Wednesday, September 7, 2011

Pamper Your Skin With The Right Basics

မျက်နှာကို ရေနဲ့ဆေးပြီး သန့်စင်မယ်ဆိုရုံနဲ့ ကောင်းမွန်လှပါတဲ့ အသားအရေကို ရရှိနိုင်ပါ့မလား။ ကြည်လင်သန့်ရှင်းတဲ့ အသား အရေကို ရရှိနိုင်ဖို့ အခြေခံအချက်တွေကို အဆင့်ဆင့်ပြုလုပ်ပေးဖို့လိုပါတယ်။ သင့်ဂရုစိုက်မှုရဲ့ ရလဒ်အဖြစ် ကြည်လင်သန့်စင်တဲ့ အသားအရေပိုင်ရှင်အဖြစ် အများက အသိအမှတ်ပြုခံရမှာ မလွဲပါဘူး။


1.         Cleanser

ပထမဆုံးအနေနဲ့ အခြေခံအကျဆုံးအချက်ဖြစ်တဲ့ Cleansing ကိုပြုလုပ်ရမှာပါ။ Skin Care ပြုလုပ်တဲ့အခါ မျက်နှာကို သေသေချာချာ သန့်စင်မှုပြုလုပ်ဖို့က အဓိကအချက်ပါ။ ဒါကြောင့် မျက်နှာပြင်ပေါ်က အညစ်အကြေးတွေ၊ အဆီပိုတွေကို ဖယ်ရှားပစ်ဖို့က အရေးကြီး ပါတယ်။ Cleanser ရွေးချယ်တဲ့အခါ အသားအရေအမျိုးအစားကိုလိုက်ပြီး ရွေးချယ်နိုင်ပါတယ်။


အသုံးပြုပြီးချိန်မှာ အသားအရေ တင်းရင်းခြောက်သွေ့မှုမရှိနေမှသာ Cleanser ကောင်းတစ်ခုဖြစ်မှာပါ။ အဆီပြန်တဲ့ အသားအရေပိုင်ရှင် တွေဟာ Gel Cleanser တွေကို အသုံးပြုသင့်ပြီး ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေဟာ Cream Cleanser ကိုအသုံးပြုနိုင်ပါတယ်။


2. Toner

Toner ကို အသုံးပြုခြင်းကလည်း လိုအပ်တဲ့အဆင့်တစ်ခု ဖြစ်ပါတယ်။ Toner အသုံးပြုခြင်းက Cleansing လုပ်ထားပေမယ့် ကျန်ရှိနေ သေးတဲ့ အညစ်အကြေး အကြွင်းအကျန်တွေကိုပါ ဖယ်ရှားပြီးသားဖြစ်စေပါလိမ့်မယ်။ အဆီ၊ မိတ်ကပ်နဲ့ အညစ်အကြေးတွေကို ဖယ်ရှား ပေးပြီး လိုအပ်တဲ့အဟာရဓာတ်တွေကို ဖြည့်စွမ်းပေးပါလိမ့်မယ်။ တချို့ Brand တွေမှာ Toner ကို Softener (သို့မဟုတ်) Refiner အနေနဲ့ရနိုင်ပါတယ်။


3. Moisturizer

အရေးအကြီးဆုံးအချက်ကတော့ အသားအရေဟာ ရေဓာတ်ပြည့်ဝတဲ့ အသားအရေဖြစ်ဖို့ လိုအပ်ပါတယ်။ ရေဓာတ်ဖြည့်စွမ်းထားတဲ့ အသားအရေဟာ နုညံ့ချောမွေ့မှုရှိပြီး အိုမင်းရင့်ရော်မှုကိုလည်း တိုက်ဖျက်နိုင်ပါတယ်။


4. Scrub

လူအများစုဟာ တစ်ပတ်မှာ တစ်ခါလောက် ဆဲလ်သေဖယ်ရှားခြင်းကို ပြုလုပ်ရမယ့်ဆိုတာ မေ့လျော့နေတတ်ကြပါတယ်။ ချွေးပေါက်ပိတ် ဆို့စေပြီး အသားအရေကို ညစ်နွမ်းစေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပစ်ဖို့ကလည်း အရေးကြီးတဲ့အချက်ပါ။ ကြမ်းရှမှုသိပ်မရှိတဲ့ Scrub နဲ့မျက်နှာကို စက်ဝိုင်းပုံနှိပ်နယ်သန့်စင်ပေးရမှာပါ။ ထိခိုက်လွယ်တဲ့ အသားအရေရှိသူတွေဟာ ဒီထက်ပိုမိုနူးညံ့ပြီး အားပျော့တဲ့ Scrub ကိုအသုံးပြုသင့်ပါတယ်။ အသားအရေဟာ ပိုပြီး ကြည်လင်တောက်ပမှုရှိပြီး အသုံးပြုတဲ့ Skin Care များရဲ့အကျိုးအာနိသင်ကို ပိုမိုစုပ်ယူ နိုင်ပါလိမ့်မယ်။ သင့်အနေနဲ့ တစ်ပတ်မှာတစ်ခါအချိန်ပေးပြီး မလုပ်ချင်ဘူးဆိုရင် နေ့စဉ်အသုံးပြုတဲ့ Cleanser ထဲမှာ Exfoliating အာနိသင်ပါတာမျိုးကို ရွေးချယ်အသုံးပြုပါ။


5. Mask

ဒီအဆင့်ကတော့ မဖြစ်မနေလုပ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အသားအရေအမျိုးအစားအားလုံးအတွက် ရေဓာတ်ဖြည့်ပေးနိုင်တဲ့ Hydrating Mask ကို တစ်ပတ်မှာ တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်အသုံးပြုပေးနိုင်ပါတယ်။ Whitening, For Hydration နဲ့ Cleansing Out Pores စသဖြင့် အမျိုးမျိုးကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။


6. Eyecare

ဒီအဆင့်ကိုတော့ ဘယ်လိုမှမရှောင်လွှဲသင့်ပါဘူး။ မျက်ဝန်းတစ်ဝိုက်ကို ဂရုတစိုက် ထိန်းသိမ်းခြင်းရဲ့ရလဒ်ဟာ ချက်ချင်းဆိုသလို မသိ သာစေနိုင်ပါဘူး။ မျက်ဝန်းဧရိယာတစ်ဝိုက်အတွက် Eye Cream ကို သီးသန့်သုံးပေးပါ။ မျက်ဝန်းဧရိယာတစ်ဝိုက် အရေပြားဟာ အလွန် နုညံ့တဲ့အတွက် ရိုးရိုး Moisturizer သုံးရုံနဲ့ အဆင်မပြေနိုင်ပါဘူး။ Eye Cream သုံးခြင်းဖြင့် မျက်ကွင်းညိုခြင်း၊ မျက်အိတ်တွဲကျခြင်းနဲ့ အရေးအကြောင်းများကို သက်သာစေတဲ့အပြင် မဖြစ်ပေါ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ သင့်ရဲ့မျက်ဝန်းတွေက ကျန်းမာတဲ့ လူနေမှုဘ၀စတိုင်လ်ကိုပါ ထင်ဟပ်စေပါတယ်။


7. Sunscreen

Sunscreen ကတော့ မရှိမဖြစ်အရာထဲမှာ ပါဝင်ပါတယ်။ အနည်းဆုံး SPF 30 မှ 50 ရှိတဲ့ Sunscreen ကို Skin Care ပြုလုပ်ခြင်း ရဲ့နောက်ဆုံးအဆင့်မှာ ပြုလုပ်သင့်ပါတယ်။ အခုနောက်ပိုင်း ထွက်ရှိလာတဲ့ Sunscreen တွေဟာ စေးကပ်မှုမရှိဘဲ အသားထဲစိမ့် ၀င်လွယ်ကာ ချက်ချင်းဆိုသလို ခြောက်သွေ့စေတဲ့ အာနိသင်ရှိပါတယ်။


8. Serum

 ဒီအဆင့်ကို ချန်လှန်ထားခဲ့လို့တော့ ရပါတယ်။ ဒါပေမဲ့ Serum ဆိုတာအစွမ်းရှိတဲ့ Treatment တစ်မျိုးဖြစ်ပါတယ်။ Moisturizer မလိမ်းခင်မှာ အသုံးပြုပေးနိုင်ပါတယ်။ အသားအရေကို ထိထိရောက်ရောက် အဟာရဓာတ်တွေ ဖြည့်ဆည်းပေးနိုင်တဲ့ အစွမ်းရှိပါတယ်။


Ref: CLEO

1 comment:

Anonymous said...

which one do we need to apply first?

in which sequence...

appreciate, you can let us know..