Tuesday, August 14, 2012

HIV ရောဂါပိုးအား ကုသနိုင်တော့မည်ဟု ဆေးပညာနိုဘယ်လ် ဆုရှင်ပြောကြား


(1)HIV/AIDS ဝေဒနာ ရှင်များအား စောင့်ရှောက်မှုတွင် စီးပွားရေး လုပ်ငန်း ၆၅ ခုမှ ပါဝင်လက်မှတ် ရေးထိုး

 လူ့ပတ်ဝန်းကျင်မှာ HIV/AIDS ဝေဒနာရှင်များအား မပစ်ပယ်ဖို့နဲ့ ကူညီစောင့်ရှောက်မှုများ ပေးစွမ်းနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်း ၆၅ ခုမှ ပါဝင်လက်မှတ်ရေးထိုးတဲ့ လက်မှတ်ရေးထိုးမှုကို မေလ ၁၄ ရက်နေ့က UMFCCI မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ စီးပွားရေးလုပ်ငန်း ၆၅ ခုမှ မိမိလုပ်ငန်းခွင် အတွင်းမှာ ၀န်ထမ်းများ အကြောင်းအမျိုးမျိုးကြောင့်  HIV/AIDS ရောဂါဝေဒနာများ ဖြစ်ပွားပါက အလုပ်ထုတ်ပယ်ခြင်း၊ ပစ်ပယ်ထားခြင်း မပြုလုပ်ဖို့၊ ဝေဒနာရှင်များကို နှစ်သိမ့်ဆွေးနွေးပေးဖို့နဲ့ ကူညီစောင့်ရှောက် ပေးဖို့အတွက် သဘောတူ လက်မှတ် ရေးထိုးကြတာ ဖြစ်ပါတယ်။

အဲ့လို လက်မှတ်ရေးထိုးရာမှာတော့ ပြည်တွင်းရှိ ဟိုတယ် ၊ လေကြောင်းလိုင်း ၊ စားသောက်ဆိုင်များနဲ့ ကျောက်မျက်ရတနာ လုပ်ငန်းများက ပါဝင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ HIV/AIDS ကင်းစင်ဖို့အတွက် ကာကွယ် တားဆီးရေးဆိုင်ရာ လုပ်ငန်းများ ကို ကျန်းမာရေး ၀န်ကြီးဌာနမှ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အစီအစဉ်များ ချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး ယခုလို လုပ်ငန်းရှင်များ ပါဝင်လာခြင်းဟာ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပွားခဲ့တဲ့ HIV/AIDS ဝေဒနာရှင်များကို လူသားချင်း စာနာထောက်ထားမှု အစီအစဉ်တွေထဲက တစ်ခုဖြစ်တယ်လို့သိရပါတယ်။

MRTV-4HIV/AIDS ဝေဒနာ ရှင်များအား စောင့်ရှောက်မှုတွင် စီးပွားရေး လုပ်ငန်း ၆၅ ခုမှ ပါဝင်လက်မှတ် ရေးထိုး  

(2)HIV ရောဂါပိုးအား ကုသနိုင်တော့မည်ဟု ဆေးပညာနိုဘယ်လ် ဆုရှင်ပြောကြား
 မကြာသေးမီက ရှာဖွေတွေ့ရှိ ချက်များအရ AIDS ရောဂါဖြစ် ပွားစေသည့် HIV ရောဂါပိုးကို ကုသနိုင်တော့မည် ဖြစ်ကြောင်း ဆေးပညာ ပိုင်းဆိုင်ရာ နိုဘယ်လ် ဆုရှင် ဖရန်ကိုဆီ ဘာရီ ဆင်နော့စိုင် က  ကမ္ဘာလုံး ဆိုင်ရာ  ရောဂါဘယ တိုက်ဖျက် ရေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲမတိုင်မီ အင်တာဗျူး တစ်ခုတွင် ပြောကြားထားကြောင်း သိရသည်။

အဆိုပါ နိုဘယ်လ်ဆုရှင်သည် ကုရာ နတ္ထိဆေးမရှိသော HIV ရောဂါအား ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပြီး ၂ဝဝ၈ ခုနှစ်က ဆေးပညာ ရပ်ဆိုင်ရာ ၄င်းနိုဘယ်လ်ဆု ကို ရရှိခဲ့သူတစ်ဦးဖြစ်သည်။

သူမသည် HIV ရောဂါပိုးကို ကုသ နိုင်မည့် နည်းလမ်းအား ဘာလင်မြို့ရှိ ရိုးတွင်းခြင်ဆီ အစားထိုး ကုသမှုခံယူ လျက်ရှိသော လူနာတစ်ဦးအားအစွဲပြု ၍ တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တွေ့ ရှိချက်သည် လူ၏ ခန္ဓာကိုယ်တွင်း မှ ပိုး မွှားများအား ဖယ်ရှားသုတ်သင်သည့် နည်းလမ်းကို သက်သေပြထားခြင်းဖြစ် သည်ဟု သူမကပြောကြားထားသည်။
ထို့ကြောင့် အခြေခံသဘောတရား များအရ ၄င်းရောဂါဆိုးအား ကုသနိုင် ရန်မှာ ဖြစ်နိုင်ဖွယ်ရှိသည်ဟု မျှော်လင့် ရသော်လည်း မည်သည့်အချိန်တွင် ကုသနိုင်မည်ကိုမူ အတိအကျမပြောနိုင် သေးကြောင်း သူမ ဆက်လက်ပြောကြား  ထားသည်။

ဝါရှင်တန် (ဇူလိုင် ၂ဝ)
MyawadyHIV ရောဂါပိုးအား ကုသနိုင်တော့မည်ဟု ဆေးပညာနိုဘယ်လ်ဆုရှင်ပြောကြား 

(3)HIV/AIDS ခွဲခြားနှိမ့်ချမှု ကင်းစင်သည့် လုပ်ငန်းခွင် ဖြစ်လာရေး
 မြန်မာနိုင်ငံရှိ တရားဝင် မှတ်ပုံတင်ထား သော ပုဂ္ဂလိကကုမ္ပဏီများအနက်မှ လုပ်ငန်း ၇၂ ခုသည် လုပ်ငန်းခွင်အတွင်း အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်ခွဲခြားနှိမ့်ချမှု ကင်းစင်စေရန်အတွက် ပူးပေါင်းပါဝင်မည့် အကြောင်း လက်မှတ်ရေးထိုးထားသည်ဟု အေအိုင်ဒီအက်စ်တိုက် ဖျက်ရေး မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ ခင်အေးအေးက ပြောသည်။

အခုလက်ရှိ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတွေဖြစ်ကြတဲ့ လေကြောင်း လိုင်းတွေ၊ City Mart နဲ့ အစိုးရဘက်မှ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပါဝင်ပြီး ရောဂါကူးစက်မှုမှ ကာကွယ်ခြင်း၊ ကုသ ခြင်းနဲ့ ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်း တွေမှာ ပါဝင်ဆောင်ရွက်ဖို့ အစီအစဉ် အတွက် လက်မှတ်ရေးထိုးထားပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ အစီအစဉ်ကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်က ဦးစီး၍ ယခုနှစ် မေလ ၁၄ ရက်နေ့ မှ စတင်၍ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့မှ ပူးပေါင်းပါဝင်ကူညီခြင်းဖြစ် သည်။

“ပြည်တွင်းမှာ တရားဝင်မှတ်ပုံတင် ထားတဲ့ ကုမ္ပဏီတွေ အရေအတွက်က သုံးသောင်းလောက် ရှိတယ်ဆိုတော့ အကုန်လုံးပါဝင်နိုင်ရင် ကောင်းမယ်” ဟု ဒေါက်တာခင်အေးအေးက ပြောသည်။
လက်မှတ်ရေးထိုးထားသည့် ကုမ္ပဏီများထဲတွင် ပုဂ္ဂလိကဆေးရုံ တစ်ရုံဖြစ်သည့် ပန်းလှိုင်ဆေးရုံ တစ်ခုတည်းသာလျှင် ရောဂါကူးစက် ခံရသူများအား လုပ်ငန်းခွင်တွင်း ခွဲခြားဆက်ဆံခြင်း မပြုရန်နှင့် အလုပ် မထုတ်ရန်အတွက် သဘောတူပြီး ပါဝင်လက်မှတ်ရေးထိုးထားကြောင်း သိရသည်။

ရွှေရည်စောမြင့် (အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ – ၁၆ ၊ ၈ ၊ ၂၀၁၂))
မြန်မာတိုင်းမ်HIV/AIDS ခွဲခြားနှိမ့်ချမှုကင်းစင်သည့် လုပ်ငန်းခွင် ဖြစ်လာရန် ပြည်တွင်းလုပ်ငန်းရှင် အချို့ လက်မှတ်ရေးထိုးထား 

No comments: