Saturday, June 27, 2020

လယ်ယာမြေကို အရပ်စာချုပ်နဲ့ အရောင်းအဝယ် လုပ်


လယ်ယာမြေကို အရပ်စာချုပ်နဲ့ အရောင်းအဝယ် လုပ်နေတာ ဓလေ့တစ်ခုလို ဖြစ်နေပါတယ်။ ပုံစံ ၇ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရောင်းအဝယ် လုပ်တာ တရားဝင်ပါ သလား။ လယ်ယာမြေကို အရောင်းအဝယ် လုပ်ရာမှာ တရားဝင် ဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာ သိလိုပါတယ်။

လယ်ယာမြေကို အရပ်စာချုပ်နဲ့ အရောင်းအဝယ် လုပ်နေတာ တရားဝင်သလား၊ ပုံစံ ၇ ရှိ ရှိ မရှိ ရှိ လယ်ယာမြေကို အရောင်းအဝယ် လုပ်လို့ ရသလားလို့မေးလာရင် ပြန်ဖြေရမဲ့ အဖြေက တိုတိုလေးပါဘဲ။ အရပ်စာချုပ်ဖြင့် ရောင်းဝယ်ခြင်းသည် တရား မဝင်ပါ။ ပုံစံ ၇ မရှိသည့် လယ်ယာမြေကို ရောင်းဝယ် လွှဲပြောင်းခွင့် မရှိပါလို့ဘဲ ဖြေရပါမယ်။

အခုလို အရပ်သဘော လယ်ယာမြေတွေ ရောင်းဝယ်လွှဲပြောင်းနေတာ ရှိနေ ပါတယ်။ လယ်ယာမြေ ဥပဒေက လယ်ယာမြေကို ရောင်းဝယ်ခွင့် ပေးတာ မဟုတ်ဘဲ လယ်ယာမြေ လုပ်ပိုင်ခွင့် Right to use the Farmland ကိုသာ လွှဲပြောင်း ရောင်းဝယ်ခွင့် ပေးထား တာပါ။ လယ်ယာမြေ လုပ်ပိုင်ခွင့် တစ်နည်းဆိုသော် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ ၇) ရှိသူ၊ လယ်ယာမြေကို တရားဝင်လုပ်ပိုင်ခွင့် ရသူကသာ ၄င်းရရှိထားသည့် လုပ်ပိုင်ခွင့်ကို လွှဲပြောင်းရောင်းချနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ လယ်ယာမြေ ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) မှာ ဒီလို ဆိုထားပါတယ်။

ပုဒ်မ ၉။ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသည် အောက်ပါ အခွင့်အရေးများကို ရရှိစေရမည်။

 (ခ) လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသည် လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်း ခွင့် ရရှိစေရမည်။ သို့သော် လုပ်ပိုင်ခွင့်အား ရောင်း၊ ပေါင်၊ ငှား၊ လဲလှယ်နှင့် ပေးကမ်းခြင်း ဆောင်ရွက်ရာတွင် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဂ) စည်းကမ်းချက်ကို လိုက်နာရပါမယ်။

 ပုဒ်မ ၁၂။ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသည် -

(ဂ) လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ဦးစီးဌာနက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခတို့ကို ပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ် ဦးစီး ဌာနရုံးတွင် မှတ်ပုံတင်ရမည်။ ပုဒ်မ ၉ နှင့် ပုဒ်မ ၁၂ တို့၏ စကားရပ်က လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသည်.. လို့ အစချီထားသည့်အတွက် အထက်ပါ ရောင်း ပေါင်၊ ငှား၊ လဲ၊ ပေး ကိစ္စရပ်တွေကို ပုံစံ ၇ ရသူသာ လုပ်ပိုင်ခွင့်ရှိပြီး ယင်းပုဂ္ဂိုလ်သည် ပုဒ်မ ၁၂ (ဂ) အရ တံဆိပ်ခွန် ထမ်းဆောင်သည့် စာချုပ်ဖြင့် စာချုပ်ဆို၍ မြေစာရင်း ဦးစီးဌာနတွင် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

ပုဒ်မ ၉ ပါ အခွင့်အရေး ခံစားခွင့် ရှိသူသည် ပုံစံ ၇ ရရှိသူသာ ဖြစ်ပါတယ်။ ထိုကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို အရောင်းအဝယ် လုပ်ခြင်းအတွက် ရောင်းသူ အနေဖြင့် ပုံစံ ၇ ရရှိသူကသာ ရောင်းချနိုင်ခွင့် ရှိပြီး ဝယ်သူ အနေနှင့်လည်း ပုံစံ ၇ ရရှိသူ သို့မဟုတ် အမွေဆက်ခံသူ သို့မဟုတ် ကိုယ်စားလှယ် လွှဲအပ်သူ ထံကသာ ဝယ်ယူခွင့် ရှိပါမယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်၊ ပေးကမ်းခြင်း များကို အရပ် စာချုပ်နဲ့ ဆောင်ရွက်ခွင့် မရှိပါဘူး။ ပုဒ်မ ၁၂၊ ပုဒ်ခွဲ(ဂ)ပါ စည်းကမ်းချက် အတိုင်း သတ်မှတ် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားသည့် စာချုပ်ဖြင့် ချုပ်ဆိုရမည်ဖြစ်ပြီး ယင်း စာချုပ်ကို သတ်မှတ်ထားသည့် စာချုပ်စာတမ်း မှတ်ပုံတင်ခ ပေးဆောင်၍ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှာ မှတ်ပုံတင် ရပါမယ်။

လယ်ယာမြေဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) ပါ အခွင့်အရေး ဖြစ်သည့် "လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းများ ဆောင်ရွက်ရန် သတ်မှတ်ထားသည့် ပြဌာန်းချက်များကို နည်းဥပဒေမှာ ဖေါ်ပြထားပါတယ်။ နည်းဥပဒေ ၂၄ (က) အရ အထက်ပါ ကိစ္စများအတွက် လွှဲပြောင်းပေးသူနှင့် လွှဲပြောင်း လက်ခံသူတို့သည် နှစ်ဦးသဘောတူ စာချုပ်ကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ရှေ့မှောက်မှာ တံဆိပ်ခေါင်းခွန် ထမ်းဆောင်၍ စာချုပ်ချုပ်ဆို ရမည်ဖြစ်ပါတယ်။ (ရပ်ကျေး လယ်စီရှေ့မှောက်တွင် စာချုပ် မချုပ်ဆိုမီ လွှဲပြောင်းရောင်းဝယ်သော လယ်ယာ မြေအား ဒေသန္တရတန်ဘိုး ဖြတ်ပေးရန် လျှောက်ထားခြင်း၊ မြို့နယ်လယ်စီမှ မြေတန်ဘိုး သတ်မှတ်ခြင်း၊ ယင်းတန်ဘိုးအရ တန်ဘိုး၏ ၂ ရာခိုင်နှုန်းကို တံဆိပ်ခွန် ထမ်းဆောင်ခြင်း၊ ယင်း တံဆိပ်ခေါင်း ပေါ်တွင် စာချုပ်ရေးသား ချုပ်ဆိုခြင်း ဆောင်ရွက်ရမည် ဖြစ်ပါတယ်။

ပုဒ်မ ၁၂ (ဂ) နှင့် နည်း ၂၄ (ခ) အရ စာချုပ် ချုပ်ဆိုသည့် နေ့မှစ၍ ရက်ပေါင်း (၁၂၀) အတွင်း သက်ဆိုင်ရာ မြို့နယ် ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရပါမည်။ ရောင်းဝယ်သော လယ်ယာမြေတန်ဘိုး၏ (၀.၅)% ကို မှတ်ပုံတင်ခအဖြစ် ပေးသွင်းရပါမည်။ ယင်းသို့ ဆောင်ရွက်ပြီး သောအခါ နည်းဥပဒေ ၂၅၊ နည်းဥပဒေခွဲ (က) နှင့် (ခ) အရ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်နှင့် ပုံစံ ၇ မူရင်း ပူးတွဲ၍ ပုံစံ ၉ ဖြင့် မြို့နယ် ဦးစီးဌာနရုံးသို့ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူ အမည်ပြောင်းလျှောက်ထား ဆောင်ရွက်ရပါမည်။

အဆိုပါ လုပ်ငန်းစဉ် များအတွက် ဗဟိုလယ်စီမှ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)၊ ညွှန်ကြားချက် အမှတ် (၃/၂၀၁၉) နှင့် ညွန်ကြားချက် အမှတ် (၄/၂၀၁၉) တို့ဖြင့် ထုတ်ပြန် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

DVB မေး // ဆရာဇော် ဖြေ
Credit ... ဆရာဦးဇော်မင်း (နတ်မောက်)
Original Uploader;  Sir Myo Min Htun

(Zawgyi)

လယ္ယာေျမကို အရပ္စာခ်ဳပ္နဲ႔ အေရာင္းအ၀ယ္ လုပ္ေနတာ ဓေလ့တစ္ခုလို ျဖစ္ေနပါတယ္။ ပုံစံ ၇ ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ အေရာင္းအ၀ယ္ လုပ္တာ တရားဝင္ပါ သလား။ လယ္ယာေျမကို အေရာင္းအ၀ယ္ လုပ္ရာမွာ တရားဝင္ ျဖစ္ေအာင္ ဘယ္လို လုပ္ရမလဲဆိုတာ သိလိုပါတယ္။

လယ္ယာေျမကို အရပ္စာခ်ဳပ္နဲ႔ အေရာင္းအ၀ယ္ လုပ္ေနတာ တရားဝင္သလား၊ ပုံစံ ၇ ရွိ ရွိ မရွိ ရွိ လယ္ယာေျမကို အေရာင္းအ၀ယ္ လုပ္လို့ ရသလားလို့ေမးလာရင္ ျပန္ေျဖရမဲ့ အေျဖက တိုတိုေလးပါဘဲ။ အရပ္စာခ်ဳပ္ျဖင့္ ေရာင္းဝယ္ျခင္းသည္ တရား မ၀င္ပါ။ ပုံစံ ၇ မရွိသည့္ လယ္ယာေျမကို ေရာင္းဝယ္ လႊဲေျပာင္းခြင့္ မရွိပါလို့ဘဲ ေျဖရပါမယ္။

အခုလို အရပ္သေဘာ လယ္ယာေျမေတြ ေရာင္းဝယ္လႊဲေျပာင္းေနတာ ရွိေန ပါတယ္။ လယ္ယာေျမ ဥပေဒက လယ္ယာေျမကို ေရာင္းဝယ္ခြင့္ ေပးတာ မဟုတ္ဘဲ လယ္ယာေျမ လုပ္ပိုင္ခြင့္ Right to use the Farmland ကိုသာ လႊဲေျပာင္း ေရာင္းဝယ္ခြင့္ ေပးထား တာပါ။ လယ္ယာေျမ လုပ္ပိုင္ခြင့္ တစ္နည္းဆိုေသာ္ လယ္ယာေျမ လုပ္ပိုင္ခြင့္ျပဳ လက္မွတ္ (ပုံစံ ၇) ရွိသူ၊ လယ္ယာေျမကို တရားဝင္လုပ္ပိုင္ခြင့္ ရသူကသာ ၄င္းရရွိထားသည့္ လုပ္ပိုင္ခြင့္ကို လႊဲေျပာင္းေရာင္းခ်နိုင္တဲ့ အခြင့္အေရး ရွိပါတယ္။ လယ္ယာေျမ ဥပေဒ ပုဒ္မ ၉၊ ပုဒ္မခြဲ (ခ) မွာ ဒီလို ဆိုထားပါတယ္။

ပုဒ္မ ၉။ လယ္ယာေျမ လုပ္ပိုင္ခြင့္ ရရွိသူသည္ ေအာက္ပါ အခြင့္အေရးမ်ားကို ရရွိေစရမည္။

 (ခ) လယ္ယာေျမ လုပ္ပိုင္ခြင့္ ရရွိသူသည္ လယ္ယာေျမကို အားလုံးျဖစ္ေစ၊ တစ္စိတ္ တစ္ပိုင္းျဖစ္ေစ၊ လုပ္ပိုင္ခြင့္အား သတ္မွတ္ထားေသာ စည္းကမ္းခ်က္မ်ားႏွင့္ အညီ ေရာင္းခ်ခြင့္၊ ေပါင္ႏွံခြင့္၊ ငွားရမ္းခြင့္၊ လဲလွယ္ခြင့္ႏွင့္ ေပးကမ္း ခြင့္ ရရွိေစရမည္။ သို့ေသာ္ လုပ္ပိုင္ခြင့္အား ေရာင္း၊ ေပါင္၊ ငွား၊ လဲလွယ္ႏွင့္ ေပးကမ္းျခင္း ေဆာင္ရြက္ရာတြင္ ပုဒ္မ ၁၂၊ ပုဒ္မခြဲ (ဂ) စည္းကမ္းခ်က္ကို လိုက္နာရပါမယ္။

 ပုဒ္မ ၁၂။ လယ္ယာေျမ လုပ္ပိုင္ခြင့္ ရရွိသူသည္ -

(ဂ) လယ္ယာေျမ လုပ္ပိုင္ခြင့္ကို ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္းႏွင့္ ေပးကမ္းျခင္းတို့ကို ေဆာင္ရြက္သည့္အခါ ဦးစီးဌာနက သတ္မွတ္သည့္ တံဆိပ္ေခါင္းခြန္ႏွင့္ စာခ်ဳပ္စာတမ္း မွတ္ပုံတင္ခတို့ကို ေပးေဆာင္၍ သက္ဆိုင္ရာ ၿမိဳ့နယ္ ဦးစီး ဌာန႐ုံးတြင္ မွတ္ပုံတင္ရမည္။ ပုဒ္မ ၉ ႏွင့္ ပုဒ္မ ၁၂ တို့၏ စကားရပ္က လယ္ယာေျမ လုပ္ပိုင္ခြင့္ ရရွိသူသည္.. လို့ အစခ်ီထားသည့္အတြက္ အထက္ပါ ေရာင္း ေပါင္၊ ငွား၊ လဲ၊ ေပး ကိစၥရပ္ေတြကို ပုံစံ ၇ ရသူသာ လုပ္ပိုင္ခြင့္ရွိၿပီး ယင္းပုဂၢိဳလ္သည္ ပုဒ္မ ၁၂ (ဂ) အရ တံဆိပ္ခြန္ ထမ္းေဆာင္သည့္ စာခ်ဳပ္ျဖင့္ စာခ်ဳပ္ဆို၍ ေျမစာရင္း ဦးစီးဌာနတြင္ မွတ္ပုံတင္ရမွာ ျဖစ္ပါတယ္။

ပုဒ္မ ၉ ပါ အခြင့္အေရး ခံစားခြင့္ ရွိသူသည္ ပုံစံ ၇ ရရွိသူသာ ျဖစ္ပါတယ္။ ထိုေၾကာင့္ လယ္ယာေျမလုပ္ပိုင္ခြင့္ကို အေရာင္းအ၀ယ္ လုပ္ျခင္းအတြက္ ေရာင္းသူ အေနျဖင့္ ပုံစံ ၇ ရရွိသူကသာ ေရာင္းခ်နိုင္ခြင့္ ရွိၿပီး ၀ယ္သူ အေနႏွင့္လည္း ပုံစံ ၇ ရရွိသူ သို့မဟုတ္ အေမြဆက္ခံသူ သို့မဟုတ္ ကိုယ္စားလွယ္ လႊဲအပ္သူ ထံကသာ ၀ယ္ယူခြင့္ ရွိပါမယ္။ လယ္ယာေျမ လုပ္ပိုင္ခြင့္ကို ေရာင္းခ်၊ ေပါင္ႏွံ၊ ငွားရမ္း၊ လဲလွယ္၊ ေပးကမ္းျခင္း မ်ားကို အရပ္ စာခ်ဳပ္နဲ႔ ေဆာင္ရြက္ခြင့္ မရွိပါဘူး။ ပုဒ္မ ၁၂၊ ပုဒ္ခြဲ(ဂ)ပါ စည္းကမ္းခ်က္ အတိုင္း သတ္မွတ္ တံဆိပ္ေခါင္းခြန္ ထမ္းေဆာင္ထားသည့္ စာခ်ဳပ္ျဖင့္ ခ်ဳပ္ဆိုရမည္ျဖစ္ၿပီး ယင္း စာခ်ဳပ္ကို သတ္မွတ္ထားသည့္ စာခ်ဳပ္စာတမ္း မွတ္ပုံတင္ခ ေပးေဆာင္၍ ၿမိဳ့နယ္ လယ္ယာေျမ စီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွာ မွတ္ပုံတင္ ရပါမယ္။

လယ္ယာေျမဥပေဒ ပုဒ္မ ၉၊ ပုဒ္မခြဲ (ခ) ပါ အခြင့္အေရး ျဖစ္သည့္ "လယ္ယာေျမ လုပ္ပိုင္ခြင့္ကို ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္းႏွင့္ ေပးကမ္းျခင္းမ်ား ေဆာင္ရြက္ရန္ သတ္မွတ္ထားသည့္ ျပဌာန္းခ်က္မ်ားကို နည္းဥပေဒမွာ ေဖၚျပထားပါတယ္။ နည္းဥပေဒ ၂၄ (က) အရ အထက္ပါ ကိစၥမ်ားအတြက္ လႊဲေျပာင္းေပးသူႏွင့္ လႊဲေျပာင္း လက္ခံသူတို့သည္ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ကို သက္ဆိုင္ရာ ရပ္ကြက္ သို့မဟုတ္ ေက်းရြာအုပ္စု လယ္ယာေျမ စီမံခန႔္ခြဲမွု အဖြဲ႕ေရွ႕ေမွာက္မွာ တံဆိပ္ေခါင္းခြန္ ထမ္းေဆာင္၍ စာခ်ဳပ္ခ်ဳပ္ဆို ရမည္ျဖစ္ပါတယ္။ (ရပ္ေက်း လယ္စီေရွ႕ေမွာက္တြင္ စာခ်ဳပ္ မခ်ဳပ္ဆိုမီ လႊဲေျပာင္းေရာင္းဝယ္ေသာ လယ္ယာ ေျမအား ေဒသႏၲရတန္ဘိုး ျဖတ္ေပးရန္ ေလၽွာက္ထားျခင္း၊ ၿမိဳ့နယ္လယ္စီမွ ေျမတန္ဘိုး သတ္မွတ္ျခင္း၊ ယင္းတန္ဘိုးအရ တန္ဘိုး၏ ၂ ရာခိုင္ႏွုန္းကို တံဆိပ္ခြန္ ထမ္းေဆာင္ျခင္း၊ ယင္း တံဆိပ္ေခါင္း ေပၚတြင္ စာခ်ဳပ္ေရးသား ခ်ဳပ္ဆိုျခင္း ေဆာင္ရြက္ရမည္ ျဖစ္ပါတယ္။

ပုဒ္မ ၁၂ (ဂ) ႏွင့္ နည္း ၂၄ (ခ) အရ စာခ်ဳပ္ ခ်ဳပ္ဆိုသည့္ ေန႔မွစ၍ ရက္ေပါင္း (၁၂၀) အတြင္း သက္ဆိုင္ရာ ၿမိဳ့နယ္ ဦးစီးဌာန႐ုံးတြင္ မွတ္ပုံတင္ရပါမည္။ ေရာင္းဝယ္ေသာ လယ္ယာေျမတန္ဘိုး၏ (၀.၅)% ကို မွတ္ပုံတင္ခအျဖစ္ ေပးသြင္းရပါမည္။ ယင္းသို့ ေဆာင္ရြက္ၿပီး ေသာအခါ နည္းဥပေဒ ၂၅၊ နည္းဥပေဒခြဲ (က) ႏွင့္ (ခ) အရ မွတ္ပုံတင္ အေရာင္းအ၀ယ္ စာခ်ဳပ္ႏွင့္ ပုံစံ ၇ မူရင္း ပူးတြဲ၍ ပုံစံ ၉ ျဖင့္ ၿမိဳ့နယ္ ဦးစီးဌာန႐ုံးသို့ လယ္ယာေျမလုပ္ပိုင္ခြင့္ ရရွိသူ အမည္ေျပာင္းေလၽွာက္ထား ေဆာင္ရြက္ရပါမည္။

အဆိုပါ လုပ္ငန္းစဥ္ မ်ားအတြက္ ဗဟိုလယ္စီမွ ညႊန္ၾကားခ်က္ အမွတ္ (၂/၂၀၁၉)၊ ညႊန္ၾကားခ်က္ အမွတ္ (၃/၂၀၁၉) ႏွင့္ ညြန္ၾကားခ်က္ အမွတ္ (၄/၂၀၁၉) တို့ျဖင့္ ထုတ္ျပန္ ညႊန္ၾကားထားၿပီး ျဖစ္ပါတယ္။

DVB ေမး // ဆရာေဇာ္ ေျဖ
Credit ... ဆရာဦးေဇာ္မင္း (နတ္ေမာက္)
Original Uploader;  Sir Myo Min Htun

No comments: