Thursday, August 2, 2012

စိတ်ကိုထုလုပ်စနစ်မှန်မှ မဖိတ်ယိုဥပုသ်အနှစ်ကျန်ပါတယ်

'ဥပုသ်စောင့်ခြင်း'ဆိုတဲ့စကားလုံးက
'စိတ်ကောင်းစိတ်မြတ်၊
ဓာတ်ကောင်းဓာတ်မြတ်တွေနဲ့
ပြည့်စုံစွာ နေထိုင်ခြင်း'လို့
အဓိပ္ပာယ်ရပါတယ်။

တစ်နည်းပြောရရင်တော့
'စိတ်လျှော်ဖွပ်တဲ့အလုပ်' ကို
'ဥပုသ်'လို့ခေါ်ပါတယ်။

ကိုယ့်စိတ်မှာ
ညစ်ပတ်ပေကျံနေတဲ့
လောဘ၊ ဒေါသ၊
မာန၊ဣသာစတဲ့
ကိလေသာ အညစ်အကြေးတွေကို
ဖြူဖွေးသန့်စင်သွားအောင်
ဆေးကြောလျှော်ဖွပ်နေတာကိုပဲ
ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။

ညစာမစားရုံသက်သက်နဲ့
ဥပုသ်ရတယ်လို့
မခေါ်နိုင်သေးပါဘူး။
စိတ်အ၀တ်ကို
သန့်စင်သွားအောင်
လျှော်ဖွပ်နိုင်မှ
ဥပုသ်ရတယ်လို့ ခေါ်ပါတယ်။

                                (အရှင်ဆန္ဒာဓိက)

စာကြွင်း။  ။ အရှင်ဆန္ဒာဓိကရဲ့ စိတ်အားဖြည့်ဓမ္မပန်းပွင့်စာအုပ်ငယ်လေးမှ

No comments: