Thursday, September 7, 2017

ကယ်လိုရီရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှု

သင့်စားသုံးယူလိုက်သော ကယ်လိုရီရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မူ
++++++++++++++++++++++++++++++++++
ကယ်လိုရီဆိုတာဘာလဲ?
*******************


ကယ်လိုရီဆိုသည်မှာ ပေ၊ လက္မကဲ့သို့အရှည်၊ အလျားတိုင်းတာရာတွင်အသုံးပြုသော အတိုင်းအတာပမာဏကိန်းဂဏန်း၊ အရေအတွက်၊ ယူနစ်တခုအားနံမည်ခေါ်ဆိုမူ့ဖြစ်ပါသည်။ ထို့ကြောင့် ကယ်လိုရီဆိုသည်မှာလည်း စွမ်းအင်အတွက်တိုင်းတာသော ယူနစ်တခု (unit of energy) ဟုမှတ်ယူရပါမည်။

ကယ်လိုရီဆိုတာ ရေ ၁ ဂရမ်ကို ၁ ဒီဂရီ ဆဲစီးယပ်(Celsius) အပူချိန်မြင့်တက်လာစေရန် လိုအပ်သောအပူစွမ်းအင်( Energy )ဟု အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ ဇီဝကမ္မဖြစ်စဉ်များပုံမှန်ရှင်သန် လည်ပတ်နေစေဖို့အတွက် စွမ်းအင် ( Energy ) ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ လောင်စာဖြစ်ပါတယ် ။မော်တော်ကားတွေမှာ စွမ်းအင်၊ အင်ဂျင်လည်ပတ်နိုင်စေဖို့ လောင်စာဓါတ်ဆီလိုအပ်သလိုပါဘဲ။

Yale University in New Haven, Conn.,မှ{The LEARN Program for Weight Management (American Health Publishing Co., 2004) }စာအုပ် ရေးသားသူ ပရောဖက်ဆာ မစ္စတာ ကယ်လီဘရောင်းနဲလ် (Kelly Brownell) သုတေသနတွေ့ရှိ ရေးသားမူ့အရ ရုပ်ပိုင်းဆိုင်ရာ သက်ဝင်လှုပ်ရှားမူ့များနှင့်ကမ္မဇီဝဖြစ်စဉ်များဟာ ကယ်လိုရီလောင်ကျွမ်းမူ့ကြောင့် နှလုံးခုန်မူ့ဖြစ်ပေါ်စေပြီး ကယ်လိုရီမရရှိလျှင်နှလုံး မခုန်နိုင်သလို အဆုတ်အလုပ်ဟာလည်း အလုပ်မလုပ်နိုင်ပါဘူး။ နှလုံးမခုန်နိုင်လျှင် ဦးနှောက်လည်းအလုပ် မလုပ်နိုင်ပါဘူး ။

ဇီဝကမ္မဖြစ်စဉ်များပုံမှန်ဖြစ်ပျက်ပီး သက်ရှိခန္ဓာကိုယ်တည်မြဲနေဖို့အတွက် ကယ်လိုရီဟာလည်း မရှိမဖြစ်လိုအပ်တယ်ဆိုတာ အတော်များများမှာ သတိမပြုမိကြပါဘူး။ ပျမ်းမျှခြင်းအားဖြင့် အရွယ်ရောက်ပြီး လူတစ်ယောက်ရဲ့ ဦးနှောက်၊ နှလုံးနှင့်အဆုတ်တို့ပုံမှန်အလုပ်လုပ်နိုင်ရန်အနည်းဆုံးကယ်လိုရီ ၁၀၀၀ မှ ၁၄၀၀ လောက်ထိ လိုအပ်ပါတယ်။

အနည်းဆုံးကယ်လိုရီ လိုအပ်ချက်ကို အနားယူနေစဉ်ဇီဝကမ္မဖြစ်ပျက်မူ့နှုန်း Resting Metabolic Rate( RMR )ဟုခေါ်ဆိုပြီး RMR ဟာ တဦးတယောက်ခြင်း၏ အသက်အရွယ်၊ လိင် ၊ ကိုယ်ခန္ဓာအလေးချိန် ၊ ကြွက်သားထု (muscle mass) ပေါ်မူတည်၍ပြောင်းလဲနေတတ်ပါသည်။ သက်ရှိခန္ဓာတခု လှုပ်ရှား၊ လှုပ်ကိုင်နိုင်ရန်အတွက် အနားယူနေစဉ်ဇီဝကမ္မဖြစ်ပျက်မူ့နှုန်း(RMR) အတွက်လိုအပ်သောကယ်လိုရီအပြင် အပိုအနေဖြင့်ကယ်လိုရီ ၄၀၀ မှ ၆၀၀ မျှထပ်မံလိုအပ်ပါသေးတယ်။ ၎င်းကယ်လိုရီအရေအတွက်ဟာ ပျှမ်းမျှခြင်းအဖြစ်တွက်ချက်ထားတဲ့ရလဒ်တခုပါ။
.
ကလေးငယ်များအတွက် ကယ်လိုရီလိုအပ်ချက်ဟာ အသက်အရွယ်ပေါ်မူတည်နေပါတယ်။ အရွယ်ရောက်ပီးသူများအတွက် ကယ်လိုရီလိုအပ်ချက် အတိအကျသိနိုင်ဖို့ဆိုရင် အသက် ၊ အရပ်အမောင်း ၊ ကိုယ်အလေးချိန် စသည်တို့ကိုအခြေခံပြီး တွက်ချက်နိုင်တဲ့အင်တာနက်အခြေခံပရိုဂရမ်များကို ဂူဂယ်ဒေါ့ကွန်းမှာ အလွယ်တကူရှာဖွေနိုင်ပါတယ်။

 http://www.calculator.net/calorie-calculator.html

ကယ်လိုရီနှင့်ဘော်ဒီဝိတ်(အလေးချိန်) တိုးခြင်း (Calories and Weight Gain)

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


ခန္ဓာကိုယ်မှလိုအပ်သော၊ လောင်ကျွမ်းနိုင်သောကယ်လိုရီပမာဏထက် နေစဉ်ပိုမိုစားသုံးယူခဲ့မယ်ဆိုလျှင် ပိုလျှံတဲ့ကယ်လိုရီ (Energy)စွမ်းအင်တွေကို အဆီ(Fat Cell)အဖြစ် ကိုယ်န္ဓာကိုယ်ရဲ့အစိတ်အပိုင်းတနေရာရာမှာ အနာဂတ်မှာအသုံးပြုရန်သိုလှောင်ထားလိုက်မှာဖြစ်ပါတယ်။ ဥပမာ။ ကယ်လိုရီလိုအပ်မူ့တွက်ချက်ခြင်းအရ တနေ့တာအတွက် ကယ်လိုရီပမာဏ၂၀၀၀ လိုအပ်တယ်ဆိုပါစို့။ ပျမ်းမျှခြင်းအားဖြင့်ကယ်လိုရီ ၂၅၀၀ ရအောင် နေ့စဉ်စားသုံးယူနေမည်ဆိုလျှင်၊ ကယ်လိုရီ ၅၀၀ ဟာပိုလျှံသောကယ်လိုရီပမာဏဖြစ်ပါတယ်။ ကယ်လိုရီ ၅၀၀ ပမာဏဟာ အဆီ ၂၀ အောင်စ ဖြစ်စေနိုင်သောကြောင့် အချိန်တပတ်ကြာသောအခါမှာ ကယ်လိုလီ ၅၀၀x၇ရက် =၃၅၀၀ ကယ်လိုရီဟာ အဆီ ၁ ပေါင်အဖြစ်ပြောင်းလဲပြီးခန္ဓာကိုယ်ကိုအလေးချိန် ၁ ပေါင်တိုးတက်စေပါတယ်။ ကယ်လိုရီများပြားစွာပါဝင်သော အစားအစာများစားသုံးယူခြင်းကြောင့် အစာအိမ်၏ချေဖျက်မူ့ လုပ်ဆောင်ချက်အပေါ်ဖိအားတခုအဖြစ်သက်ရောက်စေပြီး အဆီပမာဏ၊ သကြားပါဝင်မူ့များဟာ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့်ကင်ဆာဖြစ်နိုင်ချေပိုမိုများပြားလာစေပါတယ်။

မေး။ ဒါဆိုကိုယ်ခန္ဓာအလေးချိန်မတိုးဖို့၊ ဝိတ်မတက်စေဖို့ဘာလုပ်ရမလဲ?

ဖြေ။ စားသုံးတဲ့ကယ်လိုရီပမာဟာ လောင်ကျွမ်းပစ်နိုင်သောကယ်လိုရီပမာဏနဲ့ထပ်တူညီနေဖို့ အထူးဂရုစိုက်ရပါမယ်။ (Keep your calorie intake equal to your calorie output) input=output


မေး။ မြန်မာ့အစားအစာများမှာပါဝင်သော ကယ်လိုရီပမာဏကို ဘယ်လိုသိနိုင်မှာလဲ?

ဖြေ။ ပူးတွဲပါ ဓါတ်ပုံတပုံချင်းစီကိုကြည့်ပါ။ save လုပ်ပီးသိမ်းထားပါ။

မေး။ ပူးတွဲပါ ကယ်လိုရီဇယားဟာ ၁၀၀ ရာခိုင်နှုန်းတိကျပါသလား?

ဖြေ။ အတိအကျ တောင်သူဒါးမခုတ်ပြောဖို့မဖြစ်နိုင်ပါဘူး။ ထမင်းဖြူတမျိုးနဲ့တင် ကယ်လိုရီပါဝင်မူ့ကွဲပြားနိုင်ပါသေးတယ်။ ငစိန်၊ငကျွဲ၊ပေါ်ဆန်းမွေး၊ဆန်လုံးညို စသည်ဖြင့်ဆန်၏အရည်အသွေးပေါ်မူတည်ပါတယ်။ မည်သိုပင်ဖြစ်စေကာမူ အနီးစပ်ဆုံးယေဘူယျအားဖြင့် မှန်ကန်နိုင်ပါတယ်။

ကယ်လိုရီနှင့်ဘော်ဒီဝိတ်(အလေးချိန်)လျော့ခြင်း (Calories and Weight Loss)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


၁-ထမင်းလျော့စားရင်၊ ထမင်းညစာတနပ်လျော့စားရုံနဲ့ ဝိတ်ကျမလား?

၂-ဝိတ်ကျပို့ အဆီကျဆေးသောက်ရင် ဝိတ်ကျမလား?

၃-ဝိတ်ကျဖို့ကြိုးစားသူတိုင်းဘာကြောင့်မအောင်မြင်တာလဲ?

လူအများစုဟာ ဝိတ်ချဖို့အတွက် ဆန္ဒပြင်းပြတာမှန်ပါတယ်၊ သို့ပေမယ့် ဘယ်လိုဝိတ်ချရမလဲဆိုတဲ့နည်းကို သိနိုင်အောင်မကြိုးစားကြပါဘူး။ တကယ်တမ်းတနပ်လျော့စားဝိတ်ချနည်းဟာ ရေရှည်စားသောက်နိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူပါဘူး။ ညစာကိုမစားဘဲ တနပ်လျော့စားတယ်၊ သို့ပေမယ့်နေ့လည်မှာ သူငယ်ချင်းကြောင့်၊ မိမိကိုယ်တိုင် Junks Food တွေစားသုံးဖြစ်ကြပါတယ်။ ဒါဆိုရင် ညစာတနပ်လျော့စားမူ့ဟာ ကျန်းမာရေး၊ ဝိတ်ကျဖို့မည်သို့မျှအထောက်အပံ့မဖြစ်စေဘဲ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်များကို အနှောက်အယှက်ပေးရုံသက်သက်ဘဲဖြစ်စေမှာပါ။ ထမင်းတနပ်လျော့စားဖို့ကြိုးစားတိုင်းသာ ဝိတ်ကျမယ်ဆိုရင် နေ့လွဲညစာမစားသုံးတဲ့ ရဟန်းနဲ့သီလှရှင်တိုင်းဟာ အဆီကျ၊ သွယ်လျကျစ်လစ်တဲ့ ခန္ဓာကိုယ်မျိုးပိုင်ဆိုင်နေကြမှာပေါ့။ ပါတ်ဝန်းကျင်မှာ မိတ်ဆွေအပေါင်းအသင်းများနှုတ်ဆက်ကြရာမှာ

မေး။ ဝနေပြီနော်..ဝိတ်လေးဘာလေးချပါဦး။

ဖြေ-၁။ ဟုတ်တယ် ဝလာလို့စိတ်ညစ်နေတာ၊ ဝိတ်ကျဖို့ဘာဆေးသောက်ရမလဲ? သိရင်ပြောပြပါ"

ဖြေ-၂။  လေ့ကျင့်ခန်း treadmill ပေါ်မှာ ၁ နာရီနေ့စဉ်ပြေးပါတယ်။ ဒါပေမယ့် မပိန်ပါဘူး။ ဈေးကြီးတဲ့ပိန်ဆေးသောက်ရင်ကောင်းမလားဘဲ?"

အများစုဟာဆေးကိုအလွန့်အကျွံမှီခိုနေကြတာကိုပတ်ဝန်းကျင်မှာ မြင်နေ၊ ကြားနေမိတာစိတ်မကောင်းဖြစ်စရာပါ။

ဖြေ-၃။ ဝိတ်ချချင်တယ်၊ ကစီဓါတ်ကိုရှောင်မှဖြစ်မယ်ဆို? ထမင်းမှာ ကစီဓါတ်ကအများဆုံးပါတယ်။ ဝိတ်ချချင်ပေမယ့် ထမင်းမစားရရင် ရင်တုန်တယ်၊ ထမင်းမစားရရင် ဗိုက်ပြည့်တယ်လို့ကို မထင်ဘူး။ (ကစီဓါတ်မတက်အောင်(သို့)ကစီဓါတ် ၅၀ရာခိုင်နှုန်းလျော့ချစေသော ထမင်းချက်နည်း နောက်ဆောင်းပါမှာရေးပေးပါမယ်)

ဘာကြောင့် ဝိတ်တက်လာရတာလဲ?
**********************************
ရိုးရှင်းစွာတွေးကြည့်ရင် ကယ်လိုရီဝင်ရောက်လာမူ့(input)ဟာ လှုပ်ရှားမူ့ကြောင့်လောင်ကျွမ်းနိုင်သော(output)ကယ်လိုရီပမာဏထက်ပိုမိုများပြားနေလို့ဖြစ်ပါတယ်။ တနည်းအားဖြင့် ကယ်လိုရီအဝင်များပြီး အထွက်နည်းခြင်းဟုမှတ်ယူရပါမည်။ ကိုယ်ခန္ဓာအလေးချိန်လျှော့ချ(၀ိတ်ချ)ဖို့ဆိုလျှင်တော့ တနေ့တာစားသုံးမူ့မှရရှိလာသောကယ်လိုရီပမာဏထက်ပိုမိုလောင်ကျွမ်းနိုင်ရပါမယ်။ ဥပမာ။ ကိုယ်ခန္ဓာအလေးချိန်ကိုထိန်းသိမ်းဖို့အတွက်ကယ်လိုရီ ၂၀၀၀ လိုအပ်သည်ဆိုကြပါစို့။  နေ့စဉ်စားသုံးယူမူမှနေ၍ ကယ်လိုရီ ၂၅၀၀ ဖြစ်အောင်စားသုံးယူမိလျှင် အပိုကယ်လိုရီပမာဏ ၅၀၀ ဟာ ခန္ဓာကိုယ်မှာစုဆောင်းမိနေပါပြီ။

အထက်မှာပြောခဲ့ပြီးသလို ဝင်ရောက်လာတဲ့ကယ်လိုရီပမာဏကို ကုန်ဆုံးအောင်မလောင်ကျွမ်းနိုင်ခဲ့လျှင် ကယ်လိုရီ ၃၅ဝဝ ပိုလျှံတိုင်းကိုယ်ခန္ဓာအလေးချိန် ၁ပေါင်တက်မှာသေချာမုချပါ။ ကျန်းမာစွာနေထိုင်ဖို့နည်းလမ်းကတော့ ပြည်ဝဆီနဲ့ကြော်ထားတဲ့ ဆီကြော်မုန့်၊ အစားအစာရှောင်ကျဉ်ရန်(သို့) အပိုကယ်လိုရီများကို လောင်ကျွမ်းစေနိုင်ရန်အတွက် သာမန်နေ့စဉ်လှုပ်ရှားမူ့များထက်ပိုမိုသော ခန္ဓာကိုယ်လက်လှုပ်ရှားမူ့၊ လေ့ကျင့်ခန်းတခုခုကို မဖြစ်မနေလုပ်ပေးရမှာဖြစ်ပါတယ်။  အပိုကယ်လိုရီ၂၅၀ လောင်ကျွမ်းနိုင်ရန်အတွက် အစဉ်ဆက်မပျက်သောကိုယ်လက်လှုပ်ရှားမူ(အေရိုးဗစ်)လေ့ကျင့်ခန်း မိနစ် ၃၀ခန့်ပြုလုပ်ရပါလိမ့်မည်။

လေ့ကျင့်ခန်းလုပ်ဖို့တော့ အဆင်မပြေဘူး။ အစားဘဲလျှော့စားမယ်။ ဒါဆိုဘယ်လောက်လျော့စားရမှာလဲ?
***********************************
အစားလျှော့စားဖို့ဆုံးဖြတ်ထားတယ်ဆိုရင်ဖြင့်

၁-အခြေခံ ကယ်လိုရီလိုအပ်ချက်ကို မလွဲမသွေသိရှိဖို့လိုအပ်ပါတယ်။
၂-ဘယ်လောက်ပမာဏအထိ ကယ်လိုရီဝင်ရောက်လာမူ့ (intake)ကို အန္တာရယ်ကင်းရှင်းစွာလျှော့ချနိုင်မလဲ?

တကယ်တော့ ဝိတ်ချဖို့ဆိုတာ ထင်သလောက်မခက်ပါဘူး။ အများစုဟာနေ့စဉ်စားသုံးမူ့ထဲမှ ပါဝင်လာတဲ့ကယ်လိုရီပမာဏအဝင်/အထွက်၊ပရိုတိန်းနှင့်ကာဗိုဟိုက်ဒြိတ်တို့ရဲ့ အခြေခံသဘောတရားကို နားမလည်သရွေ့၊ နားလည်အောင်မကြိုးစားသရွေ့၊ အနီးကပ်ကြီးကြပ်ပေးမယ့်သူ(nutritionist)မရှိသရွှေ့တော့ ဝိတ်ချဖို့ဆိုတာဆောင်းညအိမ်မက်ပမာ ဆက်လက်ရှည်လျားနေဦးမှာပါ။

ကယ်လိုရီအကြောင်းပြန်ဆက်ကြရအောင်။ ကယ်လိုရီ(စွမ်းအင်)ဖြစ်စေသော အစားအစာအမျိုးအစား ၄ မျိုးမှာ အသားဓါတ်(Protein), ကော်/ကစီဓါတ်(Carbohydrates or Crabs)၊ အယ်ကိုဟောဓါတ်နှင့်အဆီဓါတ်တို့ဖြစ်ကြပြီး ကယ်လိုရီပါဝင်မူ့များမှာ အောက်ပါအတိုင်းဖြစ်ပါသည်
၁- အသားဓါတ် ၁ ဂရမ် = ၄ ကယ်လိုရီ၊
၂- ကစီဓါတ် ၁ ဂရမ် = ၄ ကယ်လိုရီ၊
၃- အယ်ကိုဟောဓါတ် ၁ ဂရမ် = ၇ ကယ်လိုရီ၊
၎- အဆီဓါတ် ၁ ဂရမ် = ၉ ကယ်လိုရီ ယူနစ်
ဗဟုသုတအနေဖြင့်မှတ်သားရမှာကတော့ ဗီတာမင်ဓါတ် (Protein)၊ သတ္တုဓါတ်(mineral)အရည်ဓါတ်(water)နှင့်အမျှင်ဓါတ်(Fiber)တို့၌ ကယ်လိုရီလုံးဝပါဝင်မူ့မရှိပါ။ (အရည်ဓါတ်ဟာ သောက်သုံးရေကိုဆိုလိုခြင်းမဟုတ်ပါ)

လူတိုင်းလူတိုင်း၌ မတူခြားနားသော ခန္ဓာကိုယ် ပေါင်းစပ်ဖွဲ့စည်းပုံနှင့် မတူညီသောဇီဝကမ္မဖြစ်စဉ်မူ့များကြောင့် အနိမ့်ဆုံးကယ်လိုရီလိုချက်ကို သတ်မှတ်ရန်အတွက်တော့ မလွယ်ကူလှပါဘူး။ မည်သိုပင်ဖြစ်စေကာမူ လိင်(ကျား၊မ)အခြေခံအားဖြင့် သုတေသနများ၏တွေ့ရှိအကြံပြုချက်၌ အမျိုးသမီးတဦးအတွက် ကယ်လိုရီပမာဏ ၁၂၀၀ လိုအပ်ပြီး၊ ယောင်္ကျားတယောက်အတွက်ကတော့ ၁၈၀၀ ကယ်လိုရီပမာဏလိုအပ်ပါတယ်။ ကယ်လိုရီပမာဏနည်းပါးစွာ စားသုံးယူများ၌ ကျန်းမာရေးဆိုးဝါးမူ့ပြဿနာများ မလွဲမသွေတွေ့ကြုံရမှာပါ။ ခန္ဓာကိုယ်မှအသက်ရှင်သန်မူ့အတွက်မရှိမဖြစ်လိုအပ်သော စွမ်းအင်ကယ်လိုရီလက်ခံရရှိမူ့နည်းပါးခြင်းကြောင့်၊ ကြွက်သားထုမှာသိုလှောင်ထားသောအင်နာဂျီများကို ထုတ်ယူအသုံးပြုပါတယ်။ စွမ်းအင်နည်းပါးသွားမူ့ကြောင့် ကြွက်သားတင်းမာမူကိုလျော့ကျစေပြီ ၎င်းဖြစ်စဉ်ကို ဇီဝကမ္မဖြစ်စဉ်လျော့ကျခြင်း/ဆုတ်ယုတ်ခြင်း Catabolism ဟုခေါ်ပါတယ်။

ကိုယ်ခန္ဓာအလေးချိန်သည် ကျန်းမာမူ့နှင့်ကယ်လိုရီလောင်ကျွမ်းမူ့ အပေါ် တိုက်ရိုက်ဆက်စပ်လျက်ရှိပါသည်။ ဥပမာ။ ကယ်လိုရီနေ့စဉ် ၂၀၀၀လိုအပ်နေသူဟာ ၁၅၀၀ စားသုံးခြင်းဖြင့် ကယ်လိုရီလိုအက်ချက်၊ ကွာခြားမူ့ ၅၀၀ ကယ်လိုရီကိုအန္တာရယ်ကင်းရှင်းစွာလျှော့ချနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဗိုက်ပြည့်ဝမူ့ခံစားချက်ဖြစ်ပေါ်စေနိုင်သော လပ်တင်(Leptin)ဓါတ်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အရေးကြီးပါတယ်။ သုတေသနရှာဖွေတွေ့ရှိချက်အရ ပြည့်ဝဆီလွန်ကဲစွာစားသုံးသူများ၏ အစာအိမ်တွင်းရှိ (Leptin Receptor) ဆာလောင်မူ့စွမ်းအင်နှင့်လက်ခံနိုင်မူ့တုန်ပြန်စွမ်းအင် လပ်တင်ဆဲလ်(Leptin Cells)များဟာ အဆီဖုံးလွှမ်းမူ့ကြောင့် ကောင်းမွန်စွာတုန်ပြန်မူ့မပြုနိုင်ပါဘူး။ ထိုအချက်ကြောင့် အချို့သူများ၌မကြာခဏစားသောက်ပြီး၊ ဗိုက်ပြည့်သောခံစားချက်ကိုအစာအိမ်မှတုန့်ပြန်မူ့မရှိခြင်းကြောင့် ပုံမှန်ထက်ပိုမိုစားသုံးမိပါတယ်။ အဆီကြိုပ်နှစ်သက်သူများဟာ ဝိတ်ချဖို့အတွက် ခက်ခဲသူများဖြစ်ပါတယ်။ ဒီလိုအခြေအနေဖြစ်နေပြီဆိုလျှင် Leptin Recepor ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက် မပြည့်ဝဆီဖြင့်ကြော်လှော်ထားသောအစားအသောက်များကို ရှောင်ကျဉ်ပြီး ပုံမှန်ဇီဝကမ္မဖြစ်စဉ်များပြန်လည်ရရှိဖို့ အချိန်ကာလတခုအထိကြာမြင့်မှာပါ။ Leptin Receptor ကောင်းမွန်စွာအလုပ်မလုပ်နိုင်သောအချိန်မှာ ဆာလောင်မူ့၊ဗိုက်ပြည့်မူ့ ခံစားချက်များအပေါ်မှီခိုဘဲ လက်တွေ့ကျကျ သင်္ချာနည်းဖြင့် စားသောက်ချိန်နှင့်ကယ်လိုရီပမာဏကိုတွက်ယူစားသုံးသင့်ကြောင်း အကြံပြုအပ်ပါတယ်။

သင့်တင့်မျှတသောစားသောက်နေထိုင်ခြင်းဟာ ဘဝအတွက်အရေးကြီးဆုံးသော့ချက်တခုပါ။ သင့်တင့်သောကယ်လိုရီပမာဏစားသုံးခြင်းနှင့် အလယ်အလတ်ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံခိုင်သောဘဝကိုထိန်းသိမ်းပါ။

နိဂုံး

ကယ်လိုရီဟာ စိုးရိမ်စရာ၊ ကြောက်ရွံစရာ ရန်သူမဟုတ်ပါဘူး။ လူမူ့ဘဝ၊ မိသားစုဘဝ နေ့စဉ်လှုပ်ရှားရှင်သန်နိုင်ရန်အတွက် ကယ်လိုရီမှစွမ်းအင်များထုတ်လုပ်ပေးပါတယ်။ ကယ်လိုရီမရှိဘဲ အသက်ရှင်သန်ဖို့မဖြစ်နိုင်ပါဘူး။ ကျန်းမာစေရန်အတွက် မှန်ကန်မျှတသော ကယ်လိုရီပါဝင်သောအစားအသောက်များ ရွေးချယ်စားသောက်နိုင်ကြပါစေ။

စာဖတ်သူအတွက် ဗဟုသုတအနည်းငယ်မျှဖြစ်ခဲ့မည်ဆိုလျှင်ရေးရကျိုးနပ်ပါတယ်။

ဒေါမနစ် (စင်္ကာပူ)

၆ ရက် ဂျူလိုင်လ ၂၀၁၆ (SGT 17:08)

(ကယ်လိုရီဇယားဓါတ်ပုံမူလပိုင်ရှင်အားcredit ပေးပါတယ်။)

Credit: GYM Professor ´s Group

No comments: