Saturday, January 15, 2011

မသင့်တော်သော နေရာများအား ရှောင်ရှားနိုင်စေရန်

ကိစ္စရပ်အတော်များများကို အချိန်ကိုက်၊ နေရာကိုက်မှာ ပြုလုပ်ခြင်းဖြင့် သင့်ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ မသင့်တော်တဲ့နေရာတွေကိုသတိထားရှောင်ရှားနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

အားကစားပြိုင်ပွဲကြည့်ဖို့ မသင့်တော်ဆုံးနေရာ

- အပြင်ဘက် အားကစားကွင်းတွေနဲ့ မတူတာက အလုံပိတ်အားကစားကွင်းတွေထဲမှာ အသံတွေဟာ နံရံကိုရိုက်ခတ်ပြီး ပြန်ကန်ထွက်လာတတ်ပါတယ်။ ပြိုင်ပွဲကိုကြည့်ရှုသူတွေရဲ့ အားပေးသံတွေ အရမ်းများပါက ပဲ့တင်သံတွေနဲ့ ပေါင်းလိုက် တဲ့အခါ ခြောက်မိနစ်တာအတွင်း အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နောက်တစ်ခါ အားကစားပြိုင်ပွဲသွား ရောက်အားပေးမယ်ဆိုပါက နားမှာဆို့ထားစရာ တစ်ခုခုယူသွားပါ။

ပြင်ပမှာ လေ့ကျင့်ခန်းလုပ်ဖို့ မသင့်တော်ဆုံးနေရာ

- ကားလမ်းမကြီးဘေး

ကားလမ်းပေါ် ဖြတ်သန်းမောင်းနှင်နေတဲ့ ယာဉ်တွေက ထွက်ရှိတဲ့ မီးခိုးငွေ့တွေဟာ အသက်ရှူခက်စေရုံမျှမက လူကို လည်း ပိုပြီးပင်ပန်းစေနိုင်ပါတယ်။ လေ့လာချက်တစ်ခုအရ ဒီဇယ်ငွေ့တွေဆိုရင် သွေးကြောကိုတောင် ခဲစေနိုင်ကာ နှလုံး တိုက်ခိုက်ခံရခြင်း (Heart Attack) နဲ့ လေဖြန်းခြင်းကိုပါ ဖြစ်စေနိုင်တာတွေ့ရပါတယ်။ နောက်ပြီး လေ့ကျင့်ခန်းလုပ်ရာမှာ အသက်ပိုပြီး မြန်မြန်ရှူတဲ့အခါ လေတွေနဲ့ အတူ ဓာတ်ငွေ့တွေကိုပါ ပိုပြီးရှူရှိုက်မိနိုင်ပါတယ်။ ဒါကြောင့် လေကောင်း လေသန့်ရနိုင်တဲ့နေရာမှာ လေ့ကျင့်ခန်းလုပ်ပြီး လမ်းမကြီးကိုရှောင်ပါ။ ရှောင်စရာနေရာမရှိရင် ဓာတ်ငွေ့တွေ အများဆုံး အချိန်ဖြစ်တဲ့ ကားတွေများပြီး ကျပ်တဲ့ ရုံးတက်ချိန်၊ ရုံးဆင်းချိန်တွေ ရှောင်ပြီးလုပ်ပါ။

ရုပ်မြင်သံကြားကြည့်ဖို့ မသင့်တော်ဆုံးနေရာ

- အမှောင်ခန်းအတွင်း

ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်ရှိ အလင်းတောက်ပမှုနဲ့ ကြည့်ရှူသူပတ်ဝန်းကျင်အခန်း အမှောင်ကြား ကွားခြားမှုဟာ သင့်ရဲ့မျက်လုံးတွေကို ထိခိုက်စေပြီး ခေါင်းကိုက်ခြင်းဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ရုပ်မြင်သံကြား ကွန်ပျူတာစတဲ့ အလင်းရောင် တောက်ပတဲ့ဖန်သားပြင်တွေကြည့်ရှုတဲ့အခါ အလင်းကောင်းစွာရတဲ့အခန်းတွင်းမှာ ကြည့်ပါ။

သစ်သီးဝလံတွေ သိမ်းဆည်းဖို့ မသင့်တော်ဆုံးနေရာ

- ရေခဲသေတ္တာအတွင်း

သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ မလှီးဖြတ်ထားတဲ့ ဖရဲသီးတွေဟာ အခန်းတွင်း အပူချိန်မှာ သိမ်းထား ပါက ကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်တဲ့ anti oxidant ဓာတ်တွေ ပိုပြီးများလာနိုင်တာတွေ့ရပါတယ်။ သစ်တော် သီး၊ မက်မုံသီးနဲ့ ငှက်ပျောသီးတွေဟာလည်း ဆွတ်ခူးပြီး ဒီအတိုင်းအခန်းတွင်း အပူချိန်မှာ အမှည့်ခံပါက အဟာရဓာတ် တွေ ပိုပြီးများလာ တတ်ပါတယ်။

ရေခဲသေတ္တာထဲမှာ ထုတ်ထားသင့်တဲ့ အသီးအနှံတွေထဲမှာ ခရမ်းချဉ်သီးနဲ့ ကန်စွန်းဥလည်း ပါပါတယ်။ ခရမ်းချဉ်သီးဟာ အခန်းတွင်း အပူချိန်မှာဆိုရင် အရသာပိုကောင်းတတ်ပြီး ကန်စွန်းဥကတော့ အေးလို့ရှိရင် မှိုစွဲလွယ်ပါတယ်။ ခြွင်းချက် အနေနဲ့ ပန်းသီးနဲ့ စတော်ဘယ်ရီသီးလို ဘယ်ရီသီးအပျော့စားတွေကိုတော့ ရေခဲသေတ္တာထဲထည့်ထားတာ ပိုကောင်း ပါတယ်။

အိပ်ရာခေါင်းရင်းထားဖို့ မသင့်တော်ဆုံးနေရာ

- မြောက်ဘက်အရပ်

လေ့လာချက်တွေအရ မြောက်အရပ်ကို ခေါင်းရင်းထားကာ အိပ်တတ်သူတွေမှာ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေ တတ်တာ တွေ့ရပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းပြချက် တစ်ခုကတော့ ကမ္ဘာမြေရဲ့ လျှပ်စစ်သံလိုက် နယ်ပယ်တွေ ဟာ မြောက်ဘက်အရပ်မှာ ပိုပြီးအားကောင်းတဲ့အတွက် ကျွန်တော်တို့ရဲ့ စွမ်းအင်နယ်ပယ်တွေကို ကြားဝင်စွက်ဖက်ကာ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်တာ ဖြစ်ပါလိမ့်မယ်။ အိပ်စက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ခေါင်းရင်း ကို အရှေ့ဘက် ဦးတည်ထားခြင်းပါပဲ။ စိတ်ဖြေလျှော့စေနိုင်တဲ့ Alpha လှိုင်းတွေကို လှုံ့ဆော်ပေးတဲ့အတွက် အိပ်ကောင်း ခြင်းနဲ့ အိပ်ပျော်ဖို့ အထောက်အကူပြုပါလိမ့်မယ်။

အားကစားလေ့ကျင့်ခန်းမမှာ လေ့ကျင့်ခန်း မလုပ်သင့်ဆုံးနေရာ

- ကိုယ်လုံးအတောင့်ဆုံး ပုဂ္ဂိုလ်ရဲ့ဘေး

အားကစားလေ့ကျင့်ခန်းမမှ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်လုံးကိုယ်ပေါက်လှပတဲ့ လူတွေရဲ့ဘေးရောက်တဲ့အခါ လေ့ကျင့်ခန်းလုပ်ချင်စိတ် လျော့နည်းသွားတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘေးကသူနဲ့ယှဉ်ပြီး ကိုယ့်ခန္ဓာ ကိုယ်အပေါ် သိမ်ငယ်စိတ်တွေဖြစ်ပေါ်လာကာ လေ့ကျင့်ချင်စိတ်တွေ လျော့နည်းသွားတတ်တာကြောင့် ဖြစ်နိုင်ပါတယ်။

သင်ကိုယ်ကာယလေ့ကျင့်ခန်းကို အပြင်းအထန်လေ့ကျင့်နေစဉ် သင့်ဘေးနားမှာ ကိုယ်လုံးအမိစား ပုဂ္ဂိုလ်တစ်ယောက် ရောက်လာပါက သူ့ကိုယ်လုံးနဲ့ယှဉ်ကာ သိမ်ငယ်မနေပါနဲ့။ သင့်အတွက်ဖြစ်နိုင်ချေရှိတဲ့ ကိုယ်လုံးကိုယ်ပေါက်မျိုးရအောင် သင်ချမှတ်ထားတဲ့ ပန်းတိုင်ကို အာရုံစိုက်ခြင်းဖြင့် သင့်ပတ်ဝန်းကျင်ကလူတွေကို မေ့ထားနိုင်ကာ ကိုယ့်လေ့ကျင့်ခန်းကိုပဲ စူးစိုက်လုပ်ကိုင်ပါ။

မိုဘိုင်းလ်ဖုန်းအသုံးပြုဖို့ မသင့်တော်ဆုံးနေရာ

- လမ်းလျှောက်ရင်း

မိုဘိုင်းဖုန်းအသုံးပြုသူတွေ အများစုဟာ လမ်းလျှောက်ရင်းနဲ့ ဖုန်းပြောတတ်ကြပါတယ်။ လေ့လာချက်အရ လမ်းလျှောက် ရင်း ဖုန်းပြောခြင်းဟာ ခါးနာခြင်းကိုဖြစ်ပေါ်စေကြောင်း သိရှိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ခြေလှမ်း နဲ့အညီ အသက်ရှူနေတဲ့အတွက် ခြေဖ၀ါးနဲ့မြေပြင်ထိတွေ့တိုင်း အသက်ရှူလိုက်တဲ့အခါ ခါးရှိကြွက်သားတွေဟာ တင်းမာသွားတတ်ပါတယ်။လမ်းလျှောက်ရင်း စကားပြောတဲ့အခါ အသက်ရှူခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ခါးနာခြင်းကို ဖြစ်ပေါ်နိုင်ချေများစေပါတယ်။

ဒေါက်တာ နုမြတ်

Resource: The Chic Magazine – January 2011

No comments: