Tuesday, September 13, 2011

3D, Omega-3, Toilet Cleaning

3D ကြည့်တဲ့အခါ လိုက်နာစရာ

3D နည်းပညာသည် အံ့သြဖွယ်ရာ တစ်ရပ်ဖြစ်ပါတယ်။ သို့သော်အများစုအတွက်
ပျော်စရာကောင်းတဲ့အတွေ့အကြုံ သက်သက်သာမဟုတ်ပါဘူး။ 3D ကြည့်ပြီးနောက်
ခေါင်းကိုက်ခြင်း၊ အမြင်ေ၀၀ါးခြင်း၊ နေမကောင်းဖြစ်ခြင်း၊ ကြည့်နေစဉ်
ခေါင်းမူးခြင်းစသည်တို့ကို ခံစားရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံက
အဖွဲ့တစ်ဖွဲ့၏လေ့လာချက်အရ သင့်အနေနဲ့ ညံ့ဖျင်း
သောအဝေးကြည့်မှန်ပြောင်းနှစ်ခုထဲကမြင်ကွင်း (Poor Binocular Vision)
ကဲ့သို့ မြင်ခြင်းကိုလည်း ခံစားရနိုင်ပါတယ်။ အမြင်ပြဿနာအတွက်
ခြုံငုံ၍သုံးသော ဝေါဟာရဖြစ်ပါတယ်။ ဦးနှောက်က မျက်လုံးများမှ
တစ်ဆင့်ရောက်ရှိလာသော ပုံရိပ်များကို မှန်ကန်စွာပုံရိပ်ထင်စေခြင်း
မပြုလုပ်နိုင်သောကြောင့် ဖြစ်ပါတယ်။

ရေရှည်ဖြေရှင်းဖို့အတွက် မျက်လုံးများကို အတူတကွ ကြည့်တတ်လာအောင်
လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်။ မျက်မှန် အသစ်တစ်ခုပြောင်း၍
တပ်ကြည့်နိုင်ပါတယ်။ ရေတို ဖြေရှင်းချက်ကတော့ မျက်လုံးတစ်ဝိုက်ရှိ
ကြွက်သားများ (အပ်စိုက် ကုထုံးတွင်သုံးသောနေရာများ)ကိုလက်ဖ၀ါးလေးဖြင့်
ညင်သာစွာ နှိပ်ပေးခြင်းဖြင့် ကြွက်သားများ ပြေလျော့မှုရအောင်
လှုံ့ဆော်ပေးခြင်းပဲ ဖြစ်ပါတယ်။ 3D မျက်မှန်ကို ချွတ်ပြီး ထိုင်လိုက်ပါ။
အသက်ပြင်းပြင်း ၂ချက်လောက်ရှူပြီး မျက်လုံး များကိုပိတ်ထားပါ။
တံတောင်ဆစ်များကို ဒူးဆစ်များပေါ်တွင်တင်၍ ရှေ့သို့ကုန်းလိုက်ပါ။
လက်နှစ်ဖက်ဖြင့်ဦးခေါင်း ကိုထိန်းထားပါ။

ဘယ်ဘက်လက်ဖ၀ါးကို ဘယ်ဘက်မျက်စိပေါ်တွင် လည်းကောင်း၊ လက်ချောင်းများကို
နဖူး၊ လက် ဖနောင့်ကို မေးရိုး၊ လက်ဖ၀ါးအလယ်ချိုင့်ကွက်ကို
မျက်လုံးပေါ်တွင်အုပ်ထားပြီး မျက်တောင်ခတ်ပေးပါ။ ညာဘက် တွင်လည်း
ဤနည်းအတိုင်းပြုလုပ်ပါ။ လက်ချောင်းများသည် ဘယ်နှင့်ညာ
ကန့်လန့်ဖြတ်တည်ရှိနေပါမယ်။ အသက်ကို ပြင်းပြင်းရှူလိုက်ပါ။ အနည်းဆုံး
လေးမိနစ်ခန့်ရှူပါ။ 3D ဗီဒီယိုကြည့်နေစဉ် သို့မဟုတ် 3D ဂိမ်းကစားနေစဉ်
မကြာခဏ အနားယူပေးပါ။

မောင်
Ref: RD Aug 2011

နှင်:ခူကို ကုသနိုင်တဲ့ အစားအစာ၃မျိုး

(၁) ဆယ်လမွန်ငါးနှင့် အခြား Omega-3 ပါသော အစားအစာများ
ဆယ်လမွန်ငါးကအကြေးခွံတွေနဲ့ ဖုံးအုပ်ထားတဲ့ ငါးဖြစ်ပြီး အဲဒီအကြေးခွံတွေက
သူတို့အတွက် အကောင်းဆုံးကာကွယ်မှု ကိုပေးပါတယ်။
ဆယ်လမွန်ငါးနဲ့ အခြားသော အကြေးခွံပါငါးများဟာ Omega-3 Fatty acid
ပေါကြွယ်ဝစွာပါဝင်ပြီး ၄င်းပစ္စည်းက ခန္ဓာ ကိုယ်ကို အရေပြားကလာပ်စည်းများ
အသစ်ဖြစ်စေခြင်း၊ ရောင်ရမ်းခြင်းမှ ကာကွယ်ပေးခြင်းနဲ့ နှင်းခူကဲ့သို့သော
အခြေ အနေဖြစ်ပွားခြင်းတို့မှ ကင်းဝေးစေပါတယ်။

(၂) အူလောင်းလက်ဖက်ခြောက် (Oolong Tea)
တရုတ်လူမျိုးတွေရဲ့ မီးဖိုချောင်ထဲက အဓိက ကုန်ပစ္စည်းဖြစ်ပါတယ်။
အူလောင်းလက်ဖက်ခြောက်ရဲ့ အရသာက လက်ဖက်စိမ်းလက်ဖက်ခြောက် (Green Tea)
ထက်ပိုခါးပြီး လက်ဖက်ခြောက်အမည်းအကြမ်းလောက်တော့ မခါးဘဲ ကြားအခြေအနေမှာ
ရှိပါတယ်။ ဂျပန်နိုင်ငံမှာ တစ်လကြာလေ့လာချက်အရ နှင်းခူရှိတဲ့လူတွေဟာ
အူလောင်းလက်ဖက် ခြောက်ခတ်ထားတဲ့ လက်ဖက်ရည် ၃ခွက်သောက်သုံးရုံဖြင့်
တစ်ပတ်အတွင်း ယားယံခြင်းသက်သာလာတာကို တွေ့ရ ပါတယ်။

(၃) သက်ရှိတွေပေါက်ပွားနေတဲ့ ဒိန်ချဉ်
ဒိန်ချဉ်နဲ့ အခြားအချဉ်ဖောက်ထားတဲ့အစားအစာတွေမှာ လူတွေကို
ကောင်းကျိုးပေးတဲ့ ဗက်တီးရီးယားတွေပါပြီး ကိုယ်ခံ အားစနစ် အထူးသဖြင့်
အူလမ်းကြောင်းထဲမှာရှိတဲ့ ကိုယ်ခံအားကောင်းစေတဲ့ ကလာပ်စည်းတွေအတွက်
အကျိုးရှိပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က သွေးဖြူဥနှင့် ခုခံပစ္စည်းများ
ထုတ်လုပ်ရန်လည်း လှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အနေဖြင့်
ဓာတ်မတည့်ဖြစ်စေသည့် ပစ္စည်းများကို အလွန်အကျွံတုံ့ပြန်ခြင်း
မဖြစ်စေရန်အတွက် အရေးကြီးသော ပစ္စည်းများကို လည်း ထုတ်လုပ်ပေးပါတယ်။

HPPO
Ref: RD.com

အိမ်သာကို မှန်မှန်ဆေးပါ

တစ်ကိုယ်ရေသန့်ရှင်းရေးသည်ကျန်းမာမှု၏ သုံးပုံနှစ်ပုံကို ဖြစ်စေကြောင်း
လက်ဘနွန်စကားပုံတစ်ခုက ဆိုထားပါတယ်။
သြစတြေးလျနိုင်ငံမှ အဖွဲ့တစ်ဖွဲ့က သန့်ရှင်းရေးဆိုင်ရာ
စစ်တမ်းတစ်ခုပြုလုပ်ခဲ့ရာ လူငါးဦးလျှင် တစ်ဦးသာ သူတို့အသုံး ပြုသော
အိမ်သာကို သန့်ရှင်းရေးပြုလုပ်ကြကြောင်း သိရှိရပါတယ်။ သင်၏
အိမ်သာကမုတ်ပေါ်ရှိ ဧရိယာ ၁စတုရန်း လက်မအတွင်း၌ ဗက်တီးရီးယားပိုး
၃.၂သန်းတွယ်ကပ်လျက်ရှိကြောင်း သိရပါတယ်။

အောက်မှာ ဖော်ပြထားတာကတော့ အိမ်သာကမုတ်အတွင်း
ချောင်းမြောင်းတိုက်ခိုက်ရန် စောင့်ဆိုင်းနေသည့် မသတီစရာ
ဧည့်သည်များစာရင်းများပဲ ဖြစ်ပါတယ်။ သတိပေးစရာ အချက်တစ်ခုကတော့
ရေလောင်းအိမ်သာခလုတ်ကို ဆွဲချတဲ့အခါ အဖုံးကို ပိတ်ထားဖို့ပါပဲ။
ရောဂါပိုးမွှားတွေဟာ အမြင့် ၁.၈မီတာအထိ ခုန်တက်လာနိုင်ပါတယ်။ သင်၏
သွားပွတ်တံပေါ်မှာ အမှုန်အမွှားလေးများသဖွယ် လာရောက် ကပ်ငြိနိုင်ပါတယ်။

(၁) ရှီဂဲလား (Shigella) - အပြင်းအထန်ဝမ်းလျှောခြင်း ဖြစ်စေလေ့ရှိသော
အဓိကတရားခံဖြစ်ပါတယ်။ ၀မ်းကိုက်ဝေဒနာလည်းဖြစ်စေပါတယ်။

(၂) စတက်ဖိုင်လို ကောကပ်စ် (Staphylococcus) – Methicillin Resistant
Staphylococcus Aureus – (MRSA) ပြီး လျှင်
ဒုတိယအန္တရာယ်အပေးနိုင်ဆုံးရောဂါပိုးဖြစ်ပါတယ်။

(၃) ဆယ်လ်မွန်နဲလား (Salmonnella) - အစာအဆိပ်သင့်ခြင်းဖြစ်စေသော ပိုးဖြစ်ပါတယ်။

(၄) အီးကိုလိုင် (E-coli) - အကောင်းဆုံး၊ အသက်သာဆုံးပေးတဲ့ ဝေဒနာက
ဗိုက်အောင့်ခြင်းဖြစ်ြ့ပီး အဆိုးဆုံးဝေဒနာက တော့ ကျောက်ကပ်စွမ်းရည်
ကျဆင်းခြင်းပြဿနာဖြစ်ပါတယ်။ ဒီ့ထက်လည်းပိုနိုင်ပါသေးတယ်။

(၅) စထရပ်တိုကော့ကပ်စ် (Streptococcus) - လည်ချောင်းနာခြင်း၊
အရေပြားပေါ်မှာ အနာစက်ဖြစ်ခြင်းနှင့် ဦးနှောက်အ
မြှေးရောင်ရောဂါကိုဖြစ်စေနိုင်ပါတယ်။

(၆) အသည်းရောင်အသားဝါ အေဗိုင်းရပ်စ်ပိုး (Hepatitis-A Virus)
နေထိုင်မကောင်းခြင်း၊ အသားဝါခြင်းနှင့် ၀မ်းလျှောခြင်း ကို ဖြစ်စေပါတယ်။

မောင်
Ref: RD Aug 2011

No comments: