Thursday, May 27, 2021

ငွေ ဖြစ်လွယ်စွမ်း သို့မဟုတ် Liquidity ဆိုသည်မှာ…

 [Unicode]ငွေကြေးနှင့် Liquidity အကြောင်း ပြန်လည်စုစည်းမှု




ငွေ ဖြစ်လွယ်စွမ်း သို့မဟုတ် Liquidity ဆိုသည်မှာ…....…

အပိုင်း (၁)(၂)

ငွေကြေးဆိုင်ရာ အသိပညာ

.

ကဲဗျာ..မိတ်ဆွေ မှာ ရင်းနှီးစုဆောင်းငွေ သိန်းတစ်ထောင်လောက်ရှိ နေပြီး တော့ မိတ်ဆွေ ကိုယ်တိုင်က လဲ စီးပွား ရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ဆောင်ဖို့စိတ်အားထက်သန်နေကာ စတင်အကောင်အထည် ဖော် ပြီ ဆိုကြပါတော့။ ဒါဆို ရင် လက်ထဲရှိတဲ့ သိန်းတစ်ထောင်လုံးကို စီးပွားရေးထဲ ပစ်ထည့်ပြီး အလုပ်လုပ်မယ် လို့ တွေး ပါမလား။ ဒါပေါ့ဗျာ…ဘယ်တွေး ပါမလဲ။ စီးပွားရေးထဲကို အချို့တစ်ဝက်ကိုထည့် ပြီး ပမာဏ တစ်ခု ကိုတော့ လက်ထဲမှာ အစောင့်အနေ အဖြစ် ချန်ထားရဦးမှာပါ။ ဒါမှ လဲ စီးပွားရေး ဟာ ထင်သလိုမမြတ် သေး ပဲ နောက်ထပ်ငွေကြေးကျားကန်ဖို့လိုအပ်လာရင် အဆင့်သင့်ဖြစ်နေမှာ ဖြစ်သလို ထင်သလောက်ပေါက် ပြီး မြတ်လာရင် လဲ လုပ်ငန်းတိုးချဲ့ဖို့ ငွေ ကြေးက လိုလာဦးမှာဖြစ်ပါတယ်။ဒီတော့ ကာ သိန်းတစ်ထောင်မှာ ခုနှစ် ရာ လောက်ကို လုပ်ငန်းလုပ်ပြီး သုံးရာလောက်ကို ချန်ထားမယ်ဆိုပါတော့။ ဒါဆို နောက်ထပ်တွေးရမှာ က အဲဒီ သုံးရာကို လက်ထဲမှာ ပဲထားမလား ဒါမှမဟုတ် ကုတင်အောက် ထဲ ထားပြီး အိပ်မလား ဘဏ်သွားအပ်ထား မလား (ပုံမှန် အချိန် ဆိုပါစို့ဗျာ)…မိတ်ဆွေ ဘာလုပ်မယ်လို့ စဉ်းစားပါသလဲဗျား။

.

နောက်ထပ်တစ်ခုကတော့ မိတ်ဆွေ က စီးပွားရေးလုပ်ငန်းမလုပ်ပဲ ရုံးဝန်ထမ်းတစ်ဦး ဆိုကြပါတော့။ ဒီတော့ ရတဲ့ လခ ကို လစဉ်စုဆောင်းလာရင်းနဲ့ ဆယ်သိန်းလောက်ရလာပြီ ဆိုပါတော့ ။ ဒါဆို မေးခွန်းကတော့ အတူတူပါပဲ ဒီဆယ်သိန်းကို လက်ထဲမှာ ထားမလား ကုတင်အောက် ထဲထားအိပ်မလား ဘဏ်သွားအပ်ထားမလား ဆိုတာစဉ်းစားရပါတော့တယ်။

.

ဒီတော့ လက်ထဲ မှာထားလို့ ကတော့ လုံးလုံးအဆင်မပြေတာ သိသာလှပါတယ်။ ဒီငွေ တွေကို သူခိုးပဲ ခိုးမလား မီးပဲလောင်မလား နဲ့ ငွေ ထုပ်ဖင်ခုထိုင်ပြီး အိပ်မပျော်စိတ်မချ ဖြစ်နေရမှာက ပထမဆုံး ပြသနာဖြစ်ပါတယ်။ ဒါပေမယ့် မိတ်ဆွေက သံကွန်ချာ ခုနှစ်ထပ်လောက်ကာရံ ပြီး လုံခြုံရေး အပြည့်ရှိနေတယ် ဆိုရင်ရော ဒိငွေ ကို လက်ထဲ ထားရတာအဆင်မပြေဘူးလားလို့မေးနိုင်ပါတယ်။ အဲ…တစ်ချို့ လဲရှိတာကိုး လက်ထဲရှိတဲ့ ငွေလေးကို တစ်ရက်တစ်ခါ ထုတ်ရေ ပြီး ကျေနပ်ပီတိ ဖြစ်နေတာမျိုး လေ။ ဒီနေရာမှာ သတိမူ ရမှာ က ဘယ်လောက်လုံခြုံရေးရှိနေရှိနေ လက်ထဲမှာ ထားတဲ့ ငွေ ဟာ ကာလ ကြာလာလေလေ တန်ဖိုးလျော့ လေလေ ဖြစ်လာတာပဲဖြစ်ပါတယ်။ မြန်မာကျပ်ငွေဆိုရင် ပိုတောင်ဆိုးပါဦးမယ်။ ဘာကြောင့် တန်ဖိုးလျော့လာရသလဲဆိုရင်တော့ ငွေကြေးဖောင်းပွမှု(inflation) ဆိုတဲ့ လက်မည်းကြီးကြောင့်ပဲ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှု inflation အကြောင်းကို တော့ ကျွန်တော်အပါအဝင် ပညာရှင် အတော်များများ က ရေးသားကြပြီးဖြစ်လို ဒီမျှဝေမှုမှာတော့ အသေးစိတ်ထပ် မပြောတော့ပါဘူး။ 

.

မြန်မာနိုင်ငံ ရဲ့ ငွေကြေးဖောင်းပွမှုနှုန်း ဟာ ၈ရာခိုင်နှုန်း ၉ ရာခိုင်နှုန်း အမျိုးမျိုး ပြောလေ့ ရှိကြပေမယ့် ၁၀ ရာခိုင်နှုန်းလို့ သာ အလွယ်မှတ် လိုက်ကြရအောင်ပါ။ ဆိုလိုတာက လက်ထဲမှာထားတဲ့ ငွေ ဟာ တစ်နှစ်ကို ၁၀ ရာခိုင်နှုန်း တန်ဖိုး လျော့နေပါတယ်။ ဒီနှစ်မှာ သိန်းတစ်ရာနဲ့ ဝယ်လို့ ရတဲ့ ပစ္စည်းဟာ နောက်နှစ်မှာ ၁၀ ရာခိုင်နှုန်း ငွေကြေးဖောင်းပွမှုကြောင့် အဲဒီ ပစ္စည်းကိုပဲ သိန်းတစ်ရာ့တစ်ဆယ် နဲ့ ဝယ်မှ ရပါတော့တယ်။ ထပ်ပြီး ဆိုလိုတာက မိတ်ဆွေ သာ သိန်းတစ်ရာကို ဆယ်နှစ် တိတိ လက်ထဲမှာ သိမ်းထားမယ် ငွေကြေး ဖောင်း ပွ မှုနှုန်းကလဲ တစ်နှစ်ကို ၁၀ ရာခိုင်နှုန်းသာ မှန်မှန် ရှိနေမယ်ဆိုရင် ဆယ်နှစ်အကြာမှာ မိတ်ဆွေ လက်ထဲ က ငွေသိန်းတစ်ရာဟာ ဘာတန်ဖိုး မှ ရှိမှာ မဟုတ်တော့ပါဘူး။ မရှိတော့ဘူးဆိုတာ တန်ဖိုးကို ပြောတာပါ ငွေ စက္ကူ အရွက်လေးတွေကို ရေ ကြည့်ရင်တော့ သိန်းတစ်ရာ ပမာဏ ကရှိနေဦးမှာ ဖြစ်ပါတယ်။ တကယ်လို့ ငွေကြေးဖောင်းပွ တာက ၁၀ ရာခိုင်နှုန်းထက်များ များသွားရင်တော့….ဂျွမ်းတွေ ချည်းပစ်နေ ရမှာ ပါ။

.

ဒါဆိုဘဏ်ထဲထားရင်ရောအဆင်ပြေမလားပေါ့။ ဘဏ်ကတော့ လက်ထဲထားတာထက် အတိုး နှုန်းလဲ ရပါတယ်။ ဒါပေမယ့် ဘဏ်တိုးဆိုတာဟာ ငွေ ကြေးဖောင်းပွမှုနှုန်းရဲ့ အောက် ကို လျော့ ပြီး ပေးလေ့ရှိပါတယ်။ လက်ရှိ တစ်နှစ်ကို ၈ ရာခိုင်နှန်းပေးနေတာဖြစ်တဲ့အတွက် တစ်နှစ်ကို ငွေကြေးဖောင်း ပွမှု ၁၀ ရာခိုင်နှုန်းမှာ ၂ ရာခိုင်နှုန်းတော့ တန်ဖိုးလျော့နေဦးမှာဖြစ်ပါတယ်။

.

Company တွေမှာလည်းဒီလိုပဲဖြစ်ပါတယ်။ လုပ်ငန်းအတွက် အသင့်ရည်ရွယ်ပြီး ငွေ အချို့ ကို ဖယ်ထုတ်ထား ပေမယ့် ဒီငွေကို လက်ထဲထားရင် တန်ဖိုးလျော့မယ် ဘဏ်ထဲထည့်မယ်။ ဘဏ်ထဲထည့်ရင်လည်း တန်ဖိုး နည်းနည်း လျော့ဦးမယ်ဆိုတော့ လုံးလုံး တန်ဖိုး မလျော့ပဲ မြတ်တောင်မြတ်နိုင်တဲ့ နည်းကို ရှာလာကြပါတယ်။ ပိုက်ဆံကို ဘာလို့ ဖယ်ထားရလဲ ဆိုတဲ့ ရည်ရွယ်ချက်က လုပ်ငန်းငွေလိုအပ်ချိန်မှာ ချက်ချင်း ထောက်ခံ မတည် ပေးဖို့ ဖြစ်တဲ့အတွက် တန်ဖိုးလဲ မလျော့ ရဘူး မြတ်လဲမြတ်နိုင်မယ် ငွေလိုချိန်မှာ လဲ ချက်ချင်းငွေအဖြစ် ကို ပြောင်း လဲနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်လာကြပါတော့တယ်။ အဲဒီနည်းလမ်းကတော့ Liquidity မြင့် သော ပိုင်ဆိုင်မှုများကို ဝယ်ယူထားခြင်းပဲဖြစ်ပါတော့တယ်။

.

Liquidity ဆိုတာကို တိုက်ရိုက်ဘာသာပြန်ရရင်တော့ အရည်ဖြစ်လွယ်စွမ်းလို့ ဘာသာပြန်နိုင်ပါတယ်။ ဥပမာ သတ္တု တစ်ခုခုက အခဲ အခြေအနေကနေ အရည်အခြေအနေကို ဘယ် အပူချိန်မှာ ပြောင်းနိုင်သလဲ ဆိုတာ Liquidity ဖြစ်ပါတယ်။ ဥပမာ ရေခဲ က အရည် အဖြစ်ကို 1 ‘C မှာ စပြောင်းပေမယ့် သံ ကတော့ အရည် ဘဝ ကို ၁၀၀၀’C ကျမှပြောင်းပါတယ်။ ဒီတော့ ရေခဲဟာ သံထက် အရည်ဖြစ်နိုင်စွမ်း မြင့်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

.

Finance ပိုင်းမှာတော့ Liquidity ဆိုတာ ပိုင်ဆိုင်မှု Asset တစ်ခုရဲ့  လက်ရှိ ဖြစ်နေတဲ့ ဈေးကွက်ပေါက် ဈေးထက် မလျော့ စေပဲ ငွေ အဖြစ်ကို အမြန်ဆုံး အလွယ်ဆုံး ပြောင်းလဲ နိုင်စွမ်းကို Liquidity လို့ ခေါ်ပါတယ်။ ဒီနေရာမှာ ဈေးကွက်ပေါက်ဈေးဆိုတဲ့ စကားစုလေးက အရေးအပါဆုံးဖြစ်ပါတယ်။ ဥပမာ ကျွန်တော် က ဈေးကွက်ပေါက်ဈေး အရ သိန်းတစ်ထောင်တန် မြေကွက်တစ်ကွက်ကို ဝယ်လိုက်ပြီး ငွေလို တဲ့အတွက် အဲ့ ဒီ မြေကွက်ကို သိန်း လေးရာလျော့ကာ ဗိုက်နာတဲ့ ဈေးနဲ့ သိန်းခြောက်ရာနဲ့ ရောင်းမယ်ဆိုရင် ချက်ချင်းကို ရောင်း ထွက် နိုင်ပါတယ်။ ချက်ချင်းငွေ အဖြစ် ရောင်းထွက်သွားလို့ ဒီမြေကွက်ဟာ Liquidity ကောင်းတယ်လို့ ပြောလို့ မရပါဘူး ဘာကြောင့်လဲဆိုတော့ ဈေးကွက်ပေါက်ဈေး သိန်းတစ်ထောင် မရလို့ ပဲဖြစ်ပါတယ်။

.

Liquidity ဟာ ပစ္စည်း အမျိုး အစားခြင်းတူ နေရင်တောင် အခြားသော အခြေအနေတွေ အပေါ်မူတည်ပြီး ဒီဂရီ ကွဲပြားပါသေးတယ်။ ဥပမာ အထက်က မြေကွက်ပဲဆိုပါတော့ သိန်း တစ်ထောင်တန် မြေကွက်ချင်းအတူတူ ပေမယ့် လမ်းဆုံ မှာ ရှိတဲ့ မြေကွက် နဲ့ ဟိုးရပ်ကွက် အတွင်းပိုင်း က မြေကွက် မှာ ငြွေဖစ်လွယ် စွမ်း Liquidity က မတူတော့ပြန်ပါဘူး။

.

အထက်က company တွေ အကြောင်းကို ပြန်ဆက်ရရင် company တွေ ဟာ လက်ထဲမှာ ရှိတဲ့ ငွေ တွေကို liquidity ကောင်းတဲ့ ပိုင်ဆိုင်မှု ဖြစ်ရမယ့် အပြင် အမြတ် ပါရနိုင်မယ့် ပိုင်ဆိုင်မှု တွေ အဖြစ် ပြောင်းလဲ ထားလိုက် ကြပါတယ်။ ဒါဟာ ငွေတန်ဖိုး လျော့တာကို ကာကွယ်ပြီးသား ဖြစ်သလို company ရဲ့ Financing activity အနေနဲ့ ငွေ အပို ရစေတဲ့ ငွေရလမ်းတစ်ခု အဖြစ် ရယူလိုက်ကြတာဖြစ်ပါတယ်။

.

Company တွေ အနေနဲ့ အများဆုံး ရွေး ချယ်ဝယ်ယူလေ့ရှိကြတဲ့ Liquidity မြင့် ပိုင်ဆိုင်မှုတွေ ကတော့ Share တွေ အထူး သဘောတူညီချက်နဲ့ Bond ငွေ ချေးစာချုပ်တွေ ခိုင်မာ တဲ့ နိုင်ငံခြားငွေ ကြေးတွေ ကို ဝယ်ယူ ထားလေ့ရှိတတ်ပါတယ်။ Share ဆိုတဲ့ နေရာမှာ Listed လုပ်ပြီး stock exchange မှာ တင်ရောင်း နေတဲ့ ရှယ်ယာ များကို ဝယ်ယူ တတ်ကြသလို အခြား company တွေ မှာ လဲ ရှယ်ယာအဖြစ် ထည့်ဝင် ထားတတ် ကြပါတယ်။ stock exchange တင် ရှယ်ယာတွေ ကတော့ အခု ရောင်းချင် အခု ငွေ အဖြစ် ဖန် တီးလို့ ရ သလို နိုင်ငံခြား ငွေ လို ပိုင်ဆိုင်မှုတွေ ကလည်း ဈေးကွက်ပေါက်ဈေးကို မထိ ပဲ ချက်ချင်း ငွေ အဖြစ် ပြောင်းလဲလို့ ရပါတယ်။ ဒါ့အပြင် ရှယ်ယာတွေ နိုင်ငံခြားငွေ တွေက အမြတ် ကိုလဲ မျှော်မှန်းလို့ ရနိုင်ပါသေးတယ်။

.

လွန်ခဲ့တဲ့ ဆယ်နှစ်ကနေ ဒီနေ့ ၂၀၁၉ အထိ လေ့လာကြည့်မယ် ဆိုရင် နိုင်ငံခြားငွေ တွေ ရဲ့ ခိုင်မာမှုကို တွေ့ နိုင်ပါတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် နိုင်ငံခြားငွေ တန် ဖိုးတွေ ကို ကြည့်မယ် ဆိုရင် ယူရို ငွေကြေး ဟာ အမေရိကန် ဒေါ်လာနဲ့ ယှဉ်လိုက်ရင် တန်ဖိုး မလျော့ ရုံ သာမက ပို ပြီးတော့ တောင် မာ လာတာကို တွေ့ ရမှာဖြစ်ပါတယ်။ မြန်မာငွေ ကရော ၂၀၀၉ ခုနှစ်တုန်းက အမေရိကန် ဘယ်နှစ်ဒေါ်လာလောက်နဲ့ ညီပါသလဲ ဆိုတာကို တွေး ကြည့်ရင် ငွေ တန်ဖိုးဘယ်လောက် တောင် လျော့လာတယ်ဆိုတာကို ကြက်သည်းထဖွယ်မြင်တွေ့ ရမှာဖြစ်ပါတယ်။

.

ဒါ့ကြောင့် Company တွေက Liquidity မြင့် ပိုင်ဆိုင်မှုတွေကို ဝယ်လေ့ရှိပါတယ်။ နောက်ထပ်ရည်ရွယ် ချက် တစ်ခု အနေနဲ့ လဲ company တွေက Liquidity မြင့် ပိုင်ဆိုင်မှုတွေကို ဝယ် လေ့ရှိကြပါသေးတယ်။ ဒါကတော့ အကယ် လို့ company အနေနဲ့ financial crises ကြုံလာလို့ ငွေ အရေးပေါ် လိုအပ်လာရင် company ရဲ့ အဲဒီ Liquidity မြင့် ပိုင်ဆိုင်မှု asset တွေဟာ ကယ်ပေါက် တွေ အဖြစ် သုံးရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်လုပ်ငန်း ကြီး တစ်ခုရဲ့ CFO တွေ ဟာ မိမိလုပ်ငန်းရဲ့ Liquidity ratio ငြွေဖစ်လွယ်စွမ်းပိုင်ဆိုင်မှု ပမာဏ တွေကို စံသတ်မှတ် နှုန်း တစ်ခုအတွင်းမှာ တည်ရှိနေအောင် ကြိုး စားထိန်းသိမ်းလေ့ရှိပါတယ်။

.

တစ်ခါတုန်းက သင်္ဘောလောကမှာ သိပ်ကို ကြီးမားတဲ့သင်္ဘောလိုင်းကြီးတစ်ခုရှိပါတယ်။ တန်ချိန် သုံးသောင်း အထက်ပင်လယ်ကူးသင်္ဘောကြီး အစင်း ၁၀၀၀ လောက်ပိုင်တဲ့ company ကြီးဟာ Financial crises ငွေကြေး အကျပ်အတည်းကြုံ ပြီး တော့ ပြို လဲခဲ့ပါတယ်။ ပြိုလဲခဲ့တဲ့ အကြောင်းအရင်းထဲမှာ company မှာ Liquidity asset တွေ မရှိတာကြောင့်လဲပါဝင်ပါတယ်။ တန်ချိန် သုံးသောင်းရှိတဲ့ ပင်လယ်ကူးသင်္ဘောဆိုတာ သင်္ဘောဦး အနေ နောက်ဆုံးအထိ ပုံမှန် လမ်းလျှောက်ရင် ဆယ်မိနစ် ဆယ်ငါ့းမိနစ်လောက် လျှောက်ရအောင် ကြီး ပြီး ပင် မအင် ဂျင် ကြီးသက်သက် ဟာ လေးထပ်တိုက်တစ်လုံးစာလောက်ရှိပါတယ်။ ဒေါ်လာ လဲ သိန်းသန်းနဲ့ ချီ ပြီး တစ်စီးတစ်စီးကို တန်ကြေးရှိပါတယ်။ဒါပေမယ့် လုပ်ငန်းက ငွေ ကြေးအခက်အခဲ တွေ တဲ့ အခါ ဒီလောက် သိန်းသန်းချီတန်တဲ့ သင်္ဘောတွေ အစီး၁၀၀၀ လောက်ပိုင်ပေမယ့် ဒီသင်္ဘောတွေ ဟာ အလွယ်တကူ ပြန်ရောင်း လို့ ရတဲ့ တစ်နည်းအားဖြင့် liquidity မြင့် ပိုင်ဆိုင်မှုတွေ မဟုတ်တဲ့ အတွက် ချက်ချင်းရောင်းပြီး အကြွေးမဆပ်နိုင်ပဲ ဆိုးသထက်ဆိုးလာကာ ဒေဝါလီခံရပါတော့တယ်။ ဒါဟာ liquidity မြင့် ပိုင်ဆိုင်မှု ရှိနေဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သိသာစေချင်တာဖြစ်ပါတယ်။

.

ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ personal life မှာရော အဲဒီ Liquidity မြင့် ပိုင်ဆိုင်မှုတွေ များ ရှိနေဖို့ မလို ဘူးလားဗျာ။ ဒါဆို မေးခွန်း တစ်ခုမေးကြည့်ပါမယ်။ ရှေးလူကြီးတွေ ကအစ ဒီနေ့ ခေတ် လူ တွေ အထိ အတော်များများ က ငွေလေးပို လာရင် ရွှေဝယ် လေ့ရှိပါတယ်။ စကားပုံလေးတောင်ပေါ်လာပါသေးတယ် မရှိဝမ်းစာ ရှိတန်ဆာ ပါတဲ့။ ကဲဗျာ… ဒါဆို ဒိလောက်ဝယ်စရာတွေ များလှတဲ့အထဲမှာ မှ ဘာလို့ ရွှေဆို တဲ့ အရာ ကို ပဲ ဝယ်ယူလေ့ရှိကြတာပါလဲ။  ရွှေဟာ Liquidity မြင့်လို့ ပဲဖြစ်ပါတယ်။ ကြိုက်တဲ့အချိန် ကြိုက်တဲ့ နေရာမှာ ဈေးကွက်ပေါက်ဈေး အတိုင်း အလွယ်တကူ ငွေ အဖြစ်ကို ပြန်ပြောင်း လို့ ရတဲ့အတွက်ဖြစ်ပါတယ်။ ဒါ့ကြောင့် မောင်ကောင်းကြီးတို့ ရဲ့ personal life မှာလဲ ငွေတန်ဖိုးမလျော့ ဖို့ အရေးကိစ္စရှိချိန်မှာ အလွယ်တကူ ငွေအဖြစ်ပြောင်းလဲ နိုင်ဖို့ အတွက် Liquidity မြင့်တဲ့ ပိုင်ဆိုင်မှု တွေကို လဲ ပမာဏ တစ်ခုအထိ ဝယ်ယူ စုဆောင်းထားဖို့ လိုအပ်ကြောင်းကို တင်ပြလိုက်ရပါတယ်ခင်ဗျား။

.

အပိုင်း (၂)

.

ပထမ အပိုင်းမှာ တုန်းက တော့ Liquidity အကြောင်း ကိုဖော် ပြခဲ့ ပြီး ဖြစ်ပါတယ်။ ဒီနေ ရာမှာ တစ်ခါ ထပ်ပြီး ပြောလိုတာကတော့ Company ကြီးတွေ မှာ အသုံးချ တဲ့ သီအိုရီ တွေ ဟာ မိမိကိုယ် ပိုင် personal life အတွက်လည်း အသုံးချလို့ ရနိုင်ပါတယ်။ ဒီတစ်ခါမှာတော့ Liquidity ratio လို့ ခေါ်တဲ့ company တစ်ခုမှာ ငွေ ဖြစ်လွယ်စွမ်း ဘယ်လောက် အချိုး ရှိနိုင်သလဲ ဆိုတာကို တွက်ချက်တဲ့ အချိုးသုံးခု ကို မျှဝေပေးလိုပါတယ်။ 

.

Accounting မှာ accounting equation ဆိုတာရှိပါတယ်။ ဒါကတော့ Company’s assets = liability + Owner Equity လို့ ပဲဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ လုပ်ငန်းတစ်ခုရဲ့ ပိုင်ဆိုင်မှု ဆိုသည်မှာ လုပ်ငန်း ရှင် က ထည့်ဝင် ထားတဲ့ ရင်းနှီး ပိုင်ဆိုင်ငွေ နဲ့ လုပ်ငန်းရဲ့ ကြွေးမြီ တွေ ပေါင်း ခြင်းကို ခေါ်တယ်လို့ သတ်မှတ် ထားတာ ဖြစ်ပါတယ်။ ဒီပုံသေနည်းမှာကို ကရှင်းပါတယ် လုပ်ငန်းတစ်ခုရဲ့ assest ဆိုတဲ့ အထဲ မှာ အကြွေး ဆိုတဲ့ Liability တွေ ရှိပါတယ်။ တစ်နည်းအားဖြင့် တော့ လုပ်ငန်း company မှန် သမျှ Liability အကြွေးကင်း တယ် ဆိုတဲ့ လုပ်ငန်း မရှိဘူးလို့ကို ဆိုလို့ရပါတယ်။ လုပ်ငန်းတစ်ခုမှာ အကြွေးဆို တာ မရှိရင် အဲဒီ လုပ်ငန်း ဟာ စီးပွားရေး ကောင်းကောင်း မလုပ်တတ်ဘူး လို့ လဲ အဓိပ္ပာယ် ရပါတယ်။ အကြွေးဆိုတာ အသုံးချ နိုင်ရင် စီးပွား ရေးအတွက် အလွန်အသုံးဝင်ပါတယ်။

.

ဥပမာ company A က Supplier A ဆီ ကနေ ပြီးတော့ ကုန်ပစ္စည်း တစ်ခုကို ၁၀၀ နဲ့ ၁၀ ခု ၁၀၀၀ ဖိုး ဝယ် လာပြီး customer တွေ ကို တစ်ခုကို ၂၀ နဲ့ ၁၀ ခု လုံးရောင်းလိုက်ရင် ရောင်းရငွေ revenue 2000 ရမှာ ဖြစ်ပြီး အမြတ် က ၁၀၀၀ ကျန်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ လို process ကို လုပ်ရဖို့ အတွက် က supplier ဆီက ကုန် ပစ္စည်း ၁၀ ခုကို အရင်ဆုံး ငွေ တစ်ထောင် ရင်းပြီး စိုက် ထားပြီး ဝယ်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ငွေ တစ်ထောင် မရှိရင် တခြား က ချေးငှားပြီး ဝယ်ရမယ်ဆိုရင် အတိုး ကပေးရဦးမှာ ဖြစ်ပါတယ်။ တကယ် လို့ အဲဒီလို မဟုတ်ပဲ အကြွေးကို အသုံးချပါတယ်။ Supplier A ဆီက ကုန်ပစ္စည်း ၁၀ ခုကို အကြွေးနဲ့ ဝယ် လာမယ်ဆိုပါတော့။ ပြီး ရင် နောက် တစ်လ နေမှ ငွေ ချေ ဖို့ သဘောတူညီချက်ရခဲ့မယ် ဆိုပါတော့ ။ ဒိ ကုန် ပစ္စည်း ၁၀ ခုကို ယူလာပြီး customer ဆီကို လက်ငင်းပဲ ပြန်ရောင်းလိုက်မယ် ဆိုရင် အထက်ကလိုပဲ Revenue 2000 ရပြီး ၁၀၀၀ မြတ်မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အကြွေး ယူလိုက်တဲ့ အတွက် အရင်းငွေ တစ်ထောင် ရှာစရာမလို တော့ သလို စိုက် စရာလဲ မလို တော့ပါဘူး။ ဒီငွေ တစ်ထောင်ကို တခြား နေရာမှာ တောင် ရင်းနှီးလိုက်နိုင်ပါသေးတယ်။ ဒါဟာ အကြွေး ရဲ့ ကောင်းပုံ တစ်ခုဖြစ်ပါတယ်။

.

အထက်ကလို အကြောင်းကြောင်းတွေ ကြောင့် လုပ်ငန်းတိုင်းမှာ အကြွေး ဆိုတာ ရှိ နေပါတယ်။ ပထမ ဆုံး အရင်း တစ်ထောင် စိုက်ပြီး ဝယ်လိုက်တဲ့ လုပ်ငန်း က အကြွေး မရှိတဲ့ အတွက် လုပ်ငန်းရဲ့ asset ပိုင် ဆိုင်မှု က အဲဒီ အရင်း ၁၀၀၀ ပဲဖြစ်ပါတယ်။ ဒါပေမယ့် လက်ထဲမှာ ငွေ တစ်ထောင်ရှိသော်လည်း ဒုတိယ လုပ်ငန်းလို အကြွေး နဲ့ ကုန် ၁၀၀၀ ဖိုး ထပ်ဝယ်လိုက်တော့ လက်ထဲကငွေ တစ်ထောင် ကုန် တန် ဖိုး ၁၀၀၀ နဲ့ လုပ်ငန်းရဲ့ ပိုင်ဆိုင်မှု ဟာ ၂၀၀၀ ဖြစ်သွားပါတော့ တယ်။ ဒါ ဟာ အထက်က ဖော်ပြခဲ့တဲ့Assest = liability + equity ဆိုတဲ့ သဘောကို ထပ်ပြီး ရှင်းပြပေးတာဖြစ်ပါတယ်။

.

ကဲ..ဟုတ်ပြီဗျာ..ဒီတော့ လုပ်ငန်း က ဒုတိယ နည်းလမ်းဖြစ်တဲ့ အကြွေး ယူ ပြီး ပြန်ရောင်းတာက ပိုကိုက် တယ် ဆိုတော့ အဲဒီ အတိုင်း ပဲလုပ်မယ်ဆိုပါတော့။Supplier ကို တစ်လ ကြာမှ ငွေ ချေရမယ် ဆိုပေမယ့် တစ်လ အတွင်းမှာ customer တွေဆီကို ကုန် ပစ္စည်းတစ်ခု မှ မရောင်းနိုင် ဘူးဆိုရင် ပြသနာရှိလာပါတယ်။ ဘာကြောင့် လဲ ဆိုတော့ supplier ကို အကြွေး ပြန်ဆပ်ရမှာတော့ကြောင့်ဖြစ် ပါတယ်။ အဲဒိလို အချိန်မှာ လက်ထဲ မှာ ပေးစရာငွေ ရှိ နေရင် ကိုယ့် ငွေကို ပဲ ပြန် စိုက် ပြီး supplier ကို ရှင်းပေးလိုက်လို့ ရရင် အဆင်ပြေ ပါတယ်။ အဲ…ဒါပေမယ့် လက်ထဲမှာ ငွေ မရှိတော့ဘူး..ဒါမှမဟုတ် ရှိတဲ့ ငွေကို တခြား မှာ ထည့်လိုက်မိ တယ် ဆိုရင် supplier ကို ပေးရမယ့် အကြွေး ပူကို ဆပ်စရာတစ်နည်းပဲရှိပါတော့ တယ်။ ဒါကတော့ company ပိုင် ပိုင်ဆိုင်မှု ပစ္စည်း Asset တွေကို ရောင်းချပြီး ဆပ်ရတာပဲဖြစ်ပါတယ်။

.

ဒီနေရာမှာ company ပိုင် ပစ္စည်းတွေက Liquidity မကောင်းတဲ့ asset တွေ များ ဖြစ်နေခဲ့မယ် ဆိုရင် မြွေ စကိုက် ပါပြီ။ လုံးဝ ရောင်းမထွက် ဘူးဆိုရင်နောက်ဆုံးမှာ company ပျက်သည်အထိ ဖြစ် နိုင် ပါတယ်။ ဒါ့ကြောင့် ဒီလို ဘာမဟုတ်တာလေးနဲ့ အဖြစ် ဆိုး တွေ မကြုံရအောင် CFO တွေက လုပ်ငန်းပိုင် asset တွေ ရဲ့ liquidity ratio တွေကို တွက်ချက်နေရပြီး သတ်မှတ် စံနှုန်းအတွင်း ရှိအောင် ကြိုးစားလေ့ရှိပါတယ်။ တကယ်လို့ မိတ်ဆွေ ဟာ လုပ်ငန်းတစ်ခုခု မှာ ရင်းနှီးမြုပ်နှံဖို့ စဉ်းစားပြီး ဆိုရင် လုပ်ငန်း ဟာ အကြွေး နဲ့ ပိုင်ဆိုင်မှု မျှ တမှု ရှိသလားဆိုတာကို သိဖို့ ဒီ liquidity ratio တွေကို တောင်းယူ သုံးသပ်ဖို့ လိုအပ်ပါတယ်။

.

Current Ratio

.

ဒါကတော့ Liquidity ratio ရဲ့ ပထမဆုံး ratio လဲဖြစ်သလို အလျော့ပေါ့ဆုံး တွက်ချက်ထားတဲ့ စံနှုန်းလဲ ဖြစ်ပါတယ်။ သူရဲ့ ပုံသေနည်းကတော့ သိပ်ရှင်းပါတယ်။ company ရဲ့ Current Asset ကို တည်ပြီး Current liability တန်ဖိုး နဲ့ စားလိုက်တာပဲဖြစ်ပါတယ်။ လုပ်ငန်းရဲ့ current asset အမျိုးအစား ဆိုတာ တစ်နှစ်အတွင်း ငွေ အဖြစ် ပြောင်းလဲမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝယ်ယူထားတဲ့ အရာတွေ၊ ငွေ၊ ငွေ နှင့် အလားတူသော ပိုင်ဆိုင်မှု၊ ဘဏ်စာရင်း၊ Stock တွေ inventory တွေ customer ဆီက ရရန် ရှိတဲ့ ငွေ စာရင်းတွေ အကုန် ပါပါ တယ်။ current liability ဆိုတာကတော့ လုပ်ငန်းက ခြောက်လကနေ တစ်နှစ်အတွင်း ပေးဆပ်ရမယ့် အကြွေးတွေ ဖြစ်ပါတယ်။ ဒီ တန်ဖိုး နှစ်ခုလုံးကို company တွေ ကနှစ်စဉ်ထုတ်ပြန်တဲ့ Balance sheet ဆိုတဲ့ ငွေစာရင်းရှင်းတမ်းမှာ အလွယ်တကူ ရယူနိုင်ပါတယ်။

.

ဥပမာ လုပ်ငန်းတစ်ခုရဲ့ current asset တန်ဖိုး က 1575.6$ ရှိပြီး current liability တန်ဖိုး က606.9$ ရှိမယ် ဆိုပါတော့ ဒါဆို 1575.6 ကို 606.9 နဲ့ စားလိုက်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် အဖြေက 2.6 ဆိုပြီးရပါတယ်။ 

.

ဒါရဲ့ အဓိပ္ပာယ်ကတော့ လုပ်ငန်းမှာ ပေးဆပ် စရာရှိတဲ့ အကြွေး တစ်ဒေါ်လာ အတွက် ရောင်းချပြီး ဆပ် နိုင် မယ့် current asset တန်ဖိုး ၂.၆ ဒေါ်လာ ဖိုး ရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်း အား ဖြင့် ဒီ လုပ်ငန်းဟာ တကယ်လို့ ၆၀၆.၉ ဒေါ်လာ အကြွေးကို ရုတ်တရက် ဆပ်ရမယ့် ဒါမှ မဟုတ် ကြွေးဆပ်ရမယ့် နေ့ အထိ ဘာအရောင်းမှမရှိဘူး ဆိုရင် တောင် လုပ်ငန်းမပျက်နိုင်သေးဘူးလို့ ယူဆလို့ ရပါတယ်။ Standard အနေနဲ့ ကတော့ current ratio ဟာ 2 ရဲ့ အထက် မှာ ရှိနေသင့်ပါတယ်။ 2 အောက်ကိုရောက်နေပြီ ဆိုရင် တော့ဒါဟာ liquidity အားနည်းနေတဲ အနေအထားဖြစ်ပါတယ်။

.

.

Quick ratio သို့ မဟုတ် Acid test ratio

.

ဒါကတော့ Liquidity ratio မှာ တစ် ဆင့် တင်းကျပ်ပြီးတွက်လိုက်တဲ့ အချိုးဖြစ်ပါတယ်။ အထက်က ဖော်ပြခဲ့ တဲ့ current asset တွေ ထဲမှာ Stock တွေ inventory တွေဟာ ငွေလို ချိန်မှာ ချက်ချင်း ရောင်း ချရဖို့ ဆို တာ မလွယ်ကူပါဘူး။ ကိုယ်က ငွေလိုတယ်ဆိုတိုင်း customer က ချက်ချင်းငွေချေပြီး ဝယ်ဖို့ ဆိုတာ မဖြစ် နိုင် ပါဘူး။ဒီအတွက် တကယ်လို့ အကြွေး တွေကို ချက်ချင်းဆပ်ရတော့မယ် ဆိုရင် inventory တွေ ဟာ current asset ဖြစ်သော်ငြားလည်း အထော်ကအကူပြု ဒါကြောင့် ဒီတစ်ဆင့်မှာ တော့ current asset တန်ဖိုး ထဲက stock and inventory တန်ဖိုးတွေ ကို ထုတ် နှုတ် ပြီး အထက်က ပုံသေနည်းအတိုင်း ပြန် တွက်ချက်ကြည့်ပါတယ်။

.

တွက်ချက်လိုက်ရင် သေချာ တာကတော့ အထက်က ရခဲ့ တဲ့ 2.6 တန်ဖိုး ထက်တော့ လျော့ကျသွားပြီး 1 ကျော်ကျော်လောက်ပဲ ရှိတော့မှာဖြစ်ပါတယ်။ standard အနေနဲ့ ကတော့ acid test ratio ဟာ 1 လောက် ကနေ အထက် မြင့်နေတာပဲ ကောင်းမှာ ဖြစ် ပြီး 1 ကနေ 1.8 လောက်အတွင်းရှိသင့်ပါတယ်။ 1 အောက် ကျသွား ရင် တော့ liquidity နည်းနေပြီး လုပ်ငန်းဟာ ကျရှုံးနိုင်ပါတယ်။

.

.

Cash Ratio

.

ဟုတ်ကဲ့ဗျာ …ဒါ ကတော့ နောက်ဆုံး ratio တစ်ခု ဖြစ်တဲ့ အပြင် Liquidity အတွက် အတင်းကျပ် ဆုံး တွက် ချက် ထားတဲ့ အချိုးတစ်ခုလဲ ဖြစ်ပါတယ်။ current ratio တုန်းက တော့ current asset ကို current liability နဲ့ စား ခဲ့ပြီး Quick ratio မှာတော့ current asset ထဲက inventory တန်ဖိုး ကို ထုတ်နုတ်ပြီး current liability နဲ စားခဲ့ပါတယ်။

.

Current asset ထဲက inventory တန်ဖိုး ကို ထုတ်နုတ်ပြီး ပေမယ့် အလွယ်တကူ ငွေ အဖြစ်ပြန် မရနိုင် တဲ့ အရာ တစ်ခု ရှိပါသေးတယ် ဒါကတော့ AR လို့ ခေါ်တဲ့ account receivable ပဲဖြစ်ပါတယ်။ AR ဆိုတာ ကို အကြမ်းအား ဖြင့်ပြောရရင်တော့ မိမိရဲ့ ကုန် ပစ္စည်းတွေကို customer တွေ ဆီကို အကြွေး နဲ့ သိုမ့ဟုတ် Consignment နည်းနဲ့ ရောင်း ထားပြီး ရစရာရှိနေတဲ့ မရသေးတဲ့ ငွေကို AR လို့ ခေါ်ပါတယ်။ ကိုယ်က ရစရာရှိ တဲ့ အကြွေး လို့ ပြောနိုင်ပါတယ်။ ဒီ AR ဟာလည်း တကယ် တမ်း ငွေလို လာတဲ့ အခါမှာ customer ဆီက ချက်ချင်း ပြန်တောင်းလို့ မရနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဒါ့အပြင် တကယ်လို့ ကြွေးဆုံး အဖြစ်တောင် ရောက်ပြီး လုံးဝလဲ ဆုံးရှုံးသွားနိုင်ပါသေးတယ်။ ဒါ့ကြောင့် cash ratio မှာတော့ AR တန်ဖိုး တွေကို ထည့်မတွက် ပဲ တွက်ချက်တာ ဖြစ်ပါတယ်။

.

Current asset တွေ ထဲက inventory နဲ့ AR တန်ဖိုးတွေကို နှုတ်လိုက်ရင် ဘာတွေ ကျန်လဲ ဆိုတော့ Cash in Hand ဆိုတဲ့ လက်ထဲကိုင်ထားတဲ့ ငွေရယ် Cash in Bank လို့ခေါ်တဲ့ ဘဏ်ထဲက ငွေရယ် အသေးသုံး အဖြစ် ထုတ် ထားတဲ့ ငွေ တွေရယ် ငွေ နဲ့ အလားတူသော ပိုင်ဆိုင်မှု တွေ ဖြစ်တဲ့ Share တွေ Bond တွေ ရယ်ပဲ အဓိက အား ဖြင့် ကျန် ပါတော့တယ်။

.

Cash ratio ကို ရဖို့ အထက် က အရာတွေ ကို current liability တန်ဖိုးနဲ့ စားလိုက်ရင် cash ratio အချိုးကို ရပါတယ်။ cash ratio ကတော့ 1 နေရင် အကောင်းဆုံးဖြစ်ပေမယ့် ပုံမှန်အားဖြင့် တော့ လုပ်ငန်းတွေ မှာ 0.6 နဲ့ 1 အကြားမှာ ရှိလေ့ရှိပါတယ်။ cash ratio 0.6 ဆိုတဲ့ အဓိပ္ပာယ် ကတော့ အထက်ကလိုပဲ လုပ်ငန်းမှာ ဆပ်စရာ အကြွေး ၁ ဒေါ်လာ အတွက် ငွေသားချည်းသက်သက် ပေးဖို့ ပြား ၆၀ ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။

.

Liquidity ratio တွေကို အထက်ကလို ကြည့်ရှုပြီး လုပ်ငန်းတစ်ခု ဟာ အကြွေး ကြောင့် ပြိုလဲနိုင်မှု ရှိ မရှိ အခြေအနေကို သုံးသပ်နိုင်မှာ ဖြစ်ပါကြောင်း။

.

ထပ်တိုး မှတ်ချက်

.

ထပ်ဆောင်းပြီး ပြောလိုတာကတော့ ငြွေဖစ်လွယ် စွမ်း Liquidity ဟာ ပုံမှန် အခြေအနေ ကိုသာ ယူဆ တွက် ချက်ပြီး ဝယ်ယူ ကြတာဖြစ်ပါတယ်။ ဒါပေမယ့် အခုလက်ရှိအခြေအနေလို ပုံမှန် မဟုတ်တဲ့ မတည်ငြိမ်တဲ့ အခြေအနေမှာတော့ ပုံမှန်မှာ Liquidity ကောင်းတဲ့asset တွေဟာလည်း liquidity လျော့ကျ ပြီး ရောင်းမထွက်တာမျိုးတော့ဖြစ်လာနိုင်ပါတယ်။ ဥပမာ Liquidity ကောင်း ပါတယ် ဆိုတဲ့ ရွှေ တောင်မှ Panic Buying ဖြစ်ပြီး အမြင့်ဆုံး ဈေး ၁၇ သိန်းကျော် ရုတ်တရက် ထိုး တက်သွားတဲ့အချိန်မှာ အဲဒီဈေးနဲ့ ရွှေဆိုင်တွေ ကိုယ်တိုင်က ပြန်မဝယ် ရဲ တာ မျိုး ဖြစ်ခဲ့တဲ့အတွက် ရောင်းထွက်ထို့ ခက်တဲ့အချိန် ကြုံရတတ်လေ့ရှိပါတယ်။ ပုံမှန် မဟုတ်တဲ့ အခြေအနေတွေ မှာတော့ မနေ့က မျှဝေပေးခဲ့တဲ့ Marketability က Liquidity ထက် ပိုပြီး အသုံး ကျလေ့ရှိတတ်ပါတယ်။

.

ဒီတော့ စီးပွားရေး ဖြစ်ဖြစ် ရင်းနှီးမြုပ်နှံမှု ဖြစ်ဖြစ် လုပ်မယ်ဆိုရင် Liquidity နဲ့ Marketability နှစ်ခု ကိုတော့ မဖြစ်မနေ စဉ်းစားပါလို့ တိုက်တွန်းချင်တာပါပဲ။

.

လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင် ပါတယ်။

.

Kaung Hein Soe – Strategic

Business Consultant


[Zawgyi]ေငြေၾကးႏွင့္ Liquidity အေၾကာင္း ျပန္လည္စုစည္းမႈ




ေငြ ျဖစ္လြယ္စြမ္း သို႔မဟုတ္ Liquidity ဆိုသည္မွာ…....…

အပိုင္း (၁)(၂)

ေငြေၾကးဆိုင္ရာ အသိပညာ

.

ကဲဗ်ာ..မိတ္ေဆြ မွာ ရင္းႏွီးစုေဆာင္းေငြ သိန္းတစ္ေထာင္ေလာက္ရိွ ေနၿပီး ေတာ့ မိတ္ေဆြ ကိုယ္တိုင္က လဲ စီးပြား ေရးလုပ္ငန္းတစ္ခုကို စတင္လုပ္ေဆာင္ဖို႔စိတ္အားထက္သန္ေနကာ စတင္အေကာင္အထည္ ေဖာ္ ၿပီ ဆိုၾကပါေတာ့။ ဒါဆို ရင္ လက္ထဲရိွတဲ့ သိန္းတစ္ေထာင္လံုးကို စီးပြားေရးထဲ ပစ္ထၫ့္ၿပီး အလုပ္လုပ္မယ္ လို႔ ေတြး ပါမလား။ ဒါေပါ့ဗ်ာ…ဘယ္ေတြး ပါမလဲ။ စီးပြားေရးထဲကို အခ်ိဳ႕တစ္ဝက္ကိုထၫ့္ ၿပီး ပမာဏ တစ္ခု ကိုေတာ့ လက္ထဲမွာ အေစာင့္အေန အျဖစ္ ခ်န္ထားရဦးမွာပါ။ ဒါမွ လဲ စီးပြားေရး ဟာ ထင္သလိုမျမတ္ ေသး ပဲ ေနာက္ထပ္ေငြေၾကးက်ားကန္ဖို႔လိုအပ္လာရင္ အဆင့္သင့္ျဖစ္ေနမွာ ျဖစ္သလို ထင္သေလာက္ေပါက္ ၿပီး ျမတ္လာရင္ လဲ လုပ္ငန္းတိုးခ်ဲ့ဖို႔ ေငြ ေၾကးက လိုလာဦးမွာျဖစ္ပါတယ္။ဒီေတာ့ ကာ သိန္းတစ္ေထာင္မွာ ခုႏွစ္ ရာ ေလာက္ကို လုပ္ငန္းလုပ္ၿပီး သံုးရာေလာက္ကို ခ်န္ထားမယ္ဆိုပါေတာ့။ ဒါဆို ေနာက္ထပ္ေတြးရမွာ က အဲဒီ သံုးရာကို လက္ထဲမွာ ပဲထားမလား ဒါမွမဟုတ္ ကုတင္ေအာက္ ထဲ ထားၿပီး အိပ္မလား ဘဏ္သြားအပ္ထား မလား (ပံုမွန္ အခ်ိန္ ဆိုပါစို႔ဗ်ာ)…မိတ္ေဆြ ဘာလုပ္မယ္လို႔ စဉ္းစားပါသလဲဗ်ား။

.

ေနာက္ထပ္တစ္ခုကေတာ့ မိတ္ေဆြ က စီးပြားေရးလုပ္ငန္းမလုပ္ပဲ ရံုးဝန္ထမ္းတစ္ဦး ဆိုၾကပါေတာ့။ ဒီေတာ့ ရတဲ့ လခ ကို လစဉ္စုေဆာင္းလာရင္းနဲ႔ ဆယ္သိန္းေလာက္ရလာၿပီ ဆိုပါေတာ့ ။ ဒါဆို ေမးခြန္းကေတာ့ အတူတူပါပဲ ဒီဆယ္သိန္းကို လက္ထဲမွာ ထားမလား ကုတင္ေအာက္ ထဲထားအိပ္မလား ဘဏ္သြားအပ္ထားမလား ဆိုတာစဉ္းစားရပါေတာ့တယ္။

.

ဒီေတာ့ လက္ထဲ မွာထားလို႔ ကေတာ့ လံုးလံုးအဆင္မေျပတာ သိသာလွပါတယ္။ ဒီေငြ ေတြကို သူခိုးပဲ ခိုးမလား မီးပဲေလာင္မလား နဲ႔ ေငြ ထုပ္ဖင္ခုထိုင္ၿပီး အိပ္မေပ်ာ္စိတ္မခ် ျဖစ္ေနရမွာက ပထမဆံုး ျပသနာျဖစ္ပါတယ္။ ဒါေပမယ့္ မိတ္ေဆြက သံကြန္ခ်ာ ခုႏွစ္ထပ္ေလာက္ကာရံ ၿပီး လံုၿခံဳေရး အျပၫ့္ရိွေနတယ္ ဆိုရင္ေရာ ဒိေငြ ကို လက္ထဲ ထားရတာအဆင္မေျပဘူးလားလို႔ေမးႏိုင္ပါတယ္။ အဲ…တစ္ခ်ိဳ႕ လဲရိွတာကိုး လက္ထဲရိွတဲ့ ေငြေလးကို တစ္ရက္တစ္ခါ ထုတ္ေရ ၿပီး ေက်နပ္ပီတိ ျဖစ္ေနတာမ်ိဳး ေလ။ ဒီေနရာမွာ သတိမူ ရမွာ က ဘယ္ေလာက္လံုၿခံဳေရးရိွေနရိွေန လက္ထဲမွာ ထားတဲ့ ေငြ ဟာ ကာလ ၾကာလာေလေလ တန္ဖိုးေလ်ာ့ ေလေလ ျဖစ္လာတာပဲျဖစ္ပါတယ္။ ျမန္မာက်ပ္ေငြဆိုရင္ ပိုေတာင္ဆိုးပါဦးမယ္။ ဘာေၾကာင့္ တန္ဖိုးေလ်ာ့လာရသလဲဆိုရင္ေတာ့ ေငြေၾကးေဖာင္းပြမႈ(inflation) ဆိုတဲ့ လက္မည္းႀကီးေၾကာင့္ပဲ ျဖစ္ပါတယ္။ ေငြေၾကးေဖာင္းပြမႈ inflation အေၾကာင္းကို ေတာ့ ကြၽန္ေတာ္အပါအဝင္ ပညာရွင္ အေတာ္မ်ားမ်ား က ေရးသားၾကၿပီးျဖစ္လို ဒီမ်ွေဝမႈမွာေတာ့ အေသးစိတ္ထပ္ မေျပာေတာ့ပါဘူး။ 

.

ျမန္မာႏိုင္ငံ ရဲ့ ေငြေၾကးေဖာင္းပြမႈႏႈန္း ဟာ ၈ရာခိုင္ႏႈန္း ၉ ရာခိုင္ႏႈန္း အမ်ိဳးမ်ိဳး ေျပာေလ့ ရိွၾကေပမယ့္ ၁၀ ရာခိုင္ႏႈန္းလို႔ သာ အလြယ္မွတ္ လိုက္ၾကရေအာင္ပါ။ ဆိုလိုတာက လက္ထဲမွာထားတဲ့ ေငြ ဟာ တစ္ႏွစ္ကို ၁၀ ရာခိုင္ႏႈန္း တန္ဖိုး ေလ်ာ့ေနပါတယ္။ ဒီႏွစ္မွာ သိန္းတစ္ရာနဲ႔ ဝယ္လို႔ ရတဲ့ ပစၥည္းဟာ ေနာက္ႏွစ္မွာ ၁၀ ရာခိုင္ႏႈန္း ေငြေၾကးေဖာင္းပြမႈေၾကာင့္ အဲဒီ ပစၥည္းကိုပဲ သိန္းတစ္ရာ့တစ္ဆယ္ နဲ႔ ဝယ္မွ ရပါေတာ့တယ္။ ထပ္ၿပီး ဆိုလိုတာက မိတ္ေဆြ သာ သိန္းတစ္ရာကို ဆယ္ႏွစ္ တိတိ လက္ထဲမွာ သိမ္းထားမယ္ ေငြေၾကး ေဖာင္း ပြ မႈႏႈန္းကလဲ တစ္ႏွစ္ကို ၁၀ ရာခိုင္ႏႈန္းသာ မွန္မွန္ ရိွေနမယ္ဆိုရင္ ဆယ္ႏွစ္အၾကာမွာ မိတ္ေဆြ လက္ထဲ က ေငြသိန္းတစ္ရာဟာ ဘာတန္ဖိုး မွ ရိွမွာ မဟုတ္ေတာ့ပါဘူး။ မရိွေတာ့ဘူးဆိုတာ တန္ဖိုးကို ေျပာတာပါ ေငြ စကၠူ အရြက္ေလးေတြကို ေရ ၾကၫ့္ရင္ေတာ့ သိန္းတစ္ရာ ပမာဏ ကရိွေနဦးမွာ ျဖစ္ပါတယ္။ တကယ္လို႔ ေငြေၾကးေဖာင္းပြ တာက ၁၀ ရာခိုင္ႏႈန္းထက္မ်ား မ်ားသြားရင္ေတာ့….ဂြၽမ္းေတြ ခ်ည္းပစ္ေန ရမွာ ပါ။

.

ဒါဆိုဘဏ္ထဲထားရင္ေရာအဆင္ေျပမလားေပါ့။ ဘဏ္ကေတာ့ လက္ထဲထားတာထက္ အတိုး ႏႈန္းလဲ ရပါတယ္။ ဒါေပမယ့္ ဘဏ္တိုးဆိုတာဟာ ေငြ ေၾကးေဖာင္းပြမႈႏႈန္းရဲ့ ေအာက္ ကို ေလ်ာ့ ၿပီး ေပးေလ့ရိွပါတယ္။ လက္ရိွ တစ္ႏွစ္ကို ၈ ရာခိုင္ႏွန္းေပးေနတာျဖစ္တဲ့အတြက္ တစ္ႏွစ္ကို ေငြေၾကးေဖာင္း ပြမႈ ၁၀ ရာခိုင္ႏႈန္းမွာ ၂ ရာခိုင္ႏႈန္းေတာ့ တန္ဖိုးေလ်ာ့ေနဦးမွာျဖစ္ပါတယ္။

.

Company ေတြမွာလည္းဒီလိုပဲျဖစ္ပါတယ္။ လုပ္ငန္းအတြက္ အသင့္ရည္ရြယ္ၿပီး ေငြ အခ်ိဳ႕ ကို ဖယ္ထုတ္ထား ေပမယ့္ ဒီေငြကို လက္ထဲထားရင္ တန္ဖိုးေလ်ာ့မယ္ ဘဏ္ထဲထၫ့္မယ္။ ဘဏ္ထဲထၫ့္ရင္လည္း တန္ဖိုး နည္းနည္း ေလ်ာ့ဦးမယ္ဆိုေတာ့ လံုးလံုး တန္ဖိုး မေလ်ာ့ပဲ ျမတ္ေတာင္ျမတ္ႏိုင္တဲ့ နည္းကို ရွာလာၾကပါတယ္။ ပိုက္ဆံကို ဘာလို႔ ဖယ္ထားရလဲ ဆိုတဲ့ ရည္ရြယ္ခ်က္က လုပ္ငန္းေငြလိုအပ္ခ်ိန္မွာ ခ်က္ခ်င္း ေထာက္ခံ မတည္ ေပးဖို႔ ျဖစ္တဲ့အတြက္ တန္ဖိုးလဲ မေလ်ာ့ ရဘူး ျမတ္လဲျမတ္ႏိုင္မယ္ ေငြလိုခ်ိန္မွာ လဲ ခ်က္ခ်င္းေငြအျဖစ္ ကို ေျပာင္း လဲႏိုင္မယ့္ နည္းလမ္းေတြကို ရွာေဖြေဖာ္ထုတ္လာၾကပါေတာ့တယ္။ အဲဒီနည္းလမ္းကေတာ့ Liquidity ျမင့္ ေသာ ပိုင္ဆိုင္မႈမ်ားကို ဝယ္ယူထားျခင္းပဲျဖစ္ပါေတာ့တယ္။

.

Liquidity ဆိုတာကို တိုက္ရိုက္ဘာသာျပန္ရရင္ေတာ့ အရည္ျဖစ္လြယ္စြမ္းလို႔ ဘာသာျပန္ႏိုင္ပါတယ္။ ဥပမာ သတၲု တစ္ခုခုက အခဲ အေျခအေနကေန အရည္အေျခအေနကို ဘယ္ အပူခ်ိန္မွာ ေျပာင္းႏိုင္သလဲ ဆိုတာ Liquidity ျဖစ္ပါတယ္။ ဥပမာ ေရခဲ က အရည္ အျဖစ္ကို 1 ‘C မွာ စေျပာင္းေပမယ့္ သံ ကေတာ့ အရည္ ဘဝ ကို ၁၀၀၀’C က်မွေျပာင္းပါတယ္။ ဒီေတာ့ ေရခဲဟာ သံထက္ အရည္ျဖစ္ႏိုင္စြမ္း ျမင့္တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။

.

Finance ပိုင္းမွာေတာ့ Liquidity ဆိုတာ ပိုင္ဆိုင္မႈ Asset တစ္ခုရဲ့  လက္ရိွ ျဖစ္ေနတဲ့ ေဈးကြက္ေပါက္ ေဈးထက္ မေလ်ာ့ ေစပဲ ေငြ အျဖစ္ကို အျမန္ဆံုး အလြယ္ဆံုး ေျပာင္းလဲ ႏိုင္စြမ္းကို Liquidity လို႔ ေခၚပါတယ္။ ဒီေနရာမွာ ေဈးကြက္ေပါက္ေဈးဆိုတဲ့ စကားစုေလးက အေရးအပါဆံုးျဖစ္ပါတယ္။ ဥပမာ ကြၽန္ေတာ္ က ေဈးကြက္ေပါက္ေဈး အရ သိန္းတစ္ေထာင္တန္ ေျမကြက္တစ္ကြက္ကို ဝယ္လိုက္ၿပီး ေငြလို တဲ့အတြက္ အဲ့ ဒီ ေျမကြက္ကို သိန္း ေလးရာေလ်ာ့ကာ ဗိုက္နာတဲ့ ေဈးနဲ႔ သိန္းေျခာက္ရာနဲ႔ ေရာင္းမယ္ဆိုရင္ ခ်က္ခ်င္းကို ေရာင္း ထြက္ ႏိုင္ပါတယ္။ ခ်က္ခ်င္းေငြ အျဖစ္ ေရာင္းထြက္သြားလို႔ ဒီေျမကြက္ဟာ Liquidity ေကာင္းတယ္လို႔ ေျပာလို႔ မရပါဘူး ဘာေၾကာင့္လဲဆိုေတာ့ ေဈးကြက္ေပါက္ေဈး သိန္းတစ္ေထာင္ မရလို႔ ပဲျဖစ္ပါတယ္။

.

Liquidity ဟာ ပစၥည္း အမ်ိဳး အစားျခင္းတူ ေနရင္ေတာင္ အျခားေသာ အေျခအေနေတြ အေပၚမူတည္ၿပီး ဒီဂရီ ကြဲျပားပါေသးတယ္။ ဥပမာ အထက္က ေျမကြက္ပဲဆိုပါေတာ့ သိန္း တစ္ေထာင္တန္ ေျမကြက္ခ်င္းအတူတူ ေပမယ့္ လမ္းဆံု မွာ ရိွတဲ့ ေျမကြက္ နဲ႔ ဟိုးရပ္ကြက္ အတြင္းပိုင္း က ေျမကြက္ မွာ ေငျြဖစ္လြယ္ စြမ္း Liquidity က မတူေတာ့ျပန္ပါဘူး။

.

အထက္က company ေတြ အေၾကာင္းကို ျပန္ဆက္ရရင္ company ေတြ ဟာ လက္ထဲမွာ ရိွတဲ့ ေငြ ေတြကို liquidity ေကာင္းတဲ့ ပိုင္ဆိုင္မႈ ျဖစ္ရမယ့္ အျပင္ အျမတ္ ပါရႏိုင္မယ့္ ပိုင္ဆိုင္မႈ ေတြ အျဖစ္ ေျပာင္းလဲ ထားလိုက္ ၾကပါတယ္။ ဒါဟာ ေငြတန္ဖိုး ေလ်ာ့တာကို ကာကြယ္ၿပီးသား ျဖစ္သလို company ရဲ့ Financing activity အေနနဲ႔ ေငြ အပို ရေစတဲ့ ေငြရလမ္းတစ္ခု အျဖစ္ ရယူလိုက္ၾကတာျဖစ္ပါတယ္။

.

Company ေတြ အေနနဲ႔ အမ်ားဆံုး ေရြး ခ်ယ္ဝယ္ယူေလ့ရိွၾကတဲ့ Liquidity ျမင့္ ပိုင္ဆိုင္မႈေတြ ကေတာ့ Share ေတြ အထူး သေဘာတူညီခ်က္နဲ႔ Bond ေငြ ေခ်းစာခ်ဳပ္ေတြ ခိုင္မာ တဲ့ ႏိုင္ငံျခားေငြ ေၾကးေတြ ကို ဝယ္ယူ ထားေလ့ရိွတတ္ပါတယ္။ Share ဆိုတဲ့ ေနရာမွာ Listed လုပ္ၿပီး stock exchange မွာ တင္ေရာင္း ေနတဲ့ ရွယ္ယာ မ်ားကို ဝယ္ယူ တတ္ၾကသလို အျခား company ေတြ မွာ လဲ ရွယ္ယာအျဖစ္ ထၫ့္ဝင္ ထားတတ္ ၾကပါတယ္။ stock exchange တင္ ရွယ္ယာေတြ ကေတာ့ အခု ေရာင္းခ်င္ အခု ေငြ အျဖစ္ ဖန္ တီးလို႔ ရ သလို ႏိုင္ငံျခား ေငြ လို ပိုင္ဆိုင္မႈေတြ ကလည္း ေဈးကြက္ေပါက္ေဈးကို မထိ ပဲ ခ်က္ခ်င္း ေငြ အျဖစ္ ေျပာင္းလဲလို႔ ရပါတယ္။ ဒါ့အျပင္ ရွယ္ယာေတြ ႏိုင္ငံျခားေငြ ေတြက အျမတ္ ကိုလဲ ေမ်ွာ္မွန္းလို႔ ရႏိုင္ပါေသးတယ္။

.

လြန္ခဲ့တဲ့ ဆယ္ႏွစ္ကေန ဒီေန့ ၂၀၁၉ အထိ ေလ့လာၾကၫ့္မယ္ ဆိုရင္ ႏိုင္ငံျခားေငြ ေတြ ရဲ့ ခိုင္မာမႈကို ေတြ့ ႏိုင္ပါတယ္။ ၂၀၀၉ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္ ႏိုင္ငံျခားေငြ တန္ ဖိုးေတြ ကို ၾကၫ့္မယ္ ဆိုရင္ ယူရို ေငြေၾကး ဟာ အေမရိကန္ ေဒၚလာနဲ႔ ယွဉ္လိုက္ရင္ တန္ဖိုး မေလ်ာ့ ရံု သာမက ပို ၿပီးေတာ့ ေတာင္ မာ လာတာကို ေတြ့ ရမွာျဖစ္ပါတယ္။ ျမန္မာေငြ ကေရာ ၂၀၀၉ ခုႏွစ္တုန္းက အေမရိကန္ ဘယ္ႏွစ္ေဒၚလာေလာက္နဲ႔ ညီပါသလဲ ဆိုတာကို ေတြး ၾကၫ့္ရင္ ေငြ တန္ဖိုးဘယ္ေလာက္ ေတာင္ ေလ်ာ့လာတယ္ဆိုတာကို ၾကက္သည္းထဖြယ္ျမင္ေတြ့ ရမွာျဖစ္ပါတယ္။

.

ဒါ့ေၾကာင့္ Company ေတြက Liquidity ျမင့္ ပိုင္ဆိုင္မႈေတြကို ဝယ္ေလ့ရိွပါတယ္။ ေနာက္ထပ္ရည္ရြယ္ ခ်က္ တစ္ခု အေနနဲ႔ လဲ company ေတြက Liquidity ျမင့္ ပိုင္ဆိုင္မႈေတြကို ဝယ္ ေလ့ရိွၾကပါေသးတယ္။ ဒါကေတာ့ အကယ္ လို႔ company အေနနဲ႔ financial crises ႀကံဳလာလို႔ ေငြ အေရးေပၚ လိုအပ္လာရင္ company ရဲ့ အဲဒီ Liquidity ျမင့္ ပိုင္ဆိုင္မႈ asset ေတြဟာ ကယ္ေပါက္ ေတြ အျဖစ္ သံုးရမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္လုပ္ငန္း ႀကီး တစ္ခုရဲ့ CFO ေတြ ဟာ မိမိလုပ္ငန္းရဲ့ Liquidity ratio ေငျြဖစ္လြယ္စြမ္းပိုင္ဆိုင္မႈ ပမာဏ ေတြကို စံသတ္မွတ္ ႏႈန္း တစ္ခုအတြင္းမွာ တည္ရိွေနေအာင္ ႀကိဳး စားထိန္းသိမ္းေလ့ရိွပါတယ္။

.

တစ္ခါတုန္းက သေဘၤာေလာကမွာ သိပ္ကို ႀကီးမားတဲ့သေဘၤာလိုင္းႀကီးတစ္ခုရိွပါတယ္။ တန္ခ်ိန္ သံုးေသာင္း အထက္ပင္လယ္ကူးသေဘၤာႀကီး အစင္း ၁၀၀၀ ေလာက္ပိုင္တဲ့ company ႀကီးဟာ Financial crises ေငြေၾကး အက်ပ္အတည္းႀကံဳ ၿပီး ေတာ့ ၿပိဳ လဲခဲ့ပါတယ္။ ၿပိဳလဲခဲ့တဲ့ အေၾကာင္းအရင္းထဲမွာ company မွာ Liquidity asset ေတြ မရိွတာေၾကာင့္လဲပါဝင္ပါတယ္။ တန္ခ်ိန္ သံုးေသာင္းရိွတဲ့ ပင္လယ္ကူးသေဘၤာဆိုတာ သေဘၤာဦး အေန ေနာက္ဆံုးအထိ ပံုမွန္ လမ္းေလ်ွာက္ရင္ ဆယ္မိနစ္ ဆယ္ငါ့းမိနစ္ေလာက္ ေလ်ွာက္ရေအာင္ ႀကီး ၿပီး ပင္ မအင္ ဂ်င္ ႀကီးသက္သက္ ဟာ ေလးထပ္တိုက္တစ္လံုးစာေလာက္ရိွပါတယ္။ ေဒၚလာ လဲ သိန္းသန္းနဲ႔ ခ်ီ ၿပီး တစ္စီးတစ္စီးကို တန္ေၾကးရိွပါတယ္။ဒါေပမယ့္ လုပ္ငန္းက ေငြ ေၾကးအခက္အခဲ ေတြ တဲ့ အခါ ဒီေလာက္ သိန္းသန္းခ်ီတန္တဲ့ သေဘၤာေတြ အစီး၁၀၀၀ ေလာက္ပိုင္ေပမယ့္ ဒီသေဘၤာေတြ ဟာ အလြယ္တကူ ျပန္ေရာင္း လို႔ ရတဲ့ တစ္နည္းအားျဖင့္ liquidity ျမင့္ ပိုင္ဆိုင္မႈေတြ မဟုတ္တဲ့ အတြက္ ခ်က္ခ်င္းေရာင္းၿပီး အေႂကြးမဆပ္ႏိုင္ပဲ ဆိုးသထက္ဆိုးလာကာ ေဒဝါလီခံရပါေတာ့တယ္။ ဒါဟာ liquidity ျမင့္ ပိုင္ဆိုင္မႈ ရိွေနဖို႔ ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာကို သိသာေစခ်င္တာျဖစ္ပါတယ္။

.

ဒါဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ရဲ့ personal life မွာေရာ အဲဒီ Liquidity ျမင့္ ပိုင္ဆိုင္မႈေတြ မ်ား ရိွေနဖို႔ မလို ဘူးလားဗ်ာ။ ဒါဆို ေမးခြန္း တစ္ခုေမးၾကၫ့္ပါမယ္။ ေရွးလူႀကီးေတြ ကအစ ဒီေန့ ေခတ္ လူ ေတြ အထိ အေတာ္မ်ားမ်ား က ေငြေလးပို လာရင္ ေရႊဝယ္ ေလ့ရိွပါတယ္။ စကားပံုေလးေတာင္ေပၚလာပါေသးတယ္ မရိွဝမ္းစာ ရိွတန္ဆာ ပါတဲ့။ ကဲဗ်ာ… ဒါဆို ဒိေလာက္ဝယ္စရာေတြ မ်ားလွတဲ့အထဲမွာ မွ ဘာလို႔ ေရႊဆို တဲ့ အရာ ကို ပဲ ဝယ္ယူေလ့ရိွၾကတာပါလဲ။  ေရႊဟာ Liquidity ျမင့္လို႔ ပဲျဖစ္ပါတယ္။ ႀကိဳက္တဲ့အခ်ိန္ ႀကိဳက္တဲ့ ေနရာမွာ ေဈးကြက္ေပါက္ေဈး အတိုင္း အလြယ္တကူ ေငြ အျဖစ္ကို ျပန္ေျပာင္း လို႔ ရတဲ့အတြက္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေမာင္ေကာင္းႀကီးတို႔ ရဲ့ personal life မွာလဲ ေငြတန္ဖိုးမေလ်ာ့ ဖို႔ အေရးကိစၥရိွခ်ိန္မွာ အလြယ္တကူ ေငြအျဖစ္ေျပာင္းလဲ ႏိုင္ဖို႔ အတြက္ Liquidity ျမင့္တဲ့ ပိုင္ဆိုင္မႈ ေတြကို လဲ ပမာဏ တစ္ခုအထိ ဝယ္ယူ စုေဆာင္းထားဖို႔ လိုအပ္ေၾကာင္းကို တင္ျပလိုက္ရပါတယ္ခင္ဗ်ား။

.

အပိုင္း (၂)

.

ပထမ အပိုင္းမွာ တုန္းက ေတာ့ Liquidity အေၾကာင္း ကိုေဖာ္ ျပခဲ့ ၿပီး ျဖစ္ပါတယ္။ ဒီေန ရာမွာ တစ္ခါ ထပ္ၿပီး ေျပာလိုတာကေတာ့ Company ႀကီးေတြ မွာ အသံုးခ် တဲ့ သီအိုရီ ေတြ ဟာ မိမိကိုယ္ ပိုင္ personal life အတြက္လည္း အသံုးခ်လို႔ ရႏိုင္ပါတယ္။ ဒီတစ္ခါမွာေတာ့ Liquidity ratio လို႔ ေခၚတဲ့ company တစ္ခုမွာ ေငြ ျဖစ္လြယ္စြမ္း ဘယ္ေလာက္ အခ်ိဳး ရိွႏိုင္သလဲ ဆိုတာကို တြက္ခ်က္တဲ့ အခ်ိဳးသံုးခု ကို မ်ွေဝေပးလိုပါတယ္။ 

.

Accounting မွာ accounting equation ဆိုတာရိွပါတယ္။ ဒါကေတာ့ Company’s assets = liability + Owner Equity လို႔ ပဲျဖစ္ပါတယ္။ အဓိပၸာယ္ကေတာ့ လုပ္ငန္းတစ္ခုရဲ့ ပိုင္ဆိုင္မႈ ဆိုသည္မွာ လုပ္ငန္း ရွင္ က ထၫ့္ဝင္ ထားတဲ့ ရင္းႏွီး ပိုင္ဆိုင္ေငြ နဲ႔ လုပ္ငန္းရဲ့ ေႂကြးၿမီ ေတြ ေပါင္း ျခင္းကို ေခၚတယ္လို႔ သတ္မွတ္ ထားတာ ျဖစ္ပါတယ္။ ဒီပံုေသနည္းမွာကို ကရွင္းပါတယ္ လုပ္ငန္းတစ္ခုရဲ့ assest ဆိုတဲ့ အထဲ မွာ အေႂကြး ဆိုတဲ့ Liability ေတြ ရိွပါတယ္။ တစ္နည္းအားျဖင့္ ေတာ့ လုပ္ငန္း company မွန္ သမ်ွ Liability အေႂကြးကင္း တယ္ ဆိုတဲ့ လုပ္ငန္း မရိွဘူးလို႔ကို ဆိုလို႔ရပါတယ္။ လုပ္ငန္းတစ္ခုမွာ အေႂကြးဆို တာ မရိွရင္ အဲဒီ လုပ္ငန္း ဟာ စီးပြားေရး ေကာင္းေကာင္း မလုပ္တတ္ဘူး လို႔ လဲ အဓိပၸာယ္ ရပါတယ္။ အေႂကြးဆိုတာ အသံုးခ် ႏိုင္ရင္ စီးပြား ေရးအတြက္ အလြန္အသံုးဝင္ပါတယ္။

.

ဥပမာ company A က Supplier A ဆီ ကေန ၿပီးေတာ့ ကုန္ပစၥည္း တစ္ခုကို ၁၀၀ နဲ႔ ၁၀ ခု ၁၀၀၀ ဖိုး ဝယ္ လာၿပီး customer ေတြ ကို တစ္ခုကို ၂၀ နဲ႔ ၁၀ ခု လံုးေရာင္းလိုက္ရင္ ေရာင္းရေငြ revenue 2000 ရမွာ ျဖစ္ၿပီး အျမတ္ က ၁၀၀၀ က်န္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီ လို process ကို လုပ္ရဖို႔ အတြက္ က supplier ဆီက ကုန္ ပစၥည္း ၁၀ ခုကို အရင္ဆံုး ေငြ တစ္ေထာင္ ရင္းၿပီး စိုက္ ထားၿပီး ဝယ္ရမွာ ျဖစ္ပါတယ္။ တကယ္လို႔ ေငြ တစ္ေထာင္ မရိွရင္ တျခား က ေခ်းငွားၿပီး ဝယ္ရမယ္ဆိုရင္ အတိုး ကေပးရဦးမွာ ျဖစ္ပါတယ္။ တကယ္ လို႔ အဲဒီလို မဟုတ္ပဲ အေႂကြးကို အသံုးခ်ပါတယ္။ Supplier A ဆီက ကုန္ပစၥည္း ၁၀ ခုကို အေႂကြးနဲ႔ ဝယ္ လာမယ္ဆိုပါေတာ့။ ၿပီး ရင္ ေနာက္ တစ္လ ေနမွ ေငြ ေခ် ဖို႔ သေဘာတူညီခ်က္ရခဲ့မယ္ ဆိုပါေတာ့ ။ ဒိ ကုန္ ပစၥည္း ၁၀ ခုကို ယူလာၿပီး customer ဆီကို လက္ငင္းပဲ ျပန္ေရာင္းလိုက္မယ္ ဆိုရင္ အထက္ကလိုပဲ Revenue 2000 ရၿပီး ၁၀၀၀ ျမတ္မွာပဲျဖစ္ပါတယ္။ ဒါေပမယ့္ အေႂကြး ယူလိုက္တဲ့ အတြက္ အရင္းေငြ တစ္ေထာင္ ရွာစရာမလို ေတာ့ သလို စိုက္ စရာလဲ မလို ေတာ့ပါဘူး။ ဒီေငြ တစ္ေထာင္ကို တျခား ေနရာမွာ ေတာင္ ရင္းႏွီးလိုက္ႏိုင္ပါေသးတယ္။ ဒါဟာ အေႂကြး ရဲ့ ေကာင္းပံု တစ္ခုျဖစ္ပါတယ္။

.

အထက္ကလို အေၾကာင္းေၾကာင္းေတြ ေၾကာင့္ လုပ္ငန္းတိုင္းမွာ အေႂကြး ဆိုတာ ရိွ ေနပါတယ္။ ပထမ ဆံုး အရင္း တစ္ေထာင္ စိုက္ၿပီး ဝယ္လိုက္တဲ့ လုပ္ငန္း က အေႂကြး မရိွတဲ့ အတြက္ လုပ္ငန္းရဲ့ asset ပိုင္ ဆိုင္မႈ က အဲဒီ အရင္း ၁၀၀၀ ပဲျဖစ္ပါတယ္။ ဒါေပမယ့္ လက္ထဲမွာ ေငြ တစ္ေထာင္ရိွေသာ္လည္း ဒုတိယ လုပ္ငန္းလို အေႂကြး နဲ႔ ကုန္ ၁၀၀၀ ဖိုး ထပ္ဝယ္လိုက္ေတာ့ လက္ထဲကေငြ တစ္ေထာင္ ကုန္ တန္ ဖိုး ၁၀၀၀ နဲ႔ လုပ္ငန္းရဲ့ ပိုင္ဆိုင္မႈ ဟာ ၂၀၀၀ ျဖစ္သြားပါေတာ့ တယ္။ ဒါ ဟာ အထက္က ေဖာ္ျပခဲ့တဲ့Assest = liability + equity ဆိုတဲ့ သေဘာကို ထပ္ၿပီး ရွင္းျပေပးတာျဖစ္ပါတယ္။

.

ကဲ..ဟုတ္ၿပီဗ်ာ..ဒီေတာ့ လုပ္ငန္း က ဒုတိယ နည္းလမ္းျဖစ္တဲ့ အေႂကြး ယူ ၿပီး ျပန္ေရာင္းတာက ပိုကိုက္ တယ္ ဆိုေတာ့ အဲဒီ အတိုင္း ပဲလုပ္မယ္ဆိုပါေတာ့။Supplier ကို တစ္လ ၾကာမွ ေငြ ေခ်ရမယ္ ဆိုေပမယ့္ တစ္လ အတြင္းမွာ customer ေတြဆီကို ကုန္ ပစၥည္းတစ္ခု မွ မေရာင္းႏိုင္ ဘူးဆိုရင္ ျပသနာရိွလာပါတယ္။ ဘာေၾကာင့္ လဲ ဆိုေတာ့ supplier ကို အေႂကြး ျပန္ဆပ္ရမွာေတာ့ေၾကာင့္ျဖစ္ ပါတယ္။ အဲဒိလို အခ်ိန္မွာ လက္ထဲ မွာ ေပးစရာေငြ ရိွ ေနရင္ ကိုယ့္ ေငြကို ပဲ ျပန္ စိုက္ ၿပီး supplier ကို ရွင္းေပးလိုက္လို႔ ရရင္ အဆင္ေျပ ပါတယ္။ အဲ…ဒါေပမယ့္ လက္ထဲမွာ ေငြ မရိွေတာ့ဘူး..ဒါမွမဟုတ္ ရိွတဲ့ ေငြကို တျခား မွာ ထၫ့္လိုက္မိ တယ္ ဆိုရင္ supplier ကို ေပးရမယ့္ အေႂကြး ပူကို ဆပ္စရာတစ္နည္းပဲရိွပါေတာ့ တယ္။ ဒါကေတာ့ company ပိုင္ ပိုင္ဆိုင္မႈ ပစၥည္း Asset ေတြကို ေရာင္းခ်ၿပီး ဆပ္ရတာပဲျဖစ္ပါတယ္။

.

ဒီေနရာမွာ company ပိုင္ ပစၥည္းေတြက Liquidity မေကာင္းတဲ့ asset ေတြ မ်ား ျဖစ္ေနခဲ့မယ္ ဆိုရင္ ေႁမြ စကိုက္ ပါၿပီ။ လံုးဝ ေရာင္းမထြက္ ဘူးဆိုရင္ေနာက္ဆံုးမွာ company ပ်က္သည္အထိ ျဖစ္ ႏိုင္ ပါတယ္။ ဒါ့ေၾကာင့္ ဒီလို ဘာမဟုတ္တာေလးနဲ႔ အျဖစ္ ဆိုး ေတြ မႀကံဳရေအာင္ CFO ေတြက လုပ္ငန္းပိုင္ asset ေတြ ရဲ့ liquidity ratio ေတြကို တြက္ခ်က္ေနရၿပီး သတ္မွတ္ စံႏႈန္းအတြင္း ရိွေအာင္ ႀကိဳးစားေလ့ရိွပါတယ္။ တကယ္လို႔ မိတ္ေဆြ ဟာ လုပ္ငန္းတစ္ခုခု မွာ ရင္းႏွီးျမဳပ္ႏွံဖို႔ စဉ္းစားၿပီး ဆိုရင္ လုပ္ငန္း ဟာ အေႂကြး နဲ႔ ပိုင္ဆိုင္မႈ မ်ွ တမႈ ရိွသလားဆိုတာကို သိဖို႔ ဒီ liquidity ratio ေတြကို ေတာင္းယူ သံုးသပ္ဖို႔ လိုအပ္ပါတယ္။

.

Current Ratio

.

ဒါကေတာ့ Liquidity ratio ရဲ့ ပထမဆံုး ratio လဲျဖစ္သလို အေလ်ာ့ေပါ့ဆံုး တြက္ခ်က္ထားတဲ့ စံႏႈန္းလဲ ျဖစ္ပါတယ္။ သူရဲ့ ပံုေသနည္းကေတာ့ သိပ္ရွင္းပါတယ္။ company ရဲ့ Current Asset ကို တည္ၿပီး Current liability တန္ဖိုး နဲ႔ စားလိုက္တာပဲျဖစ္ပါတယ္။ လုပ္ငန္းရဲ့ current asset အမ်ိဳးအစား ဆိုတာ တစ္ႏွစ္အတြင္း ေငြ အျဖစ္ ေျပာင္းလဲမယ္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ဝယ္ယူထားတဲ့ အရာေတြ၊ ေငြ၊ ေငြ ႏွင့္ အလားတူေသာ ပိုင္ဆိုင္မႈ၊ ဘဏ္စာရင္း၊ Stock ေတြ inventory ေတြ customer ဆီက ရရန္ ရိွတဲ့ ေငြ စာရင္းေတြ အကုန္ ပါပါ တယ္။ current liability ဆိုတာကေတာ့ လုပ္ငန္းက ေျခာက္လကေန တစ္ႏွစ္အတြင္း ေပးဆပ္ရမယ့္ အေႂကြးေတြ ျဖစ္ပါတယ္။ ဒီ တန္ဖိုး ႏွစ္ခုလံုးကို company ေတြ ကႏွစ္စဉ္ထုတ္ျပန္တဲ့ Balance sheet ဆိုတဲ့ ေငြစာရင္းရွင္းတမ္းမွာ အလြယ္တကူ ရယူႏိုင္ပါတယ္။

.

ဥပမာ လုပ္ငန္းတစ္ခုရဲ့ current asset တန္ဖိုး က 1575.6$ ရိွၿပီး current liability တန္ဖိုး က606.9$ ရိွမယ္ ဆိုပါေတာ့ ဒါဆို 1575.6 ကို 606.9 နဲ႔ စားလိုက္ရမွာ ျဖစ္ပါတယ္။ ဒါဆိုရင္ အေျဖက 2.6 ဆိုၿပီးရပါတယ္။ 

.

ဒါရဲ့ အဓိပၸာယ္ကေတာ့ လုပ္ငန္းမွာ ေပးဆပ္ စရာရိွတဲ့ အေႂကြး တစ္ေဒၚလာ အတြက္ ေရာင္းခ်ၿပီး ဆပ္ ႏိုင္ မယ့္ current asset တန္ဖိုး ၂.၆ ေဒၚလာ ဖိုး ရိွတယ္လို႔ ဆိုလိုတာျဖစ္ပါတယ္။ ဒါကို ၾကၫ့္ျခင္း အား ျဖင့္ ဒီ လုပ္ငန္းဟာ တကယ္လို႔ ၆၀၆.၉ ေဒၚလာ အေႂကြးကို ရုတ္တရက္ ဆပ္ရမယ့္ ဒါမွ မဟုတ္ ေႂကြးဆပ္ရမယ့္ ေန့ အထိ ဘာအေရာင္းမွမရိွဘူး ဆိုရင္ ေတာင္ လုပ္ငန္းမပ်က္ႏိုင္ေသးဘူးလို႔ ယူဆလို႔ ရပါတယ္။ Standard အေနနဲ႔ ကေတာ့ current ratio ဟာ 2 ရဲ့ အထက္ မွာ ရိွေနသင့္ပါတယ္။ 2 ေအာက္ကိုေရာက္ေနၿပီ ဆိုရင္ ေတာ့ဒါဟာ liquidity အားနည္းေနတဲ အေနအထားျဖစ္ပါတယ္။

.

.

Quick ratio သို႔ မဟုတ္ Acid test ratio

.

ဒါကေတာ့ Liquidity ratio မွာ တစ္ ဆင့္ တင္းက်ပ္ၿပီးတြက္လိုက္တဲ့ အခ်ိဳးျဖစ္ပါတယ္။ အထက္က ေဖာ္ျပခဲ့ တဲ့ current asset ေတြ ထဲမွာ Stock ေတြ inventory ေတြဟာ ေငြလို ခ်ိန္မွာ ခ်က္ခ်င္း ေရာင္း ခ်ရဖို႔ ဆို တာ မလြယ္ကူပါဘူး။ ကိုယ္က ေငြလိုတယ္ဆိုတိုင္း customer က ခ်က္ခ်င္းေငြေခ်ၿပီး ဝယ္ဖို႔ ဆိုတာ မျဖစ္ ႏိုင္ ပါဘူး။ဒီအတြက္ တကယ္လို႔ အေႂကြး ေတြကို ခ်က္ခ်င္းဆပ္ရေတာ့မယ္ ဆိုရင္ inventory ေတြ ဟာ current asset ျဖစ္ေသာ္ျငားလည္း အေထာ္ကအကူျပဳ ဒါေၾကာင့္ ဒီတစ္ဆင့္မွာ ေတာ့ current asset တန္ဖိုး ထဲက stock and inventory တန္ဖိုးေတြ ကို ထုတ္ ႏႈတ္ ၿပီး အထက္က ပံုေသနည္းအတိုင္း ျပန္ တြက္ခ်က္ၾကၫ့္ပါတယ္။

.

တြက္ခ်က္လိုက္ရင္ ေသခ်ာ တာကေတာ့ အထက္က ရခဲ့ တဲ့ 2.6 တန္ဖိုး ထက္ေတာ့ ေလ်ာ့က်သြားၿပီး 1 ေက်ာ္ေက်ာ္ေလာက္ပဲ ရိွေတာ့မွာျဖစ္ပါတယ္။ standard အေနနဲ႔ ကေတာ့ acid test ratio ဟာ 1 ေလာက္ ကေန အထက္ ျမင့္ေနတာပဲ ေကာင္းမွာ ျဖစ္ ၿပီး 1 ကေန 1.8 ေလာက္အတြင္းရိွသင့္ပါတယ္။ 1 ေအာက္ က်သြား ရင္ ေတာ့ liquidity နည္းေနၿပီး လုပ္ငန္းဟာ က်ရႈံးႏိုင္ပါတယ္။

.

.

Cash Ratio

.

ဟုတ္ကဲ့ဗ်ာ …ဒါ ကေတာ့ ေနာက္ဆံုး ratio တစ္ခု ျဖစ္တဲ့ အျပင္ Liquidity အတြက္ အတင္းက်ပ္ ဆံုး တြက္ ခ်က္ ထားတဲ့ အခ်ိဳးတစ္ခုလဲ ျဖစ္ပါတယ္။ current ratio တုန္းက ေတာ့ current asset ကို current liability နဲ႔ စား ခဲ့ၿပီး Quick ratio မွာေတာ့ current asset ထဲက inventory တန္ဖိုး ကို ထုတ္ႏုတ္ၿပီး current liability နဲ စားခဲ့ပါတယ္။

.

Current asset ထဲက inventory တန္ဖိုး ကို ထုတ္ႏုတ္ၿပီး ေပမယ့္ အလြယ္တကူ ေငြ အျဖစ္ျပန္ မရႏိုင္ တဲ့ အရာ တစ္ခု ရိွပါေသးတယ္ ဒါကေတာ့ AR လို႔ ေခၚတဲ့ account receivable ပဲျဖစ္ပါတယ္။ AR ဆိုတာ ကို အၾကမ္းအား ျဖင့္ေျပာရရင္ေတာ့ မိမိရဲ့ ကုန္ ပစၥည္းေတြကို customer ေတြ ဆီကို အေႂကြး နဲ႔ သိုမ့ဟုတ္ Consignment နည္းနဲ႔ ေရာင္း ထားၿပီး ရစရာရိွေနတဲ့ မရေသးတဲ့ ေငြကို AR လို႔ ေခၚပါတယ္။ ကိုယ္က ရစရာရိွ တဲ့ အေႂကြး လို႔ ေျပာႏိုင္ပါတယ္။ ဒီ AR ဟာလည္း တကယ္ တမ္း ေငြလို လာတဲ့ အခါမွာ customer ဆီက ခ်က္ခ်င္း ျပန္ေတာင္းလို႔ မရႏိုင္တဲ့အရာ ျဖစ္ပါတယ္။ ဒါ့အျပင္ တကယ္လို႔ ေႂကြးဆံုး အျဖစ္ေတာင္ ေရာက္ၿပီး လံုးဝလဲ ဆံုးရႈံးသြားႏိုင္ပါေသးတယ္။ ဒါ့ေၾကာင့္ cash ratio မွာေတာ့ AR တန္ဖိုး ေတြကို ထၫ့္မတြက္ ပဲ တြက္ခ်က္တာ ျဖစ္ပါတယ္။

.

Current asset ေတြ ထဲက inventory နဲ႔ AR တန္ဖိုးေတြကို ႏႈတ္လိုက္ရင္ ဘာေတြ က်န္လဲ ဆိုေတာ့ Cash in Hand ဆိုတဲ့ လက္ထဲကိုင္ထားတဲ့ ေငြရယ္ Cash in Bank လို႔ေခၚတဲ့ ဘဏ္ထဲက ေငြရယ္ အေသးသံုး အျဖစ္ ထုတ္ ထားတဲ့ ေငြ ေတြရယ္ ေငြ နဲ႔ အလားတူေသာ ပိုင္ဆိုင္မႈ ေတြ ျဖစ္တဲ့ Share ေတြ Bond ေတြ ရယ္ပဲ အဓိက အား ျဖင့္ က်န္ ပါေတာ့တယ္။

.

Cash ratio ကို ရဖို႔ အထက္ က အရာေတြ ကို current liability တန္ဖိုးနဲ႔ စားလိုက္ရင္ cash ratio အခ်ိဳးကို ရပါတယ္။ cash ratio ကေတာ့ 1 ေနရင္ အေကာင္းဆံုးျဖစ္ေပမယ့္ ပံုမွန္အားျဖင့္ ေတာ့ လုပ္ငန္းေတြ မွာ 0.6 နဲ႔ 1 အၾကားမွာ ရိွေလ့ရိွပါတယ္။ cash ratio 0.6 ဆိုတဲ့ အဓိပၸာယ္ ကေတာ့ အထက္ကလိုပဲ လုပ္ငန္းမွာ ဆပ္စရာ အေႂကြး ၁ ေဒၚလာ အတြက္ ေငြသားခ်ည္းသက္သက္ ေပးဖို႔ ျပား ၆၀ ရိွတယ္ဆိုတဲ့ အဓိပၸာယ္ပဲ ျဖစ္ပါတယ္။

.

Liquidity ratio ေတြကို အထက္ကလို ၾကၫ့္ရႈၿပီး လုပ္ငန္းတစ္ခု ဟာ အေႂကြး ေၾကာင့္ ၿပိဳလဲႏိုင္မႈ ရိွ မရိွ အေျခအေနကို သံုးသပ္ႏိုင္မွာ ျဖစ္ပါေၾကာင္း။

.

ထပ္တိုး မွတ္ခ်က္

.

ထပ္ေဆာင္းၿပီး ေျပာလိုတာကေတာ့ ေငျြဖစ္လြယ္ စြမ္း Liquidity ဟာ ပံုမွန္ အေျခအေန ကိုသာ ယူဆ တြက္ ခ်က္ၿပီး ဝယ္ယူ ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ အခုလက္ရိွအေျခအေနလို ပံုမွန္ မဟုတ္တဲ့ မတည္ၿငိမ္တဲ့ အေျခအေနမွာေတာ့ ပံုမွန္မွာ Liquidity ေကာင္းတဲ့asset ေတြဟာလည္း liquidity ေလ်ာ့က် ၿပီး ေရာင္းမထြက္တာမ်ိဳးေတာ့ျဖစ္လာႏိုင္ပါတယ္။ ဥပမာ Liquidity ေကာင္း ပါတယ္ ဆိုတဲ့ ေရႊ ေတာင္မွ Panic Buying ျဖစ္ၿပီး အျမင့္ဆံုး ေဈး ၁၇ သိန္းေက်ာ္ ရုတ္တရက္ ထိုး တက္သြားတဲ့အခ်ိန္မွာ အဲဒီေဈးနဲ႔ ေရႊဆိုင္ေတြ ကိုယ္တိုင္က ျပန္မဝယ္ ရဲ တာ မ်ိဳး ျဖစ္ခဲ့တဲ့အတြက္ ေရာင္းထြက္ထို႔ ခက္တဲ့အခ်ိန္ ႀကံဳရတတ္ေလ့ရိွပါတယ္။ ပံုမွန္ မဟုတ္တဲ့ အေျခအေနေတြ မွာေတာ့ မေန့က မ်ွေဝေပးခဲ့တဲ့ Marketability က Liquidity ထက္ ပိုၿပီး အသံုး က်ေလ့ရိွတတ္ပါတယ္။

.

ဒီေတာ့ စီးပြားေရး ျဖစ္ျဖစ္ ရင္းႏွီးျမဳပ္ႏွံမႈ ျဖစ္ျဖစ္ လုပ္မယ္ဆိုရင္ Liquidity နဲ႔ Marketability ႏွစ္ခု ကိုေတာ့ မျဖစ္မေန စဉ္းစားပါလို႔ တိုက္တြန္းခ်င္တာပါပဲ။

.

လံုေလာက္တဲ့ အသိပညာ ဟာ ျပင္းထန္တဲ့အခက္အခဲေတြကို လြယ္ကူစြာေက်ာ္ျဖတ္ေစႏိုင္ ပါတယ္။

.

Kaung Hein Soe – Strategic

Business Consultant

No comments: