Saturday, August 11, 2012

ဒီဆေးတွေကို ဒါတွေနဲ့ ရောမသောက်ပါနဲ့


ဆေးစွမ်းထက်ဖို့ဆိုတာ ဆေးအာနိသင်ဘယ်လောက်ပဲကောင်းကောင်း၊ သောက်ပုံသောက်နည်းစနစ်မမှန်လျှင် ဆေးစွမ်းမထက်နိုင်ပါ။ တချို့ဆေးတွေဟာ တချို့အစာတွေနဲ့ရောသောက်လျှင် သူတို့ရဲ့အာနိသင်လျော့ကျသွားနိုင်ပါတယ်။ ဒါကြောင့် ဆေးသောက်တဲ့အခါ ရေနဲ့မသောက်ဘဲ၊ တွေ့ရာကြုံရာအရည် (ဖျော်ရည်၊ ကော်ဖီ၊ ဘီယာအစရှိသည်တို့နှင့်)သောက်လျှင် ကောင်းမကောင်းဆိုတာ ပြောပြ ချင်ပါတယ်။

(၁) ဂရိတ်ဖရု(ဖ်)ဖျော်ရည် (Grapefruit Juice)
ဂရိတ်ဖရု(ဖ်)ဖျော်ရည်ဟာ ဆေးတစ်ချို့ရဲ့ ဇီဝကမ္မဖြစ်စဉ်က အရေးပါတဲ့အင်ဇိုင်း တချို့ကို ပိတ်ပင်တားဆီးနိုင်တာမို့ နှလုံးရောဂါကု ဆေးဝါးတွေ၊ စိတ်ကျရောဂါကုဆေးဝါးတွေကို ဒီဖျော်ရည်နဲ့တွဲသောက်ရင် အာနိသင်နည်းသွားစေနိုင်သည့်အပြင် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုမိုဆိုးဝါးစေနိုင်ပါတယ်။

(၂) ကော်ဖီ၊လက်ဖက်ရည်၊ ကိုလာ
စတာတွေမှာပါတဲ့ ကေဖင်းဓာတ်ဟာ ရင်ကျပ်ပန်းနာရောဂါကု ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကို ပိုဆိုးစေနိုင်ပါတယ်။ တစ်ဖန်ကေဖင်း ဟာ အစာအိမ်နံရံကို ထိခိုက်လှုံ့ဆော်နိုင်တာကြောင့် စတီးရွိုက်မပါတဲ့ ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေး NSAID တွေနဲ့တွဲ သောက်တာကိုရှောင်ရမှာဖြစ်ပါတယ်။

(၃) နွားနို့
နို့မှာပါတဲ့ကယ်(လ်)ဆီယမ်ဓာတ်ဟာ တချို့သောပဋိဇီဝပိုးသတ်ဆေးတွေကို အစာအိမ်နံရံတို့မှစုပ်ယူနိုင်စွမ်းကို ပိတ်ပင်တားဆီး နိုင်ပါတယ်။

(၄) အရက်
အရက်ဟာအသည်းကိုထိခိုက်နိုင်တာမို့ ပါရာစီတမော(လ်)လိုဆေးနဲ့တွဲမသောက်သင့်ပါဘူး။ ဒါ့အပြင် အရက်ဟာစိတ်ကျရောဂါကုဆေး တွေရဲ့ အာနိသင်ကိုလျော့နည်းစေပြီး၊ တချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ပိုဆိုးစေနိုင်ပါတယ်။

(၅) ခရမ်ဘယ်ရီဖျော်ရည် (Cranberry Juice)
Warfarin ကဲ့သို့သောသွေးမခဲစေသည့်ဆေးနဲ့ အတူတွဲသောက်မိလျှင်သွေးယိုစီးမှုပိုမိုဖြစ်ပွားစေနိုင်တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိထားပါတယ်။

(၆) အမျှင်ပါသော ဖျော်ရည် (Fibre Drink)
အမျှင်ဓာတ်ဟာ ဆေးဝါးတော်တော်များများနဲ့ ပေါင်းနိုင်တာမို့ဒီဆေးတွေရဲ့အာနိသင်ကိုလျော့ကျစေနိုင်ပါတယ်။
ကဲဒါဆို ဘာဆေးမဆို ရေနဲ့သောက်တာ အန္တရာယ်အကင်းဆုံးနဲ့ အကောင်းဆုံးပဲပေါ့။

Credit: Health Digest Journal

No comments: