Monday, May 24, 2021

ၿမိဳ႕မၿငိမ္း

 [Unicode]မြို့မငြိမ်း




#biography

#Sketch_of_Myoma_Nyein

#တေးပြုစာဆို

#အတ္ထုပတ္တိ


(ကျွန်တေ်ာကတော့ ဆရာကြီးမြို့မငြိမ်းကို သင်္ကြန်မိုးရုပ်ရှင်ဇာတ်ဝင်တေးများနဲ့အတူစတင်ရင်းနီးတယ်လို့ဝန်ခံပါမယ်။ နောက်ပိုင်းကျမှ အခြားသော သီချင်းများကို သတိပြုရှာဖွေနားဆင်မိတာပါ။ ဆရာကြီးမြို့မငြိမ်းရဲ့ အရည်အချင်းဂုဏ်ဒြပ်ကို မမှီသော်ငြား ဖတ်မိတဲ့စာထဲက အတ္ထုပတ္တိလေးကို ကျွန်တော်က ဂုဏ်ယူစွာပြန်လည်ဝေငှပါရစေ။ အမှားအယွင်းရှိတယ်ဆိုရင်လည်း ကူးယူဖော်ပြသူ ကျွန်တော့်အမှား ဖြစ်ပါတယ်။)


အမည်ရင်းမှာ ဦးကျော်ငြိမ်းဖြစ်သည်။ 


မန္တလေးမြို့ ပန်းယွန်းကုန်သည် ဦးညီ၊ ဒေါ်ချင်ဦးတို့၏ သားနှစ်ယောက်အနက် သားကြီးဖြစ်သည်။ ခရစ်နှစ် ၁၉၀၉ခု၊ မြန်မာနှစ် ၁၂၇၁ခုနှစ်၊ တပေါင်းလဆန်း(၅)ရက်၊ တနင်္လာနေ့တွင် မန္တလေးရွှေမြို့တွင် မွေးဖွားသည်။ ငယ်စဉ်ကပင် ပန်းချီနှင့် ဂီတကို ၀ါသနာပါခဲ့သည်။ စောင်းပညာကို ရွာစားကြီးစိန်ဗေဒါနှင့် စောင်းဦးမောင်မောင်ကြီးတို့ထံမှ ဆည်းပူးခဲ့လေသည်။ ၁၉၂၈ခုနှစ်တွင် မြို့မတူရိယာအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့ရာ ဦးဆောင်ဖွဲ့စည်းသူအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ထိုအဖွဲ့သားအဖြစ်ဖြင့် အနောက်နိုင်ငံတူရိယာတီးနည်းနှင့် တူရိယာသင်္ကေတပညာကို သင်ယူခဲ့သည်။


၁၉၃၁ခုနှစ်မှစ၍ သီချင်းများကိုရေးစပ်ရာ မြို့မငြိမ်းဆိုသော ဂီတစာဆိုအမည်ကို ခံယူခဲ့လေသည်။ ထင်ရှားသော တေးသီချင်းများဖြစ်သည့် ချစ်တာပဓာန၊ နှစ်ယောက်တည်းနေချင်တယ်၊ နတ်ရှင်နောင်၊ ပျို့မှာတမ်း၊ သက်ဝေ၊ စစ်ကိုင်းတောင်၊ မဲဇာရွှေလီ၊ ပါရမီတော် အပါအ၀င် မြို့မငြိမ်းရေးခဲ့သော သီချင်းပေါင်း(၂၀၀)ခန့်ရှိသည်။ 


သီချင်းရေးအတတ်ပညာတွင်သာမဟုတ် ပန်းချီ၊ ပန်းပု ပညာရပ်တွင်လည်း ၀ါသနာထုံ လှသဖြင့် အလွန်ပင်လက်ရာမြောက်ခဲ့လေသည်။


အသက် (၂၂)နှစ်တွင် မသန်းမေနှင့် အိမ်ထောင်ကျသည်။ သားသမီး(၁၃)ယောက်ထွန်းကားခဲ့သည်။


ဆရာမြို့မငြိမ်းသည် ရှေးသီချင်းများကို မူမှန်သတ်မှတ်ရေး အထက်မြန်မာပြည် ကော်မတီအဖွဲ့ဝင်တစ်ဦးဖြင့် လည်းကောင်း၊ မန္တလေးရုပ်ရှင်ကုမ္ပဏီတွင် ဂီတဘက်ဆိုင်ရာ ဒါရိုက်တာအဖြစ်လည်းကောင်း ဆောင်ရွက်နေစဉ် ၁၉၅၅ခုနှစ် စက်တင်ဘာ (၁၅)ရက်နေ့တွင် ကွယ်လွန်သည်။


ရည်ညွှန်းချက်

မြန်မာ့စွယ်စုံကျမ်း ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်


[Zawgyi]ၿမိဳ႔မၿငိမ္း




#biography

#Sketch_of_Myoma_Nyein

#ေတးျပဳစာဆို

#အတၴုပတၲိ


(ကြၽန္ေတ္ာကေတာ့ ဆရာႀကီးၿမိဳ႔မၿငိမ္းကို သႂကၤန္မိုးရုပ္ရွင္ဇာတ္ဝင္ေတးမ်ားနဲ႔အတူစတင္ရင္းနီးတယ္လို႔ဝန္ခံပါမယ္။ ေနာက္ပိုင္းက်မွ အျခားေသာ သီခ်င္းမ်ားကို သတိျပဳရွာေဖြနားဆင္မိတာပါ။ ဆရာႀကီးၿမိဳ႔မၿငိမ္းရဲ့ အရည္အခ်င္းဂုဏ္ျဒပ္ကို မမွီေသာ္ျငား ဖတ္မိတဲ့စာထဲက အတၴုပတၲိေလးကို ကြၽန္ေတာ္က ဂုဏ္ယူစြာျပန္လည္ေဝငွပါရေစ။ အမွားအယြင္းရိွတယ္ဆိုရင္လည္း ကူးယူေဖာ္ျပသူ ကြၽန္ေတာ့္အမွား ျဖစ္ပါတယ္။)


အမည္ရင္းမွာ ဦးေက်ာ္ၿငိမ္းျဖစ္သည္။ 


မႏၲေလးၿမိဳ႔ ပန္းယြန္းကုန္သည္ ဦးညီ၊ ေဒၚခ်င္ဦးတို႔၏ သားႏွစ္ေယာက္အနက္ သားႀကီးျဖစ္သည္။ ခရစ္ႏွစ္ ၁၉၀၉ခု၊ ျမန္မာႏွစ္ ၁၂၇၁ခုႏွစ္၊ တေပါင္းလဆန္း(၅)ရက္၊ တနလၤာေန့တြင္ မႏၲေလးေရႊၿမိဳ႔တြင္ ေမြးဖြားသည္။ ငယ္စဉ္ကပင္ ပန္းခ်ီႏွင့္ ဂီတကို ဝါသနာပါခဲ့သည္။ ေစာင္းပညာကို ရြာစားႀကီးစိန္ေဗဒါႏွင့္ ေစာင္းဦးေမာင္ေမာင္ႀကီးတို႔ထံမွ ဆည္းပူးခဲ့ေလသည္။ ၁၉၂၈ခုႏွစ္တြင္ ၿမိဳ႔မတူရိယာအဖြဲ႔ကို ဖြဲ႔စည္းတည္ေထာင္ခဲ့ရာ ဦးေဆာင္ဖြဲ႔စည္းသူအဖြဲ႔ဝင္အျဖစ္ ပါဝင္ခဲ့သည္။ ထိုအဖြဲ႔သားအျဖစ္ျဖင့္ အေနာက္ႏိုင္ငံတူရိယာတီးနည္းႏွင့္ တူရိယာသေကၤတပညာကို သင္ယူခဲ့သည္။


၁၉၃၁ခုႏွစ္မွစ၍ သီခ်င္းမ်ားကိုေရးစပ္ရာ ၿမိဳ႔မၿငိမ္းဆိုေသာ ဂီတစာဆိုအမည္ကို ခံယူခဲ့ေလသည္။ ထင္ရွားေသာ ေတးသီခ်င္းမ်ားျဖစ္သၫ့္ ခ်စ္တာပဓာန၊ ႏွစ္ေယာက္တည္းေနခ်င္တယ္၊ နတ္ရွင္ေနာင္၊ ပ်ိဳ႕မွာတမ္း၊ သက္ေဝ၊ စစ္ကိုင္းေတာင္၊ မဲဇာေရႊလီ၊ ပါရမီေတာ္ အပါအ၀င္ ၿမိဳ႔မၿငိမ္းေရးခဲ့ေသာ သီခ်င္းေပါင္း(၂၀၀)ခန႔္ရိွသည္။ 


သီခ်င္းေရးအတတ္ပညာတြင္သာမဟုတ္ ပန္းခ်ီ၊ ပန္းပု ပညာရပ္တြင္လည္း ဝါသနာထံု လွသျဖင့္ အလြန္ပင္လက္ရာေျမာက္ခဲ့ေလသည္။


အသက္ (၂၂)ႏွစ္တြင္ မသန္းေမႏွင့္ အိမ္ေထာင္က်သည္။ သားသမီး(၁၃)ေယာက္ထြန္းကားခဲ့သည္။


ဆရာၿမိဳ႔မၿငိမ္းသည္ ေရွးသီခ်င္းမ်ားကို မူမွန္သတ္မွတ္ေရး အထက္ျမန္မာျပည္ ေကာ္မတီအဖြဲ႔ဝင္တစ္ဦးျဖင့္ လည္းေကာင္း၊ မႏၲေလးရုပ္ရွင္ကုမၸဏီတြင္ ဂီတဘက္ဆိုင္ရာ ဒါရိုက္တာအျဖစ္လည္းေကာင္း ေဆာင္ရြက္ေနစဉ္ ၁၉၅၅ခုႏွစ္ စက္တင္ဘာ (၁၅)ရက္ေန့တြင္ ကြယ္လြန္သည္။


ရည္ၫႊန္းခ်က္

ျမန္မာ့စြယ္စံုက်မ္း ရန္ကုန္တကၠသိုလ္စာၾကၫ့္တိုက္

No comments: