Thursday, September 8, 2011

BluMail

အခုအခါမှာ မြန်မာပြည်သူပြည်သားတို့ မဖတ်သင့်တာတွေမဖတ်မိရအောင် အသုံးမပြုသင့်တဲ့အင်တာနက်ဆိုက်တွေ အသုံးပြုလို့မရလေအောင် ပိတ်ဆို့နေတဲ့ကာလမို့ ကျွန်တော်တို့တွေ အသုံးများတဲ့ G-Mail လေးတွေသုံးလို့မရတဲ့အခါ အဆင်ပြေအောင် BluMail ဆိုတဲ့ မေးလ်အသုံးပြုပုံလေးအကြောင်း ကူးယူတင်ပြလိုက်ပါတယ်။


G-mail တွေ ပိတ်ထားတော့  အကောင့် သစ်လိုချင်တာတောင် နိုင်ငံခြားက သူငယ်ချင်းတွေကို လုပ်ခိုင်းနေရတယ်


အခုတော့  အဆင်ပြေသွားပြီ

ဂျီမေးလ် အတိုင်းပဲ ၊ setting တွေ အားလုံးလို တူတယ်
ဂျီတော့ လ် မှာလည်း ၀င်လို့ ရတယ် ၊ ဂျီတော့ လ်က သူငယ်ချင်းတွေကိုလည်း လှမ်းဖိတ်ပြီးချက်လို့ ရတယ်ဗျ
free ရပြီးတော့  phone နံပတ် လည်းမတောင်းပါဘူး

ဂျီတော့ လ်မှာ ၀င်ရင် နာမည်ရဲ့ နောက်မှာ @blumail.org ဆိုတာလေး ထည့် ပေးရပါတယ် mail ထဲ ၀င်ချင်ရင်တော့  http://mail.blumail.org လို့  ရိုက်ပြီး ၀င်နိုင်ပါတယ် gmail နဲ့  ဆင်တူတာမို့  သုံးရတာ လွယ်ကူပါတယ်

ဒီနေရာမှာ  သွားပြီး မှတ်ပုံတင်လိုက်ပါ

မသိသေးသူများ အတွက်ရည်ရွှယ်ပါတယ်နော်


                                                               ခင်မင်လေးစားစွာဖြင့် 
                                                            ဂျွန်မိုး ၊ စိုင်းခွန်းနော် (http://thelovezone.wall.fm)

No comments: