HIV
ဝေဒနာရှင်တစ်ဦးမှ ခုခံအား ကျဆင်းမှုရောဂါ အကြောင်း စက်ဘီးစီး၍ မြန်မာ
တစ်ပြည်လုံးသို့ ရင်ဖွင့်ပြောကြားသော ခရီးစဉ်
ကိုစရကို Srako (၃၅) နှစ်သည် မန္တလေး ဇာတိဖြစ်ကြောင်း၊ သူ၏ စက်ဘီးစီး၍ မြန်မာ တစ်ပြည်လုံးသို့ ခုခံအား ကျဆင်းမှုရောဂါအကြောင်း ရင်ဖွင့်ပြောကြားသော ခရီးစဉ်ကို ၂၀၁၃၊ ဒီဇင်ဘာလ (၁) ရက် ကမ္ဘာ့ခုခံအား ကျဆင်းမှုရောဂါ ကြိုတင်ကာကွယ်ရေးနေ့ မှာ စတင်ခဲ့ကြောင်း၊ ၎င်းခရီးစဉ်ကို ဦးကျော်သူ၏ နာရေးကူညီမှု အသင်း (ရန်ကုန်) ၌ အခမ်းအနားပြုလုပ်၍ စတင်ထွက်ခွာခဲ့ကြောင်း၊ မကွေးမြို့သို့ရောက်ရှိသော မိုင်ပေါင်း (၂၆၆၅) မိုင်၊ ရပ်နား၍ တည်းခိုခဲ့သောနေရာပေါင်း (၇၀) ရှိခဲ့ကြောင်း၊ မကွေးမြို့မှ အထက်မင်းလှမြို့သို့ မတ် (၉) ရက် နေ့တွင် ဆက်လက် သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံးသိ
ကျွန်တော် ဒီခုခံအားကျဆင်းမှုရောဂါ ကူးစက်ခံရတယ်ဆိုတာကို (၂၀-၁-၂၀၀၅) နေ့မှာ သိခဲ့ရပါတယ်။ ART ဆေးကို လူနာမှတ်ပုံတင် အမှတ် ၉၉/၃၃၉/၀၆ နဲ့ (၁၆-၁၁-၂၀၀၆) မှာစတင်ရရှိ သုံးစွဲခဲ့ပါတယ်။ ကျွန်တော့်လို ဘ၀တူ ဝေဒနာရှင်တွေရဲ့ ရိုးရှင်းတဲ့ ဘ၀နဲ့ သက်တမ်းစေ့ နေထိုင်နိုင်ရေး အတွက် ထားရှိရမဲ့ စိတ်ဓာတ်နဲ့ နေထိုင်ပြုမှု သင့်တာတွေ၊ ART ဆေးသုံးစွဲပုံတွေကို အကြံပြုအားပေးသွားမှာပါ။ နောက် ဝေဒနာရှင်တွေကို မိဘ ဆွေမျိုး သူငယ်ချင်း ပတ်ဝန်းကျင်တွေက ထားရှိစေချင်တဲ့ စိတ်ဓာတ်၊ အပြုအမူများကိုလည်း ဆွေးနွေးအကြံပြုသွား ပါ့မယ်။
"ကျွန်တော့်လို ဝေဒနာမျိုး မကူးစက်အောင် ဒီရောဂါအတွက် ကြိုတင်ကာကွယ်တားဆီးနိုင်အောင် ရောက်တဲ့ မြို့/ရွာ နေရာတိုင်းမှာ စကားဝိုင်း (သို့မဟုတ်) ဆွေးနွေးဟောပြောပွဲတွေကို ပြုလုပ်ပြီး ရှယ်ယာအဖြစ် ဖြန့်ဝေပေး သွားဖို့ ရည်ရွယ်ချက်နဲ့ ဒီခရီးစဉ်ကို ဆွဲခဲ့တာပါ။" ဟု Sarko ကိုစရကို က ပြောသည်။
Winkyi - HIV ဝေဒနာရှင်တစ်ဦးမှ ခုခံအား ကျဆင်းမှုရောဂါ အကြောင်း စက်ဘီးစီး၍ မြန်မာ တစ်ပြည်လုံးသို့ ရင်ဖွင့်ပြောကြားသော ခရီးစဉ်
အမျိုးသမီးက တဆင့် အမျိုးသမီး ကူးစက်တဲ့ ရှားပါး HIV ပျံနှံ့မှုတွေ့ရှိ
အမျိုးသမီးက တဆင့် အမျိုးသမီး ကူးစက်တဲ့ ရှားပါး HIV ပျံ့နှံ့မှု တစ်ခုကို ရှာဖွေတွေ့ရှိတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဋ္ဌာန (CDC) က သတင်း ထုတ်ပြန်ထားပါတယ်။ အမေရိကန် တက္ကဆက်ပြည်နယ်နေ အမျိုးသမီး တစ်ယောက်ဟာ တခြား အမျိုးသမီး တစ်ယောက်နဲ့ လိင်ဆက်ဆံရာက တဆင့် HIV ကူဆက်ခဲ့တာပါ။အသက် ၄၆ နှစ်ရှိ အဲ့ဒီ အမျိုးသမီးဟာ သူမရဲ့ အမျိုးသမီးဖော် ဆီကတဆင့် ကူးစက်တယ်လို့ သိရတဲ့ HIV ရောဂါပိုးကို အသစ် ရှာဖွေတွေ့ရှိတယ်လို့ စမ်းသပ်စစ်ဆေးမှုက အတည်ပြုခဲ့ ပါတယ်။ သူမရဲ့ အမျိုးသမီးဖော်ဟာ အရင်က HIV ရောဂါပိုး ရှိခဲ့သူဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ HIV ရောဂါ ကုသခံယူမှုကို ရပ်ဆိုင်းခဲ့ သူပါ။
အမျိုးသမီးက တဆင့် အမျိုးသမီးကို လိင်ဆက်ဆံမှုအရ ကူးစက်တဲ့ HIV ရောဂါပိုးဟာ ရှားပါးပြီး သေသေချာ လေ့လာ စိစစ်ဖို့လည်း ခက်ခဲတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Ref:wdam.com
Thiha Naing
Trend Myanmar
Myanmar News Now - အမျိုးသမီးကတဆင့် အမျိုးသမီး ကူးစက်တဲ့ ရှားပါး HIV ပျံနှံ့မှုတွေ့ရှိ
No comments:
Post a Comment