Wednesday, September 14, 2011

ဘယ်လို Gym ကိုရွေးပြီး သွားလေ့ကျင့်ကြမလဲ ကျန်းမာရေးအတွက်

ကျန်းမာရေးအတွက် Gym ကိုသွားတဲ့အလေ့အထက အခုခေတ်မှာ
တော်တော်အရေးပါလာပါတယ်။ ဘယ် Gym ကိုရွေးရင်ကောင်းမလဲ Gym အများကြီး
ကြားထဲမှာလေ။ Gym တစ်ခုရဲ့ ရှိသင့်တဲ့ Facility, Gym
ရွေးရင်ဘယ်အချက်တွေကို အခြေခံပြီး ရွေးရင်ကောင်းမလဲ အကြံဥာဏ်လေးတွေကို
Fitness Xpress က Andy W.Huang ကဖြေကြားထားတာလေး
သူငယ်ချင်းတို့ကိုဝေမျှပါရစေ။
Gym ရွေးမယ်ဆိုရင် အဓိကကိုယ်နဲ့အဆင်ပြေမယ့်နေရာမျိုးကိုရွေးတာ
အကောင်းဆုံးပါပဲ။ ဒီနေရာမှာ စဉ်းစားရမယ့်အချက်ကလေး တွေရှိပါတယ်။

နံပါတ်(၁)အချက်က Hour of Operation ဘယ်အချိန်တွေဖွင့်မလဲ။
ကိုယ်နဲ့ကိုက်ညီတဲ့ သင်တန်းအချိန်ရှိလား၊ ပြီးတော့ Location
ဘယ်နေရာမှာလဲ။ ကိုယ်နဲ့နီးတဲ့နေရာမှာရှိလား။
ကိုယ်နဲ့အဆင်ပြေမယ့်နေရာပေါ့။

နံပါတ်(၂)အချက်က ဒီက Gym အတော်များများမှာ Cancellation လုပ်လို့ရတယ်။
Refend ပြန်ပေးတာတို့ Extension ပေးတာ တို့လိုမျိုးပေါ့။ Extension
Policy ပေါ့။ ကိုယ်ခရီးထွက်ချင်တာမျိုးရှိမယ်ဆိုရင် Refend
ပြန်ပေးတာမျိုးတွေရှိရင် အဆင်ပြေမယ်ပေါ့။

နံပါတ်(၃) အချက်က Gym မှာရှိတဲ့ Staff တွေ Trainer တွေရဲ့ Qualification
ပေါ့။ တချို့ Gym တွေမှာတော့ ကာယဗလမောင်ထား တာမျိုးတွေရှိတယ်။ ဒါပေမဲ့
သူတို့မှာ အခြေခံမရှိဘူး။ အဓိက ဒီမှာလာကစားတာက ကျန်းမာရေးကြောင့်ရှိမယ်။
ခန္ဓာကိုယ် ပိန်ချင်လို့၊ ပြည့်ချင်လို့ အစရှိသဖြင့်ပေါ့။ တစ်ခုစီရှိပြီး
လာကစားကြမယ်။ အဲဒီမှာ နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ သင်ပေးနိုင်တဲ့
Trainer တွေ ရှိဖို့လိုမယ်။ ဒါတွေကိုလည်း ကြည့်ရပါမယ်။ နောက် Other
Facilities ပေါ့။ ဘာတွေရှိနိုင်မလဲ။ ကျွန်တော်တို့ Gym တွေမှာ အဓိက
အားဖြင့်ရှိတာကတော့ Groupic ပေါ့။ အုပ်စုလိုက်ကစားရတဲ့ပုံမျိုး။
မြန်မာပြည်မှာဆို အေရိုးဗစ်ပေါ့။ အေရိုးဗစ်ဆိုတာက အောက်ဆီဂျင်
ကိုသုံးပြီး Run တဲ့ကစားနည်းပေါ့။ ဒါမျိုး Facilities ရှိလားပေါ့။

နံပါတ်(၄) အချက်က Gym တစ်ခုသွားတော့မယ်ဆိုဘယ်လောက်
သန့်ရှင်းမှုရှိသလဲဆိုတာ ရွေးရတော့မယ်။ အဲဒီနေရာတွေက ချွေးတွေ
အရမ်းထွက်တဲ့ နေရာမျိုးဆိုတော့ ရောဂါပိုးတွေ အရမ်းရှိနိုင်တယ်။ ဒါကြောင့်
ဘယ်လောက်သန့်ရှင်းလဲ၊ လေ၀င်လေထွက်ကောင်းရဲ့ လား။ အဲဒီအချက်တွေကြည့်ရမယ်။

နံပါတ်(၅)အချက်က သုံးတဲ့ Equipment Quality ပေါ့။ သုံးတဲ့ပစ္စည်းတွေ
စက်တွေရဲ့အရည်အသွေးပေါ့။ Save ဖြစ်တဲ့ပစ္စည်းတွေဖြစ်ဖို့ လိုတယ်။
လေ့ကျင့်မှုတိုင်းမှာ တိကျတဲ့ Effect တွေရှိတယ်ဆိုတော့ ဒါကို
အထူးသတိထားရမယ်။

နံပါတ်(၆)အချက်က Management ပေါ့။ ကိုယ်သွားတဲ့အခါ ဘယ်လောက်ထိ
နွေးထွေးစွာ ကြိုဆိုလဲပေါ့။ ကိုယ်က လနဲ့ချီပြီးကစား တာဖြစ်သလို
နှစ်နဲ့ချီပြီးလည်းဖြစ်နိုင်တယ်လေ။ အဓိက ဒါက Relax ဖြစ်ဖို့လည်းလိုတယ်။
ဒါကြောင့် Friendly ဖြစ်နေမယ့် နေရာ မျိုးကိုရွေးရပါမယ်။

နံပါတ်(၇)အချက်ကတော့ Cost ပါပဲ။ ကိုယ့်ရဲ့ဝင်ငွေနဲ့ ကိုက်ညီတဲ့
ကိုယ်သုံးနိုင်တဲ့ ပမာဏဖြစ်ရပါမယ်။ သင်တန်းတစ်ခုအတွက် ဈေး ကြီးတိုင်း
မကောင်းသလို ဈေးနည်းတိုင်းလည်း မကစားသင့်ပါဘူး။
ကိုယ်နဲ့ကိုက်ညီတဲ့နေရာမျိုးကို ရွေးရပါမယ်။ မြန်မာပြည်မှာတော့
လူအတော်များများက ဒီနေရာကောင်းတယ်လို့ သူများပြောရင် သွားကြတာပါပဲ။

နံပါတ်(၈) Extra Conveniences ပေါ့။ အခုနောက်ပိုင်းမှာတော့ Gym တွေမှာ
Spa တွေနဲ့တွဲဖွင့်တာမျိုး၊ ကော်ဖီဆိုင်၊ Email, Internet
အသုံးပြုနိုင်အောင် စီစဉ်တာမျိုးတွေအပြင် တခြား Service တွေပေးပြီး
ဖွင့်တာမျိုးတွေလည်းရှိတယ်။ ကိုယ်ကဘယ်လိုမျိုးနှစ်သက်လဲ၊ ကိုက်ညီလဲပေါ့။
ရွေးချယ်ရပါမယ်။

အဓိကကတော့ Location ပြီးတော့ Staff တွေရဲ့ Qualityဘယ်လောက်ပြည့်စုံလဲ။
ဘယ်လောက်သန့်ရှင်းနိုင်မလဲ။ ပြီးတော့ Gym တစ်ခုကိုဝင်သွားပြီဆိုရင်
အတော်များများ Gym တွေမှာ ကိုယ်ဝင်သွားပြီဆိုတာနဲ့ Out of Order Sign
တွေအများကြီးရှိနေတယ်။ ပျက်နေတယ်ဆိုရင် မကောင်းဘူးပေါ့။
ကိုယ်ဝင်မယ်ဆိုရင် ဒီ Sign တွေကို သတိထားပြီးကြည့်ရမယ်။ ပြီးတော့ ဒီ Gym
ဟာ management အပိုင်းကို ဘယ်လောက်ထိန်းထားနိုင်လဲ၊ ဒီလိုအချက်ကလေးတွေ
သေချာဂရုစိုက်မယ်ဆိုရင်တော့ ကိုယ်နဲ့သင့်တော်ပြီး သဘောကျစေတဲ့ Gym
တစ်ခုကိုရွေးချယ်နိုင်မှာပါ။

Andy W.Huang
(Execcutive Director Certified Fitness Consultant)

Fitness Xpress
A place for absolute FIT

Operated by Andy W.Huang (Certified Fitness Consultant)
Xpress GYM, Group X Studio, FX Pool, Xpress Cafe etc.
Level-5, Junction Mawtin, Corner of Anawrahta Rd. & Lan Thit St.,
Lamadaw Tsp., Yangon,
Tel: 01-218162~66 (Ext: 1176) Email: info.fitnessxpress@gmail.com
www.facebook.com/fitnessxpressygn

No comments: