Tuesday, May 11, 2021

Ketogenic Diet ( ကီတိုစားျခင္း)အေၾကာင္း

 Ketogenic Diet ( ကီတိုစားခြင်း)အကြောင်း နားလည်လွယ်အောင်ရှင်းပြမယ် နော် ... 😊😊




ကီတိုစားတယ်ဆိုတာက:


 ⭕️ အဆီ ဓာတ် အဓိက (fat) 70%

 ⭕️ အသားဓာတ် ( protein) 25%

 ⭕️ ကဆီ ဓာတ် ( carbohydrate) 5%

စားပေးခြင်းကို ပြောတာပါ ...


🔴 ကီတိုစစ် ( Ketosis ) ဖြစ်တယ် ဆိုတာ ဘာလဲ ? 


ခန္ဓာကိုယ်စွမ်းအင်အတွက် အဆီ နဲ့ ကီတုန်းဓါတ် အသုံးပြုတဲ့ ဇီဝဖြစ်စဉ်(metabolic state) ကို ခေါ်တာပါ..

သကြားနဲ့ carbs (ကစီ) ကိုမစားတော့တဲ့အခါ ခန္ဓာကိုယ်က pancreas (မုန့်ချိုအိတ်) က insulin  ထုတ်တာလျောလာမယ် အဲ့ဒီအခါမှ ခန္ဓာကိုယ်က စွမ်းအင်အသုံးပြုဖို့အတွက် အသည်း ကနေတဆင့် ကီတုန်းဓါတ် ketone လို့ ခေါ်တဲ့ အသည်းမှာသိမ်းထားတဲ့ သကြားဓါတ်တွေကို ကိုယ့်အဆီ  တွေဆီကနေ အများအပြား ထုတ်လုပ်ပြီး ဦးဏှောက်ကို စွမ်းအင်ပို့ပေးပါတယ် ..  အဲ့ဒါကို ketosis ဖြစ်တယ်လို့ခေါ်ပါတယ်..


⭕️ ကီတိုစားရင် လုံးဝ လုံးဝကို ရှောင် ရမှာကတော့ သကြား (sugar) နဲ့ ကစီ(carbohydrate) ဥပမာ: ဆန်နှင့် ဂျုံ ဖြစ်ပြုလုပ်အစားအစားတွေ ပါဘဲ.. 


🔴  နောက်တခု အဓိကကျတာကတော့ ရေပါ ရေများများသောက်ကိုသောက်ရပါမယ် တနေ့ကို အနည်းဆုံး ၂ လီတာပါ ..


ဘာကြောင့်သောက်ခိုင်းရလဲဆိုတော့ ???


‼️ကီတို စစားရင် ကိုယ်နေ့စဉ်စားသောက်နေတဲ့ပုံစံတွေကို ရုတ်တရက် ဆိုသလို တိခနဲပြောင်းပစ်လိုက်ရတဲ့ ပုံစံမျိုးဆိုတော့ ချက်ချင်း ခန္ဓာကိုယ်တွင်း ပြောင်းလဲသွားတဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ခန္ဓာကိုယ်က ဟန်ချက်ညီအောင်မထိန်းနိုင်တော့တဲ့ အခြေအနေမျိုးတွေ ဖြစ်လာတတ်ပါတယ်။


▶️ အဲ့ဒီအခြေအနေတွေ၊ ခံစားရတဲ့ အရာတွေအကုန်လုံးကို Keto Flu လို့ ခေါ်ပါတယ်။ တစ်နည်းပြောရရင် Keto ကိုက် ရောဂါပေါ့။ ရောဂါဆိုတာထက် လက္ခဏာတွေဆိုပိုမှန်ပါတယ်။ 


Keto Flu ဖြစ်တဲ့အခြေအနေအရင်းခံဟာ ခန္ဓာကိုယ်ထဲက Carbs တွေအကုန်ဖြတ်တောက်လိုက်ရတာမို့ Carbs တွေအကုန် ကုန်ဆုံးသွားတဲ့အခါမျိုးမှာ ဖြစ်တဲ့အခြေအနေမျိုးပါ။ ခန္ဓာကိုယ်က အမြဲတမ်း Carbs တွေကနေရတဲ့ Glucose တွေကိုလောင်ကျွမ်းစေရာကနေ အဆီတွေချည်း ပြောင်းပြီးလောင်ကျွမ်းစေရတဲ့အခါမှာ ကိုယ်တွင်းဖြစ်စဉ်တစ်ခုလုံး ဟန်ချက်နည်းနည်းပျက်သွားတဲ့အခြေအနေမျိုးပါ။


🔴 Keto Flu ဘယ်အချိန်မှာ စတင်ဖြစ်တတ်လဲ?


Keto Diet စတင်ပြီး ပထမအပတ်ရဲ့ ၃ရက်ကနေ ၅ရက်အတွင်း Keto Flu ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စိတ်ပူစရာမရှိပါဘူး။ အဲ့ဒီ လက္ခဏာတွေကျော်ဖြတ်ပြီးရင် အားလုံးအဆင်ပြေသွားပါလိမ့်မယ်။


🔴 Keto Flu ရဲ့ လက္ခဏာတွေကဘာတွေလဲ? 


Ketosis ဖြစ်ဖို့ အစပျိုးလာတဲ့အခါ ဒီ Keto ကိုက်တဲ့အခြေအနေမျိုး မလွဲမသွေ ကြုံလာရတတ်ပါတယ်။ သိသိသာသာကြုံလာရတာတွေကတော့-

(၁) ကြွက်တက်ခြင်း

(၂) မူးဝေနုန်းချိခြင်း

(၃) ကြွက်သားတွေ ကိုက်ခဲခြင်း

(၄) အိပ်ငိုက်ခြင်း

(၅) မအီမသာပျို့အန်ချင်လာခြင်း

(၆) စိတ်တိုဒေါသထွက်လွယ်ခြင်း

(၇) ခံတွင်းအနံ့ထွက်ခြင်း တွေ ဖြစ်လာတတ်ပါတယ်။ ဒါတွေက ခဏသာကြုံရမယ့်လက္ခဏာတွေပါ ကြောက်မသွားရဘူးနော်...


🔴 Keto Flu ကို ဘယ်လို သက်သာအောင်လုပ်မလဲ?


Keto Diet စစလုပ်ခြင်း ၃ရက်ကနေ ၅ရက်အတွင်းပဲ ဒီလက္ခဏာတွေကြုံတွေ့နိုင်တယ်ဆိုပေမယ့် နေသားမကျသေးတဲ့သူတွေအတွက်လည်း Keto Flu ကို သက်သာစေတဲ့နည်းတွေ ရှိပါတယ်။


▶️ခန္ဓာကိုယ်က ရေနဲ့ဆားအငန်ဓါတ်လုံလောက်စွာရနေပါစေ။


Keto Flu ဟာ ရေဓါတ်နဲ့ အငန်ဓါတ်ပြတ်တောက်သွားရင် ပိုသိသာတတ်လို့ ခန္ဓာကိုယ်တွင်း ရေဓါတ်နဲ့ ဆားဓါတ်ကို အမြဲမပြတ်ဖြည့်ဆည်းပေးဖို့လိုပါတယ်။ Keto Flu ဖြစ်တာနဲ့ ရေတစ်ဖန်ခွက်ထဲ ဆား လက်ဖက်ရည်တစ်ဇွန်းဝက်စာ ထည့်ပြီး မွှေသောက်ပေးတာနဲ့ ၁၅ မိနစ်ကနေ မိနစ် ၂၀ အတွင်း သက်သာစေပါတယ်။


ရေများများ သောက်ဖို့ လုံးဝမမေ့ပါနဲ့။ Keto အတွက်သာမက ဘယ်လို ဝိတ်ချမှုမျိုးအတွက်မဆို ရေများများသောက်လေ ကိုယ်အလေးချိန်ကျလေဆိုတာ သတိပြုရပါမယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၃ လီတာ သောက်ပေးပါ။


▶️အဆီပိုစားလေ ပိုသက်သာလေပါ...


ဟိုးအရင်တည်းက လူကြီးသူမတွေ ရှေးရိုးစွဲရိုက်သွင်းလာခဲ့တဲ့ အယူအဆတွေကြောင့် ဒီ Low Carb Keto Diet ဟာ အဆီများများစားသုံးရမယ်ဆိုတဲ့ ဖြစ်စဉ်ကို လူတွေ လက်မခံနိုင်ကြတာ များပါတယ်။ ဘာပဲဖြစ်ဖြစ် Carb ပမာဏ ကျပြီး အဆီများများလောင်ကျွမ်းဖို့ဆို လုံလောက်တဲ့အဆီတွေ ခန္ဓာကိုယ်ထဲထည့်ဖို့လိုပါတယ်။ 


ပထမ Keto စနေစဉ်မှာတော့ အဆီနဲ့ခန္ဓာကိုယ်တွင်း လောင်ကျွမ်းမှုဖြစ်စဉ်အသားမကျသေးသရွေ့ ဒီလက္ခဏာတွေပြလာတိုင်း အဆီစားသုံးပေးလို့ရပါတယ်။ 


Keto Flu သက်သာတော့မှ တဖြည်းဖြည်းချင်း အဆီကို တစ်နေ့တာလိုအပ်တဲ့အဆီပမာဏအတိုင်း သင့်တင့်ရုံ ဒါမှမဟုတ် ကယ်လိုရီအတိုင်း တွက်ချက်စားပါ။ အဆီလိုတယ်ဆိုပြီး မဆာဘဲလည်း အဆီတွေချည်း ထိုင်စားနေတာမျိုးတွေ မလုပ်သင့်ပါဘူး။ ခန္ဓာကိုယ်က Keto ယဉ်ပါးဖြစ်လာတဲ့အချိန်မှာ ဝင်ရောက်လာသမျှအဆီတွေက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လုပ်ငန်းဆောင်တာမှန်သမျှ လှုပ်ရှားဖို့ လောင်ကျွမ်းပေးပါတော့တယ်။ အဲ့ချိန်မှ Carb တွေဆက်ရှောင်ပြီး သင့်တင့်မျှတသလောက်ပဲ စားလို့ရပါပြီ။


 ▶️ ဖြည်းဖြည်းချင်း ပြောင်းလဲပါ။


အပေါ်က ကုသနည်းတွေနဲ့မှ မသက်သာသေးရင်တော့ သင့်တော်တဲ့ Carbs တွေကို တစ်နေ့ ၂၀ ဂရမ်ကနေ ၅၀ ဂရမ်ထိ နည်းနည်းဆီစားရင်း လက္ခဏာတွေကို ဖြည်းဖြည်းချင်း လက်ခံပေးပါ။ သုတေသနပြုချက်တိုင်းရဲ့ အဆိုအရ Low Carb Diet ဟာ ကိုယ်အလေးချိန်ကျရုံသာမက ဆီးချို အဆင့် ၂ကို လုံးဝပျောက်ကင်းစေနိုင်တာမို့ တစ်ဖက်မှာလည်း အချိုဓါတ်လုံးဝမရလို့ဖြစ်တဲ့ ဒီလက္ခဏာတွေကို ဖြည်းဖြည်းချင်းကျော်ဖြတ်ရုံနဲ့ အဆီလောင်ကျွမ်းသူစစ်စစ်အဖြစ်ရောက်ချိန်မှာ လက္ခဏာတွေ လုံးဝပျောက်ကွယ်သွားပါလိမ့်မယ်။ ပျောက်သွားချိန်မှာတော့ Carbs တွေပြန်ဖျက်လို့ရပါပြီ။


▶️ ပြင်ပခန္ဓာကိုယ်လှုပ်ရှားမှုတွေအပေါ် အာရုံမစိုက်ပါနဲ့။


လူတော်တော်များများလက်ခံတဲ့အဆိုအရ Keto Lifestyle ဟာ ပိုအားရှိပြီး ပိုသက်လုံကောင်းစေတယ်လို့ သိရပေမယ့် Keto စတဲ့ပထမရက်တွေမှာ ခန္ဓာကိုယ်က သူလိုကိုယ်လို ပုံမှန်နုံးချိနေတတ်တာကို စိတ်မပူပါနဲ့။ ၄ ပါတ်မြောက်မှာတော့ Keto မစခင်ကထက်ကို ပိုမိုတက်ကြွ သွက်လက်တဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်လို့ Ketogenic သုတေသနပညာရှင် ဒေါက်တာ Steve Phinney က ဆိုထားပါတယ်။ 


လမ်းလျှောက်တာ၊ အကြောဆန့်တာ၊ ယောဂလုပ်တာတွေနဲ့ တခြားလေ့ကျင့်ခန်းခပ်ပျော့ပျော့တွေလုပ်ခြင်းက ခန္ဓာကိုယ်အတွက် ပိုနေလို့ကောင်းစေမှာပါ။ တစ်ခုပဲ သတိထားရမှာက ပထမအပတ်တွေမှာ Keto lifestyle ထဲပြောင်းနေတာမို့ စိတ်ဖိစီးမှုတွေ ကြုံလာရင် ဘာအကြောင်းနဲ့မှ ထပ်အပင်ပန်းမခံဘဲ တဖြည်းဖြည်း Ketosis ဖြစ်သွားချိန်မှ လေ့ကျင့်ခန်းလေးတွေ တိုးတိုးလုပ်ဖို့ အကြံပြုထားပါတယ်။


▶️ ဝိတ်ချနေတာဆိုတဲ့ Stress အကြီးကြီးမထားပါနဲ့။


Stress က ဝိတ်ပိုတက်စေနိုင်တာကို သိပါသလား။ ကိုယ့်ကိုကိုယ် ငါဝိတ်ချနေတာဆိုတဲ့ စိတ်ကြီးရိုက်သွင်းခံလာရတဲ့အခါမျိုးမှာ အဲ့ဒီဖိစီးမှုနဲ့ ဗိုက်ဆာတာပေါင်းပြီး ပိုလက္ခဏာပြင်းနိုင်၊ မထိရောက်တဲ့ Keto ဖြစ်နိုင်ပါတယ်။


အစပထမပိုင်းမှာ ဆာတယ်ထင်သမျှ၊ စားချင်တာမစားရတဲ့ ခံစားချက်တွေ ရောပြွန်းနေတတ်ပေမယ့် စိတ်ကိုလျှော့ချထားပြီး ဆာတဲ့အချိန်တိုင်း လိုအပ်တဲ့ အဆီကို စားသုံးရင်း ခပ်ပေါ့ပေါ့ပါးပါးဖြတ်သန်းတာက Ketosis State ရောက်တဲ့အခါ ပိုအဆာခံနိုင်လာပြီး စားချင်စိတ်တွေပါသူ့အလိုလို နည်းသွားပါလိမ့်မယ်။


ဒီလိုနည်းတွေနဲ့ Keto Diet လုပ်တဲ့အခါဖြစ်တတ်တဲ့ လက္ခဏာတွေကို သက်သာပြီး Ketosis State ထဲဝင်ကာ ဝိတ်အမြန်ကျတဲ့သူတွေအဖြစ် ရောက်ရှိနိုင်ပါတယ်နော်.....

Electrolytes (ဓာတ်ဆားရည်) သောက်ပေးပါ... ခန္ဓာကိုယ်က ဆုံးရူံးသွားတဲ့ အားအင်တွေ အတွက် တနေ့ တခွက် သောက်သင့်ပါတယ် ... 😊


အောက်မှာတော့ မေးတတ်တဲ့ မေးခွန်းလေးတွေ ဖြေပေးထားပါတယ်နော် ...❤️


⭕️ ကော်ဖီကြိုက်တယ် သောက်လို့ရလား? သကြားအစား ဘာနဲ့ အစားသုံးရမလဲ ? 


သောက်လို့ရပါတယ်.. ဒါပေမဲ့ လုံးဝကော်ဖီစစ်စစ် ကော်ဖီကြမ်းကို Stevia , Monk fruit စတဲ့ သကြားနဲ့ရောပြီသောက်ပါ။ သူက အပင်ကနေ ယူတဲ့အတွက် ကျမ်းမာရေး အတွက်ရေရှည်ကောင်းပါတယ်...


 

⭕️ အဆီစားပါဆိုတာ ဘာအဆီကို စားရမှာလဲ ? 


 ▫️အုန်းဆီ ( coconut oil)

 ▫️သံလွင်ဆီ ( olive oil)

 ▫️ နှမ်းဆီ ( sesame oil)

 ▫️ ထောပတ်သီးဆီ ( avocado oil)

 ▫️ ထောပတ် (butter)

 ▫️ ဂီးထောပတ် ( gee)  


⭕️ ဘယ်အဆီတွေစားလို့ မရဘူးလဲ?

 

မာဂျရင်း နှင့် ဟင်းသီးဟင်းရွက်ဆီ မရပါ။


🔴 ဘာအသားတွေစားလို့ရလဲ?

 

ကြက်သား, ဝက်သား, ငါး, ဘဲသား, ကြက်ဥ, ဘဲဥ, ဆိတ်သား, အမဲသား, Seafood 


🔴 ဘယ်ဟင်းသီးဟင်းရွက်စားရမလဲ?

  

အစိမ်းရောင်ရှိတဲ့ ဟာအားလုံးနီးပါး စားလို့ရပါတယ် ... 


🔴 ဘယ်ဟင်းသီးဟင်းရွက်ရှောင်ရမလဲ?

 

မြေအောက်မှာ စိုက်ပျိုးရတဲ့ ဟင်းသီးဟင်းရွက်တွေ ရှောင်ပါမယ်...

( ဥပမာ: အားလူး- ပြောင်းဖူး) 


🔴 တနေ့ ကို ကစီဓာတ်(carbo) ဘယ်လောက်ထိစားလို့ရသလဲ?


 အဲ့ဒါကို တွက်ဖို့အတွက်ကတော့ သင့်ရဲ့  ကိုယ်အလေးချိန်, အရပ်, အသက်, ကျား/မ , တနေ့တာလှုပ်ရှားမှုပုံစံ... အဲ့ဒီအချက်တွေပေါ်မှာမူတည်ပြီးတော့ macronutrient (macronutrient လို့ခေါ်တဲ့ protein, fats, carbs အချိုးအစား) တွေ  တွက်ရပါတယ် ...အဲ့ဒီ ရလဒ်ကနေ တွက်ချက်စားပြီး ကိုယ့်အဆီကို အဆီနဲ့ လောင်ကျွမ်းအောင်လုပ်ပြီ ဝိတ်ကျတဲ့နည်း ကို ကီတိုစားခြင်းလို့ ခေါ်ပါတယ် ... 


Credit ♥️


[Zawgyi]မဂ္လာပါရွင္

Ketogenic Diet ( ကီတိုစားျခင္း)အေၾကာင္း နားလည္လြယ္ေအာင္ရွင္းျပမယ္ ေနာ္ ... 😊😊




ကီတိုစားတယ္ဆိုတာက:


 ⭕️ အဆီ ဓာတ္ အဓိက (fat) 70%

 ⭕️ အသားဓာတ္ ( protein) 25%

 ⭕️ ကဆီ ဓာတ္ ( carbohydrate) 5%

စားေပးျခင္းကို ေျပာတာပါ ...


🔴 ကီတိုစစ္ ( Ketosis ) ျဖစ္တယ္ ဆိုတာ ဘာလဲ ? 


ခႏၶာကိုယ္စြမ္းအင္အတြက္ အဆီ နဲ႔ ကီတုန္းဓါတ္ အသံုးျပဳတဲ့ ဇီဝျဖစ္စဉ္(metabolic state) ကို ေခၚတာပါ..

သၾကားနဲ႔ carbs (ကစီ) ကိုမစားေတာ့တဲ့အခါ ခႏၶာကိုယ္က pancreas (မုန႔္ခ်ိဳအိတ္) က insulin  ထုတ္တာေလ်ာလာမယ္ အဲ့ဒီအခါမွ ခႏၶာကိုယ္က စြမ္းအင္အသံုးျပဳဖို႔အတြက္ အသည္း ကေနတဆင့္ ကီတုန္းဓါတ္ ketone လို႔ ေခၚတဲ့ အသည္းမွာသိမ္းထားတဲ့ သၾကားဓါတ္ေတြကို ကိုယ့္အဆီ  ေတြဆီကေန အမ်ားအျပား ထုတ္လုပ္ၿပီး ဦးေဏွာက္ကို စြမ္းအင္ပို႔ေပးပါတယ္ ..  အဲ့ဒါကို ketosis ျဖစ္တယ္လို႔ေခၚပါတယ္..


⭕️ ကီတိုစားရင္ လံုးဝ လံုးဝကို ေရွာင္ ရမွာကေတာ့ သၾကား (sugar) နဲ႔ ကစီ(carbohydrate) ဥပမာ: ဆန္ႏွင့္ ဂ်ံဳ ျဖစ္ျပဳလုပ္အစားအစားေတြ ပါဘဲ.. 


🔴  ေနာက္တခု အဓိကက်တာကေတာ့ ေရပါ ေရမ်ားမ်ားေသာက္ကိုေသာက္ရပါမယ္ တေန့ကို အနည္းဆံုး ၂ လီတာပါ ..


ဘာေၾကာင့္ေသာက္ခိုင္းရလဲဆိုေတာ့ ???


‼️ကီတို စစားရင္ ကိုယ္ေန့စဉ္စားေသာက္ေနတဲ့ပံုစံေတြကို ရုတ္တရက္ ဆိုသလို တိခနဲေျပာင္းပစ္လိုက္ရတဲ့ ပံုစံမ်ိဳးဆိုေတာ့ ခ်က္ခ်င္း ခႏၶာကိုယ္တြင္း ေျပာင္းလဲသြားတဲ့ ဇီဝကမၼျဖစ္စဉ္ေတြကို ခႏၶာကိုယ္က ဟန္ခ်က္ညီေအာင္မထိန္းႏိုင္ေတာ့တဲ့ အေျခအေနမ်ိဳးေတြ ျဖစ္လာတတ္ပါတယ္။


▶️ အဲ့ဒီအေျခအေနေတြ၊ ခံစားရတဲ့ အရာေတြအကုန္လံုးကို Keto Flu လို႔ ေခၚပါတယ္။ တစ္နည္းေျပာရရင္ Keto ကိုက္ ေရာဂါေပါ့။ ေရာဂါဆိုတာထက္ လကၡဏာေတြဆိုပိုမွန္ပါတယ္။ 


Keto Flu ျဖစ္တဲ့အေျခအေနအရင္းခံဟာ ခႏၶာကိုယ္ထဲက Carbs ေတြအကုန္ျဖတ္ေတာက္လိုက္ရတာမို႔ Carbs ေတြအကုန္ ကုန္ဆံုးသြားတဲ့အခါမ်ိဳးမွာ ျဖစ္တဲ့အေျခအေနမ်ိဳးပါ။ ခႏၶာကိုယ္က အၿမဲတမ္း Carbs ေတြကေနရတဲ့ Glucose ေတြကိုေလာင္ကြၽမ္းေစရာကေန အဆီေတြခ်ည္း ေျပာင္းၿပီးေလာင္ကြၽမ္းေစရတဲ့အခါမွာ ကိုယ္တြင္းျဖစ္စဉ္တစ္ခုလံုး ဟန္ခ်က္နည္းနည္းပ်က္သြားတဲ့အေျခအေနမ်ိဳးပါ။


🔴 Keto Flu ဘယ္အခ်ိန္မွာ စတင္ျဖစ္တတ္လဲ?


Keto Diet စတင္ၿပီး ပထမအပတ္ရဲ့ ၃ရက္ကေန ၅ရက္အတြင္း Keto Flu ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ စိတ္ပူစရာမရိွပါဘူး။ အဲ့ဒီ လကၡဏာေတြေက်ာ္ျဖတ္ၿပီးရင္ အားလံုးအဆင္ေျပသြားပါလိမ့္မယ္။


🔴 Keto Flu ရဲ့ လကၡဏာေတြကဘာေတြလဲ? 


Ketosis ျဖစ္ဖို႔ အစပ်ိဳးလာတဲ့အခါ ဒီ Keto ကိုက္တဲ့အေျခအေနမ်ိဳး မလြဲမေသြ ႀကံဳလာရတတ္ပါတယ္။ သိသိသာသာႀကံဳလာရတာေတြကေတာ့-

(၁) ႂကြက္တက္ျခင္း

(၂) မူးေဝႏုန္းခ်ိျခင္း

(၃) ႂကြက္သားေတြ ကိုက္ခဲျခင္း

(၄) အိပ္ငိုက္ျခင္း

(၅) မအီမသာပ်ိဳ႕အန္ခ်င္လာျခင္း

(၆) စိတ္တိုေဒါသထြက္လြယ္ျခင္း

(၇) ခံတြင္းအနံ႔ထြက္ျခင္း ေတြ ျဖစ္လာတတ္ပါတယ္။ ဒါေတြက ခဏသာႀကံဳရမယ့္လကၡဏာေတြပါ ေၾကာက္မသြားရဘူးေနာ္...


🔴 Keto Flu ကို ဘယ္လို သက္သာေအာင္လုပ္မလဲ?


Keto Diet စစလုပ္ျခင္း ၃ရက္ကေန ၅ရက္အတြင္းပဲ ဒီလကၡဏာေတြႀကံဳေတြ့ႏိုင္တယ္ဆိုေပမယ့္ ေနသားမက်ေသးတဲ့သူေတြအတြက္လည္း Keto Flu ကို သက္သာေစတဲ့နည္းေတြ ရိွပါတယ္။


▶️ခႏၶာကိုယ္က ေရနဲ႔ဆားအငန္ဓါတ္လံုေလာက္စြာရေနပါေစ။


Keto Flu ဟာ ေရဓါတ္နဲ႔ အငန္ဓါတ္ျပတ္ေတာက္သြားရင္ ပိုသိသာတတ္လို႔ ခႏၶာကိုယ္တြင္း ေရဓါတ္နဲ႔ ဆားဓါတ္ကို အၿမဲမျပတ္ျဖၫ့္ဆည္းေပးဖို႔လိုပါတယ္။ Keto Flu ျဖစ္တာနဲ႔ ေရတစ္ဖန္ခြက္ထဲ ဆား လက္ဖက္ရည္တစ္ဇြန္းဝက္စာ ထၫ့္ၿပီး ေမႊေသာက္ေပးတာနဲ႔ ၁၅ မိနစ္ကေန မိနစ္ ၂၀ အတြင္း သက္သာေစပါတယ္။


ေရမ်ားမ်ား ေသာက္ဖို႔ လံုးဝမေမ့ပါနဲ႔။ Keto အတြက္သာမက ဘယ္လို ဝိတ္ခ်မႈမ်ိဳးအတြက္မဆို ေရမ်ားမ်ားေသာက္ေလ ကိုယ္အေလးခ်ိန္က်ေလဆိုတာ သတိျပဳရပါမယ္။ တစ္ေန့ကို အနည္းဆံုး ေရ ၃ လီတာ ေသာက္ေပးပါ။


▶️အဆီပိုစားေလ ပိုသက္သာေလပါ...


ဟိုးအရင္တည္းက လူႀကီးသူမေတြ ေရွးရိုးစြဲရိုက္သြင္းလာခဲ့တဲ့ အယူအဆေတြေၾကာင့္ ဒီ Low Carb Keto Diet ဟာ အဆီမ်ားမ်ားစားသံုးရမယ္ဆိုတဲ့ ျဖစ္စဉ္ကို လူေတြ လက္မခံႏိုင္ၾကတာ မ်ားပါတယ္။ ဘာပဲျဖစ္ျဖစ္ Carb ပမာဏ က်ၿပီး အဆီမ်ားမ်ားေလာင္ကြၽမ္းဖို႔ဆို လံုေလာက္တဲ့အဆီေတြ ခႏၶာကိုယ္ထဲထၫ့္ဖို႔လိုပါတယ္။ 


ပထမ Keto စေနစဉ္မွာေတာ့ အဆီနဲ႔ခႏၶာကိုယ္တြင္း ေလာင္ကြၽမ္းမႈျဖစ္စဉ္အသားမက်ေသးသေရြ့ ဒီလကၡဏာေတျြပလာတိုင္း အဆီစားသံုးေပးလို႔ရပါတယ္။ 


Keto Flu သက္သာေတာ့မွ တျဖည္းျဖည္းခ်င္း အဆီကို တစ္ေန့တာလိုအပ္တဲ့အဆီပမာဏအတိုင္း သင့္တင့္ရံု ဒါမွမဟုတ္ ကယ္လိုရီအတိုင္း တြက္ခ်က္စားပါ။ အဆီလိုတယ္ဆိုၿပီး မဆာဘဲလည္း အဆီေတြခ်ည္း ထိုင္စားေနတာမ်ိဳးေတြ မလုပ္သင့္ပါဘူး။ ခႏၶာကိုယ္က Keto ယဉ္ပါးျဖစ္လာတဲ့အခ်ိန္မွာ ဝင္ေရာက္လာသမ်ွအဆီေတြက ခႏၶာကိုယ္တစ္ခုလံုးရဲ့ လုပ္ငန္းေဆာင္တာမွန္သမ်ွ လႈပ္ရွားဖို႔ ေလာင္ကြၽမ္းေပးပါေတာ့တယ္။ အဲ့ခ်ိန္မွ Carb ေတြဆက္ေရွာင္ၿပီး သင့္တင့္မ်ွတသေလာက္ပဲ စားလို႔ရပါၿပီ။


 ▶️ ျဖည္းျဖည္းခ်င္း ေျပာင္းလဲပါ။


အေပၚက ကုသနည္းေတြနဲ႔မွ မသက္သာေသးရင္ေတာ့ သင့္ေတာ္တဲ့ Carbs ေတြကို တစ္ေန့ ၂၀ ဂရမ္ကေန ၅၀ ဂရမ္ထိ နည္းနည္းဆီစားရင္း လကၡဏာေတြကို ျဖည္းျဖည္းခ်င္း လက္ခံေပးပါ။ သုေတသနျပဳခ်က္တိုင္းရဲ့ အဆိုအရ Low Carb Diet ဟာ ကိုယ္အေလးခ်ိန္က်ရံုသာမက ဆီးခ်ိဳ အဆင့္ ၂ကို လံုးဝေပ်ာက္ကင္းေစႏိုင္တာမို႔ တစ္ဖက္မွာလည္း အခ်ိဳဓါတ္လံုးဝမရလို႔ျဖစ္တဲ့ ဒီလကၡဏာေတြကို ျဖည္းျဖည္းခ်င္းေက်ာ္ျဖတ္ရံုနဲ႔ အဆီေလာင္ကြၽမ္းသူစစ္စစ္အျဖစ္ေရာက္ခ်ိန္မွာ လကၡဏာေတြ လံုးဝေပ်ာက္ကြယ္သြားပါလိမ့္မယ္။ ေပ်ာက္သြားခ်ိန္မွာေတာ့ Carbs ေတျြပန္ဖ်က္လို႔ရပါၿပီ။


▶️ ျပင္ပခႏၶာကိုယ္လႈပ္ရွားမႈေတြအေပၚ အာရံုမစိုက္ပါနဲ႔။


လူေတာ္ေတာ္မ်ားမ်ားလက္ခံတဲ့အဆိုအရ Keto Lifestyle ဟာ ပိုအားရိွၿပီး ပိုသက္လံုေကာင္းေစတယ္လို႔ သိရေပမယ့္ Keto စတဲ့ပထမရက္ေတြမွာ ခႏၶာကိုယ္က သူလိုကိုယ္လို ပံုမွန္ႏံုးခ်ိေနတတ္တာကို စိတ္မပူပါနဲ႔။ ၄ ပါတ္ေျမာက္မွာေတာ့ Keto မစခင္ကထက္ကို ပိုမိုတက္ႂကြ သြက္လက္တဲ့သူတစ္ေယာက္အျဖစ္ ေျပာင္းလဲသြားႏိုင္ပါတယ္လို႔ Ketogenic သုေတသနပညာရွင္ ေဒါက္တာ Steve Phinney က ဆိုထားပါတယ္။ 


လမ္းေလ်ွာက္တာ၊ အေၾကာဆန႔္တာ၊ ေယာဂလုပ္တာေတြနဲ႔ တျခားေလ့က်င့္ခန္းခပ္ေပ်ာ့ေပ်ာ့ေတြလုပ္ျခင္းက ခႏၶာကိုယ္အတြက္ ပိုေနလို႔ေကာင္းေစမွာပါ။ တစ္ခုပဲ သတိထားရမွာက ပထမအပတ္ေတြမွာ Keto lifestyle ထဲေျပာင္းေနတာမို႔ စိတ္ဖိစီးမႈေတြ ႀကံဳလာရင္ ဘာအေၾကာင္းနဲ႔မွ ထပ္အပင္ပန္းမခံဘဲ တျဖည္းျဖည္း Ketosis ျဖစ္သြားခ်ိန္မွ ေလ့က်င့္ခန္းေလးေတြ တိုးတိုးလုပ္ဖို႔ အႀကံျပဳထားပါတယ္။


▶️ ဝိတ္ခ်ေနတာဆိုတဲ့ Stress အႀကီးႀကီးမထားပါနဲ႔။


Stress က ဝိတ္ပိုတက္ေစႏိုင္တာကို သိပါသလား။ ကိုယ့္ကိုကိုယ္ ငါဝိတ္ခ်ေနတာဆိုတဲ့ စိတ္ႀကီးရိုက္သြင္းခံလာရတဲ့အခါမ်ိဳးမွာ အဲ့ဒီဖိစီးမႈနဲ႔ ဗိုက္ဆာတာေပါင္းၿပီး ပိုလကၡဏာျပင္းႏိုင္၊ မထိေရာက္တဲ့ Keto ျဖစ္ႏိုင္ပါတယ္။


အစပထမပိုင္းမွာ ဆာတယ္ထင္သမ်ွ၊ စားခ်င္တာမစားရတဲ့ ခံစားခ်က္ေတြ ေရာႁပြန္းေနတတ္ေပမယ့္ စိတ္ကိုေလ်ွာ့ခ်ထားၿပီး ဆာတဲ့အခ်ိန္တိုင္း လိုအပ္တဲ့ အဆီကို စားသံုးရင္း ခပ္ေပါ့ေပါ့ပါးပါးျဖတ္သန္းတာက Ketosis State ေရာက္တဲ့အခါ ပိုအဆာခံႏိုင္လာၿပီး စားခ်င္စိတ္ေတြပါသူ႔အလိုလို နည္းသြားပါလိမ့္မယ္။


ဒီလိုနည္းေတြနဲ႔ Keto Diet လုပ္တဲ့အခါျဖစ္တတ္တဲ့ လကၡဏာေတြကို သက္သာၿပီး Ketosis State ထဲဝင္ကာ ဝိတ္အျမန္က်တဲ့သူေတြအျဖစ္ ေရာက္ရိွႏိုင္ပါတယ္ေနာ္.....

Electrolytes (ဓာတ္ဆားရည္) ေသာက္ေပးပါ... ခႏၶာကိုယ္က ဆံုးရူံးသြားတဲ့ အားအင္ေတြ အတြက္ တေန့ တခြက္ ေသာက္သင့္ပါတယ္ ... 😊


ေအာက္မွာေတာ့ ေမးတတ္တဲ့ ေမးခြန္းေလးေတြ ေျဖေပးထားပါတယ္ေနာ္ ...❤️


⭕️ ေကာ္ဖီႀကိဳက္တယ္ ေသာက္လို႔ရလား? သၾကားအစား ဘာနဲ႔ အစားသံုးရမလဲ ? 


ေသာက္လို႔ရပါတယ္.. ဒါေပမဲ့ လံုးဝေကာ္ဖီစစ္စစ္ ေကာ္ဖီၾကမ္းကို Stevia , Monk fruit စတဲ့ သၾကားနဲ႔ေရာၿပီေသာက္ပါ။ သူက အပင္ကေန ယူတဲ့အတြက္ က်မ္းမာေရး အတြက္ေရရွည္ေကာင္းပါတယ္...


 

⭕️ အဆီစားပါဆိုတာ ဘာအဆီကို စားရမွာလဲ ? 


 ▫️အုန္းဆီ ( coconut oil)

 ▫️သံလြင္ဆီ ( olive oil)

 ▫️ ႏွမ္းဆီ ( sesame oil)

 ▫️ ေထာပတ္သီးဆီ ( avocado oil)

 ▫️ ေထာပတ္ (butter)

 ▫️ ဂီးေထာပတ္ ( gee)  


⭕️ ဘယ္အဆီေတြစားလို႔ မရဘူးလဲ?

 

မာဂ်ရင္း ႏွင့္ ဟင္းသီးဟင္းရြက္ဆီ မရပါ။


🔴 ဘာအသားေတြစားလို႔ရလဲ?

 

ၾကက္သား, ဝက္သား, ငါး, ဘဲသား, ၾကက္ဥ, ဘဲဥ, ဆိတ္သား, အမဲသား, Seafood 


🔴 ဘယ္ဟင္းသီးဟင္းရြက္စားရမလဲ?

  

အစိမ္းေရာင္ရိွတဲ့ ဟာအားလံုးနီးပါး စားလို႔ရပါတယ္ ... 


🔴 ဘယ္ဟင္းသီးဟင္းရြက္ေရွာင္ရမလဲ?

 

ေျမေအာက္မွာ စိုက္ပ်ိဳးရတဲ့ ဟင္းသီးဟင္းရြက္ေတြ ေရွာင္ပါမယ္...

( ဥပမာ: အားလူး- ေျပာင္းဖူး) 


🔴 တေန့ ကို ကစီဓာတ္(carbo) ဘယ္ေလာက္ထိစားလို႔ရသလဲ?


 အဲ့ဒါကို တြက္ဖို႔အတြက္ကေတာ့ သင့္ရဲ့  ကိုယ္အေလးခ်ိန္, အရပ္, အသက္, က်ား/မ , တေန့တာလႈပ္ရွားမႈပံုစံ... အဲ့ဒီအခ်က္ေတြေပၚမွာမူတည္ၿပီးေတာ့ macronutrient (macronutrient လို႔ေခၚတဲ့ protein, fats, carbs အခ်ိဳးအစား) ေတြ  တြက္ရပါတယ္ ...အဲ့ဒီ ရလဒ္ကေန တြက္ခ်က္စားၿပီး ကိုယ့္အဆီကို အဆီနဲ႔ ေလာင္ကြၽမ္းေအာင္လုပ္ၿပီ ဝိတ္က်တဲ့နည္း ကို ကီတိုစားျခင္းလို႔ ေခၚပါတယ္ ... 


Credit ♥️

No comments: