Friday, May 21, 2021

ကြက်သားရွှေဖရုံသီးချက် - ပုစွန်မီးဖုတ်သုပ် - ချဉ်ပေါက်ရွက်ဟင်း

 [Unicode]ကြက်သားရွှေဖရုံသီးချက် - ပုစွန်မီးဖုတ်သုပ် - ချဉ်ပေါက်ရွက်ဟင်း


ကြက်သားရွှေဖရုံသီးချက်




ပါဝင်ပစ္စည်းများ

ကြက်သား ၃၀ ကျပ်သား၊ ရွှေဖရုံသီး ၁ စိပ်၊ ဆီ ၅ ကျပ်သား၊ ကြက်သွန်နီ လေးဥ၊ ကြက်သွန်ဖြူ သုံးဥ၊ ဆား/ငံပြာရည်/နနွင်း အနည်းငယ်စီ၊ ချင်း တစ်တက်။


ပြင်ဆင်ပုံ

ကြက်သားကို ရေဆေး၍ အလယ်အလတ်အရွယ်အစားအတုံးများတုံးပါ။ ဆား၊ နနွင်းနယ်ထားပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကိုရော၍ ထောင်းထားပါ။

ရွှေဖရုံသီးကိုရေဆေး၍ သင့်တင့်သောအရွယ်အစားတုံးထားပါ။


ပြုလုပ်နည်းအဆင့်ဆင့်

ထောင်းပြီးသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို အိုးထဲထည့်၍ ဆီသတ်ပါ။

ကြက်သားများထည့်၍လုံးကာ ရေအနည်းငယ်ထည့်ပြီး တည်ထားပါ။

ကြက်သားအနည်းငယ်နူးချိန် ရွှေဖရုံသီးများထည့်ပါ။ ရေအနည်းငယ်ထည့်၍ ရွှေဖရုံသီးနူးအောင်တည်ပြီး ဆီပြန်လျှင် ချ၍စားသုံးနိုင် ပါသည်။


ပုစွန်မီးဖုတ်သုပ်




ပါဝင်ပစ္စည်းများ

ပုစွန်ထုပ် ၁၀ ကောင်၊ ကြက်သွန်နီ ၅လုံး၊ သံပရာသီး တစ်လုံး၊ ငရုတ်သီးစိမ်း/ဆား အနည်းငယ်စီ၊ ဟင်းခတ်မှုန့်/နံနံပင် အနည်းငယ်။


ပြင်ဆင်ပုံ

ပုစွန်များကို ရေဆေးသန့်စင်ပေးပါ။ အခွံများ မခွာပစ်ရပါ။

ပြီးလျှင် အကောင်လိုက် သံဇကာဖြင့် မီးဖိုပေါ် တင်ဖုတ်ပါ။

ဖုတ်ပြီး ပုစွန်များကို အခွံသင် အရွယ်တော်လှီးထားပါ။

ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။


ပြုလုပ်နည်းအဆင့်ဆင့်

ပန်းကန်ပြားထဲသို့ အရွယ်တော်လှီးထားသော ပုစွန်များထည့်ပါ။ လှီးထားသော ကြက်သွန်နီ၊ နံနံပင်၊ သံပရာသီးညှစ်ထည့်၊ ဆား၊ ဟင်းခတ်မှုန့်တို့ဖြင့် ထည့်၍သုပ်ပါ။

ငရုတ်သီးစိမ်းအနည်းငယ်ထည့်ပါ။

အပေါ့အငန်မြည်း၍ စားနိုင်ပါပြီ။


ချဉ်ပေါင်ရွက်ဟင်း




ပါဝင်ပစ္စည်းများ

ချဉ်ပေါင်ရွက် ၃စည်း၊ ခရမ်းချဉ်သီး ၃လုံး၊ ကြက်သွန်နီ ၂လုံး၊ ခရမ်းသီး ၁လုံး၊ မဆလာ အထုပ်သေး ၁ ထုပ်၊ စမြိတ်ရွက်/နံနံပင် အနည်းငယ်စီ၊ ဆီ/ဆား/နနွင်း/ဟင်းခတ်မှုန့် သင့်တင့်ရုံ။


ပြင်ဆင်ပုံ

ချဉ်ပေါင်ရွက်ကို ဓားနှင့်လှီးပြီး ရေနှင့်နာနာနယ်ပါ။ အဖတ်ကိုညှစ်ယူထားပါ။

ခရမ်းချဉ်သီး အစေ့ထုတ်ထားပါ။ ကြက်သွန်နီ ပါးပါးလှီးထားပါ။ ခရမ်းသီးကို လှီးထားပါ။


ပြုလုပ်နည်းအဆင့်ဆင့်

ချဉ်ပေါင်ရွက်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ကြက်သွန်နီ၊ နနွင်း၊ ဆီ၊ဆား၊ဟင်းခတ်မှုန့်တို့ကို စုပေါင်း၍ လုံးပါ။

ခမ်းလျှင် ရေကို ဟင်းနှင့် အညီအမျှထည့်၍ သုံးပုံ နှစ်ပုံကျန်အောင်ချက်ပါ။

မဆလာကို ခတ်ပြီး၊ စမြိတ်ရွက်၊ နံနံပင်တို့ကိုထည့်ပြီး သုံးဆောင်နိုင်ပါသည်။


[Zawgyi]ၾကက္သားေရႊဖရံုသီးခ်က္ - ပုစြန္မီးဖုတ္သုပ္ - ခ်ဉ္ေပါက္ရြက္ဟင္း


ၾကက္သားေရႊဖရံုသီးခ်က္




ပါဝင္ပစၥည္းမ်ား

ၾကက္သား ၃၀ က်ပ္သား၊ ေရႊဖရံုသီး ၁ စိပ္၊ ဆီ ၅ က်ပ္သား၊ ၾကက္သြန္နီ ေလးဥ၊ ၾကက္သြန္ျဖဴ သံုးဥ၊ ဆား/ငံျပာရည္/နႏြင္း အနည္းငယ္စီ၊ ခ်င္း တစ္တက္။


ျပင္ဆင္ပံု

ၾကက္သားကို ေရေဆး၍ အလယ္အလတ္အရြယ္အစားအတံုးမ်ားတံုးပါ။ ဆား၊ နႏြင္းနယ္ထားပါ။

ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ခ်င္းတို႔ကိုေရာ၍ ေထာင္းထားပါ။

ေရႊဖရံုသီးကိုေရေဆး၍ သင့္တင့္ေသာအရြယ္အစားတံုးထားပါ။


ျပဳလုပ္နည္းအဆင့္ဆင့္

ေထာင္းၿပီးေသာ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ခ်င္းတို႔ကို အိုးထဲထၫ့္၍ ဆီသတ္ပါ။

ၾကက္သားမ်ားထၫ့္၍လံုးကာ ေရအနည္းငယ္ထၫ့္ၿပီး တည္ထားပါ။

ၾကက္သားအနည္းငယ္ႏူးခ်ိန္ ေရႊဖရံုသီးမ်ားထၫ့္ပါ။ ေရအနည္းငယ္ထၫ့္၍ ေရႊဖရံုသီးႏူးေအာင္တည္ၿပီး ဆီျပန္လ်ွင္ ခ်၍စားသံုးႏိုင္ ပါသည္။


ပုစြန္မီးဖုတ္သုပ္




ပါဝင္ပစၥည္းမ်ား

ပုစြန္ထုပ္ ၁၀ ေကာင္၊ ၾကက္သြန္နီ ၅လံုး၊ သံပရာသီး တစ္လံုး၊ ငရုတ္သီးစိမ္း/ဆား အနည္းငယ္စီ၊ ဟင္းခတ္မႈန႔္/နံနံပင္ အနည္းငယ္။


ျပင္ဆင္ပံု

ပုစြန္မ်ားကို ေရေဆးသန႔္စင္ေပးပါ။ အခြံမ်ား မခြာပစ္ရပါ။

ၿပီးလ်ွင္ အေကာင္လိုက္ သံဇကာျဖင့္ မီးဖိုေပၚ တင္ဖုတ္ပါ။

ဖုတ္ၿပီး ပုစြန္မ်ားကို အခြံသင္ အရြယ္ေတာ္လွီးထားပါ။

ၾကက္သြန္နီ၊ နံနံပင္၊ ငရုတ္သီးစိမ္းတို႔ကို ပါးပါးလွီးထားပါ။


ျပဳလုပ္နည္းအဆင့္ဆင့္

ပန္းကန္ျပားထဲသို႔ အရြယ္ေတာ္လွီးထားေသာ ပုစြန္မ်ားထၫ့္ပါ။ လွီးထားေသာ ၾကက္သြန္နီ၊ နံနံပင္၊ သံပရာသီးၫွစ္ထၫ့္၊ ဆား၊ ဟင္းခတ္မႈန႔္တို႔ျဖင့္ ထၫ့္၍သုပ္ပါ။

ငရုတ္သီးစိမ္းအနည္းငယ္ထၫ့္ပါ။

အေပါ့အငန္ျမည္း၍ စားႏိုင္ပါၿပီ။


ခ်ဉ္ေပါင္ရြက္ဟင္း




ပါဝင္ပစၥည္းမ်ား

ခ်ဉ္ေပါင္ရြက္ ၃စည္း၊ ခရမ္းခ်ဉ္သီး ၃လံုး၊ ၾကက္သြန္နီ ၂လံုး၊ ခရမ္းသီး ၁လံုး၊ မဆလာ အထုပ္ေသး ၁ ထုပ္၊ စၿမိတ္ရြက္/နံနံပင္ အနည္းငယ္စီ၊ ဆီ/ဆား/နႏြင္း/ဟင္းခတ္မႈန႔္ သင့္တင့္ရံု။


ျပင္ဆင္ပံု

ခ်ဉ္ေပါင္ရြက္ကို ဓားႏွင့္လွီးၿပီး ေရႏွင့္နာနာနယ္ပါ။ အဖတ္ကိုၫွစ္ယူထားပါ။

ခရမ္းခ်ဉ္သီး အေစ့ထုတ္ထားပါ။ ၾကက္သြန္နီ ပါးပါးလွီးထားပါ။ ခရမ္းသီးကို လွီးထားပါ။


ျပဳလုပ္နည္းအဆင့္ဆင့္

ခ်ဉ္ေပါင္ရြက္၊ ခရမ္းခ်ဉ္သီး၊ ခရမ္းသီး၊ ၾကက္သြန္နီ၊ နႏြင္း၊ ဆီ၊ဆား၊ဟင္းခတ္မႈန႔္တို႔ကို စုေပါင္း၍ လံုးပါ။

ခမ္းလ်ွင္ ေရကို ဟင္းႏွင့္ အညီအမ်ွထၫ့္၍ သံုးပံု ႏွစ္ပံုက်န္ေအာင္ခ်က္ပါ။

မဆလာကို ခတ္ၿပီး၊ စၿမိတ္ရြက္၊ နံနံပင္တို႔ကိုထၫ့္ၿပီး သံုးေဆာင္ႏိုင္ပါသည္။

No comments: