Thursday, August 2, 2012

၂ဝ၁၅ ခုနှစ်အထိသာ Global Fund က ART ဆေးဝါး ပေးဝေနိုင်မည်


AIDS တိုက်ဖျက်ရေး မျှော်လင့်ချက်နဲ့အတူ အကဲစမ်းမှုတွေရှိ
ဝါရှင်တန်ဒီစီမှာ ကျင်းပနေတဲ့ ၂၀၁၂ နိုင်ငံတကာ အေ့စ်ညီလာခံအတွင်း ဆွေးနွေးချက်တွေ မှာ အေစ့်တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ မျှော်လင့်ချက်သစ်တွေ တွေ့ရသလို တချိန်တည်းမှာ စိုးရိမ်မှုသစ်တွေ လည်း ပေါ်ထွက်ခဲ့  ပါတယ်။ အေ့စ်ညီလာခံမှာ သတင်းယူနေကြတဲ့ ဗွီအိုအေ သတင်းထောက်တွေရဲ့ သတင်းရေးသားချက်တွေကို ကိုသားညွန့်ဦးက စုစည်းပြီး တင်ဆက်ပေးထားပါတယ်။

HIV/ AIDS တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ အံမခန်းလောက်စရာ တိုးတက်မှုတွေလည်း ရခဲ့တယ်လို့ မနေ့က ညီလာခံ ဆွေးနွေးပွဲ တခုမှာ တက်ရောက်မိန့်ခွန်းပြောတဲ့ သမ္မတဟောင်း ကတော် လော်ရာဘွတ်ရှ်က ပြောသွားပါတယ်။

“သန်းနဲ့ချီတဲ့ HIV ရောဂါပိုးခံစားနေကြသူတွေဟာ သေမယ့်ရက်ကို ငြိမ်ငြိမ်လေး စောင့်ဆိုင်းနေတာ ထက် သူတို့ရဲ့ လူ့အဖွဲ့အစည်း လူ့အသိုင်းအ၀ိုင်းထဲ ပါဝင် ဆောင်ရွက်နေကြပါတယ်။”

အခုလို အေစ့်ရောဂါ တိုက်ဖျက်ရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါနေတယ် လို့ မစ္စက်၊ လော်ရာဘွတ်ရှ်က ပြောသွားခဲ့ပါတယ်။

“ကမ္ဘာ့နေရာအနှံ့ကို ကြည့်လိုက်မယ်ဆိုရင် လူမှုဘ၀တွေကို ပြောင်းလဲတိုးတက်စေတဲ့ လှုပ်ရှားမှုတွေ မှာ အမျိုးသမီးတွေဟာ ရှေ့တန်းကကို ရှိနေတာပါ။ တာလီဘန်လက်အောက် အာဖဂနစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေဟာ လျှို့လျှို့ဝှက်ဝှက် မြေအောက်လှုပ်ရှားမှုပုံစံနဲ့ အသက်အန္တရာယ်တွေကြားကနေ အမျိုးသမီးငယ်တွေကို စာပေ သင်ကြားပေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာဆိုလည်း နှစ်ပေါင်းများစွာ ဖိနှိပ်မှုကြား ကနေ အမျိုးသမီးတွေဟာ ရက်စက် ကြမ်းကြုတ်မှုတွေကို အန်တုခဲ့တာကြောင့် သူတို့ရဲ့ ရဲစွမ်းသတ္တိတွေဟာ ကမ္ဘာမှာ အားကျစရာဖြစ်ခဲ့ပါတယ်။ အေစ့်ရောဂါ တိုက်ဖျက်ရေးမှာလည်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါခဲ့ပါတယ်။”

အမေရိကန် ပြည်ထောင်စုအနေနဲ့ကတော့ ၂၀၀၃ ခုနှစ်ကတည်းကဆိုရင် HIV ရောဂါပိုး ပျံ့နှံ့မှု ကာကွယ်ရေးအတွက် ဒေါ်လာ ဘီလီယံချီပြီး ကူညီ ထောက်ပံ့ခဲ့ပါတယ်။ ဒီလို ကူညီထောက်ပံ့ မှုတွေ၊ ဆေးဘက်ဆိုင်ရာ တိုးတက်မှုတွေ ရှိနေပေမယ့်လည်း HIV ရောဂါပိုးကူးစက်ခံရမှု အများဆုံးဖြစ်နိုင်ခြေ၊ လူမှုအ၀န်းအ၀ိုင်းအချို့ ဖယ်ကျဉ်ခံရမယ့် အနေအထား စိုးရိမ်မှုတွေကလည်း ရှိနေတာပါ။

HIV ရောဂါပိုး ကူးစက်မှုကို ကာကွယ်တားဆီးဖို့ အဓိကအချက်ကတော့ ကမ္ဘာအနှံ့က လိင် လုပ်သားတွေ ပြည့်တန်ဆာတွေအကြား ရောဂါ ကာကွယ်ရေး အတွက် ထိုက်သင့်သလို ဆောင်ရွက် သွားနိုင်ဖို့ ဖြစ်တယ် လို့ အေ့စ်တိုက်ဖျက်ရေး မူဝါဒရေးဆွဲသူအချို့က ဆွေးနွေးကြပါတယ်။ သြစတြေးလျနိုင်ငံ Monash တက္ကသိုလ်က သုတေသီ Cheryl Overs ကတော့ ပြည့်တန်ဆာ လုပ်ငန်းတွေအကြား ဖြစ်နေတဲ့ အခြေအနေကို အတော်လေး စိုးရိမ်စရာဖြစ်တယ်လို့ ပြောပါတယ်။

“မလိုချင်ဘဲ ကိုယ်ဝန်ဆောင်မှုဖြစ်နိုင်တာ၊ လိင်ကဆင့် ရောဂါကူးစက်မှုတွေကို အကာအကွယ် မပေးနိုင်တဲ့ HIV နဲ့ပတ်သက်လို့ တစိတ်တပိုင်းပဲ အကာအကွယ်ပြုနိုင်တဲ့ နည်းတွေကို ကွန်ဒို (လိင်စွတ်တံ) အစားထိုး အသုံးပြုလာတာတွေဟာ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင် လုပ်သားတွေ အတွက် အတော်ကို အန္တရာယ်ကြီးတဲ့ကိစ္စပါ။”

ပြည့်တန်ဆာတွေနဲ့ လိင်ဆက်ဆံလိုသူတွေဟာ ကွန်ဒို အသုံးပြုမှု မလိုလားကြတာကြောင့် ဒါဟာ လိင်လုပ်သားတွေအတွက် ဖိအားတရပ်ဖြစ်နေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ နောက် ပြဿနာ တရပ်ကတော့ ရောဂါကုသရေးအတွက် ARV ဆေးဝါးကို ထုတ်လုပ်သူတွေက မူပိုင်ခွင့် ပြုလုပ်ထားကြတဲ့ ပြဿနာပါ။ ဒီလို မူပိုင်ခွင့် ပြုလုပ်တာကြောင့် ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်မယ့် ကုမ္ပဏီတွေ ARV ဆေးထုတ်မရတာကြောင့် ဆေးကို ဈေးချဖို့ ကြိုးပမ်းကြရာမှာ ကြုံရတဲ့ အခက်အခဲတခုဖြစ်တယ်လို့ အေ့စ်တိုက်ဖျက်ရေးလုပ်ဆောင်နေသူတွေက ဒီ ညီလာခံအတွင်း ဆွေးနွေးခဲ့ကြပါတယ်။
မနေ့က အမျိုးသမီးနဲ့ အေ့စ်တိုက်ဖျက်ရေး ဆွေးနွေးပွဲမှာ သမ္မတဟောင်းဘွတ်ရှ် ကတော် လော်ရာ ဘွတ်ရှ် မိန့်ခွန်းပြော သလိုပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုတင် သွင်းယူထားတဲ့ ဗီဒီယိုမိန့်ခွန်းကိုလည်း အဲဒီမှာ ပြသပါတယ်။ အေစ့်ရောဂါတိုက်ဖျက်ရေးမှာ မေတ္တာ၊ ဂရုဏာကိုအခြေခံတဲ့ လူ့အသိုင်းအ၀ိုင်းရဲ့ တုံ့ပြန်မှုဖြစ်ဖို့ လိုအပ်တဲ့ အကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသွားပါတယ်။

“အေ့စ်ရောဂါအကြောင်း တကယ်ပဲ သိနားလည်လာမယ်ဆိုရင်တော့ လူသားတွေမှာရှိတဲ့ ဂရုဏာ တရားကို အခြေခံပြီးလုပ်ဆောင်သွားကြနိုင်မှာပါ။ မြန်မာ နိုင်ငံဟာ မေတ္တာ၊ ဂရုဏာတရားကို အခြေခံတဲ့ ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ နိုင်ငံပါ။ ဒါတွေပေါ် အခြေခံမယ်၊ ပြီးတော့ လူမှုအသိုင်းအ၀ိုင်း ပညာပေးမှု လုပ်မယ်ဆိုရင်တော့ ပြဿနာတရပ်ကို ဆန်းသစ်တဲ့အမြင်တဲ့ ချဉ်းကပ်နိုင်တဲ့ လူ့အဖွဲ့ အစည်းတရပ်ဖြစ်လာ မယ်လို့ ကျမတော့ မျှော်လင့်ပါတယ်။ ဒါဆိုရင် အေ့စ်ရောဂါ လိုမျိုး ပြဿနာ တင်မဟုတ်ဘဲ အခြား ခွဲခြားဆက်ဆံခံရမှုသူတွေ၊ နစ်နာဒုက္ခရောက်ကြသူတွေ ကိစ္စကိုလည်း ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။”
အေစ့်ရောဂါတိုက်ဖျက်ရေးအတွက် WHO ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးကတော့ လာမယ့် ၂၀၁၅ ခုနှစ်မှာ လူပေါင်း ၁၅ သန်းအတွက် အေ့စ်ရောဂါနဲ့ အသက်ကာကွယ်ဆေးရဖို့ ရည်မှန်းထားပါတယ်။ လက်ရှိ အားဖြင့်တော့ ကမ္ဘာမှာ HIV ရောဂါပိုး ကူးစက်ခံနေရသူ ၃၄ သန်းရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာတော့ အေစ့်ရောဂါကြောင့် လူပေါင်း ၁.၇ သန်း သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

VOAAIDS တိုက်ဖျက်ရေး မျှော်လင့်ချက်နဲ့အတူ အကဲစမ်းမှုတွေရှိ

အသေးစား အောင်မြင်မှုများကြောင့် အေ့ဒ်စ်ရောဂါ ကုသရန် မျှော်လင့်ချက် ရှိလာကြောင်း ပညာရှင်များ သုံးသပ်

အိပ်ခ်ျအိုင်ဗွီပိုးကို ထိန်းချုပ်နိုင်ခြင်း၊ ပိုးကင်းစင်သွားခြင်းတို့ ဖြစ်ခဲ့သော လူအချို့နှင့် ပတ်သက်သော အသေးစားအောင်မြင်ခဲ့သည့် လေ့လာမှုများကြောင့် ဆယ်စုနှစ်သုံးစု ကြာမြင့်ပြီဖြစ်သည့် အေ့ဒ်စ်ရောဂါကို အမြစ်ဖြတ်နိုင် ရန် မျှော်လင့်ချက် ရှိလာခဲ့ပြီဖြစ်ကြောင်း အမေရိကန်တွင် ကျင်းပနေသည့် အပြည်ပြည်ဆိုင်ရာ အေ့ဒ်စ်ရောဂါကွန်ဖရင့်တွင် ပညာရှင်များက သုံးသပ်ခဲ့ကြသည်။

လေ့လာမှုတစ်ခုတွင် ပြင်သစ်နိုင်ငံမှ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသည်မှာ ၁၀ ပတ် မပြည့်သေးသော လူ ၁၂ ဦးကို ရီထရိုဗိုင်းရပ်စ် သတ်ဆေးများပေးပြီး ကုသလေ့လာခဲ့ရာတွင် သုံးနှစ် နီးပါးကြာပြီးနောက် နောက်ထပ် ကုသရန် မလိုတော့ကြောင်း တွေ့ရှိခဲ့ရသည်။ ယင်းလူနာများတွင် အိပ်ခ်ျအိုင်ဗွီလုံးဝ ကင်းစင်သွားခြင်း မဟုတ်သော်လည်း ၎င်းတို့၏ ဆဲလ်များအတွင်း အလွန်နိမ့်သော အဆင့်ဖြင့် ထိန်းထားနိုင်ပြီး ပိုးကြောင့် နာမကျန်း မဖြစ်စေရန်ပါ ထိန်းချုပ်နိုင်သည့် အဆင့်ကို ရောက်ရှိခဲ့သည်။

နောက်ထပ် ခြောက်နှစ်ကြာ စောင့်ကြည့်ကာလတွင်းလည်း နောက်ထပ်ကုသမှု လုံးဝ  မလိုအပ်တော့ကြောင်း တွေ့ရှိခဲ့ရသည်။ ပုံမှန်အားဖြင့်ဆိုပါက အိပ်ခ်ျအိုင်ဗွီပိုး ရှိသူများမှာ ရီထရိုဗိုင်းရပ်စ်သတ်ဆေးများကို တစ်သက်တာ သောက်သုံးရလေ့ရှိသည်။ သို့ဖြစ်ရာ စောစီးစွာ ကုသနိုင်ခဲ့သည့် ယင်း ၁၂ ဦး၏ ခုခံအား စနစ်မှာ မည်သို့ ကောင်းမွန်သွားသည်ဆိုခြင်းကို ပညာရှင်များက ဆက်လက်လေ့လာနေသည်။

ဒုတိယလေ့လာမှုတွင်မူ အိပ်ခ်ျအိုင်ဗွီပိုးရှိသူ အမျိုးသားနှစ်ဦးမှာသွေးကင်ဆာကြောင့် သီးခြားစီအလှူရှင်ထံမှ ပင်မကလပ်စည်းသုံး အစားထိုးမှု ပြုလုပ်ပြီးနောက်ပိုးရှိသည့် လက္ခဏာ လုံးဝမတွေ့ရတော့ခြင်းကို တွေ့ရှိခဲ့ ရ သည်။ တစ်ဦးမှာ အစားထိုးမှုပြုလုပ်စဉ်တွင် ပိုးရှိသည်မှာ ရှစ်လ၊  အခြားတစ်ဦးမှာ ၁၇ လရှိနေပြီဖြစ်သည်။
ယင်းအမျိုးသားများကို ရီထရို ဗိုင်းရပ်စ်သတ်ဆေးသုံး ကုသမှုဆက်လုပ်ခဲ့ရာ အလှူရှင်ထံမှ ဆဲလ်များကို ကူးစက်ခြင်း မခံရစေရန် ဆေးက ကာကွယ်ပေးထားသောကြောင့်  ခုခံစွမ်းရည်သစ် ဖြစ်လာပြီး ပိုးကို တွန်းလှန်နိုင် ခဲ့ခြင်းဖြစ် သည်ဟု သုတေသနပညာရှင်များက ယူဆထားသည်။

‘ဘာလင်လူနာ’ဟု ထင်ရှားသော ဂျာမနီနိုင်ငံ ဘာလင်တွင်နေထိုင်သည့် အမေရိကန်သူ တင်မိုသီဘရောင်း၏ အိပ်ခ်ျအိုင်ဗွီနှင့် လူကီးမီးယားသွေးကင်ဆာ ပျောက်ကင်းသွားမှု မှာလည်း ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေး ဖွယ်ဖြစ်ခဲ့သည်။ ဘရောင်းသည် သဘာဝအားဖြင့် အိပ်ခ်ျအိုင်ဗွီပိုးကို ခုခံကာကွယ်နိုင်စွမ်းရှိသော အလှူရှင်တစ်ဦးထံမှ ရိုးတွင်းချဉ်ဆီ အစားထိုးမှုပြုခဲ့ပြီးနောက် ငါးနှစ်အကြာတွင် ယင်းသို့ လုံးဝပျောက်ကင်း သွားခဲ့ခြင်း ဖြစ်သည်။
https://mail.google.com/mail/u/0/images/cleardot.gif

AIDS ရောဂါသည်တွေကို ကရုဏာထား ဆက်ဆံဖို့ တိုက်တွန်း

HIV AIDS ရောဂါနဲ့ပတ်သက်လို့ အမျိုးသမီးတွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ လူ့အဖွဲ့အစည်းအပေါ် တုန့်ပြန်ကြတဲ့နေရာမှာ သဘောထားအမြင်တွေ အပြုသဘောဆောင်နိုင်ဖို့ အတွက် ခေါင်းဆောင်ပိုင်းအနေနဲ့ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်သင့်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့ လက်ရှိ ၀ါရှင်တန်မြို့တော်မှာ ကျင်းပနေတဲ့ AIDS နိုင်ငံတကာညီလာခံကြီးမှာ ဇူလိုင်လ ၂၆ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဗွီဒီယိုသ၀ဏ်လွှာပေးပို့ခဲ့သလို သမ္မတဟောင်းကတော် လော်ရာဘုရှ် ကလည်း မိန့်ခွန်းပြောကြားခဲ့တာမှာ HIV AIDS ဝေဒနာသည်တွေအပေါ် နားလည်မှုနဲ့ ကရုဏာထား ဆက်ဆံကြဖို့ တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။ ဒီအကြောင်းကို အခုသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍ မှာ ဒေါ်လှလှသန်း က စီစဉ်တင်ဆက်ထားပါတယ်။

အိတ်အိုက်ဗွီ ဟာ တကယ်ဆို ဘာလဲဆိုတာကို ကျမတို့ နိုင်ငံသားတွေ အနေနဲ့ နားလည်သဘောက်ပေါက်  သင့်ကြပါတယ်။ ကျမတို့အနေနဲ့ အိတ်အိုင်ဗွီဟာ ကြောက်စရာ မလိုဘူး ဆိုတာကို နားလည်သင့်ကြသလို အိတ်အိုင်ဗွီ ရောဂါပိုး ဝင်နေကြ သူတွေကိုလည်း ခွဲခြားပြီး မဆက်ဆံ သင့်ပါဘူး။

သူတို့တတွေဟာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ် မဟုတ်ဘူးဆိုတာကို ခွဲခြား သဘောက်ပေါက်သင့်ကြပါတယ်။ ဒီအမြင်ကို လက်ခံလာကြပြီဆိုရင် ကျမတို့ အနေနဲ့ လူ့ သဘာဝအရ မေတ္တာ စေတနာထားပြီး ဆက်ဆံ လုပ်ကိုင်လာကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လူအများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတဲ့ အတွက် မေတ္တာ ဂရုဏာနဲ့ တန်းဖိုးကို နားလည်ပြီးသား ဖြစ်ကြပါတယ်လို့  မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၁၉ ကြိမ်မြောက် အေ့စ် ညီလာခံ အထူးအစည်းအဝေးအတွက် ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။

အိတ်အိုင်ဗွီအေ့စ် နဲ့ ပတ်သက်လို့ အမျိုးသမီးတွေ သူတို့ မိသားဝင်တွေနဲ့ သူတို့ လူ့အဖွဲ့အစည်းတွေ ပေါ်မှာ ခွဲခြားဆက်ဆံမှု ကင်းစွာ တုန့်ပြန်နိုင်ဖို့ ခေါင်းဆောင် ပိုင်းရဲ့ နမူနာ ပြမူဟာလည်း အရေးကြီးတဲ့ ညီလာခံ အစည်းအဝေးမှာ ပါဝင်ဆွေးနွေးခဲ့သူ     တဦးကတော့ သမ္မတ ကတော်ဟောင်း လော်ရာ ဘုရှ် ပါပဲ။ သူ့ခင်ပွန်းရဲ့ ဖခင် ဖြစ်သူ ၁၉၈၉ ခုနှစ် ၁၉၉၃ ခုနှစ်က သမ္မတ အဖြစ် ထမ်းဆောင်ခဲ့တဲ့ ဂျော့အိပ် ဘုရှ် လက်ထက်က ထိုစဉ် သမ္မတ ကတော် ဘာဗရာ ဘုရှ် က အိတ်အိုင်ဗွီအေ့စ် လူနာတွေ အပေါ်မှာ ဘယ်လို ကြင်နာမှု ပြသပြီး စံပြ နမူနာ ဖြစ်စေခဲ့တာကိုလည်း သူက ထည့်သွင်း ပြောကြားသွားပါတယ်။

“ကျမရဲ့ ယောက္ခမ ဖြစ်တဲ့ ဘာဗရာ ဘုရှ် အကြောင်းကို သွားစဉ်းစား မိပါတယ်… ကျမရဲ့ ခင်ပွန်း သမ္မတဘုရှ် အစောပိုင်းက သမ္မတ အဖြစ် တာဝန်ထမ်းဆောင်စဉ် အစောပိုင်း နှစ်တွေတုံးက လူတွေဟာ အိတ်အိုင်ဗွီအေ့စ် ရောဂါ သည်တွေနဲ့ ထိမိရင် ရောဂါ ကူးနိုင်တယ်လို့ ယူဆခဲ့တဲ့ အချိန်တုံးကပေါ့…. ဘာဗရာ ဘုရှ်ဟာ အိတ်အိုင်ဗွီအေ့စ် ရောဂါ ရနေတဲ့ ကလေးငယ်တွေကို ပွေ့ပိုက်ပြိး ချီတယ်.. ရောဂါ သည်တွေကို ဖက်လည်း တခင်း နုတ်ဆက်တယ်…အေ့စ် ရောဂါကြောင့် သေဆုံးခဲ့ရတဲ့ မိသားဝင်တွေနဲ့ တွေ့ဆုံတယ်… ဒီလို သူက ကျက်သရေ ရှိရှိနဲ့ ရှေ့ဆောင်လမ်းပြ စံပြအဖြစ်လုပ်ခဲ့တဲ့ ကစ္စတွေကြောင့် အမေရိကန် နိုင်ငံသား အများစုဟာလည်း အိတ်အိုင်ဗွီအေ့စ် ဝေဒနာသည်တွေ အပေါ်မှာ နားလည် သဘောပေါက် လာခဲ့ကြတယ်လေ……..”

လူနာတွေကို မေတ္တာ ဂရုဏာနဲ့ ဆက်ဆံ ကြရပါမယ်.. ကြောက်ဖို့ နိမ့်ချ ဆက်ဆံဖို့လည်း မလိုဘူးဆိုတာကို လက်ခံလာကြပါတယ်…. သက္ကရာဇ် ၂၀၁၀ ခု UNAIDS စာရင်း ဇယားအရ ကမ္ဘာပေါ်မှာ အိတ်အိုဗွီအေ့စ် ရောဂါသည်ပေါင် ၃၄ သန်းရှိရာမှာ တဝက်ကျော်ဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်.. မြန်မာနိုင်ငံမှာတော့ ၂၀၁၁ ခုနှစ်အတွက် တရားဝင် ထုန်ပြန်တဲ့ စာရင်း ဇယားအရ အိတ်အိုင်ဗွီပိုး ရနေသူပေါင်း နှစ်သိန်းတစ်သောင်းခြောက်ထောင် (၂၁၆၀၀၀) ရှိပြီး အထူးသဖြင့် လိင်လုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေကြား ကူးစက်နှုန်းဟာ မြင့်မားတာကိုလည်း ထောက်ပြထားပါတယ်…
အိတ်အိုင်ဗွီပိုး ကူးစက်တာနဲ့ ပတ်သက်လို့ သေသေချာချာ နားလည် သဘောပေါက်နိုင်ဖို့ ကနေဒါ အခြေစိုက် Alberta ဆေးတက္ကသိုလ်မှ ကဓိက အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အပြင် အေ့စ်ရောဂါနဲ့ လူ့ အခွင့်အရေး ဆက်စပ်မှု အကြောင်း အထူးပြု လေ့လာနေတဲ့ ဒေါက်တာ ဒေါ်ခင်စောဝင်းကို မေးကြည့်ခဲ့ပါတယ်….

“ဆေးပညာဘက် ရှူ့ထောင့်က ကြည့်မယ်ဆိုရင် ဒီလိုမျိုး ရောဂါ သည်တွေကို မလိုအပ်ပဲ  ခွဲခြားဆက်ဆံဖို့ မလိုသလို တက်နိုင်သမျှ မိမိကိုယ်ကို ရောဂါးပို့ မကူးစက်အောင် ကာကွယ်ဖို့ လိုအပ်ပါတယ်… တချိန်တည်းမှာပဲ မိမိကိုယ် ရောဂါပိုး မကူးစက်အောင် ကာကွယ်နိုင်ဖို့ အတွက် အဓိကကတော့ ဒီရောဂါ တစ်ဦးကနေ တစ်ဦး ဘယ်လို ကူးစက်တယ်ဆိုတာကို တိတိ ကျကျ သိကြဖို့ လိုတယ်… အမှန်ကိုလည်း သိကြဖို့လိုတယ်.. အဲဒီတော့ အဓိက အိတ်အိုင်ဗွီ ရောဂါပိုး ကူးစက်တယ် ဆိုတာ မသန့်ရှင်းနဲ့သွေးနဲ့ သွေးသွင်ခံရတဲ့ အခါ၊ အရေပြားမှာ ကွဲရှနေတဲ့ ဒဏ်ရာနဲ့ ထိမိတဲ့အခါတို့မှာ ရောဂါးပိုး ကူးစက်မယ်..”

” နောက်တခုက တခါသုံးအပ် မဟုတ်ပဲ မသန့်ရှင်းနဲ့ အပ်ကို သုံးမိတဲ့ အခါမှာလည်း ကူးစက်နိုင်တယ်… အဓိက အရေးကြီးဆုံးကတော့ လိင်ဆက်ဆံတဲ့ အခါမှာ အကာအကွယ် မပါပဲ လိင်ဆက်ဆံတဲ့ အခါမှာလည်း ကူးစက်ပါတယ်… မိခင်ကနေပြီးတော့ ကလေးကို ကူးစက်နိုင်ပါတယ်.. မိခင်နို့ စို့ရာကနေ့ ရောဂါပိုး ကူးစက်တာဟာ သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ ကူးစက်နိုင်တယ်လို့ သုတေသနအရ တွေ့ရပါတယ်.. ဒါပေမယ့် ဒါကလည်း လုံးဝ ကူးစက်တာမဟုတ်တဲ့ အတွက် ရောဂါးကူးစက်နိုင်တဲ့ အန္တရာယ်ပဲ ဖြစ်ပါတယ်..”

အဲဒီတော့ ဒီလိုမျိုး ကူးစက်နိုင်တဲ့ အန္တရာယ်ကို သိရှိထားပြီးဆိုတော့ မိမိကို ရောဂါပိုး မကူးစက်အောင် သတိထားပြီးတော့ ကာကွယ်လို့ ရပါတယ်… တချို့ဟာ လွဲမှားတဲ့ အယူအဆတွေ လွဲမှာတဲ့ သတင်း အချက်အလက်တွေ ရထားပြီးတော့ အတူတူစားရင်များ ကူစက်မလား အတူတူ ရေအိမ်သုံးရင်များ ကူးစက်မလားဆိုပြီးတော့ သိပ်မလိုအပ်ပဲနဲ့ အကြောက်လွန်နေကြတာတွေ ရှိတယ်လေ..

အဲဒါမျိုးတွေကြတော့ ကျမတို့က ထိထိရောက်ရောက် ပညာပေးပြီးတော့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ အများသိအောင် ဖြန့်ဝေပေးဖို့ လိုပါတယ်.. ရောဂါပိုးရှိသူနဲ့ အတူတူနေ၊ အတူတူစားမယ်၊ လက်ဆွဲနုတ်ဆက်မယ်၊ ပခုံးဖက်မယ်၊ လက်သုတ်ပဝါ အတူတူသုံးမယ်..အဲဒီလို နွေးနွေးထွေးထွေး နေရုံနဲ့တော့ ရောဂါပိုး မကူးစက်နိုင်ပါဘူး။ ဒီလိုမျိုး အပြုအမူတွေကို သံသယ ရှင်းရှင်းနဲ့ လူလူချင်း ခွဲခြားဆက်ဆံမှု မရှိပဲ ဆက်ဆံလို့ ရပါတယ်…မိမိတို့ မိသားစု ဝင်ထဲက ဒီလိုမျိုး ရောဂါနဲ့ ပတ်သက်လို့ အတူတူစားတာတို့ ထမင်းစားပန်ကန်တို့ သောက်ရေခွက်တို့ ခွဲခြားဆက်ဆံစရာ မလိုအပ်ပါဘူး…
အမျိုးသမီးတွေ အနေနဲ့ အိတ်အိုင်ဗွီအေ့စ်ရောဂါ ကူးစက်ရာမှာလည်း တခါတရံ မသိနားမလည်ပဲ ခင်ပွန်းသည်တွေထံကနေ ကူးစက်တာတွေ ရှိပါတယ်.. ၃၂ အရွယ် အမျိုးသမီး တစ်ဦးရဲ့ ပြောပြချက်ပါ…

“ကျမ အမျိုးသား ဆုံးတော့ ကျမသိရတာပါ.. ကျမ အမျိုးသားဆီက ရတာပါ… အမျိုးသားက ငါးဖမ်းသင်္ဘောတွေ လိုက်တာပါ.. သဘောင်္ဦးစီး စက်ဆရာ နှစ်ခုစလုံး လုပ်တယ်… သူတို့ကတော့ အဲလိုနေရာတွေက ရမယ်ထင်တယ်.. ကျမ တို့ကတော့ မသိဘူးပေါ့ သူကျန်မာရေး မကောင်းလို့ ပြန်တက်လာမှ ကျမတို့က ဆေးတွေကုတယ် .. ဘာရောဂါ ဖြစ်လို့ဖြစ်မှန်း မသိဘူး… ဒီရောဂါ ဖြစ်နေမှန်းလည်း မသိဘူးပေါ့နော်…. ရန်ကုန် ဂျပန်ဆေးရုံကို လာကုတာပေါ့နော်…..ရန်ကုန် ဂျပန်ဆေးရုံကို ၄ လပိုင်း ၂၈ ရက်နေ့က တက်လာတာပါ.. ၅ လပိုင်း ၂၄ ထိ သူခံတယ်… ဆရာဝန်ကို ဘာရောဂါ ဖြစ်တာလည်း မေးတာလဲ မပြောဘူးပေါ့နော်.. အတင်းမေးတော့  သနားလို့ မပြောဘူးပေါ့နော်..သူသေခါနီးမှ မရမက ဆရာဝန်ကို ကျမ အတင်းမေးတော့မှ သူ အိတ်အိုင်ဗွီ ရောဂါ ဖြစ်နေတယ်ဆိုတာ သိရတယ်..”

ဒါအပြင် သူမှာ အိတ်အိုင်ဗွီ ရောဂါကြောင့် ခွဲခြားဆက်ဆံ ခံရတယ်လို့လည်း ပြောပါတယ်…. “ကျမမှာ ညီအကို မောင်နှမတွေ အများကြိးတယ်.. ကျမဆီကို တယောက်မှ မလာဘူး..ကျမတယေက်တည်း တကောင်ကြွက် ထွက်လာတာ …ကိုယ်ကတော့ ဝမ်းနည်းတာပေါ့.. ဒါပေမယ့် ကိုယ့်စိတ်ကို ကိုယ်ဖြေရတာပေါ့…”

နောက်ထပ် ကံဆိုးသူ အမျိုးသမီး တဦးကတော့ တရုတ်ပြည်မှာ ရောင်းစားခံရတဲ့ အေ့စ် ရောဂါဝေဒနာရှင် တဦးဖြစ်ပါတယ်..
” သမီး သိတာကတော့ တစ်နှစ်ကျော် နှစ်နှစ်လောက်တော့ ရှိပြီ ပေါ့နော်.. သမီးက တရုတ်ပြည်ကို ရောင်းစားခံရလို့ ရောက်သွားတဲ့ အချိန်မှာ ဖြစ်တာပါ… ဟိုရောက်တော့ သူတို့က ဟို.. ယေက်ျားပေးစားတာပေါ့နော်… ကိုယ့်ယောက်ျားမှာ ဒီလို ရောဂါပိုးရှိလား မရှိလားဆိုတာ သေချာမသိဘူးပေါ့… အဲဒီမှာ သားသမီး နှစ်ယောက်ရခဲ့ပါတယ်.. သမီးပြန်လာပါတယ်.. သားသမီး နှစ်ယောက်ကိုတော့ အဲဒီမှာ ထားခဲ့ပါတယ်… အိမ်က ညီကို မောင်နှမ ဆွေမျိုးတွေကို သတိရလို့ ဆိုပြီး ပြန်လာတယ်… ပြန်လာပြီး မပြန်ဖြစ်တာပါ.. ကားပေါ်မှာ သတိလစ်ပြီး မေ့မြော သွားတယ်.. ဒါပေမယ့်…ကိုယ့်ဇာတိကို ရောက်လို့ ရောက်မှန်း မသိလိုက်ဘူး… အိမ်က ကိုယ့် ဇာတိက လူတွေက ကိုယ့်ကို ပြောတယ်.. ကျန်းမာရေးကို သိလားဆိုတော့ စစ်ဆေးခိုင်းလိုက်တဲ့ အချိန်မှာ သမီးမှာ ဒီ အိတ်အိုင်ဗွီ ရောဂါပိုး ရှိတယ်ဆိုတာ သမီး သိလိုက်ရတယ်.. အခု ဒီရောဂါပိုးကြီး ဖြစ်နေတယ်ဆိုတာ သိလိုက်ရတော့ ရင်ထဲမှာ တမျိုးကြီး ဖြစ်သွားတာပေါ့နော်…ငါသေရလိမ့်မယ်ပေါ့နော်.. အဲလိုပဲ သတ်မှတ်ထားပါတယ်…”

သူလည်းပဲ ဆွေမျိုး အရင်အခြာတွေရဲ့ ခွဲခြားဆက်ဆံခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်….
“သမီးတို့ ဆွေမျိုးတွေ ဆိုလို့ရှိရင် အဖေ ဘက်ကရော အမေဘက်ကရော သမီးကို တော်ရုံ တန်ရုံ စကားမပြောကြဘူး… ဘာလို့လည်း ဆိုတော့ သမီးမှာ ဒီလိုရောဂါမျိုး ဖြစ်နေတယ်ဆိုတာ သိတဲ့ အတွက် တော်ရုံတန်ရုံ ဆက်ဆံတာ ခွဲခြားတယ်ပေါ့….”
ဒီနှစ် အေ့စ် ညီလာခံကြီးရဲ့ ဆောင်ပုဒ်ကတော့ “Turning the Tide together” ဆိုတဲ့ အေ့စ်ရောဂါ ဒီရေလှိုင် ရိုက်ခတ်မှုဒဏ်ကို စုပေါင်းညီညာ တိုက်ဖျက်ကြပါစို့ ဖြစ်ပြီးတော့ တချိန်တည်းမှာပဲ အိတ်အိုင်ဗွီအေ့စ် ရောဂါနဲ့ ပတ်သက်လို့ ခွဲခြားဆက်ဆံမှု ပပျောက်နိုင်ဖို့ အတွက် ခေါင်းဆောင်ပိုင်းကလည်း နမူနာ ပြသရမှာ ဖြစ်တယ်လို့လည်း တိုက်တွန်းထားပါကြောင်း တင်ပြရင်း ဒီသတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍကို နိဂုံးချုပ် အပ်ပါတယ်….

ဗွီအိုအေရဲ့ သုတအဖြာဖြာ အမျိုးသမီးကဏ္ဍမှ  “AIDS ရောဂါသည်တွေကို ကရုဏာထားဆက်ဆံဖို့ တိုက်တွန်းချက်” ကို ပြန်လည်း ရေးသားဖော်ပြထားပါတယ်…

VOAAIDS ရောဂါသည်တွေကို ကရုဏာထားဆက်ဆံဖို့ တိုက်တွန်း

၂ဝ၁၅ ခုနှစ်အထိသာ Global Fund က ART ဆေးဝါး ပေးဝေနိုင်မည်

မြန်မာနိုင်ငံတွင် အိတ်အိုင်ဗီဝေဒနာရှင်များအတွက် ဆေးဝါးကုသပေးနေသော ကမ္ဘာရန်ပုံငွေအဖွဲ ( Global Fund)က ဆေးဝါးပေးဝေမှုကို ၂ဝ၁၅ ခုနှစ်အထိသာ ပေးတော့မည်ဖြစ်ကြောင်း သိရသည်။
‘ဆေးဝါးက ၂ဝ၁၅ခုနှစ် ထိတော့ ရရှိမယ်။၂ဝ၁၅ခုနှစ် ပြီးသွားလို့ရှိရင်တော့ ဘယ်လိုလုပ်ရမလဲ မသိသေးဘူး။ ဒီဆေးက တစ်သက်လုံး သောက်သွား ရမှာလေ။ ဒီပရောဂျက်ပြီးသွားရင် ဘာလုပ် ရမှန်း မသိသေးဘူး” ဟု ( INGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် FXB မှ Social Workerတစ်ဦးဖြစ်သူဦးချစ်ကိုကိုက ပြောသည်။
အဆိုပါ ဆေးဝါးများပေးအပ်ခြင်းသည် ကမ္ဘာ့ အလိုက်အလှည့်ကျပေးဝေမှု အတိုင်း ပေးအပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ဆေးဝါးထောက်ပံ့မှု (၉) ကြိမ်ပြုလုပ်ပြီးဖြစ်ကြောင်းနှင့်  ဆေးဝါးထောက်ပံ့မှု အား နောက်ထပ်တစ်ကြိမ် ထပ်မံရရှိဦးမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

(၁၁) ကြိမ်မြောက် ဆေးဝါးထောက်ပံ့ရန် ကမ္ဘာရန်ပုံငွေအဖွဲ့မှာ ရန်ပုံငွေမရှိတော့သည့်အတွက် မြန်မာနိုင်ငံသို့ ဆေးဝါးထောက်ပံ့နိုင်ခြင်း မရှိတော့ပေ။
‘’မြန်မာနိုင်ငံကို မပေးနိုင်တော့ဘူး။ ရထားတဲ့ဆေးက၂ဝ၁၅ခုနှစ်အထိပဲကျန်တော့တယ်။ အဲဒီ တော့ ဝေဒနာသည်တွေရဲ့ကံကြမ္မာက ၂ဝ၁၅ခုနှစ် ထိပဲ အာမခံနိုင်မယ်။ နောက်ပိုင်းကျရင် ဘယ်ကလာမလဲဆိုတာ မသိတော့ဘူး” ဟု ဦးချစ်ကိုကိုက ဆက်ပြောသည်။

HIVနှင့်အတူနေထိုင်သူ PLHIV ဝေဒနာရှင်များသည် ၂ဝ၁၅ ခုနှစ် နောက်ပိုင်းတွင် ဆေးဝါးရရှိအောင် မည်သို့လုပ်ဆောင်ကြမည်ကို မသိရှိဘဲ ဆေးပျက်တောက်သွားမည်ကို စိုးရိမ်နေကြောင်းကိုလည်း သိရှိရသည်။
‘’ကျွန်တော်တို့က ‘ဒီဆေးကို တစ်သက်လုံးသောက်သွားရမယ်ဆိုတော့ နောက်ပိုင်း ဘယ်လို လုပ်ရမလဲ မသိတော့ဘူး ဟု PLHIV တစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံတွင် ART ဆေးသောက်သုံးသူ စုစုပေါင်းဦးရေ ခုနှစ်သောင်း ဝန်းကျင်ရှိကြောင်း သိရှိရသည်။
Global Fund အနေဖြင့် မြန်မာနိုင်ငံတွင် အစိုးရဆေးရုံ၊ မင်္ဂလာဒုံဆေးရုံ၊ ဝေဘာဂီဆေးရုံတို့နှင့် INGO ၊NGO များမှတဆင့် ဆေးဝါးထောက်ပံ့မှုပေးနေခြင်းဖြစ်သည်။

အစိုးရသစ်အနေဖြင့် လွှတ်တော်အတွင်းတွင် HIV ဝေဒနာရှင်များအတွက် ဆေးရရှိရန် ဆွေးနွေးဆောင်ရွက်ပေးခြင်း တစုံတရာပြုလုပ်မှုမရှိမရှိသေးကြောင်းနှင့် ဆေးအလှူရှင်အသစ်များ လည်း မရရှိသေးကြောင်း ကျမ်းမာရေးစောင့်ရှောက်မှု NGO အသိုင်းအဝိုင်းက သိရသည်။
 မြစ်မခ၂ဝ၁၅ ခုနှစ်အထိသာ Global Fund က ARTဆေးဝါး ပေးဝေနိုင်မည်

No comments: