Wednesday, September 7, 2011

All-Purpose Flours

ကောက်နှံပင်များက ထုတ်ယူထားတဲ့ အမှုန့်တွေကို စွပ်ပြုတ်တွေ၊ ဆော့စ်တွေပြုလုပ်ရာမှာနဲ့ တခြားသောမုန့်အမျိုးမျိုးဖုတ်ရာမှာ ထည့်သွင်းသုံးစွဲနိုင်တဲ့ အမှုန့်လေးတွေအကြောင်း ကူးယူဖော်ပြလိုက်ပါတယ်။


1.         Garbanzo Bean Flour

Garbanzo ပဲ (သို့မဟုတ်) Chickpea အမှုန့်တွေဟာ အစားအစာများဖုတ်ရာမှာ ချိုမြမြအရသာလေးရှိနေစေဖို့ စွမ်းဆောင်ပေးပါတယ်။ ပရိုတင်းမြင့်မားစွာပါဝင်ပြီး စွပ်ပြုတ်တွေနဲ့ ဆော့စ်တွေပြုလုပ်ရာမှာ ခပ်ပျစ်ပျစ်လေးဖြစ်နေအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။


2.         Green Pea Flour

ပဲစိမ်းအမှုန့်ဟာ ပရိုတင်းဓာတ်နဲ့အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အစားအစာများဖုတ်ဖို့အတွက်ထည့်သွင်း အသုံးပြုလေ့ ရှိကြပြီး စွပ်ပြုတ်နဲ့ ဆော့စ်တွေထဲမှာလည်း ထည့်သွင်းသုံးစွဲကြပါတယ်။


3.         Cornmeal

ပြောင်းဖူးစေ့ခြောက်တွေအားလုံးကို ကြိတ်ခွဲလိုက်တဲ့အခါ အဖြူနဲ့အ၀ါရောင် ပြောင်းမှုန့်တွေ ထွက်ပေါ်လာပါတယ်။ ဒါဟာ ဘီတာ ကယ်ရိုတင်းဓာတ် အပြည့်ပါဝင်ပါတယ်။အပြာရောင်ပြောင်းဖူးစေ့တွေကရရှိတဲ့ အရသာမှုန့်တွေကတော့ အပြာရောင်သန်းပြီး ပရိုတင်း ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ပြောင်းဖူးပေါင်မုန့်နဲ့ ကိတ်မုန့်လုံးလေးတွေ ပြုလုပ်ရာမှာ သုံးစွဲလေ့ရှိကြပါတယ်။


4.         Pumpernickel Dark Rye Meal

ဂျုံ၊ဖွဲအပါအ၀င် ကောက်ပဲသီးနှံပင်များက ရရှိတဲ့ ဒီဂျုံမှုန့်ကိုတော့ ပေါင်မုန့်များနဲ့ ဂျုံမုန့်ကြွပ်များပြုလုပ်ရာမှာ အနံ့အရသာ ပိုကောင်း အောင် ပြုလုပ်ပေးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နံနက်စာများပြင်ဆင်ရာမှာလည်း အသုံးပြုလေ့ရှိကြပါတယ်။


5.         Brown Rice Flour

ဆန်လုံးညိုက ရရှိတဲ့အမှုန့်ဟာ နူးညံ့မှုန့်ညက်ပြီး ဆိမ့်သောအနံ့အရသာရှိပါတယ်။ ကစီဓာတ်များစွာမပါဝင်တဲ့ အစားအသောက်များ၊ မုန့်များဖုတ်ရာမှာ အသုံးပြုလေ့ရှိသလို ဆော့စ်တွေကို အရည်ပျစ်ပျစ်လေးရစေဖို့နဲ့ ဟင်းအနှစ်တွေပြုလုပ်ဖို့ သုံးစွဲလေ့ရှိပါတယ်။


6.         Durum Wheat Semolina

Semolina ဟာ လက်နဲ့နယ်တဲ့ ပါစတာတွေအတွက်တော့ မရှိမဖြစ်လိုအပ်တဲ့ ပါဝင်ပစ္စည်းတစ်မျိုးပါပဲ။ ကစီဓာတ်များပြီး ပါစတာမျှင်များ ကို မကျိုးမပြတ်ဘဲ ရှည်လျားသပ်ရပ်စွာ ဖြစ်ပေါ်လာစေဖို့အတွက် အသုံးအ၀င်ဆုံး ပါဝင်ပစ္စည်းပါ။ ကိတ်မုန့်များနဲ့ အစားအစာများ ဖုတ်ရာမှာလည်း သုံးစွဲနိုင်ပါသေးတယ်။


7.         Potato Flour

အာလူးမှုန့်ကို အစားအစာများကို ပွပွမွမွလေးဖြစ်နေစေဖို့ အသုံးပြုကြလေ့ရှိပါတယ်။ ပေါင်မုန့်အကြေ အစအနလေးများ ပြုလုပ်ရာမှာ ဒီအမှုန့်ကို ထည့်သွင်းသုံးစွဲကြပါတယ်။


8.         Masa Harina

စပိန်အခေါ် Dough လို့ခေါ်ဝေါ်ကြတဲ့ Masa ကို အိုးကင်းမှာဖုတ်ရတဲ့ ပြောင်းဖူးမှုန့်မုန့်များ ပြုလုပ်ရာမှာနဲ့ အစာသွပ်ပေါင်မုန့်အစိုများ ပြုလုပ်ရာမှာ သုံးစွဲကြပါတယ်။ Cornmeal နဲ့ မတူဘဲ ချက်ပြုတ်ထားတဲ့ ပြောင်းဖူးစေ့၊ သံပရာရည်ထဲစိမ်ထားတဲ့ ပြောင်းဖူးအနှစ်ကို အခြောက်လှန်းပြီးမှ အမှုန့်ရအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။

No comments: