Saturday, August 13, 2011

အသည်းကွဲခြင်းအတွက် ကုသမှု အကြံပေးချက်

အသည်းကွဲခြင်းကို ကျော်လွှားဖို့ အကြံပြုချက် အချို့ ကတော့


-    အသက်ကို ခပ်ပြင်းပြင်း ၀၀ ရှုလိုက်ပါ။ အသည်းကွဲတဲ့ ပထမဆုံးနေ့ မှာ သင် လုပ်နိုင်တဲ့ တစ်ခုတည်း သော အရာ ဖြစ်ပါ တယ်။ သင့်ကိုယ်သင် ကြေကွဲ ခွင့်ပြုလိုက်ပါ။ အလုပ်၊ ကျောင်းမှ ခွင့်ယူ လိုက်ပါ။ တနေကုန် အိပ်ပါ။ ရေခဲမုန့် တွေ တ၀ကြီး စားပါ။

-    သင်ကိုယ်သင် လူပီသသူ တစ်ယောက်အဖြစ် ဂုဏ်ပြု စကားပြောပါ။ လူပီသစွာ ချစ်တတ်ခဲ့ခြင်းကြောင့် အသည်းကွဲရ တာ မဟုတ်ပါလား။ ပြီးလျှင် သင့်ကိုယ်သင် "ဒီကိစ္စဟာ ပြီးသွားမှာပါ"၊  "ငါ ဆက်လက် ရှင်သန်နိုင်မှာပါ" လို့  အကြိမ် ကြိမ် ပြောပေးပါ။

-    ရင်းနှီးတဲ့ သူငယ်ချင်းများနှင့် မိသားစုတွေဆီမှာ ရင်ဖွင့်ပါ။ ဟာသ ရုပ်ရှင်တွေ ကြည့်ပါ။

-    သင့်ကိုယ်သင် ယုံကြည်မှုရှိစေတဲ့၊ သင့်ရဲ့ ကိုယ်ပိုင် ရပ်တည်မှုကို ပြန် တည်ဆောက်နိုင်တဲ့ အရာများ စာရင်းကို ရေးပါ။ (ဥပမာ သင့်ကို ချစ်တဲ့ မိတ်ဆွေစာရင်း၊ သင်ကြိုက်တဲ့ ပစ္စည်းစာရင်း၊ နောက် ၁၀နှစ်မှာ သင် ဖြစ်ချင်တဲ့ ရည်မှန်းချက်ရဲ့ စာရင်း)။ ဆံပင်ပုံစံ အသစ်ပြောင်းပါ။ Spa သို့ မဟုတ် ဈေးဝယ် Shopping တရက်လောက် ထွက်ပါ။ ရည်းစားဟောင်းထံ ဖုန်းဆက်ချင်စိတ်ကို တောင့်ခံပါ။

-    သင် ကြုံတွေ့ ခဲ့ရတာတွေကို ပြန်လည် သုံးသပ်ပါ။ သင့်ရဲ့ အချိန်တွေကို မအားရအောင် လုပ်ပါ။ မာရသွန် အပြေး လေ့ကျင့် ခြင်း၊ ယောဂ၊ ဘာသာစကား အသစ်တစ်ခု လေ့လာခြင်းတို့ ကို ပြုလုပ်ပါ။ သူ့ ကို ဖုန်းဆက် ချင်စိတ်ကို ထိန်းချုပ်ပါ။ ပရဟိတ လုပ်ငန်းတွေမှာ လုပ်အားပေးပါ။ သင်ခံစားရတဲ့ အတွေ့  အကြုံတွေ အပေါ် ထိုးထွင်း သိမြင် သုံးသပ်ပြီး အရှိအတိုင်း လက်ခံ လာနိုင်ပါလိမ့်မယ်။ 

-    ချိန်းတွေ့ ခြင်း (Date)  လုပ်ဖို့  သင့်ကိုယ်သင် တိုက်တွန်းပါ။ အခြား တစ်ယောက်ကိုလည်း ထပ်မံ ရင်ခုန်နိုင်ကြောင်း အံ့သြဖွယ်ရာ တွေ့ ရပါလိမ့်မယ်။ အဲဒါကလည်း ဒဏ်ရာ သက်သာ ပျောက်ကင်းအောင် ကုသနေတဲ့ ဖြစ်စဉ် (Healing process) ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပါလိမ့်မယ်။

-    ဒါနဲ့ တောင်မှ သက်သာမလာပဲ သင့်မှာ စိတ်ကျရောဂါ (Depression)ရဲ့ လက္ခဏာတွေ ဖြစ်တဲ့ မစား မသောက်လိုခြင်း (Lack of Appetite)၊ အိပ်မပျော်ခြင်း၊ သို့ မဟုတ် လွန်ကဲစွာ အိပ်စက်ခြင်း၊ သိမ်ငယ် စိတ်ဝင်ခြင်း၊ အားငယ်ခြင်း၊ နိမ့်ကျ သည့် ခံစားချက်ဝင်ခြင်း၊ လုပ်နေကျ လုပ်ငန်း ဆောင်တာများကို အာရုံ မစူးစိုက်နိုင်ခြင်း အစရှိတာတွေကို ခံစားနေရပြီဆိုရင် စိတ်ကျန်းမာရေး ဆရာဝန်နှင့် ဆွေးနွေးပါ။ သူငယ်ချင်း တစ်ဦး သို့ မဟုတ် အထွေထွရောဂါကု ဆရာဝန်တစ်ဦးကို စိတ်ကျရောဂါ  (Depression) နှင့် ပတ်သက်၍ ဘယ်ကျန်းမာရေး ဆရာဝန်က အတွေ့ အကြုံ ပိုရှိလည်းဆိုတာကို အကြံဥာဏ် တောင်းခံပါ။

-    ဒဏ်ရာ ကျက်ဖို့ ဆိုတာ အချိန်ယူရကြောင်း သတိရပါ။ ၀မ်းနည်းမှု၊ ဒေါသဖြစ်မှု၊ အပြစ်ရှိသလို ခံစား ရမှု၊ ကြောက်ရွံ့ မှု စတဲ့ ခံစားချက်တွေရဲ့ ရိုက်ခတ်မှုကိုလည်း ကြိုတင် မျှော်လင့်ထားပြီး သင် ကျော်လွှားနိုင် မယ်ဆိုတာကိုလည်း ကြိုပြီး တွေးတောထားပါ။ အချိန်ပေးပါ။

-    မှတ်ဥာဏ်ထဲမှာ အတွေ့ အကြုံတွေကို အကန့် ခွဲသိမ်းထားပါ။ ဒါတွေကို ကျော်လွှားနိုင်ခဲ့လို့  ၀မ်းသာ တယ်လို့  အမှတ်ရ ပေးပါ။


မေဇူး
Health Digest Journal

No comments: