Monday, June 22, 2020

မြေကြီးအကြောင်း

#မြေကြီးအကြောင်း



စိုက်ပျိုးတဲ့သီးနှံ အထွက်ကောင်းဖို့အတွက် အရည်အသွေးကောင်းတဲ့မြေကို လိုအပ်ပါတယ်။
အဟာရပေါကြွယ်ဝတဲ့မြေဖြစ်ရုံနဲ့ အရည်အသွေးကောင်းတဲ့မြေလို့ပြောမရပါဘူး။

မြေကြီးရဲ့အရည်အသွေးကိုအကဲဖြတ်ဖို့ မြေကြီးရဲ့ဂုဏ်သတ္တိ​တွေကို လေ့လာသိရှိထားသင့်ပါတယ်။

မြေကြီးရဲ့ဂုဏ်သတ္တိတွေကို
၁။#ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိ
၂။ #ဓာတုပိုင်းဆိုင်ရာဂုဏ်သတ္တိ
၃။ #ဇီဝပိုင်းဆိုင်ရာဂုဏ်သတ္တိ
ဆိုပြီးတော့ ခွဲခြားလေ့လာနိုင်ပါတယ်။

မြေကြီးဟာ
#မြေမှုန်တွေ (သဲမှုန်၊နုန်းမှုန်၊ရွံ့စေးမှုန်)
#ရေ ၊
#လေ၊
#အော်ဂင်းနစ်ပစ္စည်းတွေ (အပင်နဲ့တိရိစ္ဆာန်အကြွင်းအကျန်၊စွန့်ပစ်ပစ္စည်းတွေ) နဲ့ဖွဲ့စည်းထားတာပါ။


မြေကြီးဟာ အရွယ်အစားမတူတဲ့သဲ၊နုန်း၊ရွံ့စေး စတဲ့မြေမှုန်တွေကိုအချိုးအစားအမျိုးမျိုးနဲ့ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။

သဲမြေဟာမြေမှုန်အရွယ်အစားအကြီးဆုံးပါ။​ မြေမှုန် ရဲ့အချင်းဟာ ၂.ဝကနေ ၀.၀၅မီလီမီတာ လောက်ရှိပါမယ်။
သဲမြေဟာ ပေါ့မယ်။ နွေးမယ် ။ခြောက်သွေ့မယ်။ အက်ဆစ်ဆန်မယ်။ လုပ်ရကိုင်ရတာလွယ်ကူပေမယ့် ရေ နဲ့ အဟာရကိုတော့ထိန်းမထားနိုင်ပါဘူး။

ရွံ့စေးမြေဟာ မြေမှုန်အရွယ်အစားအသေးဆုံးဘဲ။မြေမှုန်ရဲ့ အချင်းဟာ ၀.၀၀၂မီလီမီတာ အောက်မှာရှိမယ်။ အစိုဓာတ်ထိန်းအားကောင်းမယ်။အဟာရ​ကောင်းမယ်။

ရွံစေးမြေဟာ လေးမယ်။အေးမယ်။ခြောက်သွေ့ရင်မာကြောသွားရော။စို​​နေရင် စေးကပ်တာကြောင့် ​လုပ်ရကိုင်ရခက်ခဲပါမယ်။

နုန်းမြေဟာ မြေမှုန်အရွယ်အစား အလယ်အလတ်ရှိတဲ့​မြေပါ ။ မြေမှုန်ရဲ့အချင်းဟာ ၀.၀၅ ကနေ ၀.၀၀၂မီလီမီတာ လောက်ရှိမယ်။

နုန်းမြေဟာ ရွံစေးမြေလိုပဲ အစိုဓာတ်ထိန်းအားကောင်းပြီး အဟာရပြည့်ဝမယ်။


နုန်းမြေရော ရွံစေးမြေရော
မြေ​ကြပ်လွယ်ပါမယ်။ မြေကြပ်ရင်မြေကြီးထဲလေဝင်လေထွက်မကောင်းတော့ဘူး။အပင်ရဲ့အမြစ်တွေ မြေကြီးထဲလွယ်လွယ်ကူကူ မထိုးဖောက်နိုင်တော့ဘူး။မြေကြပ်တဲ့အခါ မိုးရေကိုစုပ်မထားနိုင်ဘဲ စီးဆင်းသွားတဲ့အတွက် မြေဆီလွှာတိုက်စားတာ ဖြစ်ပေါ် နိုင်ပါတယ်။

ဘယ်မြေအမျိုးအစားမှာဖြစ်ဖြစ် မြေကြီးထဲကိုမြေဆွေးတွေ စဉ်ဆက်မပြတ်ထည့်ပေးရင် ကောင်းမွန်တဲ့မြေဖြစ်လာနိုင်ပါတယ်။

အပင်အားလုံးအတွက် အကောင်းဆုံးအပြည့်စုံဆုံးမြေဆိုတာမရှိပါဘူး။တချို့အပင်တွေဟာ သဲမြေမှာဖြစ်ထွန်းတယ်။တချို့အပင်တွေဟာ ရွံ့စေးမြေကိုကြိုက်တယ်။သာမာန် ဥယျာဉ်သီးနှံပင်တွေအတွက်ကတော့ ရောနှောမြေ အမျိုးအစား(သဲ ၄၀%+နုန်း ၄၀%+ရွံ့စေး ၂၀%+အော်ဂင်းနစ်ပစ္စည်းများ)ဟာ အသင့်လျော်ဆုံးပါ။


သဲ၊နုန်း၊ရွံ့စေး မြေမှုန်တွေဟာ အပင်တိရိစ္ဆာန်အကြွင်းအကျန်အဆွေးအမြေ့တွေ၊ကယ်လစီယမ်တွေနဲ့ပေါင်းစုဖွဲ့စည်းပြီး ကြေမွလွယ်တဲ့မြေစာခဲ တွေဖြစ်ပေါ်တယ်။ အဲဒီမြေစာခဲတခုနဲ့တခုကြားမှာ နေရာလွတ်တွေရှိတယ်။

မြေမှုန်တခုနဲ့တခုကြားမှာရော
မြေစာခဲတခုနဲ့တခုကြားထဲမှာရောနေရာလွတ်(လေဝင်လေထွက်၊ရေဝင်ရေထွက်အပေါက်ငယ်လေး)တွေနဲ့ဖွဲ့စည်းထားတယ်။

မြေကြီးရဲ့ဖွဲ့စည်းပုံကောင်းနေရင်မြေကြီးဟာ
#ရေနဲ့အဟာရကိုထိန်းသိမ်းထားနိုင်မယ်။
#ရေဝင်ရေထွက်၊လေဝင်လေထွက်ကောင်းမယ်။
#အပင်ရဲ့အမြစ်ဖွဲ့စည်းပုံကိုတိုးတက်ကောင်းမွန်စေမယ်။
#လုပ်ရကိုင်ရလွယ်ကူမယ်။
#မြေကြီးထဲကအကျိုးပြုအဏုဇီဝပိုးများရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စေမယ်။
#မြေကြပ်တာ၊မြေဆီလွှာတိုက်စားတာကိုခုခံကာကွယ်နိုင်မယ်။

မြေကြီးဖွဲ့စည်းပုံကောင်းဖို့ဆိုရင်
သဲမြေမှာ မြေဆွေး၊တိရိစ္ဆာန်အညစ်အကြေးအဆွေးတွေ မြေကြီးထဲပုံမှန်ထည့်ပေးရပါမယ်။


တချို့ ရွံစေးမြေတွေမှာ
ဆိုဒီယမ်(ဆားဓာတ်)များနေတတ်တယ်။
မြေကြီးဖွဲ့စည်းပုံမကောင်းတတ်ဘူး။
အဲဒီမြေမျိုးကို pH 7 နဲ့ အထက်(အယ်ကာလီအခြေအနေ)ဆိုရင် ဂျစ်ပဆင်(ကျောက်မှုန့်)ထည့်​ပေးပါ။
pH 7 အောက်(အက်ဆစ်အခြေအနေ)ဆိုရင် ထုံးထည့်ပေးပါ။ရေဝပ်တဲ့ရွံ့စေးမြေကို သဲထည့်ပေးပါ။
ထွန်ယက်တူးဆွတာ တတ်နိုင်သမျှ အနည်းဆုံးလုပ်ပါ။
မြေကြီးထဲမှာ အဏုဇီဝပိုး၊ အကျိုးပြုသက်ရှိတွေ (ဘက်တီးရီးယား၊မှို၊တီကောင်စသဖြင့်)ရှင်သန်နေနိုင်ဖို့ ဓာတုဆေးများဖြစ်ကြတဲ့မြေသြဇာ၊ပိုးသတ်ဆေး၊မှိုသတ်ဆေးတွေကို အလွန်အကျွံ မသုံးမိအောင် သတိထားသင့်ပါတယ်။

မြေကြီးမှာ အရောင်​​အမျိုးမျိုး​ရှိပါတယ် ။ အော်ဂင်းနစ်ပစ္စည်းနဲ့ အိုင်းယွန်းအောက်ဆိုက် (သံဓာတ်)ပါဝင်မှုအနည်းအများ၊ လေဝင်လေထွက်ကောင်းမကောင်းစတာတွေကြောင့်မြေကြီးဟာအရောင်တွေ ကွဲသွားရတယ်။မြေကြီးရဲ့အရောင်ကိုကြည့်ပြီးတော့ မြေရဲ့ ယေဘူယျအခြေအနေကို သိနိုင်ပါတယ်။

#နက်မှောင်တဲ့မြေမျိုး(အမဲရောင်၊အညိုရောင်)၊
ခြောက်သွေ့ပေမယ့် ကိုင်လိုက်ရင် လက်မှာညစ်ပတ်ကျန်ခဲ့ပြီး ဖုန်ထူတဲ့မြေမျိုးတွေဟာ အော်ဂင်းနစ်ပစ္စည်းများတဲ့မြေပါ။
တချို့ရွံ့စေးမြေဟာလည်း နက်မှောင်တဲ့အရောင်ရှိကြပါတယ်။

#အနီရောင်နဲ့အညိုရောင်မြေဟာ ရေစီးရေလာကောင်းတဲ့မြေဖြစ်ပါတယ်။ မြေကြီးထဲအောက်ဆီဂျင်ပေါများတော့ မြေထဲရှိတဲ့သံဓာတ်တွေဟာ အောက်ဆီဂျင်နဲ့ပေါင်းပြီးသံချေးတက်မယ်။ဒီလိုနဲ့ မြေကြီးအရောင်ဟာ သံချေးရောင်(နီ၊ညိုရောင်)ဖြစ်လာပါတယ်။

#မီးခိုးရောင်နဲ့မီးခိုးအပြာရောင်မြေဟာ ရေဝပ်တဲ့မြေမျိုးဖြစ်တယ်။သံနဲ့ မက်ဂနီးစ် ဒြပ်ပေါင်း  နည်းမယ်။ဘာကြောင့်လည်းဆိုတော့မြေကြီးထဲမှာအောက်ဆီဂျင်နည်းပါးနေလို့ဖြစ်ပါတယ်။(ရေဝပ်တဲ့မြေမှာမြေကြီးထဲက အကျိုးပြုအဏုဇီဝပိုးတွေဟာ သူတို့လိုအပ်တဲ့အောက်ဆီဂျင်ကို သံနဲ့မင်းဂနီးစ် အောက်ဆိုက်ဆီက ရယူလို့ပါ)

#မီးခိုးဖျော့ရောင်မြေဟာ အရောင်ချွတ်ခံရသလိုမျိုးပါ။ သံနဲ့မင်းဂနီးစ်တွေမိုးရေကြောင့် စိမ့်ဝင်စီးမျော ဆုံးရှုံးသွားတာပါ။
ရွံစေးမြေနဲ့ အော်ဂင်းနစ်ပစ္စည်းတွေဟာ အမဓာတ်ဆောင်ပါတယ်။အပင်အဟာရတွေဖြစ်ကြတဲ့
ပိုတက်စီယမ်(k)နဲ့ အမိုနီယမ် တွေဟာ အဖိုဓာတ်ဆောင်ပါတယ်။ မြေကြီးအမဓာတ်တွေကဆွဲထားလို့ သူတို့ဟာ ရေနဲ့အတူ စိမ့်ဝင်စီးမျောဆုံရှုံးတာ သိပ်မရှိဘူး။
နိုက်ထရိုက်(NO3)ကတော့ အမဓာတ်ဖြစ်လို့ မြေကြီးထဲမှာ ရေနဲ့အတူစိမ့်ဝင်စီးမျော ဆုံးရှုံးတာများပါတယ်။

#မြေဝါက မြေနီလိုပဲ သံဒြဗ်ပေါင်းပါတယ် ။ မြေဝါမှာပါတဲ့
သံဒြ​ဗ်ပေါင်းဟာ ရေပျော်ပုံစံဖြစ်လို့ သံချေးမတက်ဘဲ ဝါနေတာပါ။မြေနီလို ရေထုတ်မကောင်းဘူး။ဖော့စဖရပ်(p)အသင့်အတင့်ရှိတယ်။မြေကြပ်နိုင်​တယ်။မြေကြီးကနေ
အပင်ရေ ရယူနိုင်အားနည်းမယ်။ အဟာရအားနည်းနိုင်တယ်။ကော်ဖီ၊လက်ဖက်၊သံပုရာစတဲ့အပင်တွေအတွက်သင့်တော်တဲ့မြေဖြစ်မယ်။ မြေကြီးအရောင်ကိုကြည့်ပြီး မြေအကြောင်းကိုယေဘူယျဘဲကောက်ချက်ဆွဲနိုင်မှာပါ။

မြေကြီးရဲ့ အချဉ်အငံဓာတ်ကို pHတိုင်းကြည့်ရင်သိနိုင်ပါတယ်။ မြေကြီးနမူနာကိုစနစ်တကျယူမယ်။ ဓာတ်ခွဲခန်းကိုပို့မယ်။ ပြန်ရလာတဲ့အဖြေဟာ pHမီတာနဲ့တိုင်းတာထက်ပိုတိကျနိုင်ပါတယ်။
#ချဉ်နေလား(အက်ဆစ်အခြေအနေ)pH7အောက်​ရှိမယ်။
#ငန်နေလား(အယ်ကာလီအခြေအနေ)pH7အထက်ရှိမယ်။
#မျှခြေလား(ရေသန့်လို pH7ရှိမယ်)
pHအနည်းအများဟာ မြေကြီးထဲက အဟာရတွေကို အပြောင်းအလဲဖြစ်စေနိုင်တယ်။ဥပမာ- မြေကြီးရဲ့ pH 4.5 အောက်မှာဆိုရင် အလူမီနီယမ်နဲ့ မက်ဂနီးစ်တွေဟာ ပြင်းအားမြင့်တက်လာပြီး အပင်တော်တော်များများကို အဆိပ်သင့်စေနိုင်ပါတယ်။ အဲဒီမြေမှာ P,Ca,Mo တွေချို့တဲ့နိုင်ပါတယ်။

နိုက်ထရိုဂျင်ဓာတ်မြေသြဇာအမျိုးမျိုးအပေါ် မြေတွင်းသက်ရှိတွေရဲ့ တုံ့ပြန်မှုကြောင့်ရယ် မြေကြီးထဲကသတ္တုဓာတ်တွေ( ကယ်လစီယမ်၊မက်ဂနီစီယမ်၊ပိုတက်စီယမ်)စိမ့်ဝင်စီးမျောဆုံးရှုံးတာကြောင့်ရယ် အချိန်ကြာလာတာနဲ့အမျှ မြေကြီးဟာ ချဉ်(အက်ဆစ်အခြေအနေဖြစ်၊pHနိမ့်)လာတတ်ပါတယ်။

မြေချဉ်(pHနိမ့်)တာကို ထုံးထည့်ပြီးpHမြင့်(အယ်ကာလီအခြေအနေဖြစ်၊မြေငန်)လာအောင်ပြုလုပ်လို့ရပါတယ်။
စိုက်ခင်းအသေးတွေ၊အိမ်ပတ်ဝန်းကျင်ဥယာဉ်စိုက်ပျိုးသူတွေအတွက် မြင်သာအောင်ပြောရမယ်ဆိုရင် တပေပတ်လည်လေးထောင့်ကွက်မြေပမာဏကို ထုံး စားပွဲတင်ဇွန်း လေးဇွန်းထည့်ပေးပါ။ pH နှစ်ယူနစ် တက်နိုင်ပါတယ်။(ဥပမာ-pH5 ကနေpH7တက်လာနိုင်ပါတယ်။)

ထုံးကိုတခါတည်းအများကြီးမထည့်သင့်ပါဘူး။အပင်အဟာရ မညီမျှတာ ဖြစ်လာတတ်လို့ပါ။ pHကို တဖြည်းဖြည်းချင်းမြင့်တက်အောင်ပြုလုပ်တာဟာ အကောင်းဆုံးပါ။

အပင်မစိုက်ပျိုးမှီ ခြောက်ပတ်မှရှစ်ပတ်အထိ ကြိုတင်ပြီးတော့ ထုံးကို မြေကြီးထဲ ရောနှောထည့်သွင်းသင့်ပါတယ်။နောက်ပြီးတော့ ထုံးကို ဂျစ်ပဆင်နဲ့အတူတူ ရောနှောပြီး မြေကြီးထဲမထည့်သင့်ပါဘူး။ ထုံးရဲ့ ဆောင်ရွက်ချက်တွေကို နှောင့်နှေးပိတ်ဆို့စေနိုင်လို့ပါ။
(မှတ်ချက်။ဂျစ်ပဆင်ထည့်သွင်းတာဟာ မြေကြီးဖွဲ့စည်းပုံကိုကောင်းစေတတ်ပြီး pHမြင့်တက်လာဖို့မရှိပါ)

မြေကြီးထဲမှာ [အာခီယာ(archaea), ဘက်တီးရီးယား(bacteria), အက်တီနိုမိုင်ဆိ(actinomycetes), မှို (fungi),ရေညှိ(algae), protozoa, နှင်း​လှေး (springtails), မွှား mites, နိမတုတ်(nematodes), တီကောင်၊ပုရွက်ဆိတ်၊အင်းဆက်၊ မြေတွင်းတူးသတ္တဝါငယ်များစတဲ့ သက်ရှိတွေ ​နေထိုင်ရှင်သန်ကြပါတယ်။

မြေကြီးထဲကအကျိုးပြုသက်ရှိတွေဟာ
#အော်ဂင်းနစ်ပစ္စည်းတွေကိုဆွေးမြေ့အောင်လုပ်ပေးတယ်။
#အပင်အဟာရတွေကိုအပင်စားသုံးလို့ရတဲ့အခြေအနေပြန်ရအောင်လုပ်ပေးတယ်။
(မြေကြီးထဲကအကျိုးပြုသက်ရှိတွေဟာ အပင်နဲ့တိရိစ္ဆာန်အကြွင်းအကျန်ကိုဖြိုခွဲပြီးတော့ သူတို့အတွက် စွမ်းအင်နဲ့အဟာရကိုရယူတယ်။အဲဒီလိုဖြိုခွဲစဉ်မှာအပင်ကအသုံးပြုတဲ့ အောက်ဆီဂျင်နဲ့ အပင်အဟာရတွေကိုထုတ်ပေးတယ်။ သူတို့သေတဲ့အခါကျတော့လည်းဆွေးမြေ့ပြီး အပင်အဟာရဖြစ်ကြပြန်တယ်။ဒီလိုနည်းနဲ့ အဟာရကောင်းမွန်တဲ့မြေကြီးကိုဖြစ်ပေါ်စေပါတယ်။)

မြေကြီးထဲကအကျိုးပြုသက်ရှိတွေဟာ
#အပင်အဟာရဖြစ်တဲ့နိုက်ထရိုဂျင်ကို​လေထုကနေရယူပေးတယ်။
#အပင်ကြီးထွားတာကိုအားပေးတဲ့ပစ္စည်းတွေကိုထုတ်ပေးတယ်။
(ဥပမာ-အောက်ဇင်၊ဂျစ်ဘရယ်လင်..စသည်ဖြင့်)
#ဖျက်ပိုးနဲ့မှိုရောဂါကိုထိန်းချုပ်ကာကွယ်ပေးနိုင်တယ်။
ဥပမာ-မြေတွင်းဘက်တီးရီးယားဖြစ်တဲ့Bacillus thuringiensis(Bt) သီးနှံဖျက်ပိုးများဖြစ်တဲ့ ပေါက်ဖတ် (caterpillar)၊ ပိုးတောင်မာ (beetles) နဲ့ ယင် (flies)တွေကို နှိမ်နှင်းနိုင်ပါတယ်။

ထရိုင်ကိုဒါးမား (Trichoderma) မှိုဟာဆိုရင်လည်း ဇီဝပိုးသတ်ဆေးဖြစ်ပါတယ်။ မှိုကြောင့်ဖြစ်တဲ့ အပင်အမြစ်ရောဂါတွေနဲ့ နိမတုတ်(nematode)တွေကိုနှိမ်နှင်းနိုင်ပါတယ်။

မြေကြီးထဲကအကျိုးပြုသက်ရှိတွေဟာ
#ဟူးမတ်စ်(humas)ကိုဖြစ်ပေါ်စေတယ်။
ဟူးမတ်စ်ဆိုတာ မြေကြီးထဲက ညိုမဲနေတဲ့ ဂျယ်လီလို အော်ဂင်းနစ်ပစ္စည်းဖြစ်ပါတယ်။ အကျိုးပြုအဏုဇီဝပိုးတွေကြောင့် အပင်နဲ့တိရိစ္ဆာန်အကြွင်းအကျန်တွေ ဆွေးမြေ့သွားတဲ့​ဖြစ်စဉ်နောက်ဆုံးမှာ ​ဟူးမတ်စ်ကိုရပါတယ်။

ဟူးမတ်စ်ဟာ
#မြေကြီးရဲ့အစိုဓာတ်ကိုထိန်းပေးတယ်။
#မြေကြီးရဲ့ဖွဲ့စည်းပုံကိုကောင်းမွန်စေတယ်။
#မြေကြီးရဲ့ဓာတ်ဖိုဖလှယ်စွမ်းအားအတွက်အရေးပါ ပါတယ်။

အချုပ်အားဖြင့် မြေကြီးရဲ့ရုပ်ပိုင်း၊ဓာတုပိုင်း၊ဇီဝပိုင်းဆိုင်ရာဂုဏ်သတ္တိတွေကို သိရှိနားလည်ပြီး
မြေကြီးကိုစနစ်တကျစီမံခန့်ခွဲတတ်မယ်ဆိုရင် မြေကြီးရဲ့အရည်အသွေးဟာ ကောင်းမွန်လာနိုင်မယ်။ သီးနှံအတွက်ကုန်ကျစရိတ်တွေသက်သာလာမယ်။သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို ကာကွယ်နိုင်မယ်။နောက်ဆုံး စိုက်ပျိုးတဲ့သီးနှံအထွက်နုန်း​တိုးတက်ပြီး သီးနှံရဲ့အရည်အသွေးဟာလည်းပိုမိုကောင်းမွန်လာမယ် ဖြစ်ပါတယ်။ ။

အာခီယာ(စိုက်ပျိုးပညာ)

ရည်ညွန်းကိုးကား
https://sesl.com.au/blog/the-role-of-soil-microorganisms/
http://www.soilquality.org.au/factsheets/soil-biological-fertility
https://www.dpi.nsw.gov.au/agriculture/soils/structure/garden
https://blog.agrivi.com/post/five-ways-to-manage-the-soil-for-planting
https://m.espacepourlavie.ca/en/soil-structure
https://www.gardeners.com/how-to/what-type-of-soil-do-you-have/9120.html
https://www.sciencelearn.org.nz/resources/957-soil-properties

(Zawgyi) 

#ေျမႀကီးအေၾကာင္း


စိုက္ပ်ိဳးတဲ့သီးႏွံ အထြက္ေကာင္းဖို့အတြက္ အရည္အေသြးေကာင္းတဲ့ေျမကို လိုအပ္ပါတယ္။
အဟာရေပါႂကြယ္ဝတဲ့ေျမျဖစ္႐ုံနဲ႔ အရည္အေသြးေကာင္းတဲ့ေျမလို့ေျပာမရပါဘူး။

ေျမႀကီးရဲ့အရည္အေသြးကိုအကဲျဖတ္ဖို့ ေျမႀကီးရဲ့ဂုဏ္သတၱိ​ေတြကို ေလ့လာသိရွိထားသင့္ပါတယ္။

ေျမႀကီးရဲ့ဂုဏ္သတၱိေတြကို
၁။#႐ုပ္ပိုင္းဆိုင္ရာဂုဏ္သတၱိ
၂။ #ဓာတုပိုင္းဆိုင္ရာဂုဏ္သတၱိ
၃။ #ဇီဝပိုင္းဆိုင္ရာဂုဏ္သတၱိ
ဆိုၿပီးေတာ့ ခြဲျခားေလ့လာနိုင္ပါတယ္။

ေျမႀကီးဟာ
#ေျမမွုန္ေတြ (သဲမွုန္၊ႏုန္းမွုန္၊ရြံ့ေစးမွုန္)
#ေရ ၊
#ေလ၊
#ေအာ္ဂင္းနစ္ပစၥည္းေတြ (အပင္နဲ႔တိရိစၧာန္အႂကြင္းအက်န္၊စြန္႔ပစ္ပစၥည္းေတြ) နဲ႔ဖြဲ႕စည္းထားတာပါ။

ေျမႀကီးဟာ အရြယ္အစားမတူတဲ့သဲ၊ႏုန္း၊ရြံ့ေစး စတဲ့ေျမမွုန္ေတြကိုအခ်ိဳးအစားအမ်ိဳးမ်ိဳးနဲ႔ေပါင္းစပ္ထားျခင္းျဖစ္ပါတယ္။

သဲေျမဟာေျမမွုန္အရြယ္အစားအႀကီးဆုံးပါ။​ ေျမမွုန္ ရဲ့အခ်င္းဟာ ၂.၀ကေန ၀.၀၅မီလီမီတာ ေလာက္ရွိပါမယ္။
သဲေျမဟာ ေပါ့မယ္။ ေႏြးမယ္ ။ေျခာက္ေသြ႕မယ္။ အက္ဆစ္ဆန္မယ္။ လုပ္ရကိုင္ရတာလြယ္ကူေပမယ့္ ေရ နဲ႔ အဟာရကိုေတာ့ထိန္းမထားနိုင္ပါဘူး။

ရြံ့ေစးေျမဟာ ေျမမွုန္အရြယ္အစားအေသးဆုံးဘဲ။ေျမမွုန္ရဲ့ အခ်င္းဟာ ၀.၀၀၂မီလီမီတာ ေအာက္မွာရွိမယ္။ အစိုဓာတ္ထိန္းအားေကာင္းမယ္။အဟာရ​ေကာင္းမယ္။

ရြံေစးေျမဟာ ေလးမယ္။ေအးမယ္။ေျခာက္ေသြ႕ရင္မာေၾကာသြားေရာ။စို​​ေနရင္ ေစးကပ္တာေၾကာင့္ ​လုပ္ရကိုင္ရခက္ခဲပါမယ္။

ႏုန္းေျမဟာ ေျမမွုန္အရြယ္အစား အလယ္အလတ္ရွိတဲ့​ေျမပါ ။ ေျမမွုန္ရဲ့အခ်င္းဟာ ၀.၀၅ ကေန ၀.၀၀၂မီလီမီတာ ေလာက္ရွိမယ္။

ႏုန္းေျမဟာ ရြံေစးေျမလိုပဲ အစိုဓာတ္ထိန္းအားေကာင္းၿပီး အဟာရျပည့္ဝမယ္။

ႏုန္းေျမေရာ ရြံေစးေျမေရာ
ေျမ​ၾကပ္လြယ္ပါမယ္။ ေျမၾကပ္ရင္ေျမႀကီးထဲေလဝင္ေလထြက္မေကာင္းေတာ့ဘူး။အပင္ရဲ့အျမစ္ေတြ ေျမႀကီးထဲလြယ္လြယ္ကူကူ မထိုးေဖာက္နိုင္ေတာ့ဘူး။ေျမၾကပ္တဲ့အခါ မိုးေရကိုစုပ္မထားနိုင္ဘဲ စီးဆင္းသြားတဲ့အတြက္ ေျမဆီလႊာတိုက္စားတာ ျဖစ္ေပၚ နိုင္ပါတယ္။


ဘယ္ေျမအမ်ိဳးအစားမွာျဖစ္ျဖစ္ ေျမႀကီးထဲကိုေျမေဆြးေတြ စဥ္ဆက္မျပတ္ထည့္ေပးရင္ ေကာင္းမြန္တဲ့ေျမျဖစ္လာနိုင္ပါတယ္။

အပင္အားလုံးအတြက္ အေကာင္းဆုံးအျပည့္စုံဆုံးေျမဆိုတာမရွိပါဘူး။တခ်ိဳ့အပင္ေတြဟာ သဲေျမမွာျဖစ္ထြန္းတယ္။တခ်ိဳ့အပင္ေတြဟာ ရြံ့ေစးေျမကိုႀကိဳက္တယ္။သာမာန္ ဥယ်ာဥ္သီးႏွံပင္ေတြအတြက္ကေတာ့ ေရာေႏွာေျမ အမ်ိဳးအစား(သဲ ၄၀%+ႏုန္း ၄၀%+ရြံ့ေစး ၂၀%+ေအာ္ဂင္းနစ္ပစၥည္းမ်ား)ဟာ အသင့္ေလ်ာ္ဆုံးပါ။

သဲ၊ႏုန္း၊ရြံ့ေစး ေျမမွုန္ေတြဟာ အပင္တိရိစၧာန္အႂကြင္းအက်န္အေဆြးအေျမ့ေတြ၊ကယ္လစီယမ္ေတြနဲ႔ေပါင္းစုဖြဲ႕စည္းၿပီး ေၾကမြလြယ္တဲ့ေျမစာခဲ ေတြျဖစ္ေပၚတယ္။ အဲဒီေျမစာခဲတခုနဲ႔တခုၾကားမွာ ေနရာလြတ္ေတြရွိတယ္။

ေျမမွုန္တခုနဲ႔တခုၾကားမွာေရာ
ေျမစာခဲတခုနဲ႔တခုၾကားထဲမွာေရာေနရာလြတ္(ေလဝင္ေလထြက္၊ေရဝင္ေရထြက္အေပါက္ငယ္ေလး)ေတြနဲ႔ဖြဲ႕စည္းထားတယ္။

ေျမႀကီးရဲ့ဖြဲ႕စည္းပုံေကာင္းေနရင္ေျမႀကီးဟာ
#ေရနဲ႔အဟာရကိုထိန္းသိမ္းထားနိုင္မယ္။
#ေရဝင္ေရထြက္၊ေလဝင္ေလထြက္ေကာင္းမယ္။
#အပင္ရဲ့အျမစ္ဖြဲ႕စည္းပုံကိုတိုးတက္ေကာင္းမြန္ေစမယ္။
#လုပ္ရကိုင္ရလြယ္ကူမယ္။
#ေျမႀကီးထဲကအက်ိဳးျပဳအဏုဇီဝပိုးမ်ားရဲ့လုပ္ငန္းေဆာင္တာေတြကိုေကာင္းမြန္ေစမယ္။
#ေျမၾကပ္တာ၊ေျမဆီလႊာတိုက္စားတာကိုခုခံကာကြယ္နိုင္မယ္။

ေျမႀကီးဖြဲ႕စည္းပုံေကာင္းဖို့ဆိုရင္
သဲေျမမွာ ေျမေဆြး၊တိရိစၧာန္အညစ္အေၾကးအေဆြးေတြ ေျမႀကီးထဲပုံမွန္ထည့္ေပးရပါမယ္။

တခ်ိဳ့ ရြံေစးေျမေတြမွာ
ဆိုဒီယမ္(ဆားဓာတ္)မ်ားေနတတ္တယ္။
ေျမႀကီးဖြဲ႕စည္းပုံမေကာင္းတတ္ဘူး။
အဲဒီေျမမ်ိဳးကို pH 7 နဲ႔ အထက္(အယ္ကာလီအေျခအေန)ဆိုရင္ ဂ်စ္ပဆင္(ေက်ာက္မွုန္႔)ထည့္​ေပးပါ။
pH 7 ေအာက္(အက္ဆစ္အေျခအေန)ဆိုရင္ ထုံးထည့္ေပးပါ။ေရဝပ္တဲ့ရြံ့ေစးေျမကို သဲထည့္ေပးပါ။
ထြန္ယက္တူးဆြတာ တတ္နိုင္သမၽွ အနည္းဆုံးလုပ္ပါ။
ေျမႀကီးထဲမွာ အဏုဇီဝပိုး၊ အက်ိဳးျပဳသက္ရွိေတြ (ဘက္တီးရီးယား၊မွို၊တီေကာင္စသျဖင့္)ရွင္သန္ေနနိုင္ဖို့ ဓာတုေဆးမ်ားျဖစ္ၾကတဲ့ေျမၾသဇာ၊ပိုးသတ္ေဆး၊မွိုသတ္ေဆးေတြကို အလြန္အကၽြံ မသုံးမိေအာင္ သတိထားသင့္ပါတယ္။

ေျမႀကီးမွာ အေရာင္​​အမ်ိဳးမ်ိဳး​ရွိပါတယ္ ။ ေအာ္ဂင္းနစ္ပစၥည္းနဲ႔ အိုင္းယြန္းေအာက္ဆိုက္ (သံဓာတ္)ပါဝင္မွုအနည္းအမ်ား၊ ေလဝင္ေလထြက္ေကာင္းမေကာင္းစတာေတြေၾကာင့္ေျမႀကီးဟာအေရာင္ေတြ ကြဲသြားရတယ္။ေျမႀကီးရဲ့အေရာင္ကိုၾကည့္ၿပီးေတာ့ ေျမရဲ့ ေယဘူယ်အေျခအေနကို သိနိုင္ပါတယ္။

#နက္ေမွာင္တဲ့ေျမမ်ိဳး(အမဲေရာင္၊အညိဳေရာင္)၊
ေျခာက္ေသြ႕ေပမယ့္ ကိုင္လိုက္ရင္ လက္မွာညစ္ပတ္က်န္ခဲ့ၿပီး ဖုန္ထူတဲ့ေျမမ်ိဳးေတြဟာ ေအာ္ဂင္းနစ္ပစၥည္းမ်ားတဲ့ေျမပါ။
တခ်ိဳ့ရြံ့ေစးေျမဟာလည္း နက္ေမွာင္တဲ့အေရာင္ရွိၾကပါတယ္။

#အနီေရာင္နဲ႔အညိဳေရာင္ေျမဟာ ေရစီးေရလာေကာင္းတဲ့ေျမျဖစ္ပါတယ္။ ေျမႀကီးထဲေအာက္ဆီဂ်င္ေပါမ်ားေတာ့ ေျမထဲရွိတဲ့သံဓာတ္ေတြဟာ ေအာက္ဆီဂ်င္နဲ႔ေပါင္းၿပီးသံေခ်းတက္မယ္။ဒီလိုနဲ႔ ေျမႀကီးအေရာင္ဟာ သံေခ်းေရာင္(နီ၊ညိဳေရာင္)ျဖစ္လာပါတယ္။

#မီးခိုးေရာင္နဲ႔မီးခိုးအျပာေရာင္ေျမဟာ ေရဝပ္တဲ့ေျမမ်ိဳးျဖစ္တယ္။သံနဲ႔ မက္ဂနီးစ္ ျဒပ္ေပါင္း  နည္းမယ္။ဘာေၾကာင့္လည္းဆိုေတာ့ေျမႀကီးထဲမွာေအာက္ဆီဂ်င္နည္းပါးေနလို့ျဖစ္ပါတယ္။(ေရဝပ္တဲ့ေျမမွာေျမႀကီးထဲက အက်ိဳးျပဳအဏုဇီဝပိုးေတြဟာ သူတို့လိုအပ္တဲ့ေအာက္ဆီဂ်င္ကို သံနဲ႔မင္းဂနီးစ္ ေအာက္ဆိုက္ဆီက ရယူလို့ပါ)

#မီးခိုးေဖ်ာ့ေရာင္ေျမဟာ အေရာင္ခၽြတ္ခံရသလိုမ်ိဳးပါ။ သံနဲ႔မင္းဂနီးစ္ေတြမိုးေရေၾကာင့္ စိမ့္ဝင္စီးေမ်ာ ဆုံးရွုံးသြားတာပါ။
ရြံေစးေျမနဲ႔ ေအာ္ဂင္းနစ္ပစၥည္းေတြဟာ အမဓာတ္ေဆာင္ပါတယ္။အပင္အဟာရေတြျဖစ္ၾကတဲ့
ပိုတက္စီယမ္(k)နဲ႔ အမိုနီယမ္ ေတြဟာ အဖိုဓာတ္ေဆာင္ပါတယ္။ ေျမႀကီးအမဓာတ္ေတြကဆြဲထားလို့ သူတို့ဟာ ေရနဲ႔အတူ စိမ့္ဝင္စီးေမ်ာဆုံရွုံးတာ သိပ္မရွိဘူး။
နိုက္ထရိုက္(NO3)ကေတာ့ အမဓာတ္ျဖစ္လို့ ေျမႀကီးထဲမွာ ေရနဲ႔အတူစိမ့္ဝင္စီးေမ်ာ ဆုံးရွုံးတာမ်ားပါတယ္။

#ေျမဝါက ေျမနီလိုပဲ သံျဒဗ္ေပါင္းပါတယ္ ။ ေျမဝါမွာပါတဲ့
သံျဒ​ဗ္ေပါင္းဟာ ေရေပ်ာ္ပုံစံျဖစ္လို့ သံေခ်းမတက္ဘဲ ဝါေနတာပါ။ေျမနီလို ေရထုတ္မေကာင္းဘူး။ေဖာ့စဖရပ္(p)အသင့္အတင့္ရွိတယ္။ေျမၾကပ္နိုင္​တယ္။ေျမႀကီးကေန
အပင္ေရ ရယူနိုင္အားနည္းမယ္။ အဟာရအားနည္းနိုင္တယ္။ေကာ္ဖီ၊လက္ဖက္၊သံပုရာစတဲ့အပင္ေတြအတြက္သင့္ေတာ္တဲ့ေျမျဖစ္မယ္။ ေျမႀကီးအေရာင္ကိုၾကည့္ၿပီး ေျမအေၾကာင္းကိုေယဘူယ်ဘဲေကာက္ခ်က္ဆြဲနိုင္မွာပါ။

ေျမႀကီးရဲ့ အခ်ဥ္အငံဓာတ္ကို pHတိုင္းၾကည့္ရင္သိနိုင္ပါတယ္။ ေျမႀကီးနမူနာကိုစနစ္တက်ယူမယ္။ ဓာတ္ခြဲခန္းကိုပို့မယ္။ ျပန္ရလာတဲ့အေျဖဟာ pHမီတာနဲ႔တိုင္းတာထက္ပိုတိက်နိုင္ပါတယ္။
#ခ်ဥ္ေနလား(အက္ဆစ္အေျခအေန)pH7ေအာက္​ရွိမယ္။
#ငန္ေနလား(အယ္ကာလီအေျခအေန)pH7အထက္ရွိမယ္။
#မၽွေျခလား(ေရသန္႔လို pH7ရွိမယ္)
pHအနည္းအမ်ားဟာ ေျမႀကီးထဲက အဟာရေတြကို အေျပာင္းအလဲျဖစ္ေစနိုင္တယ္။ဥပမာ- ေျမႀကီးရဲ့ pH 4.5 ေအာက္မွာဆိုရင္ အလူမီနီယမ္နဲ႔ မက္ဂနီးစ္ေတြဟာ ျပင္းအားျမင့္တက္လာၿပီး အပင္ေတာ္ေတာ္မ်ားမ်ားကို အဆိပ္သင့္ေစနိုင္ပါတယ္။ အဲဒီေျမမွာ P,Ca,Mo ေတြခ်ိဳ့တဲ့နိုင္ပါတယ္။

နိုက္ထရိုဂ်င္ဓာတ္ေျမၾသဇာအမ်ိဳးမ်ိဳးအေပၚ ေျမတြင္းသက္ရွိေတြရဲ့ တုံ႔ျပန္မွုေၾကာင့္ရယ္ ေျမႀကီးထဲကသတၱဳဓာတ္ေတြ( ကယ္လစီယမ္၊မက္ဂနီစီယမ္၊ပိုတက္စီယမ္)စိမ့္ဝင္စီးေမ်ာဆုံးရွုံးတာေၾကာင့္ရယ္ အခ်ိန္ၾကာလာတာနဲ႔အမၽွ ေျမႀကီးဟာ ခ်ဥ္(အက္ဆစ္အေျခအေနျဖစ္၊pHနိမ့္)လာတတ္ပါတယ္။

ေျမခ်ဥ္(pHနိမ့္)တာကို ထုံးထည့္ၿပီးpHျမင့္(အယ္ကာလီအေျခအေနျဖစ္၊ေျမငန္)လာေအာင္ျပဳလုပ္လို့ရပါတယ္။
စိုက္ခင္းအေသးေတြ၊အိမ္ပတ္ဝန္းက်င္ဥယာဥ္စိုက္ပ်ိဳးသူေတြအတြက္ ျမင္သာေအာင္ေျပာရမယ္ဆိုရင္ တေပပတ္လည္ေလးေထာင့္ကြက္ေျမပမာဏကို ထုံး စားပြဲတင္ဇြန္း ေလးဇြန္းထည့္ေပးပါ။ pH ႏွစ္ယူနစ္ တက္နိုင္ပါတယ္။(ဥပမာ-pH5 ကေနpH7တက္လာနိုင္ပါတယ္။)

ထုံးကိုတခါတည္းအမ်ားႀကီးမထည့္သင့္ပါဘူး။အပင္အဟာရ မညီမၽွတာ ျဖစ္လာတတ္လို့ပါ။ pHကို တျဖည္းျဖည္းခ်င္းျမင့္တက္ေအာင္ျပဳလုပ္တာဟာ အေကာင္းဆုံးပါ။

အပင္မစိုက္ပ်ိဳးမွီ ေျခာက္ပတ္မွရွစ္ပတ္အထိ ႀကိဳတင္ၿပီးေတာ့ ထုံးကို ေျမႀကီးထဲ ေရာေႏွာထည့္သြင္းသင့္ပါတယ္။ေနာက္ၿပီးေတာ့ ထုံးကို ဂ်စ္ပဆင္နဲ႔အတူတူ ေရာေႏွာၿပီး ေျမႀကီးထဲမထည့္သင့္ပါဘူး။ ထုံးရဲ့ ေဆာင္ရြက္ခ်က္ေတြကို ေႏွာင့္ေႏွးပိတ္ဆို့ေစနိုင္လို့ပါ။
(မွတ္ခ်က္။ဂ်စ္ပဆင္ထည့္သြင္းတာဟာ ေျမႀကီးဖြဲ႕စည္းပုံကိုေကာင္းေစတတ္ၿပီး pHျမင့္တက္လာဖို့မရွိပါ)

ေျမႀကီးထဲမွာ [အာခီယာ(archaea), ဘက္တီးရီးယား(bacteria), အက္တီနိုမိုင္ဆိ(actinomycetes), မွို (fungi),ေရညႇိ(algae), protozoa, ႏွင္း​ေလွး (springtails), မႊား mites, နိမတုတ္(nematodes), တီေကာင္၊ပုရြက္ဆိတ္၊အင္းဆက္၊ ေျမတြင္းတူးသတၱဝါငယ္မ်ားစတဲ့ သက္ရွိေတြ ​ေနထိုင္ရွင္သန္ၾကပါတယ္။

ေျမႀကီးထဲကအက်ိဳးျပဳသက္ရွိေတြဟာ
#ေအာ္ဂင္းနစ္ပစၥည္းေတြကိုေဆြးေျမ့ေအာင္လုပ္ေပးတယ္။
#အပင္အဟာရေတြကိုအပင္စားသုံးလို့ရတဲ့အေျခအေနျပန္ရေအာင္လုပ္ေပးတယ္။
(ေျမႀကီးထဲကအက်ိဳးျပဳသက္ရွိေတြဟာ အပင္နဲ႔တိရိစၧာန္အႂကြင္းအက်န္ကိုၿဖိဳခြဲၿပီးေတာ့ သူတို့အတြက္ စြမ္းအင္နဲ႔အဟာရကိုရယူတယ္။အဲဒီလိုၿဖိဳခြဲစဥ္မွာအပင္ကအသုံးျပဳတဲ့ ေအာက္ဆီဂ်င္နဲ႔ အပင္အဟာရေတြကိုထုတ္ေပးတယ္။ သူတို့ေသတဲ့အခါက်ေတာ့လည္းေဆြးေျမ့ၿပီး အပင္အဟာရျဖစ္ၾကျပန္တယ္။ဒီလိုနည္းနဲ႔ အဟာရေကာင္းမြန္တဲ့ေျမႀကီးကိုျဖစ္ေပၚေစပါတယ္။)

ေျမႀကီးထဲကအက်ိဳးျပဳသက္ရွိေတြဟာ
#အပင္အဟာရျဖစ္တဲ့နိုက္ထရိုဂ်င္ကို​ေလထုကေနရယူေပးတယ္။
#အပင္ႀကီးထြားတာကိုအားေပးတဲ့ပစၥည္းေတြကိုထုတ္ေပးတယ္။
(ဥပမာ-ေအာက္ဇင္၊ဂ်စ္ဘရယ္လင္..စသည္ျဖင့္)
#ဖ်က္ပိုးနဲ႔မွိုေရာဂါကိုထိန္းခ်ဳပ္ကာကြယ္ေပးနိုင္တယ္။
ဥပမာ-ေျမတြင္းဘက္တီးရီးယားျဖစ္တဲ့Bacillus thuringiensis(Bt) သီးႏွံဖ်က္ပိုးမ်ားျဖစ္တဲ့ ေပါက္ဖတ္ (caterpillar)၊ ပိုးေတာင္မာ (beetles) နဲ႔ ယင္ (flies)ေတြကို ႏွိမ္ႏွင္းနိုင္ပါတယ္။


ထရိုင္ကိုဒါးမား (Trichoderma) မွိုဟာဆိုရင္လည္း ဇီဝပိုးသတ္ေဆးျဖစ္ပါတယ္။ မွိုေၾကာင့္ျဖစ္တဲ့ အပင္အျမစ္ေရာဂါေတြနဲ႔ နိမတုတ္(nematode)ေတြကိုႏွိမ္ႏွင္းနိုင္ပါတယ္။

ေျမႀကီးထဲကအက်ိဳးျပဳသက္ရွိေတြဟာ
#ဟူးမတ္စ္(humas)ကိုျဖစ္ေပၚေစတယ္။
ဟူးမတ္စ္ဆိုတာ ေျမႀကီးထဲက ညိဳမဲေနတဲ့ ဂ်ယ္လီလို ေအာ္ဂင္းနစ္ပစၥည္းျဖစ္ပါတယ္။ အက်ိဳးျပဳအဏုဇီဝပိုးေတြေၾကာင့္ အပင္နဲ႔တိရိစၧာန္အႂကြင္းအက်န္ေတြ ေဆြးေျမ့သြားတဲ့​ျဖစ္စဥ္ေနာက္ဆုံးမွာ ​ဟူးမတ္စ္ကိုရပါတယ္။

ဟူးမတ္စ္ဟာ
#ေျမႀကီးရဲ့အစိုဓာတ္ကိုထိန္းေပးတယ္။
#ေျမႀကီးရဲ့ဖြဲ႕စည္းပုံကိုေကာင္းမြန္ေစတယ္။
#ေျမႀကီးရဲ့ဓာတ္ဖိုဖလွယ္စြမ္းအားအတြက္အေရးပါ ပါတယ္။

အခ်ဳပ္အားျဖင့္ ေျမႀကီးရဲ့႐ုပ္ပိုင္း၊ဓာတုပိုင္း၊ဇီဝပိုင္းဆိုင္ရာဂုဏ္သတၱိေတြကို သိရွိနားလည္ၿပီး
ေျမႀကီးကိုစနစ္တက်စီမံခန္႔ခြဲတတ္မယ္ဆိုရင္ ေျမႀကီးရဲ့အရည္အေသြးဟာ ေကာင္းမြန္လာနိုင္မယ္။ သီးႏွံအတြက္ကုန္က်စရိတ္ေတြသက္သာလာမယ္။သဘာဝပတ္ဝန္းက်င္ညစ္ညမ္းမွုေတြကို ကာကြယ္နိုင္မယ္။ေနာက္ဆုံး စိုက္ပ်ိဳးတဲ့သီးႏွံအထြက္ႏုန္း​တိုးတက္ၿပီး သီးႏွံရဲ့အရည္အေသြးဟာလည္းပိုမိုေကာင္းမြန္လာမယ္ ျဖစ္ပါတယ္။ ။

အာခီယာ(စိုက္ပ်ိဳးပညာ)

ရည္ညြန္းကိုးကား
https://sesl.com.au/blog/the-role-of-soil-microorganisms/
http://www.soilquality.org.au/factsheets/soil-biological-fertility
https://www.dpi.nsw.gov.au/agriculture/soils/structure/garden
https://blog.agrivi.com/post/five-ways-to-manage-the-soil-for-planting
https://m.espacepourlavie.ca/en/soil-structure
https://www.gardeners.com/how-to/what-type-of-soil-do-you-have/9120.html
https://www.sciencelearn.org.nz/resources/957-soil-properties

No comments: