Saturday, March 1, 2014

ဂျီးဒေါ်ရေ...




ဂျီးဒေါ်ရေ...

ဒီနေ့  စနေ နေ့ လေ ... ၀၀ အိပ်မဟဲ့ ဆိုပြီး အိပ်တာဘဲ လူက ကျွန်ဇာတာပါနေလို့ လားတော့မသိဘူး မနက် ထချိန်ရောက်ပြီဆိုတာနဲ့  မျက်လုံး နှစ်လုံးက စိမရအောင် သူ့ ဟာသူ ပြူးနေတော့တာ ။ ဒါနဲ့  ဟိုကြည့်သည်ကြည့် ကြည့်မိတော့ ချက်ဘော့စ်ထဲ ကလည်း လာပြောကြတယ် ပေါ့နော် ဟိဟိဟိ ။

ဒီမယ် ဂျီးဒေါ် ... ကျုပ်တို့ က တောသား ရိုးရိုးလေးဘဲ တွေးတတ်တယ် ပြောရင်လည်း ဒဲ့ဒိုး ဘဲ ပြောတတ်တယ် ။ အထူးအဆန်းတွေ သွယ်ဝိုက်ပြီးလာပြောရင် နားကို မလည်တာ ။

ဒီတော့ အစိုးရ ကိုမုန်းတယ် တဲ့ ... ဟုတ်တယ် မှန်တယ် ။ သူ့ ကို ချစ်စရာ ဘယ်အကွက် ရှိလို့ တုံး ပြောပြပါအုံးဂျီးဒေါ် ။ ဂျီးဒေါ် ကြီး ဒီလို ဆင်းဆင်းရဲရဲ နေ နေရတာ ဂျီးဒေါ်ရဲ့  အရင်ဘ၀က ၀ဋ္ဌ် ကြွေး မဟုတ် ဘူး ... မြန်မာပြည်မှာ မှားမွေးလာပြီး အဲဒီအစိုးရကြီး ရဲ့ အုပ်ချုပ်မှူအောက်မှာ လာနေရတာက မှ ၀ဋ္ဌ် ။

ဘယ့်နှယ့်တော် ... ဟိုးးးးးးးးးး အရင်ကလည်း ဒီပေါ်လစီ ဒီလူ က ပြည်သူတွေကို နှိပ်စက်တယ် ။ ခဏကြာတော့ အဲဒီလူက အမွေပေးခဲ့လိုက်တဲ့ နောက်တစ်ယောက်ကလည်း အဲဒီပေါ်လစီနဲ့ ဘဲ ဆက်အုပ်ချုပ်ပြီး ဂုတ်သွေးစုတ်တယ် ။ ခဏနေတော့ အဲဒီအဖွဲ့ ဘဲ အကျီပြောင်းဝတ်ပြီး မျက်နှာပြောင်တိုက် ဆက် ပြီး ဂုတ်သွေးစုတ်တယ် ။ အဲဒီခေတ်အဆက်ဆက် စဉ်ဆက်မပြတ် ပြည်သူတွေကို နိပ်စက် ကလူပြု ဂုတ်သွေးစုတ်နေတဲ့ အစိုးရကြီးကို ကျုပ်က ချစ်ပြီး တစ်ရက် သုံးခါ ဦးတော် လုပ်နေရမှာလား ပြောအုံး ဂျီးဒေါ် ။

ဘာတွေ စုတ်နေတုံးဟုတ်လား ... ။ ဂျီးဒေါ်ရဲ့ လယ်တွေ သိမ်းတာ ဘယ်သူလည်း ၊ ရွာဘေးက တောင်ကို သိမ်းလိုက်တာ ဘယ်သူလဲ ၊ တရုတ်ကြီး လို့ ပြောမလို့ မဟုတ်လား ဟင်းဟင်း ။ ဟုတ်တာပေါ့ အဲဒီတရုတ်ကြီးဆီက အရည်တွေရ အဖတ်တွေရလို့  အဲဒီဂျီးဒေါ် အစိုးရကြီးက အခွင့်ပေးလို့ လာသိမ်းကြတာ ပေါ့ မဟုတ်ဘူးလား ရှင်းရှင်းလေး ။ အဲလို လာသိမ်းပြီး စီးပွားရှာလို့  အစိုးရက ရလိုက်တဲ့ အရည်တွေ အဖတ်တွေကို ဘယ်သွားထားတုံး ... သူ တို့ အပေါက် သူတို့ ဆို့ ဖို့ တောင် မလောက်သေးလို့  တဲ့ ... ။

ဘာတုံး ခေါင်းကိုက်တယ် ဟုတ်လား ... ပေါ်လစီဆိုတာကို မသိလို့ ပေါ့လေ ။ ကဲ အစိုးရက နိုင်ငံတော်ကြီးကို ဘာပေါ်လစီနဲ့  အုပ်ချုပ်နေလဲ ။ ဟိုးးးးးးးးးးးးးးးးးး အရင်ကတည်း က အခုယနေ့ မျက်မှောက် ချိန်ထိ ။ ပြောအုံး ......... အကြောက်တရားကြီးနဲ့  အုပ်ချုပ်မင်းလုပ်နေတာလေ ။ ပြည်သူတွေကို ကြောက်အောင်လုပ် ၊ ပြည်သူတွေ က သူတို့ ကို ကြောက်ပြီး ငြိမ်ဝပ်ပိပြား နေ မှ သူတို့ ထိုင်ခုံမြဲမှာလေ ။ ဟုတ်သလား မဟုတ်ဖူးလား ဒါဘဲ ပြော ။ ပြည်သူတွေ မကြောက်ကြောက်အောင် ဆဲဆိုတာကတစ်မျိုး လက်တွေ့ ရန်းကားပြတာက တစ်မျိုး ဖမ်းဆီး နှိပ်စက်တာက တစ်မျိုး ရန်တိုက်ပေးတာက တစ်မျိုး သွေးခွဲ တာက တစ်မျိုး ရိုးကိုးးးးးးးးးမရိုးရအောင် ဒီဟာတွေဘဲ ထပ်ခါထပ်ခါ ပြန်ပြန်လုပ်ပြီး အုပ်ချပ်နေတာ ။ ဘာကောင်းတုံး သေချာစဉ်းစားအုံး ။

ခုတစ်လောက် ထပ်ပြီး ခဏခဏလုပ်နေတာက ရန်တိုက်ပေးတဲ့ အလုပ် ။ သိပ်ကလီကမာ တွေ လုပ်တာ ။ အစိုးရဆိုတာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့သူ ... တိုင်းပြည်မှာ ပြသနာ ရှိရင် ကောင်းအောင် ငြိမ်းချမ်းအောင် တည့်မှတ်ပေးရမယ့် အဖွဲ့  ။ ရခိုင်နဲ့ ကလားနဲ့  စချကြတော့ သူဘာလုပ်ပေးတုံး ........ ဘေးမှာ ထိုင်ကြည့်ပြီး အမှူမကြီးကြီးအောင် လုပ်ခဲ့တယ်လေ ။ ဘာလို့ လုပ်သလဲ ဟုတ်လား ... အဲဒါ သူ့ အကျင့်လေ ... ပြည်သူတွေ သူ့ ထိုင်ခုံကြီးဆီကို အာရုံမရောက်ဖို့  စတေးတာ ။ ယုတ်မာတာ ။

သူတို့ ကိုးကွယ်တဲ့ ဘုန်းကြီးတွေကို ပြန်ပြီး ရိုက်နှက် ရဲလောက်တဲ့ အစိုးရ ကဂျီးဒေါ် တို့ လို သမည သာမန်ပြည်သူ တစ်ယောက်ကို လုပ်ချင်ရင် ဘယ်လို တွေ လုပ်မယ် ဆိုတာ စဉ်းစားအုံး ပြီးမှ ကောင်းတယ်လို့  ပြောပါအုံး ဂျီးဒေါ် ။
MSF ဆိုတာ လူသားခြင်းစာနာ ထောက်ထား ပြီး ဆေးတွေ ကုပေးတဲ့ အဖွဲ့  ။ ဗမာမှ ကုပေးမယ် ကုလားမှ ကုပေးမယ်လို့ လုပ်လို့ မရဘူး ။ ရောက်တဲ့ နေရာက အလိုအပ်ဆုံးသော လူတွေကို အရင် ဦးစားပေးပြီး ကုပေးရတာ ကူပေးရတာက ကျုပ်တို့  လူမှူရေး ၀န်ထမ်းတွေ ရဲ့ အလုပ် ကျုပ်တို့ လူမှူရေးဝန်ထမ်းတွေရဲ့  ကျင့်စဉ် ဘဲ ။ ဒီကျင့်စဉ် ကို ဖောက်ပြီး အစိုးက ကို ကပ်ဖား လို့  နေရာမြဲဖို့  ကြိုးစားနေတဲ့ အဖွဲ့ တွေကို တော့ ထည့်မပြောတော့ဘူး ။ ကျုပ်ပြောထားတယ်နော် အသားအရောင် မခွဲ ခြားဘဲ ရောက်တဲ့ နေရာက အလိုအပ်ဆုံး သော လူတွေ ကို ကူရမယ် ဆိုတာကို ။ သူတို့ အလုပ်က လူသတ်နေတာလည်း မဟုတ် ဓမြတိုက်နေတာလည်း မဟုတ် အတင်းအဓ္ဒမပြုကျင့်နေတာလည်း မဟုတ် ... သူ့ ဒေါင့်သူ့ နေရာက မြန်မာပြည်ကြီးကို ကူနေတာ ၊ လူနာတွေကို ကယ်နေတာ ။ ဒါကို မကြိုက်ကြလို့  နှင်ထုပ်ကြတယ် ရန်ရှာကြတယ် ပြည်သူတွေက ၊ အင်းပေါ့လေ ကြံဖွတ်တို့  ပြည်ခိုင်ဖြိုးတို့ ဆိုတာလည်း ပြည်သူတွေဘဲ ဆိုတော့ ပြောလို့ ရတာပေါ့ ပြည်သူတွေ မကြိုက်ကြဘူး ဆိုတာကို ။ ဒါကို ကာကွယ်ဖို့  တားဆီးဖို့  အစိုးရကြီး က တာဝန်ယူရမှာကို လွယ်လွယ်လေး နဲ့  ဒိုးတော့ လုပ်ပလိုက်တယ် ။

မှတ်ထားဂျီးဒေါ် ... ကျုပ်က လူသား တစ်ယောက် မို့ လို့  ချစ်တာ မုန်းတာတွေ ရှိတယ် ။ ဒါပေမယ့် မှန်တာ ကို ပြောရဲတဲ့သတ္တိလည်း ရှိတယ် ။ ဒီလို ပြောတော့ ကျုပ်က ဘာရသွားတုံး ...... တစ်ပြားမှ မရတဲ့ အပြင် အဖိုးတန် အချိန်တွေ တောင် ကုန်ပြီး လက်ကလည်း ညောင်းသေး ။

တိုတို ပြောမယ်ဂျီးဒေါ် ........ အစိုးရ က သူ တစ်ပြားတစ်ချပ်မှ သူ့ အပေါက်ထဲ မဆို့ ဘဲ စေတနာ သန့် သန့် နဲ့  ပြည်သူတွေကို အလကား ကူတာလေး ရှိရင် တစ်ဆိပ်လောက် ပြန်ပြောပြပါအုံး လို့  ........ အဲ့ခါကျရင် ကျုပ်သူ့ ကို ချစ်လာအောင် ကြိုးစားပေးမယ် ဟုတ်ပြီလား ။

ချစ်သော
ယူရီ

(စာကြွင်း ။ MSF ကိုထွက်ခိုင်းလို့  ဆေးမရတော့မယ့်  အွန်စော တို့ အဖွဲ့ အတွက် စိတ်မကောင်းဖြစ်လွန်းလို့  ရေးလိုက်တာပါ ။)

No comments: