စာရင်းကိုင်ပညာရပ်ဆိုင်ရာ စာမေးပွဲတစ်ခုဖြစ်တဲ့ LCCI စာမေးပွဲနဲ့ပတ်သက်တဲ့ သတင်းရယ် တခြားသော British Council ကကျင်းပပေးနေတဲ့ စားမေးပွဲတွေနဲ့ပတ်သက်တဲ့သတင်းတွေရယ် သူငယ်ချင်းတို့သိရအောင် ကူးယူ ဖော်ပြပေးလိုက်ပါတယ်နော်။
LCCI November series exam fees
၂ဝ၁၁ နိုဝင်ဘာလတွင် LCCI Series 4 စာမေးပွဲများကို ကျင်းပသွားမည် ဖြစ်သောကြောင့် တစ်ဦးချင်း ဖြေဆိုမည့် ကျောင်းသူ ၊ ကျောင်းသားများ ဩဂုတ်လ (၈) ရက်နေ့ မှ (၂၃) ရက်နေ့ အထိ စာမေးပွဲကြေးကို ဗြိတိသျှကောင်စီ ပထမထပ်ရှိ စာမေးပွဲများဌာနတွင် လာရောက်ပေးသွင်းနိုင်ပါသည်။
စာမေးပွဲကြေးများမှာ Level 1 = USD 30, Level 2 = USD 35, Level 3 = USD 40 တို့ဖြစ်ပါသည်။
Read more: LCCI Nov series exam fee - Myanmar Network http://www.myanmar-network.net/forum/topics/lcci-nov-series-exam-fee#ixzz1X7HlrpkB
ယူကေစာမေးပွဲသတင်းများ (August 2011)
- ၂ဝ၁၁ မေ/ဇွန်လတွင် ဖြေဆိုထားသော IGCSE စာမေးပွဲ အောင်စာရင်းများကို ဗြိတိသျှကောင်စီ ပထမထပ်ရှိ စာမေးပွဲများဌာနတွင် တနင်္လာနေ့ မှ သောကြာနေ့ မနက် (၈း၃ဝ) မှ (၁၂း၃ဝ) နှင့် နေ့ခင်း (၁း၃ဝ) မှ (၄း၃ဝ) အတွင်း စာမေးပွဲ အချိန်စာရင်း (သို့မဟုတ်) Statement of Entry ၊ မှတ်ပုံတင်ကဒ်ပြားနှင့် တကွ လာရောက် ကြည့်ရှု နိုင်ပါသည်။ (new)
- ၂ဝ၁၁ မေ/ဇွန်လတွင် ဖြေဆိုထားသော GCE A levels စာမေးပွဲ အောင်စာရင်းများကို ဗြိတိသျှကောင်စီ ပထမထပ်ရှိ စာမေးပွဲများဌာနတွင် တနင်္လာနေ့ မှ သောကြာနေ့ မနက် (၈း၃ဝ) မှ (၁၂း၃ဝ) နှင့် နေ့ခင်း (၁း၃ဝ) မှ (၄း၃ဝ) အတွင်း စာမေးပွဲ အချိန်စာရင်း (သို့မဟုတ်) Statement of Entry ၊ မှတ်ပုံတင်ကဒ်ပြားနှင့် တကွ လာရောက် ကြည့်ရှု နိုင်ပါသည်။
- ၂ဝ၁၁ ဒီဇင်ဘာလတွင် NCC စာမေးပွဲကို ကျင်းပပေးမည်ဖြစ်သောကြောင့် ဩဂုတ်လ (၂၄) ရက်နေ့ မှ (၂၆) ရက်နေ့အထိ စာမေးပွဲကြေးများကို ဗြိသျှကောင်စီ ပထမထပ်ရှိ စာမေးပွဲများဋ္ဌာနတွင် တနင်္လာနေ့ မှ သောကြာနေ့ မနက် (၈း၃ဝ) မှ (၁၂းဝဝ) နှင့် နေ့ခင်း (၁း၃ဝ) မှ (၃း၃ဝ) အတွင်း လာရောက်ပေးသွင်းနိုင်ပါသည်။
- Starters, Movers, Flyers စာမေးပွဲများကို ၂ဝ၁၁ စက်တင်ဘာလ တွင် ကျင်းပမည်ဖြစ်သောကြောင့် စာမေးပွဲကြေးများကို ဩဂုတ်လ (၂၂) ရက်နေ့ မှ (၃၁) ရက်နေ့ အတွင်း ဗြိတိသျှကောင်စီ ပထမထပ်ရှိ စာမေးပွဲများဌာနတွင် မနက် (၈း၃ဝ) မှ (၁၂းဝဝ) နှင့် နေ့ခင်း (၁း၃ဝ) မှ (၃း၃ဝ) အတွင်း လာရောက်ပေးသွင်းနိုင်ပါသည်။ စာမေးပွဲကြေးများမှာ -Starters = USD 27, Movers = USD 31, Flyers = USD 34 တို့ဖြစ်ပါသည်။
- ၂ဝ၁၁ ဇူလိုင်လ ( ၄ ) ရက်နေ့တွင် ဖြေဆိုထားသည့် Teaching Knowledge Test (TKT) Exam Result နှင့် Certificate များကို တနင်္လာနေ့ မှ သောကြာနေ့အတွင်း မနက် (၈းဝဝ) မှ (၁၂း၃ဝ) နှင့် နေ့ခင်း (၁း၃ဝ) မှ (၄း၃ဝ) အတွင်း ဗြိတိသျှကောင်စီ ပထမထပ်ရှိ စာမေးပွဲများဋ္ဌာနတွင် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ပါသည်။
- ၂ဝ၁၁ ဇူလိုင်လ (၂) ရက်နေ့တွင် ဖြေဆိုထားသည့် YLE (Starters, Movers and Flyers) Certificates များကို တနင်္လာနေ့မှ သောကြာနေ့ မနက် (၈းဝဝ) မှ (၁၂း၃ဝ) နှင့် နေ့ခင်း (၁း၃ဝ) မှ (၄း၃ဝ) အတွင်း ဗြိတိသျှကောင်စီ ပထမထပ်ရှိ စာမေးပွဲများဋ္ဌာနတွင် ကိုယ်တိုင်လာရောက် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ပါသည်။
- ၂ဝ၁၁ ဩဂုတ်လတွင် ACCA (CBE) စာမေးပွဲကို ကျင်းပပေးမည်ဖြစ်သောကြောင့် ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသားများ ဩဂုတ်လ (၃) ရက်နေ့ မှ (၁ဝ) ရက်နေ့ အထိ စာမေးပွဲကြေးကို လာရောက်ပေးသွင်းနိုင်ပါသည်။
- ၂ဝ၁၁ ဩဂုတ်လ (၄) ရက်နေ့ မှ (၁ဝ) ရက်နေ့ အထိ ABE new member registration ကြေးများကို တနင်္လာနေ့ မှ သောကြာ နေ့ မနက် (၈း၃ဝ) မှ (၁၂းဝဝ) နှင့် နေ့ခင်း (၁း၃ဝ) မှ (၃း၃ဝ) အတွင်း လာရောက်ပေးသွင်းနိုင်ပါသည်။
- ၂ဝ၁၁ စက်တင်ဘာလတွင် MYOB စာမေးပွဲကို ကျင်းပပေးမည်ဖြစ်သောကြောင့် ဖြေဆိုမည့် ကျောင်းသူ၊ကျောင်းသားများ သြဂုတ်လ (၁) ရက်နေ့ မှ (၁ဝ) ရက်နေ့ အထိ စာမေးပွဲကြေးလာရောက်ပေးသွင်းနိုင်ပါသည်။
Notice to candidates: Candidates/ visitors must bring NRC or driving license or passport when coming to the British Council for security check.
Read more: ယူကေစာမေးပွဲသတင်းများ (August 2011) - Myanmar Network http://www.myanmar-network.net/forum/topics/exam-dates-august-2011#ixzz1X7HvtYoS
No comments:
Post a Comment