Monday, August 20, 2012

ဟိုတယ်အတွင်း လိုက်နာရမည့် အချက် (၁၀) ချက်


အောက်ပါအချက်တွေဟာ ဟိုတယ်မန်နေဂျာတိုင်းသိထားသင့်ပြီး ကိုယ့်ဝန်ထမ်းတွေကိုလည်း ပြောပြထားရမယ့် အချက်တွေဖြစ်ပါတယ်။ ဒါ့ပြင် ဟိုတယ်မှာတည်းခိုသူတိုင်း ဒီအချက် (၁၀)ချက်ကို ကောင်းကောင်းနားလည်ထားမယ်ဆိုရင် တည်းခိုတဲ့ မိမိအတွက်လည်း လုံခြုံ စိတ်ချရမှာ ဖြစ်ပါတယ်။

အဲဒီအချက် (၁၀)ချက်ကတော့ - 

(၁) ဟိုတယ်ဝန်ထမ်းတွေကို စိတ်တိုတာ၊ အော်ငေါက်တာ ဘယ်တော့မှမလုပ်ပါနဲ့။

(၂) ကိုယ့်အခန်းနံပါတ်ကို တစ်ပါးသူကို မပြောပါနဲ့။ မမေးပါနဲ့။ (အကူအညီလိုရင် ဟိုတယ်ဝန်ထမ်းဆီကနေပဲ တောင်းခံပါ။)

(၃) ညအချိန်မှာ ဟိုတယ်ဝန်ထမ်း (ဒါမှမဟုတ်) ကောင်တာ Agent က သင်နဲ့အတူရှိနေတဲ့ သင့်မိတ်ဆွေရဲ့ID ကတ်ကိုမေးတဲ့အခါ ရိုင်းပျတဲ့အပြုအမူ မပြပါနဲ့။ဟိုတယ်ဝန်ထမ်းက ID ကတ်မပါရင်လည်း အခန်းကိုဝင်ခွင့်မပြုပါနဲ့။

(၄) ပစ္စည်းတစ်ခုခု ပျောက်သွားရင် ဟိုတယ်ဝန်ထမ်းတွေကို မလွှဲချပါနဲ့။ သက်ဆိုင်ရာမန်နေဂျာ၊ ဒါမှမဟုတ် ရဲကို သင်ကိုယ်တိုင် ဖုန်းခေါ်နိုင်ပါတယ်။

(၅) လိုအပ်တာတွေလုပ်ပေးတဲ့ ဟိုတယ်ဝန်ထမ်းလေးရဲ့ ၀တ်စုံပြဲနေတာမျိုး၊ ညစ်ပေနေတာမျိုးတွေ့ရင် အမိန့်တွေ၊ ညွှန်ကြားချက်တွေ ပေးမနေပါနဲ့။ အစားအသောက် Menu က နွေဦးရာသီမှာ ဆောင်းရာသီ Menu ဖြစ်နေရင် မပြောပါနဲ့။ သဘောထားကြီးပါ။

(၆) ရေချိုးခန်းသန့်စင်တဲ့ ဘယ်လိုအ၀တ်မျိုးကိုမဆို သင့်ရဲ့ရှူးဖိနပ်သန့်ရှင်းရေးလုပ်ဖို့အတွက် အသုံးမပြုပါနဲ့။

(၇) ကိုယ့်အတွက် အသုံးမလိုတော့တဲ့ပစ္စည်း ဒါမှမဟုတ် အပ်တို့ကို ဟိုတယ်ဝန်ထမ်းတွေကို မသိစေချင်ရင် အခန်းအမှိုက်ပုံးထဲမှာ မထည့်ပါနဲ့။

(၈) နောက်ကျပြီး Checkout လုပ်တဲ့နည်းလမ်းမျိုးနဲ့ အခွင့်အရေးမယူပါနဲ့။ ကိုယ်က သတ်မှတ်ချိန်ထက် တစ်နာရီလောက်ပိုနေဖို့ရှိ တယ်ဆိုရင် ဟိုတယ်မန်နေဂျာကိုပြောပါ။

(၉) ခရီးဆောင်အိတ်ကို Lobby မှာပိုင်ရှင်မဲ့ပုံစံနဲ့ ဂရုမစိုက်ထားခဲ့တာမျိုး တစ်ခဏ၊ တစ်စက္ကန့်တောင် မလုပ်ပါနဲ့။

(၁၀) မရှက်ပါနဲ့။ Checkout လုပ်ပြီးမှကိုယ်ရေးကိုယ်တာအသုံးပြုတဲ့ ပစ္စည်းတစ်ခုခုမေ့ကျန်ခဲ့တယ်ဆိုရင်လည်း ဟိုတယ်ကို အကူအညီ တောင်းပါ။ သင်အနေရမခက်ရအောင် ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခု ပုံစံမျိုးနဲ့ပဲ ဟိုတယ်ကကူညီပြီး အဲ့ဒီပစ္စည်းကို ပြန်ပေးပါလိမ့်မယ်။

Ref: Internet

No comments: