Friday, August 31, 2012

မျက်နှာ၊ နှုတ်ခမ်း၊ ဆံပင် တို့အတွက် အိမ်လုပ်အလှပြင်နည်းလေးတွေ


(၁) မျက်နှာသန့်စင်စေဖို့
Moisturising Orange Facial Mask
ဂျုံမှုန့်(၂)ဇွန်းကို လိမ္မော်ရည်ဆတူရောမွှေပါ။ မျက်နှာပေါ်တင်လိမ်းပြီး မိနစ်(၂၀)ခန့်ထားပါ။ ပြီးလျှင် ရေကြက်သီးနွေးဖြင့်ဆေးချပါ။

Water Melon Facial Mask
အသားအရေအမျိုးအစားအားလုံးနဲ့ သင့်တော်တဲ့ နောက်ထပ်ပေါင်းတင်နည်းကတော့ ဖရဲသီးရည်၊ သံပရာရည်နဲ့ ပျားရည်များပေါင်းစပ် ထားတဲ့ ပေါင်းတင်နည်းဖြစ်ပါတယ်။ ဖရဲသီးရည်၊ သံပရာရည် (၂)ဇွန်းစီကို ပျားရည်အနည်းငယ်ရောပြီး မွှေပေးပါ။ သန့်စင်ထားတဲ့ မျက်နှာပေါ် ၁၅မိနစ်ခန့်လိမ်းထားပေးပါ။ပြီးလျှင်ရေနွေးနဲ့ ဆေးချပါ။

(၂) နှုတ်ခမ်းသားလေးတွေ နုညံ့ဖို့
နှုတ်ခမ်းနူးညံ့စေတဲ့ အုန်းဆီ
အနည်းဆုံး တစ်ပတ်(၁)ကြိမ်လောက် အုန်းဆီကို နှုတ်ခမ်းမှာ တို့လိမ်းပေးပါ။ သင့်နှုတ်ခမ်းလေးများကို နူးညံ့ချောမွတ်လာစေပါ လိမ့်မယ်။ အုန်းဆီက နှုတ်ခမ်းသားအတွက် ရေဓာတ်ကို ကောင်းစွာဖြည့်ပေးပြီး Lip Balm အစားထိုးသုံးနိုင်ပါတယ်။

နူးညံ့သောနှုတ်ခမ်းအတွက် Scrub လုပ်နည်း
အိမ်မှာရှိတဲ့ ပစ္စည်းနဲ့ Scrub ကို အလွယ်တကူလုပ်နိုင်တယ်ဆိုရင် ဘာဖြစ်လို့ Lip Scrub ၀ယ်သုံးဖို့ လိုမလဲနော်။ အရမ်းလည်းလွယ် တာမို့ ပိုက်ဆံအကုန်မခံပါနဲ့။ ကိုယ်တိုင်လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Honey & Sugar Scrub
ပျားရည် - စားပွဲတင်ဇွန်း (၁)ဇွန်း
သကြား - စားပွဲတင်ဇွန်း (၁)ဇွန်း
သံပရာရည် - စားပွဲတင်ဇွန်း (၁) ဇွန်း
ဒီ(၃)မျိုးရောပြီး နှုတ်ခမ်းကို (၁)ပတ် ၂ကြိမ်ခန့်လိမ်းပေးပါ။ နှုတ်ခမ်းပေါ်က ဆဲလ်အသေများ ဖယ်ရှားပြီး နှုတ်ခမ်းသား ဖူးကြွလာစေ ပါမယ်။

(၃) ဆံပင်အရှည်မြန်စေတဲ့ သဘာဝပစ္စည်းများ
Grape Seed Oil (စပျစ်စေ့အဆီ)
ဆံပင်အရှည်မြန်စေတဲ့ ပစ္စည်းတစ်မျိုးကတော့ စပျစ်သီးအစေ့မှထုတ်လုပ်ထားတဲ့ အဆီဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ညဘက်အိပ်ယာ မ၀င်ခင်မှာ ၄င်းအဆီကို ဦးရေပြားမှာလိမ်းပြီး နှိပ်နယ်ပေးပါ။ တစ်ပတ်(၂)ကြိမ် (၃)ကြိမ်ခန့်ပြုလုပ်ပေးပါ။

Potato (အာလူး)
အာလူး သို့မဟုတ် အာလူးပြုတ်ပြီး ကျန်ခဲ့တဲ့ အာလူးပြုတ်ရည်ကလည်း အစွမ်းထက်ဆေးတစ်မည်ပါပဲ။ မိမိကြိုက်နှစ်သက်ရာ Shampoo နဲ့ခေါင်းလျှော်ပြီးချိန်မှာ အအေးခံထားတဲ့ အာလူးပြုတ်ရည်နဲ့ ခေါင်းကို လောင်းချပေးရုံပါပဲ။

Egg Hair Mask (ကြက်ဥပေါင်းတင်ဆေး)
ကြက်ဥတစ်လုံးကို သံလွင်ဆီ (၅၀)ဂရမ်နဲ့ ရောမွှေပြီး ၄င်းအရောအနှောဖြင့် ခေါင်းကိုလိမ်းပါ။ တဘက်ဖြင့်ပတ်ပြီး (၁)နာရီခန့်ထားပါ။ ပြီးလျှင် ပုံမှန်အတိုင်း Shampoo ဖြင့်ခေါင်းလျှော်ပြီး Conditioner လိမ်းပါ။ အနည်းဆုံးတစ်ပတ် (၁)ကြိမ်ပြုလုပ်ပေးပါ။

Ref: Online

No comments: