Saturday, May 29, 2021

စိတ်ကြွ - မူးယစ် - အရက် မိမိကိုယ်တိုင်ဖြတ်

 [Unicode]စိတ်ကြွ - မူးယစ် - အရက် မိမိကိုယ်တိုင်ဖြတ်

========================

#ဆောင်းပါးရှင် တင်ထက်ထက်ဇော်

#မူးယစ်ဆေးဝါး

#အရက်သေစာ

#ကျန်းမာရေး




(ယနေ့ခေတ်လူငယ်တွေအတော်များများ လိုင်းမစုံရင် ယောက်ျားမပီသဘူးထင်မြင်ယူဆနေကြတယ်လို့ သူငယ်ချင်းတစ်ယောက်က ပြောလာတဲ့အခါ ငြင်းဆန်ရတာ ခပ်ခက်ခက်ဖြစ်နေမိပါတယ်။ ပညာတတ်ပြီး မိမိကျန်းမာရေးကို မိမိသိရှိဂရုစိုက်သူလူငယ်တွေကတော့ အာရုံတွေဖျားယောင်းတဲ့နောက်လိုက်မှာမဟုတ်ပါဘူးလို့ ဆင်ခြေပေးရတာပေါ့သူ့ကို။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါး၊ အရက်သေစာ၊ ဓာတုစိတ်ပြောင်းဆေးတွေကို သုံးစွဲမိပြီး စွဲလမ်းနေကြတဲ့ လူငယ်များ အနေနဲ့ မိမိစိတ်ကိုမိမိ ထိန်းချုပ်ကာ ဆေးဖြတ်နိုင်ကြပါပြီ။ ဥပဒေရေးရာ အရေးယူမှုမခံရဘဲ ကုသမှုခံယူနိုင်ကြတဲ့နေရာတွေများလာပြီလေ။ သည်အကြောင်းလေးကို ပြောချင်တာမို့ ဆောင်းပါးရှင် ဆရာမပေါက်ပေါက်ရဲ့ စာတစ်ပုဒ်ကို ကူးယူဝေငှလိုက်ပါတယ်။)


         စိတ်ကြွရူးသွပ်ဆေးပြား၊ မူးယစ်ဆေးဝါး နှင့် သေရည်အရက် တို့က လူကို ဘေးဖြစ်စေတတ်သည်၊ ရှောင်ရှားကြရမည်ကို တတ်သိစအရွယ်ကစ၍ ယနေ့လူသားအားလုံး နားရည်ဝြကပြီးဖြစ်သည်။ သို့သော် “အသိခေါက်ခက် အ၀င်နက်” ဆိုသကဲ့သို့           မကောင်းတာကို သိသိကြီးနှင့်ပင် စိတ်အလိုလိုက်ကာ သုံးစွဲနေကြသူများလည်းရှိသည်။ ထို့ကြောင့် စိတ်ကြွရူးသွပ်ဆေးပြားများ၊ မူးယစ်ဆေးဝါး နှင့် သေရည်အရက် တို့ကို မိမိကိုယ်တိုင်ဖြတ်မှ ပြတ်မည်ဖြစ်ကြောင်းကို စာရေးသူမှ အောက်ပါအတိုင်း အကြံပြု ရေးသားလိုပါသည်။


#စိတ်ကြွရူးသွပ်ဆေးပြား။


ဂျပန်လူမျိုး သိပ္ပံပညာရှင် Dr.Nagayoshi Nagai က ၁၈၈၈ ခုနှစ်တွင် ဓာတုဗေဒပစ္စည်းများဖြင့် စမ်းသပ်ထုတ်လုပ်ရာမှ မက်ဒက်ဖီတမင်း ကို တွေ့ရှိခဲ့သည်။ ထိုမှတဆင့် အမ်ဖက်တမင်းဆေးမှုန့်ကို ထုတ်လုပ်ခဲ့ပြီး ၄င်းဆေးဝါးကို ပန်းနာရင်ကျပ် ပျောက်ဆေး၊ အ၀လွန်ခြင်းကို လျော့ချစေသည့်ဆေးအဖြစ် အသုံးပြုကြသည်။ ၁၉၄၁ ခုနှစ်တွင် ဂျပန်နိုင်ငံ ဒိုက်နိုပွန်ကုမ္ပဏီက Philopon ဟူသော ဆေးအမည်ဖြင့် WY ဆေးပြား အမ်ဖက်တမင်းကို ထုတ်လုပ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း စတင် အသုံးပြုခဲ့ သည်။ ထိုခေတ်ကာလက ဂျပန်စစ်သည်လူနာ များအတွက် WY ဆေးပြားသုံးရခြင်း၏ ရည်ရွယ်ချက်မှာ စိတ်ကို နိုးကြား ပျော်ရွှင် လန်းဆန်းစေရန်၊ စိတ်မွန်းကျပ်မှု၊ ချုပ်တီးမှု၊ ဖိစီးမှုများ ပြေလျော့စေရန်၊ သောကများ၍ စိတ်ဝေဒနာ ခံစားနေရခြင်းများမှ သက် သာစေရန်အတွက် တိုက်ကျွေးခဲ့ခြင်းဖြစ်သည်။ သို့သော် ၄င်းဆေးပြားသည် ဦးနှောက် နှင့် ဗဟိုနာဗ့်ကြော အဖွဲ့အစည်းများ ၏  လှုပ်ရှားမှုများကို ပိုမိုမြန်ဆန်သွက်လက်အောင် လှုံ့ဆော် တတ်သော ဒြပ်ပေါင်းတစ်မျိုးဖြစ်သည်။ မလိုအပ်ဘဲ သုံးစွဲခြင်း (သို့မဟုတ်) ကျန်းမာရေးအရ လိုအပ်သည်ထက် ပို၍ သုံးစွဲမိရာတွင် အဆင်မသင့်ပါက စိတ်ရောဂါလက္ခဏာများ ပေါ်ထွက်လာ ကာ အရူးတစ်ပိုင်းသဖွယ် ပြုမူဆက်ဆံတတ်သော ကြောင့် “စိတ်ကြွရူးသွပ်ဆေး” ဟု ခေါ်ခြင်းဖြစ်သည်။


#စိတ်ကြွရူးသွပ်ဆေးအန္တရာယ်။

·         စဦး အဆင့်။

စိတ်ကြွရူးသွပ်ဆေးကို တလွဲသုံးစွဲသောက်ပြီးနောက် ခဏအကြာမှာ နှလုံးတုန်ရင်ခုန်ပြီး အသက်ရှုမြန်စေသည်။ စိတ် တက်ကြွမှုကိုခံစားရပြီး စကားများများပြောခြင်း၊ သွက်လက်လှုပ်ရှားခြင်း၊ စိတ်ဆတ် စိတ်ဆိုးခြင်း ဖြစ်လွယ်သည်။ စိတ် တက်ကြွမှု ပြင်းထန်လာသည်နှင့်အမျှ အားအင်ဆုတ်ယုတ်၍ နုံးခွေမှုပါ တစ်ဆက်တည်း ခံစားရသည်။ ထို့နောက် ခြေ၊ လက်တုန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ မူးဝြေခင်း၊ စိတ်တင်းကျပ်ခြင်း၊ ရင်ဘတ်နာခြင်း၊ ကာမရာဂစိတ်များ ပြောင်းလဲဖောက် ပြန်ခြင်း၊ စိုးရိမ်လွန်ပူပန်ခြင်း၊ အအိပ်နည်းခြင်း ဖြစ်စေသည်။


·         ဆေးကျွမ်း(ဆေးစွဲ) အဆင့်။

သုံးစွဲမှုများပြားလာသည်နှင့်အမျှအသက်ရှုမဝြခင်း၊ ခေါင်းကိုက်ခြင်း၊ ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ အစားအသောက် ပျက် ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ စိတ်မြန်ခြင်း၊ အမှန်တကယ်မရှိပါဘဲ နှင့် အမြင်၊ အကြား၊ အသိ အာရုံမှားများ ခံစား ရခြင်း၊ သူတစ်ပါးအား သံသယစိတ်ဝင်ပြီး သင်္ကာမကင်းဖြစ်ခြင်း၊ မိမိကိုယ်ကို ယုံကြည်စိတ် ပျောက်ပြီး ပတ်ဝန်းကျင်ကို စိုးကြောက်ခြင်း၊ သောကများပြီး ထိန်းမနိုင် သိမ်းမရပေါက်ကွဲခြင်း၊ မိမိအား လျှပ်စစ်ဖြင့်တို့ခြင်း၊ လေဆာရောင်ခြည်ဖြင့် တိ်ု့ခြင်း၊ အဝေးထိန်းခလုတ်ဖြင့် ထိန်း၍ တစ်ယောက်ယောက်က စိတ်ဒုက္ခပေးနေသည်ဟု ထင်ယောင်ထင်မှား ခံစား ရခြင်း၊ အာရုံကြောနှင့် ကြွက်သားများရုန်း၍ တွန့်လိမ် ကောက်ကွေးဖြစ်ခြင်း တို့ဖြစ်စေသည်။


·         ဆေးလွန် အဆင့်။

ဆေးလွန်လျှင် စိတ်ဖောက်ပြန်ရူးသွပ်ခြင်း၊ ၀က်ရူးပြန်ခြင်း၊ နှလုံးသွေးကြော ပိတ်ခြင်း နှင့် နှလုံးရောဂါဖြစ်ခြင်း၊ ဦးနှောက် သွေးကြော ပွခြင်း၊ သွေးကြောပြတ်၍ သွေးယိုစီးခြင်း၊ လေဖြတ်ခြင်းနှင့်အတူ အသက်ပါ ဆုံးနိုင်သည်။ စိတ်ကြွရူးသွပ် ဆေးပြားများကို ထိုသို့အလွဲသုံးနေရာမှ ရုတ်တရက် ရပ်နားလိုက်လျှင် ပြင်းထန်သော စိတ်ကျရောဂါဖြစ်လာသည်။ ထိုဝေဒနာကို ပြေပျောက်ရန် ယာယီကုစားမှုအနေဖြင့် ရေချိန်ကိုက်ကာ ပြန်လည်သုံးစွဲ နေစဉ် လုံးဝ အိပ်စက်၍မရတော့ ပေ။ ထိုအခါ အိပ်ဆေး နှင့် အရက် ရောနှောပြီးသောက်သုံးသဖြင့် စိတ်ကျလိုက်၊ စိတ်တက်လိုက်ဖြစ်ကာ ၄င်းစွဲလမ်း စိတ်ကို ခံနိုင်ရည်စွမ်းအား မရှိတော့ဘဲ ဆေးလွန်ပြီး သေဆုံးနိုင်သည်။


·         ဘ၀နိဂုံးအဆုံးမလှ။

စိတ်မခိုင်ဘဲ ဆေးဖြတ်လိုက်၊ သုံးစွဲလိုက် ပြုလုပ်ခဲ့လျှင် စိတ်ကျခြင်း၊ အစားများများစားခြင်း၊ အချိန်ကြာမြင့်စွာ အိပ်စက် ခြင်း၊ အစာအိမ်ရောဂါဖြစ်ခြင်း စသည်တို့ခံစားရပြီး နောက်ဆုံးအဆင့်တွင် မိမိကိုယ်ကို သတ်သေခြင်းဖြင့် အဆုံးစီရင် သွားကြသော သာဓကများစွာ တွေ့ရသည်။


#ဘိန်းဖြူ။

စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများတွက် ဘိန်းဖြူသည် အမြင့်ဆုံး နှင့် အပြင်းထန်ဆုံး အက်ဆစ်တစ်မျိုး ဖြစ် သည်။ အထက်တွင် ဖော်ပြထားသော WY ဆေးပြား အက်ဆစ်ကို အခြေခံထားပြီး၊ sulphuric အက်ဆစ်၊ nitric အက်ဆစ် တို့အပြင် ထုံးရည်ကြည် စသည့် အက်ဆစ် (၁၄) မျိုးပါဝင်သည်။ ဘိန်းဖြူသုံးစွဲပြီးနောပ် ဆေးကျွမ်းသည့်အဆင့်မှာ လူ့ခန္ဓာကိုယ် ၏ အမာဆုံး အစိပ်အပိုင်းဖြစ်သော အရိုးများက အမှုန့်ဖြစ်သွားစေသည်။


#နီကိုတင်း (သို့မဟုတ်) အဆိပ်ငွေ့။

“မူးယစ်အစ ဆေးလိပ်က” ဖြစ်ပါသည်။ နီကိုတင်း (Nicotine) ဆိုသည်မှာ ဓာတုဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး ဓာတုနည်းအရ ဖော်မြူလာကို C10H14N2 ဟု သတ်မှတ်သည်။ နီကိုတင်းဓာတ်သည် ခန္ဓာကိုယ်တွင်း ရောက်ရှိပြီးနောက် နာရီ ၂၀ ကြာသည် အထိ အာနိသင်မပြယ် ရှိနေတတ်ပြီး၊ ၄င်းပမာဏ၏ ရာခိုင်နှုန်း အနည်းငယ်ကိုသာ ဆီးအဖြစ် ကျောက်ကပ်က အဆိပ်ဖယ်ရှား နိုင်သည်။ မိမိကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် နီကိုတင်း အဆိပ်သင့်နိုင်ပါသည်။ ဆေးလိပ်ငွေ့ထဲတွင် ကင်ဆာဖြစ် စေနိုင်သည့် ဓာတုပစ္စည်း ၅၀ ကျော် နှင့် အခြားဓာတ်ပစ္စည်း အမျိုးပေါင်း ၄၀၀၀ ကျော်တို့ ပါဝင်သည်။ ရုံးခန်း၊ အိမ်ခန်း၊ အိမ်စီးကားများ အတွင်း ဆေးလိပ်သောက်ပါက ဆေးလိပ်မှုန်များသည် ကြမ်းပြင်၊ ကြမ်းခင်း၊ ကော်ဇော၊ ဆိုဖာဆက်တီ၊ ဗီရို စသည်တို့အပေါ်တွင် စွဲတင်ကျန်နေပြီး နီကိုတင်းဓာတ်မှာ ရက်ပေါင်းများစွာ တည်ရှိနေသည်။ လေလုံသည့် အခန်းတစ်ခုထဲတွင် ဆေးလိပ်ငွေ့၏ အကြွင်း အကျန်များက ငါးနာရီခန့်ကြာသည်အထိ ရှိနေတတ်သည်။ ကျန်းမာ ရေးအတွက် အလွန်အန္တရာယ်များပြီး  ၄င်းပြဿနာကို Third Hand Smoke ဟု ခေါ်သည်။


နီကိုတင်းဓာတ်သည် လူကိုစွဲလမ်းစေတတ်သောဂုဏ်သတ္တိရှိပြီး စိတ်ကိုပါပြောင်းလဲစေတတ်သည်။ နီကိုတင်း စွဲလမ်းမှု သည် အရက်စွဲ လမ်းမှုထက် ၆ ဆ မှ ၈ ဆအထိ ပိုသည်။ ထို့ကြောင့်လည်း နီကိုတင်းကို သုံးစွဲမိသွားသူများမှာ ၉၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ ဖြစ်သွားကြသည်။ ဆေးလိပ်ထဲတွင်ပါရှိသော နီကိုတင်းဓာတ်သည် ကောင်းစွာအိပ်စက်မှုကို နှောင့်ယှက်ရုံ သာမက၊ အဆုတ်ထဲရောက် သွားသော နီကိုတင်းအဆိပ်ဓာတ်တို့သည် အိပ်ပျော်နေစဉ် အသက်ရှုလမ်းကြောင်းကိုပါ အဟန့် အတား ဖြစ်စေသည်။ ထိုမျှမက နှလုံး သွေးကြောကျဉ်း၊ သွေးကြောပိတ်၊ လေဖြတ်၊ အဆုတ်ပြွန်ရောင်၊ အဆုတ်ပွ၊ သွေးတိုး၊ ခြေ ပုပ်လက်ပုပ်၊ ပန်းသေပန်းညှိုး၊ ပါကင်န်ဆဲန် (ခေါ်) ခြေတုံလက်တုံရောဂါ၊ အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာကြိုရောဂါ၊ အူရောင်ရောဂါ၊ သတိမေ့လျော့သွားခြင်း၊ စိတ်ကျရောဂါ၊ အ၀လွန်ခြင်း၊ အဆစ်အမြစ်ရောင်နာရောဂါ စသည့်ရောဂါများစွာကို ခံစားရရှိနိုင်သည်။ ကိုယ်ဝန်ဆောင် မိခင်များကိုယ်တိုင် ဆေးလိပ် သောက်၍ဖြစ်စေ၊ ကိုယ်ဝန်ဆောင်စဉ် second smoker အဖြစ် နီကိုတင်းဓာတ်ကို မကြာခဏ ရှုရှိုက်မိ၍ဖြစ်စေ မိခင်ရောသန္ဓေသားပါ ဆိုးကျိုးများစွာကိုခံစားရနိုင်သည်။ နီကိုတင်းဓာတ်ကြောင့် ခံတွင်း၊ ဆီး၊ ချွေးရနံ့ဆိုးတွေပါ ထွက်စေသည်။


အီးစီးကရက်သောက်ခြင်းက ဆေးလိပ် လုံးဝ မပြတ်နိုင်ပါ။ နီကိုတင်းကို ပုံစံပြောင်းပြီး ရေပြောင်းပုံစံ ပြုလုပ်ထားခြင်း မျှသာဖြစ်သည်။ အီးစီးကရက်သောက်သုံးခြင်းက ပေါက်ကွဲတတ်၍ လူကို အန္တရာယ်ဖြစ်စေနိုင်သည်။ ယခုအခါ အီးစီးကရက် ထုတ်လုပ်ခဲ့သော အနောက်နိုင်ငံများပင် သုံးစွဲမှုကို တရားဝင် တားမြစ်ထားသည်။


အောက်ပါအစားအစာများက နီကိုတင်း အဆိပ်ပြေပျောက်စေရန် အထိုက်အလျောက် ကောင်းကျိုးပြုသည်။

·         လက်ဖက်ခြောက်ခပ်ထားသော ရေနွေးပူပူသောက်ပါ။

·         ပူရှိန်းဓာတ်ပါသော ပီကေ (သို့မဟုတ်) အချိုဓာတ်လျော့သော ပူရှိန်းသကြားလုံးများ၊  ပူရှိန်းငုံဆေးပြားများ က ဆေးလိပ်သောက်ချင်စိတ်ကို ချိုးနှိမ်ကာ ခံတွင်းချဉ်ခြင်းမှလည်း သက်သာစေသည်။

·         ရေများများသောက်ပါ။

·         မုန်လာဥနီက ဆေးလိပ်သောက်သုံးသူများ နှင့် စီးကရက်မီးခိုးငွေ့ရှုရှိုက်မိသူများအတွက် နီကိုတင်းအဆိပ် ငွေ့ ဖြေပေးနိုင်ပါသည်။

·         ဘရိုကိုလီ (ခေါ်) ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီဖြူ၊ ဂေါ်ဖီထုပ်၊ မချိုသော လိမ္မော်သီး၊ ကီဝီသီး၊ ပန်းသီး၊ တ လည်းသီး၊ သံပုရာသီး၊ ဘယ်ရီသီးအမျိုးမျိုး၊ ပူစီနံရွက်၊ ကိုက်လံ၊ ဂျင်း၊ နနွင်း၊ ကြက်သွန်ဖြူ၊ လက်ဖက်၊ နှင့် ဟင်းနုနယ်ရွက် တို့ကလည်း ခန္ဓာကိုယ်တွင်းရှိ နီကိုတင်းအဆိပ်အတောက်များကို ဖယ်ရှားသုတ်သင် ပေး နိုင်သည်။ 


#သေရည်အရက်။


အရက်ဆိုသည်မှာ ပေါင်းခံချက်လုပ်ရသော Ethyl Alcohol ဓာတုအရည်တစ်မျိုးဖြစ်၍၊ အရက်သောက်သုံး သူများသည် ဓာတုအရည် များကို မျိုချိုနေကြခြင်းဖြစ်သည်။ Ethyl Alcohol ဟာ ဓာတုပစ္စည်းတစ်မျိုး ဖြစ်တာကြောင့်လည်း ရေမွှေး၊ ပေါင်ဒါ မှုန့်၊ မိတ်ကပ် စသည့် အလှကုန်ပစ္စည်းများ အတွက်သာမက ဆေးဝါး၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့် စသဖြင့် လူသုံးကုန် ပစ္စည်းတွေမှာပါ ထည့်သွင်းဖော်စပ်လေ့ရှိသည်။ အရက်သောက်ခြင်းက DNA ၏ ပင်မဆဲလ်များ ပျက်စီးသွားခြင်းကြောင့် အသည်း၊ ရင်သား၊ အူသိမ် အူမ၊ လည်ချောင်း၊ ခံတွင်း၊ အစာပြွန် နှင့် အသံအိုးဆိုင်ရာ ကင်ဆာရောဂါ  ခုနှစ်မျိုးကို ဖြစ်ပွားစေနိုင်သည်။ ရံဖန်ရံခါမှ အရက်အလွန်အကျွံ သောက်မိခြင်းထက် ပမာဏ အနည်းငယ်စီ မကြာခဏသောက်ခြင်းက နှလုံးခုန်နှုန်း မူမမှန်ဖြစ်လာနိုင်သည့် အန္တရာယ်မြင့်တက်စေနိုင်သည်။


“ဓားကိုဖျက် ဝါးမြက်၊ လူကိုဖျက် အရက်”  ဖြစ်သည်။ အရက်သောက်နည်း သုံးမျိုးရှိရာ (၁) ရံဖန်ရံခါမှ  ပေါင်းသင်း ဆက်ဆံရေးအတွက် မလွှဲမရှောင်သာ၍ သောက်ခြင်းကို “လူက အရက်ကိုသောက်တယ်” ဟုခေါ်သည်။  (၂) ညနေစောင်းချိန် ရောက်တိုင်း လေချဉ်တက်ကာ တောင်းတနေခြင်းမျိုးကို “ အရက်က လူကိုသောက်တယ်” ဟုခေါ်သည်။  (၃) မိုးလင်းကတည်း က အရက်နှင့်မျက်နှာသစ်ကာ တစ်နေကုန် အချိန်ရှိသရွေ့သောက်ခြင်းကို “ အရက်က အရက်ကိုသောက်တယ် ” ဟု ခေါ်သည်။


အရက်နာကျ ဝေဒနာမဖြစ်စေရန်အတွက် -

·         အရက်သောက်ပြီးနောက် အိပ်ခါနီး သောက်ရေ ၂ ခွက်ဆင့်သောက်ပါ။ (သို့မဟုတ်) အိပ်ယာမ၀င်ခင် အက်စ်ပရင်ဆေးပြား နှစ်ပြားကို သောက်ရေ တစ်ဖန်ခွက်ဖြင့် သောက်ပါ။

·         အရက်နာကျဝေဒနာ သက်သာစေရန် သခွားသီး ဆားရည်စိမ် စားပါ။

·         မနက်အိပ်ယာထ  ဖြီးကြမ်းငှက်ပျောစားပါ (သို့မဟုတ်) ပျားရည် နှင့် ရေနွေးပူသောက်ပါ။ (သို့မဟုတ်) ကြက်ဥစိမ်း သောက်ပါ။


အရက်ဖြတ်ရန် ကြိုးစားရာတွင် ဇောချွေးပြန်ခြင်း၊ မူးမော်ခြင်း၊ အော့အန်ခြင်း၊ တုန်တုန်ယင်ယင်ဖြစ်ခြင်း၊ စိုး ရိမ်စိတ်ကြီး ခြင်း၊ စိတ်တို တတ်ခြင်း၊ သူတပါးအပေါ် သံသယစိတ်ကြီးခြင်း၊ စိတ် ကယောင်ချောက်ချားဖြစ်ခြင်း၊ တက်ခြင်း စသည် ဖြင့်  အသက်အန္တရာယ် ကိုဖြစ်စေနိုင်၍ အရက်စွဲသူများအနေဖြင့် အရက်ဖြတ်သည့်အခါမှာလည်း အိမ်မှာ မိမိဖာသာ အရက်ဖြတ် ခြင်းထက်၊ ဆေးရုံတက်၍ အရက်ဖြတ်သင့်ပါသည်။ ဆေးရုံတွင် လိုအပ်သော ဆေးဝါးများကို အသုံးပြုပေးပါလိမ့်မည်။


#မိမိကိုယ်တိုင်ဖြတ်။


စိတ်ကြွရူးသွပ်ဆေးပြား၊ မူးယစ်ဆေးဝါး နှင့် သေရည်အရက် စွဲလမ်းခြင်းကို ကုသရာတွင် ၎င်းတို့ကို တဖြည်းဖြည်း လျော့သုံးစေသည့် နည်း (သို့မဟုတ်) လုံးဝ ဖြတ်စေသည့်နည်း ဖြစ်သည်။ ၎င်းတို့သုံးစွဲမှုကို လုံးဝ ပြတ်သွားသည်နှင့် နောက်ထပ် တစ်ကြိမ် အနည်းငယ် မျှလောက်ပင် လုံးဝ ပြန်မသုံးရန် လိုအပ်သည်။ ၎င်းတို့ကို သုံးစွဲသောက်စားနေသူများ၊ ရောင်းဝယ်သူများ နှင့် လုံးဝ အဆက်အသွယ် ဖြတ်ရန် လိုအပ်သည်။ အကောင်းဆုံး ရှောင်ရှားရမည့်နည်းမှာ ၎င်းတို့ကို လုံးဝ စတင် အသုံးမပြုရန် ဖြစ်သည်။ မည်သူ တစ်ဦးတစ် ယောက်မျှ မွေးကတည်း မူးယစ်၊ ဆေးလိပ်၊ အရက် ဖက်လာခဲ့ကြသည်မဟုတ်ပေ။ ၎င်းတို့သည် သူရာမေရယကံ မြောက်သဖြင့် (၅) ပါးသီလ မလုံ၍ နိဗ္ဗာန်ချမ်းသာနှင့် ဝေးနိုင်သည်။


အလွန်အကျွံသုံးစွဲ သောက်သုံးမိ၍ ဆေးစွဲခြင်း၊ အရက်နာကျခြင်း ဖြစ်လာရသည်။ ထိုအခါ သတိသံဝေဂရ၍ ဆေးဖြတ်၊ အရက်ဖြတ် ခြင်းကို ခံယူကြရာ၌ မိသားစု၊ ဆွေမျိုး၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် အားထုတ်ကြရသောအခါ အခက် အခဲလေးတွေ ရှိကောင်းရှိလာနိုင်သည်။ မည်ကဲ့သို့သော အခြေအနေမျိုးတွင်ဖြစ်စေ အများသဘောထားတွေကို မိမိစိတ်ဖြင့် အဆင်ပြေအောင် ကြိုးစား နေထိုင်သွားမည်ဟု စိတ်ကိုပြင်ဆင်ထားဖို့လိုပါသည်။ ပတ်ဝန်းကျင်က ယုံကြည်လာအောင် နေထိုင် ပြရပါမည်။ အိမ်ထောင်သည်ဖြစ်စေ၊ အိမ်ထောင်မရှိသည်ဖြစ်စေ ယောကျာ်းတို့မည်သည် အိမ်ထောင်ဦးစီးဖြစ်သည့်အတွက် ဦးစွာပထမ မိမိစိတ်ကို မိမိကိုယ်တိုင် ထိန်းမတ်နိုင်မှသာလျှင် မိသားစုကိုလည်း ဦးဆောင်နိုင်မှာဖြစ်သည်။


စာရေးသူက အောက်ပါ စကား (၃)ခွန်းဖြင့် စကားလက်ဆောင်ပါးရင်း ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ပါသည်။

·         ပျင်း ပျင်းမှန်းသိ လူတော်ဖြစ်၏ ၊ ပျင်းလျက်ပင် လူတော်ထင် ပျင်းမြဲ ပျင်းမည်ပင်။

·         ဖျင်း ဖျင်းမှန်းသိ လူတော်ဖြစ်၏ ၊ ဖျင်းလျက်ပင် လူတော်ထင် ဖျင်းမြဲ ဖျင်းမည်ပင်။

·         မကောင်း မကောင်းမှန်းသိ လူတော်ဖြစ်၏၊ မကောင်းလျက်ပင် ကောင်းသည်ထင် မကောင်းမြဲမကောင်းမည်ပင်။


စေတနာများစွာဖြင့်

ဆောင်းပါးရှင်... တင်ထက်ထက်ဇော် (ခ) ပေါက်ပေါက် ရေးသားမျှဝေသည်။


[Zawgyi]စိတ္ႂကြ - မူးယစ္ - အရက္ မိမိကိုယ္တိုင္ျဖတ္

========================

#ေဆာင္းပါးရွင္ တင္ထက္ထက္ေဇာ္

#မူးယစ္ေဆးဝါး

#အရက္ေသစာ

#က်န္းမာေရး




(ယေန့ေခတ္လူငယ္ေတြအေတာ္မ်ားမ်ား လိုင္းမစံုရင္ ေယာက္်ားမပီသဘူးထင္ျမင္ယူဆေနၾကတယ္လို႔ သူငယ္ခ်င္းတစ္ေယာက္က ေျပာလာတဲ့အခါ ျငင္းဆန္ရတာ ခပ္ခက္ခက္ျဖစ္ေနမိပါတယ္။ ပညာတတ္ၿပီး မိမိက်န္းမာေရးကို မိမိသိရိွဂရုစိုက္သူလူငယ္ေတြကေတာ့ အာရံုေတြဖ်ားေယာင္းတဲ့ေနာက္လိုက္မွာမဟုတ္ပါဘူးလို႔ ဆင္ေျခေပးရတာေပါ့သူ႔ကို။ သို႔ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စိတ္ကိုေျပာင္းလဲေစေသာ မူးယစ္ေဆးဝါး၊ အရက္ေသစာ၊ ဓာတုစိတ္ေျပာင္းေဆးေတြကို သံုးစြဲမိၿပီး စြဲလမ္းေနၾကတဲ့ လူငယ္မ်ား အေနနဲ႔ မိမိစိတ္ကိုမိမိ ထိန္းခ်ဳပ္ကာ ေဆးျဖတ္ႏိုင္ၾကပါၿပီ။ ဥပေဒေရးရာ အေရးယူမႈမခံရဘဲ ကုသမႈခံယူႏိုင္ၾကတဲ့ေနရာေတြမ်ားလာၿပီေလ။ သည္အေၾကာင္းေလးကို ေျပာခ်င္တာမို႔ ေဆာင္းပါးရွင္ ဆရာမေပါက္ေပါက္ရဲ့ စာတစ္ပုဒ္ကို ကူးယူေဝငွလိုက္ပါတယ္။)


         စိတ္ႂကြရူးသြပ္ေဆးျပား၊ မူးယစ္ေဆးဝါး ႏွင့္ ေသရည္အရက္ တို႔က လူကို ေဘးျဖစ္ေစတတ္သည္၊ ေရွာင္ရွားၾကရမည္ကို တတ္သိစအရြယ္ကစ၍ ယေန့လူသားအားလံုး နားရည္ျဝကၿပီးျဖစ္သည္။ သို႔ေသာ္ “အသိေခါက္ခက္ အ၀င္နက္” ဆိုသကဲ့သို႔           မေကာင္းတာကို သိသိႀကီးႏွင့္ပင္ စိတ္အလိုလိုက္ကာ သံုးစြဲေနၾကသူမ်ားလည္းရိွသည္။ ထို႔ေၾကာင့္ စိတ္ႂကြရူးသြပ္ေဆးျပားမ်ား၊ မူးယစ္ေဆးဝါး ႏွင့္ ေသရည္အရက္ တို႔ကို မိမိကိုယ္တိုင္ျဖတ္မွ ျပတ္မည္ျဖစ္ေၾကာင္းကို စာေရးသူမွ ေအာက္ပါအတိုင္း အႀကံျပဳ ေရးသားလိုပါသည္။


#စိတ္ႂကြရူးသြပ္ေဆးျပား။


ဂ်ပန္လူမ်ိဳး သိပၸံပညာရွင္ Dr.Nagayoshi Nagai က ၁၈၈၈ ခုႏွစ္တြင္ ဓာတုေဗဒပစၥည္းမ်ားျဖင့္ စမ္းသပ္ထုတ္လုပ္ရာမွ မက္ဒက္ဖီတမင္း ကို ေတြ့ရိွခဲ့သည္။ ထိုမွတဆင့္ အမ္ဖက္တမင္းေဆးမႈန႔္ကို ထုတ္လုပ္ခဲ့ၿပီး ၄င္းေဆးဝါးကို ပန္းနာရင္က်ပ္ ေပ်ာက္ေဆး၊ အ၀လြန္ျခင္းကို ေလ်ာ့ခ်ေစသၫ့္ေဆးအျဖစ္ အသံုးျပဳၾကသည္။ ၁၉၄၁ ခုႏွစ္တြင္ ဂ်ပန္ႏိုင္ငံ ဒိုက္ႏိုပြန္ကုမၸဏီက Philopon ဟူေသာ ေဆးအမည္ျဖင့္ WY ေဆးျပား အမ္ဖက္တမင္းကို ထုတ္လုပ္ၿပီး ဒုတိယကမ႓ာစစ္အတြင္း စတင္ အသံုးျပဳခဲ့ သည္။ ထိုေခတ္ကာလက ဂ်ပန္စစ္သည္လူနာ မ်ားအတြက္ WY ေဆးျပားသံုးရျခင္း၏ ရည္ရြယ္ခ်က္မွာ စိတ္ကို ႏိုးၾကား ေပ်ာ္ရႊင္ လန္းဆန္းေစရန္၊ စိတ္မြန္းက်ပ္မႈ၊ ခ်ဳပ္တီးမႈ၊ ဖိစီးမႈမ်ား ေျပေလ်ာ့ေစရန္၊ ေသာကမ်ား၍ စိတ္ေဝဒနာ ခံစားေနရျခင္းမ်ားမွ သက္ သာေစရန္အတြက္ တိုက္ေကြၽးခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ ၄င္းေဆးျပားသည္ ဦးေနွာက္ ႏွင့္ ဗဟိုနာဗ့္ေၾကာ အဖြဲ႔အစည္းမ်ား ၏  လႈပ္ရွားမႈမ်ားကို ပိုမိုျမန္ဆန္သြက္လက္ေအာင္ လႈံ႔ေဆာ္ တတ္ေသာ ျဒပ္ေပါင္းတစ္မ်ိဳးျဖစ္သည္။ မလိုအပ္ဘဲ သံုးစြဲျခင္း (သို႔မဟုတ္) က်န္းမာေရးအရ လိုအပ္သည္ထက္ ပို၍ သံုးစြဲမိရာတြင္ အဆင္မသင့္ပါက စိတ္ေရာဂါလကၡဏာမ်ား ေပၚထြက္လာ ကာ အရူးတစ္ပိုင္းသဖြယ္ ျပဳမူဆက္ဆံတတ္ေသာ ေၾကာင့္ “စိတ္ႂကြရူးသြပ္ေဆး” ဟု ေခၚျခင္းျဖစ္သည္။


#စိတ္ႂကြရူးသြပ္ေဆးအႏၲရာယ္။

·         စဦး အဆင့္။

စိတ္ႂကြရူးသြပ္ေဆးကို တလြဲသံုးစြဲေသာက္ၿပီးေနာက္ ခဏအၾကာမွာ ႏွလံုးတုန္ရင္ခုန္ၿပီး အသက္ရႈျမန္ေစသည္။ စိတ္ တက္ႂကြမႈကိုခံစားရၿပီး စကားမ်ားမ်ားေျပာျခင္း၊ သြက္လက္လႈပ္ရွားျခင္း၊ စိတ္ဆတ္ စိတ္ဆိုးျခင္း ျဖစ္လြယ္သည္။ စိတ္ တက္ႂကြမႈ ျပင္းထန္လာသည္ႏွင့္အမ်ွ အားအင္ဆုတ္ယုတ္၍ ႏံုးေခြမႈပါ တစ္ဆက္တည္း ခံစားရသည္။ ထို႔ေနာက္ ေျခ၊ လက္တုန္ျခင္း၊ ဂနာမၿငိမ္ျဖစ္ျခင္း၊ မူးေျဝခင္း၊ စိတ္တင္းက်ပ္ျခင္း၊ ရင္ဘတ္နာျခင္း၊ ကာမရာဂစိတ္မ်ား ေျပာင္းလဲေဖာက္ ျပန္ျခင္း၊ စိုးရိမ္လြန္ပူပန္ျခင္း၊ အအိပ္နည္းျခင္း ျဖစ္ေစသည္။


·         ေဆးကြၽမ္း(ေဆးစြဲ) အဆင့္။

သံုးစြဲမႈမ်ားျပားလာသည္ႏွင့္အမ်ွအသက္ရႈမျဝခင္း၊ ေခါင္းကိုက္ျခင္း၊ ပူလိုက္ေအးလိုက္ျဖစ္ျခင္း၊ အစားအေသာက္ ပ်က္ ျခင္း၊ ကေယာင္ကတမ္းျဖစ္ျခင္း၊ စိတ္ျမန္ျခင္း၊ အမွန္တကယ္မရိွပါဘဲ ႏွင့္ အျမင္၊ အၾကား၊ အသိ အာရံုမွားမ်ား ခံစား ရျခင္း၊ သူတစ္ပါးအား သံသယစိတ္ဝင္ၿပီး သကၤာမကင္းျဖစ္ျခင္း၊ မိမိကိုယ္ကို ယံုၾကည္စိတ္ ေပ်ာက္ၿပီး ပတ္ဝန္းက်င္ကို စိုးေၾကာက္ျခင္း၊ ေသာကမ်ားၿပီး ထိန္းမႏိုင္ သိမ္းမရေပါက္ကြဲျခင္း၊ မိမိအား လ်ွပ္စစ္ျဖင့္တို႔ျခင္း၊ ေလဆာေရာင္ျခည္ျဖင့္ တိ္ု႔ျခင္း၊ အေဝးထိန္းခလုတ္ျဖင့္ ထိန္း၍ တစ္ေယာက္ေယာက္က စိတ္ဒုကၡေပးေနသည္ဟု ထင္ေယာင္ထင္မွား ခံစား ရျခင္း၊ အာရံုေၾကာႏွင့္ ႂကြက္သားမ်ားရုန္း၍ တြန႔္လိမ္ ေကာက္ေကြးျဖစ္ျခင္း တို႔ျဖစ္ေစသည္။


·         ေဆးလြန္ အဆင့္။

ေဆးလြန္လ်ွင္ စိတ္ေဖာက္ျပန္ရူးသြပ္ျခင္း၊ ၀က္ရူးျပန္ျခင္း၊ ႏွလံုးေသြးေၾကာ ပိတ္ျခင္း ႏွင့္ ႏွလံုးေရာဂါျဖစ္ျခင္း၊ ဦးေနွာက္ ေသြးေၾကာ ပျြခင္း၊ ေသြးေၾကာျပတ္၍ ေသြးယိုစီးျခင္း၊ ေလျဖတ္ျခင္းႏွင့္အတူ အသက္ပါ ဆံုးႏိုင္သည္။ စိတ္ႂကြရူးသြပ္ ေဆးျပားမ်ားကို ထိုသို႔အလြဲသံုးေနရာမွ ရုတ္တရက္ ရပ္နားလိုက္လ်ွင္ ျပင္းထန္ေသာ စိတ္က်ေရာဂါျဖစ္လာသည္။ ထိုေဝဒနာကို ေျပေပ်ာက္ရန္ ယာယီကုစားမႈအေနျဖင့္ ေရခ်ိန္ကိုက္ကာ ျပန္လည္သံုးစြဲ ေနစဉ္ လံုးဝ အိပ္စက္၍မရေတာ့ ေပ။ ထိုအခါ အိပ္ေဆး ႏွင့္ အရက္ ေရာေနွာၿပီးေသာက္သံုးသျဖင့္ စိတ္က်လိုက္၊ စိတ္တက္လိုက္ျဖစ္ကာ ၄င္းစြဲလမ္း စိတ္ကို ခံႏိုင္ရည္စြမ္းအား မရိွေတာ့ဘဲ ေဆးလြန္ၿပီး ေသဆံုးႏိုင္သည္။


·         ဘ၀နိဂံုးအဆံုးမလွ။

စိတ္မခိုင္ဘဲ ေဆးျဖတ္လိုက္၊ သံုးစြဲလိုက္ ျပဳလုပ္ခဲ့လ်ွင္ စိတ္က်ျခင္း၊ အစားမ်ားမ်ားစားျခင္း၊ အခ်ိန္ၾကာျမင့္စြာ အိပ္စက္ ျခင္း၊ အစာအိမ္ေရာဂါျဖစ္ျခင္း စသည္တို႔ခံစားရၿပီး ေနာက္ဆံုးအဆင့္တြင္ မိမိကိုယ္ကို သတ္ေသျခင္းျဖင့္ အဆံုးစီရင္ သြားၾကေသာ သာဓကမ်ားစြာ ေတြ့ရသည္။


#ဘိန္းျဖဴ။

စိတ္ကိုေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ားတြက္ ဘိန္းျဖဴသည္ အျမင့္ဆံုး ႏွင့္ အျပင္းထန္ဆံုး အက္ဆစ္တစ္မ်ိဳး ျဖစ္ သည္။ အထက္တြင္ ေဖာ္ျပထားေသာ WY ေဆးျပား အက္ဆစ္ကို အေျခခံထားၿပီး၊ sulphuric အက္ဆစ္၊ nitric အက္ဆစ္ တို႔အျပင္ ထံုးရည္ၾကည္ စသၫ့္ အက္ဆစ္ (၁၄) မ်ိဳးပါဝင္သည္။ ဘိန္းျဖဴသံုးစြဲၿပီးေနာပ္ ေဆးကြၽမ္းသၫ့္အဆင့္မွာ လူ႔ခႏၶာကိုယ္ ၏ အမာဆံုး အစိပ္အပိုင္းျဖစ္ေသာ အရိုးမ်ားက အမႈန႔္ျဖစ္သြားေစသည္။


#နီကိုတင္း (သို႔မဟုတ္) အဆိပ္ေငြ့။

“မူးယစ္အစ ေဆးလိပ္က” ျဖစ္ပါသည္။ နီကိုတင္း (Nicotine) ဆိုသည္မွာ ဓာတုျဒပ္ေပါင္းတစ္မ်ိဳးျဖစ္ၿပီး ဓာတုနည္းအရ ေဖာ္ျမဴလာကို C10H14N2 ဟု သတ္မွတ္သည္။ နီကိုတင္းဓာတ္သည္ ခႏၶာကိုယ္တြင္း ေရာက္ရိွၿပီးေနာက္ နာရီ ၂၀ ၾကာသည္ အထိ အာနိသင္မျပယ္ ရိွေနတတ္ၿပီး၊ ၄င္းပမာဏ၏ ရာခိုင္ႏႈန္း အနည္းငယ္ကိုသာ ဆီးအျဖစ္ ေက်ာက္ကပ္က အဆိပ္ဖယ္ရွား ႏိုင္သည္။ မိမိကိုယ္တိုင္ ေဆးလိပ္မေသာက္ေသာ္လည္း တစ္ဆင့္ခံ ေဆးလိပ္ေငြ့ေၾကာင့္ နီကိုတင္း အဆိပ္သင့္ႏိုင္ပါသည္။ ေဆးလိပ္ေငြ့ထဲတြင္ ကင္ဆာျဖစ္ ေစႏိုင္သၫ့္ ဓာတုပစၥည္း ၅၀ ေက်ာ္ ႏွင့္ အျခားဓာတ္ပစၥည္း အမ်ိဳးေပါင္း ၄၀၀၀ ေက်ာ္တို႔ ပါဝင္သည္။ ရံုးခန္း၊ အိမ္ခန္း၊ အိမ္စီးကားမ်ား အတြင္း ေဆးလိပ္ေသာက္ပါက ေဆးလိပ္မႈန္မ်ားသည္ ၾကမ္းျပင္၊ ၾကမ္းခင္း၊ ေကာ္ေဇာ၊ ဆိုဖာဆက္တီ၊ ဗီရို စသည္တို႔အေပၚတြင္ စြဲတင္က်န္ေနၿပီး နီကိုတင္းဓာတ္မွာ ရက္ေပါင္းမ်ားစြာ တည္ရိွေနသည္။ ေလလံုသၫ့္ အခန္းတစ္ခုထဲတြင္ ေဆးလိပ္ေငြ့၏ အႂကြင္း အက်န္မ်ားက ငါးနာရီခန႔္ၾကာသည္အထိ ရိွေနတတ္သည္။ က်န္းမာ ေရးအတြက္ အလြန္အႏၲရာယ္မ်ားၿပီး  ၄င္းျပႆနာကို Third Hand Smoke ဟု ေခၚသည္။


နီကိုတင္းဓာတ္သည္ လူကိုစြဲလမ္းေစတတ္ေသာဂုဏ္သတၲိရိွၿပီး စိတ္ကိုပါေျပာင္းလဲေစတတ္သည္။ နီကိုတင္း စြဲလမ္းမႈ သည္ အရက္စြဲ လမ္းမႈထက္ ၆ ဆ မွ ၈ ဆအထိ ပိုသည္။ ထို႔ေၾကာင့္လည္း နီကိုတင္းကို သံုးစြဲမိသြားသူမ်ားမွာ ၉၅ ရာခိုင္ႏႈန္းမွ ၁၀၀ ရာခိုင္ႏႈန္းအထိ ျဖစ္သြားၾကသည္။ ေဆးလိပ္ထဲတြင္ပါရိွေသာ နီကိုတင္းဓာတ္သည္ ေကာင္းစြာအိပ္စက္မႈကို ေနွာင့္ယွက္ရံု သာမက၊ အဆုတ္ထဲေရာက္ သြားေသာ နီကိုတင္းအဆိပ္ဓာတ္တို႔သည္ အိပ္ေပ်ာ္ေနစဉ္ အသက္ရႈလမ္းေၾကာင္းကိုပါ အဟန႔္ အတား ျဖစ္ေစသည္။ ထိုမ်ွမက ႏွလံုး ေသြးေၾကာက်ဉ္း၊ ေသြးေၾကာပိတ္၊ ေလျဖတ္၊ အဆုတ္ႁပြန္ေရာင္၊ အဆုတ္ပြ၊ ေသြးတိုး၊ ေျခ ပုပ္လက္ပုပ္၊ ပန္းေသပန္းၫွိုး၊ ပါကင္န္ဆဲန္ (ေခၚ) ေျခတံုလက္တံုေရာဂါ၊ အယ္လ္ဇိုင္းမား (ေခၚ) ဦးေနွာက္ဇရာႀကိဳေရာဂါ၊ အူေရာင္ေရာဂါ၊ သတိေမ့ေလ်ာ့သြားျခင္း၊ စိတ္က်ေရာဂါ၊ အ၀လြန္ျခင္း၊ အဆစ္အျမစ္ေရာင္နာေရာဂါ စသၫ့္ေရာဂါမ်ားစြာကို ခံစားရရိွႏိုင္သည္။ ကိုယ္ဝန္ေဆာင္ မိခင္မ်ားကိုယ္တိုင္ ေဆးလိပ္ ေသာက္၍ျဖစ္ေစ၊ ကိုယ္ဝန္ေဆာင္စဉ္ second smoker အျဖစ္ နီကိုတင္းဓာတ္ကို မၾကာခဏ ရႈရိႈက္မိ၍ျဖစ္ေစ မိခင္ေရာသႏၶေသားပါ ဆိုးက်ိဳးမ်ားစြာကိုခံစားရႏိုင္သည္။ နီကိုတင္းဓာတ္ေၾကာင့္ ခံတြင္း၊ ဆီး၊ ေခြၽးရနံ႔ဆိုးေတြပါ ထြက္ေစသည္။


အီးစီးကရက္ေသာက္ျခင္းက ေဆးလိပ္ လံုးဝ မျပတ္ႏိုင္ပါ။ နီကိုတင္းကို ပံုစံေျပာင္းၿပီး ေရေျပာင္းပံုစံ ျပဳလုပ္ထားျခင္း မ်ွသာျဖစ္သည္။ အီးစီးကရက္ေသာက္သံုးျခင္းက ေပါက္ကြဲတတ္၍ လူကို အႏၲရာယ္ျဖစ္ေစႏိုင္သည္။ ယခုအခါ အီးစီးကရက္ ထုတ္လုပ္ခဲ့ေသာ အေနာက္ႏိုင္ငံမ်ားပင္ သံုးစြဲမႈကို တရားဝင္ တားျမစ္ထားသည္။


ေအာက္ပါအစားအစာမ်ားက နီကိုတင္း အဆိပ္ေျပေပ်ာက္ေစရန္ အထိုက္အေလ်ာက္ ေကာင္းက်ိဳးျပဳသည္။

·         လက္ဖက္ေျခာက္ခပ္ထားေသာ ေရႏြေးပူပူေသာက္ပါ။

·         ပူရိွန္းဓာတ္ပါေသာ ပီေက (သို႔မဟုတ္) အခ်ိဳဓာတ္ေလ်ာ့ေသာ ပူရိွန္းသၾကားလံုးမ်ား၊  ပူရိွန္းငံုေဆးျပားမ်ား က ေဆးလိပ္ေသာက္ခ်င္စိတ္ကို ခ်ိဳးႏိွမ္ကာ ခံတြင္းခ်ဉ္ျခင္းမွလည္း သက္သာေစသည္။

·         ေရမ်ားမ်ားေသာက္ပါ။

·         မုန္လာဥနီက ေဆးလိပ္ေသာက္သံုးသူမ်ား ႏွင့္ စီးကရက္မီးခိုးေငြ့ရႈရိႈက္မိသူမ်ားအတြက္ နီကိုတင္းအဆိပ္ ေငြ့ ေျဖေပးႏိုင္ပါသည္။

·         ဘရိုကိုလီ (ေခၚ) ပန္းေဂၚဖီစိမ္း၊ ပန္းေဂၚဖီျဖဴ၊ ေဂၚဖီထုပ္၊ မခ်ိဳေသာ လိမၼော္သီး၊ ကီဝီသီး၊ ပန္းသီး၊ တ လည္းသီး၊ သံပုရာသီး၊ ဘယ္ရီသီးအမ်ိဳးမ်ိဳး၊ ပူစီနံရြက္၊ ကိုက္လံ၊ ဂ်င္း၊ နႏြင္း၊ ၾကက္သြန္ျဖဴ၊ လက္ဖက္၊ ႏွင့္ ဟင္းႏုနယ္ရြက္ တို႔ကလည္း ခႏၶာကိုယ္တြင္းရိွ နီကိုတင္းအဆိပ္အေတာက္မ်ားကို ဖယ္ရွားသုတ္သင္ ေပး ႏိုင္သည္။ 


#ေသရည္အရက္။


အရက္ဆိုသည္မွာ ေပါင္းခံခ်က္လုပ္ရေသာ Ethyl Alcohol ဓာတုအရည္တစ္မ်ိဳးျဖစ္၍၊ အရက္ေသာက္သံုး သူမ်ားသည္ ဓာတုအရည္ မ်ားကို မ်ိဳခ်ိဳေနၾကျခင္းျဖစ္သည္။ Ethyl Alcohol ဟာ ဓာတုပစၥည္းတစ္မ်ိဳး ျဖစ္တာေၾကာင့္လည္း ေရေမႊး၊ ေပါင္ဒါ မႈန႔္၊ မိတ္ကပ္ စသၫ့္ အလွကုန္ပစၥည္းမ်ား အတြက္သာမက ေဆးဝါး၊ ဆပ္ျပာ၊ ဆပ္ျပာမႈန႔္ စသျဖင့္ လူသံုးကုန္ ပစၥည္းေတြမွာပါ ထၫ့္သြင္းေဖာ္စပ္ေလ့ရိွသည္။ အရက္ေသာက္ျခင္းက DNA ၏ ပင္မဆဲလ္မ်ား ပ်က္စီးသြားျခင္းေၾကာင့္ အသည္း၊ ရင္သား၊ အူသိမ္ အူမ၊ လည္ေခ်ာင္း၊ ခံတြင္း၊ အစာႁပြန္ ႏွင့္ အသံအိုးဆိုင္ရာ ကင္ဆာေရာဂါ  ခုႏွစ္မ်ိဳးကို ျဖစ္ပြားေစႏိုင္သည္။ ရံဖန္ရံခါမွ အရက္အလြန္အကြၽံ ေသာက္မိျခင္းထက္ ပမာဏ အနည္းငယ္စီ မၾကာခဏေသာက္ျခင္းက ႏွလံုးခုန္ႏႈန္း မူမမွန္ျဖစ္လာႏိုင္သၫ့္ အႏၲရာယ္ျမင့္တက္ေစႏိုင္သည္။


“ဓားကိုဖ်က္ ဝါးျမက္၊ လူကိုဖ်က္ အရက္”  ျဖစ္သည္။ အရက္ေသာက္နည္း သံုးမ်ိဳးရိွရာ (၁) ရံဖန္ရံခါမွ  ေပါင္းသင္း ဆက္ဆံေရးအတြက္ မလႊဲမေရွာင္သာ၍ ေသာက္ျခင္းကို “လူက အရက္ကိုေသာက္တယ္” ဟုေခၚသည္။  (၂) ညေနေစာင္းခ်ိန္ ေရာက္တိုင္း ေလခ်ဉ္တက္ကာ ေတာင္းတေနျခင္းမ်ိဳးကို “ အရက္က လူကိုေသာက္တယ္” ဟုေခၚသည္။  (၃) မိုးလင္းကတည္း က အရက္ႏွင့္မ်က္ႏွာသစ္ကာ တစ္ေနကုန္ အခ်ိန္ရိွသေရြ့ေသာက္ျခင္းကို “ အရက္က အရက္ကိုေသာက္တယ္ ” ဟု ေခၚသည္။


အရက္နာက် ေဝဒနာမျဖစ္ေစရန္အတြက္ -

·         အရက္ေသာက္ၿပီးေနာက္ အိပ္ခါနီး ေသာက္ေရ ၂ ခြက္ဆင့္ေသာက္ပါ။ (သို႔မဟုတ္) အိပ္ယာမ၀င္ခင္ အက္စ္ပရင္ေဆးျပား ႏွစ္ျပားကို ေသာက္ေရ တစ္ဖန္ခြက္ျဖင့္ ေသာက္ပါ။

·         အရက္နာက်ေဝဒနာ သက္သာေစရန္ သခြားသီး ဆားရည္စိမ္ စားပါ။

·         မနက္အိပ္ယာထ  ၿဖီးၾကမ္းငွက္ေပ်ာစားပါ (သို႔မဟုတ္) ပ်ားရည္ ႏွင့္ ေရႏြေးပူေသာက္ပါ။ (သို႔မဟုတ္) ၾကက္ဥစိမ္း ေသာက္ပါ။


အရက္ျဖတ္ရန္ ႀကိဳးစားရာတြင္ ေဇာေခြၽးျပန္ျခင္း၊ မူးေမာ္ျခင္း၊ ေအာ့အန္ျခင္း၊ တုန္တုန္ယင္ယင္ျဖစ္ျခင္း၊ စိုး ရိမ္စိတ္ႀကီး ျခင္း၊ စိတ္တို တတ္ျခင္း၊ သူတပါးအေပၚ သံသယစိတ္ႀကီးျခင္း၊ စိတ္ ကေယာင္ေခ်ာက္ခ်ားျဖစ္ျခင္း၊ တက္ျခင္း စသည္ ျဖင့္  အသက္အႏၲရာယ္ ကိုျဖစ္ေစႏိုင္၍ အရက္စြဲသူမ်ားအေနျဖင့္ အရက္ျဖတ္သၫ့္အခါမွာလည္း အိမ္မွာ မိမိဖာသာ အရက္ျဖတ္ ျခင္းထက္၊ ေဆးရံုတက္၍ အရက္ျဖတ္သင့္ပါသည္။ ေဆးရံုတြင္ လိုအပ္ေသာ ေဆးဝါးမ်ားကို အသံုးျပဳေပးပါလိမ့္မည္။


#မိမိကိုယ္တိုင္ျဖတ္။


စိတ္ႂကြရူးသြပ္ေဆးျပား၊ မူးယစ္ေဆးဝါး ႏွင့္ ေသရည္အရက္ စြဲလမ္းျခင္းကို ကုသရာတြင္ ၄တို႔ကို တျဖည္းျဖည္း ေလ်ာ့သံုးေစသၫ့္ နည္း (သို႔မဟုတ္) လံုးဝ ျဖတ္ေစသၫ့္နည္း ျဖစ္သည္။ ၄တို႔သံုးစြဲမႈကို လံုးဝ ျပတ္သြားသည္ႏွင့္ ေနာက္ထပ္ တစ္ႀကိမ္ အနည္းငယ္ မ်ွေလာက္ပင္ လံုးဝ ျပန္မသံုးရန္ လိုအပ္သည္။ ၄တို႔ကို သံုးစြဲေသာက္စားေနသူမ်ား၊ ေရာင္းဝယ္သူမ်ား ႏွင့္ လံုးဝ အဆက္အသြယ္ ျဖတ္ရန္ လိုအပ္သည္။ အေကာင္းဆံုး ေရွာင္ရွားရမၫ့္နည္းမွာ ၄တို႔ကို လံုးဝ စတင္ အသံုးမျပဳရန္ ျဖစ္သည္။ မည္သူ တစ္ဦးတစ္ ေယာက္မ်ွ ေမြးကတည္း မူးယစ္၊ ေဆးလိပ္၊ အရက္ ဖက္လာခဲ့ၾကသည္မဟုတ္ေပ။ ၄တို႔သည္ သူရာေမရယကံ ေျမာက္သျဖင့္ (၅) ပါးသီလ မလံု၍ နိဗၺာန္ခ်မ္းသာႏွင့္ ေဝးႏိုင္သည္။


အလြန္အကြၽံသံုးစြဲ ေသာက္သံုးမိ၍ ေဆးစြဲျခင္း၊ အရက္နာက်ျခင္း ျဖစ္လာရသည္။ ထိုအခါ သတိသံေဝဂရ၍ ေဆးျဖတ္၊ အရက္ျဖတ္ ျခင္းကို ခံယူၾကရာ၌ မိသားစု၊ ေဆြမ်ိဳး၊ ပတ္ဝန္းက်င္ႏွင့္ သဟဇာတျဖစ္ေအာင္ အားထုတ္ၾကရေသာအခါ အခက္ အခဲေလးေတြ ရိွေကာင္းရိွလာႏိုင္သည္။ မည္ကဲ့သို႔ေသာ အေျခအေနမ်ိဳးတြင္ျဖစ္ေစ အမ်ားသေဘာထားေတြကို မိမိစိတ္ျဖင့္ အဆင္ေျပေအာင္ ႀကိဳးစား ေနထိုင္သြားမည္ဟု စိတ္ကိုျပင္ဆင္ထားဖို႔လိုပါသည္။ ပတ္ဝန္းက်င္က ယံုၾကည္လာေအာင္ ေနထိုင္ ျပရပါမည္။ အိမ္ေထာင္သည္ျဖစ္ေစ၊ အိမ္ေထာင္မရိွသည္ျဖစ္ေစ ေယာက်ာ္းတို႔မည္သည္ အိမ္ေထာင္ဦးစီးျဖစ္သၫ့္အတြက္ ဦးစြာပထမ မိမိစိတ္ကို မိမိကိုယ္တိုင္ ထိန္းမတ္ႏိုင္မွသာလ်ွင္ မိသားစုကိုလည္း ဦးေဆာင္ႏိုင္မွာျဖစ္သည္။


စာေရးသူက ေအာက္ပါ စကား (၃)ခြန္းျဖင့္ စကားလက္ေဆာင္ပါးရင္း ဤေဆာင္းပါးကို နိဂံုးခ်ဳပ္လိုက္ပါသည္။

·         ပ်င္း ပ်င္းမွန္းသိ လူေတာ္ျဖစ္၏ ၊ ပ်င္းလ်က္ပင္ လူေတာ္ထင္ ပ်င္းၿမဲ ပ်င္းမည္ပင္။

·         ဖ်င္း ဖ်င္းမွန္းသိ လူေတာ္ျဖစ္၏ ၊ ဖ်င္းလ်က္ပင္ လူေတာ္ထင္ ဖ်င္းၿမဲ ဖ်င္းမည္ပင္။

·         မေကာင္း မေကာင္းမွန္းသိ လူေတာ္ျဖစ္၏၊ မေကာင္းလ်က္ပင္ ေကာင္းသည္ထင္ မေကာင္းၿမဲမေကာင္းမည္ပင္။


ေစတနာမ်ားစြာျဖင့္

ေဆာင္းပါးရွင္... တင္ထက္ထက္ေဇာ္ (ခ) ေပါက္ေပါက္ ေရးသားမ်ွေဝသည္။

No comments: