Wednesday, September 21, 2011

Sauce အမျိုးမျိုး

Sauce (ဆော့စ်)ဆိုတဲ့စကားလုံးကို အ၈င်္လိပ်-မြန်မာအဘိဓာန်ထဲမှာ စားမြိန်ရည်လို့ ပြန်ဆိုထားတာကို ဖတ်လိုက်ရပါတယ်။ စားမြိန် ရည်ဆိုတဲ့အတိုင်း တချို့အစားအစာတွေက Sauce လေးနဲ့မှပိုပြီး အရသာရှိတာပါ။ Sauce ကို အစားအစာနဲ့တို့ပြီးပဲဖြစ်ဖြစ်၊ အစား အစာပေါ်ဆမ်းပြီးပဲဖြစ်ဖြစ်၊ ဟင်းထဲမှာထည့်ချက်ပြီးမှပဲဖြစ်ဖြစ် ဘယ်လိုပဲစားစား အရသာပိုကောင်းတတ်ပါတယ်။ Sauce ထဲမှာ အချို၊ အချဉ်၊အငန်၊အစပ် အရသာမျိုးစုံနဲ့ အမျိုးအစားစုံလင်စွာရှိတာကြောင့် ကိုယ်စားတဲ့အစာနဲ့ လိုက်ဖက်ညီအောင် စားတတ်ဖို့တော့ လိုမယ်နော်။


Tartare

မာယွန်းနိစ် (Mayonnaise) ကို အခြေခံထားတဲ့ Sauce ဖြစ်ကာ ကြက်သွန်ဖြူ၊ ငရုတ်ပွ၊ ဟင်းခတ်အမွှေးအကြိုင်တို့နဲ့ ပြုလုပ်ပါတယ်။ အရသာမှာ ချဉ်ချဉ်ဆိမ့်ဆိမ့်လေးဖြစ်ကာ မုန့်နှစ်နဲ့ နယ်ကြော်ထားတဲ့ ပင်လယ်စာအကြွပ်ကြော်၊ ငါးအကြွပ်ကြော်တို့နဲ့ တို့စားပါက ခံတွင်းပိုမြိန်စေနိုင်ပါတယ်။


Plum

ဆားငန်သီး၊ ရှလကာရည်၊ ချင်း၊ ငရုတ်သီးတို့နဲ့ ပြုလုပ်ထားကာ အရသာမှာ ချိုချိုချဉ်ချဉ်လေးဖြစ်နေပါတယ်။ ပီကင်းဘဲကင်နဲ့ တွဲ စားလေ့ရှိကြပါတယ်။


Barbecue

သကြား၊ ခရမ်းချဉ်သီး၊ ကြက်သွန်၊ ဟင်းခတ်အမွှေးအကြိုင်တို့နဲ့ ပြုထုပ်ထားပြီး အသားတွေနဲ့ အဓိကတွဲစားလေ့ ရှိကြပါတယ်။ သူ့ရဲ့ချိုပြီးအကင်နံ့ထွက်တဲ့ အရသာက ဘာဂါ၊ ၀က်အူချောင်းတို့ရဲ့အရသာကို ပိုကောင်းစေနိုင်ပါတယ်။


Hoi Sin

ပဲဝါ၊ ရှလကာရည်၊ သကြား၊ ဟင်းခတ်အမွှေးအကြိုင်တို့နဲ့ ပြုလုပ်ထားကာ ဟင်းသီးဟင်းရွက်မွှေကြော်၊ ကြက်သားနဲ့ ၀က်သားကြော် တို့မှာ ထည့်ကြော်နိုင်သလို တို့စားလို့လည်း အရသာရှိပါတယ်။


Teriyaki

ဂျပန်စတိုင် ဆော့စ်ဖြစ်ကာ ဂျပန် ပဲပိစပ်ဆော့စ်၊ ၀ိုင်၊ သကြား၊ ကြက်သွန်နီနဲ့ ဟင်းခတ်အမွှေးအကြိုင်တို့နဲ့ ပြုလုပ်ထားပါတယ်။ အသား နဲ့ ပင်လယ်စာတို့ကို မချက်ပြုတ်မီ ဒီဆော့စ်နဲ့ စိမ်ပြီးမှချက်ပြုတ်ပါက အရသာ ထူးကဲကောင်းမွန်လှပါတယ်။


Sweet and Sour

ချိုချဉ်အရသာဆော့စ်ကို နာနတ်သီးရည်၊ ပြောင်းဖူးနှစ်၊ ခရမ်းချဉ်သီး၊ သကြား၊ ချင်းတို့နဲ့ပြုလုပ်ထားကာ အသား၊ ငါးဟင်းတို့တွင် တို့ စားရန် အသုံးပြုလေ့ရှိပါတယ်။


Tabasco

Tabasco ငရုတ်ဝါသီး၊ ရှလကာရည်၊ဆားတို့နဲ့ပြုလုပ်ထားပြီး အတော်လေးစပ်တဲ့ အရသာရှိပါတယ်။


Worcestershire

ငါးပါးနီ၊ မန်ကျည်း၊ သကြား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ဟင်းခတ်အမွှေးအကြိုင်တို့ကို ရှလကာရည်နဲ့ ရောထားတာကြောင့် အရ သာပြင်းပါတယ်။ အသား၊ ငါး၊ ပင်လယ်စာတို့မှာ အရသာပြင်းပြင်းဆော့စ်တို့ချင်ရင် ဒီဆော့စ်ကိုသုံးတတ်ကြပါတယ်။

No comments: