Wednesday, September 7, 2011

ကိုရီးယားဟင်းလျာတစ်မျိုးဖြစ်တဲ့ ဂျီဂျီးမိ

ပြုလုပ်ရန်အတွက် ပါဝင်ပစ္စည်းများ
ဂျုံ့မှုန့် (၁၅ကျပ်သား)၊ ကြက်ဥ (၂ လုံး)၊ ခနောကြက်သားမှုန့် (အနည်းငယ်)၊ ကြက်သွန်မြိတ် ( ၆ပင်)၊ ပုစွန်/ဂဏန်း (၁၀ကျပ်သား)၊ မုန်လာဥနီ (အနည်းငယ်)၊ ဆီ (၅ကျပ်သား)

ပြုလုပ်နည်း
၁။ ပထမဦးဆုံးအနေနဲ့ ကြက်သွန်မြိတ်များကို ရေစင်အောင်ဆေးပြီး အမြစ်ပိုင်းများကို အရင်းမှလှီးထုတ်ကာ လက်နှစ်ဆစ်ခန့် လှီးဖြတ်ထားပါ။
၂။ မုန်လာဥနီများကို သေးသေးနုပ်နုပ်လေး လှီးထားပါ။
၃။ ပြီးရင် လှီးဖြတ်ထားတဲ့ ကြက်သွန်မြိတ်များနဲ့ မုန်လာဥနီများကို ဇောက်နက်နက်ပန်းကန်လုံးထဲထည့်ပြီး ဂျုံ့မှုန့်၊ ခနောကြက်သားမှုန့်၊ ကြက်ဥ၊ ပုစွန်နဲ့ ကဏန်းသားများစင်းထားတာကိုထည့်ကာ သမအောင် ရောမွှေပါ။
၎။ အဲဒီလိုရောမွှေပြီးရင် ဒယ်အိုးထဲဆီထည့်ကာ အပူပေးပြီး ဆီပူလာပါက မွှေထားတဲ့အစာများထည့်ပြီး အပြားပုံစံဖြစ်အောင် ဖြန့်ပါ။
၅။ အောက်ပိုင်းမာလာရင် တစ်ဖက်လှည့်ပေးပြီး နှစ်ဖက်စလုံး အညိုရောင်သန်းလာပါက ကျက်ပြီဖြစ်တာမို့ ပန်းကန်ပြားအပြန့်ထဲကိုထည့်ကာ အရသာရှိရှိနဲ့ ပူပူနွေးနွေး သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

Cooking Point 1
ဂျီဂျီးမိကို ကြော်တဲ့နေရာမှာ နှမ်းဆီကို အသုံးပြုမယ်ဆိုရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Cooking Point 2
ဂျီဂျီးမိထဲကိုထည့်တဲ့ အသားအတွက် အသင့်တော်ဆုံးနဲ့ အရသာအရှိဆုံးဟာ ပုစွန်၊ ကဏန်း အစရှိတဲ့အသားများကို ထည့်နိုင်သလို ၀က်သားနဲ့ ကြက်သားများကိုလည်း နုပ်နုပ်စဉ်းပြီး ထည့်သွင်းနိုင်ပါတယ်။

Cooking Point 3
ကြော်တဲ့အချိန်မှာ ပုံစံမပျက်ရလေအောင် အထူးသတိထားကာ အပေါ်အောက်လှန်ပေးရမှာဖြစ်ပြီး အတွင်းဘက်ပိုင်းပါ ကျက်ဖို့အတွက် မီးကိုအရမ်းမပြင်းစေဘဲ မီးမျှဉ်းမျှဉ်းနဲ့ ကြော်ရမှာဖြစ်ပါတယ်။

No comments: