Tuesday, August 23, 2011

ငယ်ရွယ်နုပျိုစေမယ့် အဆင့်မြင့်နည်းပညာများ

လှသထက်လှ နုပျိုသထက်နုပျိုစေဖို့ဆိုတာအမျိုးသမီးတွေအတွက်အိပ်မက်ပါပဲ။ နုပျိုသန်မာလိုတဲ့အမျိုးသားတွေအတွက်လည်း တချို့ သောအိပ်မက်တွေဟာ ထပ်တူဖြစ်နေတတ်ပါတယ်။ အခု အလှပြင်ခွဲစိတ်ဆရာဝန်ဆီ သွားစရာမလိုဘဲ ဆယ်နှစ်စာနုပျိုစေရအောင် အဆင့်မြင့်နည်းပညာတွေသုံးပြီး ဖန်တီးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။


မျက်နှာ

(၁) မေးစေ့နဲ့ ပါးစောင်အောက်မေးရိုးတစ်လျှောက်မှာ ကြွက်သားတွေတွဲကျတာက မျက်နှာပေါ်က ထင်ရှားတဲ့ဇရာ အမှတ်အသား ဖြစ် ပါတယ်။အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့(FDA)က ခွင့်ပြုထားတဲ့ Accent Ultra Face Contouring ဆိုတဲ့ ကိရိယာကိုသုံးပြီး တွဲ ကျနေတဲ့ကြွက်သားတွေကို တင်းတင်းရင်း ရင်း ဖြစ်စေနိုင်ပါတယ်။ မူပိုင်ခွင့်ရထားတဲ့ ဒီကိရိယာက အသံလှိုင်းအလျားထက်ရှည်တဲ့ အသံ လွန်လှိုင်း(Ultrasonic Waves) တွေထုတ်ပြီး အရေပြားပေါ်မှ ပို လျှံနေတဲ့ အဆီဆဲလ်တွေကို ဖျက်ဆီးပေးပါတယ်။ နောက်တစ်ဆင့်မှာ တော့ ရေဒီယိုလှိုင်းစနစ် (Radio frequency System)နဲ့ အရေပြားကို တင်းရင်းကျစ်လစ်စေ တယ်လို့ ဆိုပါတယ်။


(၂) မျက်နှာပေါ်က အရေးအကြောင်းတွေ မျက်နှာရှုံ့လိုက်ရင်ပေါ်လာတဲ့ အရေးအကြောင်းတွေကိုတော့ LUMI Lift Facial ဆိုတဲ့ ကိရိယာနဲ့ ပြေလျော့စေနိုင်ပါတယ်။ အလင်းရောင်ရဲ့စွမ်းအားနဲ့ လျှပ်စီးကြောင်းအသေးလေးတွေ HF polarised စီးကြောင်းတွေနဲ့ မေးရိုးအောက်မှာ တွဲကျနေတဲ့ အသားတွေကို တင်းတင်းရင်းရင်း ဖြစ်စေနိုင်ပါတယ်။ အသားပေါ်မှာ အနီကွက်တွေပေါ်တာပျောက်စေပြီး အရေပြားပေါ်မှာ အသားအရောင်တစ်ညီတည်းဖြစ်စေဖို့ လှိုင်းအလျားမတူညီတဲ့ အလင်းလှိုင်း(၄) မျိုးနဲ့ပြုပြင်တယ်လို့ဆိုပါတယ်။

(၃) အရေပြားတင်းရင်းစေရုံမက နုပျိုအောင်ပြုပြင်ပေးတဲ့ နည်းတစ်မျိုးက STAR လို့ခေါ်ပါတယ်။ ဒီနည်းသုံးရင် အမြင်မလှတဲ့ အသား အရောင်ကွက်တာကို ပြေပျောက်စေရုံမက အသားအရောင်ဝင်းလက်တောက်ပစေတယ်လို့ သိရပါတယ်။


(၄) ဇရာကြောင့် ပါးမဖောင်းတော့ဘဲ ချိုင့်ဝင်နေတာကိုတော့ Sculptra Fillers ဆိုတဲ့ဆေးတစ်မျိုးကို ပါးထဲထိုးပေးလိုက်ရင် ပါးနှစ် ဖက်ပြည့်လာပြီး နုပျိုတဲ့အသွင်ပေါက်သလို မေးရိုးတစ်လျှောက်မှာ အသားစိုင်တွေတွဲမကျဘဲ တင်းတင်းရင်းရင်းဖြစ်အောင် ဖန်တီးပေး နိုင်ပါတယ်။ ခွဲစိတ်ကုသပြီး အသားအစားထိုးအလှပြင်ပေးသလို ထိရောက်မှုရှိပါတယ်။ Sculptra Fillers ဆိုတဲ့ ထိုးသွင်းတဲ့အရည်က ခွဲစိတ်တာထက်ပိုပြီး သဘာဝကျတယ်လို့သိရပါတယ်။


(၅) ကိုယ့်အသားအရောင် ပိုပြီးလန်းဆန်းလာစေဖို့ Superlift Programဆိုတဲ့ အစီအစဉ်နဲ့ ပြုပြင်ကြပါတယ်။ ဒီအစီအစဉ်မှာ (၆)ဆင့် ပြုပြင်ရပါတယ်။ လေဆာရောင်ခြည်သုံးပြီး အရေပြားကနေ Collagen တွေပိုထုတ်အောင် လှုံ့ဆော်ပေးတာကြောင့် ချွေးပေါက်ကျယ် တာလျော့စေတယ်။ အသားအရောင်ဖြစ်စေတဲ့ မယ်လနင်ဓာတ် အစုအဝေးတွေကို ချေဖျက်ပေးတာကြောင့် အသားအရောင် ၀င်းလက် စိုပြေစေပါတယ်။ ဇရာလက္ခဏာတွေ လျော့ကျစေရုံမက အသားအရောင် ပိုမိုလှပစေတဲ့ ပြုပြင်မှုလို့သိရပါတယ်။

(၆) အသက် (၂၀) နဲ့ (၄၀)ကျော်အရွယ်ကြား အရွယ်ရှိအမျိုးသမီးဖြစ်ပြီး အရေးအကြောင်းတွေကြောင့် စိတ်ညစ်နေရတယ်ဆိုရင် eMax Triniti ဆိုတဲ့ပြုပြင်မှုမျိုး ယူကြပါတယ်။ ဒီနည်းလမ်းက အရေပြားရဲ့ ရုန်းပြန်နိုင်စွမ်းတိုးတက်စေပြီး တင်းတင်းရင်းရင်းဖြစ်စေပါတယ်။ အရေးအကြောင်းတွေလျော့ပြီး အသားအရေ ပိုမိုချောမွတ်စေတယ်လို့ သိရပါတယ်။


မျက်လုံး

(၇) လေဆာနည်းပညာသုံး Laser Skin Resurfacing ဆိုတဲ့နည်းလမ်းနဲ့ မျက်လုံးတစ်ဝိုက်က တွဲကျနေတဲ့ အရေပြားတွေကို ပိုပြီးတင်း ရင်းစေပါတယ်။ ၀က်ခြံ အမာရွတ်တွေ၊ အရေးအကြောင်းတွေ၊ ရှုံ့တွနေတဲ့မွေးညင်းပေါက်တွေကို ချောမွတ်အောင်လုပ်ပြီး အသားအ ရောင် ဟိုတစ်ကွက်ဒီတစ်ကွက် ပြောင်းနေတာကိုပြုပြင်ပေးပါတယ်။ ရလဒ်ပိုကောင်းချင်ရင်တော့ ဒီပြုပြင်မှုလုပ်ပြီးနောက်ပိုင်း နေလောင် ကာကွယ်ဆေး မပြတ်တမ်းသုံးပေးရပါမယ်။


(၈) မျက်ခွံတွဲကျနေတာကို ပြုပြင်ပေးတဲ့နည်းကတော့ Thermage Eye Treatment ပဲဖြစ်ပါတယ်။ Thermage နည်းနဲ့ မျက်နှာ အသားအရေတင်းရင်းအောင်လုပ်တာက ခေတ်စားနေခဲ့တာကြာပါပြီ။ မျက်နှာပေါ်က အသားအရေနဲ့ မေးရိုးတစ်လျှောက် အသား အရေပြောင်းလဲမှုက သုံးစွဲသူကိုလိုက်ပြီး ကွာခြားတယ်လို့ဆိုပါတယ်။ မျက်နှာသေးသွယ်တဲ့သူတွေမှာ ရလဒ်မသိသာပေမယ့် မျက်နှာ ပြည့်ဖောင်းသူတွေမှာတော့ သိသိသာသာတိုးတက်ပြောင်းလဲပါတယ်။ Thermage နည်းက အပူချိန်သုံးပြီး အသားကိုတင်းရင်းစေတဲ့အခါ အသားများတဲ့နေရာမှာ ပိုသိသာပါတယ်။ မျက်ခွံပေါ်က အသားတွေတွဲကျနေတာကို ဒီနည်းနဲ့ပြုပြင်ရင် အကောင်းဆုံးလို့ သိရပါတယ်။


(၉) မျက်လုံးအိမ်အောက်ဘက်မှာ အိတ်ကြီးလိုဖောင်းပြီး တွဲကျနေတာ၊ မျက်ကွင်းလို အညိုကွင်းကြီးဖြစ်နေတာကိုတော့ Hyaluronic Acid ဆိုတဲ့ ဓာတ်ပစ္စည်းတစ်မျိုးထိုးသွင်းပြီး ပြုပြင်ပေးကြပါတယ်။ ဒီပစ္စည်းက ခွက်ဝင်၊ ချိုင့်ဝင်နေတဲ့နေရာတွေမှာ ဖြည့်ပေးနိုင်တဲ့ သဘာဝပစ္စည်းတစ်မျိုးလို့ သိရပါတယ်။


နှာခေါင်း

(၁၀) နှာခေါင်းပေါ်မှာ အဆီပြန်နေတာ၊ မွေးညင်းပေါက်ကျယ်တာတွေက မျက်နှာအလှကို ပျက်စေပါတယ်။ Micro-Botox (သို့မဟုတ်) Intradermal Botox ဆိုတဲ့နည်းက နှာခေါင်းအရေပြားကနေ အဆီ(Sebum) ထုတ်တာလျော့အောင်၊ ၀က်ခြံမပေါက်အောင် ကာကွယ် ပေးပါတယ်။


သွား

(၁၁) ရုပ်ရှင်မင်းသမီး အကျော်အမော်တွေဆိုရင် ကောဇောနီခင်းတဲ့ပွဲတွေမတက်ခင်မှာ သွားအရောင်ဖြူဖွေးအောင် အရောင်တင်ကြ တယ်လို့ သိရပါတယ်။ သွားအရောင်ဖြူဖွေးနေတာကလည်း အရွယ်တင်နုပျိုစေတဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။ Brite Smile Treatment ဆိုတဲ့ပြုပြင်မှုအတွက် တစ်နာရီအချိန်ပေးရပါတယ်။ သွားပေါ်မှာ အဖြူရောင်ဂျဲလ်တစ်မျိုးသုတ်လိမ်းပေးတဲ့နည်းဖြစ်ပါတယ်။ ဒီဂျဲလ်လိမ်းပြီးနောက် ပြုပြင်စီရင်ထားတဲ့ ခရမ်းလွန်ရောင်ခြည်တစ်မျိုးဖြတ်စေပြီး ဂျဲလ်တွေကို စွမ်းအားထက်စေပါတယ်။ ဒီလိုပြုပြင်တုန်း မှာ နာကျင်မှုမရှိပေမယ့် နောက်(၂)ရက်၊ (၃) ရက်လောက်တော့ သွားတွေက အပူအအေးခံစားလွယ်တာ တွေ့ရပါတယ်။ အိမ်မှာ ကိုယ့် ဘာသာဒီလိုပြုပြင်နိုင်တဲ့ကိရိယာကို အစုံလိုက်သွားဆရာဝန်တွေဆီမှာ ၀ယ်ကြတယ်လို့ဆိုပါတယ်။


လည်ပင်း

(၁၂) အလှပျက်စေတဲ့ လည်ပင်းပေါ်က ကန့်လန့်ဖြတ်အစင်းကြောင်းတွေကို မထင်မရှားဖြစ်အောင် လုပ်ပေးတဲ့နည်းကတော့ Ultheraလို့ခေါ်ပါတယ်။ မျက်နှာပေါ်က မညီညာတဲ့ အရေးအကြောင်းတွေကိုပြေစေတယ်။ အယ်လ်ထရာဆောင်းပုံရိပ်ဖော်နည်းနဲ့ စွမ်းအင် (Ultrasound imaging & energy) ပေါင်းစပ်ပြီး မေးနှစ်ထပ်မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လည်ပင်းအရေပြား တင်းရင်းစေတဲ့ ကုသမှုကို နှစ်စဉ်မှန်မှန်လုပ်ပေးရင် လည်ပင်းပေါ်မှာ ဇရာအရေးအကြောင်း နည်းပါလိမ့်မယ်။ တစ်ကြိမ်တည်း နဲ့ပြုပြင်လို့ရပြီး အချိန်လည်းသိပ်မပေးရဘူးလို့ ဆိုပါတယ်။


(၁၃) ရေဓာတ်ကိုစုဝေးပြီး လည်းပင်းပေါ်က အစင်းကြောင်းနေရာမှာဖြည့်ပေးတဲ့နည်းမှာတော့ Water-attracting Fillers တွေကို ဆေးထိုးအပ်နဲ့ အရေးအကြောင်းနေရာမှာ ထိုးသွင်းပေးပါတယ်။ အရေပြားမှာ အစိုဓာတ်ပြည့်စုံသလို အစင်းကြောင်းတွေလည်း ဖောင်းပြည့်လာပါတယ်။


(၁၄) အရေပြားချောမွတ်တင်းရင်းပြီး ကြော့ရှင်းတဲ့လည်တိုင်ဖြစ်စေဖို့ Profractional XC လေဆာကုသမှု ခံယူနိုင်ပါတယ်။ ဆန်းသစ်တဲ့ ဒီ နည်းလမ်းက အရေပြားထဲမှာ ရေငွေ့တွေပြည့်စေပြီး တင်းရင်းစေပါတယ်။ ချောမွတ်ပြီး နုပျိုစေပါတယ်။ ကန့်လန့်စင်းကြောင်းသာ မက ဒေါင်လိုက်စင်းကြောင်းတွေပါ ပြေလျော့စေပါတယ်။


အမာရွတ်နဲ့ အစက်အပြောက်များ

(၁၅) အရေပြားပေါ်မှာ အညိုစက်၊ အမည်းစက်တွေပေါ်လာတာ ဇရာရဲ့ထင်ရှားတဲ့အမှတ်အသားဖြစ်ပါတယ်။ အာရှနွယ်ဖွားတွေရဲ့ အရေပြားမှာ ပိုဖြစ်လွယ်ပါတယ်။ Intens Pulse Light (IPL)နည်းက ဒီအစက်အပြောက်တွေကို အရောင်မှိန်ဖျော့စေပါတယ်။ အစက်အပြောက်တွေက မည်းနက်လွန်းရင်တော့ IPL ပြုပြင်မှုတစ်ကြိမ်တည်းနဲ့မသိသာတာကြောင့် ဇွဲရှိရှိနဲ့ အကြိမ်များများကုသခံမှ သိသာတဲ့ရလဒ် တွေ့ရပါတယ်။


(၁၆) အမာရွတ်နဲ့ အစက်အပြောက်တွေအတွက် လေဆာနည်းလည်း သုံးနိုင်ပါတယ်။ လေဆာနည်း Laser က အရေပြားပေါ်က မွေးညင်းတွေကို ကျုံ့စေတာကြောင့် မျက်နှာအသားအရေတင်းပြီး ၀င်းလက်လာပါတယ်။


(၁၇) eMatrix Sublative Rejuvenation ပြုပြင်မှုမှာဆိုရင် ရေဒီယိုလှိုင်းတစ်မျိုး (Bi-Polar Radiofrequency) နဲ့အရေပြားရဲ့ အ သားအရောင်ကို နေရာအနှံ့ညီညာစေတာကြောင့် အမာရွတ်တွေမှိန်သွားပါတယ်။ ဒီနည်းက အရေပြားကနေ ထုတ်တာ ပိုများစေ တာကြောင့်လည်း အရေပြားတင်းရင်းနုပျိုစေပါတယ်။


အဆီပိုတွေဖယ်ရှားခြင်း

(၁၈) Ultrasonic Lipolysis နည်းက Multi-Frequency Wave တွေသုံးပြီး အဆီပိုတွေကို ဖယ်ရှားပစ်ပါတယ်။ ခန္ဓာကိုယ်ကနေ ဒီအဆီ ပိုတွေ ချေဖျက်တာကို ပိုလွယ်အောင်လည်း အားပေးပါတယ်။


အရေးအကြောင်းနည်းစေတဲ့နည်း

(၁၉) နှစ်ပေါင်းများစွာ ရယ်လိုက်၊ ပြုံးလိုက်၊ရှုံ့လိုက်၊မဲ့လိုက်လုပ်လာတာကြောင့် မျက်နှာပေါ်မှာ အရေးအကြောင်းအတွန့်တွေ ဖြစ်လာ ပါတယ်။ Botox ဆေးထိုးပြုပြင်တာက အရေးအကြောင်းတွေကို ဖယ်ရှားပစ်ရာမှာ ခွဲစိတ်ကုသသလိုပဲ စွမ်းတယ်လို့ဆိုပါတယ်။


(၂၀) မျက်နှာပေါ်က ချိုင့်ခွက်တဲ့နေရာတွေ ဖောင်းပြည့်လာအောင်ဖြည့်ပေးတဲ့ ပစ္စည်းအမျိုးမျိုးပေါ်နေပါပြီ။ ဘယ်ညာနှာခေါင်းထိပ် ဖျားကနေ နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်ဆီကို ထိုးဆင်းသွားတဲ့ချိုင့်ခွက်ကြောင့်ဖြစ်တဲ့ အစင်းကြောင်းနှစ်ကြောင်းမှာ ဒီလိုပစ္စည်း(Fillers) တွေ ဆေးထိုးဖြည့်ပေးရင် သိသိသာသာလှသွားနိုင်တယ်လို့ ဆိုပါတယ်။


Credit: www.thebloommagazine.com

No comments: