Wednesday, March 5, 2014

မဟာ လူသား


ငါ့အပင် ငါစိုက်
ငါ့အကိုင်းငါနားတယ်
ငါ့နှုတ်ခမ်း ငါပြုံး
မျက်နှာဖုံးငါမုန်းတယ်
ငါ့ခြေထောက် ငါရပ်
ငါ့ဖိနပ်ငါစီးတယ်

ငါ့မျက်လုံးသည် မငို
ငါ၏သွေးတို့ မကြဲ
ငါ့နှလုံးသည် မငယ်
ငါ၏စိတ်တို့ မယိုင်နဲ့

ငါ့ဝိဥာဉ်မှာ အနှောင်အဖွဲ့ ကင်းစင်
ငါ့အင်ဂျင်မှာ ဘက်ဂီယာမပါဝင်ခဲ့

ငါ -
- ဒီမှာ
မဟာ လူသား

ငါ့အလံ ငါထူလွှင့်
ငါ့သမိုင်း ငါရေးမယ်။ ။

(ကျနော်ချစ်သော ကြိုးစားသူ လူငယ်အားလုံးအတွက်)


Written by Sai Sai Kham Leng

No comments: