္းလိုမ်ိဳး မိုးေရေတြဝပ္ေနနိုင္တဲ့ေနရာေတြထဲမွာ ေပါက္ဖြားနိုင္တာေၾကာင့္ေနအိမ္ပတ္ဝန္းက်င္ကျခင္ခိုေအာင္းနိုင္တဲ့ေနရာေတြကို ရွင္းလင္းထားပါ။

ျခင္မကိုက္တဲ့လူးေဆးလူးေပးပါ –ေသြးလြန္တုပ္ေကြးအပါအဝင္ျခင္ေၾကာင့္ျဖစ္တဲ့ေရာဂါေတြကို မျဖစ္ေအာင္ကာကြယ္ဖို႔ဆိုရင္ အရင္ဆုံးလုပ္ရမွာကျခင္မကိုက္ေအာင္ဂ႐ုစိုက္ဖို႔ပါ။ ကိုယ္တိုင္မွာေရာ မိမိခ်စ္ရသူေတြမွာပါ မေတာ္တဆျခင္ကိုက္ခံရတာမ်ိဳး မျဖစ္ေစဖို႔အတြက္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ အေရျပားမွာျခင္မကိုက္ေအာင္လူးတဲ့ေဆးေလးလူးေပးပါ။

တစ္ကိုယ္ရည္သန႔္ရွင္းေရးဂ႐ုစိုက္ပါ –ခႏၶါကိုယ္မွာေခၽြးနံ့ကင္းစင္ေနမယ္ဆိုရင္ျခင္ကိုက္ခံရတာသက္သာပါတယ္။ ဒါေၾကာင့္ျခင္ကိုက္ခံရတာနဲ႔ေရာဂါဘယေတြေဘးကေန ကင္းေဝးေစဖို႔ဆိုရင္ တစ္ကိုယ္ရည္သန႔္ရွင္းမႈကို ဂ႐ုစိုက္ဖို႔လိုပါမယ္။

ေသြးလြန္တုပ္ေကြးအပါအဝင္ျခင္ေၾကာင့္ျဖစ္တဲ့ေရာဂါေတြကင္းေဝးၿပီး သာယာၾကည္ႏူးစရာေကာင္းတဲ့ မိုးရာသီကို ပိုင္ဆိုင္နိုင္ၾကပါေစ။

Hello Health Group သည္ေဆးပညာအႀကံျပဳခ်က္မ်ား၊ ေရာဂါရွာေဖြအတည္ျပဳခ်က္မ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

မူလေရးသားတင္ဆက္သည့္စာမ်က္ႏွာ - Hello ဆရာ၀န္​ 

No comments: