Monday, March 3, 2014

ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်

ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
ကျန်းမာရေး ဝန်ကြီးဌာနသည် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပမှ လူမှုရေး အသင်းအဖွဲ့များနှင့် လက်တွဲ၍ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ အသင်းအဖွဲ့များအနက် MSF Holland (Medicins Sans Frontieres – Holland (AZG) အဖွဲ့၏ လုပ်ငန်းအားလုံးကို လုံးဝရပ် ဆိုင်းစေပြီး လူနာများအား ဆေးဝါးများ ထောက်ပံ့နေမှုများ ရပ်ဆိုင်းတော့ မည်ဟု သတင်းများထွက်ပေါ်လျက်ရှိရာ ပြည်သူများ အဖြစ်မှန်သိရှိစေရန် အောက်ပါအတိုင်း အသိပေးအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် MSF Holland (AZG) အဖွဲ့၏ တာဝန်ရှိ သူများ ၂၈.၂.၂၀၁၄ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ပါသည်။ ထိုဆွေးနွေးပွဲ၏ သဘောတူညီချက် အရ MSF Holland (AZG) အဖွဲ့၏ ရခိုင်ပြည်န်အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများ ကို ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ပါသည်။

အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များးတွင် ဆောင်ရွက်လျက်ရှိသော MSF Holland (AZG) လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူလူထု၏ လက်ခံမှု၊ တိုင်းရင်းသား အဖွဲ့အစည်းများ၏ အားပေး ထောက်ခံမှု တို့ကြောင့် ပြည်သူ လူထုအကျိုးအတွက် ဆက်လက်ဆောင်ရွက် ခွင့်ပြု သွားမည် ဖြစ်ပါသည်။ နှစ်ဦးနှစ်ဖက် နားလည်မှု စာချွန်လွှာ (MoU) ကိုလည်း နှစ်အပိုင်းအခြားလိုက် ဆက်လက်ညှိနှိုင်းရေးထိုးမည်ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်း အေးချမ်းတည်ငြိမ်မှု ရရှိလာသည့်အခါ MSF Holland (AZG) အဖွဲ့၏ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း စွမ်းဆောင် ချက်များကို ပြန်လည်သုံးသပ်ပြီး အချိန်ကာလအပိုင်း အခြား တစ်ခုအတွင်း ရခိုင်ပြည် နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပြန်လည် ဆောင်ရွက် နိုင်ရေး စဉ်းစားဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

Apple ရဲ့နောက်ထပ်မျိုးဆက်သစ် iPhone6

Apple ရဲ့နောက်ထပ်မျိုးဆက်သစ် iPhone6 ကလည်းအခုနှစ်ထဲထွက်ရှိလာတော့မှာပါ။iPhone6 နဲ့အတူ iphone6c လည်းထွက်ဖို့သေချာသလောက်ရှိပါတယ်။Apple ရဲ့တန်ဖိုးနည်းဈေးကွက်တစ်ခုဖြစ်တဲ့ iphone5c တုန်းက အောင်မြင်တယ်လို့ မဆိုနိုင်ပေမယ့် iPhone6c မှာတော့ ထူးခြားမှုတွေရှိလာနိုင်ပါတယ်။သတင်းဆိုဒ်တွေအရတော့ iPhone 6c မှာ 4.7-inch display, an 8MP camera, a Touch ID sensor နောက်ထပ် Features အသစ်တွေ ထပ်ပေါင်းပါဝင်မယ်လို့ဆိုပါတယ်။7.1mm အထူ၊ weigh 116grams နှင့်အတူ အရောင်သွေးစုံထွက်ရှိလာမယ်လို့ဆိုပါတယ်။Concept shows တွေမှာ ပြတဲ့ iphone6c အတိုင်းဆိုရင်တော့ ချစ်စရာလေးပါဗွီဒီယိုလေး ကြည့်ကြည့်ပါဦး။



ဘယ်နေ့ သေမလဲ သိချင်ရင် သွေးစစ်ရင် သိနိုင်ပြီ

Monday, March 03, 2014
မိမိ ဘယ်နေ့ သေမယ်ဆိုတာ သိချင်ရင်တော့ သွေးစစ်ကြည့်ရင် အဖြေထွက်နေပြီလို့ သုတေသန ပြုချက် တခုက ထုတ်ဖော်ပြောဆိုလာပါတယ်။

ဖင်လန်နဲ့ အက်စတိုးနီးယား သုတေသီတွေက သွေးထဲက ဓာတ်ပစ္စည်းတွေကို စစ်ဆေးလိုက်တာနဲ့ ဒီလူ ဟာ ကျန်းမာမှု ဘယ်လိုအခြေအနေရှိတယ်၊ ဘယ်အချိန်ထိ အသက်ရှင် ကျန်းမာမယ်၊ သေစေတတ်တဲ့ ကင်ဆာ အပါအဝင် ဘယ်လို ရောဂါ မျိုးတွေ ရှိနိုင်မလဲဆိုတာ သွေး ကို စစ်လိုက်တာနဲ့ သိရမှာဖြစ်ပြီး
သေဆုံးမယ့် အချိန်ကို အတော် နီးနီးစပ်စပ် ခန့် မှန်း နိုင်တယ်လို့ Los Angeles Times သတင်းတပုဒ် က ဆိုပါတယ်။

သူတို့ အခေါ် "Biomarkers" က ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို ညွှန်ပြနေတာဖြစ်ပြီး Death Biomarkers တွေက တော့ သေစေနိုင်တဲ့ အခြေအနေတွေကို ကြိုတင် သတိပေးနိုင်တာကြောင့် ကိုယ် မသေချင်သေးရင်လည်း သေလောက်တဲ့ အခြေအနေမရှိအောင် ဖြည့်ဆည်းမှုတွေ လုပ်ပြီး အသက် ကို ဆွဲဆန့်စေနိုင်မယ့်လက္ခဏမျိုးပါ။

ဒါပေမယ့် တချို့ Death Biomarkers တွေကတော့ ဘယ်လိုမှ ဆွဲဆန့်လို့ရမယ့် အနေအထားရှိဟန် မတူပါဘူး။

Biomarker ၄ မျိုးရှိပြီး အဲဒီညွှန်းကိန်းတွေကို ကြည့်ပြီး ကျန်းမာတဲ့သူ၊ သေတော့မယ့်သူတွေကို ခွဲခြား သိနိုင်တာဖြစ်တယ် လို့ ဆိုပါတယ်။ အခု စမ်းသပ်မှုကို အသက် ၂၄ နှစ်ကနေ ၇၄ နှစ်ကြားရှိတဲ့ ဖင်လန် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၈၄၄၄ ဦးကို သီးခြား စီ စမ်းသပ်သုတေသန လုပ်ခဲ့တာဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

အိမ့်သံစဉ် ~
The Irrawaddy

No comments: