Sunday, August 26, 2012

ပြည်တွင်း ပြည်ပ ကွာချားချက် တခု


ပြည်တွင်း ပြည်ပ ကွာချားချက် တခု

ညနေမှောင်စပြုလာတဲ့ အချိန်မှာ မီးစက်သံလေးတွေရဲ့ အသံတွေ တဒုတ်ဒုတ်ကြားနေရတော့ ကျွန်တော့်စိတ်ထဲမှာ ရွာကိုပြန်ရောက်နေသလိုမျိုး ခံစားနေရတယ်။ ကျွန်တော်အခုနေနေတဲ့ နေရာကတော့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့တော်ရဲ့ ဒုက်ခသည်စခန်းလေးပေါ့။ ဒီနေ့ ကျွန်တော် တနေကုန် မောပန်းခဲ့တယ်လေ။ သုံးနှစ်လောက် တခါမှ ပြန်မရောက်တဲ့ ဒုက်ခသည်စခန်းကို ဒီနေ့တော့ မောမောပမ်းပမ်းနဲ့ပင် ရောက်ရှိ  ခဲ့တယ်။

ဖြစ်ပုံက ပြည်တွင်းက အခုမှရောက်လာတဲ့ လူနာတစ်ယောက်ကို စခန်းထဲမှာ ဆေးလာကုပေးတာပါ။ လူနာဟာ တကယ့်ကို သနားစရာကောင်းတဲ့ လူနာတဦး ဖြစ်ပါတယ်။ ပြည်တွင်းက လူတွေ ပြောချက် အရကတော့ ဒီလူနာဟာ HIV/AIDS ဝေဒနာရှင် တစ်ယောက်လို့ ဆိုပါတယ်။ HIV/AIDS ဝေဒနာရှင်ဆိုလို့ ရေးလိုက်မိတော့ ကျွန်တော့်စိတ်ထဲမှာ အေစ့်ရောဂါနဲ့ သေသွားတဲ့ ကျွန်တော့်ရွာက လူတစ်ဦး အကြောင်းကို ကျွန်တော် ပြန်သတိယ မိပါတယ်။ သူ့နာမည်က ဦးမိုးကျော်လို့ ခေါ်ပါတယ်။ ရွာသူ ရွားသားတွေရဲ့ အသိပညာ နည်းပါးလွန်းတာက တကြောင်း၊ အယူသည်းတာက တစ်ကြောင်း ဦးမိုးကျော် အသေမလှခဲ့ပါဘူး။ ဦးမိုးကျော်ရဲ့ အသုဘ အဆုံးသတ်မလှခဲ့သလို ရွာသူရွာသားတွေရဲ့ အသိပညာ နည်းပါးမူကြောင့် ဦးမိုးကျော်ရဲ့ အိမ်ဟာ ရွာသူရွာသားတွေရဲ့ မီးဝိုင်းဝန်းရှို့ခြင်းကို ခံခဲ့ရပါတယ်။ ဒါဆိုရင် ဦးမိုးကျော်နဲ့ရပြီး ကျန်ခဲ့တဲ့ မိသားစုတွေ ဘယ်လိုဒုက္ခ ရောက်မလဲဆိုတာကိုတော့ စာဖတ်သူတို့ စဉ်းစားကြည့်ကြပါ။ ဒီအကြောင်းတွေကို ကျွန်တော်လုံးလုံးကို သတိမရခဲ့မိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၄)ရက်က ကျွန်တော့်တို့ဆီကို ရောက်လာတဲ့ လူနာရဲ့ အကြောင်းကြားတော့ ကျွန်တော်ငယ်စဉ်အခါက မြင်တွေ့ခဲ့ဖူးတဲ့ ဦးမိုးကျော်ရဲ့ အဖြစ်ကို ပြန်သတိရမိလိုက်ပါတယ်။

အခုတက်လာတဲ့ ဝေဒနာရှင်ဟာ သူ့ကို အေ့စ်ဖြစ်တယ်လို့ ထင်တဲ့ လကစပြီး ၆ လတိတိ ကျွန်တော်တို့ရဲ့ ရွာသူရွာသားတွေ ဥပေက္ခာပြုထားကြောင်း ကျွန်တော် ကြားသိရပါတယ်။ ဒီလူရဲ့ ဇနီးကတော့ လူတွေရဲ့ အပြော ခံရမှာ စိုးတာကြောင့် ချစ်လှစွာသော ၇ လအရွယ် သမီးလေးနဲ့၊ ၂ နှစ်ကျော် သမီးလေးနှစ်ဦးကို ခွဲခွာသွားက သူ့ကိုယ့်ကို သေကြောင်း စီရင်ခဲ့ကြောင်းကိုတော့ ရွာသူရွာသားများရဲ့ ပြောဆိုခြင်းမှ ကျွန်တော် ကြားသိခဲ့ရ ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ ကလေးနှစ်ဦးကတော့ မိမိတို့ရဲ့ မိဘနှစ်ပါးကို အဖေအမေလို့ မခေါ်ရရှာပဲ မည်မျှ အသက်ရှင်နေထိုင် သွားရမည် ဆိုတာကိုတော့ ကျွန်တော် မခန့်မှန်းတတ်ပါ။ ငါဘယ်နေ့ သေမှာလည်း ဆိုတာကို စောင့်နေတဲ့ ကလေးတွေရဲ့ အဖေကို မြင်ရတော့ ကျွန်တော့်ရင်ထဲမှာ လုံးဝစိတ်မကောင်းပါဘူး။

အသိပညာ နည်းပါးလှတဲ့ ရွာသူရွာသားတွေက လူနာကို ပစ်တင်ကဲ့ရဲ့ကာ သေလူအဖြစ် ပယ်ထားတယ်လို့ သတင်းကြားတော့ ကျွန်တော်တို့ မိသားစု အင်မတန် စိတ်မကောင်းဖြစ်ကာ ၀မ်းနည်းရပါတယ်။ လေးရက် လုံးလုံး မိမိသမီးလေးနှစ်ဦးရဲ့ ဓါတ်ပုံကိုကြည့်ပြီး ပူဆွေးဝမ်းနည်းနေတဲ့ ဖခင်တစ်ယောက်ကို ကျွန်တော့်ရွာက ရွာသူရွာသားများ လာရောက်မြင်တွေ့ရင် ဖခင်စိတ်၊ မိခင်စိတ်နဲ့ ကိုယ်ချင်းစာကြပါ့မလား ဆိုတာကိုပင် ကျွန်တော် မတွေးတတ် တော့ပါ။ ဒါကြောင့် ကျွန်တော် ငြိမ်ငြိမ် မနေနိုင်တော့ပါ။ မိဘနှစ်ဦးနဲ့ ကျွန်တော် တိုင်ပင်ပြီး ဒုက္ခသည် ဆေးခန်း ပို့ပေးဖို့ ကျွန်တော် စီစဉ် ရပါတော့တယ်။ ဆေးဝါး စုံလင်တဲ့ မယ်ဟောင်ဆောင် ဆေးရုံကြီးကို ပို့ဆောင်ချင်ပေမဲ့လည်း ကျွန်တော်တို့ရဲ့ ငွေရေးကြေးရေး အားနည်းမှုကြောင့်တကြောင်း၊ လူနာဟာ ထိုင်းနိုင်ငံမှာ နေထိုင်ကြောင်း ဘာအထောက်အထားမှ မရှိမှုတွေကြောင့် ကျွန်တော်ဒုက္ခသည် စခန်းကိုပဲ မှန်းမျော်ကာ အားကိုးခဲ့ မိပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော် ဒုက္ခသည် စခန်းကို နောက်တစ်ခေါက်ပြန်ရောက် ခဲ့ရပါတယ်။

ဒုက္ခသည် စခန်းကို ရောက်တော့ ဆေးခန်းက တာဝန်ရှိသူများရဲ့ နွေးထွေးစွာ ကြိုဆိုမှုတွကြောင့် လူနာအတွက် ကျွန်တော်ဝမ်းသာကြည်နူး ခဲ့ရပါတယ်။ ခရီးတလျှောက် မောမောပမ်းပမ်း ဖြစ်ခဲ့ပေမဲ့ ယူနီဖောင်း အပြည့်နဲ့ ပြုံးရွင်လန်းဆန်းနေတဲ့ ၀န်ထမ်းတွေရဲ့ မျက်နှာကို မြင်လိုက်ရတော့ လူနာရဲ့ ရောဂါ တ၀က်ပျောက်ပြီလို့တောင် စိတ်ထဲမှာ ခံစားမိပါတယ်။ မည်သည့်ရောဂါရှင်ကိုမဆို တရောတနှော ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်တဲ့ စိတ်ဓါတ်လေးတွေကို ကျွန်တော် ထပ်မံ တွေ့မြင်လိုက်ရတော့ လူနာတွေရဲ့ အစစ်အမှန် ကယ်တင်ရှင်တွေဆိုတာ ဒီလို ဆေးရုံဝန်ထမ်းတွေသာ ဖြစ်မယ်လို့ ကျွန်တော် ထပ်မံ ခံစားလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်ဒုက္ခသည် စခန်းမှာ လူနာကို သုံးညကုသဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဆေးခန်းရဲ့ နည်းပညာ၊ စက်ကိရိယာမြင့်မားမှုနဲ့ အတူ ဆေးခန်းဝန်ထမ်းတွေရဲ့ ပျူငှာယဉ်ကျေးနွေးထွေးစွာ ဆက်ဆံမှုတွေကြောင့် လူနာရဲ့ စိတ်ထဲမှာ ၀မ်းဝမ်းသာသာဖြစ်လာမယ်လို့ ကျွန်တ်ာထင်မိရင် မမှားလောက် ပါဘူး။ ပြီးတော့ ပိုက်ဆံရှိမှသာ ဒီရောဂါကို ကုသပျောက်ကင်းမှာလို့ စိတ်ထဲက စွဲလန်းနေတဲ့ မြန်မာပြည်က လူနာတစ်ဦးဟာ ဒီဒုက္ခသည် စခန်းလေးကို ရောက်လာခဲ့သည် ဆိုရင်ဘဲ ဒီတယူသန် စွဲလန်းမှုကြီး အလိုလို ပျောက်ကွယ်သွားမယ်ဆိုတာ ကျွန်တော်လုံးဝယုံကြည်ပါကြောင်း ပြီးတော့ ကျွန်တော် ပထမဦးဆုံး ကူညီလိုက်တဲ့ လူနာတစ်ဦးက ဒုက္ခသည် စခန်းလေးမှာ အောင်မြင်စွာ ဆေးခံယူကုသသွား နိုင်မှုကြောင့် ကျွန်တော့်ကို ကျွန်တော်လည်း ဂုဏ်ယူမိရင်း နိဂုံးချူပ်လိုက် ရပါတကား။

ရှမ်းမလေး - ပြည်တွင်း ပြည်ပ ကွာချားချက် တခု 

အမျိုးသမီးများအတွက် အဆိုးရွားဆုံးနေရာ

ယခုလအတွင်း ဖြစ်ပျက်ခဲ့သည့် အိန္ဒိယအရှေ့မြောက်ပြည်နယ်တခုတွင် အမျိုးသမီးတဦးအား ကာယအိနြေ္ဒ ပျက်ပြားသည်အထိ စော်ကားမှုသည် ပြည်သူများကြားတွင် အထိတ်တလန့် ဖြစ်ပေါ်စေခဲ့သည်။ ၄င်းအမျိုးသမီးငယ် တစ်ဦးသည် ည (၉) ကျော်တွင် ဘားတခုမှ ထွက်အလာတွင် လူ (၁၈) ဦးမှ သူမအား ဆံပင်ကို ဆွဲကာ လမ်းဘေးသို့ ခေါ်ဆောင်သွားပြီး အင်္ကျီကို ဆုတ်ဖြဲပြီး၊ ကင်မရာရှေ့တွင် ပြုံးစေ၍ ဗွီဒီယို ရိုက်ကူးခဲ့သည်။ ၄၅ မိနစ်အကြာမှ ရဲမှ ရောက်ရှိလာခဲ့သည်။

လွန်ခဲ့သည့်လက တကမ္ဘာလုံးရှိ ဂျန်ဒါရေးရာကျွမ်းကျင်သူ ၃၇၀ ကို စစ်တမ်း ကောက်ယူခဲ့ရာ အိန္ဒိယ နိုင်ငံသည် ကမ္ဘာပေါ်တွင် အမျိုးသမီး များအတွက် အဆိုးဆုံး နေရာတစ်ခု ဖြစ်ကြောင်း မဲပေးခဲ့ကြ သည်။ အိန္ဒိယနိုင်ငံ၏ ဥပဒေတွင် အမျိုးသမီးများ အပေါ်ကာယိနြေ္ဒ ပျက်ပြားအောင် လုပ်ဆောင်မှုသည် ရာဇ၀တ်မှု မြောက်သော ပြစ်မှုဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် (၂၂) မိနစ်တိုင်းတွင် အမျိုးသမီး တဦး မုဒိန်းပြုကျင့်  ခံနေရပြီး ၅၈ မိနစ်တိုင်းတွင် ခန်းဝင်ပစ္စည်း တစ်ခုခုမီးရှို့ ဖျက်ဆီးခြင်း ခံနေရသည်။ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု၊ ကာယအိနြေ္ဒ ပျက်ပြားအောင် လုပ်ဆောင်မှု၊ အိမ်ထောင်ရှင် အမျိုးသား (သို့) ဆွေမျိုး သားချင်းများမှ ရက်စက်စွာ ဆက်ဆံပြုမူခြင်း၊ ပြန်ပေးဆွဲမှုနှင့် လူကုန်ကူမှုပေါင်း (၂၆၁၀၀၀) ကျော် နှစ်စဉ် ဖြစ်ပွားလျက် ရှိသည်။

ဤကဲ့သို့ အကြမ်းဖက်မှု ကျူးလွန်လာရခြင်းမှာ အမျိုးသားများ အနေဖြင့် အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါ က အလုပ်အကိုင် အခွင့်အလမ်း နည်းပါး လာခြင်းကြောင့် ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များ အတွင်း ကျောင်း များတွင် အမှတ်ကောင်းဖြင့် အောင်မြင်သူအများစုမှမှာ အမျိုးသမီး များဖြစ်ပြီး တယ်လီဖုန်း ခေါ်ဆိုရာဌာန၊ အရောင်းမြှင့်တင်ရေးဆိုင်ရာ လုပ်သားများ၊ ကုမ္ပဏီဝန်ထမ်း၊ စက်ရုံများတွင် အမျိုးသမီးများမှာ ရာထူးကြီး နေရာများကို ရရှိလာကြသည်။
ဇာတ်ခွဲခြားမှု စနစ်ရှိသည့် အိန္ဒိယနိုင်ငံတွင် အမျိုးသားများ အနေဖြင့် အမျိုးသမီး အပေါ်ဖိနှိပ်ခြင်းသည် တရားမျှတမှုရှိသည်ဟု မှတ်ယူနေ ဆဲဖြစ်သည်။ အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြားရှိ လူငယ် ၅၃ ရာခိုင်နှုန်းမှ အမျိုးသမီးများ အပေါ် ရိုက်နှက်ခြင်းသည် တရားမျှတသည်ဟု ခံယူနေဆဲဖြစ်ကြောင်း UNICEF ၏ အစီရင်ခံစာတွင် ဖေါ်ပြထားထားသည်။

Ref; Why India is the worst place to be a woman
 မောက္ခအမျိုးသမီးများအတွက် အဆိုးရွားဆုံးနေရာ 

HIV ကာကွယ်ရေး ကွင်းဆင်း ဆောင်ရွက်မှု လုပ်ငန်းများကို ယခုနှစ်ကုန် အထိ ပြုလုပ်သွားမည်

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း MANA နဲ့ UNICEF တို့ ပူးပေါင်းပြီး ဆောင်ရွက် နေတဲ့ အမျိုးသား၊ အမျိုးသမီး တွေမှာ HIV ပိုး ကာကွယ်ရေး ကွင်းဆင်း လုပ်ဆောင်မှုတွေကို ယခု နှစ်ကုန်အထိ ကွင်းဆင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ မာနာမှ တာဝန်ရှိ သူရဲ့ ပြောပြချက် အရ သိရပါတယ်။

အဆိုပါ စီမံချက် လုပ်ငန်းတွေ ကိုတော့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့၊ ကရင်ပြည်နယ်၊ ဘားအံ့မြို့နဲ့ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လှိုင်သာယာမြို့ အစရှိတဲ့ မြို့နယ်များမှာ စီမံချက် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိနေတယ်လို့ သြဂုတ်လ ၁၇ ရက်နေ့ အဆိုပါ အသင်း ခန်းမမှာ ကျင်းပပြုလုပ်တဲ့ အစည်းအဝေးမှ သိရပါတယ်။

ဒါ့အပြင် MANA အသင်း အနေဖြင့် UNFPA နဲ့လည်း စီမံကိန်း လုပ်ငန်း ၄ခု လုပ်ဆောင်ဖို့ ရှိရာမှာ တစ်ခုကို စတင် လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းများ လုပ်ကိုင်ဖို့ အတွက် ရန်ကုန်မြို့မှာ Project ရုံးဖွင့်လှစ်ပြီး ရန်ကင်းမြို့၊  ချမ်းအေးသာဇံ မြို့နယ်နဲ့ တာချီလိတ် မြို့နယ်တို့ မှာတော့ ရိပ်မွန်များ ဖွင့်လှစ်ကာ HIV ကာကွယ် တားဆီးရေး လုပ်ငန်းများနဲ့ အသိပေး ဆွေးနွေးမှုများကို ပြုလုပ်လျက် ရှိတယ်လို့ သိရ ပါတယ်။ ဒီလို လုပ်ဆောင်မှုတွေ သာမက လက်ရှိ မှာလည်း MANA အသင်း ဘဏ္ဍာငွေ ရှာဖွေရေး ကော်မတီရဲ့ ကြိုးပမ်းမှု တွေကြောင့် ၀င်ငွေပိုမို ရရှိလာတာ ကြောင့်လည်း ပြည်သူ့ အကျိုးပြု ဆောင်ရွက် မှုတွေကို ယခင်ကထက် ပိုမိုဆောင်ရွက် လာနိုင်ပြီ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

MRTV-4HIV ကာကွယ်ရေး ကွင်းဆင်း ဆောင်ရွက်မှု လုပ်ငန်းများကို ယခုနှစ်ကုန် အထိ ပြုလုပ်သွားမည်

No comments: