ချဥ်းကပ်လွယ်သူ ဖြစ်ဖို့ (Be approachable)
ကုမ္ပဏီတစ်ခုကနေ ကျွန်တော့်ကို အွန်လိုင်းဟောပြောပွဲလေး လုပ်ဖို့ ကမ်းလှမ်းပါတယ်။ အဖိတ်ခံရသူတွေပဲ တက်ရမဲ့ပွဲမို့ ကျွန်တော့်အနေနဲ့ အွန်လိုင်းမှာ ကြေညာပေးစရာ မလိုပါဘူး။ အဲ့လိုနဲ့ လုပ်မဲ့ရက် မတိုင်ခင် ညမှာတော့ စီစဉ်တဲ့ အစ်မက အရေးတကြီး ဖုန်းဆက်လာတယ်။
ဆရာ၊ မနက်ဖြန်မနက်ကျ စိတ်ဝင်စားသူ ဘယ်သူမဆို တက်လို့ရကြောင်း ပို့စ်လေး တင်ပေးပါလားတဲ့။ အစ်မ ဘာဖြစ်လို့လဲ ဆိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းဆီ အကြောင်းကြားတဲ့ နေရာမှာ အခက်အခဲ ဖြစ်သွားလို့၊ လူနည်းမှာ စိုးလို့ပါတဲ့။ အဲဒါနဲ့ အစ်မတို့က ဒီအဖွဲ့အစည်းက လူတွေကိုပဲ ရည်ရွယ်တာဆို သူတို့အတွက်ပဲ လုပ်ပေးလေ၊ တကယ်လို့ အဆင်မပြေရင် ရက်ရွှေ့လိုက်လည်း ရတာပဲ ဆိုတော့ ဆရာ့ကို ပြောရမှာ အားနာလို့တဲ့။ သြော် အစ်မရယ်၊ ကျွန်တော်လည်း ဘာမှ ပင်ပန်းတာမှ မဟုတ်တာကို၊ အစ်မတို့ သေချာစာပြန်တင်ပြီးသာ လုပ်လိုက်နော် ဆိုတော့ သူ့မှာ ကျေးဇူးတွေ တင်လို့။
တကယ်လည်း ဟုတ်တယ်။ ကျွန်တော့်အတွက်က စင်ပေါ်မှာ တခမ်းတနားတွေ ဝတ်ပြီး ပြောရတာလည်း မဟုတ်။ အိမ်ကနေပဲ ပြောရတာ။ ပြီးတော့ ညဘက်။ သူတို့ပွဲကို လက်ခံထားလို့ တခြားပွဲတစ်ခုခု ငြင်းထားခဲ့ရတာလည်း မဟုတ်။ ဒီရက်ကလေး ရွှေ့လိုက်ရတာ ကျွန်တော့်အတွက် ဘာမှ အပန်းမကြီးတဲ့ကိစ္စ။ အဲဒါကိုမှ ကျွန်တော်က မာနတစ်ခွဲသားနဲ့ မရဘူး၊ ဒီရက်ဆို ဒီရက်ပဲလို့ လုပ်လိုက်ရင် သူ့မှာ ဘယ်လောက် အဆင်မပြေ ဖြစ်သွားမလဲ။
ကိုယ်တိုင်လည်း အဲ့လိုပွဲတွေ စီစဉ်ဖူးတဲ့အခါမှာ ကောင်းကောင်း ကိုယ်ချင်းစာတယ်။ တချို့ကိုဆို ဖုန်းဆက်ရဖို့တောင် တွန့်ဆုတ်နေမိတဲ့အထိ။ အခေါ်အဝေါ်များ လွဲသွားမလား၊ အလုပ်များနေတဲ့အချိန် ဖုန်းဆက်ရကောင်းလား ဆိုပြီးများ ဖြစ်သွားမလား စသဖြင့် သေးသေးကလေးတွေကအစ စိတ်ပူနေရတယ်။ သူတို့နဲ့ ပတ်သက်ရတာ ဘယ်တော့ ပေါက်ကွဲမယ် မသိတဲ့ မိုင်းဗုံးတစ်လုံးကို ရွက်ထားရသလိုပဲ။
အဲ့လိုလူတွေနဲ့ တွဲအလုပ်လုပ်ရရင် ကိုယ့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေ ကျကုန်တယ်။ ဘာကိုမှ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် မလုပ်ရဲတော့ဘူး။ Initiative မဖြစ်တော့ဘူး။ တခုခုဆို မှားသွားမှာ သိပ်ကြောက်တာကိုး။ လူက ပရိုဂရမ် သွင်းထားတဲ့ စက်ရုပ်လို ဖြစ်လာတယ်။ အဲဒါမျိုးက လုပ်ဖော်ကိုင်ဖက်တွေထဲမှာလည်း ရှိတတ်သလို၊ မိသားစုမှာလည်း ရှိနိုင်တယ်။ သူငယ်ချင်းလည်း ဖြစ်နိုင်သလို၊ ကိုယ့်ရည်းစား၊ ကိုယ့်အိမ်ထောင်ဖက်လည်း ဖြစ်နိုင်တယ်။
ပြောင်းပြန်အနေနဲ့ သိပ်သဘောကောင်းတဲ့သူ၊ နားလည်မှု ပေးတဲ့သူ၊ အပြစ်တင်ဖို့ထက် ဘယ်လိုကောင်းအောင် လုပ်ပေးရမလဲ ဆိုတဲ့ဘက်ကနေ ကြည့်တတ်တဲ့သူတွေနဲ့ တွဲလုပ်ရပြန်တော့လည်း ကိုယ့်မှာ ပျော်နေရော။ အဲ့လိုလူတွေနဲ့ တွေ့ရတိုင်း ငါလည်း သူတို့လို ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့စိတ် အမြဲဝင်တယ်။ ဒါမှ သူတို့နဲ့ ကိုယ်တွဲလုပ်တုန်းက ပျော်ရသလို၊ ကိုယ်နဲ့ အလုပ်တွဲလုပ်ရသူတိုင်းမှာလည်း စိတ်ချမ်းသာရမှာ ဆိုပြီးတော့ပေါ့။
တစ်ဖက်ကလည်း သဘောကောင်းတယ်ဆိုပြီး အလေးမထားတာမျိုး ဖြစ်တတ်ပါတယ်။ သူများ ကိုယ့်ကို အလေးထားတာ၊ မထားတာ နောက်။ ကိုယ်တိုင်ကတော့ အဲ့လိုလူတွေကို ပိုပြီး အလေးထားကြောင်း ပြသလေ့ရှိတယ်။ ကျေးဇူးတင်လို့။ အသိအမှတ်ပြုလို့။ ကြောက်လို့ လုပ်ယူထားတဲ့ လေးစားမှု မဟုတ်ဘဲ တကယ် ရင်ထဲက လာတဲ့ လေးစားမှု ဖြစ်တော့ ပိုပြီးလည်း အသက်ဝင်ပါတယ်။
ပြောရရင် Approachable ဖြစ်ဖို့ပေါ့။ မြန်မာလိုဆိုရင် ချဉ်းကပ်လွယ်သူလို့ ဆိုနိုင်ပါတယ်။
ကိုယ် ငယ်ငယ်က စာမေးပွဲ အမှတ်နည်းတာ၊ ရန်ဖြစ်လာတာ၊ မိဘခေါ်ခံရတာ စသဖြင့် တခုခု အမှားလုပ်မိတဲ့အခါ အဖေနဲ့ အမေမှာ ဘယ်သူ့ကို အရင်ပြောရဲသလဲ။
ကိုယ့်ရောဂါအကြောင်း ဆရာဝန်ကြီးကို မမေးရဲလို့ ရပ်ကွက်ထဲက အထွေထွေရောဂါကု ဆရာဝန်ကလေးကို ဆေးစစ်ချက်တစ်ထပ်ကြီးနဲ့ အားကိုးတကြီး သွားမေးတာ ဘာကြောင့်လဲ။
ကိုယ်မသိတဲ့ ရုံးဌာနတစ်ခုကို သွားတဲ့အခါ သဘောကောင်းပုံရတဲ့ သူတွေကိုပဲ မေးတာမို့လား။ အဲ့လိုလေး ကိုယ်မသိတာကို တလေးတစား ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်ဖြေပေးလိုက်ရင် ဘယ်လိုခံစားခဲ့ရလဲ ပြန်စဉ်းစားကြည့်။
ဒါဆို Approachable ဖြစ်ခြင်းကို သေချာသဘောပေါက်သွားလိမ့်မယ်။
ကိုယ်နဲ့ တွဲဖက်အလုပ်လုပ်သူတွေရဲ့ စိတ်ထဲမှာ ဒီလူက တော်တယ်၊ ဒီလူက အချိန်တိကျတယ်၊ ဒီလူက ပရိုဆန်တယ် စသဖြင့် ပုံရိပ်တွေ ရှိကြပါတယ်။ အဲဒီထဲမှာ ကျွန်တော် သဘောအကျမိဆုံး၊ ကိုယ်လည်း အဖြစ်ချင်ဆုံး ပုံရိပ်ကတော့ ဒီလူက ချဉ်းကပ်လွယ်တယ် ဆိုတာပဲ။ တခုခုဆို ပွင့်ပွင့်လင်းလင်း မေးရဲတယ်။ သူတို့အခက်အခဲကို လာပြောရဲတယ်။ အပြစ်တင်မှာ မဟုတ်ဘူး၊ ကြောက်နေစရာ မလိုဘူးဆိုတဲ့ ခံစားချက်ကို ကျွန်တော်နဲ့ ပတ်သက်ဆက်စပ်သူတိုင်းဆီမှာ ရနေစေချင်တယ်။ (အထူးသဖြင့် အငယ်တွေမှာ)
စိတ်ကောင်းရှိလွန်းလို့တော့ မဟုတ်ဘူး။ အဲ့လို Approachable ဖြစ်သူတွေနဲ့ အလုပ်လုပ်ဖူးလို့၊ သူတို့ကြောင့် စိတ်လက်ပေါ့ပါးဖူးလို့ ကိုယ်ရခဲ့တဲ့ ခံစားချက်ကို သူတစ်ပါးဆီ လက်ဆင့်ပြန်ကမ်းပေးတဲ့ သဘောပဲ။
ကျွန်တော် တစ်ခါရေးဖူးသလိုပါပဲ။ ပရဟိတလုပ်ဖို့၊ အများအကျိုး ထမ်းရွက်ဖို့တို့ ခဏထား။ ကိုယ့်ပတ်ဝန်းကျင် အဝန်းအဝိုင်းက လူတွေကိုတောင် ဘယ်လောက် စိတ်ချမ်းသာအောင် ထားပြီးပြီလဲ အရင်စဉ်းစားဦး။ ကိုယ့်မိဘ၊ ကိုယ့်အိမ်ထောင်ဖက်၊ ကိုယ့်သားသမီး၊ ကိုယ့်ဝန်ထမ်း၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ကိုယ့်ကြောင့် ပျော်နေလား၊ အဆင်ပြေနေလား။ ကိုယ် ရောက်လာပြီ ဆိုတာနဲ့ကို သူတို့စိတ်မှာ လေးပင်ကုန်သလား။ ကိုယ်ဟာ သူတို့အတွက် အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ မိုင်းဗုံးတစ်လုံးလို ဖြစ်နေလား။ သေချာစဉ်းစားကြည့်ပါ။
ဖြစ်နေတယ်ဆို အထအန ကောက်တာလေးတွေ လျှော့ကြည့်။ တစ်ဖက်သားဘက်ကနေ တွေးပေးတတ်အောင် ကြိုးစားကြည့်။ အပြစ်တင်စကား ပြောဖို့ထက် ပြဿနာ ဖြေရှင်းဖို့ကို ဦးစားပေး စဉ်းစားကြည့်။
မိုင်းတစ်လုံး ကွဲသွားရင် ဘေးက လူတွေ ထိခိုက်တာက နောက်မှ။ အရင်ဆုံး ကိုယ်က ပေါက်ကွဲပစ်လိုက်ရတာ။ အဲ့လိုသာ ကိုယ့်စိတ်ကလေးတွေကို ပြင်မယ်ဆို ကိုယ်လည်း ပျော်ရလိမ့်မယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေ ကိုယ့်ကြောင့် စိတ်ချမ်းသာ ပျော်ရွှင်ရရင် ကိုယ်လည်း တူသော အကျိုးပေးလိမ့်မယ်။
တကယ်ပါ။ တစ်နေ့ တစ်နေ့ ကြုံတွေ့ရသမျှ လူတွေကို ဘယ်လိုလေး အဆင်ပြေအောင် လုပ်ပေးလိုက်ရမလဲ ဆိုတဲ့ စိတ်နဲ့ ရှင်သန်ရတာ သိပ်တန်ဖိုးရှိပါတယ်။ လူဖြစ်ရကျိုးလည်း နပ်ပါတယ်။ တကူးတက လုပ်နေစရာ မလိုတဲ့ ပရဟိတလည်း ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂၅.၆.၂၀၂၀

(Zawgyi)
ခ်ဥ္းကပ္လြယ္သူ ျဖစ္ဖို႔ (Be approachable)
ကုမၸဏီတစ္ခုကေန ကၽြန္ေတာ့္ကို အြန္လိုင္းေဟာေျပာပြဲေလး လုပ္ဖို႔ ကမ္းလွမ္းပါတယ္။ အဖိတ္ခံရသူေတြပဲ တက္ရမဲ့ပြဲမို႔ ကၽြန္ေတာ့္အေနနဲ႔ အြန္လိုင္းမွာ ေၾကညာေပးစရာ မလိုပါဘူး။ အဲ့လိုနဲ႔ လုပ္မဲ့ရက္ မတိုင္ခင္ ညမွာေတာ့ စီစဥ္တဲ့ အစ္မက အေရးတႀကီး ဖုန္းဆက္လာတယ္။
ဆရာ၊ မနက္ျဖန္မနက္က် စိတ္ဝင္စားသူ ဘယ္သူမဆို တက္လို႔ရေၾကာင္း ပို႔စ္ေလး တင္ေပးပါလားတဲ့။ အစ္မ ဘာျဖစ္လို႔လဲ ဆိုေတာ့ သက္ဆိုင္ရာ အဖြဲ႕အစည္းဆီ အေၾကာင္းၾကားတဲ့ ေနရာမွာ အခက္အခဲ ျဖစ္သြားလို႔၊ လူနည္းမွာ စိုးလို႔ပါတဲ့။ အဲဒါနဲ႔ အစ္မတို႔က ဒီအဖြဲ႕အစည္းက လူေတြကိုပဲ ရည္ရြယ္တာဆို သူတို႔အတြက္ပဲ လုပ္ေပးေလ၊ တကယ္လို႔ အဆင္မေျပရင္ ရက္ေရႊ႕လိုက္လည္း ရတာပဲ ဆိုေတာ့ ဆရာ့ကို ေျပာရမွာ အားနာလို႔တဲ့။ ေၾသာ္ အစ္မရယ္၊ ကၽြန္ေတာ္လည္း ဘာမွ ပင္ပန္းတာမွ မဟုတ္တာကို၊ အစ္မတို႔ ေသခ်ာစာျပန္တင္ၿပီးသာ လုပ္လိုက္ေနာ္ ဆိုေတာ့ သူ႔မွာ ေက်းဇူးေတြ တင္လို႔။
တကယ္လည္း ဟုတ္တယ္။ ကၽြန္ေတာ့္အတြက္က စင္ေပၚမွာ တခမ္းတနားေတြ ဝတ္ၿပီး ေျပာရတာလည္း မဟုတ္။ အိမ္ကေနပဲ ေျပာရတာ။ ၿပီးေတာ့ ညဘက္။ သူတို႔ပြဲကို လက္ခံထားလို႔ တျခားပြဲတစ္ခုခု ျငင္းထားခဲ့ရတာလည္း မဟုတ္။ ဒီရက္ကေလး ေရႊ႕လိုက္ရတာ ကၽြန္ေတာ့္အတြက္ ဘာမွ အပန္းမႀကီးတဲ့ကိစၥ။ အဲဒါကိုမွ ကၽြန္ေတာ္က မာနတစ္ခြဲသားနဲ႔ မရဘူး၊ ဒီရက္ဆို ဒီရက္ပဲလို႔ လုပ္လိုက္ရင္ သူ႔မွာ ဘယ္ေလာက္ အဆင္မေၿပ ျဖစ္သြားမလဲ။
ကိုယ္တိုင္လည္း အဲ့လိုပြဲေတြ စီစဥ္ဖူးတဲ့အခါမွာ ေကာင္းေကာင္း ကိုယ္ခ်င္းစာတယ္။ တခ်ိဳ႕ကိုဆို ဖုန္းဆက္ရဖို႔ေတာင္ တြန႔္ဆုတ္ေနမိတဲ့အထိ။ အေခၚအေဝၚမ်ား လြဲသြားမလား၊ အလုပ္မ်ားေနတဲ့အခ်ိန္ ဖုန္းဆက္ရေကာင္းလား ဆိုၿပီးမ်ား ျဖစ္သြားမလား စသျဖင့္ ေသးေသးကေလးေတြကအစ စိတ္ပူေနရတယ္။ သူတို႔နဲ႔ ပတ္သက္ရတာ ဘယ္ေတာ့ ေပါက္ကြဲမယ္ မသိတဲ့ မိုင္းဗုံးတစ္လုံးကို ရြက္ထားရသလိုပဲ။
အဲ့လိုလူေတြနဲ႔ တြဲအလုပ္လုပ္ရရင္ ကိုယ့္ရဲ့ တီထြင္ဖန္တီးနိုင္စြမ္းေတြ က်ကုန္တယ္။ ဘာကိုမွ ကိုယ့္ဆုံးျဖတ္ခ်က္နဲ႔ကိုယ္ မလုပ္ရဲေတာ့ဘူး။ Initiative မျဖစ္ေတာ့ဘူး။ တခုခုဆို မွားသြားမွာ သိပ္ေၾကာက္တာကိုး။ လူက ပရိုဂရမ္ သြင္းထားတဲ့ စက္႐ုပ္လို ျဖစ္လာတယ္။ အဲဒါမ်ိဳးက လုပ္ေဖာ္ကိုင္ဖက္ေတြထဲမွာလည္း ရွိတတ္သလို၊ မိသားစုမွာလည္း ရွိနိုင္တယ္။ သူငယ္ခ်င္းလည္း ျဖစ္နိုင္သလို၊ ကိုယ့္ရည္းစား၊ ကိုယ့္အိမ္ေထာင္ဖက္လည္း ျဖစ္နိုင္တယ္။
ေျပာင္းျပန္အေနနဲ႔ သိပ္သေဘာေကာင္းတဲ့သူ၊ နားလည္မႈ ေပးတဲ့သူ၊ အျပစ္တင္ဖို႔ထက္ ဘယ္လိုေကာင္းေအာင္ လုပ္ေပးရမလဲ ဆိုတဲ့ဘက္ကေန ၾကည့္တတ္တဲ့သူေတြနဲ႔ တြဲလုပ္ရျပန္ေတာ့လည္း ကိုယ့္မွာ ေပ်ာ္ေနေရာ။ အဲ့လိုလူေတြနဲ႔ ေတြ႕ရတိုင္း ငါလည္း သူတို႔လို ျဖစ္ေအာင္ ႀကိဳးစားမယ္ ဆိုတဲ့စိတ္ အျမဲဝင္တယ္။ ဒါမွ သူတို႔နဲ႔ ကိုယ္တြဲလုပ္တုန္းက ေပ်ာ္ရသလို၊ ကိုယ္နဲ႔ အလုပ္တြဲလုပ္ရသူတိုင္းမွာလည္း စိတ္ခ်မ္းသာရမွာ ဆိုၿပီးေတာ့ေပါ့။
တစ္ဖက္ကလည္း သေဘာေကာင္းတယ္ဆိုၿပီး အေလးမထားတာမ်ိဳး ျဖစ္တတ္ပါတယ္။ သူမ်ား ကိုယ့္ကို အေလးထားတာ၊ မထားတာ ေနာက္။ ကိုယ္တိုင္ကေတာ့ အဲ့လိုလူေတြကို ပိုၿပီး အေလးထားေၾကာင္း ျပသေလ့ရွိတယ္။ ေက်းဇူးတင္လို႔။ အသိအမွတ္ျပဳလို႔။ ေၾကာက္လို႔ လုပ္ယူထားတဲ့ ေလးစားမႈ မဟုတ္ဘဲ တကယ္ ရင္ထဲက လာတဲ့ ေလးစားမႈ ျဖစ္ေတာ့ ပိုၿပီးလည္း အသက္ဝင္ပါတယ္။
ေျပာရရင္ Approachable ျဖစ္ဖို႔ေပါ့။ ျမန္မာလိုဆိုရင္ ခ်ဥ္းကပ္လြယ္သူလို႔ ဆိုနိုင္ပါတယ္။
ကိုယ္ ငယ္ငယ္က စာေမးပြဲ အမွတ္နည္းတာ၊ ရန္ျဖစ္လာတာ၊ မိဘေခၚခံရတာ စသျဖင့္ တခုခု အမွားလုပ္မိတဲ့အခါ အေဖနဲ႔ အေမမွာ ဘယ္သူ႔ကို အရင္ေျပာရဲသလဲ။
ကိုယ့္ေရာဂါအေၾကာင္း ဆရာဝန္ႀကီးကို မေမးရဲလို႔ ရပ္ကြက္ထဲက အေထြေထြေရာဂါကု ဆရာဝန္ကေလးကို ေဆးစစ္ခ်က္တစ္ထပ္ႀကီးနဲ႔ အားကိုးတႀကီး သြားေမးတာ ဘာေၾကာင့္လဲ။
ကိုယ္မသိတဲ့ ႐ုံးဌာနတစ္ခုကို သြားတဲ့အခါ သေဘာေကာင္းပုံရတဲ့ သူေတြကိုပဲ ေမးတာမို႔လား။ အဲ့လိုေလး ကိုယ္မသိတာကို တေလးတစား ယဥ္ယဥ္ေက်းေက်းနဲ႔ ျပန္ေျဖေပးလိုက္ရင္ ဘယ္လိုခံစားခဲ့ရလဲ ျပန္စဥ္းစားၾကည့္။
ဒါဆို Approachable ျဖစ္ျခင္းကို ေသခ်ာသေဘာေပါက္သြားလိမ့္မယ္။
ကိုယ္နဲ႔ တြဲဖက္အလုပ္လုပ္သူေတြရဲ့ စိတ္ထဲမွာ ဒီလူက ေတာ္တယ္၊ ဒီလူက အခ်ိန္တိက်တယ္၊ ဒီလူက ပရိုဆန္တယ္ စသျဖင့္ ပုံရိပ္ေတြ ရွိၾကပါတယ္။ အဲဒီထဲမွာ ကၽြန္ေတာ္ သေဘာအက်မိဆုံး၊ ကိုယ္လည္း အျဖစ္ခ်င္ဆုံး ပုံရိပ္ကေတာ့ ဒီလူက ခ်ဥ္းကပ္လြယ္တယ္ ဆိုတာပဲ။ တခုခုဆို ပြင့္ပြင့္လင္းလင္း ေမးရဲတယ္။ သူတို႔အခက္အခဲကို လာေျပာရဲတယ္။ အျပစ္တင္မွာ မဟုတ္ဘူး၊ ေၾကာက္ေနစရာ မလိုဘူးဆိုတဲ့ ခံစားခ်က္ကို ကၽြန္ေတာ္နဲ႔ ပတ္သက္ဆက္စပ္သူတိုင္းဆီမွာ ရေနေစခ်င္တယ္။ (အထူးသျဖင့္ အငယ္ေတြမွာ)
စိတ္ေကာင္းရွိလြန္းလို႔ေတာ့ မဟုတ္ဘူး။ အဲ့လို Approachable ျဖစ္သူေတြနဲ႔ အလုပ္လုပ္ဖူးလို႔၊ သူတို႔ေၾကာင့္ စိတ္လက္ေပါ့ပါးဖူးလို႔ ကိုယ္ရခဲ့တဲ့ ခံစားခ်က္ကို သူတစ္ပါးဆီ လက္ဆင့္ျပန္ကမ္းေပးတဲ့ သေဘာပဲ။
ကၽြန္ေတာ္ တစ္ခါေရးဖူးသလိုပါပဲ။ ပရဟိတလုပ္ဖို႔၊ အမ်ားအက်ိဳး ထမ္းရြက္ဖို႔တို႔ ခဏထား။ ကိုယ့္ပတ္ဝန္းက်င္ အဝန္းအဝိုင္းက လူေတြကိုေတာင္ ဘယ္ေလာက္ စိတ္ခ်မ္းသာေအာင္ ထားၿပီးၿပီလဲ အရင္စဥ္းစားဦး။ ကိုယ့္မိဘ၊ ကိုယ့္အိမ္ေထာင္ဖက္၊ ကိုယ့္သားသမီး၊ ကိုယ့္ဝန္ထမ္း၊ ကိုယ့္လုပ္ေဖာ္ကိုင္ဖက္ေတြ ကိုယ့္ေၾကာင့္ ေပ်ာ္ေနလား၊ အဆင္ေျပေနလား။ ကိုယ္ ေရာက္လာၿပီ ဆိုတာနဲ႔ကို သူတို႔စိတ္မွာ ေလးပင္ကုန္သလား။ ကိုယ္ဟာ သူတို႔အတြက္ အခ်ိန္မေရြး ေပါက္ကြဲနိုင္တဲ့ မိုင္းဗုံးတစ္လုံးလို ျဖစ္ေနလား။ ေသခ်ာစဥ္းစားၾကည့္ပါ။
ျဖစ္ေနတယ္ဆို အထအန ေကာက္တာေလးေတြ ေလၽွာ့ၾကည့္။ တစ္ဖက္သားဘက္ကေန ေတြးေပးတတ္ေအာင္ ႀကိဳးစားၾကည့္။ အျပစ္တင္စကား ေျပာဖို႔ထက္ ျပႆနာ ေျဖရွင္းဖို႔ကို ဦးစားေပး စဥ္းစားၾကည့္။
မိုင္းတစ္လုံး ကြဲသြားရင္ ေဘးက လူေတြ ထိခိုက္တာက ေနာက္မွ။ အရင္ဆုံး ကိုယ္က ေပါက္ကြဲပစ္လိုက္ရတာ။ အဲ့လိုသာ ကိုယ့္စိတ္ကေလးေတြကို ျပင္မယ္ဆို ကိုယ္လည္း ေပ်ာ္ရလိမ့္မယ္။ ကိုယ့္ပတ္ဝန္းက်င္က လူေတြ ကိုယ့္ေၾကာင့္ စိတ္ခ်မ္းသာ ေပ်ာ္ရႊင္ရရင္ ကိုယ္လည္း တူေသာ အက်ိဳးေပးလိမ့္မယ္။
တကယ္ပါ။ တစ္ေန႔ တစ္ေန႔ ၾကဳံေတြ႕ရသမၽွ လူေတြကို ဘယ္လိုေလး အဆင္ေျပေအာင္ လုပ္ေပးလိုက္ရမလဲ ဆိုတဲ့ စိတ္နဲ႔ ရွင္သန္ရတာ သိပ္တန္ဖိုးရွိပါတယ္။ လူျဖစ္ရက်ိဳးလည္း နပ္ပါတယ္။ တကူးတက လုပ္ေနစရာ မလိုတဲ့ ပရဟိတလည္း ျဖစ္ပါတယ္။
ေဒါက္တာ ၿဖိဳးသီဟ
၂၅.၆.၂၀၂၀
No comments:
Post a Comment