Wednesday, January 26, 2011

လိင်ကိစ္စနှင့် မိဘ-ဘဝ

ကလေးမီးဖွားပြီးနောက် ဘယ်ရက်လောက်မှာမှ လိင်ကိစ္စဆောင်ရွက်မှု ဆောင်ရွက်ရမယ်ဆိုတာ ရက်စွဲသတ်မှတ်ချက် မရှိပါဘူး။ အရေးကြီးတဲ့ အလုပ်တစ်ခုကတော့ အမျိုးသမီးများ အနေနဲ့ တင်ပါးဆုံရိုးကြမ်းခင်းကြွက်သားများ လေ့ကျင့် လှုပ်ရှားမှုကိုမွေးပြီးပြီးခြင်းကတည်းက ပြုလုပ်ဖို့ ကိစ္စဖြစ်ပါတယ်။ မျိုးပွားအင်္ဂါများရှိတဲ့ နေရာတစ်ဝိုက်ဟာ အဲဒီအချိန် မှာ နူးညံ့နေဆဲအချိန်ဖြစ်ပေမယ့်လည်း လေ့ကျင့်ခန်းများကိုတော့ သာယာညင်းပျောင်းစွာနဲ့ ခပ်ဖြည်းဖြည်းလေ့ကျင့် ပေးဖို့လိုပါတယ်။

(၁) ဇနီးဖြစ်သူနှင့် ယောက်ျားဖြစ်သူတို့ဟာ ဘယ်အချိန်လောက် ပြန်လည်စတင်နိုင်ကြမယ်ဆိုတာ ဘယ်အချိန်မှာ ဖြစ်ချင်သလဲဆိုတဲ့ ဆန္ဒအပေါ်မှာလည်း မူတည်ပါတယ်။ ဒါကြောင့် နှစ်ဦးသဘောတူ ဆွေးနွေးပြီးနောက် ယာယီ အားဖြင့် ရက်သတ်မှတ် ပေးထားနိုင်ပါတယ်။

(၂) နှစ်ဦးစလုံးသဘောတူတယ်ဆိုရင်တော့ Non-penetrative လို့ခေါ်တဲ့ ထိုးသွင်းမှုမပါသော လိင်ဆက်ဆံရေးကို လုံးဝဥဿုံစိတ် ကျေနပ်မှုအပြည့်အ၀မရနိုင်သည့်တိုင်အောင် ပြုလုပ်နိုင်ပါတယ်။ တချို့အမျိုးသမီးများအနေဖြင့် မွေးပြီးရက်အနည်း ငယ်အကြာ လိင်ဆန္ဒပြီးမြောက်မှု (Orgasm) ဖြစ်လိုစိတ်ရှိကြပါတယ်။ အဲဒီလို ဆန္ဒရှိခြင်းဟာ ကောင်းပါတယ်။ အကြောင်းကတော့ သားအိမ်ပြန်ကျုံ့လာစေရန်အတွက် ကူညီစေသောကြောင့် ဖြစ်ပါတယ်။

(၃) လူ၏လိင်အင်္ဂါအနေနဲ့ သာမန်အချိန်တုန်းကလို ချက်ချင်းပြန်ရောက်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ထိုးသွင်း ဆက်ဆံမှုကို အာရုံမစိုက်ဘဲ အခြားသော လိင်ကိစ္စဆိုင်ရာဆောင်ရွက်မှုများကို ပိုမို အလေးပေးပြီး ပြုလုပ်သင့်ပါတယ်။

(၄) မွေးလမ်းကြောင်းအောက်ပိုင်းဟာ ဒဏ်ဖြစ်ထားတဲ့အတွက် အတတ်နိုင်ဆုံး အဲဒီနေရာကိုမထိတွေ့မိစေရန် ဂရု စိုက်ရပါမယ်။ အမျိုးသမီးအနေနဲ့ လိုအပ်သလို အနေအထားပြောင်းပေးရပါမယ်။

(၅) များသောအားဖြင့် စုံတွဲတွေဟာ မွေးဖွားပြီးနောက် ၆ပတ်အကြာမှ လိင်ကိစ္စကိုပြန်လည်စတင်ဆောင်ရွက်ကြပါ တယ်။ တကယ်လို့ မွေးလမ်းကြောင်းကို ချဲ့ထားရသော ဒဏ်ရာရှိလျှင်တော့ အဲ့ဒီထက်ပို၍ အချိန်ကာလပိုပြီး စောင့် ဆိုင်းဖို့လိုပါလိမ့်မယ်။

(၆) ကလေးနို့တိုက်နေချိန်မှာ မိခင်ရဲ့ ရင်သားများသည် လေ့လံနေပြီး နို့လမ်းကြောင်းများဟာလည်း ပွင့်နေပါတယ်။ ရင်သားနဲ့ပတ်သက်လို့ လိင်ဆက်ဆံသည့် ကိစ္စမှာရှောင်ကြဉ်ရပါမယ်။

(၇) အရေးအကြီးဆုံးအချက်တစ်ခုကတော့ အမျိုးသမီးရဲ့ ခံစားချက်များကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုမှု၊ နှစ်ဦးနှစ်ဖက်ဆက်သွယ်ပြောဆိုမှု ပွင့်ပွင့်လင်းလင်း ထားရှိဖို့လိုပါတယ်။

(၈) တကယ်လို့ ကလေးမွေးပြီးနောက် လပေါင်းများစွာကြာသည်အထိပြန်လည်ပြီး လိင်ဆက်ဆံရမယ့်ကိစ္စကို နှောင့် နှေးနေသေးတယ်ဆိုရင် အကူအညီရယူဖို့လိုပါတယ်။ နှစ်ဦးစလုံးပွင့်ပွင့်လင်းလင်းနဲ့ နီးစပ်ရာ မိတ်ဆွေ၊ ကျန်းမာရေး ၀န်ထမ်းစသည်တို့ထံသို့ ပွင့်ပွင့်လင်းလင်းပြောပြအကြံဥာဏ်ယူနိုင်ပါတယ်။

မွေးလမ်းကြောင်းချဲ့ခြင်း၏ အကျိုးသက်ရောက်မှုများ

မွေးလမ်းကြောင်းဒဏ်ရာအမာရွတ်သည် မကြာခဏနာကျင်ကိုက်ခဲတတ်ပါတယ်။ ဒဏ်ရာကြီးလျှင် ပိုဆိုးပါတယ်။ အမျိုးသမီးအတွက် မသက်မသာဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးအနေနဲ့ လိင်ဆက်ဆံလိုစိတ်ဖြစ်ပေါ်လာသော်လည်းပဲ မွေးလမ်းကြောင်း ဒဏ်ရာနဲ့နာကျင်မှုကြောင့် ထိုးသွင်းဆက်ဆံမှုပြုလုပ်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ တစ်ခါတစ်ရံ မွေးပြီးနောက် ခြောက်လလောက်အထိစောင့်ခိုင်းပြီးမှ နဂိုမူလကလို လိင်ဆက်ဆံနိုင်တဲ့ အခြေအနေပြန်ရောက်နိုင်ပါ တယ်။

Credit: Health Digest Journal – Vol.6, No.14, 7-1-2009

No comments: