Thursday, August 9, 2012

G-Mail Inbox


External HD မှာ Folders တွေ Shortcuts ပြောင်းကုန်လို့
External Hard Disk တွေမှာ အဖြစ်များတဲ့ ဗိုင်းရပ်စ်အတွက် အမေးတွေ အဖြစ်များလို့ တင်ပေးလိုက်ပါတယ်။

Step 1
Autorun Exterminator ကို အရင် Download လုပ်လိုက်ပါ။ ပြီးတာနဲ့ Autorun Exterminator ကို Double click ပေးလိုက်ပါ။ (မိမိ External Hard Disk ကို ကွန်ပျူတာမှာ တပ်ထားရပါမယ်) Double Clickဖွင့်ပြီးတာနဲ့ Open Log ကို Click ပေးလိုက်ရင် သူက Autorun.inf ကိုတွေ့တာနဲ့ Remove လုပ်ပေးပါလိမ့်မယ်။

Step 2
Start >> Run>> cmd လို့ရိုက်ပြီး Enter ခေါက်ပါ။ အောက်က Command ကိုရိုက်ပြီး Enter ခေါက်ပါ။( မှတ်ချက် G ဟာ မိမိရဲ့ External Hard Disk ရဲ့Drive Letter ဖြစ်ပါတယ်။ မိမိစက်ပေါ်မှာ မူတည်ပြီးပြောင်းလဲထည့်ပါ။ Command မှားမယ်ဆိုရင် Copy ကူးပြီး Paste လုပ်ပါ။ မိမိ External ရဲ့Drive Letter ကိုပဲချိန်ပါ။

Step 3
Download ချပြီးတာနဲ့ Update it>> Perform "Full Scan"လုပ်ပါ။ အားလုံးအဆင်ပြေပါစေ

Facebook Shortcuts
Facebook သုံးနေတဲ့ သူငယ်ချင်းတွေအတွက် Shortcuts လေးတွေတင်ပြပေးချင်ပါတယ်။ သိပြီးသားသူငယ်ချင်းတွေအတွက်မရည်ရွယ်ပါဘူး။ Mouse သုံးရမယ့်နေရာမှာ တစ်ခါတလေ Keyboard Shortcut လေးတွေနဲ့ မိမိ လုပ်ချင်တာတွေ လုပ်ချင်တဲ့ သူငယ်ချင်းတွေအတွက်တော့ အဆင်ပြေစေမှာပါ။
-       Alt + 0 – Help center
-       Alt + 1 – Your Homepage Facebook
-       Alt + 2 – Your Profile
-       Alt + 3 – Recent Friendship Requests
-       Alt + 4 – Recent Messages
-       Alt + 5 – Latest Notifications
-       Alt + 6 – Your Account Settings
-       Alt + 7 – Privacy
-       Alt + 8 – Official Fan Page
-       Alt + 9 – Facebook Terms/Agreements
-       Alt + ? – Search Box
တစ်ခုရှိတာက အသုံးပြုနေတဲ့ Browser ပေါ်မူတည်ပြီး နှိပ်ရမယ့် Key လေးတွေနည်းနည်းကွဲပါတယ်။ Firefox မှာဆိုရင် Shift+Alt+0 လို့ Shift လေးခံပြီး ရိုက်ပေးရမှာဖြစ်ပါတယ်။ Google Chrome မှာဆိုရင် Alt+0 လို့ရိုက်ပေးလိုက်ရုံပါပဲ။ Internet Explorer မှာဆိုရင်တော့ Alt+0 လို့နှိပ်ပြီး Enter နှိပ်ပေးလိုက်ရုံပါပဲ။

Gtalk မှာစကားပြောရင်း သီချင်းပေးနားထောင်ချင်ရင်
တစ်ခါတလေမှာ ကြုံရတတ်ပါတယ်။ ကိုယ်ဖွင့်ထားတဲ့သီချင်းလေးတွေကို စကားပြောရင်း သူငယ်ချင်းကိုပေးနားထောင်ချင်တာမျိုး၊ သီချင်းနာမည်သိချင်တာမျိုးစသဖြင့် ကိုယ်ဖွင့်ထားတဲ့ သီချင်းလေးတွေကို စကားပြောနေတဲ့ သူငယ်ချင်းကိုပေးနားထောင်ချင်ရင်တော့ Gtalk>>Setting>>audio ကိုသွားပါ။ ပြီးရင် အောက်ဆုံးမှာရှိတဲ့ Share Music Listening ဆိုတဲ့ Check boxလေး ဘေးမှာအမှန်ခြစ် ပေးလိုက်ပါ။ ပြီးရင် Ok ပေးလိုက်ပါ။ ဒါဆိုရင် သီချင်းကောင်းကောင်းလေးတွေကို ကိုယ်ရော၊ သူငယ်ချင်းပါ နားထောင်လို့ရပါပြီ။

Note: Online မှမျှဝေသမျှ

No comments: