Wednesday, June 24, 2020

"ပရော်ဖက်ရှင်နယ် ပီသတဲ့ အပြုအမူတွေ"

"ပရော်ဖက်ရှင်နယ် ပီသတဲ့ အပြုအမူတွေ"


ကိုယ် ဘယ်လိုလူလဲ ဆိုတာကို ပြသနေတဲ့ အချက်တွေထဲမှာ ကိုယ့်ရဲ့ အပြုအမူတွေလည်း ပါဝင်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး တစ်ပါးသူတွေရဲ့ အထင်ကြီး လေးစားမှုတွေ၊ ယုံကြည်မှုတွေ ရလာကြတယ်။ ဒီအတွက် လုပ်ငန်းခွင်မှာ ကိုယ့်ကို ပရော်ဖက်ရှင်နယ် ပီသကြောင်း ထင်ဟပ်စေတဲ့ အပြုအမူတွေကို ရေးပြချင်ပါတယ်။

၁။ မိတ်ဆက်ပေးခံရတဲ့အခါ မတ်တပ်ထ နှုတ်ဆက်ပါ။ (Stand up when being introduced)

ပွဲတွေ၊ အခမ်းအနားတွေ သွားတဲ့အခါ တစ်ယောက်ယောက်က ကိုယ့်ကို မိတ်ဆက်ပေးတယ်ဆို ထိုင်မနေပါနဲ့။ မတ်တပ်ထ နှုတ်ဆက်ပေးပါ။

၂။ ကိုယ့်ဘက်က စနှုတ်ဆက်တတ်ပါစေ။ နှုတ်ဆက်နည်းလည်း မှန်ပါစေ။ (Greetings)

သူက ခေါ်မှ ကိုယ်ပြန်နှုတ်ဆက်တာမျိုးထက်စာရင် ကိုယ့်ဘက်က စနှုတ်ဆက်တတ်တဲ့ အလေ့အထက ကိုယ့်ကို လူချစ်လူခင် များစေမှာပါ။ နှုတ်ဆက်တဲ့အခါမှာလည်း ဝလာတယ်နော်၊ ပိန်သွားတယ်နော်၊ အသားတွေ မဲသွားတယ်နော်၊ ဝက်ခြံတွေ များနေတယ်၊ စတဲ့ တစ်ဖက်သားကို စိတ်ကသိကအောက် ဖြစ်စေတဲ့၊ တချို့လူတွေအတွက် စိတ်ဆိုးစရာ ဖြစ်သွားနိုင်တဲ့ နှုတ်ဆက်မှုမျိုးတွေ မလုပ်မိဖို့ သတိထားပါ။

၃။ ရွှေစည်းကမ်းကို လိုက်နာပါ။

တခြားတော့ မဟုတ်ပါဘူး။ ပြုံးရွှင်ဖော်ရွေစွာ နေတတ်ခြင်း ဖြစ်ပါတယ်။ (Golden rule = Be Friendly) တချို့လည်း ပင်ကိုယ်အရ မျက်နှာထား တည်တာတွေ ရှိပါတယ်။ အဲ့လိုတည်တိုင်းလည်း ပရို မပီသဘူးတော့ မဟုတ်ပါဘူး။ အမြဲတမ်းချည်း ပြုံးပျော်နေရမယ်လည်း မဟုတ်ပြန်ဘူး။ ကြည်လင်ရွှင်ပျနေတဲ့ မျက်နှာထား၊ သွက်လက်တဲ့  ပုံစံ၊ ချဉ်းကပ်လွယ်တဲ့ အမူအရာမျိုး ဖြစ်နေမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။


၄။ သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်ပါ။ (Dress appropriately)

အလုပ်သဘာဝချင်း မတူလို့ တချို့လုပ်ငန်းခွင်မှာ ခွင့်ပြုထားတဲ့ ဝတ်စားဆင်ယင်မှုမျိုးနဲ့ တချို့မှာ ဝတ်သင့်တဲ့ ပုံစံမျိုး မတူပါဘူး။ တီရှပ်၊ စပို့ရှပ်တွေ ဝတ်ရင် အဆင်မပြေတဲ့ လုပ်ငန်းခွင် ရှိတယ်။ အကျီအပြင်ထုတ်ထားရင် အဆင်မပြေတဲ့ လုပ်ငန်းခွင် ရှိတယ်။ လှပနေဖို့၊ အကောင်းစားတွေ ဝတ်ထားဖို့ထက် သပ်ရပ်ကျော့ရှင်းနေဖို့၊ အမြင်တင့်တယ်ဖို့၊ သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်တတ်ဖို့က ပိုအရေးကြီးပါတယ်။

၅။ အချိန်တိကျပါစေ။ (Be punctual)

ဒါကလည်း ပရိုပီသချင်သူတွေအတွက် အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။ မမျှော်လင့်တဲ့ အကြောင်းတစ်ခုခုကြောင့် နောက်ကျတာ ပြဿနာ မရှိပေမဲ့ အမြဲတမ်းနီးပါး နောက်ကျနေတာ၊ ပထမဆုံး တွေ့တဲ့ ချိန်းဆိုမှုမှာ နောက်ကျတာတွေကတော့ အဆင်မပြေပါဘူး။ တကယ်ဆို ချိန်းထားတဲ့အချိန်ထက် အနည်းဆုံး ၁၅ မိနစ် စောပြီး ရောက်နေသင့်တာပါ။

၆။ စကားပြောဆိုတဲ့အခါ (Conversation etiquette)

Eye contact ရှိပါစေ။ သေချာနားထောင်ပါ။ အာရုံစိုက်ပါ။ ဖုန်းကို ငုံ့ကြည့်နေရင်း၊ သုံးနေရင်း နားထောင်နေတာမျိုး၊ စကားပြန်ပြောတာမျိုး မလုပ်ပါနဲ့။ မတော်တဆ အရေးကြီးကိစ္စ ရှိလာရင် ခွင့်အရင်တောင်းပြီးမှ ဖုန်းသုံးပါ။

 ၇။ အတင်း မပြောပါနဲ့။ (Don’t gossip)

လူတစ်ယောက်ရဲ့ မကောင်းကြောင်းကို သူ့နောက်ကွယ်မှာ ပြောလိုက်ခြင်းက အပြောခံရသူ ပြန်မသိခင်၊ သူ မနစ်နာခင် ကိုယ်က အရင်ဆုံး တစ်ခု ဆုံးရှုံးလိုက်ရပါပြီ။ ပြောပြောချင်းမှာကို ဆုံးရှုံးသွားတာပါ။ အဲဒါကတော့ နားထောင်သူရဲ့ ကိုယ့်အပေါ် ထားတဲ့ အထင်ကြီး လေးစားမှု၊ ယုံကြည်မှု ဖြစ်ပါတယ်။

ဒါတွေကတော့ ပရော်ဖက်ရှင်နယ် မဆန်တဲ့ အပြုအမူတွေထဲက တချို့ ဖြစ်ပါတယ်။ တခြား တခြားသော အပြုအမူတွေလည်း ရှိပါဦးမယ်။ ဒါတွေကို မလုပ်မိအောင် ရှောင်နိုင်လေလေ၊ ကိုယ့်အပေါ် တစ်ပါးသူရဲ့ အထင်အမြင်တွေကလည်း ပိုကောင်းလာလေလေ ဖြစ်ပြီးတော့ ပိုလည်း အောင်မြင်မှု ရလာမှာ ဖြစ်ပါတယ်။

Brand You Academy
22.6.2020

(Zawgyi)


"ပေရာ္ဖက္ရွင္နယ္ ပီသတဲ့ အျပဳအမူေတြ"



ကိုယ္ ဘယ္လိုလူလဲ ဆိုတာကို ျပသေနတဲ့ အခ်က္ေတြထဲမွာ ကိုယ့္ရဲ့ အျပဳအမူေတြလည္း ပါဝင္ပါတယ္။ ဒီအေပၚမွာ မူတည္ၿပီး တစ္ပါးသူေတြရဲ့ အထင္ႀကီး ေလးစားမွုေတြ၊ ယုံၾကည္မွုေတြ ရလာၾကတယ္။ ဒီအတြက္ လုပ္ငန္းခြင္မွာ ကိုယ့္ကို ပေရာ္ဖက္ရွင္နယ္ ပီသေၾကာင္း ထင္ဟပ္ေစတဲ့ အျပဳအမူေတြကို ေရးျပခ်င္ပါတယ္။

၁။ မိတ္ဆက္ေပးခံရတဲ့အခါ မတ္တပ္ထ ႏွုတ္ဆက္ပါ။ (Stand up when being introduced)

ပြဲေတြ၊ အခမ္းအနားေတြ သြားတဲ့အခါ တစ္ေယာက္ေယာက္က ကိုယ့္ကို မိတ္ဆက္ေပးတယ္ဆို ထိုင္မေနပါနဲ႔။ မတ္တပ္ထ ႏွုတ္ဆက္ေပးပါ။

၂။ ကိုယ့္ဘက္က စႏွုတ္ဆက္တတ္ပါေစ။ ႏွုတ္ဆက္နည္းလည္း မွန္ပါေစ။ (Greetings)

သူက ေခၚမွ ကိုယ္ျပန္ႏွုတ္ဆက္တာမ်ိဳးထက္စာရင္ ကိုယ့္ဘက္က စႏွုတ္ဆက္တတ္တဲ့ အေလ့အထက ကိုယ့္ကို လူခ်စ္လူခင္ မ်ားေစမွာပါ။ ႏွုတ္ဆက္တဲ့အခါမွာလည္း ဝလာတယ္ေနာ္၊ ပိန္သြားတယ္ေနာ္၊ အသားေတြ မဲသြားတယ္ေနာ္၊ ဝက္ၿခံေတြ မ်ားေနတယ္၊ စတဲ့ တစ္ဖက္သားကို စိတ္ကသိကေအာက္ ျဖစ္ေစတဲ့၊ တခ်ိဳ့လူေတြအတြက္ စိတ္ဆိုးစရာ ျဖစ္သြားနိုင္တဲ့ ႏွုတ္ဆက္မွုမ်ိဳးေတြ မလုပ္မိဖို့ သတိထားပါ။

၃။ ေရႊစည္းကမ္းကို လိုက္နာပါ။

တျခားေတာ့ မဟုတ္ပါဘူး။ ျပဳံးရႊင္ေဖာ္ေရြစြာ ေနတတ္ျခင္း ျဖစ္ပါတယ္။ (Golden rule = Be Friendly) တခ်ိဳ့လည္း ပင္ကိုယ္အရ မ်က္ႏွာထား တည္တာေတြ ရွိပါတယ္။ အဲ့လိုတည္တိုင္းလည္း ပရို မပီသဘူးေတာ့ မဟုတ္ပါဘူး။ အျမဲတမ္းခ်ည္း ျပဳံးေပ်ာ္ေနရမယ္လည္း မဟုတ္ျပန္ဘူး။ ၾကည္လင္ရႊင္ပ်ေနတဲ့ မ်က္ႏွာထား၊ သြက္လက္တဲ့  ပုံစံ၊ ခ်ဥ္းကပ္လြယ္တဲ့ အမူအရာမ်ိဳး ျဖစ္ေနမယ္ဆိုရင္ေတာ့ အေကာင္းဆုံးပါပဲ။

၄။ သင့္တင့္ေလ်ာက္ပတ္စြာ ဝတ္စားဆင္ယင္ပါ။ (Dress appropriately)

အလုပ္သဘာဝခ်င္း မတူလို့ တခ်ိဳ့လုပ္ငန္းခြင္မွာ ခြင့္ျပဳထားတဲ့ ဝတ္စားဆင္ယင္မွုမ်ိဳးနဲ႔ တခ်ိဳ့မွာ ဝတ္သင့္တဲ့ ပုံစံမ်ိဳး မတူပါဘူး။ တီရွပ္၊ စပို့ရွပ္ေတြ ဝတ္ရင္ အဆင္မေျပတဲ့ လုပ္ငန္းခြင္ ရွိတယ္။ အက်ီအျပင္ထုတ္ထားရင္ အဆင္မေျပတဲ့ လုပ္ငန္းခြင္ ရွိတယ္။ လွပေနဖို့၊ အေကာင္းစားေတြ ဝတ္ထားဖို့ထက္ သပ္ရပ္ေက်ာ့ရွင္းေနဖို့၊ အျမင္တင့္တယ္ဖို့၊ သင့္တင့္ေလ်ာက္ပတ္စြာ ဝတ္စားဆင္ယင္တတ္ဖို့က ပိုအေရးႀကီးပါတယ္။

၅။ အခ်ိန္တိက်ပါေစ။ (Be punctual)

ဒါကလည္း ပရိုပီသခ်င္သူေတြအတြက္ အေရးႀကီးတဲ့ အခ်က္တစ္ခ်က္ပါပဲ။ မေမၽွာ္လင့္တဲ့ အေၾကာင္းတစ္ခုခုေၾကာင့္ ေနာက္က်တာ ျပႆနာ မရွိေပမဲ့ အျမဲတမ္းနီးပါး ေနာက္က်ေနတာ၊ ပထမဆုံး ေတြ႕တဲ့ ခ်ိန္းဆိုမွုမွာ ေနာက္က်တာေတြကေတာ့ အဆင္မေျပပါဘူး။ တကယ္ဆို ခ်ိန္းထားတဲ့အခ်ိန္ထက္ အနည္းဆုံး ၁၅ မိနစ္ ေစာၿပီး ေရာက္ေနသင့္တာပါ။

၆။ စကားေျပာဆိုတဲ့အခါ (Conversation etiquette)

Eye contact ရွိပါေစ။ ေသခ်ာနားေထာင္ပါ။ အာ႐ုံစိုက္ပါ။ ဖုန္းကို ငုံ႔ၾကည့္ေနရင္း၊ သုံးေနရင္း နားေထာင္ေနတာမ်ိဳး၊ စကားျပန္ေျပာတာမ်ိဳး မလုပ္ပါနဲ႔။ မေတာ္တဆ အေရးႀကီးကိစၥ ရွိလာရင္ ခြင့္အရင္ေတာင္းၿပီးမွ ဖုန္းသုံးပါ။

 ၇။ အတင္း မေျပာပါနဲ႔။ (Don’t gossip)

လူတစ္ေယာက္ရဲ့ မေကာင္းေၾကာင္းကို သူ႔ေနာက္ကြယ္မွာ ေျပာလိုက္ျခင္းက အေျပာခံရသူ ျပန္မသိခင္၊ သူ မနစ္နာခင္ ကိုယ္က အရင္ဆုံး တစ္ခု ဆုံးရွုံးလိုက္ရပါၿပီ။ ေျပာေျပာခ်င္းမွာကို ဆုံးရွုံးသြားတာပါ။ အဲဒါကေတာ့ နားေထာင္သူရဲ့ ကိုယ့္အေပၚ ထားတဲ့ အထင္ႀကီး ေလးစားမွု၊ ယုံၾကည္မွု ျဖစ္ပါတယ္။

ဒါေတြကေတာ့ ပေရာ္ဖက္ရွင္နယ္ မဆန္တဲ့ အျပဳအမူေတြထဲက တခ်ိဳ့ ျဖစ္ပါတယ္။ တျခား တျခားေသာ အျပဳအမူေတြလည္း ရွိပါဦးမယ္။ ဒါေတြကို မလုပ္မိေအာင္ ေရွာင္နိုင္ေလေလ၊ ကိုယ့္အေပၚ တစ္ပါးသူရဲ့ အထင္အျမင္ေတြကလည္း ပိုေကာင္းလာေလေလ ျဖစ္ၿပီးေတာ့ ပိုလည္း ေအာင္ျမင္မွု ရလာမွာ ျဖစ္ပါတယ္။

Brand You Academy
22.6.2020

No comments: