Tuesday, June 16, 2020

'Exit Interview' နဲ့ ကတ္တီပါလမ်းခွဲဖြစ်ပါစေ

'Exit Interview' နဲ့ ကတ္တီပါလမ်းခွဲဖြစ်ပါစေ
🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗


လုပ်ငန်းတွေမှာ အသစ်ဝင်လာတဲ့ ဝန်ထမ်းတွေရှိသလို အလုပ်ကနေထွက်ခွာ သွားတဲ့ သူတွေလည်းရှိပါတယ်။ အလုပ်အ ကိုင်လစ်လပ်မှုတစ်ခုအတွက် အလုပ် လျှောက်ထားသူတွေကို လူတွေ့အင်တာ ဗျူးလုပ်ဖို့လိုအပ်သလို အလုပ်ထွက်သွား မယ့်ဝန်ထမ်းတွေရှိခဲ့ရင်လည်း အလုပ်ထွက် အင်တာဗျူးလုပ်ဖို့ လိုအပ်ပါတယ်။ အခု နောက်ပိုင်းလုပ်ငန်းတော်တော်များများမှာ အလုပ်ထွက်အင်တာဗျူးတွေလုပ်လာပေ မဲ့ တကယ်ပဲထိရောက်မှုရှိရဲ့လားဆိုတဲ့ မေး ခွန်းကိုမေးစရာဖြစ်လာပါတယ်။ အလုပ် ထွက်အင်တာဗျူး Exit Interview တစ်ခုကိုစနစ်တကျဆောင်ရွက်ခဲ့မယ်ဆိုရင် လုပ်ငန်းအနေဖြင့် မှားယွင်းနေတတ်တဲ့ အခြေအနေတွေပြင်ဆင်ရမှာတွေကို သိရှိ နိုင်မှာဖြစ်သလို နှုတ်ထွက်သွားမယ့်ဝန် ထမ်းနှင့် လုပ်ငန်းရဲ့ဆက်ဆံရေးဟာလည်း ကောင်းကောင်းမွန်မွန်ပဲ အဆုံးသတ်သွား မှာဖြစ်ပါတယ်။ Exit interview  တစ်ခုကို ထိရောက်မှုရှိရှိ၊ အကျိုးရှိရှိအသုံးချလို့ရနိုင် မယ့် နည်းလမ်းတချို့ကိုဖော်ပြလိုပါတယ်။

• Develop and Implement an exit procedure. ဝန်ထမ်းတွေအလုပ်ထွက်တဲ့ အခါမှာ ဘယ်လိုအဆင့်ဆင့်ဆောင်ရွက် ချက်တွေ လုပ်ရမယ်ဆိုတဲ့မူဝါဒ၊ လုပ်နည်း ကိုင်နည်းတွေကို ချမှတ်အကောင်အထည် ဖော်ပါ။ ဝန်ထမ်းတွေ အလုပ်ထွက်တဲ့အ ခါမှာ အင်တာဗျူးလုပ်တာဟာ လုပ်ငန်းအ တွက် အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ ဝန်ထမ်းတွေအနေနှင့် လုပ်ငန်းခွင်တွန်း အားတွေကြောင့်အလုပ်မှထွက်လိုတာလား၊ ပြိုင်ဘက်လုပ်ငန်းတွေက ရာထူး၊ လစာ၊ ခံစားခွင့်တွေပိုပေးလို့ ထွက်ခွာလိုတာလား၊ မိမိတို့လုပ်ငန်းရဲ့စီမံခန့်ခွဲမှုစနစ်တွေညံ့ဖျင်း မှုကြောင့်ထွက်လိုတာလား၊ ထိုက်သင့်တဲ့ ရာထူး၊ လစာ၊ ခံစားခွင့်တွေမရရှိလို့ အလုပ် ထွက်လိုတာလား၊ လုပ်ငန်းခွင်ဆက်ဆံရေး၊ အထက်အောက်ဆက်ဆံရေး၊ ဘေးတိုက် ဆက်ဆံရေးတွေမကောင်းလို့ အလုပ် ထွက်လိုတာလား၊ အလုပ်ချိန်တွေများလို့ လား၊ လုပ်ငန်းခွင်ဖိအားတွေများလို့ထွက် ချင်တာလား၊ လူရောအချိန်ပါလိုအပ်တာ ထက်ပိုပြီး လုပ်ငန်းမှာမြှုပ်နှံထားရလို့ မိသားစုနှင့် လုပ်ငန်းခွင်မညီမျှမှုတွေရှိလို့ အလုပ်ထွက် လိုတာလားဆိုတဲ့ မေးခွန်း ပေါင်းများစွာကို အလုပ်ထွက် အင်တာဗျူး Exit Interview က အတိုင်းအတာ တစ်ခု အထိ အဖြေထုတ်နိုင်ပါတယ်။ ဒါကြောင့်  ဝန်ထမ်းတွေအလုပ်ထွက်ခြင်းနဲ့ပတ်သက် တဲ့ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေချ မှတ်အကောင်အထည်ဖော်ဖို့လိုအပ်ပါ တယ်။

- Plan for the interview. အင်တာဗျူး တစ်ခု(ဘယ်လိုအင်တာဗျူးမျိုးမဆို) လုပ် တိုင်းမှာ ကြိုတင်ပြင်မှုတွေလုပ်ဖို့လိုအပ်ပါ တယ်။ စာရေးသူတို့အားလုံးရင်းနှီးကျွမ်း ဝင်ပြီးသားဖြစ်တဲ့ဆောင်ပုဒ်တစ်ခုလို If you fail to plan, you are planning to fail. အစီအစဉ်ဆွဲဖို့ကျရှုံးခဲ့ရင် ကျရှုံးဖို့အ တွက် အစီအစဉ်ဆွဲနေသလိုဖြစ်တတ်ပါ တယ်။ Exit interview လုပ်တာဟာ အ လုပ်ထွက်လိုတဲ့ဝန်ထမ်းကို ဘာကြောင့်အ လုပ်မှထွက်လိုကြောင်း အကြောင်းအရာ တွေပြောခွင့်ပေးတာပဲဖြစ်ပါတယ်။ ဒီနေ ရာမှာ စာရေးသူတို့အနေနဲ့ Exit Interview အတွက် မေးခွန်းပုံစံတွေကြိုတင်ပြင် ဆင်ထားဖို့လိုအပ်ပါတယ်။ လုပ်ငန်းအ တွက် ဘာတွေပြုပြင်ပြောင်းလဲမှုတွေလုပ် ဖို့လိုအပ်သလဲ၊ လုပ်ငန်းကို ဘယ်လိုအကြံ ဉာဏ်တွေပေးဖို့လိုအပ်မလဲဆိုတဲ့ အ ကြောင်းအရာတွေနဲ့ပတ်သက်ပြီး မေးခွန်း တွေကိကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါ တယ်။ ယေဘုယျအားဖြင့် မေးသင့်တဲ့မေး ခွန်းခေါင်းစဉ်တွေကတော့ လုပ်ငန်းရဲ့ ခေါင်းဆောင်မှုပုံစံ၊ စီမံခန့်ခွဲပုံစံတွေ၊ သက် ဆိုင်ရာကြီးကြပ်သူ၊ စီမံခန့်ခွဲသူတွေရဲ့စီမံ ခန့်ခွဲမှုအကြောင်းတွေ၊ သင်တန်းပေးခြင်း နှင့် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းတွေ၊ လုပ်ငန်းအပေါ်မျှော်လင့်ထားတာတွေ၊ မူဝါဒလုပ်ထုံးလုပ်နည်းတွေ၊ စိတ်ဓာတ်ရေး ရာတက်ကြွမှုအကြောင်းတွေ၊ လစာနဲ့ အခြားခံစားခွင့်အကြောင်းတွေဖြစ်ပါတယ်။  ဒီလိုမေးခွန်းတွေအပေါ်မှာ ပြန်လည် ဖြေကြားတဲ့အဖြေတွေက လုပ်ငန်းအတွက် အသုံးဝင်ပါတယ်။ ဒီလိုအင်တာဗျူးတွေက ရလာတဲ့အဖြေတွေအပေါ်မှာကြည်ပြီး Analysis တွေလုပ်ဖို့လိုအပ်ပါတယ်။ Analysis  လုပ်ခြင်းအားဖြင့် လုပ်ငန်းကြီး တစ်ခုလုံးရဲ့စီမံခန့်ခွဲမှုပုံစံတွေပြောင်းလဲဖို့ လိုအပ်နေပြီလား၊ လစာနဲ့ခံစားခွင့်ဆိုင်ရာ ဖွဲ့စည်းပုံတွေပြောင်းလဲဖို့လိုနေပြီလား၊ သက်ဆိုင်ရာဝန်ထမ်းတွေ၊ ကြီးကြပ်သူစီမံ ခန့်ခွဲသူတွေကို သင်တန်းတွေပေးဖို့ လို အပ်နေပြီလား၊ လုပ်ငန်းခွင်ဆက်ဆံရေး တွေ ပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဖို့ လိုအပ်နေပြီလားဆိုတဲ့ အကြောင်းအရင်း တွေ ထွက်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက Analysis လုပ်လို့ ဘာ တွေပြောင်းလဲရမှာလဲဆိုတာကိုတော့ သိ လာတယ်။ ဘာမှပြောင်းလဲမှုမလုပ်ဘူးဆို ရင်တော့Exit Interview  ကိုလည်း လုပ်ဖို့ မလိုအပ်တော့ပါဘူး။ လုပ်ငန်းတော်တော် များများမှဖြစ်နေတာကိုမြင်နေ၊ ကြားနေ ရလို့ဖြစ်ပါတယ်။

- Schedule the interview. အင်တာဗျူး အတွက် အချိန်ကာလအစီအစဉ်လုပ်ပါ။ ပွင့်လင်းမြင်သာမှုရှိတဲ့ အနီးစပ်ဆုံးတိကျ မှန်ကန်မှုရှိနိုင်တဲ့ အင်တာဗျူးတစ်ခုဟာ အဲဒီအင်တာဗျူးလုပ်မယ့်နေရာနဲ့အချိန်အ ပေါ်မှာလည်း မူတည်နိုင်ပါတယ်။ အလုပ် ထွက်မယ်ဆိုရင် အများအားဖြင့် ဝန်ထမ်း ဘက်က (၁) လကြိုတင်ရတာမျိုးရှိပါ တယ်။ အဲလို (၁) လကြိုတင်လို့ နောက် ဆုံးအပတ်ရောက်လာရင် နောက်ဆုံးအ ပတ်ဟာ Exit Interview အတွက်အ ကောင်းဆုံးအချိန်ဖြစ်နိုင်ပါတယ်။ အလုပ် ထွက်မယ့်ဝန်ထမ်းကိုလည်း တတ်နိုင်သမျှ မှန်မှန်ကန်ကန်ဖြေကြားပေးဖို့ အားပေးရ ပါမယ်။ မိမိအနေနှင့် သူဖြေကြားတဲ့အ ဖြေတွေအပေါ်မှလိုက်ပါမှတ်သားနေတယ် ဆိုတာကို သိရှိအောင်လုပ်ပါ။

- Assure confidentialality. တစ်ခါတလေ မှာ အလုပ်ထွက်မယ့် ဝန်ထမ်းတွေအနေ နှင့် သူတို့ဖြေမယ့်ဖြေကြားချက်တွေဟာ ပြန်လည်ပေါက်ကြားပြီး တချို့လူမှုရေး ပြဿနာတွေမဖြစ်လိုတာကြောင့် အမှန် တွေကိုမဖြေလိုဘဲရှိတတ်ပါတယ်။ အလုပ် ထွက်အင်တာဗျူးနဲ့ပတ်သက်ပြီး မေးမြန်း ဖြေဆိုချက်တွေအားလုံးကို တင်းတင်း ကျပ်ကျပ်နဲ့လုံခြုံမှုရှိရှိ Confidentially သိမ်းဆည်းထားမှာဖြစ်ကြောင်း သူတို့သိ အောင်လုပ်ဖို့လိုအပ်ပါတယ်။

- Ask, ask, ask. မေးပါ၊ မေးပါ၊ ထပ်မေး ပါ။ မေးမြန်းသူတွေအနေနှင့် အလုပ်ထွက် မယ့်ဝန်ထမ်းနဲ့ပတ်သက်ပြီး ဘာကြောင့် အလုပ်ထွက်လိုကြောင်းသိလိုတာရှိပါက မေးပါ။ မရှင်းရင် ထပ်မေးပါ။ ဒီလိုမေးတဲ့ နေရာမှာလည်း အပိတ်မေးခွန်း၊ Yes or No နဲ့ဖြေရမယ့်မေးခွန်းတွေကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။ ဒီလိုမေးခွန်းတွေဟာ လုပ်ငန်းအတွက် အကျိုးရှိသင့်သလောက် မရှိဘဲဖြစ်တတ်ပါတယ်။ ဘာကြောင့်အ လုပ်မှထွက်လိုတာလဲ၊ ဘယ်လိုတွေဖြစ်လို့ လဲဆိုတဲ့ အဖွင့်မေးခွန်းမျိုးတွေ မေးသင့် ပါတယ်။ ဖြစ်နိုင်ရင် ဥပမာတစ်ခုလောက် ပြောပြပါလားဆိုတာမျိုးလည်း မေးသင့်ပါ တယ်။

- End the interview positively. ကတ္ထီပါ လမ်းခွဲဖြစ်ပါစေ။ မိမိတို့လုပ်ငန်းကနေ ထွက်ခွာသွားတဲ့ဝန်ထမ်းတွေဟာ တစ်ခါ တလေမှာ လုပ်ငန်းအတွက် အပြုသဘော ဆောင်တဲ့ကြော်ငြာနေရာတစ်ခုဖြစ်နေတတ် ပါတယ်။ အလုပ်ထွက်တဲ့ဝန်ထမ်းတွေနဲ့ အဆင်ပြေပြေလမ်းခွဲခဲ့တာဟာ အနာဂတ် မှာ လုပ်ငန်းအတွက် ဝန်ထမ်းတွေလိုအပ် လို့ ရှာဖွေတဲ့နေရာမှာလည်း တစ်ဆင့် စကားတစ်ဆင့်ပြောစကားတွေအရ မိမိ တို့လုပ်ငန်းအတွက Advertising Sources  တွေဖြစ်သွားတတ်ပါတယ်။ အဆင်မပြေ ဘဲ ခွဲခွာခဲ့ရင်လည်း တဆင့်စကားတစ်ဆင့် ပြောစကားတွေအရ လုပ်ငန်းအပေါ်မှာ လုပ်သားဈေးကွက်ထဲက ဝန်ထမ်းလောင်း အသစ်တွေရဲ့မကောင်းတဲ့အမြင်တွေ သက်ရောက်သွားစေပါတယ်။ ဖြစ်နိုင်ရင် တော့ ခင်ဗျားကိုမထွက်စေချင်ပါဘူး။ ဒါပေမဲ့မတတ်သာလို့ ထွက်သွားပေမယ့် ခင်းဗျားရဲ့အရည်အချင်းတွေကို ကျွန်တော် နဲ့အတူလုပ်ဖော်ကိုင်ဘက်တွေက အသိအ မှတ်ပြုပြောဆိုနေကြဦးမှာပါ။ ခင်ဗျားအ နေနှင့် နောက်အလုပ်သစ်မှာလည်း အ ဆင်ပြေအောင်မြင်လိမ့်လို့ ကျွန်တော်တို့ ယုံကြည်မျှော်လင့်မိပါတယ်ဆိုတဲ့ ကတ္ထီပါ လမ်းခွဲမျိုးဖြစ်ပါစေ။

Ref:
The Management Bible by Neil Flanagan & Jarvis Finger

လေးစားစွာဖြင့်

ပိုင်စိုး (Management)

(Zawgyi)

'Exit Interview' နဲ႔ ကတၱီပါလမ္းခြဲျဖစ္ပါေစ
🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗


လုပ္ငန္းေတြမွာ အသစ္ဝင္လာတဲ့ ဝန္ထမ္းေတြရွိသလို အလုပ္ကေနထြက္ခြာ သြားတဲ့ သူေတြလည္းရွိပါတယ္။ အလုပ္အ ကိုင္လစ္လပ္မွုတစ္ခုအတြက္ အလုပ္ ေလၽွာက္ထားသူေတြကို လူေတြ႕အင္တာ ဗ်ဴးလုပ္ဖို့လိုအပ္သလို အလုပ္ထြက္သြား မယ့္ဝန္ထမ္းေတြရွိခဲ့ရင္လည္း အလုပ္ထြက္ အင္တာဗ်ဴးလုပ္ဖို့ လိုအပ္ပါတယ္။ အခု ေနာက္ပိုင္းလုပ္ငန္းေတာ္ေတာ္မ်ားမ်ားမွာ အလုပ္ထြက္အင္တာဗ်ဴးေတြလုပ္လာေပ မဲ့ တကယ္ပဲထိေရာက္မွုရွိရဲ့လားဆိုတဲ့ ေမး ခြန္းကိုေမးစရာျဖစ္လာပါတယ္။ အလုပ္ ထြက္အင္တာဗ်ဴး Exit Interview တစ္ခုကိုစနစ္တက်ေဆာင္ရြက္ခဲ့မယ္ဆိုရင္ လုပ္ငန္းအေနျဖင့္ မွားယြင္းေနတတ္တဲ့ အေျခအေနေတြျပင္ဆင္ရမွာေတြကို သိရွိ နိုင္မွာျဖစ္သလို ႏွုတ္ထြက္သြားမယ့္ဝန္ ထမ္းႏွင့္ လုပ္ငန္းရဲ့ဆက္ဆံေရးဟာလည္း ေကာင္းေကာင္းမြန္မြန္ပဲ အဆုံးသတ္သြား မွာျဖစ္ပါတယ္။ Exit interview  တစ္ခုကို ထိေရာက္မွုရွိရွိ၊ အက်ိဳးရွိရွိအသုံးခ်လို့ရနိုင္ မယ့္ နည္းလမ္းတခ်ိဳ့ကိုေဖာ္ျပလိုပါတယ္။

• Develop and Implement an exit procedure. ဝန္ထမ္းေတြအလုပ္ထြက္တဲ့ အခါမွာ ဘယ္လိုအဆင့္ဆင့္ေဆာင္ရြက္ ခ်က္ေတြ လုပ္ရမယ္ဆိုတဲ့မူဝါဒ၊ လုပ္နည္း ကိုင္နည္းေတြကို ခ်မွတ္အေကာင္အထည္ ေဖာ္ပါ။ ဝန္ထမ္းေတြ အလုပ္ထြက္တဲ့အ ခါမွာ အင္တာဗ်ဴးလုပ္တာဟာ လုပ္ငန္းအ တြက္ အက်ိဳးေက်းဇူးေတြရရွိနိုင္ပါတယ္။ ဝန္ထမ္းေတြအေနႏွင့္ လုပ္ငန္းခြင္တြန္း အားေတြေၾကာင့္အလုပ္မွထြက္လိုတာလား၊ ၿပိဳင္ဘက္လုပ္ငန္းေတြက ရာထူး၊ လစာ၊ ခံစားခြင့္ေတြပိုေပးလို့ ထြက္ခြာလိုတာလား၊ မိမိတို့လုပ္ငန္းရဲ့စီမံခန္႔ခြဲမွုစနစ္ေတြညံ့ဖ်င္း မွုေၾကာင့္ထြက္လိုတာလား၊ ထိုက္သင့္တဲ့ ရာထူး၊ လစာ၊ ခံစားခြင့္ေတြမရရွိလို့ အလုပ္ ထြက္လိုတာလား၊ လုပ္ငန္းခြင္ဆက္ဆံေရး၊ အထက္ေအာက္ဆက္ဆံေရး၊ ေဘးတိုက္ ဆက္ဆံေရးေတြမေကာင္းလို့ အလုပ္ ထြက္လိုတာလား၊ အလုပ္ခ်ိန္ေတြမ်ားလို့ လား၊ လုပ္ငန္းခြင္ဖိအားေတြမ်ားလို့ထြက္ ခ်င္တာလား၊ လူေရာအခ်ိန္ပါလိုအပ္တာ ထက္ပိုၿပီး လုပ္ငန္းမွာျမႇုပ္ႏွံထားရလို့ မိသားစုႏွင့္ လုပ္ငန္းခြင္မညီမၽွမွုေတြရွိလို့ အလုပ္ထြက္ လိုတာလားဆိုတဲ့ ေမးခြန္း ေပါင္းမ်ားစြာကို အလုပ္ထြက္ အင္တာဗ်ဴး Exit Interview က အတိုင္းအတာ တစ္ခု အထိ အေျဖထုတ္နိုင္ပါတယ္။ ဒါေၾကာင့္  ဝန္ထမ္းေတြအလုပ္ထြက္ျခင္းနဲ႔ပတ္သက္ တဲ့ မူဝါဒေတြ၊ လုပ္ထုံးလုပ္နည္းေတြခ် မွတ္အေကာင္အထည္ေဖာ္ဖို့လိုအပ္ပါ တယ္။

- Plan for the interview. အင္တာဗ်ဴး တစ္ခု(ဘယ္လိုအင္တာဗ်ဴးမ်ိဳးမဆို) လုပ္ တိုင္းမွာ ႀကိဳတင္ျပင္မွုေတြလုပ္ဖို့လိုအပ္ပါ တယ္။ စာေရးသူတို့အားလုံးရင္းႏွီးကၽြမ္း ဝင္ၿပီးသားျဖစ္တဲ့ေဆာင္ပုဒ္တစ္ခုလို If you fail to plan, you are planning to fail. အစီအစဥ္ဆြဲဖို့က်ရွုံးခဲ့ရင္ က်ရွုံးဖို့အ တြက္ အစီအစဥ္ဆြဲေနသလိုျဖစ္တတ္ပါ တယ္။ Exit interview လုပ္တာဟာ အ လုပ္ထြက္လိုတဲ့ဝန္ထမ္းကို ဘာေၾကာင့္အ လုပ္မွထြက္လိုေၾကာင္း အေၾကာင္းအရာ ေတြေျပာခြင့္ေပးတာပဲျဖစ္ပါတယ္။ ဒီေန ရာမွာ စာေရးသူတို့အေနနဲ႔ Exit Interview အတြက္ ေမးခြန္းပုံစံေတြႀကိဳတင္ျပင္ ဆင္ထားဖို့လိုအပ္ပါတယ္။ လုပ္ငန္းအ တြက္ ဘာေတြျပဳျပင္ေျပာင္းလဲမွုေတြလုပ္ ဖို့လိုအပ္သလဲ၊ လုပ္ငန္းကို ဘယ္လိုအႀကံ ဉာဏ္ေတြေပးဖို့လိုအပ္မလဲဆိုတဲ့ အ ေၾကာင္းအရာေတြနဲ႔ပတ္သက္ၿပီး ေမးခြန္း ေတြကိႀကိဳတင္ျပင္ဆင္ထားဖို့ လိုအပ္ပါ တယ္။ ေယဘုယ်အားျဖင့္ ေမးသင့္တဲ့ေမး ခြန္းေခါင္းစဥ္ေတြကေတာ့ လုပ္ငန္းရဲ့ ေခါင္းေဆာင္မွုပုံစံ၊ စီမံခန္႔ခြဲပုံစံေတြ၊ သက္ ဆိုင္ရာႀကီးၾကပ္သူ၊ စီမံခန္႔ခြဲသူေတြရဲ့စီမံ ခန္႔ခြဲမွုအေၾကာင္းေတြ၊ သင္တန္းေပးျခင္း ႏွင့္ ဖြံ့ၿဖိဳးတိုးတက္မွုအခြင့္အလမ္းေတြ၊ လုပ္ငန္းအေပၚေမၽွာ္လင့္ထားတာေတြ၊ မူဝါဒလုပ္ထုံးလုပ္နည္းေတြ၊ စိတ္ဓာတ္ေရး ရာတက္ႂကြမွုအေၾကာင္းေတြ၊ လစာနဲ႔ အျခားခံစားခြင့္အေၾကာင္းေတြျဖစ္ပါတယ္။  ဒီလိုေမးခြန္းေတြအေပၚမွာ ျပန္လည္ ေျဖၾကားတဲ့အေျဖေတြက လုပ္ငန္းအတြက္ အသုံးဝင္ပါတယ္။ ဒီလိုအင္တာဗ်ဴးေတြက ရလာတဲ့အေျဖေတြအေပၚမွာၾကည္ၿပီး Analysis ေတြလုပ္ဖို့လိုအပ္ပါတယ္။ Analysis  လုပ္ျခင္းအားျဖင့္ လုပ္ငန္းႀကီး တစ္ခုလုံးရဲ့စီမံခန္႔ခြဲမွုပုံစံေတြေျပာင္းလဲဖို့ လိုအပ္ေနၿပီလား၊ လစာနဲ႔ခံစားခြင့္ဆိုင္ရာ ဖြဲ႕စည္းပုံေတြေျပာင္းလဲဖို့လိုေနၿပီလား၊ သက္ဆိုင္ရာဝန္ထမ္းေတြ၊ ႀကီးၾကပ္သူစီမံ ခန္႔ခြဲသူေတြကို သင္တန္းေတြေပးဖို့ လို အပ္ေနၿပီလား၊ လုပ္ငန္းခြင္ဆက္ဆံေရး ေတြ ပိုမိုတိုးတက္ေကာင္းမြန္ေအာင္လုပ္ဖို့ လိုအပ္ေနၿပီလားဆိုတဲ့ အေၾကာင္းအရင္း ေတြ ထြက္လာမွာျဖစ္ပါတယ္။ ဒါေပမဲ့ တစ္ခုရွိတာက Analysis လုပ္လို့ ဘာ ေတြေျပာင္းလဲရမွာလဲဆိုတာကိုေတာ့ သိ လာတယ္။ ဘာမွေျပာင္းလဲမွုမလုပ္ဘူးဆို ရင္ေတာ့Exit Interview  ကိုလည္း လုပ္ဖို့ မလိုအပ္ေတာ့ပါဘူး။ လုပ္ငန္းေတာ္ေတာ္ မ်ားမ်ားမွျဖစ္ေနတာကိုျမင္ေန၊ ၾကားေန ရလို့ျဖစ္ပါတယ္။

- Schedule the interview. အင္တာဗ်ဴး အတြက္ အခ်ိန္ကာလအစီအစဥ္လုပ္ပါ။ ပြင့္လင္းျမင္သာမွုရွိတဲ့ အနီးစပ္ဆုံးတိက် မွန္ကန္မွုရွိနိုင္တဲ့ အင္တာဗ်ဴးတစ္ခုဟာ အဲဒီအင္တာဗ်ဴးလုပ္မယ့္ေနရာနဲ႔အခ်ိန္အ ေပၚမွာလည္း မူတည္နိုင္ပါတယ္။ အလုပ္ ထြက္မယ္ဆိုရင္ အမ်ားအားျဖင့္ ဝန္ထမ္း ဘက္က (၁) လႀကိဳတင္ရတာမ်ိဳးရွိပါ တယ္။ အဲလို (၁) လႀကိဳတင္လို့ ေနာက္ ဆုံးအပတ္ေရာက္လာရင္ ေနာက္ဆုံးအ ပတ္ဟာ Exit Interview အတြက္အ ေကာင္းဆုံးအခ်ိန္ျဖစ္နိုင္ပါတယ္။ အလုပ္ ထြက္မယ့္ဝန္ထမ္းကိုလည္း တတ္နိုင္သမၽွ မွန္မွန္ကန္ကန္ေျဖၾကားေပးဖို့ အားေပးရ ပါမယ္။ မိမိအေနႏွင့္ သူေျဖၾကားတဲ့အ ေျဖေတြအေပၚမွလိုက္ပါမွတ္သားေနတယ္ ဆိုတာကို သိရွိေအာင္လုပ္ပါ။

- Assure confidentialality. တစ္ခါတေလ မွာ အလုပ္ထြက္မယ့္ ဝန္ထမ္းေတြအေန ႏွင့္ သူတို့ေျဖမယ့္ေျဖၾကားခ်က္ေတြဟာ ျပန္လည္ေပါက္ၾကားၿပီး တခ်ိဳ့လူမွုေရး ျပႆနာေတြမျဖစ္လိုတာေၾကာင့္ အမွန္ ေတြကိုမေျဖလိုဘဲရွိတတ္ပါတယ္။ အလုပ္ ထြက္အင္တာဗ်ဴးနဲ႔ပတ္သက္ၿပီး ေမးျမန္း ေျဖဆိုခ်က္ေတြအားလုံးကို တင္းတင္း က်ပ္က်ပ္နဲ႔လုံျခဳံမွုရွိရွိ Confidentially သိမ္းဆည္းထားမွာျဖစ္ေၾကာင္း သူတို့သိ ေအာင္လုပ္ဖို့လိုအပ္ပါတယ္။

- Ask, ask, ask. ေမးပါ၊ ေမးပါ၊ ထပ္ေမး ပါ။ ေမးျမန္းသူေတြအေနႏွင့္ အလုပ္ထြက္ မယ့္ဝန္ထမ္းနဲ႔ပတ္သက္ၿပီး ဘာေၾကာင့္ အလုပ္ထြက္လိုေၾကာင္းသိလိုတာရွိပါက ေမးပါ။ မရွင္းရင္ ထပ္ေမးပါ။ ဒီလိုေမးတဲ့ ေနရာမွာလည္း အပိတ္ေမးခြန္း၊ Yes or No နဲ႔ေျဖရမယ့္ေမးခြန္းေတြကို တတ္နိုင္သမၽွ ေရွာင္သင့္ပါတယ္။ ဒီလိုေမးခြန္းေတြဟာ လုပ္ငန္းအတြက္ အက်ိဳးရွိသင့္သေလာက္ မရွိဘဲျဖစ္တတ္ပါတယ္။ ဘာေၾကာင့္အ လုပ္မွထြက္လိုတာလဲ၊ ဘယ္လိုေတြျဖစ္လို့ လဲဆိုတဲ့ အဖြင့္ေမးခြန္းမ်ိဳးေတြ ေမးသင့္ ပါတယ္။ ျဖစ္နိုင္ရင္ ဥပမာတစ္ခုေလာက္ ေျပာျပပါလားဆိုတာမ်ိဳးလည္း ေမးသင့္ပါ တယ္။

- End the interview positively. ကတၳီပါ လမ္းခြဲျဖစ္ပါေစ။ မိမိတို့လုပ္ငန္းကေန ထြက္ခြာသြားတဲ့ဝန္ထမ္းေတြဟာ တစ္ခါ တေလမွာ လုပ္ငန္းအတြက္ အျပဳသေဘာ ေဆာင္တဲ့ေၾကာ္ျငာေနရာတစ္ခုျဖစ္ေနတတ္ ပါတယ္။ အလုပ္ထြက္တဲ့ဝန္ထမ္းေတြနဲ႔ အဆင္ေျပေျပလမ္းခြဲခဲ့တာဟာ အနာဂတ္ မွာ လုပ္ငန္းအတြက္ ဝန္ထမ္းေတြလိုအပ္ လို့ ရွာေဖြတဲ့ေနရာမွာလည္း တစ္ဆင့္ စကားတစ္ဆင့္ေျပာစကားေတြအရ မိမိ တို့လုပ္ငန္းအတြက Advertising Sources  ေတြျဖစ္သြားတတ္ပါတယ္။ အဆင္မေျပ ဘဲ ခြဲခြာခဲ့ရင္လည္း တဆင့္စကားတစ္ဆင့္ ေျပာစကားေတြအရ လုပ္ငန္းအေပၚမွာ လုပ္သားေဈးကြက္ထဲက ဝန္ထမ္းေလာင္း အသစ္ေတြရဲ့မေကာင္းတဲ့အျမင္ေတြ သက္ေရာက္သြားေစပါတယ္။ ျဖစ္နိုင္ရင္ ေတာ့ ခင္ဗ်ားကိုမထြက္ေစခ်င္ပါဘူး။ ဒါေပမဲ့မတတ္သာလို့ ထြက္သြားေပမယ့္ ခင္းဗ်ားရဲ့အရည္အခ်င္းေတြကို ကၽြန္ေတာ္ နဲ႔အတူလုပ္ေဖာ္ကိုင္ဘက္ေတြက အသိအ မွတ္ျပဳေျပာဆိုေနၾကဦးမွာပါ။ ခင္ဗ်ားအ ေနႏွင့္ ေနာက္အလုပ္သစ္မွာလည္း အ ဆင္ေျပေအာင္ျမင္လိမ့္လို့ ကၽြန္ေတာ္တို့ ယုံၾကည္ေမၽွာ္လင့္မိပါတယ္ဆိုတဲ့ ကတၳီပါ လမ္းခြဲမ်ိဳးျဖစ္ပါေစ။

Ref:
The Management Bible by Neil Flanagan & Jarvis Finger

ေလးစားစြာျဖင့္

ပိုင္စိုး (Management)

No comments: