Monday, January 10, 2011

ဝန်ထမ်းများ အလုပ်ထဲမှာစိတ်ရောကိုယ်ပါ နှစ်ပြီးလုပ်အောင် ဘာတွေလိုလဲ ?

What do employees need to be committed in their work?

ဈေးကွက်အတွင်းက လစာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဂဃနဏသိရှိနိုင်ဖို့
လက်ရှိတာဝန် ထမ်းဆောင်လျက် ရှိတဲ့ ၀န်ထမ်း(၁၈၀၀)ကျော်ကိုတွေ့ဆုံမေးမြန်း
လေ့လာသုတေသနပြုထားတဲ့ Salary Survey တစ်ခုကို CDC Co.,Ltd
ပြုလုပ်ခဲ့ပါတယ်။ အဲဒီ Salary Survey မှာပါဝင်တဲ့ မေးခွန်းတွေ
များစွာထဲမှ တစ်ခုဖြစ်တဲ့ 'အလုပ်တစ်ခုမှာ Commitment ရှိဖို့
စိတ်ရောကိုယ်ပါနှစ်ပြီး အလုပ်လုပ်ရန် ဘယ်အချက်တွေက အရေးကြီးပါသလဲ'
ဆိုပြီးမေးထားတာပါ။ အခုဖော်ပြမည့် အချက်တွေဟာ လုပ်ငန်းရှင်များအနေနဲ့
မိမိတို့လုပ်ငန်းတိုးတက်ဖို့အတွက်နဲ့ ၀န်ထမ်းများတိုးတက်ဖို့အတွက် အရေး
ကြီးတဲ့အချက်တွေများပါတယ်။

ဒီမေးခွန်းအပေါ်မှာ ပြန်လည်ဖြေဆိုကြတဲ့အဖြေတွေကတော့ အောက်ပါအတိုင်းပါပဲ....
(၁) ကိုယ်လုပ်ရမယ့်အလုပ်ကို ရှင်းလင်းစွာသိရှိထားခြင်း (Understanding
the responsibility and what to do)

(၂) မိမိလုပ်ရမည့်အလုပ်၊တာဝန်အတွက် ထိရောက်စွာ လုပ်ဆောင်ရန် ကိရိယာ(သို့)
အထောက်အကူပစ္စည်းများရှိခြင်း (Materials and equipment necessary)

(၃) မိမိလုပ်ရမည့်အလုပ်၊တာဝန်အတွက် အကောင်းဆုံးလုပ်ဆောင်ရန် အခွင့်အရေး၊
အခွင့်အလမ်းနှင့် ဆုံးဖြတ်ပိုင်ခွင့် များရှိခြင်း

(၄) မိမိလုပ်သည့်အလုပ်အပေါ်တွင် မကြာ မကြာ အသိအမှတ်ပြု၊ ချီးကျူးခံရခြင်း
(Recognition or prasie)

(၅) မိမိ၏အထက်အရာရှိ (သို့) တာဝန်ရှိသူများမှ မိမိကိုအရေးတယူရှိခြင်း (Care)

(၆) အလုပ်ထဲတွင် တစ်ယောက်ယောက်က မိမိလုပ်ဆောင်ချက်များကို
အားပေးမှုရှိခြင်း (Encouragement)

(၇) မိမိမှ တင်ပြသောအချက်အလက်၊ အကြံများကိုစဉ်းစားပေးခြင်း (Considering
my opinions)

(၈) လုပ်ငန်း၏ရည်ရွယ်ချက်များ၊ မိမိ လုပ်ဆောင်သည့်၊ တာဝန်ယူသည့်
အပိုင်းများကြောင့် မိမိသည် အရေးကြီးသည်၊ အရေးပါသည်ဟု ယူဆခြင်း (I feel
the job I am doing is important)

(၉) လုပ်ဖော်ကိုင်ဖက်များကလည်း အရည်အသွေးရှိသော လုပ်ဆောင်မှုများသာ
လုပ်ရန် စိတ်သဘောထားရှိကြခြင်း (My associates or fellow employees are
commited to doing quality work)

(၁၀) အလုပ်တွင် သူငယ်ချင်းကောင်း တစ်ဦးရှိခြင်း (Have best friend at work)

(၁၁) လုပ်ငန်းခွင်မှ တစ်ဦးတစ်ယောက်က မိမိသည် တာဝန်ထမ်းဆောင်နေရသော
အပိုင်းများတွင် တိုးတက်လာသည် ဟုပြောခြင်း (Someone at work has talked
to me about my progress)

(၁၂) လွန်ခဲ့သည့် နှစ်တစ်နှစ်အတွင်း မိမိသည် သင်ယူစရာသင်ခန်းစာများ
ရရှိခဲ့ပြီး တိုးတက်မှု ယခင်ကထက် ရှိလာ သည်။ (Over the past year, I have
had opportunities at work to learn and grow)

ကိုလင်း
Resource: UMFCCI's Business Magazine Vol: 10, No.4 – June, 2010

No comments: